(မှတ်ဉာဏ်များ)
Vol. 5 Ch. 66
များပြားလှသည့် အရေးမပါလှသော နေ့စဉ်ဆောင်တာ မှတ်ဉာဏ်များကို ဟန်ကျောက်ဟာ ကျော်ပစ်လိုက်၏။ မကြာခင် ဝိညာဉ်အဆီအနှစ်လုံး၏ ခရမ်းရောင်အလင်းဖြင့် တောက်ပလာမှုနှင့် သူ၏ဝိညာဉ်ဟာ ဆန်းကြယ်သည့် နန်းတော်အတွင်းသို့ စုပ်ယူခံလိုက်ရကြောင်းကို တွေ့လိုက်ရသည်။
ခန်းမအတွင်းတွင် ခရမ်းနီရောင် ထောက်တိုင်၃၆ခုတို့ ရှိနေ၏။ တိုင်တစ်ခုစီပေါ်မှ ဝိညာဉ်ပုံရိပ်များဟာ စွမ်းအားကြီးမားသည့် အငွေ့အသက်ကို ထုတ်လွှတ်နေပါသည်။ သူကိုယ်တိုင်မှ လွဲ၍ဖြစ်၏။
“သက်တမ်းအကန့်အသတ် ၂၀၀ပဲရှိတဲ့ ဂျူနီယာတစ်ယောက်က ဝင်လာရဲတာလား။ ထွက်သွား”
အရိုးစိမ့်မတတ် အသံက ထွက်ပေါ်လာပြီး ဟန်ကျောက်၏ ဝိညာဉ်ကို နန်းတော်အတွင်းမှ မောင်းထုတ်လိုက်သည်။
နောက်ဆုံးတွင် သူ၏မှတ်ဉာဏ်ဟာ ကောင်းကင်ပေါ်ရှိ ကြီးမားသည့် ကြေးတိုက်ပွဲပုဆိန်ကြီးပေါ်သို့ စူးစိုက်သွား၏။ ဤသည်မှာ ပထမဆုံးအကြိမ် ယခုကဲ့သို့ ဒဏ္ဍာရီဆန်သည့် ဒီဗိုင်းလက်နက်ကို တွေ့မြင်ဖူးခြင်း ဖြစ်သည်။ တောက်ပသည့် ကောင်းကင်ကြီးမြတ်မှုက လူသားများ အသုံးပြုနိုင်သည့် အရာမဟုတ်ပေ…
“ပင်ပန်းလိုက်တာ”
ဟန်ကျောက်ဟာ ယိုင်နဲ့သွားပြီး ခေါင်းမူးစွာ ခံစားရ၏။ မှတ်ဉာဏ်များဟာ သိုင်းပညာ တိုးတက်မှုအပေါ်တွင်သာ အဓိကထားခဲ့ပေမယ့် နှစ်ပေါင်းတစ်ရာနီးပါးရှိသည့် မှတ်ဉာဏ်များဟာ အမှန်တကယ်ကို များပြားလွန်းလှသည်။
အချိန်တိုအတွင်းတွင် သူဟာ များပြားလှသည့် မှတ်ဉာဏ်များကို ရခဲ့ရာ အကြောင်းအရာ အများစုတို့ကို ကျော်ခဲ့ပေမယ့် စိတ်ကို ပုံမှန်မဆန်စွာ ပင်ပန်းစေဆဲ ဖြစ်သည။
“ဟန်.. ဘာဖြစ်တာလဲ”
ခဏအကြာ၌ ဟန်ကျောက်ဟာ ရုတ်တရက် နားလည်လာခဲ့သည်။ သူ၏ မှတ်အသိစိတ်အတွင်းရှိ မှတ်ဉာဏ်အချို့ဟာ လျှင်မြန်စွာ ဝေဝါးသွားသည်။ မကြာခင် သူ့အနေနှင့် အရေးမကြီးမှုနှင့် ဝန်လေးမှုတို့ကို အလိုလို ခံစားရသည့် မှတ်ဉာဏ်များဟာ စတင်ပျောက်ကွယ်သွားခဲ့သည်။
ဤနည်းအားဖြင့် ဘဝ၏ မှတ်ဉာဏ်များဟာ ဇာတ်ကားတစ်ကား၏ အသွင်မှ မှတ်တမ်းရေးထားသည်ဟု ခံစားရသည်အထိ ပြောင်းလဲလာခဲ့၏။ သူ၏ ခံစားချက်တို့ကို သက်ရောက်ခြင်း မရှိတော့ပေ။
“ဟူး..”
ဟန်ကျောက်ဟာ စိတ်သက်သာရာ ရသွား၏။ ခဏအကြာ၌ သူက အတွေးနက်သွားသည်။
“ဒီနံပါတ်သုံးက ထင်ထားတာထက် အများကြီး ပိုအသုံးဝင်တာပဲ”
အမြင့်သို့ တက်လေလေ အရင်းအမြစ်များကို ပိုမိုလိုအပ်လေ ဖြစ်သည်။ ပိုမိုများပြားသည့် အရင်းအမြစ်များနှင့် ပိုမိုကောင်းမွန်သည့် ကျင့်စဉ်များကို ရလိုပါက အထက်ပိုင်း ပုဂ္ဂိုလ်များနှင့် ဆက်ဆံရန် လိုအပ်၏။
အထူးသဖြင့် ကျင့်စဉ်ဖြစ်သည်။ သေးငယ်သည့် ကျောက်နက်မြို့တွင် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်များဟာ သူတို့၏ ကိုယ်ပိုင်ခွန်အားနှင့် အကြီးမားဆုံး အဖွဲ့အစည်းကို တည်ထောင်နိုင်ကြ၏။
သိုင်းကျမ်းမှာလည်း ခွန်အားသန့်စင်ခြင်း အဆင့်တွင်သာ ရှိသည်။ အစမ်းရှင်သန်မှုမှ အချက်အလက်များအရ ခွန်အားသန့်စင်ခြင်းအဆင့် အထက်တွင် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း အဆင့်ရှိသည်။ ထို့နောက် ဖင်းစုဆောင်းခြင်း သိုင်းသူတော်စင်အဆင့် ဖြစ်၏။ ဝိညာဉ်အဆီအနှစ်လုံး၏ အဆင့်မှာ ပိုမိုကာပင် မြင့်မားသည်။
“ကြည့်ရတာ.. အစမ်းရှင်သန်မှုမှာ ဒီဗိုင်းအတတ် တစ်ခုခုကို တတ််မြောက်နိုင်ရင် နံပါတ်သုံးကိုရွေးပြီး အဲ့ဒါတွေကို တစ်ခါတည်း ရလာနိုင်တယ်။ ကျင့်စဉ်အတွက် အလိုမရှိပဲ ဘယ်အဖွဲ့ထဲကိုမှ ဝင်ရောက်ဖို့မလိုဘူး”
ဟန်ကျောက်ဟာ အတွေးများကို စီရီပြီးနောက် တောထဲရှိ သစ်သားအချို့ကို ရှာကာ ဘုံကျောင်းပျက်စီသို့ ပြန်ခဲ့သည်။
“ဂျူနီယာမောင်လေးဟန်.. ပြန်လာပြီလား”
ဟန်ကျောက်၏ ပြန်လာမှုကို တွေ့ရပြီးနောက် ရှလင်က ပျော်သွားသည်။ သူမဟာ ဘဝတွင် မည်သည့်အပေါ်မှ ယခုမျှအထိ အလွန်မှီခိုသည့်စိတ်မျိုး မရှိခဲ့ပါ။
“ဟုတ်ကဲ့… အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် နွေးအောင်လုပ်ကြတာပေါ့”
ဟန်ကျောက်က ပြန်ပြောပြီးနောက် သစ်သားစများကို ချကာ မီးကိုမွှေးသည်။
ဖုန်းရှောင်က နံရံကို မှီကာ အနားယူ၏။ သူ၏ရင်ဘတ်ရှိ ဒဏ်ရာကို အဝတ်စီးထားပြီး ဖြစ်သည်။ ဆက်လက်သွေးထွက်ခြင်း မရှိတော့ပေ။ သို့ရာတွင် သူ၏ ဒဏ်ရာများမှာ ပေါ့ပါးခြင်းမရှိပါ။ သွေးလည်း အထွက်လွန်ထား၏။
ထို့အပြင် သွေးအမှတ်အသားကို အလွန့်အကျွံ သုံးခဲ့ရာ ဒဏ်ရာကုသခြင်း ဆေးလုံးကို သောက်ထားလျှင်တောင် ဒီအချိန်၌ ခန္ဓာကိုယ်ဟာ အလွန်အားနည်းနေ၏။ ကံကောင်းစွာပင် မိစ္ဆာအလောင်း၏ လက်သည်းများဟာ အဆိပ်မရှိပေ။ ဟန်ကျောက်ဟာ မီးမွှေးပြီးနောက် ဖုန်းရှောင်၏ေ ဘးတွင် ထိုင်၏။
“အကြီးအကဲဖုန်း.. ဘယ်လိုနေလဲဗျ”
ဖုန်းရှောင်က မျက်လုံးများကို ဖွင့်ကာ အားနည်းစွာ ပြောသည်။
“ငါမသေပါဘူး။ ဒါပေမယ့် ဒီတစ်ခါတော့ ဒဏ်ရာတွေ ပြန်ကောင်းပြီးရင်တောင် ခွန်အားက လျော့ကျသွားမှာ… အရမ်းအေးတာပဲ”
ထိုစကားနှင့်အတူ ဖုန်းရှောင်၏ ခန္ဓာကိုယ်က တုန်သွားသည်။
“အေးတာလား.. ကြည့်ရတာ ခန္ဓာကိုယ်ထဲမှာ ယင်စွမ်းအင်တွေ ကျသေးတာထင်တယ်။ ကျွန်တော် ကြည့်ပါရစေဦး”
ဟန်ကျောက်က ဖုန်းရှောင်၏ လက်ကောက်ဝတ်ကို ဆွဲသသည်။ ခန္ဓာကိုယ်အပူချိန်ဟာ သာမန်လူထက် များစွာ နိမ့်ပါးကြောင်းကို နားလည်လိုက်၏။
ရှင်းလင်းစွာပင် သွေးအလောင်းများကို သတ်ဖြတ်ပြီးနောက် ခန္ဓာကိုယ်ထဲ၌ ယင်စွမ်းအင်များစွာ ကိန်းဝပ်လာခဲ့သည်။ ကံဆိုးစွာပင် ဒီယင်စွမ်းအင်၏ အရည်အသွေးဟာ နိမ့်ကျနေ၍လား မသိပေ။ ဝိညာဉ်အဆီအနှစ်လုံးက စုပ်ယူလိုခြင်း မရှိပါ။
ပြီးခဲ့တုန်းက သူဟာ ဝိညာဉ်အဆီအနှစ်လုံးကို ရွှံအုတ်ဂူတစ်ခု၌ သွားရောက်မြှုပ်ထားဖူး၏။ သို့ပေမယ့် ယင်စွမ်းအင် စုဆောင်းမှုဟာ လုံးဝ တိုးတက်လာခြင်း မရှိပေ။ ဆိုလိုသည်ကား ဒီအလုံးဟာ အလွန် ချေးများသည်ပင်။
ဝိညာဉ်အဆီအနှစ်လုံးက မစုပ်ပေမယ့် ဟန်ကျောက်ဟာ သက်ရှည်ကျမ်း၏ အစစ်အမှန်ချီနှင့် ဖုန်းရှောင်၏ ခန္ဓာကိုယ်မှ ယင်စွမ်းအင်တို့ကို ရှင်းလင်းနိုင်ပါသည်။
“အကြီးအကဲဖုန်း… ကျွန်တော့မှာ ခင်ဗျားရဲ့ နာကျင်မှုကို သက်သာစေမယ့် နည်းလမ်းရှိတယ်။ ဒါပေမယ့် ခင်ဗျားကို အရင်ဆုံး အိပ်ခိုင်းဖို့လိုတယ်။ ဘာပဲဖြစ်ဖြစ်.. အချို့လျှို့ဝှက်ချက်တွေ ရှိတယ်လေ.. ပြီးတော့..”
ဟန်ကျောက်က ပြောသည်။
“ဘာမှ ပြောနေဖို့ မလိုပါဘူး။ ငါနားလည်ပါတယ်။ မင်းက ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးသန့်စင်ခြင်းအဆင့်ကို ရောက်နေပြီး ခွန်အားကိုလည်း ဖုံးကွယ်ထားဖို့ ရွေးချယ်ခဲ့တယ်။ နာမည်မကြီးချင်တာ သိသာတာပဲ။ ဒီညဖြစ်ခဲ့တာတွေကို ငါသေချာပေါက် နှုတ်လုံပေးပါမှာ။ မင်းငါ့အသက်ကို ကယ်တင်ခဲ့တာကို ငါမမေ့ဘူး။ သေချာပေါက် ကောင်းကောင်းလည်း ပြန်ပေးပါမယ်”
ဟန်ကျောက်က စကားမဆုံးခင် ဖုန်းရှောင်က ကတိပေးသည်။ ပါးနပ်သည့် လူများနှင့် စကားပြောရတာ လွယ်ကူ၏။ ရှလင်ကလည်း လေးနက်စွာဖြင့် တစ်ပါတည်း ပြောသည်။
“အစ်မလည်း စကားတစ်လုံးမှ မထွက်စေရဘူး”
“ဟုတ်.. ကျွန်တော်ယုံပါတယ်”
ဟန်ကျောက်က ရှလင်ကို ပြုံးသည်။ သူ၏ ယုံကြည်မှုအပြည့်နှင့် အကြည့်က သူမ၏ နှလုံးသားကို အပူမြင့်လာစေ၏။
ဖုန်းရှောင်က သူတို့နှစ်ယောက်ကို ကြည့်ကာ ပြုံးသည်။ ဒီနှစ်များအတွင်းတွင် သူဟာ တစ်ကိုယ်တည်း ရှိခဲ့ပြီး ရှလင်ကို သူ၏ မြေးမကဲ့သို့ ဆက်ဆံခဲ့တာ ကြာပြီဖြစ်သည်။ ယခုအချိန်၌ သူမဟာ ဟန်ကျောက်ကဲ့သို့ ယောကျားကောင်းကို ရှာနိုင်ပြီဖြစ်ရာ ပျော်စရာကိစ္စဖြစ်သည်။
“ဖြန်း”
ဖုန်းရှောင်၏ မျက်နှာပေါ်ရှိ အပြုံးတို့ ပျောက်ကွယ်မသွားခင်တွင်ပင် ဟန်ကျောက်က ရုတ်တရက် ခေါင်းလှည့်ကာ ဇက်ပိုးကို ရိုက်လိုက်သည်။ သူ့ကို သတိလစ်သွားစေ၏။
‘သတိမရှိမှ ကုပေးချင််တယ်ဆိုရင်တောင်… အရင်ဆုံး ပြင်ဆင်ချိန်လေးတော့ ပေးသင့်တယ်မလား’
ကံဆိုးစွာပင် ဖုန်းရှောင်၏ အတွေးများကို ဟန်ကျောက်အနေနှင့် ကြားနိုင်မည် မဟုတ်ပါ။
သို့ပေမယ့် သတိလစ်မသွားခင် မျက်ဆံလှည့်သွားသည့် မျက်လုံးများကိုတော့ တွေ့ရပုံပါ။ လက်ဝါးဇောင်းက အနည်းငယ် အားပြင်းနိုင်ရာ ဟန်ကျောက်ဟာ ဖုန်းရှောင်ကို လက်ဝါးဖြင့်သာ ရိုက်သည်။
အစစ်အမှန်ချီကို လက်ဝါးတွင် လှည့်လည်ကာ ဖုန်းရှောင်၏ ခေါင်းနောက်ရှိ အကြောကို ချိန်လိုက်၏။ သူ့ကို အချိန်ခဏတာ အိပ်စက်သွားစေသည်။ ဤနည်းအားဖြင့် နိုးလာသည့်အခါ ခေါင်းမူးစွာ ခံစားရမည် မဟုတ်ပေ။
ရှလင်က မှင်သက်သွား၏။ နှုတ်ခမ်းအစုံက ပွင့်ဟနေသည်။ ဟန်ကျောက်၏ လှည့်ကြည့်လာပုံကို တွေ့ရပြီးနောက် လန့်သွား၏။ ဟန်ကျောက်က လက်ညှိုးကို သူ၏ပါးစပ်တွင် ထားကာ အသံတိတ်ခိုင်းသည့် ပုံစံလုပ်သည်။ ညင်သာစွာ ပြော၏။
“ဒါက ကျွန်တော်တို့နှစ်ယောက် အကြားက လျှို့ဝှက်ချက်ပဲ”
“အင်း”
ရှလင်က လေးပင်စွာ ခေါင်းညှိတ်သည်။
ဂျူနီယာမောင်လေးက လျှို့ဝှက်ချက်ထားခိုင်းတာကို မဆိုထားနှင့် နောင်တွင် လက်ထပ်ချင်သည် ဆိုလျှင်တောင်..
ဟန်ကျောက်က ပြုံးကာ သူ၏ ညာဘက်လက်ဝါးတွင် များပြားလှသည့် အစစ်အမှန်ချီများ စုစည်းလာခဲ့သည်။ ထို့နောက် ဖုန်းရှောင်၏ ရင်ဘတ်ပေါ်သို့ တင်လိုက်၏။ သန်စင်သောယန် စွမ်းအားကို အသုံးပြုပြီး ကျန်ရှိသည့် ယင်စွမ်းအင်များကို ဖယ်ရှားသည်။
အစိမ်းဖြူရောင် အလင်းက ရှလင်၏ မျက်လုံးများကို ပိုမိုပြူးကျယ်လာစေ၏။ ဒီစွမ်းအားက နွေးထွေးလှသည်။ အနီးကပ် ခံစားကြည့်ရုံနှင့် ဂျူနီယာမောင်လေး၏ ရင်ခွင်အတွင်းသို့ မှီထားရသည့်နှယ် ခံစားရသည်။ အလိုလို မေးမိသည်။
“မောင်လေးဟန်.. ဒါက ဘာသိုင်းပညာလဲ”
ရှလင်၏ ကြောင်တောင်နေသည့် ပုံကို တွေ့ရပြီးနောက် ဟန်ကျောက်၏ နှလုံးသားဟာ ဝင့်ကြွားစွာ ကျေနပ်သွားသည်။ ပြုံးကာ ပြော၏။
“သင်ချင်လား.. ကျွန်တော်သင်ပေးမယ်”
အဆင့်မြင့်လာသည့် သက်ရှည်ကျမ်းမှာ အလွန် ခက်ခဲလွန်းလှသည်။ သို့ပေမယ့် မူလ သက်ရှည်ကျမ်းကိုတော့ ရှလင်အနေနှင့် သင်ယူနိုင်လောက်၏။
“အစ်မကို သင်ပေးမှာလား”
ရှလင်က မှင်သက်သွား၏။ သူမဟာ မေးမိတာကိုပင် စကားကျွံသွားသည်ဟု ခံစားရ၏။ သို့ပေမယ့် မထင်မိသည်ကား မောင်လေးဟန်ဟာ သင်ပေးမည်ဟုပင် ပြောနေခြင်းပင်။
အချိန်အတော်ကြာအောင် သိကျွမ်းပြီးသည့်တိုင် သူမဟာ အမြဲတမ်း နှိမ့်ချနေတတ်သည့် မောင်လေးဟန်၏ ယခုကဲ့သို့ ဟန်ထုတ်ပြမှုကို တစ်ခါမှ မြင်ဖူးခဲ့ခြင်း မရှိပါ။ အမှန်တကယ်ကို ကြည့်ကောင်းလှ၏။
“ဟုတ်တယ်လေ။ ကျွန်တော်တို့က မိသားစုတွေပဲ”
ဟန်ကျောက်က ပြုံးသည်။ အနာဂတ်တွင် ရှလင်၏ ကျင့်ကြံမှုအမြန်နှုန်းဟာ သူ့ကို လိုက်မမှီသည့် အချက်မှလွဲ၍ ကျန်သည်များ အားလုံးကို ဟန်ကျောက်ဟာ အလွန်ကျေနပ်သဘောကျပါသည်။
အစမ်းရှင်သန်မှုအတွင်းတွင် သူမဟာ ဇနီးကောင်း၊ မိခင်ကောင်းလည်း ဖြစ်ခဲ့၏။ သူ၏ မှတ်ဉာဏ်များဟာ ဝေဝါးနေပြီး ဖြစ်ပေမယ့် အစအဆုံးတိုင် သူမအပေါ် အကောင်းမြင်စိတ် ရှိပါသည်။
ဤသည်က အစမ်းရှင်သန်မှုကြောင့်ချည်း မဟုတ်ပေ။ တစ်ဖက်လူ၏ သူ့အပေါ် ခံစားချက်ကို ခံစားနိုင်သောကြောင့် ဖြစ်၏။ အရင်တုန်းက မတုံ့ပြန်ခဲ့ခြင်းမှာ သူ့ကိုယ်သူ စိတ်မချစရာ များပြားလာမှုအား မလိုချင်ခဲ့၍ ဖြစ်သည်။
သို့ပေမယ့် ဒီအစမ်းရှင်သန်မှု အပြီးတွင် ဟန်ကျောက်၏ စိတ်အခြေအနေဟာ ပြောင်းလဲလာခဲ့ပါပြီ။ နောင်တွင် သူဟာ လုယင်ရွှမ်းနှင့် ရှလင်တို့ကို လက်ထပ်မည်ဖြစ်ရာ သူ၏ ရပိုင်ခွင့်တို့ကို ကြိုတင်ယူထားသည့် ကိစ္စမရှိလောက်ပါ။
ယခုနေရာဟာ သူ၏ အရင်ဘဝကကဲ့သို့ မဟုတ်ပေ။ ကလေးများသာလျှင် ရွေးချယ်မှု ပြုရ၏။ သူက အကုန်ယူမည်ဖြစ်သည်။