← Chapters

(အချစ်၏ည)

Vol. 5 Ch. 67

(အချစ်၏ည)

Vol. 5 Ch. 67

“မိသားစုလား”

ရှလင်၏ နှုတ်ခမ်းအစုံက ပွင့်ဟနေ၏။ ပုခုံးရှိ နာကျင်မှုတို့ဟာ ပျောက်ကွယ်သွားသည့် ပုံပါ။

“ဂျူနီယာ.. ဂျူနီယာမောင်လေးဟန်.. ဘာ.. ဘာကိုဆိုလိုတာလဲ”

သူမဟာ‌ ခေါင်းငုံ့သွားပြီး အင်္ကျီအနားသားများကို ဆွဲညှစ်ထားမိ၏။ အသံက အနည်းငယ် တုန်ယင်နေသည်။

ဟန်ကျောက်က ဖုန်းရှောင်၏ ရင်ဘတ်မှ လက်ကိုုတ်သည်။ အမြဲတမ်း တည့်တိုးဆန်တတ်သည့် ရှလင်တွင် ယခုကဲ့သို့ ပုံစံမျိုး ရှိမည်ဟု ထင်မထားခဲ့ပေ။ အလွန် စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားရပြီး စနောက်ချင်သွား၏။

“အစ်မတွေးတဲ့ အတိုင်းပဲလေ”

“ဘာကို… ငါကတွေးလို့လဲ”

ရှလင်က ရှက်ရွံ့သွားသည်။ နှစ်ယောက်သား၏ အကြားရှိ လေထုမှာ ဆူပွက်လာသည်ဟု သူမခံစားရ၏။ နှလုံးသားဟာ ပြင်းထန်စွာ ခုန်ပေါက်လာပြီး ရင်ဘတ်မှ ခုန်ထွက်တော့မည့် ပုံပါ။

ထိုအချိန်၌ ဟန်ကျောက်၏ မျက်နှာက လျှင်မြန်စွာ နီးကပ်လာ၏။ ရှလင်ဟာ ယောကျားဆန်သည့် အငွေ့အသက်၏ ရိုက်ခတ်မှုကို ခံစားရပြီး ခန္ဓာကိုယ်က တုန်ခါသွားသ်ည။ ဂျူနီယာမောင်လေးဟန်၏ ပူပြင်းသည့် အသက်ရှူမှုဟာ သူမ၏ မျက်နှာကို ရိုက်ခတ်လာပြီး ခန္ဓာကိုယ်ကို ထုံထိုင်းသွားစေသည်။

“မှ”

ဟန်ကျောက်ဟာ ရှလင်၏ ပါးဖောင်းသည့် မျက်နှာကို နိမ်းလိုက်သည်။ ထို့နောက် သူမ၏ မျက်လုံးများထဲသို့ ကြည့်ကာ အပြုံးတစ်ခုနှင့် ပြော၏။

“ဒီလိုဆိုရင်ရော သိပြီလား”

ရှလင်၏ မျက်လုံးများက ပြူးကျယ်နေ၏။ ပါးနှစ်ဖက်နှင့် နားရွက်များဟာ နီရဲလာပြီး သွေးတို့ စီးကျတော့မည့်သဖွယ် ရှိနေပါသည်။

“မသိသေးဘူးလား… ဒါဆိုရင်လည်း ထပ်လုပ်တာပေါ့” ဟန်ကျောက်က သူမကို ထပ်မံနမ်းတော့မည့်ပုံ ဟန်လုပ်သည်။ ရှလင် လက်ကိုဆန့်ကာ သူ၏ ရင်ဘတ်ကို လက်ဖြင့် ညင်သာစွာ တွန်း၏။ ထို့နောက် ခေါင်းကိုမော့ကာ မျက်ုံးများကို မှိတ်သည်။

“အစ်မ.. အဆင်သင့်ဖြစ်ပြီ”

နှုတ်ခမ်းအစုံဟာ အနည်းငယ် ဖူးနေပြီး သွယ်လျနက်မှောင်သည့် မျက်တောင်မွှေးများဟာ အနည်းငယ် တုန်ယင်နေသည်။ သူမ၏ မည်မျှ လေးနက်ပုံကို တွေ့ရပြီးနောက် ဟန်ကျောက်၏ စနောက်ချင်စိတ်တို့ ပျောက်ကွယ်သွားပြီး သူ၏အကြည့်က နူးညံ့လာခဲ့သည်။

“အဟမ်း”

သူက သူမကို နမ်းတော့မည်အပြုတွင် အနောက်ဘက်မှ ချောင်းသံတစ်ခု ထွက်ပေါ်လာ၏။

ဟန်ကျောက်က ရပ်တန့်သွားပြီး‌ နိုးထလာတော့မည့် ဖုန်းရှောင်ကို လှည့်ကြည့်သည်။ လေထုဟာ အလွန်ကောင်းမွန်နေရာ ယခုကဲ့သို့သော အချိန်မျိုးတွင် အနှောင့်အယှက် ပေါ်လာတတ်သည်ကို သူမေ့သွားသည်။

“ဂျူနီယာမောင်လေးဟန်..”

ရှလင်၏ မျက်လုံးများက ပြန်ပွင့်လာ၏။

“ဖြန်း”

သက်ရှည်ကျမ်း၏ အစစ်အမှန်ချီတို့နှင့် ပြည့်နှက်နေသည့် လက်ဝါးချက်တစ်ခုဟာ ဖုန်းရှောင်၏ ဇက်ပိုးဆီသို့ ချက်ချင်းပင် ဝင်ရောက်သွား၏။

မည်သည်တို့ ဖြစ်နေသည်ကို မသိသည့် ဖုန်းရှောင်ဟာ ခေါင်းလည်ကာ သတိပြန်လစ်သွားခဲ့သည်။ ဟန်ကျောက်ဟာ ဆရာဝန်တစ််ယောက် မဟုတ်ပေမယ့် ဆရာဝန်တစ်ယောက်ကဲ့သို့ မြင့်မြတ်သည့် စိတ်ထားကို လက်ကိုင်ထားသူ ဖြစသ်ည်။

လူနာကို သတိလည်ကာ နာကျင်မှုအား ခံစားစေမည့်အစား အနည်းငယ် ပိုမိုရှည်ကြာစွာ အိပ်ခိုင်းလိုက်တာ ကောင်း၏။ ထို့နောက် ပြန်လှည့်လာပြီး ပြုံးသည်။

“ဆက်ကြရအောင်လေ”

“ကလပ်၊ ကလပ်၊ ကလပ်”

ထင်းမီးလောင်ကျွမ်းသံဟာ ဆက်လက်ထွက်ပေါ်နေ၏။ မှိန်ဖျော့သည့် အဝါရောင်မီးရောင်က နံရံပေါ်တွင် သူတို့၏ ပုံရိပ်များကို ထင်ဟပ်နေစေသည်။ မီးတောက်များ၏ ကခုန်မှုနှင့်အတူ ပုံရိပ်တို့ဟာ ကိုင်းညွှတ်လာ၏။

နှစ်ခု၏ အကွာအဝေးဟာ… ပိုမို၊ ပိုမိုကာ နီးကပ်လာခဲ့သည်။ နောက်ဆုံးတွင် တစ်ခုနှင့်တစ်ခု ထပ်သွားကြပြီး ခွဲခြားလို့ မရနိုင်အောင် ဖြစ်သွားတော့၏။

….

ရှလင်ဟာ မောဟိုက်နေ၏။ ဟန်ကျောက်က သူမကို လွှတ်ပေးလိုက်သည်။

‘ဂျူနီယာမောင်လေးဟန်ရဲ့ သက်လုံက အရမ်းကောင်းတာပဲ။ အဲ့ဒီအပြင် ဘာလို့ အရမ်းကျွမ်းကျင်နေရတာလဲ..’

ရှလင်၏ မြင့်မားသည့် ရင်ဘတ်အစုံဟာ နိမ့်ချည်မြင့်ချည် ရှိနေ၏။ သူမ၏ မျက်ဝန်းများက ဆွဲဆောင်နိုင်လွန်းကာ ပုလဲရေစက်တို့ စီးကျလာတော့မည့် ပုံပါ။

“စီနီယာအစ်မရှ.. ပုခုံးမှာ ဒဏ်ရာရထားတယ်။ အရင်ဆုံး ကောင်းကောင်းနားပါ”

ဟန်ကျောက်ဟာ သူမကို ဆက်လက်စနောက်ခြင်း မပြုတော့ပေ။ ထင်းကုန်တော့သည့် မီးပုံကို ကြည့်ကာ သူက မတ်တပ်ရပ်သည်။

“ကျွန်တော် ထင်းနည်းနည်း ထပ်သွားရှာလိုက်ဦးမယ်”

“ဂရုစိုက်ဦး”

ရှလင်က ညင်သာစွာ ပြောသည်။

“ဟုတ်ကဲ့.. ခဏပါပဲ”

ဟန်ကျောက်ဟာ ဘုံကျောင်းပျက်မှ လျှောက်ထွက်သွား၏။

“လင်လင်”

ရှလင်က ရုတ်တရက်ပြောသည်။

“ဟန်”

ဟန်ကျောက်ဟာ ရပ်တန့်သွား၏။

“အမေက အစ်မကို အဲ့လိုပဲခေါ်တယ်.. နာမည်ပြောင်”

“ကောင်းပါပြီ လင်လင်”

ဟန်ကျောက်က ပြုံးကာ လျှောက်ထွက်သွားသည်။ ညကောင်းကင်ဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နံနက်ခင်း၏ အလင်းဖျော့ဖျော့ကာ ဝေးကွာသည့် ကောင်းကင်မှ ထွက်ပေါ်လာခဲ့သည်။ ညတာဟာ ကုန်လွန်သွား၏။

ဘုံကျောင်းပျက်အတွင်းတွင်..

“ဟစ်”

ဖုန်းရှောင်က မူးဝေနေသည့် ဦးခေါင်းကို ဖိကာ တောင့်တင်းနေသည့် လည်ပင်းကို ရွေ့လျားသည်။ မနေ့က နှစ်ကြိမ်တိုင်အောင် အရိုက်ခံလိုက်သည်ဟု ခံစားရ၏။

ဒုတိယအကြိမ်ဟာ အလွန် ပြင်းသည့်ပုံပါ။ ကံကောင်းစွာပင် သူဟာ ဒဏ်ရာကုသခြင်း ဆေးကို သောက်ထားပြီး ခန္ဓာကိုယ်အတွင်းရှိ ယင်စွမ်းအင်များလည်း ရှင်းလင်းသွားသည်။ ရင်ဘတ်ရှိ ဒဏ်ရာက အလွန် နာကျင်နေသေးပေမယ့် ပုံမှန်လှုပ်ရှားမှုကို သက်ရောက်မှု မရှိတော့ပေ။

ထိုအချိန်၌ အတွင်းဝတ်ကိုသာ ဝတ်ဆင်ပြီး နံရံကို မှီထိုင်နေသည့် ဟန််ကျောက်ကို သူသတိထားမိလိုက်သည်။ ရှလင်ဟာ သူ၏ရင်ခွင်ထဲတွင် အိပ်ပျော်နေ၏။ သူမ၏ ခန္ဓာကိုယ်တွင် အပြာရောင် အပေါ်ရုံကို ခြုံထားသည်။

“ရှူး”

ဖုန်းရှောင်က စကားပြောတော့မည် အပြုတွင် ဟန်ကျောက်က တိုးတိုးနေရန် လက်ဟန်လုပ်ပြသည်။ ဖုန်းရှောင်က တိတ်ဆိတ်စွာ မတ်တပ်ရပ်၏။ သို့ပေမယ့် ရှလင်ကို နိုးလာစေဆဲ ဖြစ်သည်။

“အဖိုးဖုန်း.. ဘယ်လိုခံစားရလဲ”

ဖုန်းရှောင်၏ များစွာ တိုးတက်လာမှုကို တွေ့ရပြီးနောက် ရှလင်ဟာ စိတ်သက်သာရာ ရသွား၏။

“အများကြီး ပြန်ကောင်းနေပါပြီ။ နင်နဲ့ဟန်ကျောက်တို့..” သူက နှစ်ယောက်သားကို ကြည့်သည်။

“ဟုတ်ပါတယ်”

ရှလင်က ရှက်ရွံ့စွာ ခေါင်းညှိတ်သည်။ သူမတို့၏ ဆက်ဆံရေးကို ပေါ်တင်သာ ဝန်ခံ၏။ သူမ၏ ပုံမှန်အတိုင်း တည့်တိုးဆန်လှသည်။ ဟန်ကျောက်က အပေါ်ရုံကို ယူကာ ခဏတာစဉ်းစားသည်။

“အကြီးအကဲဖုန်း.. ဒဏ်ရာအဆင်ပြေရင် လင်လင်ကိုခေါ်ပြီး ကျောက်နက်မြို့ကို စောစောပြန်ပါလား”

“ကောင်းပါပြီ။ ငါလည်း မြန်မြန်ပြန်ပြီး မိသားစုခေါင်းဆောင်ကို ကိစ္စတွေ တင်ပြရဦးမယ်”

ဖုန်းရှောင်က ပြောသည်။

“ဒါဆို အခုပဲ သွားကြတော့လေ”

ဟန်ကျောက်က ထပ်ပေါင်းပြော၏။ မနေ့ညတုန်းက သူဟာ ရှလင်နှင့် ကိစ္စများစွာကို ဆွေးနွေးခဲ့သည်။ သူမ၏ ငယ်ရွယ်စဉ်အချိန်မှ ယခုတာဝန်အထိ ကိစ္စများကို ပြောပြ၏။

ကျန်းမိသားစုက စုမိသားစုနှင့် ရှမိသားစုတို့ကို ဒီတာဝန်အတွက် ဆွဲခေါ်ရခြင်းမှာ ချပ်ဝတ်များကို ပို့ဆောင်ခြင်း ဖြစ်သောကြောင့် ဖြစ်၏။ ပထမဆုံး ကြားရချိန်တွင် ဟန်ကျောက်ဟာ အနည်းငယ် အံ့ဩသွားသည်။

ကျန်းလင်လု၏ စထွက်စဉ်ကတည်းက ချောင်ကျသည့် လမ်းများကိုသာ အထူးရွေးချယ်မှုမှာ အံ့ဩစရာ မရှိပေ။ ညညနေလျှင်တောင် အဖျားပိုင်းရှိ ရွာငယ်ကိုသာ ရွေးချယ်၏။

ခရီးအစအဆုံး လှည်းသုံးလှည်းကို ကျန်းမိသားစုက စောင့်ကြည့်နေခဲ့သည်။ ထောယွမ်ရွာကို သွားခဲ့သည်သာ ဆိုး၏။ သို့ရာတွင် ကြိုတင်မြင်ထား၍သာ မဟုတ်ပါက သူလည်းပဲ ယခုကဲ့သို့ တွေးမိမည်မဟုတ်ပေ။

အစောပိုင်း အစမ်းရှင်သန်မှုများတွင် ကျိုကျိုးဟာ ဒီကိစ္စကို မကြားဖူးခဲ့ပါ။ ဆိုလိုသည်ကား တာဝန်အတွင်းတွင် သူတို့ဟာ ထောယွမ်ရွာ၌ မနားခဲ့ဟု ဆိုလို၏။ နေ့ဝက်လောက် စောသွားတာပဲဖြစ်ဖြစ်၊ နောက်ကျတာပဲဖြစ်ဖြစ် ရလဒ်ဟာ ခြားနားနေမှာ ဖြစ်သည်။

လှည်းသုံးလှည်းအပြည့်နှင့် ချပ်ဝတ်များမှာ အမှန်တကယ်ကို ကြီးမားသည့် စီးပွားရေးဖြစ်၏။ ဒီပစ္စည်းများဟာ ပြုလုပ်ရန် မခက်ခဲပေမယ့် ကုန်ကျမှုက များလှသည်။ လုပ်ရဲလားဟူသည့် အချက်လည်း ရှိသေး၏။

“ချပ်ဝတ်တစ်ခုက မြားသုံးချက်ကို ခံနိုင်သည်။ ချပ်ဝတ်သုံးခုက ငရဲကိုပင် တိုးဝင်နိုင်သည်”

ဟူသည့် စကားမှာ ဟာသမဟုတ်ပေ။ သို့ရာတွင် ယခုအချိန််၌ လောကကြီးဟာ အလွန် ပရမ်းပတာ ဖြစ်နေပါသည်။

တစ်ယောက်ယောက်က ပုန်ကန်ချင်လျှင်တောင် ဟန်ကျောက်အနေနှင့် ထူးဆန်းစွာ ခံစားရမှာ မဟုတ်ပေ။ ဒီတာဝန်၏ ကျရှုံးမှုဟာ မိသားစုသုံးခုအတွက် ကြီးမားသည့် ထိုးနှက်ချက်ဖြစ်သည်။

ချပ်ဝတ်များကို ဆုံးရှုံးရခြင်းက အဆင်ပြေ၏။ ထိုကုန်ကျစရိတ်ကို မိသားစုသုံးခုအနေနှင့် ခံနိုင်သေးသည််။ အဓိကအချက်မှာ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားကို ဆုံးရှုံးရတာ ဖြစ်သည်။ အလွန် ထိချက်ပြင်းလှ၏။

ဤသည်မှာ ပိုက်ဆံနှင့် အရင်းအမြစ်သာမက ပျိုးထောင်ခဲ့ရသည့် ယုံကြည်မှုတို့လည်း ပါဝင်နေပါသည်။ ရှမိသားစု၏ ဆုံးရှုံးမှုမှာ အနည်းပါးဆုံး ဖြစ်၏။ ဖုန်းရှောင်က ဒဏ်ရာရပေမယ့် အသက်ရှင်နေဆဲ ရှိသည်။

တတိယအဆင့် သွေးချီချိုးဖျက်မှုအဆင့်ရှိ သိုင်းသမားတစ်ယောက်တွင် ထူးကဲသည့် အသက်ဓါတ်တို့ ရှိနေပါသည်။ ပြန်ကောင်းလာမှာ သေချာ၏။ တစ်ဖက်ရှိ စွမ်းယွမ်မှာတော့ ဟန်ကျောက်၏ သွယ်ဝိုက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

သူဟာ သွေးချီချိုးဖျက်မှု ပထမအဆင့်တွင်သာ ရှိ၏။ နောင်တွင် သူ့နေရာကို ဟန်ကျောက်ဝင်နိုင်ရာ ရှမိသားစုဟာ မဆုံးရှုံးရုံမက ပိုမိုကာပင် အင်အားပိုကောင်းလာလိမ့်မည်။ ချပ်ဝတ်ကိစ္စသာ မပေါက်ကြားပါက ငွေကြေးအနည်းငယ်သာ ဆုံးရှုံးခဲ့ခြင်း ဖြစ်၏။

အတွင်းကိစ္စများကို သိရှိပြီးနောက် ဟန်ကျောက်ဟာ မနေ့ညက အကြောင်းပြချက် တစ်ခုကို စဉ်းစားထားခဲ့သည်။ ဒီကိစ္စဟာ ထုတ်ဖော်လို့ မရကတည်းက ကျန်းမိသားစုနှင့် စုမိသားစုတို့က ကြေငြာရဲမည် မဟုတ်ပါ။

ကျောက်စိမ်းလေမြို့ရှိ ဝယ်သူများကလည်း ဒီကိစ္စကို လိုက်လံရဲမည် မဟုတ်ပေ။ အလွန်ဆုံး သီးသန့် ဖြေရှင်းကြမည်သာ ဖြစ်၏။ ဟန်ကျောက်ကို ပြဿနာနည်းသွားစေသည်။

“ဂျူနီယာမောင်လေးဟန်… နင်ငါတို့နဲ့ ပြန်မလိုက်ဘူးလား”

ဟန်ကျောက်၏ စကားကို ကြားရပြီးနောက် ရှလင်က မေးသည်။

“ကျွန်တော့မှာ လုပ်စရာ ကိစ္စအချို့ ရှိသေးလို့။ ပြီးမှပြန်လာခဲ့မယ်”

ဟန်ကျောက်က လေးနက်စွာ ပြောသည်။ ထောယွမ်ရွာဟာ ယင်စွမ်းအင် ရရှိနိုင်သည့် နေရာဖြစ်၏။ နှစ်ညလောက်သာ မစုဆောင်းပါက ဖြုန်းတီးရာ ကျပေရော့မည်။

All Chapters