← Chapters

(တွေ့ဆုံခြင်း)

Vol. 5 Ch. 68

(တွေ့ဆုံခြင်း)

Vol. 5 Ch. 68

ရှလင်၏ ပုံစံက အေးဆေးစွာသာ ရှိသည်။ ဂျူနီယာမောင်လေးဟန်၏ ပြန်မလိုက်မှုအပေါ် သူမဟာ အလိုလို တွေးမိ၏။ မည်သည်လုပ်ဖို့ ဆိုတာကိုတော့ မမေးတော့ပေ။

“အကြီးအကဲဖုန်း.. မပြန်ခင် ကျွန်တော်တို့ရဲ့ စကားအသွားအလာကို အရင်တိုက်ရအောင်”

ဟန်ကျောက်က ဖုန်းရှောင်ကို ကြည့်သည်။

“ကောင်းပြီ”

ဖုန်းရှောင်က ခေါင်းညှိတ်၏။

“အဲ့လိုဆိုရင်.. အခြားလူတွေက ညအချိန်မှာ အတင်းနေဖို့ တိုက်တွန်းကြတယ်။ ပြီးတော့ ညစာစားစဉ်မှာ..”

ဟန်ကျောက်က ဖုန်းရှောာင်နှင့် ရှလင်တို့ကို သူစဉ်းစားထားပြီးဖြစ်သည့် အကြောင်းပြချက်အား ပြောသည်။ ဖြစ်စဉ်တစ်ခုလုံးဟာ အခြေခံအားဖြင့် မှန်ကန်၏။ သို့ရာတွင် အနည်းငယ် ပြင်ဆင်လိုက်သည်။

စွမ်းဆောင်မှု အားလုံးတို့ကို ဖုန်းရှောင်အပေါ်သို့ ပုံထည့်လိုက်၏။ ညအချိန် မတည်းခိုကြရန် ပြောသူမှာလည်း သူဖြစ်သည်။ ချန်းမိသားစု၏ ညစာမစားခဲ့သူမှာလည်း သူဖြစ်သည်။

ထို့အပြင် ရှလင်နှင့် ဟန်ကျောက်တို့ကိုပါ မစားခိုင်းခဲ့ပေ။ နောက်ဆုံးတွင် မကောင်းဆိုးရွားများ ပေါ်လာချိန်၌ မကောင်းဆိုးရွား၏ အသားကို မစားထားသည့် သူတို့သုံးယောက်သာလျှင် ထောယွမ်ရွာမှ အသက်ရှင်ရက် ပြန်နိုင်ခဲ့သည်။

ဟန်ကျောက်သာ သူ၏ခွန်အားကို မထုတ်ဖော်ပြပါက ဖြစ်စဉ်တစ်ခုလုံးတွင် မည်သည့် ဟာပေါက်မှ မရှိပေ။ ဘာပဲဖြစ်ဖြစ် အဖွဲ့တွင် အသန်မာဆုံးလူမှာ ဖုန်းရှောင်ဟု လူတိုင်းသိကြ၏။

သူဟာ သိုင်းပညာလောကတွင် အတွေ့အကြုံ အကြီးရင့်ဆုံးလည်း ဖြစ်သည်။ အပြင်ဘက်တွင် ဂရုစိုက်ခြင်းက ဆီလျော်မှု အလွန်ရှိ၏။ ဟန်ကျောက်မှာတော့ ဒဏ်ရာအပြင်းအထန် ရထားပြီး အလွယ်တကူ ခရီးနှင်လို့ မရရာ သူတို့နှင့် ပြန်မလိုက်ခဲ့ပေ။ အနီးအနားရှိ မြို့တွင်နေကာ ဒဏ်ရာကုစားနေ၏။

‘ဒီလိုဆို အဆင်ပြေလောက်တယ်မလား’

“ငါနားလည်ပြီ”

ဖုန်းရှောင်က လေးနက်စွာ ပြောသည်။ မနေနိုင်ပဲ ဟန်ကျောက်ကို ခြားနားစွာ ကြည့်မိ၏။

ဒီကောင်လေးဟာ သန်မာရုံမက နှိမ့်ချကာ တိတ်ဆိတ်စွာဖြင့် အကျိုးအမြတ်လည်း ရှာတတ်သည်။ ပြောရလျှင်.. တောထဲတွင် အမြင့်ဆုံးအပင်ဟာ လေ၏ဖျက်ဆီးခြင်းကို အရင်ခံရတတ်၏။

ဟန်ကျောက်မှာ ဒီနှစ်တွင် အသက်၁၉နှစ်သာ ရှိပါသေးသည်။ သို့ပေမယ့် သူဟာ သွေးသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေပြီး ဖြစ်၏။ တိုက်ခိုက်မှုခွန်အားဟာ မကောင်းဆိုးရွားအသား မစားထားသည့် ဖုန်းရှောာင်ကိုယ်တိုင်ထက်ပင် နိမ့်ကျခြင်း မရှိပေ။

ထို့အပြင် အလွန်လည်း အသေးစိတ်ကျတတ်၏။ သူ၏ ခွန်အားကို ဖုံးကွယ်ကာ အလွန် သတိကြီးပြီး မကောင်းဆိုးရွားအသားကို မစားခဲ့၍သာ မဟုတ်ပါက မနေ့ညက ဖြစ်စဉ်တွင် အဖွဲ့တစ်ခုလုံး သုတ်သင်ခံရနိုင်ချေမှာ အလွန်မြင့်မားသည်။

ဖုန်းရှောင်အနေနှင့် အသက်ကိုရင်းကာ တိုက်ခိုက်ပါက လွတ်မြောက်နိုင်သေး၏။ သို့ပေမယ့် ရှလင်ကိုပါ တစ်ပါတည်းခေါ်ပါက လွတ်မြောက်နိုင်ချေမှာ နည်းပါးလှသည်။

…

ရှလင်နှင့် ဖုန်းရှောင်တို့၏ ထွက်ခွာမှုကို ကြည့်ကာ ဟန်ကျောက်ဟာ ထောယွမ်ရွာသို့ သွားရောက်ရန် လောမနေပါ။ အဲ့ဒီအစား သူ၏အာရုံက စနစ်မျက်နှာပြင်ပေါ်သို့ ကျရောက်သွား၏။

“သိုင်းပညာများ- စိတ်ဝိညာဉ်ပုန်းအောင်းခြင်းအတတ် (ပထမအဆင့်၏ စတင်ခြင်းအဆင့် ၁%၊ အဆင့်မြှင့်တင်နိုင်)၊ ယင်မိစ္ဆာလက်ဝါး(ပထမအဆင့်၏ စတင်ခြင်းအဆင့် ၁%၊ အဆင့်မြှင့်တင်နိုင်)”

စိတ်ဝိညာဉ်ပုန်းအောင်းခြင်းအတတ်ကို မည်မျှ စွမ်းအားကြီးသနည်းဟု ဟန်ကျောက်မသိပါ။ သို့ပေမယ့် ယင်မိစ္ဆာလက်ဝါးသိုင်းမှာ စမ်းကြည့်စရာပင် မလိုအပ်ပဲ သိသာလှ၏။

သွေးချီချိုးဖျက်မှု တတိယအဆင့်ရှိသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည့် ဖုန်းရှောင်ပင်လျှင် ခန္ဓာကိုယ်အတွင်း၌

ယင်စွမ်းအင်တို့ စုပြုံလာချိန်တွင် ခွန်အားဟာ ကြီးစွာ လျော့ကျသွားရသည်။

ဤသည်မှာ ဖုန်းရှောင်ကျင့်ကြံသည့် အတွင်းပိုင်းခွန်အားဟာ မီးအမျိုးအစား ဖြစ်ပြီး ယင်စွမ်းအင်ကို တွန်းလှန်နိုင်သေး၏။ ထိုသို့ဆိုလျှင်တောင် အခြေအနေဆိုးရွားစွာ ဖြစ်သွားခဲ့သည််။

ယင်စွမ်းအင်၏ သိုင်းသမားများအပေါ် ဆန့်ကျင်ရာ၌ မည်မျှ အသုံးဝင်မှုကို ပြသနေပေသည်။ စနစ်၏ အချက်ပေးချက်အရ ယင်မိစ္ဆာလက်ဝါးသိုင်းဟာ အစွန်းရောက်ယင်နှင့် ဆိုးယုတ်ခြင်း ယင်အတွင်းအားကို ကျင့်ကြံနိုင်၏။

ရှင်းလင်းစွာပင် သာမန်ယင်စွမ်းအင်ထက် ပိုမိုကာပင် သက်ရောက်မှုကြီးမားမှာပါ။ အမြဲတမ်း မောက်မာခဲ့သည့် စနစ်ပင်လျှင် သက်ဆိုင်ရာ အလားအလာကောင်းတို့ ရှိနေသည်ဟု မှတ်ချက်ပေးထားရာ.. ဆိုလိုသည်ကား အလွန် ဆန်းကြယ်လှပါသည်။

ကျိုကျိုးအနေနှင့် ယင်မိစ္ဆာအတွင်းအားကို ကျင့်ကြံပါက ရန်သူများကို ရင်ဆိုင်ရာတွင် နောက်ထပ် ဝှက်ဖဲတစ်ခု ရှိလာခြင်းနှင့် ညီမျှသွားမှာပါ။ ယင်မိစ္ဆာလက်ဝါးဟာ ဓါးထုတ်ခြင်းအတတ်ကဲ့သို့ တစ်ကြိမ်သုံး မဟုတ်ပဲ အကြိမ်ကြိမ်လည်း အသုံးပြုနိုင်၏။

ဓါးနှင့်ဆေဘာအမွှာ ပါရမီရှင်တစ်ယောက် အနေနှင့် အသန်မာဆုံးမှာ လက်ဝါးသိုင်းဖြစ်နေပါက နည်းနည်းတော့ မယုံနိုင်စရာကောင်းနေမှာပါ။

“ဝိညာဉ်အဆီအနှစ်လုံးက ချေးများလွန်းတယ်။ အချို့ ယင်စွမ်းအင်တွေကို မစုပ်ဘူး။ ဒါပေမယ့် ယင်မိစ္ဆာလက်ဝါးသိုင်းကတော့ သူ့လောက်မရှိလောက်ပါဘူး”

ဟန်ကျောက်၏ နှလုံးသားက တက်ကြွလာ၏။ ထောယွမ်ရွာဟာ နောက်ထပ်နှစ်ကြိမ် အသုံးပြုနိုင်သည်။

ဝိညာဉ်အဆီအနှစ်လုံးဟာ များပြားလှသည့် ယင်စွမ်းအင်များကို စုပ်ယူထားပြီး အချိန်တိုအတွင်းတွင် သူ့အတွက် လုံလောက်နေမှာပါ။ ထို့အပြင် ဟန်ကျောက်ဟာ ဖုန်းရှောင်ထွက်မသွားခင် မနေ့ညက ပြောခဲ့သည့် စကားများကို မှတ်မိသေးသည်။ ထို့ကြောင့် သူမေးခဲ့၏။

ဖုန်းရှောင်က ဖြေ၏။ ယွမ်ချန်းကောင်တီ၏ အစောပိုင်းနှစ်များတွင် သူလှည့်လည်ခဲ့စဉ်က သွေးအလောင်းကဲ့သို့ မကောင်းဆိုးရွားမျိုးကို ကြားဖူးခဲ့သည်ဟု ဆို၏။

သွေးအလောင်းများမှာ ပုံမှန်အားဖြင့် ယင်စွမ်းအင်နှင့် မကျေနပ်မှု စွဲလမ်းစိတ်များ စုပြုံရာတွင် ပေါ်လာတတ်သည်။ ပြောကြသည်ကား ထိုကဲ့သို့သော အကောင်မျိုးဟာ လုံးဝ သတ်ဖြတ်လို့ မရပေ။

အကြိမ်မည်မျှ သတ်ဖြတ်စေကာမူ တူညီသည့်နေရာတွင် ပြန်ပေါ်လာတတ်၏။ ထိုကဲ့သို့သော နေရာမျိုး ပေါ်လာတိုင်းတွင် စီရင်စုမြို့တော်က အထူးကျွမ်းကျင်သူများကို စေလွှတ်ကာ ရှင်းလင်းရသည်။

အသေးစိတ်ကိုတော့ ထိုအချိန်၌ သွေးချီချိုးဖျက်မှု ပထမအဆင့်သာ ရှိခဲ့သည့် ဖုန်းရှောင်အနေနှင့် အားမနည်းပေမယ့် အထက်ပိုင်း သတင်းအချက်အလက်များကို ထိတွေ့နိုင်ခြင်း မရှိခဲ့ပေ။

“အုပ်စိုးသူ မိသားစုကြီးတွေက အရမ်းစွမ်းအားကြီးမှတော့ သူတို့သိလောက်တယ်”

ထိုကဲ့သို့ တွေးမိပြီးနောက် ဟန်ကျောက်ဟာ ဘုံကျောင်းပျက်မှ လျှောက်ထွက်ကာ ထောယွမ်ရွာဆီသို့ ဦးတည်လိုက်၏။

…

“ရှပ်၊ ရှပ်၊ ရှပ်”

ဟန်ကျောက်ဟာ တောင်လမ်းပေါ်တွင် လျှောက်လှမ်းနေ၏။ တောင်ခြေသို့ ရောက်တော့မည်အပြုတွင် မလှမ်းမကမ်း၌ မြင်းမားချောမောသည့် မြင်းဖြူတစ်ကောင်ဟာ ဒုန်းဆိုင်းလာပြီး ဖုန်မှုန့်တို့ လွင့်ပျံနေပုံကို တွေ့လိုက်ရသည်။

သွယ်လျသည့် ဦးခေါင်း၊ ရှည်လျားသည့် လည်ပင်း၊ မြင့်မားသည့်‌ ခြေတံများနှင့် ၎င်းဟာ အလွန်မြန်ဆန်သည်။ “မြင်းကောင်းပဲ”

ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားသည်။ သူဟာ ကျောက်နက်မြို့တွင် ဈေးကြီးသည့် မြင်းများကို မြင်ဖူးခဲ့၏။ သို့ပေမယ့် ဒီမြင်းဖြူနှင့် နှိုင်းယှဉ်နိုင်တာ မရှိပေ။

'ဖြစ်နိုင်တာက… ဖြာကာနာမြင်းများလား။ ရွှေ၁၀၀လောက် တန်တာပေါ့'

“ရှင်… လူယုတ်မာ”

ထိုအချိန်၌ နူးညံ့သည့် အော်သံတစ်ခု ထွက်ပေါ်လာ၏။ ထိုအချိန်မှသာ ဟန်ကျောက်ဟာ မြင်းပေါ်တွင် စီးနင်းလာသည့် သေးသေးသွယ်သွယ် မိန်းကလေးကို သတိထားမိသည်။

သူမဟာ အစိမ်းဖျော့ရောင် ပိုးချည်ဝတ်စုံကို ဝတ်ဆင်ထား၏။ နှင်းကဲ့သို့ ဖြူသည့် မျက်နှာမှာ လက်ဖဝါးအရွယ်လောက်သာ ရှိသည်။ မေးစေ့က ချွတ်ကာ မျက်နှာက နုနယ်ပြီး ကြည့်ရတာ အလွန်ဆုံး ၁၄၊ ၁၅နှစ်လောက်သာ ရှိပေလိမ့်မည်။

ထိုမိန်းကလေးဟာ မြင်းကျောပေါ်တွင် မတ်တပ်ရပ်ကာ ခုန်ချလာခဲ့၏။ ခါးရှိ ဓါးတိုကို ထုတ်ပြီး ဟန်ကျောက်၏ ဝမ်းဗိုက်ကို ထိုးသည်။ ဟန်ကျောက်၏ မျက်ခုံးများက မြင့်တက်သွားသည်။ သူမ၏ အသွင်နှင့် တိုက်ခိုက်မှု ပုံစံအရ ရှင်းလင်းစွာပင် မည်သည့် တိုက်ခိုက်ခြင်း အတွေ့အကြုံမှ မရှိပေ။

“ရွှမ်း”

ဟန်ကျောက်ဟာ သူ၏ ဘယ်ဘက်လက်ကို ခါးသို့ပို့ကာ သုတ်သင်ခြင်းဓါးကို ဆွဲထုတ်သည်။ ထို့နောက် ညာဘက်လက်ဖြင့် ပုတ်ကာ ဓါးအိမ်ကို မိန်းကလေး၏ မျက်နှာဆီသို့ ပျံသန်းသွားစေ၏။

“ဖြန်း”

ဓါးအိမ်ဟာ လေထဲတွင် မြန်နှုန်းမြင့်စွာ လည်ပတ်သွားပြီး မိန်းကလေး၏ မျက်နှာကို ပြင်းထန်စွာ ထိမှန်သည်။

“အား”

မိန်းကလေးဟာ နာကျင်စွာ အသံပြုပြီး ဟန်ကျောက်၏ရှေ့သို့ ခွေးအစာစားသည့် ပုံစံဖြင့် ပြုတ်ကျသည််။ ဖုန်မှုန့်များကို မြင့်တက်လာစေ၏။ ဟန်ကျော်က ရှေ့သို့တက်ကာ လက်သီးနှစ်ဖက်ကို ဆုပ်သည်။

“ကျွန်တော်က ဟန်ကျောက်ပါ.. ခင်ဗျားက ဘာလို့ ရုတ်တရက် ပေါ်လာပြီး ကျုပ်ကို လုပ်ကြံတိုက်ခိုက်ရတာလဲ”

“ဟန်ကျောက်”

မိန်းကလေးက ခေါင်းမော့ကြည့်သည်။ သူမ၏ ပါးပြင်ဟာ ရောင်နေပြီး ရှင်းလင်းသည့် အနီကြောင်းတစ်ခု ရှိနေပါသည်။

“ဟန်ချန်း… ဟန်ဆောင်မနေနဲ့.. နင်ပြာဖြစ်သွားရင်တောင် ငါမှတ်မိတယ်”

မိန်းကလေးက အံကိုကြိတ်ကာ ဟန်ကျောက်ကို ကြမ်းကြုတ်စွာ ကြည့်သည်။ ကျုံးရုန်းထပြီးနောက် ဘေးတွင် ကျနေသည့် ဓါးမြှောင်ကို ကောက်ယူတော့မှာပါ။

“မစ်… ကျွန်တော့အစ်ကို ဟန်ချန်းကို ခင်ဗျားသိလို့လား။ ကျွန်တော့အသက် ၆နှစ်ကတည်းက သူပျောက်သွားတာ။ အိမ်ကိုမပြန်တာ ၁၃နှစ်တောင် ရှိပြီ။ သူ့ကို တွေ့သေးလား‌ဗျ”

ဟန်ကျောက်က အံ့ဩစွာကြည့်ကာ နောက်သို့ ခြေတစ်လှမ်းဆုတ်သည်။ ကျီပိုင်ဝေ၏ ခွန်အားမှာ သွေးသန့်စင်ခြင်းအဆင့်သို့ ရောက်ရုံသာ ရှိ၏။ သူမ၏အသက်တွင် အလွန်မြင့်မားသည့် ပါရမီဟု ဆိုနိုင်ပါသည်။

သို့ပေမယ့် ဟန်ကျောက်ကို ရင်ဆိုင်ရန် လုံလောက်ခြင်းမရှိပါ။ သို့ရာတွင် ကျီကျုလင်က အဘယ်ကြောင့် ထွက်မလာသေးသနည်း။

“ရှင်..”

ဟန်ကျောက်၏ ပုံစံက လိမ်နေသည်မဟုတ်ကြောင်းကို ကျီပိုင်ဝေ သတိထားမိသည်။ သူမ၏ မျက်လုံးများက ကြောင်တောင်သွားပြီး ဓါးကောက်ခြင်းဟာ ရပ်တန့်သွား၏။

ထိုအချိန်၌ သူမဟာ ရှေ့ရှိ ဟန်ကျောက်ကို သေသေချာချာ ကြည့်နေမိသည်။ သူဟာ သူမဝမ်းကွဲအစ်မ၏ အခန်းထဲရှိ ရုပ်ပုံနှင့် ၆၀%လော်က ဆင်တူ၏။ သို့ပေမယ့် အနီးကပ် ကြည့်ရှုပြီးနောက် ပိုမိုအရပ်ပုသည့် ပုံပါ။ ထိုအပြင် သိသာစွာပင် ဟန်ချန်းထက် ပိုမိုချောမောကာ ငယ်ရွယ်၏။

“ရှင်တကယ်ပဲ ဟန်ချန်းမဟုတ်ဘူးလား”

ကျီပိုင်ဝေက မရေရာစွာ မေးသည်။

“ကျွန်တော်သာ ဟန်ချန်းဆိုရင်.. ခင်ဗျားကို ရန်သူဆိုတာသိပြီး ဆေဘာဓါးနဲ့ပေါက်လိုက်မှာ။ ဓါးအိမ်နဲ့မဟုတ်ဘူး”

ဟန်ကျောက်က ပြုံးကာ ဓါးအိမ်ကို ယူလိုက်သည်။

သူက အဖိုးတန်သည့် မြင်းနှင့် သူမ၏ အဝတ်အစား၊ ရင်ဘတ်ပေါ်ရှိ ကျောက်စိမ်းဆွဲသီးတို့ကို ကြည့်သည်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုလျော်ကြေးကို မည်သို့ရနိုင်မည်နည်းဟု အကဲခတ်၏။

All Chapters