(ရှင်းပြခြင်း)
Vol. 5 Ch. 70
“ကောင်းပြီ.. ဒါတွေက အဓိကမဟုတ်ဘူး။ နင့်ဘာသာ ဘာသိုင်းပညာကျင့်ကျင့် ငါနဲ့မဆိုင်ဘူး။ ဒီနေ့ ငါလာတာက နင့်ကို အကူအညီတစ်ခု တောင်းချင်လို့ပဲ”
ကျီကျုလင်က စကားပြောင်းလိုက်၏။
“ကျွန်တော်က အားနည်းတော့ စီနီယာကို အများကြီး မကူညီနိုင်မှာ ကြောက်ရတယ်ဗျ”
ဟန်ကျောက်၏ ပုံစံက တွန့်ဆုတ်သွား၏။ ဒီမိသားစုကြီးများကို ရှောင်လွှဲနိုင်ပါက အကောင်းဆုံး ဖြစသ်ည်။
“ပိုင်ဝေက စက္ကူဖြူတစ်ခုလိုပဲ။ အပြင်ဘက်လောကရဲ့ အရာအားလုံးနဲ့ စိမ်းတယ်။ သူမရဲ့ စိတ်အခြေအနေကို လေ့ကျင့်ပေးဖို့ ငါနင့်ကို ကူညီပေးစေချင်တယ်”
“အခြားလူတွေလည်း လုပ်ပေးလို့ရတယ်မလား။ ကျွန်တော်..”
“တစ်ထောင်လျန်”
ကျီကျုလင်က ခံစားချက်မဲ့စွာ ပြောသည်။
“ဗျာ”
ဟန်ကျောက်ဟာ မှင်သက်သွား၏။
“သုံးထောင်လျန်”
“စီနီယာ.. နားလည်မှုလွဲနေပြီ ထင်တယ်နော်။ ကျွန်တော်က ဒီလိုလူမျိုး မဟုတ်ဘူး။ ပိုက်ဆံက ကျွန်တော့ကို..”
“ခြောက်ထောင်လျန်”
“စီနီယာ.. ကျွန်တော့မှာ လုပ်စရာရှိသေးလို့ဗျ။ နောက်ကျရင် ပြဿနာတက်မှာ စိုးရတယ်။ ဒါ့ကြောင့်…”
ဟန်ကြောက်ဟာ ပြဿနာဖြစ်နေပုံ ပေါ်၏။
“ဒါကြောင့်.. ပိုက်ဆံပိုပေးဖို့ လိုအပ်တယ်”
“၁၀၀၀၀လျန်.. ပြီးတော့ လူတစ်ယောက်ရဲ့ ပါရမီကို မြှင့်တင်ပေးနိုင်တဲ့ ကျင့်စဉ်တစ်ခု”
ကျီကျုလင်က အနည်းငယ် မျက်မှောင်ကြုတ်စွာ ပြောသည်။
“စီနီယာ ကျွန်တော့ကို ဘာပဲ လုပ်ခိုင်းချင်ချင် ကျေးဇူးပြုပြီး ညွှန်သာကြားလိုက်ပါ”
ဟန်ကျောက်ဟာ နှုတ်ခမ်းထောင့်ရှိ အပြုံးကို ကြိုးစားကာ ဖိနှိပ်နေ၏။ သူ၏မျက်နှာမှ အသွင်အပြင်ဟာ
“ငရဲသွားရမယ်ဆိုရင်တောင် တုံ့ဆိုင်းမနေဘူး” ဟူ၍ ပြောနေသည့်ပုံပါ။
ကျီကျုလင်၏ တောင့်တင်းသည့် မျက်နှာက တွန့်ကွေးသွား၏။ သူမဟာ ဟန်ကျောက်၏ လုပ်ဆောင်ချက်ကြောင့် အံ့ဩသွားသည့် ပုံပါ။
“ဒါက ရိုးရှင်းပါတယ်။ နင့်နောက်ကို ပိုင်ဝေလိုက်တာကို သဘောတူဖို့ပဲ လိုတယ်။ ဘာလုပ်ရမယ် ဆိုတာကတော့… သူမကိုသာ မသတ်ရင် ကြိုက်တာလုပ်လို့ရတယ်”
ကျီကျုလင်က အဓိပ္ပာယ်ရှိစွာ ပြောသည်။
“တကယ်ပဲ ကြိုက်တာလုပ်လို့ ရတာလား”
ဟန်ကျောက်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
“သူမသာ အသက်အန္တရာယ်မကြုံရင် ငါမတိုက်ခိုက်ဘူး” ကျီကျုလင်က တည်ငြိမ်စွာ ပြော၏။
“တကယ်တော့ ဟန်ချန်းက သေပြီးနေပြီ။ ဒါပေမယ့် ပိုင်ဝေ မသိဘူး။ ကျီမိသားစုက ဒီတစ်ကြိမ် သူမကို နင့်ဆီကို ဦးတည်လွှတ်လိုက်တာ”
“ဗျာ.. ကျွန်တော့အစ်ကိုက သေပြီးနေပြီလား”
ဟန်ကျောက်က လန့်သွားပြီး အမြန်မေးသည်။
“သူဘယ်လို သေသွားတာလဲ”
“နင့်အစ်ကိုက ဒီဗိုင်းလက်နက်တစ်ခုကို ရင်ဆိုင်ပြီး သေသွားခဲ့တာ။ ဘာလဲ.. သူ့အတွက် လက်စားချေချင်သေးလို့လား”
ကျီကျုလင်၏ ပုံစံက လှောင်ပြောင်စွာ ရှိနေ၏။
“ဒီဗိုင်းလက်နက်ဆိုတာ ဘာလဲဆိုတာကိုတောင် နင်မသိမှာ ကြောက်ရတယ်။ ဟုတ်တယ်မလား”
“ဒီဗိုင်းလက်နက်က..”
ဟန်ကျောက်က သူမစကားကို ကောက်သည်။
“နင်တို့ သိုင်းသမားတွေရဲ့ လက်နက်တွေနဲ့ယှဉ်ရင် ဒီဗိုင်းလက်နက်က အဆပေါင်း သန်းနဲ့ချီပြီး ပိုသန်မာတယ်။ ဒါပေမယ့် သာမန်လက်နက်တွေက သက်မဲ့ဖြစ်ပြီး ဒီဗိုင်းလက်နက်တွေက သက်ရှိဖြစ်တယ်”
ကျီကျုလင်က ပြော၏။
“သက်ရှိ”
ဟန်ကျောက်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ အစမ်းရှင်သန်မှုအတွင်းရှိ သက်ခြွေဓါးကို သူစဉ်းစားမိ၏။ ဆိုလိုသည်ကား သက်ခြွေဓါးလည်း နောင်တွင် ဒီဗိုင်းလက်နက်တစ်ခု ဖြစ်လာနိုင်မည့် အခွင့်အရေး ရှိသည်လား။
“ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ လှပလှပ၊ စွမ်းအားပဲကြီးကြီး .. အဆုံးသတ်မှာ အချိန်ကို မကျော်လွှားနိုင်ကြဘူး”
ကျီကျုလင်ဟာ အတွေးထဲတွင် အနည်းငယ် နစ်မွန်းသွားပုံပါ။ သူမဟာ ဟန်ကျောက်၏ မေးခွန်းကို လစ်လျူရှုကာ ဆက်လက်ပြောနေ၏။
“ဒီဗိုင်းလက်နက်တစ်ခုရဲ့ နှစ်သက်ခြင်းကို ခံရပြီး လက်နက်သခင်တစ်ယောက် ဖြစ်လာမှပဲ ခြေတစ်လှမ်းတည်းနဲ့ ကောင်းကင်ကို တက်လှမ်းနိုင်ပြီး နှစ်ပေါင်းရာချီ နေရလိမ့်မယ်။ လောကမှာ အဲ့ထက်ပိုပြီး ဆွဲဆောင်မှုရှိတဲ့အရာ ဘာရှိဦးမလဲ”
“နှစ်ပေါင်းရာချီတဲ့ သက်တမ်းလား”
ဟန်ကျောက်၏ ပုံက အံ့ဩနေ၏။ ဒီတစ်ကြိမ်တွင် သူဟာ ဟန်ဆောင်နေတာ မဟုတ်ပေ။
သို့ရာတွင် ကျီကျုလင်၏ စကားအရ ဒီဗိုင်းလက်နက်၏ နှစ်သက်ခြင်းကို ခံရရန် လိုအပ်ပါသည်။ ဆိုလိုသည်ကား သူ့ကို ဖားယားရမည်လား။ သက်ခြွေဓါးသာ အသိစိတ်ရရှိလာပြီး အသုံးပြုလိုပါက ဖားယားနေရမည်ဆိုလျှင် ဟန်ကျောက်အနေနှင့် အရည်ဖျော်ကာ ပြန်ထုပစ်မှာပါ။
ထို့အပြင် ဤသည်မှာ သက်တမ်း ရာဂဏန်းအနည်းငယ်လောက်သာ ရှိ၏။ သက်ရှည်ကျမ်း၏ အာနိသင်အရ သူသာ အမှတ်များကို ထပ်မံပေါင်းနေပါက ထိုမျှရှိသည့် သက်တမ်းလောက်ကို ရရှိရန် ခက်ခဲမည်မဟုတ်ပါ။ ထိုသို့ဆိုပါက သူဟာ သေချာပေါက် ဒူးထောက်မည်မဟုတ်ပေ။ အိပ်ယာပေါ်မှာက လွဲ၍ဖြစ်၏။
“ဒီလက်နက်သခင်က…”
ကျိုကျိုးက ဆက်လက်မေးမြန်းသည်။ ကျီကျုလင်တွင် နောက်ခံတစ်ခုရှိကာ သူမဆီမှ သတင်းအချက်အလက်များကို ရရှိနိုင်ပါသည်။
အစမ်းရှင်သန်ခြင်းထက်ပင် ပိုမိုအသေးစိတ်ကျ၏။ ဟန်ကျောက်၏ ရွာမှတက်လာသည့် လူတစ်ယောက်သဖွယ် ပုံစံက ကျီကျုလင်ကို နှာခေါင်းရှုံ့စေသည်။ သို့ရာတွင် တစ်ဖက်လူကို ကြိုးကြိုးစားစား နာခံမှုရှိစွာ အလုပ်လုပ်စေရန် သူမဟာ ဖြေကြားပေးခဲ့၏။
“ဒီဗိုင်းလက်နက်ကို စိတ်ရောကိုယ်ပါ ခစားပြီး လက်နက်ရဲ့ လိုအပ်ချက်အားလုံးကို ပထမဦးစားပေးအဖြစ် သတ်မှတ်မယ်ဆိုရင် ဒီဗိုင်းလက်နက်ရဲ့ အသိအမှတ်ပြုမှုကို ရပြီး ဒီဗိုင်းလက်နက်စွမ်းအားကို ခံနိုင်ရည်ရှိတဲ့အခါ လက်နက်သခင်တစ်ယောက် ဖြစ်လာနိုင်တယ်”
“သိုင်းပညာအဆင့်အရဆို လက်နက်သခင်တစ်ယောက်က ဒီဗိုင်းစွမ်းအားအဆင့်က သိုင်းနတ်ဘုရားတစ်ယောက်နဲ့ တူညီတယ်။ ဒါက ဘုံတိမ်ဖျားမှာ ရပ်တည်နိုင်တဲ့ ပုံရိပ်တစ်ခုပဲ”
“ဒီဗိုင်းစွမ်းအားအဆင့်.. သိုင်းနတ်ဘုရား”
ဟန်ကျောက်ဟာ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းအဆင့်နှင့် ဖင်းစုဆောင်းခြင်းအဆင့်နောက်ရှိ သိုင်းအဆင့်ကို သိလာခဲ့သည်။
ကြည့်ရတာ ပြီးခဲ့သည့် အစမ်းရှင်သန်မှုတွင် သူ့ကို နောက်ဆုံးသတ်ဖြတ်ခဲ့သည့် ကြေးတိုက်ပွဲပုဆိန်မှာ လက်နက်သခင် ဖြစ်ပေလိမ့်မည်။
ဝိညာဉ်အဆီအနှစ်လုံးဟာ အမှန်တကယ်ကို ရတနာကောင်းဖြစ်၏။ ဟန်လင်းအနေနှင့် မည်ကဲ့သို့များ ရရှိနိုင်ခဲ့သနည်း။ ဟန်ကျောက်၏ ခေါင်းငုံ့နေပုံကို တွေ့ရပြီးနောက် ကျီကျုလင်ဟာ တစ်ဖက်လူကို ကြီးစွာ စိတ်ဓါတ်ကျစေပြီဟု တွေးမိကာ ဆက်လက်ပြောသည်။
“စီရင်စုမြို့မှာ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းအဆင့်ကို ရောက်တဲ့ သိုင်းသမားတစ်ယောက်ကို ပညာရှင်တစ်ယောက်လို့ ယူဆကြတယ်။ အချို့ အလယ်အလတ်နဲ့ အငယ်တန်း မိသားစုတွေဆို သူတို့ကို ဂုဏ်သရေရှိဧည့်အဖြစ် ဆက်ဆံကြတယ်”
“ဖင်းစုဆောင်းခြင်းအဆင့် သိုင်းသူတော်စင်ကတော့ စီရင်စုတစ်ခုရဲ့ ထိပ်ဖျားမှာ ရပ်တည်နိုင်တယ်။ သူတို့အားလုံးက နာမည်ကျော်ကြားသူတွေချည်း။ အငယ်တန်းနဲ့ အလယ်အလတ် မိသားစုတွေက လက်နက်သခင်အများစုက အဲ့အဆင့်မှာပဲ”
ဟန်ကျောက်ဟာ မှင်သက်သွား။
“လက်နက်သခင်တွေကလည်း အားနည်းတာနဲ့ သန်မာတာ ခွဲထားတယ်ပေါ့။ ခြားနားချက်ကလည်း ကြီးလှချည်လား”
“ဒါပေါ့။ ဝေနိုင်ငံမှာဆို မျိုးနွယ်ကြီးငါးခုနဲ့ မိသားစုကြီးဆယ်ခုက လက်နက်သခင်တွေပဲ ဒီဗိုင်းစွမ်းအားအဆင့်နဲ့ နှိုင်းယှဉ်နိုင်ကြတယ်။ တစ်ဝက်တစ်ပြတ် ဒီဗိုင်းလက်နက်ပဲရှိတဲ့ အလယ်အလတ်နဲ့ အငယ်တန်း မိသားစုက ငါတို့ကို ဒီဗိုင်းလက်နက် မိသားစုကြီးဆယ်ခုနဲ့ ဘယ်လို နှိုင်းယှဉ်နိုင်မှာလဲ”
ကျီကျုလင်၏ လေသံ၌ မောက်မာမှုတို့ဖြင့် ပြည့်နှက်နေ၏။
“အဲ့လိုဆိုရင်.. ဒီဗိုင်းစွမ်းအားအဆင့်က ပိုပြီး စွမ်းအားကြီးမှာပေါ့”
ဟန်ကျောက်က မေးပြန်၏။
“သူ့ကိုယ်ပိုင် အားသာချက်နဲ့သူ ရှိတယ်”
ကျီကျုလင်၏ အကြည့်ဟာ အနည်းငယ် သဘာဝမကျစွာ ရှိနေ၏။
“အခုက သိုင်းပညာခေတ်ရဲ့ အထွတ်အထိပ်ကာလ မဟုတ်တော့ဘူး။ ကြီးမြတ်သော ချင်အင်ပါယာ ပျက်စီးသွားတာ နှစ်ပေါင်းတစ်ထောင်ရှိပြီးနောက်မှာ အင်ပါယာက ဝေ၊ ချီနဲ့ ချူမိသားစုတွေအဖြစ် ကွဲပြားသွားခဲ့ပြီး ကောင်းကင်သူတော်စင်ဂိုဏ်းလည်း ပျက်စီးသွားခဲ့တယ်”
“အခုဆိုရင် သိုင်းပညာရှင်တွေက မြင့်မြတ်မိသားစုတွေရဲ့ နောက်လိုက်တွေပဲ ဖြစ်တော့တယ်”
“သူ့အားသာချက်နဲ့သူလား…”
ဟန်ကျောက်၏ နှလုံးသားဟာ လှုပ်ရှားလာ၏။ ကျီကျုလင်က သိုင်းပညာကို နှိမ့်ချစွာ ပြောလေလေ သိုင်းပညာ၏ မည်မျှ စွမ်းအားကြီးမားပုံကို ပြသလေလေ ဖြစ်သည်။
ကြည့်ရတာ မဟာချင်အင်ပါယာနှင့် ကောင်းကင်သူတော်စင်ဂိုဏ်းတို့ဟာ တော်တော်လေး စွမ်းအားကြီးမားသည့် ပုံပါ။
“ကောင်းပြီ။ စကားတွေလည်း အများကြီး ပြောပြီးပြီ။ ငါနင့်ကို ပြောချင်တဲ့ အဓိကအကြောင်းက အခုအချိန်မှာ ပိုင်ဝေမှာ လက်နက်သခင်ဖြစ်လာဖို့ အခွင့်အရေးတစ်ခု ရှိတယ်။ ဒါက မြင့်မြတ်မိသားစုတွေက မျိုးဆက်တွေအားလုံး တောင့်တကြတဲ့ အရာပဲ”
ကျီကျုလင်က စကားကိုပြောင်းကာ ပြီးခဲ့သည့် လမ်းကြောင်းပေါ်သို့ ပြန်တင်လိုက်သည်။
“ဒီလိုကိစ္စကြီးကို ကျွန်တော်တစ်ယောက်တည်း မလုပ်နိုင်မှာ ကြောက်ရတယ်”
“နင့်ကိုယ်နင် အရမ်းတွေ အထင်ကြီးနေတာပဲ”
ကျီကျုလင်က ခံစားချက်မဲ့စွာ ပြောသည်။
“နင့်ကို ဘာလုပ်ခိုင်းလို့လဲ။ နင်သာ ဟန်ချန်းနဲ့ သွေးသားမတော်စပ်င် ငါတို့နင့်ကို လာတောင်ရှာမနေဘူး”
“လက်နက်သခင်ရဲ့ မျိုးဆက်တွေက ဒီဗိုင်းလက်နက်ရဲ့ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ဆက်ခံနိုင်ကြတယ်။ အားအနည်းဆုံးက ခွန်အးသန့်စင်ခြင်းအဆင့် သိုင်းသမားနဲ့ ညီမျှတယ်။ အဲ့ဒီအပြင် သာမန်သိုင်းသမားတွေနဲ့ယှဉ်ရင် မြင့်မြတ်မိသားစုကြီးတွေက မျိုးဆက်တွေမှာ မသေနိုင်တဲ့ ခန္ဓာကိုယ် ရှိကြတယ်”
“နင့်မှာ ဘာလျှို့ဝှက်ချက်ရှိလဲ ဆိုတာကို ငါမသိဘူး။ ဒါတွေက ငါတို့အတွက် အရေးလည်း မကြီးဘူး။ လူရယ်စရာပဲ ဖြစ်လိမ့်မယ်”
….
ကျီကျုလင်၏ စကားဟာ အလွန် ရိုင်းပြ၏။ သူမ၏အမြင်တွင် ဟန်ကျောက်ဟာ အနည်းငယ် အသုံးဝင်ပြီး သူ့ကို ကြိုးကြိုးစားစား လုပ်ကိုင်ရန် လိုအပ်မှုကြောင့်သာ မဟုတ်ပါက စကားအများကြီး ပြောနေမှာမဟုတ်ပေ။
ဟန်ကျောက်၏ အသက်တွင် မြင့်မြတ်မိသားစုကြီးများမှ မျိုးဆက်များစွာတို့ဟာ သူတို့၏ သွေးမျိုးဆက်စွမ်းအားကို နိုးထစေပြီး ဖြစ်သည။ ခွန်အားဟာ သူခန့်မှန်းလို့ ရနိုင်သည့် အရာမဟုတ်ပေ။
“နင်တို့တွေ ဒီလောက်တောင် မိုက်နေကြတာ.. ဝိညာဉ်အဆီအနှစ်လုံးကို ငါထုတ်ပြမှ ဝိုင်းမဆွဲကြနဲ့”
ယခုအချိန်၌ ကျီကျုလင်ဟာ အစမ်းရှင်သန်မှုအတွင်းတွင် ကျီပိုင်ဝေ၏ ဓါးပြများ၏ အဖမ်းခံရမှုကို တမင်ကြည့်နေတာ ဖြစ်သည်ဟု သူအတည်ပြုနိုင်ပါပြီ။
နောက်ပိုင်းတွင် သူမဟာ သူ့ကို ကျီပိုင်ဝေနှင့် ပိုက်ဆံတို့အကြားတွင် မည်သည်ကို ရွေးချယ်မည်နည်းဟု မေးသည့်အချိန်တွင်လည်း ကျီပိုင်ဝေကို ကယ်တင်ပြီးတာ ဖြစ်ပေလိမ့်မည်။
အနီးအနားတွင် ပုန်းကာ ချောင်းနားထောင်ခိုင်းထားတာ ဖြစ်နိုင်၏။ သူဟာ ဖြစ်စဉ်တစ်ခုလုံးတွင် အပြစ်မဲ့စွာ ဆွဲသွင်းခံခဲ့ရသည်။ သို့ပေမယ့် သန်မာသည့်လူနှင့် အားနည်းသည့်လူအကြားတွင် သူ၏အတွေးများကို မြင့်မြတ်မိသားစုကြီးများက ဂရုစိုက်မည် မဟုတ်ပေ။