(ကျီပိုင်ဝေနှင့် သွားလာခြင်း)
Vol. 5 Ch. 71
ယခုအချိန်််၌ အရာအားလုံးက ရှင်းလင်းပါပြီ။ ကျီပိုင်ဝေကို ထိုကဲ့သို့ ကြီးမားသည့် ထိုးနှက်ချက်အား ခံရစေခြင်းက သူမ၏ စိတ်ပိုင်းဆိုင်ရာကို ကြီးစွာ ပြောင်းလဲသွားစေမှာပါ။
ကျီမိသားစု၏ ဒီဗိုင်းလက်နက်ဟာ စိတ်ပိုင်းဆိုင်ရာ ပုံမှန်အဟုတ်သည့် လူများကို သဘောကျသည့် ပုံပါ။ ထိုဒီဗိုင်းလက်နက်ဟာ အလွန် ထူးဆန်းလှ၏။
“နင့်မှာသာ စွမ်းရည်ရှိရင်.. ကျီပိုင်ဝေကို လက်ထပ်ပြီး ကျီမိသားစုထဲကို ဝင်ချင်ရင်လဲ ငါတို့ လက်ခံနိုင်တယ်” ကျီကျုလင်က ထပ်ပေါင်းပြော၏။
‘တော်ပါ’
ဟန်ကျောက်ဟာ မျက်ဆံလှည့်ချင်စိတ်ကို ထိန်းချုပ်ပြီး လက်သီးနှစ်ဖက်ကို ဆုပ်၏။
“စီနီယာ.. ကျွန်တော့ကို အကြိုအဖိုးအခအချို့လောက် ပေးလို့ရမလားဗျ။ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့.. ကျွန်တော့အထင်တော့ အပြင်ကိုထွက်ပြီး လေ့ကျင့်တယ်ဆိုတာ ပိုက်ဆံသုံးဖို့ လိုအပ်ပါတယ်။ အခု ကျွန်တော့မှာ ပိုက်ဆံအများကြီး မရှိဘူး။ တောထဲမှာ လျှောက်အိပ်လို့တော့ မဖြစ်ဘူးမလား.. အဲ့ဒါကြောင့်.”
“အိုကေ”
ကျီကျုလင်က ဖြေကြားကာ ခါးနောက်သို့ နှိုက်လိုက်သည်။ သူမ၏ လက်ထဲတွင် ဘဏ်စာရွက်ဆယ်ခု(ငွေ၁၀၀၀လျန်)တို့ ပေါ်လာ၏။ ဟန်ကျောက်ကို ပေးသည်။
ဒီတာဝန်ပြီးပါက မိသားစုသို့ ပြန်ပြီးရင် ခွန်အားမြင့်တက်ရန် အခွင့်အရေးတစ်ခု ရလာလောက်ပါသည်။ ငွေ၁၀၀၀၀လျန်လောက်ကို သူမဂရုမစိုက်ပါ။ ပိုမိုများပြားစွာ မပေးခြင်းမှာတော့ ဟန်ကျောက်နှင့် မတန်ဟု ခံစားရသောကြောင့် ဖြစ်သည်။
ကျင့်စဉ်မှာတော့ တတ်မြောက်နိုင်ပါက အမှန်တကယ်ကို အနှိုင်းမဲ့ပါရမီရှင်တစ်ယောက် ဖြစ်လာနိုင်၏။
‘ဟမ်း’
သို့ပေမယ့် ဤသည်က ဖြစ်နိုင်မှလား။
“ကျေးဇူးတင်ပါတယ် စီနီယာ”
ဟန်ကျောက်က ဘဏ်စာရွက်များကို ပျော်ရွှင်စွာ ယူသည်။
“ဒါပြီးရင် ကျန်တဲ့ ဘဏ်စာရွက်တွေနဲ့ ကျင့်စဉ်ကို နင့်ကိုပေးမယ်။ ကောင်းကင်သူတော်စင်ဂိုဏ်းရဲ့ ကျင့်စဉ်တစ်ခုက ဘယ်လောက်အဖိုးတန်မှာကို နင်သိလောက်တယ်မား”
ကျီကျုလင်က ထူးမခြားနားစွာ ပြောသည်။
“ဟုတ်ကဲ့ပါ”
ဟန်ကျောက်က စိတ်အားထက်သန်နေဟန် ဆောင်ကာ ပြောသည်။
….
ပိုက်ဆံဟာ ချိန်ကိုက်တွင် ရောက်လာခဲ့၏။ စနစ်ထဲတွင် ကျန်ငွေ ရွှေ၆လျန်သာ ရှိပါတော့သည်။ ခရီးမထွက်ခွာခင်တွင် သူဟာ ရှိသမျှ ပိုက်ဆံအားလုံးနည်းပါးကို စနစ်အတွင်းသို့ ထည့်ခဲ့၏။
ယခုအချိန်၌ အမှန်တကယ်ကို ပိုက်ဆံသိပ်မရှိပါ။ ထို့အပြင် ကျီပိုင်ဝေကို ကျောက်နက်မြို့သို့ ခေါ်သွားနိုင်ခြင်း မရှိပေ။ ထို့ကြောင့် အနီးအနားရှိ ကျောက်စိမ်းလေမြို့သို့သာ သွားရမှာဖြစ်၏။
ပထမဆုံးအနေနှင့် ပိုက်ဆံအချို့ကို လိုချင်ပါသည်။ ကျောက်စိမ်းလေမြို့သို့ ရောက်ရှိပြီးပါက ရွှေအချို့ကို ထည့်ကာ နေရာမှာတင် အစမ်းရှင်သန်ပြီး အနာဂတ်တွင် မည်သည့်ပြောင်းလဲမှုတို့ ဖြစ်လာမည်ကို ကြည့်ရပေမည်။
ကျီကျုလင်က ပြောခဲ့၏။ ကျီပိုင်ဝေသာ မသေဆုံးပါက အဆင်ပြေသည်။ ထိုသို့ဆိုပါက သူဟာ ကျောက်စိမ်းလေမြို့တွင် ပြီးပြည့်စုံသည့် အတွင်းအားကျင့်စဉ် အဆိပ်တစ်ရာလက်ဝါးကို ရောင်းချနိုင်ပါသည်။ ပစ်မှတ်ထားခံရလျှင်တောင် ခွန်အားသန့်စင်ခြင်းအင့် အောက်တွင် မည်သူ့ကိုမှ ကြောက်စရာမလိုပါ။ သူမဖြေရှင်းနိုင်သည့် အင်အားကြီးသူ တစ်ယောက်ယောက်နှင့် တွေ့ရလျှင်လည်း ကျီပိုင်ဝေ၏ အနားတွင် ကပ်လိုက်ပါက လုံခြုံမှာပါ။
ဤသည်မှာ ကျောက်နက်မြို့တွင် အဆိပ်တစ်ရာလက်ဝါးကို ရောင်းချခြင်းထက် များစွာ ပိုမိုလုံခြုံ၏။
ယခုအချိန်၌ အဆိပ်တစ်ရာလက်ဝါးသိုင်း၏ ပြီးပြည့်စုံသည့် ကျင့်ကြံခြင်းနည်းလမ်းကို သူ၏စိတ်ထဲတွင် တံဆိပ်ရိုက် မှတ်သားထားပြီးပါပြီ။ ရောင်းချလျှင်တောင် ပြဿနာမရှိပါ။
ထို့အပြင် သူဟာ ပိုမိုအဆင့်မြင့်သည့် ယင်ဖင်းလက်ဝါးသိုင်းကိ လေ့ကျင့်နေ၏။ အတွင်းအားကို ဖမ်းဆုပ်ပြီးပါက မည်သည့်ပြဿနာမ မရှိပဲ အဆိပ်တစ်ရာလက်ဝါး၏ အခြေခံပုံကြမ်းကို ပုံတူဆွဲနိုင်ပါသည်။
ထိုအချိန်၌ ကျောက်နက်မြို့တွင် ထပ်မံရောင်းချနိုင်၏။ ဘာပဲဖြစ်ဖြစ် လူအနည်းငယ်လောက် ပိုမိုကျင့်ကြံခြင်းက သူ့အပေါ် သက်ရောက်မည်မဟုတ်ပါ။ စုန့်ချွေအဖြစ် မရပ်တည်နိုင်ပါက သင်ရှုံ့လာပေလိမ့်မည်။
ကြည့်ရတာ သူဟာ ကျီကျုလင်အတွက် အလုပ်လုပ်ရသည့်ပုံ ပေါ်ပေလိမ့်မည်။ သို့ပေမယ့် များစွာ အကျိုးအမြတ်ရ၏။ ကောင်းကင်သူတော်စင်ဂိုဏ်း၏ ကျင့်စဉ်မှာတော့… သူခန့်မှန်းမိပါသည်။ ၎င်းတွင် ကြီးမားသည့် ကန့်သတ်ချက်များ(သို့) ကောင်းကင်ကို ဆန့်ကျင်သည့် ကျင့်ကြံရန် ခက်ခဲမှုများ ရှိလောက်ပါသည်။
အရင်ဆုံး အစမ်းရှင်သန်ကြည့်ပြီး ပြဿနာမရှိမှ လေ့ကျင့်နိုင်၏။ ဘာပဲဖြစ်ဖြစ် သူ့တွင် စွမ်းရည်မှတ် ရှိပါသည်။ ၎င်းကို ကျင့်ကြံနိုင်ခြင်း မရှိလည်း ပြဿနာမရှိပါ။
‘နောက်တစ်ခါ ဒီကြီးကျယ်တဲ့ဟာမကို ပြန်တွေ့ရင် သေချာပေါက် ပညာပြရမယ်’
“ငါသွားတော့မယ်”
“စီနီယာ.. ကျေးဇူးပြုပြီး ကြွပါ..”
ဟန်ကျောက်ဟာ ကျီကျုလင်နှင့် သဘောတူညီချက်အတိုင်း ခရီးကို ဆက်လက်သွားချင်ယောင် ဆောင်သည်။ လမ်းတစ်ဝက်တွင် မြင့်မားသည့် မြင်းတစ်ကောင်ကို စီးကာ ကျီပိုင်ဝေက အပြေးရောက်လာ၏။ “မစ္စတာဟန်… ခဏစောင့်ပါဦး”
ထိုပုံကို တွေ့ရပြီးနောက် ဟန်ကျောက်က ရပ်ကာ ကျီပိုင်ဝေကို အံ့ဩဟန်ဖြင့် ကြည့်သည်။
“မစ်ကျီ… ကျွန်တော်တို့နှစ်ယောက် အကြားက နားလည်မှုလွဲတာကို ဖြေရှင်းပြီးပြီမလား.. ဘာလို့ ကျွန်တော့နောက်ကို လိုက်တာလဲ မသိဘူး”
“ကျီပိုင်ဝေ- သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ယင်စွမ်းအင်ဟာ အားနည်း၏။ ပထမအဆင့် သွေးချီချိုးဖျက်မှုအဆင့်နှင့် တူညီသည်။ သူမ၏ သွေးမျိုးဆက်စွမ်းအားဟာ မနိုးထသေးပေ။ ပါရမီက မသေးငယ်ပါ။ အရေးအကြီးဆုံးမှာ အလွန် ချမ်းသာပုံပေါ်၏”
စနစ်၏ အချက်ပေးမှုတစ်ခု ပေါ်လာ၏။
“မဟုတ်ဘူး.. အဲ့ကိစ္စမဟုတ်ပါဘူး.. ကျွန်မရှင့်ကို ကောင်းကောင်းလေး တောင်းပန်ချင်လို့ လာတာပါ”
ကျီပိုင်ဝေက စိုးရိမ်စွာ ပြောသည်။
“ပြီးတော့..”
“ကောင်းပါပြီ။ ခင်ဗျားရဲ့ တောင်းပန်မှုကို ကျွန်တော်လက်ခံတယ်”
ဟန်ကျောက်က ပြုံးသည်။ ကျီပိုင်ဝေ၏ ပုံစံကို ကြည့်ရတာ လှည့်ဖျားရန် အလွန်လွယ်ကူသည့်ပုံပါ။
ဟန်ကျောက်ဟာ သူမ၏ ခန္ဓာကိုယ်အတွက်တော့ စိတ်ဝင်စားခြင်း မရှိပါ။ သို့ပေမယ့် ပိုက်ဆံအိတ်ကိုတော့ အလွန်စိတ်ဝင်စား၏။
နောင်တွင် သူမဟာ သူ့အတွက် အန္တရာယ်ဖြစ်လာလာ မလာလာ.. အစမ်းရှင်သန်မှုအတွင်းတွင် သူ့ကို နှစ်ကြိမ်တိုင်အောင် ဓါးဖြင့်ထိုးခဲ့၏။ ဟန်ကျောက်အနေနှင့် စိတ်ထဲမထားပဲ နေမည်မဟုတ်ပေ။ ယောကျားတစ်ယောက် အနေနှင့် သဘောထားကြီးသင့်တာကို သိပါသည်။
ထို့ကြောင့် ဟန်ကျောက်ဟာ သူမကို အကြိမ်လေးဆယ်လောက် ဓါးဖြင့်ပြန်ထိုးပါက အနည်းငယ် လွန်သွားပြီဟု ခံစားရ၏။ သို့ပေမယ့် ဆယ့်လေးချက်လောက်တော့ ထိုးချင်ပါသေးသည်။
သို့ရာတွင် သူမသာ ပိုက်ဆံပေးလိုပါက ထပ်မံလျှော့ချပေးရန် မဖြစ်နိုင်သည့် မဟုတ်ပါ။ သို့ပေမယ့် သူဟာ သူမကို ဒီအတိုင်းတော့ လွတ်ပေးလိုခြင်း မရှိပါ။
ပြောရလျှင် လူတစ်ယောက်ဟာ ကောင်းမှုလုပ်ပါက သေချာပေါက် ပြန်လည်အကျိုးကျေးဇူး ရမည်ဖြစ်၏။ ထို့ကြောင့် မကောင်းမှုလုပ်လျှင်လည်း လက်စားချေခံသင့်ပေသည်။
“ကျွန်မ ရှင်နဲ့အတူ သိုင်းလောကကို တအောင့်လောက် လျှောက်ကြည့်ချင်လို့.. ရမလားမသိဘူး”
ကျီပိုင်ဝေက တွန့်ဆုတ်စွာ မေးသည်။
“ဒါက..”
ဟန်ကျောက်က တုံ့ဆိုင်းချင်ယောင် ဆောင်၏။ ကြောင်တောင်စွာ ပြောသည်။
“နင့်ရဲ့ အကြီးအကဲတွေက သဘောတူပါ့မလား”
“ဒေါ်လေးကျီက မိတ်ဆွေဟောင်းတစ်ယောက်ဆီသို့ သွားလည်မလို့တဲ့ ပြောတယ်။ ဒါ့ကြောင့် ကျွန်မ တစ်ယောက်တည်း.. သူမပြောတာက ရှင်က လူကောင်းတဲ့။ ခဏလောက် ရှင့်နောက်ကို လိုက်ကြည့်လှည့်တဲ့”
ကျီပိုင်ဝေက ရှင်းပြသည်။
သူမဟာ ကျီကျုလင်၏ စကားကို လုံးဝ ယုံကြည်သည့်ပုံပါ။ သူစိမ်းတစ်ယောက်နှင့် လိုက်ပါမှုက သူမကို အန္တရာယ်ဖြစ်စေမည်လားဟုပင် ဘယ်တုန်းကမှ မတွေးမိပေ။
ဟန်ကျောက်က ခဏတာ စဉ်းစားပြီးနောက် ခေါင်းညှိတ်သည်။
“ကောင်းပြီလေ”
ကျီပိုင်ဝေ၏ မျက်လုံးများက လင်းလက်သွားသည်။ “သခင်လေးဟန်.. ရှင်က တကယ့်ကို လူကောင်းပဲ”
ဟန်ကျောက်က လက်ကိုဝှေ့ကာ အသာပြုံးသည်။ “ကျွန်တော်တို့အားလုံးက သိုင်းလောကက ကျင့်ကြံသူတွေပဲ။ ဒါက ဘာမှမဟုတ်ပါဘူး”
သူ့တွင်သာ လုံလောက်သည့် ပိုက်ဆံရပါက ဟန်ကျောက်ဟာ အကောင်းဆုံး သရုပ်ဆောင်ဆုအတွက်ပင် တိုက်ခိုက်လိုသူ ဖြစ်သည်။
“ကောင်းလိုက်တာ”
ကျီပိုင်ဝေက လက်နှစ်ဖက်ကို ဆုပ်ကာ ပြုံးသည်။ သူမဟာ အလွန်ပျော်ရွှင်နေပြီး ခုလုမတတ် ရှိနေ၏။
ဟန်ကျောက်က သူမကို ပြောစရာစကားမဲ့စွာ ကြည့်သည်။ သူမကဲ့သို့ လူတစ်ယောက်ဆီမှ ဘဏ်လျှို့ဝှက်နံပါတ်ကို လိမ်တောင်းရန် တစ်မိနစ်လောက်ပင် မကြာလောက်ပါ။
“သူမရဲ့ ကျောက်စိမ်းဆွဲသီးက မဆိုးဘူး။ မြင်းကလည်း မြင်းကောင်းပဲ”
အဖိုးတန်မြင်းဟာ အမည်နှင့် ထိုက်တန်လောက်အောင် ကောင်း၏။ ဟန်ကျောက်နှင့် ကျီပိုင်ဝေတို့ဟာ ကျောက်စိမ်းလေမြို့ဆီသို့ နေ့တစ်ဝက်အတွင်းတွင် ရောက်ရှိကြသည်။
ရောက်လာပြီးနောက် ကျိုကျိုးက ချက်ချင်းပင် တထုန်ဘဏ်သို့ သွားကာ ဘဏ်စာရွက်များနှင့် ရွှေ၃၄လျန်၊ ငွေ၁၅လျန်တို့ကို လဲသည်။ ရွှေများကို မလဲခဲ့ခြင်းမှာ သယ်ဆောင်ရန် အလွန်သိသာနေမှာ ဖြစ်သောကြောင့် ဖြစ်၏။
အားလုံးတို့ကို စနစ်အတွင်းသို့ ထည့်လိုက်ရန် မဖြစ်ပါ။ ဘာပဲဖြစ်ဖြစ် ကျီကျုလင်က တိတ်တဆိတ် လိုက်ပါနေ၏။ သူမဟာ ပိုက်ဆံအနည်းငယ်လောက်ကို စိတ်ဝင်စားခြင်း မရှိပေမယ့် ဟန်ကျောက်ပေါ်မှ ရွှေများစွာ ရုတ်တရက် ပျောက်ကွယ်သွားပါက စိတ်ဝင်စားလာနိုင်သည်။
ယခု ရွှေနှင့်ငွေ အနည်းငယ်မှာတော့.. ရွှေများ ပျောက်ကွယ်သွားလျှင်တောင် သိသာမည်မဟုတ်ပါ။ ဖြစ်နိုင်တာက သူ့ဘာသာ အတွေးလွန်နေတာ ဖြစ်ပေလိမ့်မည်။ သို့ပေမယ့် ဒီတစ်ကြိမ်တွင် တကယ် အမြတ်ရခဲ့၏။ သူဟာ သေးငယ်သည့် အမှားအယွင်းကြောင့် မည်သည့်ပြဿနာမှ ပေါ်လာခြင်းကို အလိုမရှိပေ။
မြဲမြဲမြံမြံဟူသည့် နှေးကွေးခြင်းကို မဆိုလိုပါ။ အသေးစိတ်ကျခြင်းကို ဆိုလိုခြင်း ဖြစ်၏။
လဲလှယ်ပြီးနောက် ဟန်ကျောက်ဟာ ကျီပိုင်ဝေကို ခေါ်ပြီး လမ်းတစ်လျှောက် လျှောက်ပတ်သည်။ တည်းခိုခန်းတစ်ခုကို ရှာကာ တည်း၏။ သူက စားပွဲထိုးကို အိုးကြီးတစ်ခုနှင့် ရေဆူအောာင်တည်ခိုင်းကာ ရေချိုးမည်ဟု အကြောင်းပြပြီး အခန်းထဲသို့ ပြန်ခဲ့သည်။
ပတ်ဝန်းကျင်တွင် မည်သူမှ မရှိကြောင်းကို တွေ့ရပြီးနောက် အဝတ်များကို ချွတ်ပြီး ရွှေအားလုံးတို့ကို ရေစည်အတွင်းသို့ ပစ်ထည့်သည်။ ရေချိုးရင်းက ငွေရူးသွပ်နေသူသဖွယ် ရွှေများကို ထိသည်။ တံခါးများနှင့် ပြတင်းပေါက်များ၏ ပိတ်နေမှုနှင့် မည်သည့် လူမြင်ပေါက်များ မရှိမှုကို စစ်ဆေးပြီးနောက် သူစဉ်းစားသည်။
“ကျီကျုလင်ရဲ့ ပုံစံအတိုင်းဆို ငါရေချိုးတာကိုတော့ ချောင်းမကြည့်လောက်ပါဘူး”
ရွှေများ အောက်ခြေသို့ နစ်သွားပြီးနောက် သူက နှလုံးသားထဲတွင် ရေရွတ်၏။
“စနစ်.. ပိုက်ဆံထည့်မယ်”
“လက်ရှိကျန်ငွေ- ရွှေ၄၀လျန်”