(လက်ဗလာသိုင်းသူတော်စင်)
Vol. 5 Ch. 72
“အချက်ပေးအပိုင်းအစ ၃၅ခုတို့ကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်တစ်ကြိမ်ကို ပေါင်းစပ်မည်လား”
“တစ်ကြိမ် ပေါင်းစပ်ရန်အတွက် အချက်ပေးအပိုင်းအစ ၃၀နှင့် ရွှေ၁၀လျန်ကို ကုန်ကျမည်…”
“ပေါင်းစပ်.. အစမ်းရှင်သန်မှု စတင်မယ်”
“အသက်၁၉နှစ်တွင် သင်သည် ကျီပိုင်ဝေနှင့် ကျီကျုလင်တို့နှင့် တွေ့ဆုံခဲ့သည်။ နားလည်မှုလွဲခြင်း ကိစ္စကို ဖြေရှင်းပြီးနောက် သင်သည် ကျီကျုလင်နှင့် သဘောတူညီမှုတစ်ခု ရရှိပြီး ကျီပိုင်ဝေ၏ စိတ်အခြေအနေကို လေ့ကျင့်ရာတွင် ကူညီခဲ့သည်”
“သင်သည် ကျီပိုင်ဝေကို ကျောက်စိမ်းလေမြို့သို့ ခေါ်သွားကာ ရွှေအချို့ကို လဲလှယ်ခဲ့သည်။ ထို့နောက် ဝေမိသားစု၏ ရောင်းဝယ်ရေးလုပ်ငန်းဆီသို့ သွားရောက်ကာ ပြီးပြည့်စုံသည့် လျှို့ဝှက်ကျမ်း အဆိပ်တစ်ရာလက်ဝါးကို လေလံတင်ခဲ့သည်”
“ငါးရက်ကြာပြီးနောက် လေလံပွဲ စတင်ခဲ့သည်။ အဆိပ်တစ်ရာ လက်ဝါးမှာ ငွေ၉၀၀၀လျန်နှင့် တန်ကြေးမြင့်မားစွာ ရောင်းထွက်ခဲ့၏။ ကော်မရှင်ခကို ပေးပြီးနောက် သင်ဟာ ၈၅၅၀လျန်ကို ရရှိခဲ့သည်”
“ကျောက်စိမ်းလေမြို့ဟာ ကျောက်နက်မြို့ထက် ပိုမိုစည်ကားသည်။ ကျီပိုင်ဝေ၏ တောင်းဆိုမှုဖြင့် သင်သည် နောက်ထပ်သုံးရက်ကြာအောင် နေခဲ့သည်”
“သုံးရက်ကြာပြီးနောက် သင်သည် ဆေးဆိုင်တွင် ငွေ၃၀၀၀လျန်ကို အသုံးပြုကာ မြွေနတ်ဆိုးအသား ၅ကီလိုဂရမ်ကို ဝယ်ခဲ့သည်။ ထို့နောက် ကျီပိုင်ဝေနှင့်အတူ ကျောက်စိမ်းလေမြို့မှ ထွက်ခဲ့၏”
“လမ်းတွင် မျက်နှာဖုံးဝတ် လူတစ်စုနှင့် သင်ကြုံခဲ့သည်။ ထိုအထဲတွင် နှစ်ဦးမှာ သွေးချီချိုးဖျက်မှု တတိယအဆင့်ရှိ ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ ကျန်သည့်ဆယ်ယောက်မှာ အရိုးသန့်စင်ခြင်းအဆင့်များ ဖြစ်ကြသည်”
“သင်ဟာ သွေးချီချိုးဖျက်မှု တတိယအဆင့်ရှိ သိုင်းသမားနှစ်ယောက်တို့ကို တစ်ယောက်တည်း တိုက်ခိုက်ပြီး တဖြည်းဖြည်း အရေးနိမ့်လာခဲ့သည်။ ကျီပိုင်ဝေကို အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမားဆယ်ယောက်တို့က ဝိုင်းဝန်းတိုက်ခိုက်ကြ၏”
“အရေးပေါ်အခြေအနေတွင် သင်ဟာ ဓါးထုတ်ခြင်းအတတ်ကို အသုံးပြုပြီး သွေးချီချိုးဖျက်မှု တတိယအဆင့်ရှိ သိုင်းသမားတစ်ယောက်ကို အပြင်းအထန် ဒဏ်ရာရစေကာ သတ်ဖြတ်ခဲ့၏။ သို့ရာတွင် နောက်တစ်ယောက်၏ တိုက်ခိုက်မှုကြောင့် သင်လည်း ဒဏ်ရာရသွားသည်”
“ကျီပိုင်ဝေက ကူညီချင်၏။ သို့ပေမယ့် သူမဟာ တိုက်ခိုက်ခံရမှုကြောင့် လဲကျသွားသည်။ ထိုသေခြင်းရှင်ခြင်း အခြေအနေတွင် ကျီကျုလင်က တိုက်ခိုက်မှုပြုလာပြီး မျက်နှာဖုံးနှင့် လူအားလုံးတို့ကို ချက်ချင်း သတ်ဖြတ်ခဲ့သည်။ ထို့နောက် ထွက်ခွာသွား၏”
“ငါးရက်ကြာပြီးနောက် သင်၏ဒဏ်ရာများဟာ အခြေခံအားဖြင့် ပြန်ကောင်းလာခဲ့သည်။ သင်ဟာ ဓါးပြများ သောင်းကျန်းနေသည့် ရွာတစ်ရွာကို ဖြတ်သွားမိပြီး ကျီပိုင်ဝေက သူရဲကောင်းလုပ်ရန် ပြော၏။ သင်က သဘောတူခဲ့သည်”
“သင်သည် ညအချိန်တွင် ကျားနက်အဖွဲ့ကို စုံစမ်းခဲ့သည်။ ကျားနက်၏ ခေါင်းဆောင်မှာ သွေးချီချိုးဖျက်မှု ဒုတိယအဆင့်၌ ရှိကြောင်းအား သိခဲ့သည်”
“လုံခြုံမှုမရှိစေရန် သင်ဟာ ကျောက်စိမ်းလေမြို့သို့ တစ်ယောက်တည်း ရုပ်ဖျက်ပြန်ကာ ငွေ၂၀၀၀လျန်ကို အသုံးပြုပြီး သွေးချီချိုးဖျက်မှု တတိယအဆင့်ရှိ သိုင်းသမားကို အဆိပ်ခပ်နိုင်သည့် အဆိပ်ကို ဝယ်ယူခဲ့သည်”
“သုံးရက်တာ ထိုးဖောက်ဝင်ရောက်ပြီးနောက် ကျားနက်အဖွဲ့၏ ေခါင်းဆောင်နှင့် အကြီးအကဲတစ်စုကို အောင်မြင်စွာ သတ်ဖြတ်ခဲ့သည်”
“ထို့နောက် လမ်းခွဲချိန်တန်ကြောင်း ပြောရာ ကျီပိုင်ဝေက စိတ်မပါစွာ သဘောတူခဲ့၏”
“လမ်းတွင် ကျီကျုလင်က ပေါ်လာပြီး သင့်ကို ကျန်ငွေ၉၀၀၀လျန်နှင့် ဗာဂျရာအတတ်ဟု ခေါ်သည့် ကျင့်စဉ်တစ်ခုကို ပေးသည်”
“အသက်၂၀တွင် သင်သည် ဗာဂျရာအတတ်ကို ကျင့်ကြံရန် ဆုံးဖြတ်ခဲ့သည်။ ကျင့်ကြံခြင်း ဖြစ်စဉ်ဟာ အလွန်နာကျင်လှကြောင်းကို သင်သိရ၏။ အပိုင်းထောင်ချီကာ လှီးဖြတ်ခံနေရသည်ဟု ခံစားရသည်။ သို့ရာတွင် ပါရမီတိုးမြင့်ရန်အတွက် သင်သည် ဇွဲသတ္တိကြီးစွာ ထားရှိပြီး ကြိုးစားခဲဲ့၏။ နတ်ဆိုးသားရဲ အသားကို စားသုံးခြင်းမှာ ဗာဂျရာအတတ် ကျင့်ကြံမှု၏ နာကျင်မှုကို လျှော့ချနိုင််ကြောင်းအား သင်ရှာတွေ့ခဲ့၏။ ထို့ကြောင့် သင်ဟာ ရှမိသားစု၏ အဆက်အသွယ်ဖြင့် များပြားလှသည့် နတ်ဆိုးသားရဲအသားများကို ဝယ်ယူခဲ့သည်”
“အသက်၂၁နှစ်တွင် သင်သည် သွေးချီချိုးဖျက်မှု ဒုတိယအဆင်သို့ အောင်မြင်စွာ တက်လှမ်းသွားခဲ့သည်။ သင်၏ သွေးချီတိုးတက်မှုဟာ ကြီးစွာ စတင်လျော့နည်းလာ၏။ သို့ပေမယ့် သင့်တွင် များပြားလှသည့် ပိုက်ဆံများ ရှိရာ ကျင့်ကြံမှုအမြန်နှုန်းဟာ သွေးချီချိုးဖျက်မှု ပထမအဆင့်ထက် အများကြီး လျော့ကျသွားခြင်း မရှိပေ”
“အသက်၂၂နှစ်တွင် သင်သည် ဗာဂျာရာအတတ်ကို ပထမအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ကျင့်ကြံနိုင်ခဲ့ပြီး သင်၏ပါရမီက မြင့်တက်လာခဲ့သည်။ ကျင့်ကြံရာတွင် သွေးချီတိုးတက်မှုဟာ သွေးချီချိုးဖျက်မှု ပထမအဆင့်တုန်းကထက်ပင် ကျော်လွန်နေကြောင်းကို တွေ့ရ၏။ သင်ဟာ အလွန်ပျော်သွားသည်”
“နှစ်ကုန်တွင် သင်သည် သွေးချီချိုးဖျက်မှု တတိယအဆင့်သို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်”
“အသက်၂၃နှစ်တွင် သင်သည် သိုင်းပညာကျင့်ကြံရာ၌ ရေရှည်ကို စဉ်းစားပြီး ပါရမီမြှင့်တင်ရန် ဗာဂျရာအတတ်၏ ဒုတိယအဆင့်ကို ကျင့်ကြံကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သင်သည် ကျန်ရှိသည့် ပိုက်ဆံများနှင့် နတ်ဆိုးသားရဲ အသားများကို ဝယ်ကာ စားသောက်သည်။ အဆင့်ချိုးဖျက်မှု အတွင်းတွင် သင်၏မျက်လုံးများထဲ၌ ပုံရိပ်ယောင်တစ်ခု ပေါ်လာ၏။ သင်ဟာ နာကျင်မှုဖြင့် သတိလစ်သွားခဲ့သည်”
“နိုးထလာပြီးနောက် သင်၏ ဗာဂျရာအတတ်ဟာ ဒုတိယအဆင့်သို့ ရောက်ရှိပြီးဖြစ်ကြောင်းကို တွေ့လိုက်ရသည်။ ပုံရိပ်ယောင်နှင့် ပြင်းထန်သည့် နာကျင်မှုကြောင့် သင်၏စိတ်အခြေအနေဟာ လုံးဝ ပုံမှန်မဆန်စွာ ဖြစ်လာခဲ့သည်”
“ရှလင်က သင့်ကို သူမအိမ်သို့ ခေါ်ကာ ကောင်းကောင်းဂရုစိုက်ခဲ့သည်။ နှစ်ဝက်ကြာ ကုစားပြီးနောက် သင်၏အခြေအနေဟာ တစ်ရက်ပြီးတစ်ရက် တိုးတက်လာခဲ့သည်”
“အသက်၂၄နှစ်တွင် သင်သည်် အိပ်စက်နေစဉ်အတွင်း တိုက်ခိုက်ခံရပြီး သေဆုံးခဲ့သည်…”
“အစမ်းရှင်သန်မှု ပြီးဆုံးသည်။ သင်သည် အောက်ပါများထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်”
“၁။ ပါရမီကို ရရှိသည်(ရွေးချယ်နိုင်)”
“၂။ စွမ်းရည်မှတ်ကို ရရှိသည်”
“၃။ ဘဝအတွေ့အကြုံ တစ်စိတ်တစ်ပိုင်းကို ရရှိသည် (မှတ်ဉာဏ်များ… အစရှိသဖြင့် ပါဝင်သည်)”
“လက်ရှိကျန်ငွေ- ရွှေ၃၀လျန်”
“ဒီတစ်ကြိမ်မှာ ကျီပိုင်ဝေက ငါ့ကို မမုန်းခဲ့ဘူး။ အကျိုးအမြတ် အများကြီးတောင် ရခဲ့တယ်”
“ဒါပေမယ့် ဒီဗာဂျရာအတတ်က ပါရမီကို တကယ်ပဲ မြင့်တက်စေနိုင်တယ်။ ဆိုးတာက ကျင့်ကြံမှုဖြစ်စဉ်က လုံးဝ ပုံမှန်မဟုတ်ဘူး”
“အပိုင်းပိုင်းခုတ်ဖြတ်ခံရသလို နာကျင်မှုက တကယ့်ကို နှိပ်စက်ခြင်းငရဲပဲ။ ငါ့ရဲ့ပြီးခဲ့တဲ့ ဘဝတုန်းက ရှေးခေတ် နှိပ်စက်ခြင်း ဆယ်မျိုးထဲမှာ တစ်မျိုးအဖြစ် ပါတယ်”
ဟန်ကျောက်ဟာ အစမ်းရှင်သန်မှုရှိ အချက်အလက်များကို ကြည့်ကာ မနေနိုင်ပဲ ပြောစရာစကား မဲ့သွားသည်။ အစမ်းရှင်သန်မှု အတွင်းတွင် သူဟာ သူ၏ နိမ့်ပါးလွန်းသည့် ပါရမီကြောင့် ချောင်ပိတ်မိခဲ့သည်။
ပါနိမ့်ပါးလွန်းသည့် ပါရမီကြောင့် သူဟာ ပိုက်ဆံနှင့် အရင်းအမြစ်တို့ကိုသာ အသုံးပြုပြီး ခွန်အားအဆင့်ကို အတင်းစုဆောင်းရသည်။ ရည်ရှည််တွင် ကုန်ကျမှုက အလွန်ကြီးမားလှပြီး အမြင့်ဆုံး ရောက်နိုင်သည့် အကန့်အသတ်မှလည်း နိမ့်ပါးလှသည်။
ဗာဂျရာအတတ်ဟာ ကောင်းကင််သူတော်စင်ဂိုဏ်းမှ လက်ဆင့်ကမ်းလာသည့် ကျင့်စဉ်တစ်ခု အမှန်တကယ်ကို ပီသ၏။ ထိုကျင့်စဉ်ဟာ သိုင်းသမားအများစုတို့အတွက် ကျင့်ကြံရန် မဖြစ်နိုင်ပေ။ သို့ပေမယ့် သူ့အတွက်မူ တန်ဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခု ဖြစ်သည်။
တကယ့်ပြင်ပတွင် သူဟာ အမှတ်ထည့်ပေါင်းခြင်းဖြင့် ဗာဂျရာအတတ်ကို ကျင့်ကြံနိုင်၏။ ဤနည်းအားဖြင့် အပိုင်းပိုင်းဖြတ််တောက်သည့် နာကျင်မှုကို ခံစရာ မလိုတေ့ာပေ။
ပြီးခဲ့သည့် အစမ်းရှင်သန်မှုတွင် သူဟာ ပါရမီနိမ့်ပါးမှုကြောင့် ခွန်အားသန့်စင်ခြင်းအဆင့်၏ အကြီးစား ကျွမ်းကျင်မှုအဆင့်တွင် ရပ်တန့်သွားခဲ့သည်။ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်နိုင်ခြင်း မရှိပဲ ရှိနေ၏။ သူ၏ပါရမီကို အဆင့်မြင့်အဆင့်သို့ မမြှင့်တင်နိုင်လျှင်တောင် အလယ်အလတ်အဆင့်သို့ ရောက်နိုင်ခြင်းကပင် သူ့အတွက် ကြီးမားသည့် အထောက်အပံ့ ဖြစ်၏။ ဒီခရီးစဉ်ဟာ အမြတ်ကြီးလှသည်။
“နံပါတ်တစ်ကို ငါရွေးတယ်”
“ရရှိလာသည့်ပါရမီ- လက်ဗလာသိုင်းသူတော်စင်”
“လက်ဗလာသိုင်းသူတော်စင်- အစိမ်းရောင်ပါရမီ- လက်သီး၊ လက်ဝါး၊ ခြေထောက်၊ လက်ချောင်းနှင့် လက်သည်းသိုင်းပညာတို့၏ ကျင့်ကြံခြင်းပါရမီဟာ လေးဆမျှ တိုးလာလိမ့်မည်။ အကြီးစား ကျွမ်းကျင်မှုအဆင့်သို့ ရေက်ရှိပါက အကန့်အသတ်ကို ချိုးဖျက်နိုင်မည့် အခွင့်အရေးရှိကာ ပေါင်းစပ်ခြင်းပညာကို နားလည်သဘောပေါက်နိုင်သည့် အလွန်သေးငယ်သည့် အခွင့်အရေးလည်း ရှိသည်။ အမြင့်ဆုံးအကန့်အသတ်မှာ ခရမ်းရောင်ပါရမီအဆင့် ဖြစ်သည်”
“ဟန်”
ပါရမီ၏ သက်ရောက်မှုကို ကြည့်ကာ ဟန်ကျောက်ဟာ အံ့ဩသွားသည်။ ယင်ဖင်းလက်ဝါးသိုင်းအပြင် သူဟာ တောင်ဖြိုလက်သီးသိုင်းအား လေ့ကျင့်ရန်လည်း ပြင်ဆင်ထားပါသည်။
ထို့အပြင် ဒီတာဝန်အပြီးတွင် အချိန်တိုအတွင်း အရင်းအမြစ်များ လိုအပ်မည် မဟုတ်တော့ပေ။ ထို့ကြောင့် ပိုက်ဆံကို ခြွေတာနေစရာ မလိုပါ။ ခြေထောက်သိုင်းပညာတစ်ခုကို ကျင့်ကြံရန် အချိန်ကျလာပြီ ဖြစ်၏။ မဟုတ်ပါက နောင်တွင် အနိုင်မယူနိုင်သည့် ရန်သူမျိုးကို တွေ့ပါက ထွက်မပြေးနိုင်ပဲ သေဆုံးရပေလိမ့်မည်။ ဒီပါရမီဟာ ချိန်ကိုက် ရောက်လာခဲ့၏။
“ဒီလိုဆိုရင် ငါ့ရဲ့ပါရမီကို ဓါးနဲ့ဆေဘာအမွှာလို့ မခေါ်နိုင်တော့ဘူး။ အဲ့ဒီအစား ဆေဘာ၊ ဓါး၊ လက်သီး၊ လက်ဝါး၊ ခြေထောက် အကြွင်းမဲ့ငါးချက်ဆိုပြီး ခေါ်ရမယ်။ လက်ချောင်းနဲ့ လက်သည်းပါ ထည့်ပေါင်းရင်တော့ အကြွင်းမဲ့ခုနစ်ချက်ပေါ့”
“တောင်ခွဲဆေဘာအတတ်က ကျင့်ကြံနိုင်တဲ့ အတွင်းပိုင်းခွန်အားနဲ့ တောင်ဖြိုလက်သီးသိုင်းက ကျင့်ကြံနိုင်တဲ့ အတွင်းပိုင်းခွန်အားက အရင်းအမြစ်တူတယ်။ ကြည့်ရတာ အဲ့အတွင်းအားနှစ်မျိုးကို ပေါင်းစပ်လို့ရမယ်ထင်တယ်”
“လက်ဗလာသိုင်းသူတော်စင်ရဲ့ သက်ရောက်မှုနဲ့ ပေါင်းစပ်နိုင်ဖို့ ဖြစ်နိုင်ချေများလာပြီ”
ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားည်။ အစမ်းရှင်သန်မှုအတွင်းတွင် သူ့ဆီ၌ စွမ်းရည်မှတ်နှင့် ပါရမီတို့၏ အကူအညီ မရှိပေ။ သူ၏အဆင့်ဟာ လျှင်မြန်စွာ တိုးတက်နိုင်ခြင်း မရှိပဲ ဖြစ်နေ၏။
သို့ပေမယ့် သူဟာ အဆင့်တူအတွင်းတွင် ပြိုင်ဘက်ကင်းကာ အဆင့်ကျော်ကာပင် တိုက်ခိုက်နိုင်သည်။ ရှင်သန်နိုင်မှုကို ကြီးစွာ မြင့်တက်စေ၏။
ပေါင်းစပ်ခြင်းဟာ အချိန်တိုအတွင်း လပ်နိုင်မည့် အရာမဟုတ်ပေ။ ကျောက်နက်မြို့သို့ ပြန်ကာ တဖြည်းဖြည်း အကောင်အထည် ဖော်ရပေမည်။ ၁နှစ်၊ ၂နှစ်နှင့် မလုံလောက်ပါက ၃နှစ်၊ ၅နှစ်၊ ၁၀နှစ်၊ ၂၀နှစ်..
သူဟာ ကျင့်ကြံမှုလမ်းကြောင်းပေါ်သို့ အခြေချခဲ့တာ ကြာပင်မကြာသေးပေ။ ခဏတာအတွင်း မြို့ကြီးများသို့ သွားရောက်ကာ စွန့်စားရန် မလိုအပ်သေးပါ။
ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေတွင် သူ၏ အဆင့်မြင့်အဆင့် ဆေးပင်များ၊ ဆေးလုံးများနှင့် ကျင့်စဉ်များကို လိုအပ်မှုမှာ အလွန်နိမ့်ပါးနေပါသေးသည်။
သူ့တွင် လုံလောက်သည့် ပိုက်ဆံနှင့် ယင်စွမ်းအင်တို့သာ ရှိပါက ကျင့်ကြံရန် နေရာတစ်ကွက် ရှိလျှင်တောင် ပုန်းအောင်းကာ လုံခြုံစွာ အစမ်းရှင်သန်မှု ပြုနိုင်သည်။ အစမ်းရှင်သန်မှုအတွင်းတွင် သေဆုံးခြင်းက သူ၏ တကယ့်ပြင်ပရှိ သန်မာလာမှုကို သက်ရောက်ခြင်း မရှိပါ။