← Chapters

(အဆုံးမဲ့ရတနာစံအိမ်သို့)

Vol. 5 Ch. 73

(အဆုံးမဲ့ရတနာစံအိမ်သို့)

Vol. 5 Ch. 73

ညအချိန်တွင် ဟန်ကျောက်နှင့် ကျီပိုင်ဝေတို့ ကျောက်စိမ်းလေမြို့သို့ ရောက်လာခဲ့သည်။

ထောယွမ်ရွာတွင်..

တောက်ပသည့် လရောင်အောက်တွင် အနက်ရောင် မြူများဟာ ထောယွမ်ရွာကို လွှမ်းခြုံနေပြီး လုံးဝ ပျောက်ကွယ်သွားစေ၏။ ထိုအချိန်၌ တိမ်ထဲမှ ရွှေရောင် မြူလုံးတစ်ခု ကျဆင်းလာပြီး ထောယွမ်ရွာအထက်တွင် ချက်ချင်း ပေါ်လာ၏။

“ဘုန်း”

မြေပြင်ဟာ ရုတ်တရက် လှုပ်ခါသွားပြီး မြူသား တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ငါးမီတာ မြင့်မားသည့် လူသားသဏ္ဍာန် သတ္တဝါတစ်ကောင် ပေါ်လာခဲ့သည်။

သူ့၏ ဦးခေါင်းပေါ်တွင် ဦးချိုနှစ်ခုရှိကာ အမည်မသိ သားရဲသားရေဖြင့် ပြုလုပ်ထားသည့် အတွင်းချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားသည်။

ပေါ်လွင်နေသည့် မျက်နှာနှင့် လက်ချောင်းခြေချောင်းများပေါ်တွင် ကြေးပြားအရွယ်ရှိ ရွှေရောင် ကြေးခွန်များ ထူထဲစွာ ရှိနေ၏။ ထိုကြေးခွံများဟာ သန့်စင်သည့် ရွှေဖြင့် ပြုလုပ်ထားသည့် ပုံပါ။

လရောင်အောက်တွင် အေးစက်သည့် အလင်းတစ်ခု ထူထဲစွာ စီးဆင်းနေ၏။ လူကို ကြောက်ရွံ့စေပြီး မကြည့်ရဲအောင် ဖြစ်စေသည်။

“ဒီက ထူးခြားမှုက ပုံပေါ်လာတာ သိပ်မကြာသေးဘူးကို.. ဘာလို့ ယင်စွမ်းအင်အရင်းအမြစ်က ခမ်းခြောက်လုနီးပါး ဖြစ်နေရတာလဲ။ သာမန်လူတော့ မဖြစ်နိုင်ဘူး.. ဖြစ်နိုင်တာက… လက်နက်သခင်များလား”

ထိုလူက ပဟေဋိဖြစ်စွာ ကြည့်သည်။ ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး သူ၏နောက်ရှိ နေရာလွတ်ကို လှည့်ကြည့်၏။ အသံနိမ့်စွာ ပြောသည်။

“ကောင်းကင်မိစ္ဆာဘုရင်.. ဒီကို ရောက်လာပြီးမှတော့ ဘာလို့ ပုန်းနေသေးတာလဲ။ ထွက်လာခဲ့”

“သက်ခြွေဘုရင်.. မင်းက မဟာပညာရှိရဲ့ရှေ့မှာ ပေါ်ထင်တဲ့ လူတစ်ယောက်ပါ။ ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ”

အနည်းငယ် အက်ကွဲသည့် အသံတစ်ခု ပေါ်လာ၏။ အသက်နှစ်ဆယ်လောက် ရှိသည့် လူငယ်တစ်ယောက်ဟာ အမှောင်ထုမှ လျှောက်ထွက်လာခဲ့သည််။ သူ့တွင် ပုခုံးအထိ ရှည်သည့် နက်မှောင်သည့် ဆံပင်များ ရှိသည်။ အရေအပြားက အနည်းငယ် ဖြူရော်၏။

မျက်နှာက ပိန်ပါးကာ မျက်လုံးများက ရှည်လျားကျဉ်းမြောင်းသည်။ အပြင်ပန်းအတိုင်း ကြည့်ပါက သူဟာ ချူချာသည့် သာမန်လူငယ်တစ်ယောက် ဖြစ်၏။

သို့ပေမယ့် သူ၏မျက်အိမ်များဟာ ထူးဆန်းသည့် ရွှေရောင် ထောင်လိုက်များ ဖြစ်သည်။ အနက်နှင့် အဖြူ ယင်ယန်ငါး နားကပ်ကို ဝတ်ဆင်ထား၏။ ကောင်းကင်မိစ္ဆာဘုရင်ဟု ခေါ်သည့် ထိုလူငယ်ဟာ ၁.၇မီတာလောက်သာ မြင့်မားပါသည်။ သက်ခြွေဘုရင်၏ ရှေ့တွင်် သူဟာ ကလေးတစ်ယောက်သဖွယ် ရှိနေ၏။

သို့ရာတွင် သူ၏ ပုံစံက ကြောက်ရွံ့ခြင်း အလျဉ်းမရှိပါ။ ရယ်ကြဲကြဲပင် ရှိနေသေး၏။

သက်ခြွေဘုရင်က တစ်ဖက်လူ၏ အလေးအနက်မထားမှုကို လစ်လျူရှုကာ ထူးမခြားနားစွာ ပြောသည်။ “နောက်ဆုံး ဝိညာဉ်အဆီအနှစ်လုံးက တိမ်စီရင်စုကို ကျတာဖြစ်မယ်။ ငါအခုလာတာ မဟာပညာရှိရဲ့ အမိန့်နဲ့ အဲ့ဒါကို လာရှာတာပဲ”

ထိုစကားကို ကြားရပြီးနောက် ကောင်းကင်မိစ္ဆာဘုရင်က မှင်သက်သွား၏။

“မင်းရဲ့ လုပ််ပုံကိုင်ပုံနဲ့.. သွေးပူဇော်မှုတစ်ခု လုပ်လိုက်ရုံပဲမလား”

“တိမ်စီရင်စုရဲ့ အစွန်က မြို့ငယ်လေးတစ်ခုမှာ ယစ်ပူဇော်မှု လုပ်ရုံပဲ ရှိသေးတယ်.. စိတ်ဝိညာဉ်စောင့်ရှောက်သူတစ်ယောက် လှုပ်ရှားလာခဲ့တယ်။ ချောင်မိသားစုက နောက်တစ်ကြိမ်ဆိုရင် စစ်ကြေငြာတာပဲလို့ တစ်ခါတည်း ကြေငြာထားတယ်”

သက်ခြွေဘုရင်၏ ပုံစံက အနည်းငယ် ညို့မှိုင်းနေ၏။

“ဘယ်လောက်ရှုပ်လိုက်လဲ.. ငါ့ဘာသာ ပုန်းပုန်းဝှက်ဝှက်‌ နေနေရသေးတယ်။ ဘယ်တော့များမှ ရှာတွေ့မလဲ မသိဘူး”

“အဲ့ဒါတော့ အမှန်ပဲ”

ကောင်းကင်ဖင်းဘုရင်က ခေါင်းညှိတ်သည်။

“ငါတို့တွေ ဝိညာဉ်အဆီအနှစ်လုံးကို ရှာချင်ရင် အနည်းဆုံး စီရင်စုတစ်ခုနဲ့ သက်ရှိ မီလီယံ ဆယ်ချီကို ယစ်ပူဇော်ရမှာ။ ငါတို့ နတ်ဆိုးတွေဖြစ်ပေမယ့် ပျက်စီးခြင်းဒီဗိုင်းမဟာမိတ်အဖွဲ့ရဲ့ လုပ်ပုံအတိုင်း လုပ်ရင် နိုင်ငံအများကြီးရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရမှာ။ မဟာပညာရှိလည်း သဘောတူမှာ မဟုတ်ဘူး”

“မဟုတ်တာ မပြောနဲ့”

သက်ခြွေဘုရင်က နှာခေါင်းရှုံ့သည်။

“ဒါက မင်းရဲ့ပိုင်နက်ပဲ။ မင်းကူညီရမယ်”

“မဟာပညာရှိရဲ့ အမိန့်ဆိုမှတော့ ငါလုပ်ပေးမှာပါ” ကောင်းကင်မိစ္ဆာဘုရင်က အသာပြုံးသည်။ စကားပြောင်းလိုက်၏။

“ချူနိုင်ငံက စိတ်ဝိညာဉ်တစ်ရာဂိုဏ်းက ကျားဖြူမိသားစုနဲ့ အလဲအလှယ်တစ်ခု ဖြစ်ခဲ့တယ်ထင်တယ်။ ချောင်မိသားစုကို ပူးပေါင်းဖိအားပေးနေတယ်။ ငါတို့လည်း သူတို့နဲ့ ပူးပေါင်းလို့ရတယ်”

“ချောင်မိသားစုက သဘောမတူသေးရင်.. ချီနိုင်ငံကိုပွဲ ဆွဲသွင်းမယ်။ ဘာပဲဖြစ်ဖြစ် ကျန်းမိသားစုနဲ့ ချောင်မိသားစုက ရန်သူကြီးတွေပဲ။ အခြေအနေ မကောင်းချိန်မှာ သေချာပေါက် ဝင်ထိုးမှာပဲ”

“ဒီလူသားတွေက တကယ့်ကို အချင်းချင်း ပြဿနာဖြစ်နိုင်ကြတယ်”

သက်ခြွေဘုရင်က နှာခေါင်းရှုံ့သည်။

“ဒါပေမယ့် ဒါက စိတ်ကူးကောင်းပဲ။ တိမ်စီရင်စုမှာသာ စစ်ပွဲစရင် သဘောတူတူ မတူတူ ငါတို့တွေ သွေးယစ်ပူဇော်ခြင်းကို လုပ်နိုင်ပြီ”

“လူသားတွေသာ အချင်းချင်း မတိုက်ခိုက်ကြရင် ဘယ်လိုလုပ်ပြီး ပင်လယ်လေးခုကို ထိတ်လန့်စေပြီး မြေရိုင်းရှစ်ခုကို ခေါင်းငုံ့ကြည့်နိုင်တဲ့ ကြီးမြတ်တဲ့ချင်အင်ပါယာက ပြိုလဲမှာလဲ။ ငါတို့နတ်ဆိုးမျိုးနွယ်တွေ မြင့်တက်ဖို့ ဘယ်မှာအခွင့်အရေး ရမှာလဲ”

ကောင်းကင်မိစ္ဆာဘုရင်၏ မျက်လုံးများက ရှုပ်ထွေးစွာဖြင့် လှောင်သည်။

သူဟာ သိုင်းပညာတို့ အထွတ်အထိပ်သို့ ရောက်ရှိသည့် ထိုခတ်တွင် မွေးဖွားလာရန် အမှန်တကယ်ကို မျှော်လင့်မိသည်။ ဤနည်းအားဖြင့် စွမ်းအားကြီးသူများ၏ ပုခုံးပေါ်တွင် ရပ်ကာ သူ၏ နတ်ဆိုးအတတ်ကို ပြီးပြည့်စုံအောင် လုပ်နိုင်ပါသည်။

ဖြစ်နိုင်တာက သွေးလဲလှယ်မှုမှတစ်ဆင့် နတ်ဆိုးအဖြစ်မှ လူသားတစ်ယောက်အဖြစ် ပြောင်းလဲနိုင်မှာတောင် ဖြစ်နိုင်၏။ ထိုအချိန်၌ သူဟာ အထွတ်အထိပ် သိုင်းပညာများကို ထိတွေ့ပြီး မျိုးနွယ်၏ ကန့်သတ်ခြင်းကို ခံရကာ ဒီအဆင့်တွင် ရပ်တန့်နေမည် မဟုတ်ပေ။

“ဒီကိစ္စကို မင်းကိုလွှဲထားလိုက်မယ်”

သက်ခြွေဘုရင်က နက်ရှိုင်းစွာ ပြောသည်။ ကောင်းကင်မိစ္ဆာဘုရင်က ခဏတာ စဉ်းစားပြီးနောက် ပြောသည်။ “ငါတို့နှစ်ယောက်လုံး ယွမ်ကန်းပြည်မှာ ပေါ်လာရင် စိတ်ဝိညာဉ်စောင့်ရှောက်သူရဲ့ အာရုံကို အလွယ်တကူ စွဲဆောင်သွားလိမ့်မယ်။ ဒီက ကိစ္စတေါကို သက်ရှည်ဂိုဏ်းကို ညွှန်ကြားတာက ပိုကောင်းမယ်။ သူတို့မှာ လူသားတွေကို ရင်ဆိုင်ဖို့ အကောင်းဆုံးနည်းလမ်းတွေ ရှိတယ်”

“အင်း”

သက်ခြွေဘုရင်ဟာ ကောင်းကင်ကို မြင့်တက်ပြီး ရွှေရောင်အလုံးဟာ အဝေး၌ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

ကျောက်စိမ်းလေမြို့တွင်…

ဟန်ကျောက်ဟာ ကျီပိုင်ဝေကို ခေါ်ပြီး မြို့အပြင်ပိုင်းတွင် လျှောက်ကြည့်ပြီးမှ မြို့တွင်းပိုင်းသို့ သွား၏။ မြို့တွင်းပိုင်းရှိ ထိုက်ရယ်ခရိုင်ဟာ ကျောက်စိမ်းလေမြို့ တစ်ခုလုံးတွင် အကြွယ်ဝအစည်ကားဆုံး ဖြစ်သည်။

ခရိုင်၏အလယ်တွင် လူသူများပြားလှသည့် စီးပွားရေးလမ်းတစ်ခု ရှိ၏။ ထိုလမ်း၏ ဗဟိုတွင် အဆုံးမဲ့ရတနာစံအိမ် ရှိပါသည်။ လူတစ်ယောက်ဟာ မြို့တွင်းပိုင်းသို့ ချဉ်းကပ်လသည်နှင့် ခုနစ်ထပ်မြင့်သည့် အဆောက်အအုံတစ်ခုကို တွေ့မြင်နိုင်ပါသည်။

ဤသည်မှာ ဖန်းမိသားစု၏ အပိုင်ဖြစ်၏။ ဖန်းမိသားစုတွင် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားသုံးယောက်နှင့် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားဆယ်ယောက်တို့ ရှိပါသည်။ သူတို့ဟာ ကျောက်စိမ်းလေမြို့တွင် သံသယဝင်စရာ မရှိလောက်အောင် အသန်မာဆုံး ဖြစ်သည်။

ကျောက်နက်မြို့ဟာ မြို့ငယ်လေးတစ်ခု မဟုတ်ပေမယ့် ကျောက်စိမ်းလေမြို့ထက် များစွာ နိမ့်ကျပါသည်။ အနည်းဆုံးတော့ ဟန်ကျောက်ဟာ ကျောက်နက်မြို့၏ မြို့တွင်းပိုင််းတွင် ဆေးလုံးများကို ဝယ်ယူနိုင်သည့် ဆေးဆိုင်မျိုးအား မတွေ့ဖူးပေ။

ဒီအဆုံးမဲ့ရတနာစံအိမ်တွင်တော့ ဆေးပင်များ၊ ဆေးလုံးများ၊ လက်နက်များ၊ ကျင့်စဉ်များနှင့် အခြား သိုင်းသမားများအသုံးပြုကြသည့် ကုန်စည်များကို ဝယ်ယူနိုင်ရုံမက အထက်တန်းကျသည့် အဝတ်အစားများ၊ ဈေးကြီးသည့် ကျောက်မျက်ရတနာများကိုလည်း ဝယ်ယူနိုင်ပါသည်။

ထို့အပြင် အဆုံးမဲ့ရတနာစံအိမ်ဟာ အိမ်တိုင်ရာရောက် ပို့ဆောင်ခြင်း ဝန်ဆောင်မှုလည်း ရှိ၏။ ကုန်တိုက်နှင့် တူပါသည်။ ကောင်းမွန်သည့် ဂုဏ်သတင်းနှင့် အရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုတို့ကြောင့် စံအိမ်အတွင်းရှိ ပစ္စည်းများမှာ ဈေးကြီးပေမယ့် လာရောက်ဝယ်ယူသူ ဖောက်သည်များစွာ ရှိနေပါသည်။

ထိုအချိန်၌ ဟန်ကျောက်နှင့် ကျီပိုင်ဝေတိုဟာ အဆုံးမဲ့ ရတနာစံအိမ်အတွင်းသို့ လျှောက်ဝင်လာကြ၏။ ပထမထပ်၏ ခန်းမတံခါးတွင် ရပ်နေသည့် ငယ်ရွယ်သည့် အလုပ်သမားနှစ်ယောက်တို့ဟာ နုနယ်သည့် မျက်နှာနှင့် ကောင်းမွန်သည့် အဝတ်အစားများကို ဝတ်ဆင်ထားသည့် မိန်းမလှလေးကို တွေ့ရပြီးနောက် ချမ်းသာသည့် မိသားစုမှ သခင်မလေးတစ်ယောက် လာကစားသည်ဟု သိလိုက်ကြသည်။

သို့ပေမယ့် မိန်းကလေး၏ နောက်ရှိ လူငယ်ကို တွေ့ရပြီးနောက် သူတို့၏ နှလုံးသားဟာ အခုန်မြန်သွား၏။ လူငယ်ဟာ အရပ်ရှည်ကာ အေးစက်သည့် အသွင်ရှိသည်။ နောက်ကျောတွင် လက်နက်လေးခုတို့ကို လွယ်ထား၏။ လက်နက်များကို အစုံလိုက် ကြက်ခြေခတ် ထားရှိကာ ကြည့်ရတာ ဆန်းကြယ်လှသည်။

သို့ပေမယ့် မိန်းမငယ်လေး၏ ဦးဆောင်မှုနောက်မှ လိုက်ရာ ရှင်းလင်းစွာပင် အစောင့်တစ်ယောက် ဖြစ်သည်။ အဆုံးမဲ့ရတနာစံအိမ်၏ အလုပ်သမားများအနေနှင့် သူတို့တွင် စူးရှသည့် မျက်လုံးများ ရှိပါသည်။ တစ်ယောက်က အပြုံးတစ်ခုဖြင့် ချက်ချင်းပင် လျှောက်သွားကာ နွေးထွေးစွာ ပြော၏။

“ဖောက်သည်တို့.. ဘာလိုချင်လို့လဲ မသိဘူး”

ကျီပိုင်ဝေက ဖြေကြားတော့မည် အပြုတွင် ဟန်ကျောက်၏ စကားကို သတိရပြီး သူမ၏ မျက်နှာက တင်းမာသွား၏။ အေးစက်ချင်ယောင် ဆောင်လေသည်။ ထိုအချိန်၌ နောက်လိုက်အဖြစ် ရုပ်ဖျက်ထားသည့် ဟန်ကျောက်က ရှေ့သို့တက်ကာ အသံနိမ့်စွာ ပြောသည်။

“ငါတို့တွေ ကျင့်စဉ်တစ်ခု ရောင်းချင်လို့”

“ကျင့်စဉ်တစ်ခု ရောင်းမယ်”

အလုပ်သမားက မှင်သက်သွား၏။ ထို့နောက် အပြုံးတစ်ခုနှင့် ပြောသည်။

“သွေးသန့်စင်ခြင်းအဆင့်အောက်က ကျင့်စဉ်တွေကို ပထမထပ်မှာ ရောင်းလို့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီကပေါက်ဈေးအတိုင်းပဲ ပေးမှာ။ ပိုများများ လိုချင်ရင် ဝေမိသားစုရဲ့ လေလံအိမ်မှာ လေလံတင်လို့ ရပါတယ်”

ဟန်ကျောက်က မှင်သက်သွား၏။ ဤသည်မှာ သူ၏ ပထမဆုံးအကြိမ် စီးပွားရေးကို ငြင်းဆန်မှုအား ကြုံရခြင်း ဖြစ်သည်။ အလုပ်သမား၏ ပုံမှန်အတိုင်းသာ ရှိသည့် အသွင်အပြင်ကို ကြည့်ရတာ သူ့ဘာသာ လျှောက်ပြောတာ မဟုတ်လောက်ပေ။ ဒီအဆုံးမဲ့ရတနာစံအိမ်ဟာ အနည်းငယ် ဇီဇာကြောင်သည့် ပုံပါ။

“မလိုတော့ဘူး.. ငွေတစ်ထောင်လောက်လေးပဲ ကွာမှာကို.. ပြဿနာအများကြီး ရှုပ်စရာ မလိုဘူး။ မင်းတို့ရဲ့ ကြီးကြပ်သူကို ခေါ်လိုက်”

ဟန်ကျောက်က လက်ကိုယမ်းသည်။ လေလံတင်ပါက အဆိပ်တစ်ရာ လက်ဝါးသိုင်းကို ပိုမိုတန်ကြေးမြင့်စွာ ရောင်းချနိုင်မည်အား သူသိပါသည်။

သို့ရာတွင် ဝေ့မိသားစု၌ လေလံတင်ပြီးနောက် သူဟာ မြို့မှထွက်သည်နှင့် တိုက်ခိုက်ခံရ၏။ ထို့ကြောင့် ရှောင်ကျဉ်တာ ပိုကောင်းပါသည်။

အဆုံးမဲ့ရတနာစံအိမ်၏ ဂုဏ်သတင်းမှာ အလွန်ကောင်းမွန်ရာ သတ်ဖြတ်လုယက်မှုဟာ လေလံစံအိမ်ထက် များစွာ နည်းပါးမှာပါ။

ထို့အပြင် သူဟာ ကျီပိုင်ဝေ၏ နောက်လိုက်ဟန်ဆောင်ကာ သူမကို ပိုမိုလူရှိအောင် ပြသထား၏။ ကျီပိုင်ဝေဟာ အမှန်တကယ်ကို သရုပ်ဆောင်မကောင်းပေ။ သို့ပေမယ့် သူမဟာ အတွေ့အကြုံမရှိသည့် မိန်းမငယ်လေးတစ်ယောက် အမှန်ဖြစ်၏။ ထို့ကြောင့် သူ့ဘာသာ ကွက်တိကျပါသည်။

All Chapters