(သိုင်းကျမ်းရောင်းခြင်း)
Vol. 5 Ch. 74
“ငွေတစ်ထောင်ပဲ ခြားတာလား..”
အလုပ်သမား၏ နှာဖူးကြောများက တွန့်ကွေးသွားသည်။
မောက်မာသည့် ဧည့်သည်များစွာတို့ကို သူတွေ့ဖူးပါသည်။ သို့ပေမယ့် ဒီလောက်အထိ ငွေကြေးအပေါ် ပမာမခန့်ရှိသည့်လူအား မတွေ့ဖူးသေးပေ။ သို့ရာတွင် လေးစားစွာ ပြော၏။
“ဧည့်သည်တို့.. ကျေးဇူးပြုပြီး ကျွန်တော့နောက်ကနေ စတုတ္ထအထပ်ကို လိုက်ခဲ့ပြိး ခဏလောက် စောင့်ပေးပါ”
စတုတ္ထထပ်သို့ ရောက်ရှိပြီးနောက် သူတို့နှစ်ယောက်ကို တင့်တယ်စွာ ခင်းကျင်းထားသည့် သီးသန့်အခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။
“ဧည့်သည်တို့.. ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါ။ ကြီးကြပ်သူကို ကျွန်တော်အခုပဲ သွားခေါ်လိုက်ပါမယ်” လူငယ်က လေးစားစွာ ပြောပြီးနောက် သီးသန့်ခန်းအတွင်းမှ လျှောက်ထွက်သွား၏။ ခဏအကြာ၌ လှပသည့် အစေခံတစ်ယောက်က မွှေးကြိုင်သည့် လက္ဖက်ရည်ကို လာချပေးကာ ဦးညွှတ်ပြီး ပြန်ထွက်သွားသည်။
“ခဏ”
ကျီပိုင်ဝေဟာ တစ်မနက်လုံး ဈေးဝယ်ထွက်ခဲ့ပြီး အနည်းငယ် ရေဆာနေပါပြီ။ သူမက လက်ဖက်ရည်ကို ယူကာ သောက်တော့မည်အပြုတွင် ဟန်ကျောက်က တား၏။
“ဘာဖြစ်လို့လဲ ဟန်.. သင်လေး
ကျီပိုင်ဝေက ဟန်ကျောက်ကို ကြောင်တောင်စွာ ကြည့်သည်။ ဟန်ကျောက်က လေးနက်စွာ မေး၏။ “သိုင်းလောကမှာ အရေးအကြီးဆုံးက ဘာလဲဆိုတာကို သိရဲ့လား”
“သစ္စာရှိဖို့လား”
“မဟုတ်ဘူး”
“အောင်မြင်ဖို့လား”
“မဟုတ်ဘူး”
ဟန်ကျောက် အကူအညီမဲ့စွာ ပြောသည်။
“သတိကြီးဖို့ပဲ… သတိကိုလုံးဝ မပြတ်နဲ့.. အပြင်မှာဆို ဘယ်အစားအစာကိုမှ အလောတလျှင် မစားနဲ့။ ရေကိုလည်း အလောတလျှင် မသောက်နဲ့။ မဆိုင်တာကို လျှောက်မကြည့်နဲ့။ ဘယ်သူ့ကိုမှ အလွယ်တကူ မယုံနဲ့။ အခြားလူတွေအပေါ် ရန်မလိုရဘူး။ ဒါပေမယ့် သတိလည်း မပြတ်ရဘူး”
“ဟုတ်ပါပြီ။ ကျွန်မ နားလည်ပါတယ်”
ကျီပိုင်ဝေက လက်ကိုပြန်ရုတ်သည်။
“သောက်လေ”
“အိုး.. ဟုတ်”
ကျီပိုင်ဝေက လက်ဖက်ရည်ခွက်ကို ယူကာ အသာမြည်းသည်။
“ဘာလို့လဲလို့ မမေးတော့ဘူးလား”
ဟန်ကျောက်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွား၏။
“ဘာလို့လဲ”
ကျီပိုင်ဝေက နားမလည်စွာ ကြည့်သည်။
“ငါသောက်ခိုင်းတာနဲ့ သောက်တာလား”
“ရှင်က လူကောင်းလေ”
“ချီး…”
ဟန်ကျောက်ဟာ မနေနိုင်ပဲ မျက်ဆံလှည့်၏။ သက်ပြင်းချမိသည်။
‘ဒီဟာမလေးကတော့’
လူတစ်ယောက်ဟာ ဘယ်လိုလုပ်ပြီး ယခုလောက်အထိ အနိုင်ရသနည်း။
“ဒီနေရာက လက္ဖက်ရည်မှာ ဘာပြဿနာမှ မရှိနိုင်လောက် နီးပါးပဲ။ ဒါပေမယ့် အန္တရာယ်ကို သတိမပြတ်ရဘူး
“ဟုတ်”
ကျီပိုင်ဝေက ခေါင်းညှိတ်သည်။ သူမနားလည်ကြောင်း ပြ၏။
“ဒီလိုဆိုရင်ရော.. နင်တောထဲတောင်ထဲက ရွာငယ်တစ်ခုကို ဖြတ်ရတဲ့အခါ အဲ့ဒီမှာအိပ်ရရင် တစ်ဖက်လူက နင့်ကို အစားအသောက်တွေပေးတဲ့အခါ စားရမလား။ မစားရဘူးနော်.. နားလည်လား”
“ဟုတ်”
“ပြီးတော့.. နင်ငါ့ကို လူကောင်းလို့ ပြောခဲ့တယ်။ နင်အန္တရာယ်ကြုံတဲ့အခါ ငါနင့်ကို မကယ်ပဲနေရုံမကပဲ ရပ်ကြည့်နေတာ(သို့) လှည့်ထွက်သွားတာမျိုးဆို… နင်ဘာလုပ်မလဲ။ ငါ့ကို မကောင်းတဲ့လူဆိုပြီး မုန်းမှာလား”
“ကျွန်မ…”
ကျီပိုင်ဝေ၏ မျက်လုံးများက ပြူးကျယ်သွားသည်။ သူမ၏ ဦးနှောက်ဟာ လျှင်မြန်စွာ အလုပ်လုပ်နေ၏။
“ကြည့်ပါလား”
ဟန်ကျောက်က ဆက်လက်ပြောသည်။
“အဲ့လိုဆို အမှန်တကယ်က ကျွန်တော်လည်း ခြိမ်းခြောက်ခံထားရတာ ဖြစ်နေရင်ရော။ နင့်ကိုကယ်ရင် နင်သေပြီး ငါလည်း သေရမှာ ဖြစ်နေရင်ရော။ နင်က အန္တရာယ်ထဲကို ကျရောက်နေပုံ ပေါ်ပေမယ့် တကယ်တန်းကျ ဘာအန္တရာယ်မှ မရှိတာ ဖြစ်နေရင်ရော။ နင်ကတော့ ငါနင့်ကို အန္တရာယ်ထဲမှာ ထားခဲ့ပြီး ထွက်သွားတယ်ထင်မှာပဲ။ ဒါပေမယ့် အရာအားလုံးကို အပြင်ပန်းကနေပဲ ကြည့်လို့မရဘူးလေ။ မဟုတ်ရင် လူကောင်းကို လူဆိုး၊ လူဆိုးကို လူကောင်းဆိုပြီး အလွယ်တကူ မှားမိလိမ့်မယ်”
“ကျွန်မ နားလည်ပါပြီ”
“ဥပမာအားဖြင့် နင့်ရဲ့ ဝမ်းကွဲအစ်မကြောင့် ငါ့ကို ဟန်ချန်းလို့ နားလည်မှုလွဲခဲ့သလိုပေါ့။ ငါသာ ခွန်အားနိမ့်သူဆိုရင် အဲ့တုန်းတည်းက တစ်ခါတည်း ဓါးထိုးခံရပြီး သေနေပြီလေ။ အဲ့လိုဆိုရင် လောကကြီးမှာ လူကောင်းတစ်ယောက် နည်းသွားမှာပေါ့။ ဟုတ်တယ်မလား”
ဟန်ကျောက်၏ ပုံစံက အလွန် လေးနက်၏။
“ကျွန်မ.. ကျွန်မ တောင်းပန်ပါတယ်”
ကျီပိုင်ဝေက ရှက်ရွံ့စွာ ခေါင်းငုံ့သွားသည်။
“ရပါတယ်။ ကျွန်တော်က ဘယ်တော့မှ ရန်ငြှိုးမထားတတ်ပါဘူး”
ဟန်ကျောက်က ကျီပိုင်ဝေ၏ ခေါင်းကို ညင်သာစွာ ပုတ်သည်။ တကယ်တော့ သူ့အနေနှင့် ရန်ငြှိုးထားလေ့ မရှိခြင်းမှာ အခြေခံအားဖြင့် နေရာမှာတင် လက်စားပြန်ချေတတ်သောကြောင့် ဖြစ်သည်။ နေရာမှာတင် လက်စားချေနိုင်ခြင်း မရှိလျှင်တော့ မှတ်သားထားကာ အနားဂတ်တွင် လက်စားချေမှာပါ။
“ရှင်က လူကောင်းတစ်ယောက်ပါ”
ကျီပိုင်ဝေက လေးပင်စွာ ခေါင်းညှိတ်သည်။
“ကောင်းပြီ။ နင်သိလည်းပြီးတာပဲ”
“အခု နင့်ရဲ့စိတ်အခြေအနေကို ထိန်းညှိလိုက်။ ပြီးရင် သရုပ်ဆောင်ဖို့ နင့်ကို အားကိုးရဦးမှာ”
“ဟုတ်”
ကျီပိုင်ဝေက နှစ်ခွက်မြောက်လက်ဖက်ရည်ကို သောက်ပြီးနောက် ချောမွေ့သည့် မျက်နှာနှင့် တင့်တယ်သည့် လူလတ်ပိုင်း လူကြီးတစ်ယောက် အခန်းထဲသို့ လျှောက်လာခဲ့သည်။
ဟန်ကျောက်ဟာ တစ်ဖက်လူ၏ ခြေသံကို ကြိုတင်ကြားခဲ့ပြီး ဖြစ်၏။ ဒီအချိန်၌ ကျီပိုင်ဝေ၏ နောက်တွင် ရပ်နေပါသည်။ သူ၏ခန္ဓာကိုယ်ဟာ လှံတံကဲ့သို့ ထောင်မတ်နေ၏။
“ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစားကျွမ်းကျင်မှုအဆင့်ရှိ သိုင်းသခင်တစ်ယောက် ဖြစ်သည်။ အသွင်အပြင်နှင့် လှုပ်ရှားမှုဟန်ပန်ကို ကြည့်ရတာ ခြေထောက်သိုင်းနှင့် လက်သီးသိုင်းတွင် ထူးချွန်သည့်ပုံပါ”
စနစ်မျက်နှာပြင်ပေါ်၌ အချက်ပေးစာသားတစ်ခု ပေါ်လာ၏။ ပိုက်ဆံတို့ ပိုမိုများပြားစွာ ထည့်ပြီးကတည်းက အချက်ပေးမှုမျာဟာ ပိုမိုအသုံးဝင်လာကြောင်းကို ဟန်ကျောက် နားလည်လာခဲ့သည်။
“စောင့်နေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ဖန်းလင်ပါ။ ဖန်းမိသားစုက အကြီးအကဲတစ်ယောက်ပါ။ ဒီအဆုံးမဲ့ရတနာစံအိမ်ရဲ့ ကြီးကြပ်သူလည်း ဖြစ်တယ်။ မိတ်ဆွေတို့နှစ်ယောက်ကို ဘယ်လိုခေါ်ရမလဲ မသိဘူး”
ဖန်းလင်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ ပြောသည်။ ကျီပိုင်ဝေက ခံစားချက်မဲ့စွာ ခေါင်းညှိတ်၏။ ဟန်ကျောက်က ရှေ့သို့ ခြေတစ်လှမ်းတက်ကာ လက်သီးများကို ဆုပ်သည်။
“စီမံသူဖန်းကို တွေ့ဆုံပါတယ်။ ကျွန်တော်က သင်ရှုံးပါ။ ဒါကတော့ ကျီမိသားစုရဲ့ ၁၃ယောက်မြောက် သခင်မလေးပါ”
ကျီပိုင်ဝေ၏ အလွန်မောက်မာပုံကို တွေ့ရပေမယ့် ဖန်းလင်ဟာ မပျော်မရွှင် လုံးဝမဖြစ်ပေ။ လက်ရှိအချိန်၌ သူဟာ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်အဖြစ် ကိုယ်စားပြု ပေါ်လာခြင်းမဟုတ်ပေ။ ကြီးကြပ်သူတစ်ယောက်အဖြစ် ပေါ်လာခြင်း ဖြစ်၏။
တစ်ဖက်ရှိ နှစ်ယောက်မှာ ဂျူနီယာများ မဟုတ်ပေ။ ဖောက်သည်များ ဖြစ်သည်။
သို့ရာတွင်… အနီးအနားတွင် ကျီမျိုးရိုးနာမည်နှင့် မိသားစုကြီး မရှိသည့်ပုံပါ။
“သခင်လေးသင်က ဘယ်လိုကျင့်စဉ်မျိုးကို ရောင်းချင်တာလဲ မသိဘူး”
ဖန်းလင်က မေးသည်။
“ဒါက အဆိပ်တစ်ရာလက်ဝါးပါ။ ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှုအဆင့်အထိ ကျင့်ကြံနိုင်တယ်” ဟန်ကျောက်က လျှို့ဝှက်ကျမ်းကို အိတ်ကပ်အတွင်းမှ ထုတ်သည်။
“ခွန်အားသန့်စင်ခြင်းရဲ့ အကြီးစားကျွမ်းကျင်မှုအဆင့်အထိလား”
ဖန်းလင်၏ ပုံစံက လေးနက်သွားပြီး သိုင်းကျမ်းကို ယူကာ စစ်ဆေးကြည့်သည်။ အချက်အလက်များကို အကြမ်းဖျင်း ဖတ်ကြည့်ပြီးနောက် သွေးချီလှည့်ပတ်မှု ပုံကို ကြည့်သည်။ ထို့နောက် အတွင်းအား ဖမ်းဆုပ်ခြင်း အခြေခံပုံကြမ်းကို အသေးစိတ်ကြည့်၏။
အချိန်အတော်ကြာပြီးမှ တိတ်တဆိတ် ခေါင်းညှိတ်ကာ ပြောသည်။
“ဒီလျှို့ဝှက်ကျမ်းက တကယ့်အစစ်ပဲ။ ဒါပေမယ့် ကန့်သတ်ချက်တွေ များတယ်”
“ဒါရိုက်တာဖန်း… ကျွန်တော့ကို သင့်တော်တဲ့ဈေးပဲ ပေးကြည့်ပါ”
ဟန်ကျောက်က တည်ငြိမ်စွာ ပြောသည်။
“ကျွန်တော်တို့ဘက်က ငွေ၅၀၀၀လျန်ကို ပေးနိုင်ပါတယ်”
ဖန်းလင်က စဉ်းစားပြီးနောက် ပြောသည်။
“ဒီသိုင်းကျမ်းကို လေလံတင်ရင်တော့ အပို ငွေ၁၀၀၀၊ ၂၀၀၀လျန်လောက် ရလာနိုင်တယ်။ အဆိပ်အတတ်ကို ကျင့်ကြံတဲ့ အချို့သိုင်းသမားတွေဆို ပိုတောင်ပေးကြဦးမယ်”
“ဒါပေမယ့်.. ကျွန်တော်တို့ရဲ့ အဆုံးမဲ့ရတနာစံအိမ်က ဂုဏ်သတင်းအရာမှာ အကောင်းဆုံးပဲ။ ရောင်းဝယ်သူတွေရဲ့ အချက်အလက်တွေကို လုံးဝ လျှို့ဝှက်ထားပေးပြီး ခင်ဗျားတို့နှစ််ယောက်ကို ဘာစိုးရိမ်စရာမှ ဖြစ်စေမှာမဟုတ်ဘူး”
“၅၀၀၀လျန်က နည်းနည်းနည်းနေတယ်”
ဟန်ကျောက်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ဤသည်မှာ လေလံတင်တုန်းကထက် ငွေ၃၀၀၀လျန်ကျော် နည်းပါးနေပါသည်။
သို့ပေမယ့် လုံခြုံ၏။ သူလက်ခံလို့ ရပါသည်။ ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်၌ ငွေကြေးပမာဏဟာ အစမ်းရှင်သန်ရန် ယင်စွမ်းအင် ထောက်ပံ့နိုင်မှုထက် ကျော်လွန်နေပြီး ဖြစ်သည်။ ယင်စွမ်းအင်များ ကုန်ဆုံသွားလျှင်တောင် ပိုက်ဆံများ ကျန်ဦးမည်ဖြစ်၏။
သူ၏ခွန်အား တိုးတက်လာသည်နှင့်အမျှလည်း ငွေကြေးဟာ ရှာဖွေရ လွယ်လာမှာပါ။ ဖန်းလင်က အလျှင်မလိုပါ။ စီးပွားရေးလုပ်ရာတွင် တည်ငြိမ်ဖို့ လိုအပ်၏။ သူက ဈေးကိုနိမ့်ပေးကာ တစ်ဖက်လူက တိုးတောင်းမည်ဖြစ်သည်။
“၆၀၀၀လျန်ဆိုရင်ရော”
ဟန်ကျောက်က မေးသည်။
“၆၀၀၀လျန်လား.. ဒါမှမဟုတ်..”
“ငွေ၁၀၀၀လျန်လေးကို.. ဘာတွေလျှောက်ရှည်နေတာလဲ… အချိန်ကုန်တယ်”
ကျီပိုင်ဝေက ရုတ်တရက် ပြော၏။ အနည်းငယ် စိတ်မရှည်သည့် ပုံပါ။
“သခင်မလေး၁၃.. ဒီတစ်ထောင်ကို သခင်မလေးက ဂရုမစိုက်ဘူး။ အလောင်းကစားစားပွဲပေါ်ကို ပစ်တင်လိုက်ရင် အသံတစ်ချက်ပဲ ပျောက်သွားတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ ကျွန်တော်ယူလာပေးသမျှ ပိုက်ဆံအားလုံး ရှုံးသွားပြီ။ နည်းနည်းလောက်ပိုတောင်းရမယ်မလား”
“ဟန့်”
ကျီပိုင်ဝေက နှာခေါင်းရှုံ့သည်။
“ပြီးတော့.. အရှင်မကျီလာတုန်းက သခင်မလေးကို အလောင်းကစားလုပ်ဖို့ ကျွန်တော်လာခေါ်တာလို့ မပြောခဲ့ဘူး။ မဟုတ်ရင် ကျွန်တော့ကို အရှင်လတ်လတ် အရည်ခွံခွာလိမ့်မယ်”
“ငါသိပါတယ်။ တကယ်ပဲ”
ထိုပုံကို တွေ့ရပြီးနောက် ဖန်းလင်က မနေနိုင်ပဲ မေးသည်။
“မစ်ကျီက ဘယ်သူလဲ မသိဘူးဗျ..”
“လျန်နိုင်ငံ.. ကျီမိသားစု.. ကျန်တာတွေတောာ့ ပြောဖို့မသင့်ဘူး”
ဟန်ကျောက်က ထူးမခြားနားစွာ ပြောသည်။
“ကြီးကြပ်သူဖန်း.. သခင်မလေးက စောင့်ရတာ စိတ််မရှည်တော့ဘူး.. ကျွန်တော့ကို ငါးထောင်ပဲမြန်မြန်ပေးတော့”
“ကောင်းပါပြီ။ ကျေးဇူးပြုပြီး ခဏပဲစောင့်ပါ”
ဖန်းလင်က ခေါင်းညှိတ်ကာ သီးသန့်ခန်းမှ ထွက်သွားသည်။ အပေါ်ထပ်တွင် ပိုက်ဆံသွားယူရင်း ရေရွတ်၏။ “လျန်နိုင်ငံ… ကျီမိသားစု”
“ကျီမိသားစု..”
ဖန်းလင်ဟာ ရုတ်တရက် အသံပျောက်သွား၏။ သူ၏မျက်နှာက အံ့ဩသွားသည်။
“ဖြစ်နိုင်တာက… အုပ်စိုးသူမိသားစုတစ်ခုရဲ့ မျိုးဆက်များလား”
သာမန်လူများ အနေနှင့် မိသားစုတစ်ခုတွင် စွမ်းအားကြီး သိုင်သမားများ ရှိပါက အုပ်စိုးသူ မိသားစုဟု ထင်ကြပေလိမ့်မည်။ သို့ပေမယ့် သူတို့ကဲ့သို့ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားများမှာတော့ အုပ်စိုးသူမိသားစုများနှင့် ထိတွေ့မိနိုင်၏။
သူဟာ တစ်ချိန်က ယွမ်ချန်းကော်တီမြို့တွင် အချိန်တစ်ခုအထိ နေခဲ့ဖူးပြီး အုပ်စိုးသူ မိသားစုများ၏ မျိုးဆက်များကို မြင်ဖူးခဲ့သည်။ ဤသည်မှာ သေမျိုးများ၏ အကန့်အသတ်ထက် ကျော်လွန်နေသူများ ဖြစ်၏။
သိုင်းသမားတစ်ယောက် အနေနှင့် အဆင့်တူသည့် အုပ်စိုးသူမိသားစု မျိုးဆက်တစ်ယောက်ကို အနိုင်ယူရန် အလွန်ခက်ခဲလှပါသည်။ မည်သူမှလည်း အုပ်စိုးသူ မိသားစု၏ မျိုးဆက်အဖြစ် ဟန်မဆောင်ရဲပေ။ အထူးသဖြင့် ကျီမိသားစုကဲ့သို့ ကြီးမြတ်သည့် မိသားစုကြီးကို ဖြစ်၏။