(လွမ်ဖီးနစ်ကျင့်စဉ်)
Vol. 6 Ch. 81
ဟန်ကျောက်ဟာ ကျောက်နက်မြို့ဆီသို့ ပြန်လာပြီးနောက် လျှို့ဝှက်ကျမ်းကို အိမ်ကျမ်းပြင်အောက်ရှိ အကန့်ထဲတွင် ဝှက်သည်။
ယခုအချိန်၌ လုံခြုံရေးက အာမခံချက်တစ်ခု ရနေပြီဖြစ်ရာ အဖိုးတန်းပစ္စည်းများကို အိမ်တွင် စိတ်ချလက်ချ ထားခဲ့နိုင်ပါပြီ။ ဘာပဲဖြစ်ဖြစ် အိမ်တွင် ယုနျန်လည်း ရှိ၏။
ထိုအချိန်၌ အတည်တကျ နေအိမ်ရှိသည့် သိုင်းသမားများ၏ အလောင်းများမှ ရရှိမှုများ နည်းပါးမှုကို သူနားလည်လာခဲ့သည်။ နေရာအတည်တကျ မရှိသည့် သိုင်းသမားများ.. အထူးသဖြင့် ရာဇဝတ်ကောင်များသာ ပစ္စည်းအားလုံးတို့ကို ကိုယ်ပေါ်တွင် ထားကြသည်။
ဟန်ကျောက်ဟာ လျှို့ဝှက်ကျမ်းကို သိမ်းဆည်းပြီးနောက် ယုနျန်ကို အိမ်ကို ဂရုစိုက်ခိုင်းကာ ရဲကျင်းဒေသသို့ ထွက်ခဲဲ့သည်။
သူဟာ ကျောက်စိမ်းလေမြို့သို့ ခရီးတစ်ထောက် သွားရောက်ပြီး အဆုံးမဲ့ ရတနာစံအိမ်၌ ဖန်းလင်၏ အကူအညီဖြင့် လုံလောက်သည့် ရွှေနက်နှင့် အခြားပစ္စည်းများကို ဝယ်ယူမှာဖြစ်သည်။
ထိုသို့ဆိုပါက မည်သည့်ပြဿနာမှ ရှိမည် မဟုတ်တော့ပါ။ မဟုတ်ပါက ကျောက်နက်မြို့တွင် ငွေထောင်ဂဏန်း အနည်းငယ်ကို သူအသုံးပြုသည့် သတင်းသာ ထွက်လာပါက မည်သည့်နည်းလမ်းကို အသုံးပြုစေကာမူ အလွယ်တကူ ပြဿနာဖြစ်စေနိုင်သည်။
ကျောက်စိမ်းလေမြို့သို့ သွားရောက်ကာ လူချမ်းသာမိသားစု၏ အသွင်အတိုင်း ရုပ်ဖျက်ပြီး ဝယ်ယူခြင်းက ပြဿနာနည်းပေလိမ့်မည်။
ဟန်ကျောက်ဟာ မထွက်ခွာခင် လုယီဆီသို့ အရင်ဆုံး အကြောင်းသွားကြားသည်။ သိုင်းကျောင်းသို့ သူရောက်ရှိစဉ်၌ အပြင်ဘက်ခြံဝန်း အတွင်းတွင် တပည့်တစ်စုတို့ စုစည်းနေကြောင်းကို နားလည်လိုက်သည်။ အလယ်တွင် ကျန်းထန်ဝမ်၏ မျက်နှာက နီရဲနေပြီး ကြယ်များပေါက်ကွဲ လင်းလက်နေသကဲ့သို့ ရှိနေ၏။
“ဘာဖြစ်တာလဲ”
ဟန်ကျောက်က အတွင်းဘက်ခြံဝန်းအတွင်းသို့ လျှောက်သွားပြီးနောက် ရှလင်ကို အခြေအနေအား မေးသည်။
“သူ့အစ်ကိုကျန်းဝူလေ.. သွေးသန့်စင်ခြင်းအဆင့်ကို ချိုးဖျက်တာ ကျရှုံးပြန်ပြီ။ ဒဏ်ရာအပြင်းအထန်ရပြီး သတိပါလစ်သွားတယ်။ အဆင့်တက်ဖို့ အခွင့်အရေး လုံးဝ မရှိတော့ဘူး။ ပြီးတော့.. မုန့်မိသားစုက မုန့်ကျစ်က ဘာဖြစ်လဲမသိဘူး ကျန်းထန်ဝမ်ရဲ့ ဖိတ်ခေါ်မှုနဲ့ မုန့်မိသားစုကို သွားခဲ့တယ်။ နောက်တော့.. ကျန်းမိသားစုရဲ့ မိသားစုခေါင်းဆောင်က ကျန်းထန်ဝမ်းကို သွေးသန့်စင်ခြင်းအဆင့်ကို ချိုးဖျက်နိုင်ဖို့ လုံးဝ ထောက်ပံ့ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ သူက ကျန်းမိသားစုရဲ့ အနာဂတ် မိသားစုခေါင်းဆောင် ဖြစ်လာဖို့များတယ်”
ရှလင်က ရှင်းပြသည်။
“အဲ့လိုလား”
ဟန်ကျောက်က ခေါင်းညှိတ်၏။ မုန့်မိသားစုဟာ ကျောက်နက်မြို့ရှိ အသန်မာဆုံး မိသားစုငါးခုမှ တစ်ခုဖြစ်သည်။ မိသားစုခေါင်းဆောင်ဟာ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားဖြစ်၏။
မုန့်မိသားစု၏ ပါရမီရှင်တစ်ယောက်ဖြစ်သည့် မုန့်ကျစ်ဟာ အသက်၂၀ပြည့်ရန် သုံးလ လိုပါသေးသည်။ မကြာသေးခင်က သူဟာ သွေးသန့်စင်ခြင်းအဆင့်ကို အောင်မြင်စွာ ချိုးဖျက်ခဲ့ပြီး ယှဉ်ပြိုင်ပွဲ၌ သိုင်းကျောင်းများစွာကို အနိုင်ယူခဲ့သည်။ ယခုအချိန်၌ သူဟာ ကျောက်နက်မြို့တစ်ခုလုံး၌ နာမည်ကြီးနေသည်ဟု ဆိုနိုင်၏။
စုမိသားစုနှင့် ကျန်းမိသားစုတို့ နှစ်ခုဟာ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမား နှစ်ယောက်စီကို ဆုံးရှုံးခဲ့ရပြီး ဒီအချိန်အတွင်းတွင် ငွေကြေးများစွာကို အသုံးပြုကာ နောက်ထပ် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားများကိုခေါ်ယူပြီး အင်အားကို ပြန်လည်ဖြင့်တင်းနေရသည်။
သို့ရာတွင် အသက် လေးငါးဆယ်အရွယ်ရှိ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားများဟာ အတွင်းအားကို ဖမ်းဆုပ်ရန် အခွင့်အရေးရှိသည့် မုန့်ကျစ်လို ပါရမီရှင်နှင့် တူညီခြင်း လုံးဝမရှိပေ။
"ကျန်းထန်ဝမ်ဟာ အရိုးသန့်စင်ခြင်းအဆင့် ပြီးပြည့်စုံခြင်းတွင် ရှိသည်။ သူ၏ သွေးချီဟာ အဆင့်ချိုးဖျက်တော့မည့်သယောင် ရှိသည်။ သူ့တွင် အခြားလူ၏ သွေးချီရှိနေ၏။ သွေးချီဟာ ပုံမှန်မဟုတ်ပေ”
ဟန်ကျောက်၏ အာရုံက ကျန်းထန်ဝမ်၏ ပေါ်သို့ ကျရောက်သွားသည်နှင့် စနစ်၏ အချက်ပေးမှုက ပေါ်လာခဲ့သည်။ သူ့ကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေ၏။
“အခြားလူရဲ့ သွေးချီလား.. ဒါကြီးက..”
“ဂျူနီယာညီဟန်”
ဟန်ကျောက်၏ အကြည့်ကို သတိထားမိပြီးနောက် လူတိုင်း၏ ဝန်းရံခြင်းကို ခံထားရသည့် ကျန်းထန်ဝမ်က ရုတ်တရက် အတွင်းဘက်ခြံဝန်းသို့ လျှောက်လာခဲ့သည်။
“ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ မင်းထင်မထားခဲ့ဘူးမလား”
ဟန်ကျောက်က သတိလည်လာပြီးနောက် လက်သီးနှစ်ဖက်ကို ဆုပ်သည်။
“စီနီယာအစ်ကိုကျန်း.. ဘာကိုဆိုလိုတာလဲ မသိဘူးဗျ”
“ဘာမှမဟုတ်ပါဘူး။ ဒါက ဂျူနီယာဟန် ဘယ်လောက်အထိ အရည်ထူတတ်မလဲလို့ သိချင်ရုံပါ”
ကျန်းထန်ဝမ်က ဂုဏ်ယူစွာ ပြောသည်။
“ဒီလိုနေ့မျိုးကို မင်းထင်မထားခဲ့ဘူးမလား”
“နင်ဘာပြောချင်တာလဲ”
ရှလင်က မျက်မှောင်ကြုတ်သွားပြီး ခါးရှိ ဆေဘာဓါးတစ်ဝက်လောက်ကို ဆွဲထုတ်သည်။
သူမဟာ ကျန်းထန်ဝမ်အပေါ်ကို အမြင်မကောင်းပေ။ ဂျူနီယာမောင်လေးဟန်နှင့် လုံးဝ ယှဉ်နိုင်စွမ်းမရှိပဲ ပြဿနာလာရှာနေသေး၏။ မုန့်ကျစ်ပင်လျှင် မောင်လေးဟန်ထက် နိမ့်ကျပါသည်။ ထို့အပြင် ကျန်းထန်ဝမ်၏ မျက်နှာပေါ်ရှိ အောင်မြင်သည့်အကြည့်က သူ့ကို လူပြတ်တစ်ယောက်နှင့် ပိုတူနေစေသည်။
“ငါက နောက်ရုံပါ။ စိတ်ထဲမထားနဲ့”
ကျန်းထန်ဝမ်က ပြုံးကာ ဟန်ကျောက်ကို ကြည့်သည်။ “ဂျူနီယာဟန်က အစအနောက်လေးတောင် မခံနိုင်ဘူးလို့တော့ မပြောနဲ့နော်”
“သူ….”
စနစ်၏ အချက်ပေးချက်ဟာ ဟန်ကျောက်ကို မည်ကဲ့သို့ လျော်ကြေးပြန်တောင်းရန် ဖြောင့်ဖျရမည်နည်းဟု စဉ်းစားနေပုံပါ။
“မဟုတ်ပါဘူး”
ဟန်ကျောက်က တည်ငြိမ်စွာဖြင့်သာ ခေါင်းကိုယမ်းသည်။
“ဟားဟား”
ကျန်းထန်ဝမ်က ကျယ်လောင်စွာ ရယ်၏။ အပြင်ဘက်ခြံဝန်းဆီသို့ ပြန်လျှောက်သွားသည်။ ကွင်းပြင်အတွင်းရှိ သိုင်းသမားများကို အော်၏။
“ညီအစ်ကိုတို့.. ဒီနေ့ငါ စိတ်ပျော်နေတယ်”
“ဒါ့ကြောင့် သောက်ကြရအောင်.. ကုန်ကျစရိတ်ကို ငါပေးမယ်” ကျန်းထန်ဝမ်က လက်ကိုဝှေ့ယမ်းသည်။
“စီနီယာအစ်ကိုကျန်းက အရမ်းကို သဘောထားကြီးတာပဲ”
“သွားသောက်ကြရအောင်ဟေ့”
တပည့်များက တက်ကြွစွာ တုံ့ပြန်ကြသည်။ မထွက်ခွာခင်တွင် ကျန်းထန်ဝမ်ဟာ ဟန်ကျောက်ကို ရန်စသလို ကြည့်ခဲ့သေး၏။
ဤသည်မှာ ဒီနှစ်များအတွင်း သူ၏ အပျော်ဆုံးနေ့ရက်တစ်ခု ဖြစ်သည်။ ထို့အပြင် သူဟာ သွေးသန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်ရန် ကြာမည်မဟုတ်တော့ပေ။
“နင်”
ရှလင်က ဒေါသတကြီးဖြင့် ရှေ့တက်ချင်၏။ ဟန်ကျောက်က သူမကိုဆွဲကာ ခေါင်းကိုယမ်းသည်။
“ထားလိုက်ပါ.. ဒီလိုလူနဲ့ စကားများနေစရာ မလိုပါဘူး”
“ထားလိုက်ပြန်ရမယ်”
ရှလင်က ဟန်ကျောက်ကို ကြောင်တောင်သည့် မျက်လုံးများဖြင့် ကြည့်သည်။
“ဘာဖြစ်လို့လဲ”
ဟန်ကျောက်က မှင်သက်သွား၏။ သူမ၏ အဘယ်ကြောင့် ယခုကဲ့သို့ ပြန်ပြောလာမှုကို နားမလည်ပဲ ရှိနေပါသည်။
“ဘာမှမဟုတ်ပါဘူး”
ရှလင်က ပြုံးသည်။ သူမမှတ်မိတာ မှန်ပါက ဂျူနီယာမောင်လေးဟန် ပထမဆုံး ထားလိုက်ပါဟု ပြောခဲ့စဉ်က ဖန်းဟုန်ယွင်၏ သွားတစ်ဝက်လောက် ကျွတ်ကာ ခြေထောက်လည်း ကျိုးသွားခဲ့သည််။
ဒုတိယအကြိမ် ထားလိုက်ပါဟု ပြောခဲ့စဉ်က ထောယွမ်ရွာတွင် ဖြစ်သည်။ နောက်ဆုံးတွင် သူမ၊ အကြီးအကဲတစ်ယောက်နှင့် ဟန်ကျောက်တို့သာ အသက်ရှင်ရက် ပြန်လာနိုင်ခဲ့၏။ ဒီတစ်ကြိမ်တွင်လည်း ထားလိုက်ပါဟု ပြောခဲ့လေသည်။
‘ဒါဆိုလည်း ထားလိုက်တာပေါ့.. သူ့ဘာသာ ရှင်းတာကိုပဲ စောင့်ကြည့်နေလိုက်မယ်’
“ဒီလိုလူမျိုးနဲ့ ဒေါသထွက်မနေပါနဲ့။ အစ်မအိမ်ကို သွားရအောင်။ ကျွန်တော်အစ်မကို ပစ္စည်းကောင်းတစ်ခု ပြစရာရှိတယ်”
ဟန်ကျောက်က လွမ်ဖီးနစ်ကျင့်စဉ်ကို ထုတ်သည်။ သူဟာ စတင်ခြင်းအဆင့်သို့ လွယ်ကူစွာ ဝင်ရောက်ခဲ့ပြီး ဖြစ်၏။ ယခုအချိန်၌ ရှလင်ကို တစ်ဆင့်ချင်းသင်ပေးကာ သူမ၏ ကျင့်ကြံမှုကို ညွှန်ကြားပေးရန်သာ ကျန်တော့သည်။
ဒီကျင့်စဉ်ဟာ ခက်ခဲခြင်းမရှိပေ။ သွေးချီကို အသေးစိတ်ကျစွာ အသုံးပြုခြင်းအား အဓိကထား၏။ အချိန်ကြာရှည်စွာ စုစည်းမှုဖြင့် လူတစ်ယောက်ဟာ အထွတ်အထိပ်ကို ရောက်ရှိနိုင်ပြီး စုစည်းမှုစွမ်းအားနှင့် တစ်ဆို့မှုကို ချိုးဖျက်နိုင်မည် ဖြစ်သည်။
“ဒါကဘာလဲ”
ရှလင်က လျှို့ဝှက်ကျမ်းကို သလိုစွာ ကြည့်သည်။
“ဂျူနီယာမောင်လေးဟန်.. နင်”
ရှလင်ဟာ ရုတ်တရက် တုံ့ပြန်လာပြီး သူမ၏ မျက်နှာက နီရဲသွား၏။
“လာခဲ့ပါ.. ဒါက တကယ့်ကို ပစ္စည်းကောင်း”
ဟန်ကျောက်က သူမကို ဆွဲကာ ထွက်လာခဲ့သည်။ ရှလင်တစ်ယောက် ရီဝေစွာဖြင့် ဟန်ကျောက်နောက်မှ အိမ်သို့ ရောက်လာခဲ့၏။
နေသာသည့် နေ့တစ်နေ့တွင်… သူမတို့ဟာ ဘယ်လိုလုပ်ပြီး ယခုခဲ့သို့ ဖြစ်ရသနည်း။
ညနေပိုင်းတွင်..
ယုန်ဟီဒေသ၌…
“ငါသူမကို တကယ့်ကို အထင်သေးမိတာပဲ”
ဟန်ကျောက်ဟာ ရှအိမ်ဆီမှ လျှောက်ထွက်လာပြီး ညာဘက်လက်ကို ကြည့်သည်။ ကြည့်ရတာ စိတ်မကျေနပ်သေးသည့် ပုံပါ။
နေ့လည်ပိုင်းတွင် သူဟာ ရှလင်နှင့် သူမ၏အခန်းဆီသို့ ပြန်ကာ ကျင့်စဉ်အသေးစိတ်ကို ရှင်ပြသည်။ ထို့နောက် ကျင့်ကြံရာတွင် မှားယွင်းမှုနှင့် လွဲချော်မှုများ မရှိစေရန် လက်တွေ့ဆန်စွာ တစ်ဆင့်ချင်း သင်ပေး၏။
ထိုဖြစ်စဉ်အတွင်းတွင် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုအချို့တော့ ရှိပါသည်။ သို့ရာတွင် နှစ်ယောက်သား၏ ဆက်ဆံရေးအရ အနှေးနှင့်အမြန် ပိုမိုနက်ရှိုင်းလာမည်ဖြစ်ရာ ဤသည်မှာ ပုံမှန်သာဖြစ်သည်။
“မှင်နက်နတ်ဆိုးမြွေအသား ၃ကတ်တီကျော်လောက် ကျန်သေးတယ်။ ငါ့ရဲ့ အခြေခံနဲ့ စားရမှာ ဖြုန်းတီးသလို နည်းနည်းကျနေမှာ။ အစ်မရှရဲ့ သွေးချီကိုတော့ သိသိသာသာ တိုးလာစေလောက်တယ်”
ဟန်ကျောက်က စဉ်းစားသည်။ ထိုပစ္စည်းဟာ ၁ကတ်တီကို ငွေ၄၀၀လျန်လောက် ရှိပြီး ဈေးကြီးရုံမက ဝယ်ယူရန်လည်း လွယ်ကူခြင်းမရှိပါ။
ရှမိသားစုဟာ ချမ်းသာပေမယ့် ရှလင်ဟာ စီးပွားရေးကို ပိုင်ဆိုင်ခြင်းမရှိသေးပါ။ ဆန်ဆိုင်တစ်ခုနှင့် အမြတ်သိပ်မရသည့် ဆိုင်ငယ်အချို့ကိုသာ ဦးစီးနိုင်သေး၏။ ဒီအဆင့်၌ ချမ်းသာမှုတွင် သူ့ထက် နိမ့်ပါးပါသည်။
အရင်တုန်းက သူခက်ခဲစဉ်တွင် သူမဟာ သူ့ကို ကူညီခဲ့သည်။ လူတိုင်းဟာ သကာပေါ်သို့ ပျားရည်လောင်းချင်ကြ၏။ လိုအပ်နေချိန်တွင် ကူညီရန် သိသူ အနည်းငယ်သာ ရှိပါသည်။ ရေနစ်သူကို ဝါးကူမထိုးလျှင်တောင် ချီးကျူးရမည် ဖြစ်၏။
ဟန်ကျောက်ရော ရှလင်ရောဟာ လူပျိုအပျိုသာ ရှိပါသေးသည်။ သူတို့၏ ပထမဆုံးအကြိမ် ပေါင်းစပ်မှုဟာ ကြီးမားသည့် အကျိုးများ ရှိမှာဖြစ်၏။ ရှလင်သာ သွေးသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနိုင်ပါက ပိုမိုကာပင် အကျိုးရှိမှာ ဖြစ်သည်။
လွမ်ဖီးနစ်ကျင့်စဉ်ကို ကျင့်ကြံပြီးသည့် အချိန်အထိ သွေးသန့်စင်ခြင်းအဆင့်သို့ မရောက်ရှိနိုင်သေးလျှင်လည်း ဟန်ကျောက်ဟာ သူမကို ကူညီပြီး အဆင့်ချိုးဖျက်စေနိုင်ပါသည်။
ထို့နောက် မူလ သက်ရှည်ကျမ်းအား သူမကို သင်ပေးနိုင်၏။ ရှလင်သာ ရှမိသားစုကို လုံးဝ ထိန်းချုပ်ပြီးပါက ပိုမိုများပြားသည့် ပိုက်ဆံများ ရလာမည်ဖြစ်ကာ ဟန်ကျောက်လည်း ၎င်းမှ အကျိုးကျေးဇူးများ ရလာမှာပါ။ ဘာပဲဖြစ်ဖြစ် သူမဟာ အမှန်တကယ်ကို စီးပွားရေးလုပ် တော်၏။
ဟန်ကျောက်မှာတော့ ထိုအပိုင်းတွင် ပါရမီမရှိပါ။ သူ့အနေနှင့် သူမနောက်မှ ကျောက်ထောနောက်ခံအဖြစ်သာ နေပေးနိုင်၏။ လုပ်စရာမရှိပါက သူမနှင့် အတူတူကျင့်ကြံကာ ပြဿနာများ ပေါ်လာပါက ရှေ့ထွက်ကာ ဖြေရှင်းပေးမည် ဖြစ်သည်။