← Chapters

အကန့်အသတ်သို့အထိ တိုက်ခိုက်ခြင်း

Vol. 017 Ch. 1606

အကန့်အသတ်သို့အထိ တိုက်ခိုက်ခြင်း

Vol. 017 Ch. 1606

သောမျိုးနွယ်စုနှင့် ဝရိန်ခုနစ်ပါး ကလန်မှ လူများသည် ယူချင်းနှင့် သောကျောက်က အလွန် တူညီသည်ဟု ခံစားမိကြပေသည်။ သူတို့သည် အချင်းချင်း စွမ်းအားများကို အစွမ်းကုန်ထုတ်သုံးစေရန် တွန်းပို့နိုင်ကြပေသည်။

သူတို့နှစ်ဦးကြားမှ တိုက်ခိုက်မှုသည် တိုက်ပွဲနတ်ဘုရားတစ်ပါးနှင့် နတ်ဆိုးတစ်ပါးကြားမှ တိုက်ပွဲနှင့် ဆင်တူသည်။ သူတို့သည် ပြင်းထန်သည့် တိုက်ပွဲအတွင်း တိုက်ရိုက်ဆန်သည့် နည်းလမ်းများကိုသာ အသုံးပြုပြီး ထိုသည်ကပင် ကြည့်ရှုနေသူများကို တုန်လှုပ်လာစေရန် စွမ်းဆောင်နိုင်ပေသည်။

သူတို့နှစ်ယောက်သည် လူတိုင်းစောင့်ကြည့်နေသည့်အောက်၌ တစ်ဖန် ပြန်တိုက်ခိုက်ကြပြန်သည်။ သူတို့သည် မည်သည့်တိုက်ခိုက်ရေး နည်းစနစ်ကိုမှ မသုံးသော်လည်း ခွန်အား ၊ ဖိအား၊ ဖျက်ဆီးခြင်း၊ တိုက်ခိုက်ခြင်းစွမ်းအားနှင့် နတ်ဆိုးစွမ်းအားတို့ကို အသုံးပြုကြသည်။ မြေအောက်နန်းတော်သည် တုန်ခါသွားပြီး လူတိုင်း၏ နှလုံးသားများသည်လည်း အဆက်မပြတ် တုန်ယင်နေပေသည်။ သူတို့က အလွန် အားကောင်းလှသည်။ အကယ်၍ သူတို့သာ ထိုသို့သော စွမ်းအားမျိုးနှင့် ရင်ဆိုင်ရပါက ခံနိုင်ရည်ရှိကြလိမ့်မည် မဟုတ်သည်က သေချာပေသည်။

သူတို့၏ ပြင်းထန်သည့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုသည် သူတို့အား နောက်သို့ ဆုတ်ခွာစေရန် လုံလောက်ပေသည်။

သတ္တမဝရိန် က သူတို့၏ တိုက်ပွဲကို ကြည့်ပြီးနောက် ရီဖူရှင်းကို ပြန်ကြည့်လိုက်သည်။ သူသည် လှံဖြင့် ညွှန်လိုက်ပြီး သတ်ဖြတ်ခြင်းစွမ်းအားများ ထွက်ပေါ်လာသည်။ သတ်ဖြတ်ခြင်းစွမ်းအားများက အစိုင်အခဲတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်ဟု ထင်မှတ်ရကာ မရေတွက်နိုင်သည့် အလင်းတန်းများက ရီဖူရှင်းထံ တိုးဝင်သွားသည်။ သို့သော် ရီဖူရှင်း၏ အနီး၌ တောက်ပသောအလင်းများ ပေါ်ပေါက်လာပြီး ၎င်းတို့ကို တားဆီးလိုက်သည်။

ဘုန်း...

သတ္တမဝရိန် သည် ရှေ့သို့ ခြေလှမ်းလာကာ ရီဖူရှင်းထံသို့ သူ့လှံနှင့် ထိုးဖောက်လိုက်သည်။ အဆုံးမဲ့ သတ်ဖြတ်ခြင်းစွမ်းအင်လှိုင်းများက သူ့လှံတွင် စုစည်းလာကာ ရီဖူရှင်း၏ ခန္ဓာကိုယ်ဆီသို့ တိုက်ရိုက်တိုးဝင်သွားခဲ့သည်။ သူတို့နှစ်ဦးကြား၌ မည်သည့်အကွာအဝေးမှ ခြားမနေသကဲ့သို့ပင် သူတို့၏ မည်သည့် တိုက်ခိုက်မှုမဆို ပစ်မှတ်ထံ ချက်ချင်းရောက်ရှိပေသည်။

ဘန်း...

နတ်ဆင်ကောင်းကင်ချနင်း နည်းစနစ်ကို အသုံးပြုလိုက်ပြီး ရီဖူရှင်းက ရှေ့သို့ ခြေလှမ်းလိုက်သည်။ နတ်ဆင်များက လေထဲတွင် အော်မြည်နေကာ သတ်ဖြတ်ခြင်းစွမ်းအားများကို ဖျက်ဆီးလိုက်သည်။ လှံသည် နတ်ဆင်၏ ကြီးမားသော ခန္ဓာကိုယ်ကို ဖျက်ဆီးရန်ကြိုးစား၍ ထိုးဖောက်ဖြတ်သန်းလာသည်။ သို့သော် အရှိန်အဟုန်က လျော့နည်းလာပြီး ထိုးစိုက်လိုက်ရာ၌ မည်သည့် ခွန်အားမှ မကျန်တော့သည့်တိုင်အောင် ဖြစ်ပေသည်။

သို့သော်လည်း တခဏအတွင်း ပို၍ အစွမ်းထက်သည့် သတ်ဖြတ်ခြင်းစွမ်းအင်လှိုင်းတို့ ပေါက်ကွဲထွက်လာကာ နတ်ဆင်များ၏ ပုံရိပ်အများအပြားနှင့် ရိုက်ခတ်မိခဲ့သည်။

လှံက တစ်ဖန် ထိုးဖောက်လာပြန်ကာ လေထုကို ဖြတ်ဝင်သွားသည်။ နတ်ဆင်များသည် အားလုံးကို ဖျက်ဆီးပစ်တော့မလို အော်မြည်နေခဲ့သည်။

သို့သော် ရီဖူရှင်းက ရှေ့သို့ ဆက်မတိုးခဲ့ပေ။ နောက်ထပ်ခြေတစ်လှမ်းနှင့် ပိုမိုများပြားသည့် ဆင်များ ပေါ်ပေါက်လာသည်။ ၎င်းတို့သည် လှံများနှင့် တစ်ဖန် ထိပ်တိုက်တွေ့ဆုံမိခဲ့ကြပြန်သည်။

ဟူး...

သူ၏ ပြိုင်ဘက်က ရုတ်တရက် ပျောက်ကွယ်သွားသည်။ ရီဖူရှင်းက မော့ကြည့်လိုက်လျှင် လှံကို ကိုင်ကာ ရပ်နေသည့် သတ္တမဝရိန် ကို မြင်တွေ့လိုက်ရ၏။ သူ့ထံမှ ထွက်ပေါ်လာနေသည့် သတ်ဖြတ်ခြင်းစွမ်းအားများက သူ့ကို အသက်ရှုရပင် ခက်ခဲလာစေသည်။ ထိုစွမ်းအားများက ပို၍ အားကောင်းလာသည်။

သတ်ဖြတ်ခြင်းနတ်ဘုရား၏ ဝရိန်ခုနစ်ပါးနည်းစနစ် အောက်တွင် တစ်စုံတစ်ယောက်၏ သတ်ဖြတ်ခြင်းစွမ်းအားများကို အကန့်အသတ်ထိ ရောက်အောင် တွန်းပို့ပေးသည်။ သတ္တမဝရိန်နည်းစနစ်သည် အလွန် အစွမ်းထက်လှပြီး ကမ္ဘာကို ကိုင်လှုပ်နိုင်ကာ နတ်ဘုရားများကို သုတ်သင်နိုင်သည်။ အကယ်၍ ပြိုင်ဘက်ကို မသတ်ဖြတ်နိုင်ခဲ့လျှင် သေဆုံးရမည့်သူမှာ သူကိုယ်တိုင်ပင် ဖြစ်၏။

အလင်းများက အလွန် အားကောင်းနေပြီး ကြည့်ရန်ပင် ခက်ခဲလှသည်။ ၎င်းသည် သန့်စင်သည့် သတ်ဖြတ်ခြင်းစွမ်းအားများမှ ဖြစ်တည်လာခြင်း ဖြစ်ပုံရသည်။ သတ္တမဝရိန် က သူ၏ လှံကို တစ်ဖန် ဆန့်ထုတ်လိုက်ပြီး လေထဲတွင် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော အလင်းတန်းတစ်ခု ပေါ်ပေါက်လာသည်။

ရီဖူရှင်းသည် ရှေ့သို့ ဆက်သွားနေပြီး ထောင်ချီသည့် ဆင်များကလည်း အော်မြည်နေကာ သူတို့၏ အသံများက တစ်သံနှင့်တစ်သံ ပဲ့တင်ထပ်နေသည်။ သူ၏ စွမ်းအားများက အကန့်အသတ်သို့ တဖြည်းဖြည်း မြင့်တက်လာသည်။ သူသည် လက်သီးကို မြှောက်ကာ တတိယမြောက် လှံတိုက်ကွက်ကို ရိုက်ခတ်လိုက်ပြီး ပြိုင်ဘက်အား နောက်ဆုတ်သွားစေခဲ့သည်။ သူသည် ပြိုင်ဘက်ကို သူ့အနား ကပ်ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

သတ်ဖြတ်ခြင်း စွမ်းအားမုန်တိုင်းက လေပြင်းတိုက်ခတ်လာသကဲ့သို့ မြေအောက်နန်းတော်ရှိ အရာအားလုံးကို လွှမ်းခြုံသွားခဲ့သည်။ သတ္တမဝရိန် သည် သူလှံကို ဝှေ့ယမ်းလိုက်လျှင် သူ၏ ပုံရိပ်များစွာ ထွက်ပေါ်လာ၏။ ထိုသည်မှာ သူ၏ သတ်ဖြတ်ခြင်းစွမ်းအားများမှ ဖြစ်တည်လာခြင်း ဖြစ်သည်။

သူသည် စတုတ္ထဝရိန်ကို သုံးလိုက်ပြီး လှံက ပြင်းထန်လှသည့် အရှိန်နှင့် ထိုးဖောက်လာခဲ့သည်။ သို့သော် သူတို့ တိုက်ခိုက်နေသည်နှင့်အမျှ ရီဖူရှင်း၏ စိတ်ဝိညာဥ်စွမ်းအားက တိုးမြင့်လာနေကာ အားကောင်းသထက် အားကောင်းလာသည်။ နတ်ဆင်များ၏ အော်မြည်သံက ကမ္ဘာမြေကို တုန်ခါသွားစေပြီး နတ်ဆင်တစ်ကောင်၏ ပုံရိပ်က သူ့အတွင်း ပေါ်ပေါက်လာသည်။ သူသည် အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ အရိုး၏ စွမ်းအားကို အကန့်အသတ်ထိ ရောက်ရန် တွန်းအားပေးခဲ့ပြီး ဆင်များ၏ အစွမ်းထက် ပုံရိပ်က သူ့ခန္ဓာကိုယ်အတွင်း ပေါင်းစည်းသွားခဲ့သည်။ သူကိုယ်တိုင်ပင် ဆင်တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သလို ဖြစ်သည်။

သတ္တမဝရိန် ၏ လှံက သာမန် လက်နက်မဟုတ်ပေ။ သူက သတ်ဖြတ်ခြင်းနတ်ဘုရား၏ စတုတ္ထဝရိန်ကို ဖော်ထုတ်လိုက်သည့်အခါ များပြားလှသည့် သတ်ဖြတ်ခြင်းအလင်းများက လေထဲတွင် ထွက်ပေါ်လာသည်။ အစွမ်းထက်နတ်ဆင်တစ်ကောင် ပုံရိပ်က ပေါ်ပေါက်လာပြီး ရီဖူရှင်းသည် လှုပ်ရှားသည့်အတိုင်း လိုက်ပါလာသည်။ သူက ၎င်းကို ဆင့်ခေါ်ခဲ့၏။ ၎င်းသည် ခြေထောက်အောက်မှ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ ရီဖူရှင်းက သူ၏ လက်သီးကို ဆန့်ထုတ်လိုက်ပြီး လေကို ထိုးခွင်းသွားစေသည်။ သတ္တမဝရိန် အခြား ပုံရိပ်များက ဖျက်ဆီးခံလိုက်ရသည်။

“ဒါက....”

ဝရိန်ခုနစ်ပါး ကလန်မှ လူများသည် တိုက်ပွဲကို အထိတ်တလန့် ကြည့်လိုက်ကြ၏။ သောကျောက်နှင့် ယူချင်း၏ တိုက်ပွဲသည်ပင် အလွန် ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီ ဖြစ်သည်။

ယခု သတ္တမဝရိန် နှင့် ရီဖူရှင်း၏ တိုက်ပွဲသည်လည်း တူညီစွာပင် ဖြစ်သည်။

သောမျိုးနွယ်စုနှင့် ဝရိန်ခုနစ်ပါး ကလန်မှ အစွမ်းထက် နည်းစနစ်များက ဆင်တူသည်။ သူတို့ထဲမှ တစ်ယောက်က တိုက်ခိုက်ခြင်းနတ်ဘုရား၏ စွမ်းအားများကို အခြေခံထားပြီး တစ်ယောက်က  သတ်ဖြတ်ခြင်းစွမ်းအားပေါ် အခြေခံပေသည်။ သူတို့နှစ်ယောက်လုံးသည် တစ်ယောက်၏ အကန့်အသတ်သို့ ရောက်အောင် တစ်ယောက်က တွန်းအားပေးနေသည်။ ဝရိန်ခုနစ်ပါး ၏ နည်းစနစ်က ခုနစ်ကွက်သာ ရှိသော်လည်း သောမျိုးနွယ်စု၏ တိုက်ကွက်က ကိုးကွက်ရှိပေသည်။

စတုတ္တမြောက် လှံတိုက်ခိုက်မှုသည်ပင် ရီဖူရှင်းကို လှုပ်ခါနိုင်စွမ်း မရှိပေ။ သတ္တမဝရိန် ၏ ခန္ဓာကိုယ်နှင့် လှံအတွင်းသို့ ပို၍ ပြိုင်ဘက်ကင်းသော သတ်ဖြတ်ခြင်း စွမ်းအားများ ဝင်ရောက်လာသည်။  ဤတစ်ကြိမ်၌ သူသည် နတ်ဘုရားတစ်ပါးကိုပင် သုတ်သင်နိုင်တော့မည်ဟု ထင်မှတ်ရသည်။

ဟူး...

သတ်ဖြတ်ခြင်းနတ်အလင်းက လေထဲကို ဖြတ်ကာ ထိုးထွက်သွားသည်။ သတ္တမဝရိန် သည် ရီဖူရှင်းထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့၏။ သူ၏ လှံကျဆင်းလာသည့်အခါ သူတို့အနီးမှ လေထုပင် အေးခဲသွားသယောင် ရှိသည်။

ရီဖူရှင်းသည်လည်း တွေဝေခြင်း မရှိခဲ့ပေ။ သူ၏ သွေးကြောများထဲမှ သွေးတို့က ဆူပွက်နေပြီး သူ၏ အရိုးများတွင် ရေးထွင်းထားသည့် မဟာလမ်းစဥ် အမှတ်အသားများက အသက်ရှိသကဲ့သို့ လှုပ်ရှားလာသည်။  နတ်ဆင်များက လေထုအတွင်း  အကန့်အသတ်မဲ့ ပေါ်ပေါက်လာပြီးနောက် တစ်ကောင်တည်းအဖြစ် ပေါင်းစည်းသွားသည်။ သူက လက်သီးကို ပစ်သွင်းလိုက်ပြီး နတ်ဆင်သည် ၎င်း၏ ဦးခေါင်းက မြေအောက်နန်းတော် မျက်နှာကြက်ကို တိုက်ကာ ကြမ်းပြင်၌ ခြေချပြီးနောက် သူ၏ လက်သီးချက်အတိုင်း ရှေ့သို့ တစ်ဟုန်ထိုးတိုးဝင်သွားခဲ့ပြီး အခန်းတစ်ခုလုံးက တုန်လှုပ်သွားခဲ့သည်။

ဘုန်း...

ကြောက်မက်ဖွယ် အလင်းက သတ္တမဝရိန် ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ သူသည် ပဥ္စမနှင့် ဆဋ္ဌမ လှံနည်းစနစ်များနှင့် ဆက်သွယ်လိုက်သည်။ သတ်ဖြတ်ခြင်းစွမ်းအားများ ပေါ်ပေါက်လာပြီး ကြီးမားသည့် ဆင်ပေါ်သို့ လွှမ်းခြုံသွားကာ များပြားလှသည့် အက်ကြောင်းများ ဖြစ်ပေါ်လာစေသည်။  ကြည့်ရသည်မှာ ၎င်းက အပိုင်းပိုင်း ပြိုကျတော့မလိုပင် ဖြစ်သည်။

သို့သော် ထိုအချိန်တွင် ပညာရှိကျမ်း၏ အလင်းက ထွက်ပေါ်လာပြီး ပြင်းထန်သည့် စွမ်းအားများနှင့် လွှမ်းခြုံသွားသည်။ နတ်ဆင်သည် ပြန်လည်ဖွဲ့စည်းလာပြီး အော်မြည်လိုက်ကာ သတ္တမဝရိန် ကို နောက်သို့ ဆုတ်ခွာသွားစေရန် ဖိအားပေးလိုက်သည်။

“သူ ရှုံးနေတုန်းပဲ” ဝရိန်ခုနစ်ပါး ကလန်မှ လူများသည် သူတို့ မြင်နေရသည့် မြင်ကွင်းကြောင့် ဆွံ့အသွားခဲ့ကြသည်။ နည်းစနစ် ခြောက်ခုမြောက်သည်ပင် ရီဖူရှင်းကို ဒဏ်ရာရရှိစေရန် မစွမ်းသာခဲ့ပေ။

တိုက်ခိုက်မှုများက အလွန် အစွမ်းထက်လှပြီး ရှန့်ထိုအဆင့် အထွတ်အထိပ်မှ တစ်စုံတစ်ယောက်ကိုပင် ဖျက်ဆီးပစ်နိုင်ပေသည်။ သို့သော် ဆဋ္ဌမနည်းစနစ်သည်ပင် ရီဖူရှင်းကို ဒဏ်ရာရှိစေရန် မစွမ်းသာခဲ့ပေ။

ထို့ပြင် သူတို့သာလျှင် မဟုတ်ပေ။ အခြားတစ်ဖက်မှ တိုက်ပွဲတွင်လည်း သောကျောက်သည် တိုက်ခိုက်ရေးနတ်ဘုရား၏ ဆဋ္ဌမဆင့် နည်းစနစ်ကိုပင် အသုံးပြုနေပြီ ဖြစ်သော်လည်း ယူချင်းကို ရိုက်မိနိုင်ခြင်းမရှိဘဲ နှစ်ယောက်လုံးက ချောင်ပိတ်မိသည့် အခြေအနေ ဖြစ်နေခဲ့သည်။

မကြာခင်၌ သူတို့သည် အချင်းချင်း တိုက်ခိုက်ရန် နောက်ဆုံးအခွင့်အရေးသာလျှင် ကျန်ရှိပေတော့သည်။

ထိုသည်မှာ သောကျောက်နှင့် သတ္တမဝရိန် နှစ်ဦးလုံး တူညီစွာပင် ဖြစ်၏။

သောကျောက်က တိုက်ခိုက်ခြင်းနတ်ဘုရား၏ စွမ်းအားကို သတ္တမဆင့်ထိ အသက်သွင်းလိုက်ပါက သူသည် တန်ဖိုးကြီးမားစွာ ပေးဆပ်ရပေလိမ့်မည်။ မပိုင်ဆိုင်သည့် စွမ်းအားကို အသုံးပြုခြင်းမှာ သူ့အတွက် ထိုစွမ်းအား ဒဏ်ကို ကြာရှည်ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။ သောမျိုးနွယ်စု အကြီးအကဲက သူ့ကို ပြောခဲ့သည်မှာ တိုက်ပွဲနတ်ဘုရား၏ သတ္တမဆင့်ကို အသက်သွင်းခဲ့ပါက ရန်ဟောင်ကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိလိမ့်မည်ဟူ၍ ဖြစ်သည်။

သို့သော် တိုက်ပွဲပြီးနောက်၌ သူသည် အချိန်တစ်ခုထိ အားနည်းသွားလိမ့်မည် ဖြစ်သည်။ သူက ယူချင်းကို ရိုက်နိုင်ခဲ့လျှင်ပင် အခြားတိုက်ပွဲများ၌ မည်သို့ ဖြစ်လာလိမ့်မည်နည်း။

အကယ်၍ သူက ယူချင်းကို မရိုက်နိုင်ပါက ပို၍ပင် ဆိုးဝါးသွားပေလိမ့်မည်။ ထို့ပြင် ထိုသည်မှာ ဤအပျက်အစီးနယ်မြေအတွင်း လုပ်ဆောင်ရန် ထိုက်တန်ပါ၏လား။

သတ္တမဝရိန် သည်လည်း တူညီသည့် အခြေအနေ၌ ဖြစ်နေခဲ့သည်။ သတ်ဖြတ်ခြင်းနတ်ဘုရား၏ သတ္တမတိုက်ကွက်ကို အသုံးပြုလိုက်ပြီး သူသည် ပြိုင်ဘက်ကို မသတ်နိုင်ပါက သေရမည့်သူက သူကိုယ်တိုင်ဖြစ်သည်ဟု ပြောကြသည်။ ထို့ကြောင့် သူ့၌ နောက်ဆုံးတစ်ခေါက် တိုက်ခိုက်ရန် အခွင့်အရေးသာ ကျန်တော့သည်။ သူက ရီဖူရှင်းကို မသတ်နိုင်ခဲ့လျှင် ရီဖူရှင်းက သူ့ကို ခုခံနိုင်စွမ်းရှိပေလိမ့်မည်။

သောကျောက်နှင့် သတ္တမဝရိန် နှစ်ယောက်လုံးသည် ကျဥ်းထဲကျပ်ထဲ ကျရောက်နေပြီး ခက်ခဲသည့် ရွေးချယ်မှုနှင့် ရင်ဆိုင်နေရသည်။

သူတို့က ဆက်လှုပ်ရှားသင့်သလား။ မဟုတ်လျှင် အရှုံးပေးလိုက်ရမည်လား။

သောကျောက်က ယူချင်းကို ကြည့်ကာ ရုတ်တရက် ပြုံးလိုက်သည်။ “ကျုပ်င တိုက်ခိုက်ရေးစွမ်းအားကို ကျွမ်းကျင်ပြီး သူက လှံပညာမှာ ထူးချွန်တယ်။ အင်ပါယာရှင်းကျောင်းတော်က ဒီနေရာကို ရှာတွေ့ပေမယ့် လှံမှာက ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေး စွမ်းအားတွေ ပါဝင်နေတယ်။ ဒီတစ်ခေါက် ဆုလာဘ်က ကျုပ်တို့ နှစ်ယောက်နဲ့ ပိုသင့်တော်နေပေမယ့် ခင်ဗျားတို့နှစ်ယော​က်က ကျုပ်တို့ရဲ့ အစီအစဥ်ထဲ ဝင်လာခဲ့တယ်။”

ထိုသည်မှာ ယုံကြည်ရန် ခက်ခဲလှသည်။ တိုက်ပွဲ မတိုင်ခင်နှင့် စတင်စဥ်တွင် ဤနှစ်ယောက်သည် ကျီဝေးဘုံမှ အစွမ်းထက်အင်အားစု သုံးခုကို ရှုံးနိမ့်သွားစေရလောက်အောင် အစွမ်းထက်မည်ဟု ယောင်၍ပင် မတွေးမိခဲ့ဖူးပေ။ ရန်ဟောင်အဆင့်အောက်၌ ရရှိရန်ခက်ခဲလှသော အဆင့်မှ အစွမ်းထက်ပုဂ္ဂိုလ်များပင် ဖြစ်သည်။

“ခင်ဗျားသာ ကျုပ်ရဲ့ နောက်ထပ်တိုက်ခိုက်မှုကို ခံနိုင်ရင် ကျုပ် ဒီ​နေရာက ထွက်သွားပေးပါမယ်။” သောကျောက်က ယူချင်းကို ပြောလိုက်သည်။ သူက ရွေးချယ်မှုကို ရှင်းလင်းစွာ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

သူက တိုက်ခိုက်ပေလိမ့်မည်။

သောမျိုးနွယ်စုသည် တိုက်ပွဲစွမ်းရည်၌ အားကောင်းပေသည်။ ယခု နောက်ဆုံး၌ သူက လက်ရည်တူ ပြိုင်ဘက်ကို တွေ့ခဲ့ရသည်ဖြစ်ရာ မတိုက်ခိုက်ဘဲ မည်သို့ နေနိုင်ပါမည်နည်း။

သူ၏ မျက်လုံးများထဲမှ နတ်အလင်းတို့ လင်းလက်လာပြီး တိုက်ခိုက်ခြင်းနတ်ဘုရား၏

သတ္တမချိတ်စည်းက သူ၏ မျက်ခုံးများကြားတွင် ပေါ်ပေါက်လာသည်။ နတ်အလင်းတန်းများက သူ၏ နဖူးမှ ထိုးထွက်လာပြီး သူ၏ တိုက်ခိုက်မှု စွမ်းအားများကို မြင့်တက်လာစေသည်။ အလင်းတန်းများစွာက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး

သူ၏ သွေးများ ဆူပွက်ကာ အရိုးများ ကြီးထွားလာသည့်အသံကို ပြတ်သားစွာ ကြားလိုက်ရပေသည်။

သူ၏ ခြေထောက်များက တုတ်ခိုင်လာကာ အစွမ်းထက်ပြီး သူက ပို၍ မြင့်မားလာသည်။ သူ၏ လက်များက ပို၍ သန်မာလာခဲ့သည်။ သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲသံများ ထွက်ပေါ်နေပြီး အဆက်မပြတ် ကြီးထွားလာနေသည်။ တိုက်ခိုက်ခြင်းနတ်ဘုရား၏ သတ္တမဆင့် စွမ်းအားအောက်တွင် သူ့မျက်လုံးများက ယခင်ကနှင့် ကွဲပြားသွားခဲ့သည်။ ၎င်းတို့က တိုက်ခိုက်ခြင်းနတ်ဘုရား၏ မျက်လုံးများအဖြစ် ပြောင်းလဲသွားပြီး အဆုံးမဲ့ တိုက်ခိုက်ခြင်း စွမ်းအားများ ပါဝင်နေပေသည်။

သူ အစောပိုင်းက ဆင့်ခေါ်ထားသော တိုက်ခိုက်ခြင်းနတ်ဘုရား၏ ပုံရိပ်သည် သူ၏ ခန္ဓာနှင့် ပေါင်းစပ်သွားခဲ့သည်။ သူသည် ရှေးဟောင်းသွေးတို့ကို နှိုးဆွပြီး တိုက်ခိုက်ခြင်းနတ်ဘုရား၏ သတ္တမမြောက်စွမ်းအားကို အသုံးပြုကာ သူ့ကိုယ်သူ တိုက်ခိုက်ခြင်းနတ်ဘုရားအဖြစ် ပြောင်းလဲခဲ့သည်။

သောကျောက်သည် အပြီးတိုင် အသွင်ပြောင်းလဲသွားခဲ့သည်။ သူက သူကိုယ်တိုင် မဟုတ်တော့ပေ။ သူ ထိုနေရာ၌ ရပ်နေရုံဖြင့် လူတိုင်းသည် သူ၏ ပြိုင်စံရှားသော စွမ်းအားကို ခံစားမိပေသည်။ သတ္တမဝရိန် သည် သူ၏ အရှိန်အဝါကို ခံစားမိသည့်အတွက် လှမ်းကြည့်လိုက်သည်။ သူက ဆွံ့အသွားခဲ့၏။

သူက သတ်ဖြတ်ခြင်း နတ်ဘုရား၏ သတ္တမဝရိန်ကို အသုံးပြုခဲ့လျှင်ပင် သူ့တွင် ထိုမျှ အစွမ်းထက်သည့် အရှိန်အဝါ ရှိလိမ့်မည် မဟုတ်ပေ။

သောကျောက်၏ အစွမ်းထက်ဆုံးစွမ်းအားက သူ့ထက် ပို၍ အားကောင်းပေသည်။

“တကယ်လို့ သောကျောက်က ဒီလိုလုပ်တာတောင် မနိုင်ခဲ့ရင် သူ ဆက်တိုက်လို့ အသုံးမဝင်တော့ဘူးပဲ။” သတ္တမဝရိန် က ပြောလိုက်သည်။ ယူချင်းက အမှန်တကယ် ဤသည်ကို တိုက်ခိုက်နိုင်ပါမည်လား။

ထိုအချိန်တွင် သောကျောက်သည် ရန်ဟောင်တစ်ပါးနှင့်ပင် နှိုင်းယှဥ်ရနေပြီ ဖြစ်သည်။ သူ၏ အစွမ်းထက်သော စွမ်းအားက အသက်ရှုရန်ပင် ခက်ခဲအောင် ပြုလုပ်နေသည်။

ရီဖူရှင်းက သောကျောက်၏ ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူသည်လည်း သောကျောက်ထံမှ ခံစားရသည့်စွမ်းအားကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူသည် နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း ပထမဆုံးတိုက်ပွဲကပင် ထိုမျှ ပြင်းထန်လွန်းမည်ဟု မမျှော်လင့်ထားမိချေ။ သို့သော် ဤသည်မှာ နတ်ဘုရားအမွေအနှစ် နယ်မြေဖြစ်ပြီး အထက်ကိုးဘုံ၏ အစွမ်းထက် ပုဂ္ဂိုလ်များ စုစည်းရာ ဖြစ်သည်။ သူတို့သည် မဟာလမ်းစဥ် ဘုံသုံးထောင်မှ အားအကောင်းဆုံး သူများ ဖြစ်ကြသည်။

ဤကဲ့သို့ အရှိန်အဝါရှိသည့်တစ်စုံတစ်ယောက်က ရန်ဟောင်ကို တိုက်ခိုက်နိုင်​ပါမည်လား။

ဘန်း...

သောကျောက်က သူ၏ လက်များကို မြှောက်ကာ ရှေ့သို့ ခြေလှမ်းလိုက်သည်။ လက်သီးများမှ တိုက်ခိုက်ရေးစွမ်းအားများ ထွက်ပေါ်လာကာ သူတို့ရှေ့မှ လေထုကို ထိုးခွဲသွားသည်ဟု ထင်မှတ်ရပေသည်။ ယူချင်းက သူ၏ လက်ကို မြှောက်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်သည်။ ထို့နောက် ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာပြီး သူသည် နောက်သို့ အတော်ဝေးဝေး ဆုတ်ခွာသွားရစေရန် အဆက်မပြတ် ဖိအားပေးခံခဲ့ရသည်။ သို့သော် အဆုံး၌ သူသည် မြဲမြံစွာ ရပ်တည်နေနိုင်ဆဲ ဖြစ်ကာ သူ၏ အရှိန်အဝါက အနည်းငယ်သာ လှုပ်ခတ်သွားခဲသည်။

“ဒီလောက် သန်မာတဲ့ ခန္ဓာနဲ့ ဝိညာဥ်” သောကျောက်က ယူချင်းကို ပြောလိုက်သည်။ “မင်းက ငါ တွေ့ဖူးသမျှထဲမှာ အကောင်းဆုံးတိုက်ခိုက်ရေးသမားပဲ။ ဒါပေမယ့် ဒီနေ့တိုက်ပွဲရဲ့ အနိုင်က ငါပဲ ဖြစ်နိုင်တယ်။”

ယူချင်းက မည်သို့မှ မပြောခဲ့ပေ။ သူ၏ မျက်လုံးများက နတ်မိစ္ဆာတစ်ပါးကဲ့သို့ နက်မှောင်သွားသည်။ နတ်ဆိုးစွမ်းအားများက သူ့ထံမှ ဖြန့်ကျက်ထွက်ပေါ်လာပြီး သူ့ခန္ဓာကို ဖုံးလွှမ်းသွားသည်။ ထိုအချိန်တွင် ကောင်းကင်ကို နတ်ဆိုးတိမ်တိုက်များ ဖုံးလွှမ်းသွားပြီး မြေအောက်နန်းတော်တစ်ခုလုံးကို နတ်ဆိုးစွမ်းအားများ ပြည့်နှက်သွားသည်။ လူတိုင်းသည် မရေတွက်နိုင်သည့် နတ်ဆိုးပုံရိပ်များပေါ်ပေါက်လာပြီး ၎င်းတို့က ယူချင်းကို အရိုအသေပေးနေသည်ဟု ခံစားမိကြသည်။

ကြည့်ရသည်မှာ ယူချင်းသည် အဆုံးမဲ့ နတ်ဆိုးစွမ်းအားများ လွှမ်းခြုံထားသည့် နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ပင် ဖြစ်သည်။

“ဟင်” သောကျောက်က မျက်မှောင်ကြုတ်လိုက်သည်။ ယူချင်း၏ အရှိန်အဝါက ပြောင်းလဲသွားခဲ့၏။ ရှေးဟောင်းအရှိန်အဝါတစ်ခုက မြေအောက်နန်းတော်တစ်ခွင်ကို ပျံ့နှံ့သွားခဲ့သည်။ အသံတစ်ခု ထွက်ပေါ်လာပြီး ၎င်းသည် သမိုင်း၏ အနက်ရှိုင်းဆုံးတစ်နေရာမှ ထွက်ပေါ်လာသကဲ့သို့ ထင်မှတ်ရပေသည်။ ထိုသည်မှာ နတ်ဆိုးကို အရိုအသေပြုနေသည့် နတ်ဆိုးများ၏ အသံကဲ့သို့ပင် ဖြစ်သည်။

သောမျိုးနွယ်စုသည် သူတို့ကိုယ်သူတို့ တိုက်ခိုက်ရေးနတ်ဘုရား၏ မျိုးဆက်များဟု ခေါ်ကြသည်။ သို့ဆိုလျှင် ဤနတ်ဆိုးကျင့်ကြံသူက နတ်ဆိုး၏ မျိုးဆက် ဖြစ်နိုင်သည်လား။

***

All Chapters