(ကျုခန်ရှန်းဆီသို့)
Vol. 6 Ch. 80
ဝယ်ဖို့ကတော့ မဖြစ််နိုင်ပေ။ ထို့ကြောင့် သူဟာ ၎င်းကို ရှာဖွေရန်အတွက် မကောင်းမှုကို သုတ်သင်ကာ ကောင်းကင်အတွက် တရားမျှတမှု ပြုသည့် အလုပ်အား လုပ်ရပေမည်။
“ငါသိပြီ”
ဟန်ကျောက်၏ နှုတ်ခမ်းထောင့်များက ကွေးညွှတ်လာ၏။
နောက်တစ်နေ့တွင်…
လင်းယုန်ပျိုးထောင်ခြင်းစံအိမ်၌..
ခြံဝန်းအနောက်ဘက်ရှိ အခန်းတစ်ခု အတွင်းတွင် ဟန်ကျောက်ဟာ ခုံတွင်ထိုင်ကာ လက်ဖက်ရည်ကို သောက်နေ၏။
“ခရက်”
ထိုအချိန်၌ ကျုခန်ရှန်းက တံခါးကိုတွန်းဖွင့်ကာ ဝင်လာခဲ့သည်။
“ညီလေးဟန်”
“စံအိမ်သခင်ကျု.. ကျေးဇူးပြုပြီး ထိုင်ပါ”
ဟန်ကျောက်က ခေါင်းညှိတ်ကာ ကျုခန်ရှန်းကို ထိုင်ရန် လက်ဟန်ပြသည်။
ကျုခန်ရှန်းက သူ၏ရှေ့တွင် ထိုင်ကာ သိလိုစွာ မေးသည်။
“ညီလေးဟန်.. ဒီကိုလာတာ ဆေဘာထုလုပ်ဖို့လား.. အခြား လက်နက်လိုအပ်ချက်တွေ ရှိလို့များလား”
သဘောတူညီချက် အပြီးတွင် ဟန်ကျောက်ဟာ သူ့ဆီသို့ လက်နက်ထုလုပ်သည်မှ လွဲ၍ လာတာရှားသည်။ ကိစ္စရှိလျှင် တစ်ယောက်ယောက်ကို လွှတ်ကာ ပြောခိုင်းပြီးမှ လူကိုယ်တိုင်လာကာ ရည်ရွယ်ချက်ကို ရှင်းပြလေ့ရှိသည်။ ယနေ့ကဲ့သို့ သူ၏အခန်းဆီသို့ အထူး လာရောက်တာမျိုး မရှိခဲ့ပေ။
“စံအိမ်သခင်ကျု.. ကျန်တော်သိချင်လို့.. လက်နက်တွေကို ပြန်ပြီးမွမ်းမံထုဆစ်ဖို့အတွက် ရွှေနက် ၃၀ကတ်တီအပြင် အခြား ဘာတွေများ လိုအပ်သေးလဲလို့”
ဟန်ကျောက်က မေးသည်။
သူဟာ သက်ခြွေဓါးနှင့် သုတ်သင်ခြင်းဆေဘာတို့ကို ပြန်လည်ထုဆစ်ရန်အတွက် ရွှေနက် ငွေ၆၀၀၀လျန်ဖိုးကို အသုံးပြုရန် စဉ်းစားထားသည်။ ထို့ကြောင့် ကောင်းကောင်း ပြင်ဆင်လိုပါသည်။
ဘာပဲဖြစ်ဖြစ် ဤသည်မှာ စိတ်ဝိညာဉ်ဆိုင်ရာ ပေါက်ဖွားမှုနှင့် ထိတွေ့နိုင်သည့် ကြီးထွားနိုင်သည့် လက်နက်မျိုး ဖြစ်၏။ နောင်တွင် သူနှင့် အချိန်အတော်ကြာအောင် ရှိမှာပါ။
“ညီလေးဟန်.. ဘာကိုဆိုလိုတာလဲဗျ.. ဖြစ်နိုင်တာက…” ထိုစကားကို ကြားရပြီးနောက် ကျုခန်ရှန်းဟာ မှင်သက်သွား၏။ ဟန်ကျောက်၏ ယုံကြည်ချက်အပြည့်နှင့် ပုံက သူ့ကို တစ်ခုခုအား စဉ်းစားမိစေပြီး မတ်တပ်ထရပ်မိသည်။
“စံအိမ်သခင်ကျု… အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့”
ဟန်ကျောက်က လက်ကိုဝှေ့ယမ်းကာ ကျုခန်ရှန်းကို ထိုင်ခိုင်းသည်။ ထို့နောက် အင်္ကျီလက်ကို လိပ်တင်ပြ၏။ သူ၏ ညာဘက်လက်ဟာ တဖြည်းဖြည်း ပူလောင်လာပြီး အနီရောင် ဖြစ်လာခဲ့သည်။
“ရှဲ”
အသံတစ်ခုနှင့်အတူ လက်ဖက်ရည်သောက်ကာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ငြိမ်အောင် ထိန်းနေသည့် ကျုခန်ရှန်း၏ လက်များက ဖန်ခွက်ကို ဆုပ်ခွဲလိုက်မိသည်။
ရေနွေးများက စားပွဲခုံအစွန်းမှ စီးကျလာပြီး သူ၏ အဝတ်များကို စိုကုန်စေ၏။ သို့ရာတွင် သူတုံ့ပြန်လာခြင်း လုံးဝမရှိပါ။
ဟန်ကျောက်၏ ညာဘက်လက်ကို စူးစိုက်စွာ ကြည့်နေပြီး တောင်တစ်ခုကဲ့သို့ အနက်ရောင် အမှတ်အသားတစ်ခုကို တွေ့ရသည်။ ထိတ်လန့်တကြား မတ်တပ်ပြန်ရပ်ကာ အသံပြုမိ၏။
“သွေးအမှတ်အသားလား”
ထိုစကားကို ပြောပြီးနောက် သူ၏အသံက ကျယ်လောင်သွားကြောင်းအား နားလည်လိုက်ပြီး တံခါးဆီသို့ အမြန်သွားကာ ဖွင့်ကြည့်သည်။ ပတ်ဝန်းကျင်တွင် မည်သူမှ မရှိကြောင်းကို တွေ့ရပြီးမှ အခန်းထဲသို့ ပြန်ခဲ့၏။
သူက ဟန်ကျောက်ကို အံ့ဩဝမ်းသာစွာ ကြည့်သည်။ အသံကိုနှိမ့်ကာ ပြော၏။
“ညီလေးဟန်.. မင်းအဆင့်တက်သွားပြီလား”
“ဟုတ်ပါတယ်.. ဒီအတောအတွင်း အတွေ့အကြုံတစ်ခု ကြုံခဲ့ပြီး အကျိုးကျေးဇူးအချို့ ရခဲ့တယ်။ ကံကောင်းပြီး အဆင့်တက်သွားခဲ့တာ”
“အဲ့ဒါဆို ဒီတစ်ကြိမ်လာတာက..”
ကျုခန်ရှန်းဟာ သူ၏လက်သီးများကို တင်းကြပ်စွာ ဆုပ်ထား၏။ ခန္ဓာကိုယ်က တုန်ခါလာခဲ့သည်။
“ကျွန်တော်တို့ရဲ့ သဘောတူညီချက်ကို အချိန်ရွှေ့လို့ရတယ်.. ဒါပေမယ့် ခင်ဗျားကို ကြိုပြီး ပြောရဦးမယ်”
ဟန်ကျောက်က ခေါင်းညှိတ်သည်။
“နဂါးပျံအဖွဲ့ထဲကို ကျွန်တော် တစ်ကြိမ် ဝင်စုံစမ်းခဲ့သေးတယ်။ ချီရှင်းအပြင် အခြား သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်လည်း ရှိနေတာကို တွေ့ရတယ်”
“ဘာ… နောက်တစ်ယောက် ရှိသေးတာလား”
ကျုခန်ရှန်း၏ မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွား၏။
“ညီလေးဟန်.. မင်းအနေနဲ့ ခက်ခဲနေတယ်ဆို.. အချိန်နည်းနည်းထပ်စောင့်ရလည်း ကိစ္စမရှိဘူး…”
ကျုခန်ရှန်းက ဂရုတစိုက် ပြောသည်။ ဟန်ကျောက်ဟာ ဒီအရွယ်နှင့် သွေးသန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်ခဲ့၏။ အနာဂတ်မှာ အကန့်အသတ်မဲ့သည်။ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက် ဖြစ်လာရန် မဖြစ်နိုင်သည် မဟုတ်ပါ။
သိုင်းသခင်မှာ ကျောက်နက်မြို့တွင် ဒေသခံ ဘုရင်တစ်ပါးကဲ့သို့ ဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူဟာ ဒီသဘောတူညီချက်အတွက် စွန့်စားနေစရာ မလိုအပ်ပါ။
သဘောတူညီချက်ကို ဖျက်သိမ်းမည်ဆိုလျှင်တောင် ကျုခန်းရှန်းအနေနှင့် နားလည်နိုင်၏။
လက်စားချေရန် မျှော်လင့်ချက် မရှိပေတော့ဘူးလား…
“စံအိမ်သခင်ကျု.. ခင်ဗျားအထင်လွဲနေပြီ.. ကျွန်တော်ဟန်ကျောက်က စကားတည်တတ်တဲ့ လူမျိုးပါ။ ကျွန်တော့စကားကို ပြန်ရုတ်သိမ်းမှာ မဟုတ်ပါဘူး။ ကျွန်တော်ဆိုလိုတာက ချီရှင်းက ခင်ဗျားရဲ့ ရန်သူဆိုတော့ သူ့ကိုပိုသိမှာပဲလေ။ အဲ့ဒါကြောင့် သူ့ကို တိုက်ခိုက်ဖို့ အချိန်အခါကောင်းလေးရအောင် အကြံလာတောင်းတာ”
ကျုခန်ရှန်း၏ စိတ်ဓါတ်ကျသွားသည့် ပုံကို တွေ့ရပြီးနောက် ဟန်ကျောက်က အမြန်ရှင်းပြသည်။ ယုံကြည်မှုဟာ ဘဝ၏ အခြေခံအုတ်မြစ်ဖြစ်၏။ သူဟာ သူ၏စကားကို ဘယ်တော့မှ ပြန်လည်ရုတ်သိမ်းမည် မဟုတ်ပေ။ စုန့်ခြွေမှလွဲ၍ ဖြစ်၏။
“ကျွန်တော်အခု လာတာက ကျွန်တော့ဆေဘာမှာ အပေါက်တစ်ခု ဖြစ်သွားလို့.. ပိုပြီးခိုင်အောင် ထုလုပ်ချင်တာ.. ဘာပဲဖြစ်ဖြစ် ချီရှင်းကိုသတ်ဖို့ သုံးရမယ်လေ”
“အဲ့ဒီအပြင် ဒီအချိန်အတွင်းမှာ ရွှေနက် ၃၀ကတ်တီကို ကျွန်တော်ရှာဦးမယ်။ ထုလုပ်ဖို့ ကြိုတင်ပြင်ဆင်ထားဖို့ ကျွန်တော်ပြောချင်တာ”
“အခြားလိုအပ်တဲ့ ကုန်ကြမ်းတွေရှိရင် ကျွန်တော့ကို စာရင်းတစ်ခု လုပ်ပေးပါ။ ကျွန်တော်အတူတူဝယ်လိုက်မယ်”
ဟန်ကျောက်က ထပ်ပေါင်းပြောသည်။ သူက ခါးမှ သုတ်သင်ခြင်းဆေဘာကို ထုတ်ကာ စားပွဲခုံပေါ်တွင် တင်လိုက်၏။
“ကောင်းပါပြီ။ ကျွန်တော့တာဝန်ထားပါ”
ကျုခန်ရှန်းက ပျော်သွားသည်။ ထိုစကားနှင့်အတူ သူက ဘောပင်နှင့် စာရွက်တို့ကို ထုတ်ကာ စာရင်းတစ်ခုကို ရေးသည်။ ခုနစ်မျိုး၊ ရှစ်မျိုးလောက် ရေးပြီးနောက် ဟန်ကျောက်ကို ပေး၏။
“ညီလေးဟန်… ဒီပစ္စည်းတွေနဲ့ဆိုရင် မင်းအတွက် ထုလုပ်ပေးမယ့် လက်နက်နှစ်ခုက ငါ့ဘဝရဲ့ တစ်သက်တာ အကောင်းဆုံးဖြစ်လာမှာလို့ အာမခံတယ်။ စီရင်စုမြို့တော်က ပန်းပဲဆရာတွေထုတဲ့ လက်နက်တွေထက် နိမ့်ကျမှာမဟုတ်ဘူး။ မင်းကိုငါ စိတ်မပျက်စေရဘူး”
“ကောင်းပါပြီ”
ဟန်ကျောက်က ခေါင်းညှိတ်ကာ စာရင်းကို ယူလိုက်သည်။ စာရင်းတွင် ကုန်ကြမ်းများ၏ အမည်၊ အသုံးဝင်မှုသာမက အကြမ်းဖျင်း ဈေးများကိုလည်း ရေးထား၏။
စုစုပေါင်း ငွေ၅၀၀လျန်လောက် ရှိပါသည်။ ထို့ကြောင့် ရွှေနက်၃၀ကတ်တီနှင့် ယှဉ်ပါက ဈေးကြီးခြင်း မရှိပေ။
ဟန်ကျောက်၏ စာရင်းအား စစ်ဆေးနေပုံကို တွေ့ရပြီးနောက် ကျုခန်ရှန်း၏ ပုံက အနည်းငယ် တုံ့ဆိုင်းသွား၏။ ရုတ်တရက် အံကိုကြိတ်ကာ သူပြောသည်။
“မတ်တပ်ရပ်ကာ ဟန်ကျောက်၏ ရှေ့ရှိ အိပ်ယာဆီသို့ သွား၏။ ကြမ်းပြင်အောက်ရှိ လျှို့ဝှက်အံကို ဖွင့်ကာ အနက်ရောင် သစ်သားသေတ္တာတစ်လုံးကို ထုတ်သည်။ စားပွဲပေါ်သို့ ယူလာ၏။
ကျုခန်ရှန်းဟာ သေတ္တာကို ဖွင့်လှစ်ပြီး စာအုပ်နှစ်ခုတို့ကို ထုတ်သည်။ တစ်ခုမှာ သာမန်စာအုပ်တစ်အုပ်နှင့် တူ၏။ သေးငယ်သည့် စလုံးလေးငါးလုံးက နက်ပြာရောင် အဖုံးပေါ်တွင် ရေးထားသည်။
“ကျုမိသားစု၏ လက်နက်ထုလုပ်ခြင်း အသိအမြင်များ” နောက်တစ်ခုမှာတော့ ထူးခြားသည်။ သိုးသာရေနှင့်တူကာ အညိုရောင်ရှိသည်။ ကြည့်ရတာ ဟောင်းနွမ်းနေပြီး ကြွက်ကိုက်ထားသည့် ပုံတောင် ပေါက်၏။
“ဒီဗိုင်းလက်နက်စိတ်ဝိညာဉ်…”
စာအုပ်ဖုံးပေါ်ရှိ ကျန်ရှိသည့် စကားလုံးများကို ရှင်းလင်းစွာ မြင်နိုင််ခြင်း မရှိပေ။ ဒီဗိုင်းနှင့် စိတ်ဝိညာဉ် စကားလုံးတို့သာ အခြေခံအားဖြင့် ပြည့်စုံစွာ ရှိ၏။ လက်နက်ဟူသည့် စာလုံးအပေါ်တွင် အပေါက်တစ်ပေါက်တောင် ရှိနေသည်။
“ဒီဗိုင်းလက်နက်လား”
ဟန်ကျောက်ဟာ အုပ်စိုးသူ မိသားစုများ၏ ဒီဗိုင်းလက်နက်အကြောင်းကို ရုတ်တရက် တွေးမိလိုက်သည်။
“ညီလေးဟန်.. ကျွန်တော်တို့ ကျုုမိသားစုရဲ့ မျိုးဆက်ခြောက်ခု ပန်းပဲမှတ်တမ်းပါ။ ရတနာတစ်ခု မဟုတ်ပေမယ့် အဖိုးတန်ပါသေးတယ်။ ဒါကို တတ်မြောက်နိုင်ရင် သေချာပေါက် အကျိုးရှိမှာ။ ရောင်းရင်လည်း ..”
ကျုခန်ရှန်းက လက်နက်ထုလုပ်ခြင်း အသိအမြင်စာအုပ်ကို ယူကာ ဟန်ကျောက်ကို လက်နက်ဖက်ဖြင့် ပေးသည်။ ရောင်းချဟူသည့် နေရာ၌ သူဟာ အလွန် တုံ့ဆိုင်းနေ၏။
ဟန်ကျောက်က မတ်တပ်ရပ်ကာ လက်နက်ထုလုပ်ခြင်း အသိအမြင်စာအုပ်ကို ယူသည်။ သူက လေးနက်စွာ ပြော၏။
“စံအိမ်သခင်ကျု.. စိတ်မပူပါနဲ့… လက်နက်ထုလုပ်တာကို ကျွန်တော်မသင်ယူနိုင်ရင်တောင် ကံစပ်တဲ့လူတစ်ယောက်ဆီကို လက်ဆင့်ကမ်းပေးမှာပါ။ ကျုမိသားစုရဲ့ အမွေအနှစ်ကို မပျောက်ပျက်စေရပါဘူး”
“ကျေးဇူးတင်ပါတယ်”
ကျုခန်ရှန်းက ဟန်ကျောက်၏ လက်ကိုဆွဲကာ နောက်ထပ် အညိုရောင်စာအုပ်ကို ယူသည်။
“ညီလေးဟန်.. ငါ့အဘေးရဲ့ စကားအရ ဒီလက်နက်ထုလုပ်ခြင်း နည်းလမ်းက ဘိုးဘေးအစဉ်အဆက် လက်ဆင့်ကမ်းခဲ့တာတဲ့။ ဒါပေမယ့် မှတ်တမ်းတင်ထားတာတွေက အနည်းငယ် ဆိုးယုတ်ပြီး မပြည့်စုံတဲ့အပိုင်းတွေ များတယ်။ ဒါ့ကြောင့် ဒါကို ဗဟုသုတအဖြစ်ပဲ ဖတ်ဖို့ပေးမယ်”
ဟန်ကျောက်က အညိုရောင်စာအုပ်ကို ယူကာ လှန်ကြည့်သည်။ ကျုခန်ရှန်းပြောခဲ့သည့် အတိုင်းပင်။ အခြေခံအချက်အလက်များမှာ ပါဝင်ခြင်းမရှိပဲ နောက်ဆုံးစာရွက် အနည်းငယ်သာလျှင် ပြည့်စုံသည်။
“စတေးမှုဖြင့် ထုလုပ်ခြင်း”
မပြီးပြည့်စုံသည့် ထုလုပ်ခြင်းနည်းလမ်းကို ကြည့်ကာ ဟန်ကျောက်တစ်ယောက် ရုတ်တရက် တုံ့ပြန်လာခဲ့သည်။
ကျုခန်ရှန်းက သူ၏ခန္ဓာကိုယ်ကို အသုံးပြုကာ ဆေဘာနှင့်ဓါးတို့ကို ထုလုပ်ခဲ့တာ အံ့ဩစရာ မရှိပေ။ အမှန်တကယ်ကို ဆိုးယုတ်သည့် နည်းလမ်းဖြစ်၏။
“ဒါတွေကို ကျွန်တောက် လက်ခံတယ်။ နှစ်ဝက်(သို့) သုံးလလောက်ပဲစောင့်။ သတင်းကောင်းကို ကြားရမှာပါ” ဟန်ကျောက်က စာအုပ်နှစ်အုပ်တို့ကို သိမ်းကာ မည်သည်ကိုမှ မပြောပေ။
“ကျေးဇူးပါ”
ကျုခန်ရှန်းက လက်သီးနှစ်ဖက်ကို ဆုပ်သည်။
“နဂါးပျံအဖွဲ့က ချီရှင်းထွက်တာနဲ့ ကျွန်တော်လှမ်းပြီး အကြောင်းကြားပါမယ်”
“ကောင်းပြီ။ အဲ့လိုဆို လုပ်စရာရှိသေးလို့.. ကျွန်တော်အရင်ပြန်နှင့်ပါမယ်”
ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ ဦးညွှတ်သည်။ ငွေလျန်၁၀၀ကို ထားခဲ့ကာ ထွက်ခွာခဲ့၏။
“ညီလေးဟန်.. တစ်လအတွင်းမှာ ဆေဘာကို လာယူလှည့်ပါ”
ကျုခန်ရှန်းက ပိုက်ဆံနှင့် သုတ်သင်ခြင်းဆေဘာကိုယူကာ မတ်တပ်ရပ်ပြီး လိုက်ပို့ရန်လုပ်သည်။
“စံအိမ်သခင်ကျု.. ဒီမှာပဲနေပါ”
ဟန်ကျောက်က လိုက်မပို့ရန် ဟန်ပြသည်။
ကျုခန်ရှန်းဟာ ဟန်ကျောက်၏ ထွက်ခွာသွားပုံကို ရပ်၍သာ ကြည့်နေပြီး ကိုးဆယ်ဒီဂရီ ခါးညွှတ်မိ၏။
“ညီလေးဟန်က တကယ့်ကို သစ္စာတရားရှိတဲ့ လူတစ်ယောက်ပဲ”