← Chapters

(ဟန်ကျောက်၏ စဉ်းစားမှု)

Vol. 6 Ch. 79

(ဟန်ကျောက်၏ စဉ်းစားမှု)

Vol. 6 Ch. 79

အနက်ရောင်အလွှာဟာ မျက်နှာပြင်ပေါ်ရှိ ယင်စွမ်းအင် ကာကွယ်မှုချည်း မဟုတ်ပေ။ ခန္ဓာကိုယ်၏ အစိတ်အပိုင်း အားလုံးတို့ကို ဖောက်ထွင်းနေသည့် မမြင်နိုင်သည့် အားတစ်ခုနှင့် ပိုမိုတူညီ၏။

ထိုအားကိုသာ မဖျက်ဆီးပါက မည်မျှပင် သတ်ဖြတ်စေကာမူ အပြင်ပန်းတွင်သာ ဖျက်ဆီးနိုင်ပြီး အတွင်းပိုင်းတွင် ရှိနေဦးမှာပါ။

ဤသည်မှာ ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှုအဆင့်ရှိ သိုင်းသမားတစ်ယောက်က အတွင်းအားကို သူ၏ ခန္ဓာကိုယ်အနှံ့ဖြန့်ကျက်ထားသည်နှင့် တူသည်။

သို့ရာတွင် ထိုနှစ်ခုတွင် အရည်အသွေးပိုင်းဆိုင်ရာ ခြားနားချက််တစ်ခု ရှိနေ၏။ အတွင်းအားဟာ သိုင်းသမားတစ်ယောက်ကို သေစေနိုင်သည့် ဒဏ်ရာမှ ပြန်ကောင်းလာစေနိုင်စွမ်း မရှိပေ။

သို့ရာတွင် အုပ်စိုးသူ မိသားစု မျိုးနွယ်များ၏ ခန္ဓာကိုယ်မှ အနှစ်သာရနှင့် ခွန်အားဟာတော့ သာမန်သိုင်းသမားများနှင့် ခြားနားခြင်း မရှိပါ။

သူတို့၏ သွေးမျိုးဆက် စွမ်းအားသာလျှင် ခြားနားသွားခြင်း ဖြစ်၏။ သိုင်းသမားများဟာ အနက်ရောင်အလွှာကို ချိုးဖျက်ချင်လိုပါက အဆင့်ကြီးတစ်ခု ပိုမိုမြင့်မားနေခြင်း(သို့) အကြိမ်ကြိမ် ဖျက်ဆီးပြီး အနက်ရောင်အလွှာကို ကုန်ဆုံးစေရန်သာ လုပ်နိုင်ပေလိမ့်မည်။ (သို့) မီးအမျိုးအစား(သို့) ယန်အမျိုးအစား အတွင်းအားကို တတ်မြောက်ထားဖို့ လိုအပ်သည်။

ထိုအခါမှသာ သူတို့ဟာ အဆင့်တူသည့် အုပ်စိုးသူမိသားစု မျိုးဆက်များကို ခုခံနိုင်ရုံ ရှိပေလိမ့်မည်။ သိုင်းသမားတစ်ယောက်ဟာ အနက်ရောင်အလွှာကို ဖိနှိပ်နိုင်လောက်သည့် ယင်အတွင်းအားတစ်ခုကို တတ်မြောက်ထားလျှင်တော့ ချိုးဖျက်နိုင်ပါသည်။

သို့ရာတွင် ဤသည်မှာ မဖြစ်နိုင်လုနီးပါး ရှိနေ၏။ ယင်စွမ်းအင်ဟာ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက် သိုင်းသမားများကို ကြီးစွာ အားနည်းသွားစေသည်။ ပုံမှန်အားဖြင့် မည်သည့်သိုင်းသမားမှ ဆိုးကျိုးများသည့် ယင်အတွင်းအားကို ကျင့်ကြံမည် မဟုတ်ပါ။

အနက်ရောင်အလွှာကို ဖိနှိပ်နိုင်သည်အထိဆို ပိုဆိုး၏။ မည်မျှ အရည်အသွေးရှိသည့် ယင်အတွင်းအားကို လိုအပ်လိမ့်မည်နည်း။ ဖြစ်နိုင်တာက အုပ်စိုးသူ မိသားစု မျိုးဆက်များဟာ သိုင်းသမားအများစုအတွက် ကပ်ဘေးတစ်ခု ဖြစ်နေပေလိမ့်မည်။

ဒီဗိုင်းလက်နက်များဟာ လက္ခဏာရပ်နှင့် စွမ်းအားအတိုင်း အုပ်စိုးသူ မိသားစု မျိုးဆက်များ၏ ယင်စွမ်းအင်မှ ဖြစ်တည်လာသည့် အနက်‌ရောင်အလွှာဟာ အဆိပ်၊ သတ္တုဖင်း၊ သစ်သားဖင်း၊ မြေဖင်းနှင့် မည်သည့် မကောင်းသည့် စွမ်းအင်မည်သည်ကိုမဆို သယ်ဆောင်နိုင်သည်။

သို့ရာတွင် ယန်ဖင်းချီသယ်ဆောင်သူတော့ မရှိပါ။ မီးဖင်းချီ သယ်ဆောင်သူလည်း အလွန် နည်းပါး၏။ သီအိုရီအရ သာမန် သိုင်းသမားတစ်ယောက်ဟာ သူ၏ ခန္ဓာကိုယ်တွင် လုံလောက်သည့် ယင်စွမ်းအင်ကို စုစည်းပြီး အဆင့်မြင့်မားစွာ စုစည်းနိုင်ပါက အနက်ရောင်အလွှာနှင့် တူညီသည့် အရာတစ်ခုကို ဖွဲ့စည်းနိုင်သည့် မျှော်လင့်ချက်ရှိသည်။

အချို့ နိမ့်ပါးလာသည့် အုပ်စိုးသူ မိသားစု မျိုးဆက်အချိုဟာ သွေးမျိုးဆက်သန့်စင်မှု မလုံလောက်ခြင်း(သို့) ဒီဗိုင်းလက်နက်ဟာ ထိခိုက်ထားပြီး သွေးမျိုးဆက်ကို လှုံ့ဆော်ရုံနှင့် အနက်ရောင်အလွှာကို ဖွဲ့စည်းနိုင်ခြင်း မရှိသည်များ ရှိသည်။

သူတို့ဟာ အထူး လျှို့ဝှက်အတတ်ကို ကျင့်ကြံပြီးမှသာ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် အနက်ရောင်အလွှာကို တဖြည်းဖြည်း စုစည်းနိုင်ကြသည်။

ထိုသူများ၏ အနက်ရောင်အလွှာမှာတော့ ယင်စွမ်းအင်မှ လွဲ၍ အခြား မည်သည်ကိုမှ သယ်ဆောင်နိုင်ခြင်း မရှိပေ။ ဒီဗိုင်းလက်နက်၏ စွမ်းအားမရှိပဲ သိုင်းသမားတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် အနက်ရောင်အလွှာ ဖွဲ့စည်းလာရန် ခက်ခဲမှုမှာ ထိုနိမ့်ကျလာသည့် အုပ်စိုးသူမျိုးနွယ် မျိုးဆက်များထက်ပင် ခက်ခဲလှပါသည်။

သန့်စင်သည့် သိုင်းပညာ လမ်းစဉ်မှာတော့ လျှောက်လှမ်းရန် ပိုမိုကာပင် ခက်ခဲ၏။ အုပ်စိုးသူ မိသားစုများအတွက် မွေးရာပါ သွေးမျိုးဆက်ဟာ သူတို့၏ အနာဂတ်အောင်မြင်မှု ၉၀%လောက်ကို ဆုံးဖြတ်ပေးလေသည်။

သူတို့အတွက် ပိုမိုသန်မာလာချင်ပါက လုပ်ဆောင်ရန် အရေးအကြီးဆုံးအရာမှာ သွေးမျိုးဆက်၏ စွမ်းအားကို ဆက်တိုက် တူးဖော်နေခြင်း ဖြစ်သည်။ ထို့အပြင် ညစ်ညမ်းသည့် ချီကို စုပ်ယူခြင်းကလည်း အနက်ရောင်အလွှာကို အားဖြည့်ပေးနိုင်၏။

သို့ပေမယ့် ထိုကဲ့သို့သော အနက်ရောင်အလွှာမျိုးတွင် မသန့်စင်မှုများ ပါဝင်နေပါသည်။ နိမ့်ပါးသည့် အုပ်စိုးသူမိသားစု မျိုးဆက်များသာလျှင် လုပ်ဆောင်ကြသည်။

ထို့ကြောင့် မသေခြင်းဂိုဏ်းမှ ထိုလူများဟာ ယွမ်ကန်းကောင်တီရှိ အုပ်စိုးသူမိသားစု မျိုးဆက်များကို စောင့်ကြပ်နေတာ ဖြစ်ပေလိမ့်မည်။

ကျီပိုင်ဝေ၏ စကားအရ ထူးခြားမှုတွင် သန်မာမှုနှင့် အားနည်းမှုတို့ ရှိ၏။ အားနည်းပါက သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ပင်လျှင် ရှင်းလင်းနိုင်သည်။ သန်မာလျှင်တော့ လက်နက်သခင်များကိုပင် ပိတ်လှောင်ထားနိုင်၏။

ထို့ကြောင့် ပုံမှန်အခြေအနေမျိုးတွင် စွမ်းအားကြီးပုဂ္ဂိုလ် တစ်ယောက်ယောက်၏ ဦးဆောင်မှုမရှိပဲ အုပ်စိုးသူမိသားစု မျိုးဆက်များဟာ ထူးခြားမှုအတွင်းသို့ အလွယ်တကူ ဝင်ရောက်လိုခြင်း မရှိပါ။

“အစမ်းရှင်သန်မှု ပြီးဆုံးသည်။ သင်သည် အောက်ပါများထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်”

“၁။ ပါရမီ(မရွေးချယ်နိုင်)”

“၂။ စွမ်းရည်မှတ်ကို ရရှိခြင်း”

“၃။ ဘဝအတွေ့အကြုံကို ရရှိခြင်း”

“လက်ရှိကျန်ငွေ- ရွှေ၂၀လျန်”

“၂”

မည်သည့်ပါရမီမှ မရှိရာ ဟန်ကျောက်ဟာ တုံ့ဆိုင်းခြင်းမရှိပဲ စွမ်းရည်မှတ်ကို ရွေးချယ်လိုက်သည်။ ထူးခြားမှုမှာတော့ သူ့အနေနှင့် ယေဘုယျ တည်နေရာကို သိရှိပြီး ဖြစ်သည်။ နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်မံ အစမ်းရှင်သန်မှု ပြုပြီးပါက ပိုမိုကာ အကျွမ်းဝင်လာမှာ ဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် မှတ်ဉာဏ်ကို လစ်လျူရှုထားသည်။

“စွမ်းရည်မှတ် +၅”

“သိုင်းပညာများ- တောင်ခွဲဆေဘာအတတ်(တတိယအဆင့်၏ စတင်ခြင်းအဆင့် ၃၄%၊ အဆင့်မြှင့်တင်နိုင်)၊ သက်ရှည်ကျမ်း(တတိယအဆင့်၏ အသေးစားကျွမ်းကျင်မှုအဆင့် ၁၈%၊ အဆင့်မြှင့်တင်နိုင်၊ အထူးသက်ရောက်မှု- ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်၆၊ သန့်စင်သောယန် အဆင့်၁)”

“သက်ရှည်ကျမ်းကို အဆင့်မြှင့်တင်တာ ပိုကောင်းမယ်ထင်တယ်။ သန့်စင်သောယန် အစစ်အမှန်ချီက အရေးကြီးလွန်းတယ်”

ဟန်ကျောက်က ခဏတာ စဉ်းစားပြီးနောက် သက်ရှည်ကျမ်းကို မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။ ပထမဆုံး သူဟာ သွေးချီမြင့်တက်စေရန် သက်ရှည်ကျမ်းကို မြှင့်တင်မည် ဖြစ်သည်။ ဤနည်းအားဖြင့် တော်ခွဲဆေဘာအတတ် အဆင့်ချိုးဖျက်ပြီး ဒုတိယအဆင့် သွေးချီမြင့်တက်မှုသို့ ရောက်ရှိပါက သူ၏ သွေးချီဟာ နှစ်ဆလောက် မြင့်တက်နိုင်မှာ ဖြစ်သည်။

“သက်ရှည်ကျမ်းကို မြှင့်တင်မယ်”

သူက ရေရွတ်လိုက်သည်။ စွမ်းရည်မှတ်များ ကုန်ဆုံးသွားသည်နှင့်အမျှ သက်ရှည်ကျမ်း၏ တိုးတက်မှု ရာခိုင်နှုန်းဟာလည်း လျှင်မြန်စွာ မြင့်တက်လာခဲ့သည်။ ဟန်ကျောက်ဟာ သူ၏ ဝမ်းဗိုက်အောက်၌ ပူတက်လာသည်ကို ခံစားရ၏။ လူတစ်ကိုယ်လုံးလည်း ပူလောင်စွာ ခံစားလာရသည်။

“သိုင်းပညာများ- သက်ရှည်ကျမ်း(တတိယအဆင့်၏ အကြီးအစားကျွမ်းကျင်မှုအဆင့် ၂%၊ အဆင့်မြှင့်တင်နိုင်၊ အထူးသက်ရောက်မှု- ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်၇၊ သန့်စင်သောယန် အဆင့်၂၊ အသက်ရှည်ခြင်း နှစ်၁၀၀)”

သူ၏ သွေးချီဟာ ၅၀%လောက် တိုးမြင့်လာခဲ့သည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုလည်း အနည်းငယ် မြင့်တက်လာ၏။ စုစုပေါင်း သွေးချီမြင့်တက်မှုနှင့် သူဟာ မည်မျှ စွမ်းအားကြီးမားလာလဲ မသိပေ။ အသိသာဆုံးမှာ သူ၏ သက်တမ်းဟာ နောက်ထပ် နှစ်ပေါင်း၂၀ တိုးလာခဲ့သည်။

“သက်တမ်း- ၁၉/၁၈၈”

ဟန်ကျောက်ဟာ စနစ်မျက်နှာပြင်ပေါ်ရှိ သူ၏ သက်တမ်းကို ကြည့်သည်။ သူ၏ လက်ရှိသက်တမ်းဟာ ၁၈၈နှစ်အထိ မြင့်မားနေပါပြီ။

သူသိထားသည့် အချက်အလက်များအရ သာမန် သိုင်းသမားတစ်ယောက်၏ သွေးချီကာ အရိုးသန့်စင်မှု ပြီးပြည့်စုံခြင်း အဆင့်၌ ၁.၅၊ ပထမအဆင့် သွေးချီမြင့်တက်မှုအဆင့်၌ ၂.၅မှ ၃.၅၊ ဒုတိယအဆင့် သွေးချီမြင့်တက်မှုအဆင့်၌ ၃.၅မှ ၅.၅၊ တတိယအဆင့် သွေးချီမြင့်တက်မှုအဆင့်၌ ၄.၅မှ ၇.၅အထိ ရှိလေသည်။ ဒီအချိန်၌ သူဟာ သွေးချီချိုးဖျက်မှု ပထမအဆင့်၌သာ ရှိပါသေးသည်။

စုစုပေါင်း သွေးချီပမာဏကို ကြည့်ပါက ၅လောက်သို့ ရောက်နေပြီ ဖြစ်သည်။ တတိယအဆင့် သွေးချီချိုးဖျက်မှု အဆင့်နှင့် နှိုင်းယှဉ်နိုင်၏။

သွေးချီပမာဏဟာ တိုက်ခိုက်မှုခွန်အား၊ သက်တမ်း၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေနှင့် အစရှိသည်တို့ကို သက်ရောက်နိုင်သည်။ ထိုကဲ့သို့သော များပြားလှသည့် သွေးချီမျိုးနှင့် သိုင်းပညာများစွာကို စိတ်ရှိလက်ရှိ‌ လေ့ကျင့်ပြီး သက်ဆိုင်ရာ သွေးအမှတ်အသားများနှင့် သက်ဆိုင်ရာ အတွင်းအားတို့အဖြစ် ပြောင်းလဲနိုင်သည်။ အခြားလူများဟာ သွေးအမှတ်အသား တစ်မျိုးတည်းကိုသာ လေ့ကျင့်ပြီး အတွင်းအား တစ်မျိုးတည်းကိုသာ အထူးပြုကြသည်။

သို့ပေမယ့် သူ့တွင်တော့ သွေးအမှတ်အသားနှင့် အတွင်းအား ငါးမျိုး၊ ခြောက်မျိုးလောက် ရှိနိုင်ပါသည်။ ပမာဏနှင့် ဆိုလျှင်တောင် အပုံကြီးသာ၏။

ထို့အပြင် ခြားနားသည့် အတွင်းအားဟာ တစ်ခုနှင့်တစ်ခု အားဖြည့်နိုင်၏။ အတွင်းအားအဖြစ် ပေါင်းစပ်နိုင်ပါက ပိုမိုကာပင် စွမ်းအားကြီးမားမှာ ဖြစ်သည်။

အခြားလူများတွင် တောင်ဖြိုလက်သီးသိုင်းကဲ့သို့ အတွင်းအား ပေါက်ကွဲထွက်နိုင်သည့် သိုင်းပညာတစ်မျိုးသာ ရှိလျှင် ဟန်ကျောက်ဆီ၌ အတွင်းအားပေါက်ကွဲထွက်ကာ ကြာရှည်လည်း ခံသည့် နှစ်မျိုးစလုံး ရှိ၏။

ထို့နောက် သန့်စင်သောယန် အစစ်အမှန်ချီလည်း ရှိရာ ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ခုခံမည်လဲ။ ဖြစ်နိုင်တာက ရန်သူများဟာ အတွင်းအား ခြောက်မျိုးခုနစ်မျိုးကို ခုခံနိုင်မည်လား။

ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှုအဆင့်ရှိ သိုင်းသမားများဟာ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် တွင်းအားအလွှာတစ်ခုကို ဖုံးလွှမ်းထားနိုင်သည်။ ဤသည်က အနက်ရောင်အလွှာနှင့် မတူညီလောက်ပေ။

ထို့နောက် သူဟာတော့ အတွင်းအား ရှစ်မျိုး၊ ကိုးမျိုး၊ ဆယ်မျိုးလောက်ကိုပင် သုံးနိုင်သည်။ သာမန်ပါရမီရှင်တစ်ယောက် အနေနှင့် အတွင်းအား ဆယ်မျိုးလောက် ရရှိရန် နှစ်ပေါင်း တစ်ရာနှစ်ရာလောက် လိုမှာပါ။

သို့ပေမယ့် သူဟာ အနှိုင်းမဲ့သည့် ပါရမီရှင်တစ်ယောက် ဖြစ်သည်။ ဆယ်နှစ်လောက်သာ အချိန်ပေးရပါက ကျိုးကြောင်းဆီလျော်မှုရှိသည် မဟုတ်ပါလား။

ဆယ်နှစ်ဟာ ကြာရှည်သည်ဟု ဆိုနိုင်၏။ အုပ်စိုးသူ မိသားစု၏ တည်ရှိမှုကိုသာ မသိပါက ဟန်ကျောက်အနေနှင့် သူ၏အဆင့် တိုးတက်မှုအတွက်သာ အာရုံထားနေမှာ ဖြစ်သည်။

သို့ရာတွင် ယခုအချိန်၌ တိုက်ခိုက်မှုခွန်အား တိုးတက်မှုဟာ အလွန်အရေးကြီးသည်ဟု ခံစားရ၏။ မဟုတ်ပါက သူဟာ အတွင်းအားကို ဖမ်းဆုပ်ပြီးချိန်၌ အဆင့်တူညီသည့် အုပ်စိုးသူမိသားစု မျိုးနွယ်များကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

ထိုသို့ဆိုပါက သိုင်းပညာလေ့ကျင့်တာ ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။ တိုက်ခိုက်ပါက သူဟာ အသန်မာဆုံးသာ ဖြစ်ချင်ပါသည်။

“ဒီလောက်များတဲ့ သွေးချီတွေကို တောင်ခွဲဆေဘာအားရဲ့ သွေးအမှတ်အသားအဖြစ် ပြောင်းလဲရမှာ နည်းနည်းဖြုန်းတီးရာ ကျသလိုပဲ။ နောက်ထပ် တောင်ဖြိုလက်သီးသိုင်းကို လေ့ကျင့်ပြီး အတွင်းအားနှစ်ခုကို ပေါင်းရမယ်”

“မဟုတ်ရင်လည်း ခြေထောက်သိုင်းတစ်ခုခုကို လေ့ကျင့်ပြီး လှုပ်ရှားမှုကို အဆင့်မြှင့်တင်ရမယ်။ ခြေလှမ်း သိုင်းပညာကို ဘယ်ကရှာရင် ကောင်းမလဲ”

ဟန်ကျောက်က စဉ်းစားသည်။

All Chapters