ရောင်းဝယ်မှု)
Vol. 6 Ch. 83
“ငွေကြေးနှင့် ဖြေရှင်းလို့ရသည့် ပြဿနာဟာ ပြဿနာမဟုတ်ပေ။ သင်လုပ်ရမည်ကား ငွေများများရှာကာ ပိုက်ဆံထည့်ရန်သာဖြစ်သည်”
စနစ်၏ အချက်ပေးချက်က ပေါ်လာ၏။ ဟန်ကျောက်က ခေါင်းကိုယမ်းကာ ရယ်သည်။ မှင်နက်မြွေနတ်ဆိုးအသားကို ထားကာ ယင်ဖင်းလက်ဝါးသိုင်းအား လေ့ကျင့်ရန် ခြံဝန်းဆီသို့ လျှောက်ထွက်ခဲ့၏။
ယင်ဖင်းလက်ဝါးသိုင်း၏ အစွန်းရောက် ယင်နှင့်ဆိုးယုတ်ခြင်း ယင်အတွင်းအားအား ကျင့်ကြံရန်အတွက် ယင်ဖင်းစွမ်းအင် မရှိပေမယ့် အခြား အကျိုးကျေးဇူးများ ရှိနေပါသေးသည်။
ဘာပဲဖြစ်ဖြစ် သူဟာ ဝိညာဉ်အဆီအနှစ်လုံးမှ စုဆောင်းထားသည့် ယင်စွမ်းအင်များကို ဒီသိုင်းပညာအတွက် အသုံးပြုမည် မဟုတ်ပါ။ အစမ်းရှင်သန်ရန်ပင် မလောက်ပေ။ ၎င်းကို အသုံးပြုကာ သိုင်းကျင့်နေခြင်းက မှားယွင်းသည့် လုပ်ဆောင်ချက်ဖြစ်မှာပါ။ ဦးနှောက်မရှိမှ လုပ်ပေလိမ့်မည်။
အရင်ဆုံး သူဟာ ယင်ဖင်းလက်ဝါးသိုင်းကို ဒုတိယအဆင့် ပြီးပြည့်စုံသည့်အဆင့်အထိ လေ့ကျင့်ရပေမည်။ ထို့နောက် အစမ်းရှင်သန်မှုမှ လုံခြုံမှုရှိမည့် ထူးခြးမှုနေရာကို ရှာကာ ယင်ဖင်းစွမ်းအင်တို့ကို တစ်ခါတည်း စုပ်ယူမည်ဖြစ်သည်။ နောက်ဆုံးတွင် တစ်ခါတည်း တတိယအဆင့်သို့ ချိုးဖျက်နိုင်မှာ ဖြစ်၏။
သူ၏ တတိယအဆင့် သွေးချီချိုးဖျက်မှုနှင် နှိုင်းယှဉ်နိုင်သည့် စွမ်းအားကြီး သွေးချီနှင့် သိုင်းပညာများ၏ ပထမနှစ်ဆင့်လောက်ကို အလွယ်တကူ ကျင့်ကြံနိုင်ပါသည်။
ဤသည်မှာ သိုင်းအဆင့်နှင့် သွေးချီများပြားခြင်း၏ ကြီးမားသည့် အားသာချက်ဖြစ်၏။ သူ၏ ကြိုးစားအားထုတ်မှုက အရေးကြီးပါသည်။ သို့ပေမယ့် မှန်ကန်သည့် လမ်းကြောင်းကို ရွေးချယ်ရန်မှာလည်း အရေးကြီး၏။
ဤနည်းအားဖြင့် ဟန်ကျောက်ဟာ ကောင်းကင်တစ်ခွင် လုံးဝမှောင်သည်အထိ ကျင့်ကြခဲ့သည်။
“သိုင်းပညာများ- ယင်ဖင်းလက်ဝါးသိုင်း (ပထမအဆင့် စတင်ခြင်းအဆင့် ၅%၊ အဆင့်မြှင့်တင်နိုင်)”
ဟန်ကျောက်ဟာ ပထမဆုံးအကြိမ် သူတောင်ခွဲဆေဘာအတတ်ကို လေ့ကျင့်ခဲ့စဉ်အား ပြန်လည်စဉ်းစားမိ၏။ အသေးစားကျွမ်းကျင်မှုအဆင့်အား ရောက်ရှိရန် သုံးလတာ အချိန်ကြာခဲ့သည်။ မနေနိုင်ပဲ သက်ပြင်းချခဲ့၏။
“အမည်- ယုနျန်(ရေခဲတေးသီငှက်- တစ်ဝက်တစ်ပြတ်နတ်ဆိုး)”
“ကျင့်စဉ်များ- သက်ရှည်ကျမ်း (ပထမအဆင့် စတင်ခြင်းအဆင့် ၃%၊ အဆင့်မြှင့်တင်နိုင်)”
ခဏအကြာ၌ စနစ်မျက်နှာပြင်ပေါ်ရှိ အချက်အလက်များလည်း ပြောင်းလာ၏။
“မနက်ဖြန်ကျရင် ကျောက်စိမ်းလေမြို့ကို ငါသွားဦးပြီး ရွှေနက်ကိစ္စကို လုပ်ရမယ်”
ဟန်ကျောက်က စဉ်းစားသည်။
‘အိုးဒါနဲ့’
သူဟာ ခရီးထွက်မည့် ကိစ္စအား လုယီကို မပြောရသေးပေ။ နေ့လည်ပိုင်းတွင် ရှလင်အား လေ့ကျင့်ရန် ညွှန်ကြားပေးနေခဲ့ရ၏။
နောက်တစ်နေ့တွင် ဟန်ကျောက်ဟာ မနက်စောစော၌ တောင်ဖြိုလက်သီးသိုင်းကျောင်းသို့ သွားရောက်ပြီး လုယီကို ခဏ ခရီးထွက်မည့်အကြောင်းအား ပြောသည်။ လုယီက သူ့ကို ဟာသနှောကာ ကြိမ်းမောင်းပြီး အပြင်ဘက်တွင် သေမလာရန် ပြော၏။
ဒီလောကကြီးတွင် သေခြင်းရှင်ခြင်းကို ကံတရားက ဆုံးဖြတ်သည်။ ချမ်းသာမှုဟာ ကိုယ်ကိုယ်တိုင်အပေါ်တွင် မှီခို၏။
ဟန်ကျောက်ဟာ သိုင်းကျောင်းမှ ထွက်ခွာပြီးနောက် မြို့တွင်းပိုင်းရှိ ရှအိမ်ဆီသို့ သွားရောက်ကာ ကျန်ရှိသည့် မှင်နက်နတ်ဆိုးမြွေအသား ၃ကတ်တီကို ရှလင်အား ပေးသည်။
“မောင်လေးဟန်.. ဂရုစိုက်နော်.. စောစောပြန်လာခဲ့”
ဟန်ကျောက်၏ ခရီးထွက်မည့်အကြောင်းကို သိရပြီးနောက် ရှလင်က အများကြီး မေးမြန်းခြင်းမပြုပါ။ စိုးရိမ်စွာဖြင့်သာ ကြည့်၏။
“အင်းပါ”
ဟန်ကျောက်က ပြုံးသည်။ လက်ကိုဆန့်ကာ ရှလင်၏ ပါးလေးကို ထိ၏။ သူမ၏ ပါးဖောင်းဖောင်းလေးက လူကို ဆွဲညှစ်ချင်စိတ် ဖြစ်စေသည်။
“ဒီအချိန်အတွင်း အစ်မလည်း ကြိုးစားလေ့ကျင့်နော်။ သွေးသန့်စင်ခြင်းအဆင့်ကို တစ်ခါတည်း ချိုးဖျက်နိုင်ရင် အကောင်းဆုံးပဲ။ မဟုတ်ရင်လည်း အရမ်းမလောနဲ့။ ဟိုဟာကိုပဲ အရင်လေ့ကျင့်ထား”
ဟန်ကျောက်က မျက်လုံးမှိတ်ပြကာ ပြောသည်။
“အဲ့.. အင်း”
ရှလင်ဟာ အနည်းငယ် ရှက်ရွံ့နေပေမယ့် လက်ခံဆဲ ဖြစ်သည်။ ဟန်ကျောက်ဟာ နောက်သို့လှည့်ကာ ထွက်ခွာရင်း လက်ပြခဲ့၏။
…
တစ်လနှင့်တစ်ဝက်ခန့် ကြာပြီးနောက်..
ကျောက်စိမ်းလေမြို့၏ အဆုံးမဲ့ရတနာစံအိမ်ရှိ စတုတ္ထအထပ် အခန်းတစ်ခန်းတွင်…
ဖန်းလင်ဟာ စားပွဲပေါ်တွင် ရှည်လျားသည့် သစ်သားသေတ္တာတစ်ခုကို တင်ထားသည်။ ဖွင့်လိုက်ပြီးနောက် သေတ္တာအလယ်တွင် သစ်သားပြားတစ်ခုကို တွေ့ရ၏။
ဘယ်ဘက်ရှိ နေရာကျယ်တွင် လက်သီးအရွယ်ခန့် နက်မှောင်သည့် ကျောက်တုံးများ ရှိကာ ညာဘက်ရှိ နေရာကျဉ်းတွင် အရောင်စုံသည့် သတ္တုအချို့တို့ ရှိသည်။ အားလုံးကို ပေါင်းလိုက်ပါက ၃၀၊ ၄၀ကတ်တီလောက် ရှိ၏။
“ညီလေးသင်း.. ဒါတွေက မင်းလိုချင်တဲ့ ရွှေနက်၃၀ကတ်တီ။ သံနက်၊ သန့်စင်သောသံနဲဲ့ အခြားလိုအပ်တာတွေလည်း နည်းနည်းစီပါတယ်။ အားလုံးစုံတယ်”
ဖန်းလင်က သေတ္တာအတွင်းရှိ သတ္တုများကို ယူကာ တစ်ခုပြီးတစ်ခု ပြသည်။ ထို့နောက် တိုင်းတာခြင်း ကိရိယာနှင့် တိုင်းတာပြ၏။ ဒီတစ်ကြိမ်တွင် သင်းရှုံလိုအပ်သည့် ပစ္စည်းများကို ဝယ်ယူရန်အတွက် ဖန်းမိသားစုဟာ အဆက်အသွယ် အများအပြားနှင့် ကြိုးပမ်းခဲ့ရသည်။
ဤသည်မှာ သင်းရှုံနှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာစေရန် ဖြစ်၏။ ထိုစကားကို ကြားရပြီးနောက် ဟန်ကျောက်က လေးနက်စွာ ပြောသည်။
“ကျေးဇူးတင်ပါတယ် စီမံသူဖန်း.. ဖန်းမိသားစုရဲ့ ကျေးဇူးကို ကျွန်တော်မှတ်သားထားမှာပါ။ အပေါ်ယံတွေ ကျွန်တော်မပြောချင်ဘူး။ နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော် ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစားကျွမ်းကျင်မှုကို ရောက်ပြီးရင် ဖန်းမိသားစုက လိုအပ်တာတစ်ခုခု ရှိတာနဲ့ ကျွန်တော့ကိုလာရှာလို့ရတယ်”
“ညီလေးသင်းက အရမ်းကြီး လေးနက်နေပြန်ပါပြီ။ ကျွန်တော်တို့ ဖန်းမိသားစုက စီးပွားရေးကိစ္စကို အမြဲတမ်း တံခါးဖွင့်ထားတာပါ။ မင်းလို လူငယ်သူရဲကောင်းတွေနဲ့ ရင်းနှီးရတာကို နှစ်သက်ရုံပါ”
ဖန်းလင်က မနေနိုင်ပဲ ပြုံးသည်။ နှစ်အနည်းငယ်အတွင်းတွင် ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်မည်ဟူသည့် စကားကို ကြားရပြီးနောက် သူ၏အပြုံးက ပိုမိုတောက်ပလာ၏။
“ဒါက သတ္တုတွေအတွက် ကုန်ကျမှုပါ။ စီမံသူဖန်း.. ကျေးဇူးပြုပြီး ရေကြည့်ပေးပါဦး”
ဟန်ကျောက်က ဘဏ်စာရွက် ၄၀တို့ကို ပေးသည်။ စီမံသူဖန်းက ဘဏ်စာရွက်များကို ယူကာ အကြမ်းဖျင်းသာ အထူကို ညှစ်ကြည့်သည်။ ရေတွက်ခြင်းမပြုပေ။ ထို့အပြင် ဘဏ်စာရွက် ဆယ်ခုတို့ကိုပင် ပြန်ပေးခဲ့သေး၏။
“ညီလေးသင်းက ကျွန်တော်တို့ ဖန်းမိသားစုကို မိတ်ဆွေလို သဘောထားမှတော့ ဒီတစ်ကြိမ်လည်း ဈေးလျှော့ပေးရတာပေါ့”
ဖန်းလင်က ပြုံးသည်။
“ဒါဆိုရင်လဲ ကျွန်တော့ဘက်က ငြင်းနေရင် မယဉ်ကျေးရာ ကျနေပါတော့မယ်”
ဟန်ကျောက်က ဘဏ်စာရွက်များကို ယူသည်။ မနေနိုင်ပဲ သက်ပြင်းချမိ၏။
အရင်တုန်းက သူဟာ လစဉ်လတိုင်း ငွေအပိုတစ်လျန်လောက် ရရှိရန် ကလေးများကို နှစ်ဝက်လောက် သင်ကြားပေးခဲ့ရသည်။ ယခုတော့ မျက်နှာပန်းတစ်ခုက ငွေတစ်ထောင်ကျော် တန်၏။
“ညီလေးသင်း.. အဆင့်မြင့်အရည်အသွေးနဲ့ လက်နက်ထုဖို့များ ပြင်ဆင်နေတာလား။ ကျွန်တော်တို့ ဖန်းမိသားစုမှာ လက်ရာမြောက်တဲ့ ထုလုပ်မှုစကေးနဲ့ ပညာရှင်အနည်းငယ် ရင်းနှီးထားတာရှိတယ်။ အကူအညီလိုရင် ပြောနော်”
ဖန်းလင်က စကားပြောင်းကာ စူးစမ်းစွာ မေးသည်။ ထိုစကားကို ကြားရပြီးနောက် ဟန်ကျောက်၏ နှလုံးသားက အခုန်မြန်သွား၏။ ပြီးနောက် လျှင်မြန်စွာ တုံ့ပြန်လာသည်။
“ဖန်းမိသားစုရဲ့ ကြင်နာမှုအတွက် ကျွန်တော်ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ သခင်မလေးက ကျွန်တော့အတွက် လက်နက်ထုလုပ်ဖို့ မိသားစုက ပန်းပဲဆရာအိုကြီးတစ်ယောက်ကို ရှာပေးထားပြီးပါပြီ”
“ကျွန်တော်သိပါပြီ။ ကျီမိသားစုနဲ့ယှဉ်ရင် ဒီက ပညာရှင်တွေက တကယ်ပဲ မပြောပလောက်ပါဘူး”
ဖန်းလင်က ရယ်မောကာ ပြော၏။ ထိုအဖြေက တစ်ဖက်လူအား ကျေနပ်မှု မပေးနိုင်လောက်ကြောင်းကို ဟန်ကျောက် သိပါသည်။ ထို့ကြောင့် ထပ်ပေါင်းပြော၏။
“အခု ကျွန်တော်က ယွမ်ကန်းကောင်တီမှာ အခြေချနေတာ။ ကျောက်စိမ်းလေမြို့၊ ကျားယွမ်မြို့နဲ့ ကျောက်နက်မြို့တွေကို တာဝန်ချို့နဲ့ မကြာခဏ ဖြတ်သွားဖြတ်လာ လုပ်ဖြစ်တယ်။ နောက်တစ်ကြမ် ပူးပေါင်းဖို့ လုပ်ငန်းတွေရှိလာရင် ဖန်းမိသားစုဆီကို ဦးစားပေးပြီး လာပါမယ်”
“အဲ့လိုဆိုရင်.. ဝမ်းမြောက်စရာ ပူးပေါင်းမှုတစ်ခုဖြစ်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်”
ဖန်းလင်က ရယ်၏။ သင်းရှုံးဟာ ကျီမိသားစုဝင်တစ်ယောက် ဖြစ်ကြောင်းကို အခြေခံအားဖြင့် သူအတည်ပြုနိုင်ပါသည်။
ဘာပဲဖြစ်ဖြစ် အုပ်စိုးသူမိသားစု မျိုးဆက်သာလျှင် သွေးသန့်စင်ခြင်းအဆင့်ရှိ ပြီးပြည့်စုံသည့် အတွင်းအား သိုင်းပညာကို ထုတ်ရောင်းနိုင်ပြီး လက်နက်တစ်ခု ထုပ်လုပ်ရန် ငွေ၇၀၀၀၊ ၈၀၀၀လျန်ကို အသုံးပြုမည် ဖြစ်သည်။
ဖန်းလင်ကိုယ်တိုင်ပင် အချို့စီးပွားရေး လုပ်ငန်းများမှလွဲ၍ ငွေကြေးဆိုပါက ငွေတစ်သောင်းလျန်လောက်သာ ထုတ်ယူနိုင်ရုံ ရှိပါသည်။
သူဟာ ခွန်အားသန့်စင်ခြင်းအဆင့်ရှိ သိုင်းသမားတစ်ယောက် ဖြစ်၏။ ဒီသင်းရှုံဟာ လျန်နိုင်ငံ၏ ကောင်းကင်စီရင်စုဆီသို့ ပြန်ပြီးပါက အနာဂတ်တွင် မည်မျှ သန်မာလာစေကာမူ သူတို့ ဖန်းမိသားစုနှင့် ဘာမှ အဆက်အဆံမရှိမှာကို သူစိုးရိမ်ပါသည်။ သူ၏အဆင့်တွင် အုပ်စိုးသူမိသားစုများ အကြောင်းကို သိနေပြီးဖြစ်၏။
‘ကျီမိသားစုကို မျက်နှာသာမပေးပဲ နေရဲတာ အုပ်စိုးသူကြီးမိသားစု ငါးခုပဲရှိတယ်။ သင်းချိုးသာ ယွမ်ကန်းကောင်တီမှာ အမြဲတမ်း အထိုင်ချနေရရင် နောင်မှာ သေချာပေါက် ထိတွေ့မှုတွေ ရှိနေမှာ’
“စီမံသူဖန်း… ကျွန်တော် လက်နက်ထုဖို့ အလျှင်လိုနေလို့.. အဲ့ဒါကြောင့် အရင် ပြန်နှင့်ပါဦးမယ်”
ဟန်ကျောက်က နှုတ်ဆက်သည်။
“ညီလေးသင်း.. ဒီလောက် အဖိုးတန်ပစ္စည်းတွေအများကြီး တယ်ထားတာ.. လိုက်ပို့ဖို့ လူလိုသေးလား မသိဘူး” ဖန်းလင်က အကြံပေးသည်။ သူ၏ပုံစံက စိတ်ရင်းနှင့်ဖြစ်ကာ သင်းရှုံးနှင့် ပိုမိုရင်းနှီးမှုရချင်သည့် ပုံပါ။
“အဲ့ဒါတော့ ရပါတယ်။ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားထဲမှာ ကျွန်တော်ဂရုစိုက်တာ သိပ်မရှိဘူး။ သာမန် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားကိုလည်း ရင်ဆိုင်ဖို့ ကျွန်တော့မှာနည်းလမ်းအချို့ ရှိပါတယ်”
ဟန်ကျောက်၏ ပုံစံက ဆန်းကြယ်၏။
“စီမံသူဖန်းလိုအဆင့်မျိုးကို ရင်မဆိုင်နိုင်ပေမယ့်.. အစ်ကိုတို့အဆင့်မှာ ကျွန်တော်တို့ အုပ်စိုးသူမိသားစုရဲ့ တည်ရှိမှုကို သေချာပေါက် နားလည်နေပြီးလောက်ပြီ”
“ကျီမိသားစုကို မျက်နှာသာမပေးရဲပဲ နေမှာလား။ မဟုတ်ရင်တောင် ငွေ၁၀၀၀၀လျန်လောက်နဲ့ ကျွန်တော့ကို မတိုက်ခိုက်လောက်ပါဘူး”
“ညီလေးသင်းပြောတာ တကယ်မှန်တယ်”
ဖန်းလင်၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာပြန်၏။ ဝေနိုင်ငံတွင် စိတ်ဝိညာဉ်သားရဲမိသားစု ငါးခုနှင့် ဒီဗိုင်းလက်နက်မိသားစု ဆယ်ခုတို့ ရှိကြောင်းကို သိုင်းသမားအများကြီး မသိပေ။
ယခုကဲ့သို့ ငယ်ငယ်ရွယ်ရွယ်နှင့် သင်းရှုံ့ဟာ အလွန်ချင့်ချိန်တတ်၏။ သူ၏ စကားလုံးများနှင့် အပြုအမူတို့ဟာ အလွန်ပါးနပ်သည်။ အုပ်စိုးသူမိသားစုမှ မဟုတ်လျှင်တောင် သူဟာ အနာဂတ်တွင် လူအများကြားမှ သူရဲကောင်းတစ်ယောက် ဖြစ်လာမှာဖြစ်၏။ မိတ်ဆွေဖွဲ့ရန် ထိုက်တန်ပါသည်။
“စီမံသူဖန်း.. နောက်မှတွေ့ပါမယ်”
ဟန်ကျောက်က သစ်သားသေတ္တာကို ယူကာ နောက်ကျောတွင် လွယ်သည်။
“ညီလေးသင်း.. အစ်ကိုလိုက်ပို့ပေးမယ်”
ဖန်းလင်က ဟန်ကျောက်ကို လှေကားအောက်မှ အဝအထိ လိုက်ပို့ပေး၏။