← Chapters

(အစမ်းရှင်သန်မှု ထပ်မံပြုခြင်း)

Vol. 6 Ch. 84

(အစမ်းရှင်သန်မှု ထပ်မံပြုခြင်း)

Vol. 6 Ch. 84

“စီမံသူဖန်း.. ကျေးဇူးပြုပြီး ခဏ”

ဟန်ကျောက်က ဖန်းလင်ကို ဆက်လက်လိုက်မပို့ရန် လက်ဟန်ပြသည်။

“ဒီလူက ဘယ်သူလဲ။ ဖန်းမိသားစုရဲ့ သိုင်းသခင်က ကိုယ်တိုင် လိုက်ပို့တာလား”

“သူ့အသက်ကိုကြည့်ရတာ ငယ်ငယ်ပဲ။ မိသားစုကြီးတစ်ခုရဲ့ မျိုးဆက်ဖြစ်မယ်”

“ဘယ်လိုမိသားစုမျိုးက ဒီလောက်တောင် စွမ်းအားကြီးတာလဲ။ စီရင်စုမြို့တော်ကများလား”

ခန်းမအတွင်းရှိ လူတိုင်းက ချက်ချင်းပင် ဆွေးနွေးကြသည်။

ဟန်ကျောက်၏ ပုံစံက ပြောင်းလဲခြင်းမရှိပဲ မြို့ထဲရှိ တထုန်ဘဏ်ဆီသို့ အမြန်လျှောက်ခဲ့၏။ ဖန်းမိသားစုဟာ အမှန်တကယ်ကို မဆိုးလှပေ။ နောင်တွင် အခွင့်အရေးရှိပါက သင်းရှုံအဖြစ်ဖြင့် ပူးပေါင်းနိုင်၏။

အစက သူဟာ ဒီတစ်ကြိမ် ကုန်ကြမ်းများကို ဝယ်ယူရန်အတွက် ငွေ၈၀၀လျန်နီးပါး သုံးရန် လိုခဲ့သည်။ ယခုတော့ ငွေ၇၀၀၀သာလျှင် သုံးခဲ့ရ၏။ သူ့ဆီတွင် ငွေ၇၀၀၀လျန် ကျန်ပါသေးသည်။ အလုပ်ပြီးပြီဖြစ်ရာ ကျန်သည်များကို ငွေဖြည့်လို့ရပါသည်။

“စနစ်.. ငွေဖြည့်မယ်”

“လက်ရှိကျန်ငွေ- ရွှေ၃၂၀လျန်”

ကျောက်စိမ်းလေမြို့မှ ထွက်ခွာပြီးနောက် ဟန်ကျောက်ဟာ ပိုက်ဆံအားလုံးတို့ကို ရွှေ၃၀၀လျန်အဖြစ် ထည့်လိုက်သည်။ သူ့တွင် ငွေ၃၈၀၀လျန် ကျန်ပါသေးသည်။ ထို့နောက် သူဟာ သက်ရှည်ကျမ်း၏ အစစ်အမှန်ချီကို လှည့်လည်ပြီး အမြန်ပြေးခဲ့၏။

ကျောက်စိမ်းလေမြို့မှ ကိုးသွယ်တောင်ဆီသို့ အပြန်ခရီးဟာ နေ့လည်ခင်းတစ်ခုလုံး ကြာခဲ့သည်။ လမ်းတွင် သူဟာ အခြေခံအားဖြင့် အကြာကြီး အနားယူခဲ့ခြင်း မရှိပေ။

ညနေပိုင်းတွင် ဟန်ကျောက်ဟာ ကိုးသွယ်တောင်ဆီသို့ ရောက်ရှိပြီး ပစ္စည်းများကို လင်းယုန်ပျိုးထောင်ခြင်း စံအိမ်ဆီသို့ ပို့ပေးသည်။ ကျုခန်ရှန်းအား ကိုယ်တိုင်ပေး၏။

ကျုခန်ရှန်းဟာ ထုလုပ်ရန်အတွက် သတ္တုများကို ကြိုတင်သန့်စင်ထားဖို့ လိုအပ်သည်။ ကျိုကျိုးက သတ္တုများကို ပေးလိုက်သည်နှင့် စတင် အလုပ်လုပ်၏။

လင်းယုန်ပျိုးထောင်ခြင်းစံအိမ်မှ ထွက်ခွာလာပြီးနောက် ဟန်ကျောက်တစ်ယောက် သူ့အား လူတစ်ယောက် စောင့်ကြည့်နေမှုကို နားလည်လိုက်သည်။ သူဟာ သတိကြီးစွာဖြင့် အိမ်သို့ ပြန်ခဲ့၏။ အိမ်သို့ ရောက်ရှိပြီးနောက် သူ၏အာရုံက စနစ်မျက်နှာပြင်ပေါ်သို့ ကျရောက်သွားသည်။

“အချက်ပေးအပိုင်းအစ ၁၂၀တို့ကို စုဆောင်းထားသည်။ သင်သည် အစမ်းရှင်သန်ခွင့် တစ်ကြိမ်ကို ပေါင်းစပ်မည်လား”

“တစ်ကြိမ်ပေါင်းစပ်ခြင်း- အချက်ပေးအပိုင်းအစ ၃၅ခုနှင့် ရွှေ၂၀လျန်တို့ကို အသုံးပြုကာ..”

“သင်သည် တစ်ကြိမ်သုံး အခြေခံဝင်ရောက်ခွင့်(အစမ်းရှင်သန်ခြင်း)ကို ရရှိသည်။ အဖြူရောင်ပါရမီကို ရနိုင်ချေမှာ ၇%သို့ တိုးလာခဲ့သည်။ အစိမ်းရောင်ပါရမီကို ရနိုင်ချေမှာ ၅%သို့ တိုးလာခဲ့သည်။ အပြာရောင်ပါရမီကို ရနိုင်ချေမှာ ၄%သို့ တိုးလာခဲ့သည်။ ခရမ်းရောင်ပါရမီကို ရနိုင်ချေမှာ ၃%သို့ တိုးလာခဲ့သည်။ လိမ္မော်ရောင်ပါရမီကို ရနိုင်ချေမှာ ၂%သို့ တိုးလာခဲ့သည်”

လွန်ခဲ့သည့် တစ်လနှင့်တစ်ဝက်က သူ၏သက်ရှည်ျကမ်းဟာ အဆင့်ချိုးဖျက်ခဲ့ပြီး အပြင်ပိုင်း ကျင့်ကြံသူများ၏ ဒုတိယအဆင့် သွေးချီချိုးဖျက်နှုအဆင့်နှင့် တူညီ၏။ ထို့ကြောင့် အစမ်းရှင်သန်မှုဟာ တန်ကြေးမြင့်သွားပြန်သေလည်။

ဒီတစ်ကြမ်မှာ ရွှေ၁၀လျန်တိုးလာခဲ့သည်။ လိမ္မော်ရောင်ပါရမီအား ရနိုင်ချေလည်း ပေါ်လာခဲ့၏။ ဒီအချိန်အတွင်းတွင် သူဟာ အချက်ပေးအပိုင်းအစ ၁၂၀တို့ကို စုဆောင်းခဲ့ပြီး ဖြစ်သည်။

ယင်စွမ်းအင်လုံးထဲတွင် ထောယွမ်ရွာမှ စုဆောင်းထားသည့် ယင်စွမ်းအင် လေးပုံတစ်ပုံ ကျန်ပါသေးသည်။ ဝိညာဉ်အဆီအနှစ်လုံးဟာ ယင်စွမ်းအင်ကို အလိုလို စုပ်ယူပြီး နှစ်ဝက်ကြာတိုင်းတွင် အပိုင်းအစ ၂၀လောက် ရတတ်၏။

ဆယ်ကြိမ်ဆက်တိုက် ပေါင်းစပ်ပါက အဆင့်မြင့်အဆင့် ဝင်ရောက်ခွင့် ပေါ်လာနိုင်သည့် အခွင့်အရေးရှိရာ သူဟာ လုံလောက်သည့် အပိုင်းအစများအား စုထားပြီး ဆယ်ကြိမ်‌ ပေါင်းစပ်ချင်လေသည်။

သို့ရာတွင် ဒီတစ်ကြိမ်၌ ဝယ်ယူလာသည့် ပစ္စည်းများဟာ ဈေးကြီးလှရာ လုံခြုံရေးအတွက် အစမ်းရှင်သန်မှု ပြုရပေမည်။

“ပေါင်းစပ်မယ်.. အစမ်းရှင်သန်မှု စတင်မယ်”

“အသက်၁၉နှစ်တွင် သင်သည် ကျောက်စိမ်းလေမြို့မှ ပြန်ကာ ထုလုပ်ခြင်း ကုန်ကြမ်းများကို ကျုခန်ရှန်းကို ပေးသည်။”

“ကျောက်နက်မြို့မှ ပြန်ပြီးနောက် ကျန်းထန်ဝမ်ဟာ သွေးသန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်ပြီးဖြစ်ကြောင်းကို သူသိရသည်”

“ငါးရက်ကြာပြီးနောက် ကျန်းထန်ဝမ်၏ သိုင်းကျောင်းများအကြား ပြိုင်ပွဲတွင် စွမ်းဆောင်ရည်မှာ မဆိုးလှကြောင်းကို သင်တွေ့ရသည်”

“တစ်လကြာပြီးနောက် ကျုခန်ရှန်းက သင့်ကို စာပို့ကာ ချီရှင်းဟာ ရက်သုံးဆယ်လေးဆယ်လောက် အကြာတိုင်းတွင် ကိုးသွယ်မြို့သို့ သွားရောက်လေ့ရှိကြောင်းကို အကြောင်းကြားသည်။ နောက်ရက်၃၀လောက် အကြာတွင် ထပ်မံသွားမည်ဟု ဆိုထား၏”

“နောက်တစ်လကြာပြီးနောက် ကျုခန်ရှန်းက သင့်ကို လင်းယုန်ပျိုးထောင်ခြင်းစံအိမ်သို့ လာရောက်ရန် လူလွှတ်အကြောင်းကြားသည်။ သင်ရောက်ရှိပြီးနောက် နှိပ်စက်ခံထားရသည့် ကျုခန်ရှန်းကို တွေ့ရ၏။ ကြောက်စရာကောင်းလောက်အောင် အခြေအနေဆိုးနေပေမယ့် တစ်ဖက်လူဟာ သင့်ကို သစ္စာမဖောက်ခဲ့ပေ”

“ထိုအချိန်၌ ချီရှင်းနှင့် အခြား သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတို့ ပေါ်လာပြီး သင့်ကို တိုက်ခိုက်ကြသည်။ သင်က သူတို့နှစ်ယောက်ကို အလွယ်တကူ အသာစီးရ၏။ သတ်ဖြတ်တော့မည့် အချိန်၌ မုန့်မိသားစုမှ မုန့်ကျစ်ပေါ်လာပြီး သင်၏ သတ်ဖြတ်မှုကို တားဆီးသည်”

“သင်သည် သုံးယောက်တစ်ယောက် တိုက်ခိုက်ပြီး အသာစီးရနေဆဲ ရှိ၏”

“ရုတ်တရက် မုန့်မိသားစုမှ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမား ပေါ်လာပြီး သင့်ကို အနောက်မှ အလစ်အငိုက် တိုက်ခိုက်သည်။ ဒဏ်ရာအပြင်းအထန် ရသွားစေ၏”

“သင်သည် လေးယောက်တစ်ယောက် တိုက်ခိုက်ခဲ့ပြီး အရင်ဆုံး သုံးယောက်ကို သတ်ဖြတ်ခဲ့သည်။ နောက်ဆုံးတွင် ဓါးထုတ်ခြင်းအတတ်ကို အသုံးပြုကာ မုန့်မိသားစု၏ သိုင်းသခင်နှင့်အတူ သေဆုံးခဲ့သည်”

“ကြည့်ရတာ ကျုခန်ရှန်းနဲ့ မကြာခဏ ဆက်သွယ်မှုက နဂါးပျံအဖွဲ့ကို သံသယဝင်သွားစေခဲ့ပုံပဲ။ ဒါပေမယ့် မုန့်မိသားစုက ဘယ်လိုလုပ်ပြီး ပါလာတာလဲ”

ဟန်ကျောက်၏ ပုံစံက မဲမှောင်သွား၏။

“ဖြစ်နိုင်တာက ငွေထောင်ဂဏန်းလောက်ရှိတဲ့ ပစ္စည်းလေးက အရမ်းဆွဲဆောင်နိုင်တာလား.. ဒါမှမဟုတ်.. သူတို့လည်း နဂါးပျံအဖွဲ့နဲ့ အကျိုးတူရှိတာလား”

“အစမ်းရှင်သန်မှု ပြီးဆုံးသည်။ သင်သည် အောက်ပါများထဲမှ တစ်ခုကို‌ ရွေးချယ်နိုင်သည်”

“၁။ ပါရမီကို ရရှိသည်(ရွေးချယ်နိုင်)”

“၂။ စွမ်းရည်မှတ်ကို ရရှိသည်”

“၃။ ဘဝအတွေ့အကြုံကို ရရှိသည်”

“လက်ရှိကျန်ငွေ- ရွှေ၃၀၀လျန်”

“ပါရမီရှိတာလား”

ဟန်ကျောက်ဟာ နံပါတ်တစ်၏ ရွေးချယ်နိုင်မှုကို တွေ့ရပြီးနောက် မှင်သက်သွား၏။

“အရင်ဆုံး ဒုတိယအဆင့် သွေးချီချိုးဖျက်မှုကို လုပ်ရမယ်။ ပြီးရင် သွေးချီနှစ်ဆမြင့်လာပြီး ငါ့ရဲ့ တိုက်ခိုက်မှုခွန်အား တိုးတက်လာမှာ”

ခဏတာ စဉ်းစားပြီးနောက် ဟန်ကျောက်ဟာ ဆုံးဖြတ်ချက်ချလိုက်၏။

“နှစ်လလောက် အချိန်ရသေးတာပဲ.. ဒါပေမယ့် ပြဿနာဖြစ်စေတဲ့ လူတွေကို ကြိုရှင်းတာကောင်းတယ်။ မလိုအပ်တဲ့ ပြဿနာတွေ မများရအောင်”

ဟန်ကျောက်က ရေရွတ်သည်။

“နံပါတ်တစ်ကို ချန်ထားမယ်။ နံပါတ်နှစ်ကို‌ ရွေးမယ်”

“စွမ်းရည်မှတ် +၈”

“သိုင်းပညာများ- တောင်ခွဲဆေဘာအတတ်(တတိယအဆင့်၏ စတင်ခြင်းအဆင့် ၃၄%၊ အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- ခွန်အားပေါက်ကွဲခြင်း အဆင့်၄၊ တောင်ခွဲအတွင်းအား အဆင့်၁၊ သက်တမ်း ၂၀နှစ်”

သိုင်းပညာဇယားကွက်ကို ကြည့်ကာ ဟန်ကျောက်ဟာ နှလုံးသားထဲပ ရေရွတ်လိုက်သည်။

“တောင်ခွဲဆေဘာအတတ်ကို ဒုတိယအဆင့် သွေးချီချိုးဖျက်မှုအဆင့်အထိ မြှင့်တင်မယ်”

သူက စကားဆုံးသည်နှင့် စွမ်းရည်မှတ်ရှစ်မှတ်တို့ဟာ ပြောင်းလဲလာပြီး သိုင်းပညာဇယားရှိ စာသားများမှာ လျှင်မြန်စွာ ဝေဝါးသွားသည်။ သူ၏ ခန္ဓာကိုယ်ဟာ မီးဖိုကို ဖက်ထားရသကဲ့သို့ လောင်ကျွမ်းနေသည် ထင်ရ၏။ ကြွက်သားများ၏ ကျယ်ပြန့်လာမှုကို တဖန်ခံစားလာရသည်။

သို့ရာတွင် နောက်ဆုံးအကြိမ် ဗာဂျာရာအတတ်ကို ကျင့်ကြံခဲ့ချိန်က ပြင်းထန်လှသည့် နာကျင်မှုကို ခံစားရအပြီးတွင် ဒီနာကျင်မှုဟာ အခြေခံအားဖြင့် မပြောပလောက်တော့ပါ။

ထို့အပြင် သွေးချီမြင့်တက်နေသည့် ခံစားချက်ဟာ အလွန် နစ်မောဖွယ် ကေင်းလှ၏။ ခံစားရတာ အလွန်ကောင်းပါသည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် စွမ်းအင်တို့ မြင့်တက်လာ၏။

“စွမ်းရည်မှတ်- ၈မှ ၃”

“သိုင်းပညာများ- တောင်ခွဲဆေဘာအတတ်(တတိယအဆင့်၏ အသေးစားကျွမ်းကျင်မှုအဆင့် ၈၈%၊ အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- ခွန်အားပေါက်ကွဲခြင်း အဆင့်၅၊ တောင်ခွဲအတွင်းအား အဆင့်၂၊ သက်တမ်း ၂၀နှစ်”

စာသားများဟာ ပြန်လည်ရှင်းလင်းလာ၏။ သူဟာ စွမ်းရည်မှတ် ၅မှတ်တို့ ကုန်ကျခဲပြီး အသေးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားသည်။ တောင်ခွဲဆေဘာအတတ်၏ တိုးတက်မှုမှာ တစ်ခါတည်း ၁၅၄%အထိ ရှိလာ၏။ သက်ရှည်ကျမ်းထက် များစွာ တိုးတက်နိုင်သည်။

ကျင့်စဉ်ဟာ ပိုမိုသန်မာလေလေ တိုးတက်မှု နည်းပါးလေ ဖြစ်သည်။ သို့ရာတွင် တိုးတက်ပြီးပါက သက်ရောက်မှုဟာ အလွန်သိသာလှ၏။

ဟန်ကျောက်ဟာ ခန္ဓာကိုယ်အတွင်းရှိ သွေးချီများကို စုစည်းသည်။ သူ၏လက်များက စတင်အပူတက်လာ၏။ အင်္ကျီလက်များကို ခေါက်တင်ပြီးနောက် လက်တစ်ချောင်းလုံး နီရဲနေမှုကို တွေ့ရသည်။ မကြာခင် တောင်ထွတ်ကဲ့သို့ အနက်ရောင် သင်္ကေတနှစ်ခုဟာ ပေါ်လာခဲ့သည်။

“သွေးသန့်စင်ခြင်းအဆင့်ရဲ့ ဒုတိယအဆင့် သွေးချီချိုးဖျက်မှုက ဘာမှလည်း သိပ်မဟုတ်ဘူး”

ဟန်ကျောက်ဟာ ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကို အသားကျအောင် လုပ်သည်။ သူ၏သွေးချီဟာ နှစ်ဆဖြစ်လာပြန်၏။

စုစုပေါင်း သွေးချီပမာဏကို နှိုင်းယှဉ်ပါက သူဟာ တတိယအဆင့် သွေးချီချိုးဖျက်မှုအဆင့်ရှိ လူများအကြားတွင် ထိပ်တန်း၌ ရှိသည်။

လူတစ်ယောက်၏ သွေးချီဟာ ထိုအဆင့်အထိ ရောက်ရှိပြီးပါက သူဟာ သွေးချီအားလုံးတို့ကို သွေးအမှတ်အသားအဖြစ် အမြန်ပြောင်းလဲနိုင်သည်။ ထို့နောက် သွေးအမှတ်အသားကို အသုံးပြုကာ စုစုပေါင်း အတွင်းအားကို တိုးမြင့်စေပြီး ဖမ်းဆုပ်နိုင်အောင် လုပ်မည်ဖြစ်၏။

အောင်မြင်စွာ ချိုးဖျက်နိုင်ပါက ခွန်အားသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။ တစ်ခါတည်း အဆင့်ကျော်နိုင်၏။

“တတိယအဆင့်ရဲ့ သွေးချီချိုးဖျက်မှုကိုရောက်ဖို့ အဝေးကြီး လိုသေးသလိုပဲ..”

ကျန်ရှိသည့် စွမ်းရည်မှတ် သုံးမှတ်တို့ကို ကြည့်ကာ ဟန်ကျောက်ဟာ တောင်ခွဲဆေဘာအတတ်ကို ဆက်လက်မြှင့်တင်ခြင်း မပြုတော့ပါ။ သက်ရှည်ကျမ်းမှာတော့ သုံးမှတ်နှင့် ဘာမှပြောင်းလဲမည် မဟုတ်ပေ။

“ဗာဂျရာအတတ်ကို မြှင့်လို့ရတာပဲ”

“သိုင်းပညာများ- ဗာဂျရာအတတ် (ပထမအဆင့်၏ စတင်ခြင်းအဆင့် ၁%၊ အဆင့်မြှင့်တင်နိုင်”

ဟန်ကျောက်ဟာ ဗာဂျရာအတတ်ကို ကြည့်ပြီး ရေရွတ်လိုက်သည်။ “ဗာဂျရာအတတ်ကို မြှင့်တင်မယ်”

“စွမ်းရည်မှတ် ၃မှ၀”

ဟန်ကျောက်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် နာကျင်မှုက ချက်ချင်း ပြည့်နျက်လာ၏။ သေတာထက်ပိုသည့် နာကျင်မှုကို ထပ်မံကြုံရေလေပြီ။

“ဟစ်..”

သူက အံကိုကြိတ်ကာ မအော်အောင်တင်းထားသည်။ ကံကောင်းစွာပင် ထိုနာကျင်မှုဟာ ခဏတာသာ ကြာပြီး လျှင်မြန်စွာ ပျောက်ကွယ်သွား၏။

“သိုင်းပညာများ- ဗာဂျရာအတတ် (ပထမအဆင့်၏ အသေးစားကျွမ်းကျင်မှုအဆင့် ၁၅%၊ အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- ကြွက်သားကြောဆွဲဆန့်ခြင်း အဆင့်၁)”

All Chapters