(သိုင်းပြိုင်ပွဲ)
Vol. 6 Ch. 85
“ဘုရားရေ.. အဆင့်မြှင့်ရခက်လိုက်တာ”
ဟန်ကျောက်ဟာ အသေးစားကျွမ်းကျင်မှုအဆင့်ရှိ ဗာဂျရာအတတ်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။
အရင်တုန်းက သက်ရှည်ကျမ်းကို စွမ်းရည်မှတ် ၁မှတ် အသုံးပြုခဲ့ရုံဖြင့် အသေးစားကျွမ်းကျင်မှုအဆင့်သို့ မြင့်တက်သွားခဲ့သည်။ ဒီဗာဂျရာအတတ်ဟာ သုံးမှတ်တိုင်အောင် လိုအပ်နေ၏။ အဆင့်မြှင့်ရန် ပိုမိုခက်ခဲလေလေ ကျင့်စဉ်မှာ ပိုမိုသန်မာလေ ဖြစ်သည်။
ဒီအချိန်အတွင်း သူဟာ ခန္ဓာကိုယ်အတွင်း၌ အဓိက ပြောင်းလဲမှုများကို ခံစားရခြင်း မရှိပါ။ သို့ရာတွင် သူ၏ ပါရမီနှင့် အခြေခံကို အချိန်အနည်းငယ်သာ ကျင့်ကြံပြီး သိနိုင်မှာပါ။ နှိုင်းယှဉ်ကြည့်ပါက သိသာ၏။
…
ငါးရက်ကြာပြီးနောက် နေ့လည်ခင်းတွင်..
တောင်ဖြိုလက်သီးသိုင်းကျောင်း၌..
အစက လူငါးဆယ်ခြောက်ဆယ်လောက် ဝင်ဆံ့သည့် ခြံဝန်းဟာ အလွှာသုံးခုတို့ဖြင့် ဝန်းရံနေပြီး ဖြစ်သည်။ အနက်ရောင် လေ့ကျင့်ရေး ဝတ်စုံများနှင့် တောင်ဖြိုလက်သီး သိုင်းကျောင်းမှ တပည့်များအပြင်း မီးခိုးရောင်၊ အဖြူရောင်နှင့် အစိမ်းရောင် လေ့ကျင့်ရေး ဝတ်စုံများနှင့် သိုင်းသမားများလည်း ရှိနေ၏။
သွေးသန့်စင်ခြင်းအဆင့်သို့ ကျန်းထန်ဝမ် ချိုးဖျက်ပြီးနောက် လက်နက်သိုင်းကျင့်ကြံသည့် သိုင်းကျောင်းအချို့တို့ စုစည်းလာပြန်သည်။
ဤသည်မှာ သိုင်းပညာမဟာမိတ်အဖွဲ့၏ ရိုးရာဖြစ်၏။ သို့ပေမယ့် ဤသည်မှာ မဖြစ်မနေ လုပ်သည့်အရာ မဟုတ်ပေ။ ပြီးခဲ့တုန်းက ကျောက်ယွမ်ထု သွေးသန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်ခဲ့စဉ်က သိုင်းကျောင်းအနည်းငယ် သီးသန့်ဖလှယ်မှုသာ ရှိခဲ့သည်။ မုန့်ချီလောက်ပင် နာမည်မကြီးပေ။
ဒီတစ်ကြိမ် ကျန်းထန်ဝမ် အဆင့်ချိုးဖျက်ချိန်တွင်တော့ အုပ်စိုးသူလှံ၊ တိမ်ပျံဆေဘာနှင့် ရှန်းမူဓါး သိုင်းကျောင်းသုံးခုက ပထမအဆင့် သွေးချီချိုးဖျက်မှုမှ တပည့်အားလုံးတို့ကို စေလွှတ်ပြီး တောင်ခွဲဆေဘာအတတ်နှင့် တိုက်ခိုက်ခိုင်းသည်။
လက်နက်သိုင်းကျင့်ကြံသည့် သိုင်းသမားများဟာ လက်သီးခြေထောက်တို့ကို ကျင့်ကြံသည့် သိုင်းသမားများထက် အဆင့်တူတွင် ပိုမိုသန်မာလေ့ ရှိ၏။ ထို့ကြောင့် ယခုကဲ့သို့သော ယှဉ်ပြိုင်မှုဟာ သိုင်းကျောင်းများစွာရှိ တပည့်များကို ဆွဲဆောင်နေပါသည်။
ထိုအချိန်၌ ဟန်ကျောက်ဟာ အပြာရောင်ဝတ်စုံနှင့် ကွင်းပြင်ထဲတွင် ရပ်နေ၏။
“ကလန်”
သူက ဆေဘာဓါးကို ခုတ်ပိုင်းကာ အစိမ်းရောင် ဝတ်စုံနှင့် မိန်းကလေး၏ ဓါးရှည်ကို တွန်းလှန်လိုက်သည်။ ထို့နောက် ဆေဘာဟာ အောက်မှ ပြန်ထောင်တက်လာပြီး မိန်းကလေး၏ လက်ထဲရှိ ဓါးတိုကို လွင့်စင်သွားစေ၏။ သူမ၏ လည်ပင်းရှေ့သို့ ဓါးရောက်သွားသည်။
ဟန်ကျောက် ဆေဘာဓါးကို ပြန်ထည့်ကာ လက်သီးနှစ်ဖက်ကို ဆုပ်သည်။
“အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုဟန်”
ဝတ်စုံစိမ်းနှင့် မိန်းကလေးက ရှက်ရွံ့စွာဖြင့် စိတ်အားထက်သန်စွာ ဟန်ကျောက်ကို ကြည့်သည်။
“ကျေးဇူးပြုပြီး”
ဟန်ကျောက်၏ ပုံစံက တည်ငြိမ်စွာဖြင့် သူမကို ထွက်ခွာရန် လက်ဟန်ပြသည်။ မိန်းကလေးက နှုတ်ခမ်းကိုကိုက်ကာ ခြေထောက်စောင့်ပြီး ကွင်းထဲမှ ပြေးထွက်သွား၏။
သူမနှင့် တပည့်သားချင်းများကို မနာလိုဖြစ်ကုန်စေသည်။
သို့ပေမယ့် သူတို့ကိုလည်း ဟန်ကျောက်က အနိုင်ယူပြီးဖြစ်ရာ စင်ပေါ်သို့ ထပ်မံသွားနိုင်ခြင်း မရှိတော့ပေ။
လုယီက ဟန်ကျောက်ကို အပြုံးတစ်ခုဖြင့် ကြည့်သည်။ ဒီကောင်စုတ်လေးဟာ ကလိမ်ကကျစ်နိုင်ပေမယ့် ကတိကို မဖျက်ခဲ့ပေ။ တစ်ယောက်တည်းနှင့် သိုင်းကျောင်းသုံးခုမှ တပည့် ခုနစ်ယောက်၊ ရှစ်ယောက်လောက်ကို အနိုင်ယူခဲ့သည်။ အရိုးသန့်စင်ခြင်းအဆင့်တွင် ကျောက်နက်မြို့၌ သူ့ကို နှိုင်းယှဉ်နိုင်သူ မရှိပေ။
ဟန်ကျောက်၏ ဆေဘာဓါးကို ရိုးရှင်းစွာနှင့် မျက်စိပသာဒဖြစ်စွာ အသုံးပြုနိုင်မှုက သူ့ကို အမှန်တကယ် မျက်နှာသာရစေ၏။
“ဂျူနီယာဟန်ရဲ့ ဆေဘာအတတ်က အရမ်းကို အနုစိပ်တာပဲ။ ငါတောင် စိတ်ဝင်စားသွားပြီ။ ပြိုင်လို့ ပြိုင်မကြည့်မှာလဲ”
ထိုအချိန်၌ တောင့်တင်းသည့် ကြွက်သားများနှင့် သာမန်ရုပ်ရည်ရှိသည့် လူငယ်တစ်ယောက် ကွင်းထဲသို့ ဝင်လာခဲ့သည်။ သံမဏိလှံတို နှစ်ခုတို့ကို နောက်ကျောမှ ယူကာ ပေါင်းစပ်လိုက်၏။
ထိုလူဟာ ကြီးစိုးသူ အကယ်ဒမီမှ ကိုယ်စားပြုသူ မုန့်ကျစ်ဖြစ်သည်။ အသက်၂၀မတိုင်ခင်တွင် သွေးသန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်ခဲ့၏။ ဟန်ကျောက်၏ ထူးချွန်လှသည့် စွမ်းဆောင်ရည်ကြောင့် သူ့နောက်လိုက်နှင့် တပည့်ညီအစ်ကိုများ၏ ပုံစံများဟာ မကောာင်းတော့ပေ။
“ဒါက အနိုင်ကျင့်တာမလား”
လူတစ်ယောက်က ချက်ချင်းပင် သူ၏ အနှစ်မြို့မှုကို ဖော်ပြသည်။
မုန့်ကျစ်က အသာပြုံးသည်။
“ဂျူနီယာဟန်.. မကြောက်ပါနဲ့။ ငါအရိုးသန့်စင်ခြင်းအဆင့် ခွန်အားကိုပဲသုံးပြီး မင်းနဲ့တိုက်ခိုက်မှာပါ။ အနိုင်မကျင့်ပါဘူး”
သွေးချီကို မစုစည်းလျှင်တောင် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်၏ အခြေခံခွန်အားဟာ အရိုးသန့်စင်ခြင်းအဆင့်ထက် များစွာ ပိုမိုသန်မာပါသည်။ ပြီးခဲ့တုန်းက ယှဉ်ပြိုင်ပွဲများတွင် ဟန်ကျောက်ဟာတော့ အလွန် ဂရုစိုက်ခဲ့၏။
တစ်ဖက်လူအား ထိခိုက်မည်စိုးကာ ခွန်အားအများကြီး အသုံးမပြုခဲ့ပေ။ ယခု မုန့်ကျစ်ပေါ်လာခြင်းက သူ့ကို ထွက်ခွာရန် အခွင့်အရေး ပေးလာခဲ့သည်။ ဆက်လက်အနိုင်ရနေပါက မယှဉ်ကျေးရာ ကျပေရော့မည်။
“စီနီယာအစ်ကိုမုန့်.. ကျေးဇူးပြုပြီး ကျွန်တော့ကို သင်ကြားပေးပါဦး”
ဟန်ကျောက်က ပြုံးသည်။
“သတိထား”
မုန့်ကျစ်က လှံကို ရုတ်လိုက်၏။ ထို့နောက် ရှေ့သို့ ခုန်အုပ်ကာ ထိုးစိုက်လိုက်သည်။
“ထန်၊ ထန်၊ ထန်”
ဟန်ကျောက် လက်ထဲရှိ ဆေဘာဓါးကို အမြန်ဝှေ့ယမ်းသည်။ သူ၏ရှေ့တွင် ဆေဘာဓါးရိပ် ကွန်ရက်တစ်ခု ဖြစ်လာပြီး မုန့်ကျစ်၏ တိုက်ခိုက်မှုများကို ကာ၏။
“စီနီယာအစ်ကိုဟန်က အရမ်းမိုက်တယ်”
“အံ့ဩဖို့ကောင်းလိုက်တာ”
သိုင်းကျောင်းမှ တပည့်များက မည်သည်ကိုမှ မပြောနိုင်ခင်တွင်ပင် အခြား သိုင်းကျောာင်းများရှိ အမျိုးသမီး တပည့်များက ဟန်ကျောက်ကို အော်ဟစ်အားပေးကြသည်.
“ဂျူနီယာမောင်လေးဟန်.. ကြိုးစားထား”
ထိုပုံကို တွေ့ရပြီးနောက် ရှလင်က လက်ကိုဆုပ်ကာ အားကုန်အော်၏။ အမျိုးသမီး တပည့်များ၏ အသံကို ဖုံးလွှမ်းသွားသည်။ ဟန်ကျောက်လည်းပဲ သူမ၏ ရုတ်တရက် အော်သံကြောင့် မှင်သက်သွားရ၏။
“ဆွစ်”
ထက်မြသည့် လေခွင်းသံတစ်ခု ပေါ်လာ၏။ မုန့်ကျစ်ဟာ ရုတ်တရက် အရှိန်တင်ပြီး သူ၏လှံကို ဟန်ကျောက်၏ မျက်နှာဆီသို့ ထိုးစိုက်လိုက်သည်။
သွေးသန့်စင်ခြင်းအဆင့် ပါရမီရှင်တပည့်တစ်ယောက်အနေနှင့် သူဟာ ခွန်အားအဆင့် ညီတူတွင် ဟန်ကျောက်ကို အနိုင်မယူနိုင်ပဲ ရှိနေလေသည်။ ဤသည်က သူ့ကို အလွန် အရှက်ရစေ၏။ ထို့ကြောင့် ခုနက သဘောတူညီချက်ကို လစ်လျူရှုကာ သွေးချီတစ်စိတ်တစ်ပိုင်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
“ကလန်”
ထိုလှံ၏ အရှိန်အဝါကို တွေ့လိုက်ရသည်နှင့် ဟန်ကျောက်ဟာ အချိန်ကျပြီဟု သိလိုက်၏။ ချက်ချင်းပင် မုန့်ကျစ်၏ လှံထိပ်ဖျားကို ရိုက်ထုတ်လိုက်၏။ ထို့နောက် တွန်းကန်အားကို အသုံးပြုကာ နောက်ပြန် ရွေ့လျားသွားသည်။ ညာဘက်ခြေဖျားဟာ မြေပြင်ကို ညင်သာစွာ ထိထားပြီး ခန္ဓာကိုယ်က အနောက်ဘက် ခုနစ်၊ ရှစ် မိတာလောက် ပျံသန်းသွား၏။
“ထင်”
အရှိန်သေသွားချိန်၌ ဟန်ကျောက်ဟာ လက်ထဲရှိ ဆေဘာကို ဓါးအိမ်အတွင်းသို့ ပြန်သွင်းကာ ရှလင်၏ ဘေး၌ တည်ငြိမ်စွာ ကျဆင်းသည်။
“ဂျူနီယာမောင်လေးဟန်က အရမ်းချောတာပဲ.. သူ့ရဲ့ ခြေလှမ်းသိုင်းရောပဲ”
ကောင်တီအုပ်ချုပ်သူ ဝူဒီ၏ သမီးဖစ်သူ ဝူရွှမ်က အသံပြုသည်။ သို့ရာတွင် သူမ၏ မျက်လုံးများဟာ ဟန်ကျောက်၏ မျက်နှာပေါ်၌ စူးစိုက်နေဆဲ ရှိ၏။
ဒီလောကကြီးတွင် သန်မာသူလာ လေးစားခံရပေမယ့် ဂျူနီယာဟန်လောက်အထိ ချောမောသူ ရှိပါက ခွန်အားနိမ့်လျှင်လည်း လက်ခံနိုင်သေးသည်ဟု ခံစားရသည်။
ထို့အပြင် သူမ၏ ဖခင်ဟာ မြို့ရှိ အသန်မာဆုံးပုဂ္ဂိုလ် ဖြစ်၏။ သူမအစ်ကိုမှာလည်း တတိယအဆင့် သွေးချီချိုးဖျက်မှုရှိ ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူမအတွက် သိုင်းခွန်အားမှာ ဒုတိယသာ ကျသည်။
ဒီဂျူနီယာဟန်ဟာ ရှုံးနိမ့်သည်ကိုပင် အလွန် တင့်တယ်စွာ ရှုံးနိမ့်ခဲ့၏။ တကယ့်ကို ဆွဲဆောင်နိုင်လှပါသည်။
“သင်ကြားပေးတဲ့အတွက် ကျေးဇူးပါ စီနိယာအစ်ကိုမုန့်” ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ ဦးညွှတ်သည်။
“ဂျူနီယာဟန်ကို မထိခိုက်စေမိလို့ တော်သေးတယ်”
မုန့်ကျစ်၏ ပုံစံက အနည်းငယ် အရုပ်ဆိုးနေ၏။ သူဟာ ရှင်းလင်းစွာပင် အနိုင်ရခဲ့ပါသည်။ သို့ပေမယ့် ပတ်ဝန်းကျင်ရှိ လူများ၏ ပုံစံကို ကြည့်ရတာ ရှုံးနိမ့်သည်နှင့်ပင် တူနေပါသည်။
“မင်းပြောတော့ အရိုးသန့်စင်ခြင်းအဆင့် ခွန်အားကိုပဲ သုံးမယ်ဆို။ ဂျူနီယာမုန့်.. မင်းက ကိုယ့်စကားကို ဖျက်တာလား”
လုယီ၏ နံဘေးတွင် ရပ်နေသည့် ကျောက်ယွမ်ထုက ကွင်းထဲသို့ လျှောက်ဝင်လာ၏။
“ဒါက မတော်တဆ ဖြစ်သွားတာပါ။ ကျွန်တော်လည်း သူ့ကို အရမ်းအားနည်းမယ်လို့ ဘယ်ထင်မလဲ”
မုန့်ကျစ်၏ ပုံစံက အနည်းငယ် မဲမှောင်သွားသည်။ ထို့နောက် ရုတ်တရက် ပြုံးကာ ပြော၏။
“ခင်ဗျားဘာလို့ လာဝင်မတိုက်တာလဲ စီနီယာအစ်ကိုကျောက်။ ဒါဆိုရင် မျှတလောက်တယ်မလား”
“ဒါက.. ကောင်းပြီ”
ကျောက်ယွမ်ထုက ရွှေနက်လက်ဝှေ့အိတ်ကို ထုတ်ကာ ဝတ်သည်။ ကျန်းထန်ဝမ်မရှိရာ လုယီက ပြဿနာဖြစ်မည်ကို ရှောင်ရှားရန် ကျောက်ယွမ်ထုအား ခေါ်ထားခြင်းဖြစ်သည်။
“ဂျူနီယာမုန့်.. ဂရုစိုက်”
ကျောက်ယွမ်ထုက လက်သီးနှစ်ဖက်ကို ဆုပ်ကာ ပြောပြီးနောက် တိုက်ခိုက်သည်။
“ကောင်းပါပြီ”
မုန့်ကျစ်က ကျယ်လောင်စွာ ရယ်၏။ သူ၏ ခန္ဓာကိုယ်ရှိ သွေးချီဟာ မြင့်တက်လာခဲ့သည်။ အဖြူရောင် အင်္ကျီလက်တိုအောက်ရှိ ပေါ်နေသည့် လက်များဟာ အနက်ရောင် ပြောင်းသွား၏။ စတင်သည်နှင့် ခွန်အားအပြည့်ကို သုံးလေသည်။
“ဒီတစ်ကွက်ကို ခံကြည့်… အုပ်စိုးသူ အလေးပစ်ခြင်း” လှံက မိုးကြိုးကဲ့သို့ လျှင်မြန်စွာ ကျဆင်းလာ၏။ အစက လေ့ကျင့်ရုံသာ ရှိမည်ဟု တွေးထားသည့် ကျောက်ယွမ်ထုဟာ မုန့်ကျစ်ကို ထိုသို့လုပ်မည်ဟု ထင်မထားခဲ့ပေ။
ဒီအချိန်၌ သူဟာ ခွန်အားအပြည့်ကို စုစည်းရန် နောက်ကျနေပါပြီ။ ထိုတိုက်ခိုက်မှုကို ခံယူရန် အားကုန်သုံးကာ ထိုးနှက်မှုသာ လုပ်နိုင်၏။
“ဘုန်း”
ကျောက်ယွမ်ထုဟာ ခြေသုံးလှမ်းလောက် နောက်ဆုတ်သွားပြီးမှ ရပ်လိုက်နိုင်၏။ သူ၏လက်များဟာ မနေနိုင်ပဲ တုန်ခါနေပါပြီ။ မုန့်ချီ၏ လှံက မြေပြင်ပေါ်သို့ ထိုးစိုက်၏။ ကျောက်မြေပေါ်၌ ချိုင့်ငယ်တစ်ခု ပေါ်လာခဲ့သည်။
ထို့နောက် သူက လက်သီးနှစ်ဖက်ကို ဆုပ်ကာ ပြုံးသည်။ ဂုဏ်ယူစွာ ပြော၏။
“စီနီယာအစ်ကိုကျောက်.. ကျွန်တော့ကို အနိုင်ပေးတဲ့အတွက် ကျေးဇူးပါ”
လုယီက မျက်မှောင်ကြုတ်သွားသည်။ မုန့်ကျစ်ကို ပါရမီကောင်းပေမယ့် ယခုကဲ့သို့ အကျင့်စရိုက်မျိုး ရှိမည်ဟု ထင်မထားခဲ့ပေ။ လူငယ်တွေဟာ ယှဉ်ပြိုင်လိုစိတ်ကြီးမားသည်မှာ နားလည်ပေးလို့ ရပါသည်။ သို့ပေမယ့် ယခုကဲ့သို့ သိုင်းပညာဖလှယ်ရုံပွဲတွင် ဉာဏ်နီဉာဏ်နက် များလှခြင်းက အမှန်တကယ်ကို ကြည့်ရအဆင်မပြေပေ။
သို့သော် ရှုံးနိမ့်ခြင်းဆိုသည်မှာ ရှုံးနိမ့်ခြင်းပင်ဖြစ်၏။ ဂုဏ်သိက္ခာရှိသော ကိုယ်ခံပညာရှင်တစ်ဦးအနေနှင့် ကိုယ်တိုင် ပါဝင်ရန် မဖြစ်နိုင်ပေ။
ထိုသို့တွေးရင်းက လုယီသည် ဟန်ကျောက်ကို မနေနိုင်ပဲ ကြည့်သည်။ ဤကောင်လေး၏ ဓားအရည်အချင်းနှင့်ဆိုလျှင် သွေးသန့်စင်ခြင်းအဆင့်သို့ သူထိုးဖောက်နိုင်လျှင် မုန့်ကျစ်ကို အနိုင်ယူရန် မခက်ခဲသင့်ပေ။
"ဆရာလု.."
ဟန်ကျောက်သည် သူ့ကို စိုက်ကြည့်နေသော လုယီကို တွေ့ပြီး မျက်စပစ်ပြ၏။ သူသည် လိုအပ်မှုမရှိပဲ သူ့ကတိကို ဖြည့်ဆည်းပြီးခဲ့ပြီ ဖြစ်၏။
သူ့ကို ဤကဲ့သို့မြင်ရသောကြောင့် လုယီသည် ဒေါသလည်းထွက်ပြီး ရယ်လည်းရယ်ချင်လာ၏။ သူသည် ကျောက်ယွမ်ထုကို လှည့်ကြည့်၏။ 'မင်း အဆင်ပြေရဲ့လား' ဟု မေး၏။
ကျောက်ယွမ်ထုက လုယီကို ခေါင်းခါပြ၏။ သူသည် သူ့ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော သွေးချီကို ငြိမ်သက်စေပြီး နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ဆင်နေ၏။
ထိုအချိန်တွင် မပေါ်လာသေးသော ကျန်းထန်ဝမ်က ရုတ်တရက် အဝင်ဝမှ လျှောက်ဝင်လာ၏။ သူ့နောက်တွင် ရှကျင်၊ ဖန်ဟုန်းယွမ်နှင့် အခြားသူများ လိုက်ပါလာ၏။ 'ညီငယ်မုန့် ငါ မင်းနဲ့ လက်ရည်စမ်းပါရစေ' ဟု ပြော၏။
"ထန်း"
ကျန်းထန်ဝမ်သည် လှေကားထစ်များမှ ခုန်ဆင်းလာပြီး ခါးမှ ဓားရှည်ကို ဆွဲထုတ်ကာ မုန့်ကျစ်ကို တိုက်ခိုက်၏။
'ဟန်ချက်ကောင်းပဲ'
မုန့်ကျစ်က သူ့လှံကို ဆွဲထုတ်ကာ တိုက်ခိုက်မှုကို ကြိုဆို၏။