နတ်ဆိုးနန်းတော်ရဲ့ ကောင်းကင်နန်းတော်
Vol. 14 Ch. 196
သုံးရက်ကြာပြီးနောက်။
ချီမင်က သူ့ရဲ့ အံ့ဖွယ်စွမ်းအားကိုသုံးပြီး နတ်ဆိုးဒေသရဲ့ အနာဂတ်နဲ့ သမိုင်းကြောင်းကို တွက်ချက်လိုက်တယ်။ ကောင်းကင်လျှို့ဝှက်ချက်တွေက ရှုပ်ထွေးနေပေမဲ့ သူက အများကြီးသိလိုက်ရပြီး နတ်ဆိုးဒေသတစ်ခုလုံးနဲ့ တောင်ပိုင်းဒေသ နတ်ဆိုးနန်းတော်ကို ကောင်းကောင်းနားလည်သွားတယ်။
ချီမင်က သူ့ရဲ့ပစ်မှတ်တည်နေရာကို လုံးဝအတည်ပြုနိုင်လိုက်တယ်။
ဒါ့အပြင် ဒီသုံးရက်အတွင်းမှာ သူ့ရဲ့ အိမ်နီးချင်း တွေက သူ့ဆီကို လာလည်ကြတယ်။ဒါပေမဲ့ ကောင်းတဲ့ရည်ရွယ်ချက်တော့ မရှိဘူး။ အဲဒီအစား သူတို့က ချီမင်ဆီကိုလာပြီး ပြဿနာရှာဖို့ လာကြတာဖြစ်တယ်။ သူတို့က ချီမင်က နတ်ဆိုးစစ်သားအသစ်တစ်ယောက်ပဲလို့ ထင်နေကြတယ်။ သူ့မှာ လက်အောက် ငယ်သားလည်း မရှိ၊ ကျောထောက်နောက်ခံလည်း မရှိတော့ သူ့ဆီကို အကာအကွယ်ကြေးတောင်းဖို့ ရောက်လာကြတယ်။
ဒီလိုအိမ်နီးချင်းတွေကိုတော့ သူက ယဉ်ကျေးပြမှာမဟုတ်ဘူး။
ချီမင်က အဲ့ဒီအိမ်နီးချင်းတွေကို သင်ခန်းစာပေးလိုက်တယ်။ သူတို့ကို မသတ်လိုက်ပေမဲ့ ခြေထောက်တွေကို ရိုက်ချိုးပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီအိမ်နီးချင်းတွေအားလုံးက ခွေ့နျိုမျိုးနွယ်ဝင်တွေဖြစ်ပြီး ချီမင်ကလည်း လက်ရှိမှာ ခွေ့နျိုမျိုးနွယ်ဝင်တစ်ယောက်ဖြစ်တယ်။ သူတို့ကို သတ်ပစ်လိုက်ရင် မကောင်းဘူး၊ ရှင်းပြရခက်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ပိုများလာနိုင်တယ်။ သတိထားတဲ့အနေနဲ့ ချီမင်က သူတို့ရဲ့ ခြေထောက်တွေကိုပဲ ချိုးလိုက်တယ်။ ဒီအခြေအနေအောက်မှာ ချီမင်က သန်မာတဲ့အင်အားကိုပြသပြီး ရက်စက်တဲ့ စရိုက်ကို ဖော်ပြလိုက်တယ်။ ဒါက ခွေ့နျိုမျိုးနွယ်ဝင်အများအပြားကို သူ့အပေါ် အမြင်တစ်မျိုး ပြောင်းသွားစေတယ်။ သူတို့ ချီမင်ကို ပြဿနာလာမရှာကြတော့ဘူး။
လေးရက်မြှောက်နေ့။
ညရောက်လာတယ်။
“ဒီနေ့ပဲ။” ချီမင်ကသူ့ရဲ့လက်ချောင်းတွေနဲ့တွက်ချက်ပြီး နားလည်သွားတယ်။ သူက ခေါင်းမော့ပြီး ကြည့်လိုက်တယ်။ သူ့အကြည့်က အကွာအဝေးကို ဖြတ်ကျော်သွားပြီး နတ်ဆိုးကောင်းကင်နန်းတော်ကို မြင်နေရတယ်လို့ထင်ရတယ်။
“ပုံရိပ်ယောင်။”
အတွေးတစ်ချက်နဲ့ ချီမင်က သူ့ခန္ဓာကိုယ်ထဲက ဓမ္မစွမ်းအားတွေကို လည်ပတ်စေပြီး ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ရဲ့ လျှို့ဝှက်နက်နဲနည်းစနစ်ကို သုံးလိုက်တယ်။ ထူးဆန်းတဲ့ လှိုင်းတစ်ခု ပျံ့နှံ့သွားပြီး ချီမင်ရဲ့ တစ်ကိုယ်လုံးကို ဖုံးအုပ်သွားတယ်။
တစ်ခဏအတွင်းမှာ ချီမင်ရဲ့ ပုံရိပ်က လေထဲမှာ ပျောက်ကွယ်သွားပြီး လုံးဝမမြင်ရတဲ့ အခြေအနေကို ရောက်သွားတယ်။
သူ့ခန္ဓာကိုယ်ကို မမြင်ရတော့ဘူး။
“သွား။”
ချီမင်ရဲ့ ပုံရိပ်က အလင်းတန်းတစ်ခုလို လေထဲကိုဖြတ်ပြီး ပျံသန်းသွားတယ်။ သူက ဂူစံအိမ်ကနေ ထွက်ခွာပြီး ကောင်းကင်ပေါ်ကို အဆက်မပြတ် တက်သွားကာနတ်ဆိုးဒေသရဲ့ အရှေ့မြောက်ဘက်ကို ဦးတည်လိုက်တယ်။
သူက နတ်ဆိုးဒေသရဲ့ ကောင်းကင်နန်းတော်ကို သွားလိုက်တယ်။
ချီမင်က နတ်ဆိုးဒေသရဲ့ ကောင်းကင်နန်းတော် ဘယ်မှာရှိလဲဆိုတာ သိပြီးသွားပြီ။ အဲ့ဒါက နတ်ဆိုးဒေသရဲ့ အလယ်ဗဟိုမှာရှိပြီး နေရာအတိအကျကတော့ အလယ်ဗဟိုရဲ့ အမြင့်ဆုံးနေရာမှာဖြစ်တယ်။
မကြာခင်မှာ ချီမင်ရဲ့ လီယွမ်တောင်ထွတ်မှာ ဒူနျိုဇယ်အပါအဝင် ပုံရိပ်အချို့ ပေါ်လာတယ်။ သူ့ဘေးမှာ ခွေ့နျိုမျိုးနွယ်ရဲ့ တခြားနတ်ဆိုးဗိုလ်ချုပ်သုံးယောက်လည်း ရှိတယ်။
“ဘာလဲ။” ဒူနျိုဇယ်က မျက်မှောင်ကြုတ်လိုက််“ဒီ… ရှဲ့ရွှင်က ဂူစံအိမ်မှာ တကယ်မရှိဘူးပဲ။ သူဘယ်သွားတာလဲ။”
“ငါအစက ဒီမှာ တာဝန်ကောင်းတစ်ခု လက်ခံထားပြီး နွေဦးဆောင်းဦးဂိုဏ်းက အဖွဲ့တစ်ဖွဲ့ကို ချုံခိုတိုက်ခိုက်ဖို့ ပြင်ဆင်ထားတယ်။ ငါတို့သာအောင်မြင်ရင် ဆုလာဘ်တွေ အများကြီးရမှာ။”
“ရှဲ့ရွှင်က အားမနည်းသလို ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်လည်း ရောက်နေပြီဆိုတော့ သူ့ကိုပါ ခေါ်သွားချင်တာ။အဆုံးကျတော့ သူက ဒီမှာမရှိဘူး။ သူဘယ်သွားလဲ မသိဘူး။”
“ညီအစ်ကိုနျိုဇယ်၊ ဒီတပည့်သစ်အတွက် စိတ်မပူပါနဲ့။ သူ ဂူစံအိမ်မှာ မရှိမှတော့ ကံမကောင်းဘူးလို့ပဲ ပြောရမှာပေါ့။ ငါတို့ အမြန်ထွက်ခွာကြစို့။”
“ဟုတ်တယ်။ ငါလည်းအချိန်မဖြုန်းချင်ဘူး။”
“ဟုတ်တယ် ဟုတ်တယ်။”
ကျန်တဲ့ ခွေ့နျိုမျိုးနွယ်ရဲ့ နတ်ဆိုးဗိုလ်ချုပ်သုံးယောက်က ပြောတယ်။
“ မေ့လိုက်တော့။” ဒူနျိုဇယ်က ခေါင်းညိတ်လိုက်တယ် “ဒါဆို သွားကြစို့။”
ဒူနျိုဇယ်နဲ့ တခြားသူတွေက လီယွမ်တောင်ကနေ ထွက်ခွာသွားကြတယ်။
သူတို့ လုံးဝမသိကြဘူး။
ချီမင်က နတ်ဆိုးဒေသရဲ့ ကောင်းကင်နန်းတော်ကို သွားနေပြီ။ သူတို့က ချီမင်ရဲ့ တကယ့်အထောက်အထားကို လုံးဝမသိကြဘူး။ နတ်ဆိုးအားလုံး သူ့ရဲ့လှည့်စားမှုကို ခံထားရတယ်။
ပြောရမယ်ဆိုရင်…
လျှို့ဝှက်နက်နဲနည်းစနစ် ရုပ်ခန္ဓာပြောင်းလဲခြင်းက တကယ်ပဲ စွမ်းအားကြီးတယ်။ ချီမင်ကြုံတွေ့ခဲ့ရတဲ့ နတ်ဆိုးအားလုံးကို ဖုံးကွယ်ထားနိုင်ပြီး နတ်ဆိုးတောက်ပကြေးမုံတောင်မှ သူ့ရဲ့တကယ့်အထောက်အထားကို ရှာမတွေ့ဘူး။ မြင်ကွင်းက ပြောင်းလဲသွားတယ်။
“နတ်ဆိုးကောင်းကင်နန်းတော်။”
ချီမင် ရပ်လိုက်တယ်။ သူ့ရှေ့မှာ အရမ်းခမ်းနားထည်ဝါတဲ့ နန်းတော်အဆောက်အအုံတစ်ခုက လေဟာနယ်ထဲမှာ တည်ဆောက်တယ်။ တိမ်တွေနဲ့ မြူတွေက ဝန်းရံထားပြီး နတ်ဘုံနတ်နန်းတစ်ခုနဲ့တူတယ်။ ဒါပေမဲ့ သိပ်သည်းတဲ့ နတ်ဆိုးချီတွေနဲ့လည်း ပြည့်နှက်နေတယ်။
သူ့ရှေ့မှာ နတ်ဆိုးကောင်းကင်နန်းတော် ရှိတယ်။
စုစုပေါင်းနန်းတော် ဆယ့်နှစ်ခုကကြယ်တွေသဖွယ်ဝန်းရံထားတယ်။ အဲ့ဒီနန်းတော်ဆယ့်နှစ်ခုရဲ့ အလယ်ဗဟိုမှာ တောက်ပတဲ့ ခရမ်းရွှေရောင်နန်းတော်တစ်ခု ရှိတယ်။ အဲ့ဒါက အတောက်ပဆုံးနဲ့ အခမ်းနားဆုံးဖြစ်ပြီးအနားက နန်းတော်ဆယ့်နှစ်ခုကို ထိန်းချုပ်ထားတယ်။
ချီမင်က လေဟာနယ်အလွှာထဲကို ဝင်ရောက်သွားတယ်။
တနည်းအားဖြင့် နတ်ဆိုးကောင်းကင်နန်းတော်က လေဟာနယ်အလွှာမှာ တည်ရှိတယ်။
နတ်ဆိုးကောင်းကင်နန်းတော်ရဲ့ ပတ်လည်မှာ အစီအရင် အလွှာတစ်ခု ရှိတယ်။ အဲ့ဒါက အရမ်းနက်နဲပြီး နတ်ဆိုးနန်းတော်ရဲ့ နယ်ပယ်ကာကွယ်ရေးအစီအရင်ထက် မနိမ့်ဘူး။ အဲ့ဒါက နတ်ဆိုးကောင်းကင်နန်းတော်တစ်ခုလုံးကို ကာကွယ်ပေးထားတယ်။
ဒါ့အပြင် နတ်ဆိုးကောင်းကင်နန်းတော်မှာ အစောင့်တွေလည်း ရှိသေးတယ်။
သဘာဝကျကျစဉ်းစားကြည့်ရင် ချီမင် ခိုးဝင်ရမယ့်အခက်အခဲက အရမ်းမြင့်နေသေးတယ်။
သူက မမြင်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်။ သူက နတ္ထိအခြေအနေအဖြစ် ပြောင်းလဲသွားပြီး သူ့ရဲ့ခြေရာတွေနဲ့ အရှိန်အဝါတွေကို ဖုံးကွယ်ကာ နတ်ဆိုးကောင်းကင်နန်းတော်ကို အလျင်အမြန်ချဉ်းကပ်သွားလိုက်တယ်။
မကြာခင်မှာ ချီမင်က နတ်ဆိုးကောင်းကင်နန်းတော်ကို ချဉ်းကပ်သွားတယ်။ သူ့ရဲ့ ခမ်းနားထည်ဝါတဲ့ အရှိန်အဝါကို ချီမင်ကခံစားမိနိုင်တယ်။ တကယ့်ကိုခမ်းနားပြီး ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ထက် လုံးဝမနိမ့်ဘူး။
သိပ်မဝေးတဲ့နေရာမှာ နတ်ဆိုးကောင်းကင်နန်းတော်ရဲ့ အစောင့်တွေ ရောက်လာတယ်။ ဒီအစောင့်တွေရဲ့ ကျင့်ကြံခြင်းအဆင့်က မနိမ့်ဘဲ ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်ကိုတောင် ရောက်နေပြီ။ သူတို့က ချီမင်အနားက ဖြတ်သွားပေမဲ့ သူ့ကို လျစ်လျူရှုသွားကြပြီး သူ့ရဲ့သဲလွန်စတွေကို ရှာမတွေ့သွားဘူး။
ဒါကိုကြည့်ရင် သိသာတယ်။
လျှို့ဝှက်နက်နဲနည်းစနစ် ပုံရိပ်ယောင်ကို ချီမင်က ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံပြီးသွားပြီ။ အဲ့ဒါက ပြီးပြည့်စုံလုနီးပါးဖြစ်ပြီး ဘာအားနည်းချက်မှရှာလို့မရဘူ။ သူ့ခန္ဓာကိုယ်က မမြင်နိုင်တဲ့အခြေအနေကိုပြောင်းလဲသွားပြီး ရှာမတွေ့နိုင်တော့ဘူး။
“အရမ်းကောင်းတယ်။” ချီမင်က အရမ်းကျေနပ်သွားတယ် “ငါ ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကို ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံပြီးပြီ။ လျှို့ဝှက်နက်နဲနည်းစနစ်သုံးဆယ့်ခြောက်ခုထဲမှာ ထိပ်ဆုံးအဆင့်က အံ့ဖွယ်စွမ်းအားနည်းနည်းကလွဲရင် ကျန်တဲ့ လျှို့ဝှက်နက်နဲနည်းစနစ်တွေနဲ့ အံ့ဖွယ်စွမ်းအားတွေက ပြီးပြည့်စုံလုနီးပါးဖြစ်သွားပြီ။”
“ဒီလျှို့ဝှက်နက်နဲ အံ့ဖွယ်စွမ်းအားတွေကို သုံးပြီးရင် တောင်သူတို့ရဲ့ စွမ်းအားနဲ့ အကျိုးသက်ရောက်မှုအတိုင်းအတာက ငါ့ရဲ့ကျင့်ကြံမှုနဲ့ အများဆုံးသက်ဆိုင်နေဦးမှာပဲ။ ပြီးမှ နှိုင်းယှဉ်ကြည့်ရမယ်။”
“ငါ့ရဲ့ကျင့်ကြံမှုအဆင့်မြင့်လေ ငါသုံးတဲ့ အံ့ဖွယ်စွမ်းအားနည်းစနစ်ရဲ့ စွမ်းအားနဲ့ အကျိုးသက်ရောက်မှုက ပိုအားကောင်းလေပဲ။”
“ယင်းလုံကောင်းကင်ဂူမှာ ငါသုံးခဲ့တဲ့ ပုံရိပ်ယောင်က မမြင်ရအောင်ပဲ လုပ်ပေးနိုင်တယ်။ ပြီးတော့ မမြင်ရတဲ့ အကျိုးသက်ရောက်မှုက သာမန်ပဲရှိတယ်။ ဒီအဆင့်ကိုရောက်ဖို့ လုံးဝမဖြစ်နိုင်ဘူး။”
စဉ်းစားနေရင်း ချီမင်က နတ်ဆိုးကောင်းကင်နန်းတော်ရဲ့ ဝင်ပေါက်ကို ရောက်သွားတယ်။ ဒါပေမဲ့ သူ့ကို မမြင်ရတဲ့ အလင်းမျက်နှာပြင်တစ်ခုက တားဆီးထားတယ်။ ဒီအလင်းမျက်နှာပြင်က ကာကွယ်ရေးအစီအရင်ဖြစ်တယ်။
နတ်ဆိုးကောင်းကင်နန်းတော်ရဲ့ ဝင်ပေါက်နှစ်ဖက်မှာလည်း အစောင့်နှစ်ယောက် ရပ်နေတယ်။
ဒီအစောင့်နှစ်ယောက်က ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်ရဲ့ ထိပ်ဆုံးအဆင့်က နတ်ဆိုးတွေဖြစ်တယ်။ ပြီးတော့ သူတို့က နတ်ဆိုးကျင့်ကြံသူတွေ မဟုတ်ဘဲ နတ်ဆိုးသားရဲတွေကနေ ပြောင်းလဲလာတဲ့ နတ်ဆိုးတွေဖြစ်တယ်။ သူတို့ရဲ့ တကယ့်ခန္ဓာကိုယ်က သင်းခွေချပ်တွေဖြစ်ကြတယ်။
(ဒီမှာထိပ်ဆုံးအဆင့်ဆိုတာရှင်းပြမယ်။ နှောင်းပိုင်းအဆင့်ထိက သာမန်ကိုမှ ထိပ်ဆုံးဆိုတာက အဆုံးစွန် နောက်တစ်ဆင့်ရောက်တော့မယ့်လူတွေကိုပြောတာပါ။ ပုံမှန်အဆင့်အတိုင်းဆို စ၊လယ်၊နှောင်းပဲရှိတာပါ)
အလားတူပဲ သူတို့က ချီမင် ချဉ်းကပ်လာတာကို လုံးဝမသိလိုက်ကြဘူး။ “နန်းတော်ကာကွယ်ရေးအစီအရင်။”
ချီမင်က အသက်ပြင်းပြင်းရှူပြီး နန်းတော်ကာကွယ်ရေးအစီအရင်ကို ကြည့်လိုက်တယ်။ ဒါက တကယ်ပဲ အရမ်းနက်နဲပြီး ရှုပ်ထွေးတဲ့ အစီအရင်တစ်ခုဖြစ်တယ်။
“ဒီအစီအရင်က နက်နဲပေမဲ့ နတ်ဆိုးနန်းတော် နယ်ပယ်ကာကွယ်ရေးအစီအရင်နဲ့တော့ မယှဉ်နိုင်ဘူး။ နတ်ဆိုးနန်းတော် နယ်ပယ်ကာကွယ်ရေးအစီအရင်က ကောင်းကင်နဲ့မြေကြီးနဲ့ ဆက်သွယ်ထားတဲ့ အရမ်းကြီးမားတဲ့ အစီအရင်တစ်ခုပဲ။ အင်မော်တယ်အစီအရင်အဆင့်လောက် ရှိတယ်။”
ချီမင်က တစ်ခုခုကို တဖြည်းဖြည်း မြင်လိုက်တယ်။ “ဒါဆို ဒီနန်းတော်ကာကွယ်ရေးအစီအရင်ကို ငါ လုံးဝမချိုးဖျက်နိုင်ပေမဲ့ ဒီအစီအရင်ထဲက အားနည်းချက်တချို့ကို ရှာတွေ့နိုင်တယ်။ ငါက အံ့ဖွယ်စွမ်းအားကိုသုံးပြီး ဘယ်သူမှမသိဘဲ ဒီအစီအရင်ကို ဖြတ်ပြီး နတ်ဆိုးကောင်းကင်နန်းတော်ထဲကို ဝင်နိုင်လောက်တယ်။”
သူက လက်နက်သန့်စင်သူတစ်ယောက်တင် မဟုတ်ဘဲ အစီအရင်ဆရာတစ်ယောက်လည်း ဖြစ်တယ်။ သူက နည်းစနစ်အမျိုးမျိုးကို ကျင့်ကြံထားပြီး နယ်ပယ်အားလုံးကဟာ တွေပါဝင်တယ်။ ပြီးတော့ သူ့ရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်ရဲ့ အကန့်အသတ်ကို ရောက်နေကြပြီ။
ဒါ့အပြင် ချီမင်က ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကိုနားလည်ထားပြီး လျှို့ဝှက်နက်နဲအံ့ဖွယ်စွမ်းအား (၃၆)ခုလည်းရှိတယ်။ အဲ့ဒါက နေရာစုံမှာ ဖွံ့ဖြိုးတိုးတက်နေတာနဲ့တူတယ်။
“စလိုက်ရအောင်။”
ချီမင်က အသက်ပြင်းပြင်းရှူပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ သူက အရင်ဆုံး လျှို့ဝှက်နက်နဲနည်းစနစ်၊ အကြားအမြင်အာရုံစွမ်းအားကို သုံးပြီး ကောင်းကင်မျက်စိကို အသက်သွင်းလိုက်တယ်။ သူက နန်းတော်ကာကွယ်ရေးအစီအရင်တစ်ခုလုံးကို မြင်လိုက်ရတယ်။
ပြီးတော့ ချီမင်က ကောင်းကင်လျှို့ဝှက်ချက် တာအိုကို လည်ပတ်ပြီး သူရလိုက်တဲ့ သတင်းအချက် အလက်တွေကို နန်းတော်ကာကွယ်ရေးအစီအရင်ရဲ့ အခြေအနေနဲ့ ပေါင်းစပ်ပြီးတွက်ချက်မှုတစ်ခု ပြုလုပ်လိုက်တယ်။
“လျှို့ဝှက်နက်နဲတံခါးခြောက်ခု။”
ချီမင်က နေရာမှာပဲရပ်ပြီး သူ့ရဲ့လျှို့ဝှက်နက်နဲနည်းစနစ်ကို လည်ပတ်လိုက်တယ်။ သူ့တစ်ကိုယ်လုံးမှာ အရှိန်အဝါလှိုင်းတွေ ပေါ်လာပြီး ကောင်းကင်နဲ့မြေကြီး မဟာတာအိုရဲ့ တာအိုစာလုံးတွေ ထွက်ပေါ်လာတယ်။
သူက ယင်းလုံကောင်းကင်ဂူမှာ ရှိတုန်းက မမြင်နိုင်တဲ့ အခြေအနေမှာ အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်တွေကို မသုံးနိုင်ဘူး။ အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်တွေကို သုံးရင် မမြင်နိုင်တဲ့ အခြေအနေကနေ ထွက်သွားလိမ့်မယ်။
ချီမင်က အခု မမြင်နိုင်တဲ့ အခြေအနေမှာ အံ့ဖွယ်စွမ်းအားတွေနဲ့ သိုင်းနည်းစနစ်တွေကို သုံးနိုင်ပြီ။ ဒါ့အပြင် သူက သူ့ရဲ့အရှိန်အဝါကထွက်မလာဘူး။ သူက အံ့ဖွယ်စွမ်းအားတွေနဲ့ သိုင်းနည်းစနစ်တွေရဲ့ လှိုင်းတွေကိုတောင် ဖုံးကွယ်ထားနိုင်တယ်။
အံ့ဖွယ်စွမ်းအားနည်းစနစ်ရဲ့ အကျိုးသက်ရောက်မှုတွေက ပိုပြီးအားကောင်းလာတယ်။
ချီမင်က ကောင်းကင်နန်းတော်အစောင့်တွေရှေ့မှာ ရပ်ပြီး အံ့ဖွယ်စွမ်းအားတွေနဲ့ သိုင်းနည်းစနစ်တွေကို သုံးပြီး ကောင်းကင်နန်းတော်တစ်ခုလုံးကို ခြေရာခံနေပြီး နန်းတော်ကာကွယ်ရေးအစီအရင်ကို လေ့လာနေတယ်။
“တွေ့ပြီ။”
မကြာခင်မှာပဲ သူရဲ့ တာအိုအစီအရင်တွေကို နားလည်နိုင်စွမ်း၊ ကောင်းကင်လျှို့ဝှက်ချက်တာအိုကို တွက်ချက်မှုနဲ့ သူ့ရဲ့လျှို့ဝှက်နက်နဲနည်းစနစ်တွေနဲ့ အံ့ဖွယ်စွမ်းအားတွေရဲ့ အကူအညီနဲ့ ချီမင်က နန်းတော်ကာကွယ်ရေးအစီအရင်ရဲ့ အားနည်းချက်တစ်ခုကို တွေ့သွားတယ်။
“သွား။”
ချီမင်က ခေါင်းမော့လိုက်တယ်။ သူ့မျက်လုံးထဲမှာ အလင်းတန်းတစ်ခု လင်းလက်သွားတယ်။ သူ့ခန္ဓာကိုယ်က မမြင်နိုင်တဲ့ ရွှေရောင်အလင်းတန်းတစ်ခုလို နတ်ဆိုးကောင်းကင်နန်းတော်ထဲကို ဝင်ရောက်သွားတယ်။
သူက ဝင်ပေါက်ကနေ နတ်ဆိုးကောင်းကင်နန်းတော်ထဲကို ဝင်သွားပြီး အစီအရင်ရဲ့ ကာကွယ်ရေးမျက်နှာပြင်ကို ဖြတ်ကျော်သွားတယ်။ တံခါးမှာရပ်နေတဲ့ အစောင့်တွေက အစကတည်းက ဘာမှမခံစားမိလိုက်ကြဘူး။
“ဘာလဲ။”
ညာဘက်မှာရပ်နေတဲ့ အစောင့်က ခပ်တိုးတိုး အော်လိုက်တယ်။ သူ့ရဲ့အာရုံခံစားမှုက နည်းနည်းပိုထိရှတယ်၊ တစ်ခုခုကို ခံစားမိလိုက်သလိုဖြစ်သွားတယ် “မင်း ခုနက တစ်ခုခု ခံစားမိလိုက်လား။”
“ဘာလဲ။”
ဘယ်ဘက်က အစောင့်က ခေါင်းခါလိုက်တယ် “မင်း စိတ်ထင်နေတာ။”
“ဖြစ်နိုင်တယ်။” ညာဘက်က အစောင့်က ပြန်ဖြေတယ်။
“ပြီးပြီ။” ချီမင်က နတ်ဆိုးကောင်းကင်နန်းတော်ထဲကို ဝင်ရောက်ပြီး အသက်ပြင်းပြင်းရှူလိုက်တယ်။ သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပြီး အလယ်က မြင့်မားတဲ့ ခန်းမကို ကြည့်လိုက်တယ်။
“သွားကြစို့။”
ချီမင်က အတားအဆီးမရှိဘူး။ သူ့ပုံရိပ်က လေထဲကိုဖြတ်ပြီး ပျံသန်းသွားတယ်။ မမြင်နိုင်တဲ့ပြိုင်ဘက်ကင်း အခြေအနေအောက်မှာ သူက အလယ်က မြင့်မားတဲ့ ခန်းမကိုလျှောက်သွားလိုက်ပြီး တံခါးရှေ့ကို ရောက်လာတယ်။
“နတ်ဆိုးနန်းတော်ရဲ့ ကောင်းကင်နန်းတော်။”
(ရှုပ်မှာဆိုးလို့ရှင်းပြမယ်။နတ်ဆိုးနန်းတော်ဆိုတာအဖွဲ့အစည်းရဲ့နာမည်။မင်းသားဂိုဏ်းနာမည်နဲ့တူတူပဲ။နတ်ဆိုးဒေသဆိုတာ နတ်ဆိုးနန်းတော်ကတည်ဆောက်ထားတဲ့အတွင်းပိုင်း။မင်းသားတို့ရဲ့တောင်ထွတ်တွေနဲ့တူတူပဲ။ကောင်းကင်နန်းတော်ဆိုတာကျ မင်းသားလက်ရှိနေတဲ့အင်မော်တယ်တောင်လိုမျိုးနေရာတစ်ခု။)
ချီမင်က ခေါင်းမော့ပြီး ခန်းမရဲ့ ဆိုင်းဘုတ်ကို ကြည့်လိုက်တယ်။ ပြီးတော့ အဲ့ဒီပေါ်က နာမည်ကို ဖတ်လိုက်တယ်။
နတ်ဆိုးနန်းတော်က ကောင်းကင်နန်းတော်ရဲ့ တံခါးက ပိတ်ထားတယ်။
ဒါပေမဲ့ အဲ့ဒါက သူ့ကို မတားဆီးနိုင်ဘူး။
“ဟဲဟဲ။” ချီမင်က ခပ်တိုးတိုး ရယ်လိုက်တယ်။
သူက ရွှေရောင်အလင်းတန်းတစ်ခုလို ကောင်းကင်နန်းတော်ထဲကို ဝင်ရောက်သွားတယ်။ သူက စင်္ကြံလမ်းမှာရပ်ပြီးမှ ရှေ့ဆက်သွားလိုက်ကာ နတ်ဆိုးနန်းတော် ကောင်းကင်နန်းတော်ရဲ့ အနောက်ဘက်ဥယျာဉ်ကို ရောက်သွားတယ်။
ဒီမှာ ချီမင်က ပိန်သွယ်တဲ့ လူငယ်တစ်ယောက်ကို တွေ့လိုက်တယ်။ ဒီပိန်သွယ်တဲ့ လူငယ်က သူ့လက်တွေကို နောက်မှာထားပြီး ညနက်ကောင်းကင်ယံကို မော့ကြည့်နေတယ်။
လူငယ်က လှည့်လာတယ်။
ချီမင်က တစ်ဖက်လူရဲ့ မျက်ခုံးနှစ်ခုကြားမှာ ရွှေရောင်နဂါးပုံစံအမှတ်အသားတစ်ခု တကယ်ရှိနေတာကို တွေ့လိုက်ရတယ်။
“မင်းကိုတွေ့ပြီ။”
ချီမင်ရဲ့ မျက်လုံးတွေ တောက်ပသွားပြီး သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာတယ်။