အင်မော်တယ်ဘုရင် ကောင်းကင်ဂူ ပွင့်လာခြင်း! မဟာတာအိုနှင့် ပဲ့တင်ထပ်ခြင်း!
Vol. 14 Ch. 209
အထူးအစီအရင်ကြီးရဲ့ လွှမ်းမိုးမှုကြောင့် ချီမင်အပြင်ဘက်က အခြေအနေတွေကို ဘာမှမမြင်ရဘူး။ အပြင်လောကတစ်ခုလုံးက အစီအရင်ရဲ့ မြူခိုးတွေနဲ့ ကာဆီးထားခံထားရတော့ သူလည်း အထဲက အခြေအနေကိုပဲ မြင်နိုင်တယ်။
အစီအရင်အထဲက အခြေအနေကိုကြည့်ပြီးတော့ သူ မခန့်မှန်းနိုင်ဘူး။
ဒါသာ ဗဟိုနတ်ဘုရားတောင်ထိပ် မဟုတ်ရင် တခြားဘယ်နေရာဖြစ်နိုင်ဦးမလဲ။ တကယ်လို့ သူသာ ဗဟိုနတ်ဘုရားတောင်ထိပ်ကို ရောက်နေပြီဆိုရင် ဒီတောင်က ဘယ်လောက်တောင် မြင့်လဲ။ တောင်ထိပ်ရဲ့ အမြင့်အတိအကျက ဘယ်အလွှာမှာ ရှိနေတာလဲ။ လေထုအလွှာလား။ နက္ခတ်တာရာအလွှာလား။ လေဟာနယ်အလွှာလား။ ကပ်ဘေးအလွှာလား။ ဒါမှမဟုတ် နီဗားနားအလွှာလား။ ဒါမှမဟုတ် ဒီနတ်ဘုရားတောင်ရဲ့အမြင့်က နီဗားနားအလွှာကိုတောင် ကျော်လွန်သွားပြီလား။ ချီမင်လတ်တလောမှာတော့ တိကျတဲ့အဖြေကို မရသေးဘူး။ သူလည်း ဆက်ပြီးတော့ မစုံစမ်းဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါက အဓိပ္ပာယ်မရှိဘူး။
သိတော့ရော ဘာထူးမှာလဲ။
သိလို့လည်း ဘာအကျိုးအမြတ်မှ ရှိတာမဟုတ်ဘူး။
ဒီတစ်ခေါက် သူလာတာက အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကို ဝင်ဖို့ဖြစ်တယ်။ ဒီကောင်းကင်ဂူရဲ့ဝင်ပေါက်က ဗဟိုနတ်ဘုရားတောင်ထိပ်မှာ တကယ်ရှိလားဆိုတာက အရေးမကြီးဘူး။
ကောင်းကင်အရှင်ယင်းလည်း အဲ့ဒီတုန်းက အင်မော်တယ်မျိုးနွယ်တွေရဲ့ လှည့်စားတာကို ခံသွားရတာဖြစ်နိုင်တယ်။
နောက်တစ်မျိုးဖြစ်နိုင်တာက ကောင်းကင်အရှင်ယင်းကိုယ်တိုင် လိမ်ညာခဲ့တာဖြစ်တယ်။
ဒါပေမဲ့ ဒီလိုတော့ မဖြစ်လောက်ဘူး။
သုံးရက် ကြာသွားတယ်။
အခုဆို လေးရက်မြောက်နေ့ရဲ့ အရုဏ်တက်ချိန်ရောက်လာတယ်။
“သုံးရက် ပြည့်သွားပြီ။”
အင်မော်တယ်ဘုရင် (၁၀၈) ပါးထဲက အင်မော်တယ်ဘုရင်တစ်ပါး ထွက်လာတယ်။ ချီမင်က ဒီအင်မော်တယ်ဘုရင်ဆီကနေ စကြဝဠာရဲ့ အရှိန်အဝါကို ခံစားမိလိုက်တယ်။
ဒီအင်မော်တယ်ဘုရင်က…
သူ့ကို စကြဝဠာ အင်မော်တယ်ဘုရင်လို့ ခေါ်ကြတယ်။
အင်မော်တယ်ဘုရင် (၁၀၈) ပါးထဲမှာ စကြဝဠာ အင်မော်တယ်ဘုရင်က သက်တမ်းရင့်ပြီး ရှေးကျတဲ့ အင်မော်တယ်ဘုရင်တစ်ပါးဖြစ်တယ်။
“ဗဟိုနတ်ဘုရားတောင်ထိပ်ကို မရောက်သေးတဲ့ အင်မော်တယ်ဘုရင် အမွေခံတပည့်အားလုံးကို ထုတ်ပယ်လိုက်ပြီ။ သူတို့တွေ အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲဝင်ဖို့ အရည်အချင်း မမီတော့ဘူး။ ဗဟိုနတ်ဘုရားတောင်ပေါ်ကနေ ထွက်သွားလို့ရပြီ။”
စကြဝဠာ အင်မော်တယ်ဘုရင်က သူ့ရဲ့ ညာလက်ကို ဝှေ့ယမ်းလိုက်တော့ မရောက်လာသေးတဲ့ အင်မော်တယ်ဘုရင် အမွေခံတပည့်တွေအားလုံး အင်မော်တယ်သင်္ဘောပေါ်ကို နေရာ ရွှေ့ပြောင်းသွားကြတယ်။
သူတို့တွေ အထုတ်ခံလိုက်ရတာဖြစ်တယ်။
စကြဝဠာ အင်မော်တယ်ဘုရင်ရဲ့ ပုံရိပ်က မြူခိုးတွေကြားမှာ ဝေဝါးနေတယ်။ အဲ့ဒီမှာရှိနေတဲ့ အင်မော်တယ်ဘုရင် (၁၀၈) ပါးလုံးက မြူခိုးတွေနဲ့ ဖုံးလွှမ်းနေပြီး ဘယ်သူ့ကိုမှ သဲသဲကွဲကွဲမမြင်ရဘူး။ လျှို့ဝှက်ဆန်းကြယ်ပြီး ဘာမှန်းမသိရတဲ့ ခံစားချက်တွေနဲ့ ပြည့်နေတယ်။
ချီမင်ကတော့ ဒီအင်မော်တယ်ဘုရင်တွေရဲ့ ရုပ်အစစ်ကို အတင်းအကျပ် ချောင်းကြည့်မှာ မဟုတ်ဘူး။
သူသာအကြားအမြင်အာရုံအံ့ဖွယ်စွမ်းအားကိုသုံးပြီး ဒီအင်မော်တယ်ဘုရင်တွေကို ချောင်းကြည့်လိုက်ရင် သူတို့ရဲ့ ရုပ်အစစ်ကို မြင်နိုင်မှာ သေချာတယ်။
ဒါပေမဲ့ အဲ့ဒီနောက်ဆက်တွဲက ဘယ်လိုဖြစ်မလဲဆိုတာ တွေးကြည့်လို့ရတယ်။
သူ ဒီအင်မော်တယ်ဘုရင်တွေရဲ့ လက်ချက်နဲ့ နေရာမှာတင် အသတ်ခံရမှာ သေချာတယ်။
အင်မော်တယ်ဘုရင် အမွေခံတပည့်လေးတစ်ယောက်ကများ အင်မော်တယ်ဘုရင် (၁၀၈) ပါးရဲ့ ရုပ်အစစ်ကို ချောင်းကြည့်ရဲတယ် ဟုတ်လား။
ဒါ သေလမ်းရှာတာ မဟုတ်ရင်ဘာဖြစ်မလဲ။ ချီမင်မှာ ဘယ်လိုအကြောင်းပြချက်ပဲရှိရှိ ဒီအင်မော်တယ်ဘုရင်တွေက လက်ခံမှာမဟုတ်ဘူး။ အင်မော်တယ်ဘုရင် လင်းလုံက ချီမင်ကိုအသေခံကာကွယ်ပေးမှပဲရမယ်။
ဒါပေမဲ့ သူကတော့ ဒီလိုလုပ်မှာမဟုတ်ဘူး။
အခုချိန်မှာ ချီမင်ရဲ့အဆင့်အတန်းက အင်မော်တယ်ဘုရင် လင်းလုံရဲ့စိတ်ထဲမှာ အတော်လေးမြင့်နေပြီး ချီမင်ကို ကိုယ်ပိုင်တပည့်အဖြစ် လက်ခံဖို့ စီစဉ်ထားပေမဲ့လည်း ဒီကိစ္စမှာတော့ ခြွင်းချက်မရှိဘူး။
“ဒီတစ်ခေါက် အင်မော်တယ်ဘုရင် ကောင်းကင်ဂူကို ဖွင့်တဲ့အခါ အင်မော်တယ်မျိုးနွယ် (၁၀၈) စုက အင်မော်တယ်ဘုရင် အမွေခံတပည့်ပေါင်း (၂,၃၅၈) ယောက်က ဝင်ဖို့အရည်အချင်း ပြည့်မှီတယ်။ (၃၈၉) ယောက်ကတော့ အထုတ်ခံလိုက်ရတယ်။”
စကြဝဠာ အင်မော်တယ်ဘုရင်က ဆက်ပြောတယ်”ဂိုဏ်းတူတာအိုဆရာတို့၊ အချိန်ကျပါပြီ။ အားလုံးပေါင်းပြီး အင်မော်တယ်ဘုရင် ကောင်းကင်ဂူကို ဖွင့်လိုက်ကြရအောင်။”
“ကောင်းပြီ!”
“ပြဿနာမရှိဘူး။”
“မြန်မြန်စလိုက်ကြစို့။”
“ငါတို့ စောင့်နေတာကြာပြီ။”
“စတင်ပါ”
ကျန်တဲ့ အင်မော်တယ်ဘုရင် (၁၀၇) ပါးက တစ်ယောက်တစ်ပေါက် ပြန်ဖြေကြတယ်။ ဒါပေမဲ့ တချို့အင်မော်တယ်ဘုရင်တွေကတော့ စကားမပြောဘဲ ခေါင်းပဲအသာငြိမ့်ပြပြီး အသိအမှတ်ပြုလိုက်ကြတယ်။
အင်မော်တယ်ဘုရင်တော်တော်များများက သက်ဆိုင်ရာ ချိတ်စည်းတွေကို ချက်ချင်းဖွဲ့လိုက်ကြတယ်။
ကောင်းကင်နဲ့မြေကြီးလိုမျိုး စာလုံးတွေ ထွက်ပေါ်လာပြီး ကြယ်တွေလိုပဲ လေထဲမှာ တောက်ပစွာ ပျံဝဲလာတယ်။
ဓမ္မစွမ်းအားတွေ လှိုင်းထန်လာတယ်။
အင်မော်တယ်ဘုရင်တွေက သူတို့ရဲ့ သိုင်းနည်းစနစ်တွေကို လည်ပတ်ပြီး သက်ဆိုင်ရာ ချိတ်စည်းတွေကို ဖန်တီးလိုက်ကြတယ်။ စုစုပေါင်း မတူညီတဲ့ ချိတ်စည်း (၁၀၈)ခုရှိပြီး ရှေးဟောင်းအမှတ်အသားတွေလိုပဲ လေဟာနယ်ထဲမှာ ပျံဝဲနေတယ်။
ချိတ်စည်း (၁၀၈) ခုကနေ ဖိအားတွေ ထွက်ပေါ်လာတယ်။
ချီမင် အတော်လေး ဖိအားခံစားလိုက်ရတယ်။
ဒါတင်မကဘူး၊ ရှိနေတဲ့ အင်မော်တယ်ဘုရင် အမွေခံတပည့်အားလုံးလည်း ကြီးမားတဲ့ ဖိအားကို ခံစားနေရတယ်။ ဒါက အင်မော်တယ်ဘုရင်တစ်ပါးရဲ့ ဖိအားဖြစ်တယ်။အပိုင်းအစပဲ ဖြစ်ပေမဲ့ သာမန်မဟုတ်တော့ဘူး။
“အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့ တံခါး... အသက်သွင်းစေ!”
“အသက်သွင်းစမ်း!”
“ပွင့်!”
နောက်တစ်ခဏမှာပဲ အင်မော်တယ်ဘုရင် (၁၀၈) ပါးက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြတယ်။ သူတို့ဖန်တီးထားတဲ့ အင်မော်တယ်ဘုရင် ချိတ်စည်းတွေက ပုံစံတစ်ခုအတိုင်း နေရာယူလိုက်ကြတယ်။
ပြီးတော့ စက်ဝိုင်းပုံစံ ဖြစ်သွားတယ်။
အဲ့ဒီကနေ သိပ်သည်းတဲ့ အလင်းတန်းတွေ ထွက်ပေါ်လာတယ်။
အလင်းတန်းတေကဖရိုဖရဲဖြစ်နေတယ်။
အင်မော်တယ်ဘုရင်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ဒီအင်မော်တယ်ဘုရင် ချိတ်စည်းစက်ဝိုင်းက သူတို့နောက်က အလွန်သိပ်သည်းတဲ့ မြူခိုးတွေထဲကို ပျော်ဝင်သွားတယ်။
မြူခိုးတွေက မြင့်တက်လာတယ်။
အင်မော်တယ်ဘုရင် ချိတ်စည်းစက်ဝိုင်းက သော့တစ်ချောင်းနဲ့တူတယ်။ နက်နဲတဲ့ လှိုင်းတစ်ခုထွက်လာပြီး အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့ တံခါးကို ဖွင့်လိုက်တယ်။ ခမ်းနားပြီး အရမ်းမြင့်မြတ်တဲ့ ခရမ်းရောင်အလင်းတန်းတွေနဲ့ တံခါးကြီးတစ်ခုက မြူခိုးတွေကြားကနေ တဖြည်းဖြည်း ပေါ်ထွက်လာတယ်။ အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲမှာ ဝဲဂယက်ပုံစံ တံခါးမျိုး မရှိဘူး။
အဲ့ဒီအစား တကယ့်ခရမ်းရောင် တံခါးကြီးတစ်ချပ် ဖြစ်တယ်။
တကယ့်တံခါးအစစ်ကြီးတစ်ခုနဲ့တူတယ်။
အခုဆို အဲ့ဒီတံခါးကြီးက ပေါ်လာပြီ။
ခရမ်းရောင်တံခါးကြီးက ပိတ်လျက်သားဖြစ် နေတယ်။
သူတို့ သေသေချာချာ လေ့လာကြည့်လိုက်ကြတယ်။
ခရမ်းရောင်တံခါးကြီးပေါ်မှာ ကောင်းကင်နဲ့မြေကြီးပေါ်က စိတ်ဝိညာဉ်ပေါင်းတစ်သောင်းရဲ့ ပုံတွေကို ထွင်းထုထားတယ်။ ပုံတွေက အသက်ဝင်နေပြီး လေးစားပုံပေါက်နေကြတယ်။ သက်ရှိတစ်သောင်းပုံရဲ့ အပေါ်မှာတော့ ‘အင်မော်တယ်’ ဆိုတဲ့ စာလုံးကို ထွင်းထုထားပြီး အရာအားလုံးရဲ့ အထက်မှာ ရှိနေတာနဲ့တူတယ်။
“ဒါ အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့ တံခါးပဲ။”
ချီမင်က ဒီခရမ်းရောင်တံခါးကြီးကို သူ့စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်သားလိုက်ပြီး ဘယ်တော့မှ မေ့တော့မှာမဟုတ်ဘူး “တံခါးက အပြည့်အဝ မပွင့်သေးဘူး။ လောလောဆယ်တော့ အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲက အခြေအနေအမှန်ကို ငါမသိသေးဘူး။”
ရန်ပေါင်ချီက အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကို နှစ်ခါဝင်ခဲ့ဖူးပေမဲ့ ချီမင်က သူ့ရဲ့အတိတ်ကို ပြန်ပြီးတွက်ချက်ကြည့်တဲ့အခါ အင်မော်တယ်ဘုရင် ကောင်းကင်ဂူနဲ့ ပတ်သက်တဲ့ အကြောင်းအရာမှန်သမျှက မြူခိုးတစ်လွှာနဲ့ ဖုံးအုပ်ထားသလို ဝေဝါးနေတယ်။
ချီမင်က အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့ အခြေအနေအမှန်ကို မသိဘူး။
အင်မော်တယ်ဘုရင် ကောင်းကင်ဂူနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ မြင်ကွင်းတွေအားလုံး မြူခိုးဖုံးပြီး ဝေဝါးနေပေမဲ့ ချီမင်က အဲ့ဒီထဲကနေ သတင်းအချက်အလက်တချို့ကိုတော့ တွက်ချက်နိုင်ခဲ့တယ်။ သူက လုံးဝ ဘာမှမသိတာတော့ မဟုတ်ဘူး။
လွန်ခဲ့တဲ့ ငါးလအတွင်းမှာ ရန်ပေါင်ချီနဲ့အတူ အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲ ဝင်ခဲ့ဖူးတဲ့ တပည့်တချို့က ချီမင့်ဆီကို အလည်လာခဲ့ကြတယ်။ စကားပြောကြရင်းနဲ့ သူတို့က အင်မော်တယ်ဘုရင် ကောင်းကင်ဂူအကြောင်းကို မသိမသာ ထည့်ပြောတတ်ကြတယ်။
ဒီလိုမေးခွန်းတွေနဲ့ ကြုံတဲ့အခါ ချီမင်က မတုန်လှုပ်သွားဘူး။ တပည့်တွေဆီက ရတဲ့သတင်းအချက်အလက်တွေနဲ့ သူကိုယ်တိုင်တွက်ချက်ထားတဲ့ အချက်အလက်တွေကို ပေါင်းစပ်ပြီး သူတို့ရဲ့မေးခွန်းတွေကို သေချာပြန်ဖြေနိုင်ခဲ့တယ်။
ဒါ့အပြင် ဒီတပည့်တွေက ချီမင်ဆီလာပြီး အင်မော်တယ်ဘုရင် ကောင်းကင်ဂူအကြောင်း လာမေးကြတာက တကယ်တော့ အင်မော်တယ်ဘုရင် လင်းလုံက နောက်ကွယ်ကနေ ကောင်းကင်လျှို့ဝှက်ချက်ကို ထိန်းချုပ်ပြီး သူတို့ကို လမ်းကြောင်းပေးလိုက်လို့ဖြစ်တယ်။
ဒါကလည်း အင်မော်တယ်ဘုရင် လင်းလုံရဲ့ စမ်းသပ်မှုတစ်ခုဖြစ်တယ်။
အင်မော်တယ်ဘုရင် လင်းလုံက ရန်ပေါင်ချီကို သံသယမဝင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ထပ်ခါတလဲလဲ စမ်းသပ်ပြီးတဲ့နောက်မှာ ချီမင်အပေါ်ထားတဲ့ သံသယတွေက တဖြည်းဖြည်းနဲ့ လျော့ပါးလာပြီး ပျောက်ကွယ်လုနီးပါး ဖြစ်သွားတယ်။
အင်မော်တယ်ဘုရင် ကောင်းကင်ဂူကနေ နောက်ထပ်လှုပ်ခါမှုတစ်ခု ထွက်ပေါ်လာတယ်။ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လှုပ်ခတ်ထဲမှာ ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုအငွေ့အသက်တွေ ပါဝင်ပြီး ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားတယ်။ ရှိနေတဲ့ အင်မော်တယ်မျိုးနွယ်အားလုံး အနည်းငယ် သက်ရောက်မှု ခံလိုက်ရတယ်။
ချက်ချင်းဆိုသလိုပဲ အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့ တံခါးနှစ်ချပ်က တဖြည်းဖြည်း ပွင့်လာတယ်။ အစပိုင်းမှာတော့ အက်ကြောင်းလေးတစ်ခုပဲ ပေါ်လာတယ်။ အက်ကြောင်းထဲမှာ မဲမှောင်ပြီး ဘာအလင်းရောင်မှ မရှိဘူး။
ပြီးတော့ တံခါးနှစ်ချပ်စလုံး အပြည့်အဝ ပွင့်သွားတယ်။
တံခါးပေါက်ထဲမှာ မတူညီတဲ့ အလင်းရောင် ကိုးမျိုး ပေါ်လာတယ်။
အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ ကောင်းကင်ပြာ၊ အပြာ၊ ခရမ်း၊ အနက်၊ နဲ့ အဖြူရောင်တွေဖြစ်တယ်။
အလင်းရောင်တွေက အချင်းချင်း ယှက်နွယ်နေကြတယ်။
အရမ်းကို လှပတင့်တယ်နေတယ်။
“ဒါက...”
နောက်တစ်ခဏမှာပဲ ချီမင်တကိုယ်လုံး တုန်ခါသွားတယ်။ သူ့ခန္ဓာကိုယ်ထဲက သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်က ရုတ်တရက် မျက်လုံးဖွင့်လိုက်တယ်။ သူ့အကြည့်တွေက အတားအဆီးအလွှာတွေကို ထိုးဖောက်ပြီး အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့ အနက်ရှိုင်းဆုံးနေရာကို တန်းတန်းမတ်မတ် ကြည့်နေတယ်။
ချီမင်ရဲ့ ကျင့်ကြံမှုအဆင့်က ဝိညာဉ်ဖွဲ့တည်ခြင်း အထွတ်အထိပ်ကို ရောက်နေပြီ။ သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်ကို သူကိုယ်တိုင် ကျင့်ကြံထားတာဖြစ်တယ်။ ဒါက ကောင်းကင်မြေကြီး မဟာတာအိုရဲ့ အနှစ်သာရဝိညာဉ်နဲ့ ချီမင်ကျင့်ကြံထားတဲ့ သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ် ပေါင်းစပ်ထားတာဖြစ်တယ်။
အဲ့ဒီထဲမှာ ချီမင်ရဲ့ ကျင့်ကြံမှုအားလုံး ပါဝင်နေတယ်။
သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်က ချီမင်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်။
အခုအချိန်မှာတော့ သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်က တစ်စုံတစ်ခုရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရတယ်။ အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲက တစ်စုံတစ်ခုရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရပြီး တုံ့ပြန်မှု ဖြစ်ပေါ်လာတယ်။
ဒါက အရင်တုန်းက ယင်းလုံဘုရားကျောင်းမှာ သန့်စင်ခြင်းသုံးပါး တာအိုကျမ်းကို ရှာတွေ့တုန်းက သူ့ရဲ့ မွေးရာပါ သန့်စင်တဲ့ မဟာတာအို ရွှေအမြူတေက ချက်ချင်းတုံ့ပြန်လာသလိုမျိုးဖြစ်တယ်။
ဒီအဖြစ်အပျက်ကို ဖော်ပြရမယ်ဆိုရင်တော့...
ဒါက မဟာတာအိုနဲ့ ပဲ့တင်ထပ်ခြင်းဖြစ်တယ်။
တစ်နည်းပြောရရင် ချီမင် ထင်တာမှန်သွားပြီ။
အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲမှာ သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်ကို နောက်တစ်ဆင့်တက်လှမ်းစေနိုင်တဲ့ အရာတစ်ခု ဒါမှမဟုတ် ပစ္စည်းတစ်ခုခု ရှိနေတာ သေချာတယ်။ ဖြစ်နိုင်ခြေအများဆုံးကတော့ သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်ကို တာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်ရှိစေနိုင်တဲ့ စွမ်းအားကြီး မဟာတာအို နည်းစနစ်တစ်ခုခုဖြစ်တယ်။
“ဟူး...”
ချီမင် အသက်ကိုပြင်းပြင်းရှူလိုက်တယ်။ တကယ်တော့ သူအရမ်းစိတ်လှုပ်ရှားနေပေမဲ့ အပြင်မှာတော့ မပေါ်အောင် ထိန်းထားတယ်။ သူ့စိတ်ကို အတတ်နိုင်ဆုံး ငြိမ်အောင် ကြိုးစားနေတယ်။
သူအောင်မြင်မှုနဲ့ နီးလေ၊ သူသတိလက်လွတ်ဖြစ်လို့ မရလေဖြစ်တယ်။
ချီမင်က အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကို မဝင်ရသေးဘူး။ ဝင်သွားရင်တောင်မှ အဲ့ဒီပစ္စည်းကို ရနိုင်မယ်လို့ အာမမခံနိုင်ဘူး။
ရခဲ့ရင်တောင် ချီမင်အတွက် ဗဟိုဒေသကနေအန္တရာယ်ကင်းကင်းထွက်သွားဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး။
ဒါက အစပဲရှိသေးတယ်။ ခိုးဝင်တာက မအောင်မြင်သေးဘူး။
ဒီခရီးက ရှည်လျားကြမ်းတမ်းဦးမယ်။
“အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့ တံခါး ပွင့်သွားပြီ။”
စကြဝဠာ အင်မော်တယ်ဘုရင်က ရှိနေတဲ့ အင်မော်တယ်ဘုရင် အမွေခံတပည့်အားလုံးကို ကြည့်လိုက်တယ်။ ချီမင်တောင်မှ ပြင်းထန်တဲ့ ဖိအားကို ခံစားလိုက်ရတယ်။ စကြဝဠာ အင်မော်တယ်ဘုရင်ရဲ့ အကြည့်အောက်မှာ သူ့တစ်ကိုယ်လုံးကို ထွင်းဖောက်မြင်နိုင်တော့မလို ခံစားနေရတယ်။
ကြောက်စရာကောင်းတယ်။
“ဟူး...”
ချီမင် စိတ်ထဲမှာတော့ တော်တော်လေး တုန်လှုပ်သွားတယ် “ဒီ စကြဝဠာ အင်မော်တယ်ဘုရင်ရဲ့ စွမ်းအားနဲ့ ကျင့်ကြံမှုက အင်မော်တယ်ဘုရင် လင်းလုံထက် အများကြီး ပိုသာလွန်တာ သေချာတယ်။ ခုနက အကြည့်တစ်ချက်နဲ့ ငါ့ကို အကုန်မြင်သွားသလိုမျိုးပဲ။”
ကံကောင်းတာက ချီမင်ရဲ့ ရုပ်ခန္ဓာပြောင်းလဲခြင်း ပညာက ပြီးပြည့်စုံခြင်းအဆင့်ရဲ့ အဆုံးစွန်ကို ရောက်နေပြီ။ နောက်ဆုံး နက်နဲခြင်းအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ စကြဝဠာ အင်မော်တယ်ဘုရင်က ကြောက်စရာကောင်းပေမဲ့ ချီမင်ကို တစ်ချက်ကြည့်ရုံနဲ့ ထွင်းဖောက်မြင်နိုင်တဲ့အဆင့်တော့ မရောက်သေးဘူး။
ဒါပေမဲ့...
ဒီ စကြဝဠာ အင်မော်တယ်ဘုရင်က တကယ်ကို အရမ်းစွမ်းအားကြီးတယ်။
“မင်းတို့တွေ အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကို ဝင်နိုင်ပြီ။” စကြဝဠာ အင်မော်တယ်ဘုရင်က ပြောတယ် “ကောင်းကင်ဂူထဲဝင်ရမယ့် အစီအစဉ်က ဗဟိုနတ်ဘုရားတောင်ထိပ်ကို ရောက်တဲ့ အစီအစဉ်အတိုင်းပဲ။ ဗဟိုနတ်ဘုရားတောင်ထိပ်ကို အရင်ဆုံးရောက်တဲ့သူက ကောင်းကင်ဂူထဲကို အရင်ဆုံးဝင်ရမယ်။ အဲ့ဒီအတိုင်းပဲ။ ဗဟိုနတ်ဘုရားတောင်ထိပ်ကို နောက်ဆုံးမှရောက်တဲ့သူက နောက်ဆုံးမှ ဝင်ရမယ်။”
“ဟုတ်ကဲ့ပါ”
“တပည့်တို့ နာခံပါတယ်။”
“ဟုတ်ကဲ့။”
ချီမင်အပါအဝင် စုစုပေါင်း အင်မော်တယ်ဘုရင် အမွေခံတပည့် (၂,၃၅၈)ယောက်က တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြတယ်။