ကောင်းကင်နဲ့မြေကြီး အစီအရင်
Vol. 14 Ch. 207
ချီမင်က အင်မော်တယ်ဘုရင် လင်းလုံ တည်ဆောက်ထားတဲ့ ထူးခြားအင်မော်တယ်လမ်းကို တက်သွားပြီး ဗဟိုနတ်ဘုရားတောင်ထဲကို ဝင်ရောက်သွားတယ်။ သူ့ပတ်လည်မှာ အရမ်းမြင့်မားတဲ့ သစ်ပင်တွေရှိပြီး အရေအတွက်ကလည်း အရမ်းများတယ်။အပင်အမျိုးမျိုးက ပျံ့နှံ့နေပြီး ရှေးဦးသစ်တောရဲ့ မြင်ကွင်းနဲ့ ပတ်ဝန်းကျင်ကို ဖွဲ့စည်းထားတယ်။
ပြီးတော့ ချီမင်က အင်မော်တယ်ဘုရင် အမွေခံတိုကင်ကို ထုတ်ယူလိုက်တယ်။ ဒီတိုကင်က မမြင်ရတဲ့ကမ္ဘာမှာ အင်မော်တယ်ဘုရင် ကောင်းကင်ဂူနဲ့ ပဲ့တင်ထပ်သွားတယ်။ ထူးခြားအင်မော်တယ်လမ်းရဲ့ အရှိန်အဝါနဲ့ ပေါင်းစပ်ပြီး ဒါက ချီမင်ကို ဗဟိုနတ်ဘုရားတောင်ရဲ့ ထိပ်ကို ဦးတည်လမ်းညွှန်ပေးနိုင်တယ်။
“သွား။”
ချီမင်က အင်မော်တယ်ဘုရင် အမွေခံတိုကင်က ညွှန်ပြတဲ့ဘက်ကို အမြန်လျှောက်သွားလိုက်တယ်။
သူက တောင်ထိပ်ကို မြန်နိုင်သမျှမြန်မြန် ပြေးသွားလိုက်တယ်။ ဗဟိုနတ်ဘုရားတောင်မှာ အသိဉာဏ်ရှိတဲ့ သတ္တဝါတွေ မရှိပေမဲ့ သဘာဝတရားက ဖွဲ့စည်းထားတဲ့ သဘာဝအစီအရင်အမျိုးမျိုး ရှိတယ်။
ကောင်းကင်နဲ့မြေကြီး အစီအရင်ကို အထူးပတ်ဝန်းကျင်တစ်ခုမှာ တည်ဆောက်ထားတယ်။ အဲ့ဒါက ကောင်းကင်နဲ့မြေကြီးက ဖွဲ့စည်းထားတဲ့ အစီအရင်တစ်ခုဖြစ်တယ်။ လူလုပ်အစီအရင်တစ်ခု မဟုတ်ဘူး။ ဒါကြောင့် ကောင်းကင်နဲ့မြေကြီး အစီအရင်ရဲ့ စွမ်းအားက အားမနည်းဘူး။အဲ့ဒီအပြင် အမျိုးအစားအစုံရှိတယ်။
ချုပ်နှောင်ခြင်းအစီအရင်တွေ၊ သတ်ဖြတ်ခြင်းအစီအရင်တွေ၊ ပုံရိပ်ယောင်အစီအရင်တွေ ဒါမှမဟုတ်ရှုပ်ထွေးတဲ့ အစီအရင်အမျိုးမျိုးကို ဖွဲ့စည်းထားတယ်။ တောင်ထိပ်ကို သွားတဲ့လမ်းမှာ ကောင်းကင်နဲ့မြေကြီး အစီအရင်တစ်ခုထဲကို ကျရောက်သွားနိုင်တယ်။
တောင်ထိပ်ကို သွားတဲ့လမ်းမှာ အမွေခံတပည့်တွေက ဗဟိုနတ်ဘုရားတောင်ရဲ့ ထိပ်ကို ချဉ်းကပ်လေလေ နတ်ဘုရားတောင်က ထုတ်လွှတ်တဲ့ ဖိအားက ပိုလေးလံလာလေဖြစ်တယ်။ ခုခံဖို့ ပိုခက်ခဲလာတယ်။ စိတ်ဓာတ်ကြံခိုင်မှု မလုံလောက်ရင်၊ ကျင့်ကြံမှုအဆင့် မလုံလောက်ရင်၊ ခွန်အားမလုံလောက်တဲ့သူတွေက ဒီဖိအားကိုတောင် မခုခံနိုင်ဘဲ တောင်ထိပ်ကို တက်ဖို့မဖြစ်နိုင်ဘူး။
ချီမင်နဲ့ တခြားသူတွေက ဗဟိုနတ်ဘုရားတောင်ထဲက ကောင်းကင်နဲ့မြေကြီး အစီအရင်ကို ရှောင်ရှားဖို့ လိုအပ်သေးတယ်။ သူတို့သာ ကောင်းကင်နဲ့မြေကြီး အစီအရင်ထဲကို ကျရောက်သွားရင် အဲ့ဒါကို အမြန်ဆုံး ချိုးဖျက်ရမယ်။ မဟုတ်ရင် သူတို့ နောက်ကျသွားပြီး သုံးရက်အတွင်းမှာ တောင်ထိပ်ကို မရောက်နိုင်တော့ဘူး။
စမ်းသပ်မှု ကျရှုံးတဲ့သူတွေက အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကို မဝင်နိုင်ဘူး။
နာရီဝက်အကြာမှာ ချီမင်က ကောင်းကင်နဲ့မြေကြီး အစီအရင်တစ်ခုနဲ့ ကြုံတွေ့လိုက်ရတယ်။ အဲ့ဒါက ပိတ်လှောင်ခြင်းအစီအရင်တစ်ခုဖြစ်တယ်။ ချီမင်က မတော်တဆ အဲ့ဒီထဲကို ကျရောက်သွားပြီး သီးခြားအစီအရင်နေရာလွတ်တစ်ခုကို ဖွဲ့စည်းလိုက်တယ်။ ဒီအစီအရင်နေရာလွတ်ထဲမှာ မက်မွန်ပင်တွေနဲ့ဖွဲ့စည်းထားတဲ့ မက်မွန်တောတစ်ခုဖြစ်ပေါ်လာတယ်။
မြင်ကွင်းက ပြောင်းလဲသွားတယ်။
ဗဟိုနတ်ဘုရားတောင်ရဲ့ ထိပ်မှာ အင်မော်တယ်ဘုရင် (၁၀၈) ပါး စုဝေးနေကြတယ်။ သူတို့ရဲ့နောက်မှာ ဖရိုဖရဲဖြစ်နေတဲ့ မြူတွေရှိတယ်။ ဖရိုဖရဲဖြစ်နေတဲ့ မြူထဲမှာ အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့ ဝင်ပေါက်ကို ဝှက်ထားတယ်။
အဲ့ဒါကို အခုထိ အသက်မသွင်းရသေးဘူး။
သူတို့က အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့ ဝင်ပေါက်ကို ဖွင့်ချင်ရင် အင်မော်တယ်ဘုရင် (၁၀၈) ပါးကို စုစည်းပြီး သက်ဆိုင်ရာ အင်မော်တယ်မျိုးနွယ် လျှို့ဝှက်နက်နဲနည်းစနစ်ကို သုံးပြီး ဝင်ပေါက်ကို ဖွင့်ရမယ်။
ပတ်ဝန်းကျင်မှာ ပုံရိပ်တွေ ပေါ်လာတယ်။ ပုံရိပ်တိုင်းမှာ အင်မော်တယ်ဘုရင်တွေရဲ့ အမွေခံတပည့်တွေရဲ့ အခြေအနေနဲ့ မြင်ကွင်းတွေကို ပြသနေတယ်။
အင်မော်တယ်ဘုရင်တွေရဲ့ အမွေခံတပည့်တွေကနဲ့ပတ်သက်တဲ့အရာအားလုံးကို မြင်တွေ့လိုက်ကြရတယ်။
“မက်မွန်တောအကျဉ်းချအစီအရင်။”
အင်မော်တယ်ဘုရင် လင်းလုံက ချီမင်ဘက်က အခြေအနေကို အထူးတလည်သတိထားပြီး အကြိမ်အနည်းငယ် ပိုကြည့်လိုက်တယ်“ရန်ပေါင်ချီက ဗဟိုနတ်ဘုရားတောင်ထဲကို ဝင်ပြီး နာရီဝက်မပြည့်ခင်မှာပဲအကျဉ်းချအစီအရင်ထဲကို ဝင်သွားတယ်။”
အင်မော်တယ်ဘုရင် လင်းလုံက ရန်ပေါင်ချီအပေါ် နည်းနည်းစိတ်ပျက်သွားတယ်။ သူက အစက သူ့ရဲ့စစ်မှန်မှုကို နားလည်သဘောပေါက်ပြီး သူ့ရဲ့တာအိုနှလုံးသားက အားကောင်းသွားတယ်လို့ ထင်ခဲ့တာဖြစ်တယ်။ သူ့ရဲ့အနာဂတ် အလားအလာကောင်းပေမဲ့ သူက ဗဟိုနတ်ဘုရားတောင်ထဲကို ဝင်ပြီးတာနဲ့ အစီအရင်ထဲမှာ ပိတ်မိနေတယ်။ ဒါက သူ့ကို အကြီးအကျယ် စိတ်ပျက်သွားစေတယ်။
“ဘာလဲ။”အင်မော်တယ်ဘုရင် လင်းလုံက ခပ်တိုးတိုး ထပ်အော်လိုက်ပြီး သူ့မျက်နှာပေါ်မှာ အံ့အားသင့်တဲ့အမူအရာ ပေါ်လာတယ် “ဒါ… သူက မိနစ်ဝက်ပဲ သုံးပြီး မက်မွန်တောအကျဥ်းချအစီအရင်ကို တကယ်ပဲ ချိုးဖျက်လိုက်တာလား။”
မက်မွန်တောအကျဥ်းချအစီအရင်ထဲမှာ
ချီမင်က သူ့ရဲ့ညာဘက်လက်ကို ဝှေ့ယမ်းပြီး ထူးခြားသံလိုက်အိမ်မြှောင်ကို ထုတ်ယူလိုက်တယ်။ သူက သူ့ရဲ့ဓမ္မစွမ်းအားတွေကို လည်ပတ်လိုက်ပြီး တွက်ချက်ဖို့ သုံးလိုက်တယ်။ နာရီဝက်အတွင်းမှာ သူက မက်မွန်တောအကျဥ်းချအစီအရင်ရဲ့ အားနည်းချက်ကို ရှာတွေ့သွားတယ်။ သူက ဒီအားနည်းချက်ကနေတစ်ဆင့် မက်မွန်တောအကျဥ်းချအစီအရင်ထဲကနေ လွယ်လွယ်ကူကူ ထွက်သွားလိုက်တယ်။
“ရန်ပေါင်ချီရဲ့ တွက်ချက်မှုစွမ်းရည်က ဒီလောက်တောင် တိုးတက်လာတာလား။”
အင်မော်တယ်ဘုရင် လင်းလုံမှာ ကျေနပ်သွားအမူအရာ ပေါ်လာတယ်“မက်မွန်တောအကျဥ်းချအစီအရင်က ဗဟိုနတ်ဘုရားတောင်မှာ ရှိတယ်။ အဲ့ဒါက အနိမ့်ဆုံးအဆင့် ကောင်းကင်နဲ့မြေကြီး ချုပ်နှောင်ခြင်းအစီအရင်ဖြစ်ပေမဲ့ ရန်ပေါင်ချီအတွက် မိနစ်ဝက်အတွင်းမှာ ဖြေရှင်းဖို့နည်းလမ်းကို တွက်ချက်နိုင်တာက အရမ်း အရမ်းကို ထူးချွန်နေပြီ။”
အမှန်အတိုင်းပြောရရင် အင်မော်တယ်ဘုရင် လင်းလုံမှာ သံသယတွေ ရှိတယ်။
ဒါပေမဲ့ သူက ချီမင်ကို အကြိမ်ပေါင်းများစွာ ဆက်တိုက် စမ်းသပ်ထားပြီး အကြိမ်တိုင်းမှာ ဘာပြဿနာမှ မရှိဘူး။ ဒါကြောင့် အင်မော်တယ်ဘုရင် လင်းလုံက ဘာမှထပ်ပြီး သံသယမဝင်နိုင်တော့ဘူး။
ဒီအခြေအနေနဲ့ ရင်ဆိုင်ရတော့ အင်မော်တယ်ဘုရင် လင်းလုံအနေနဲ့ ရန်ပေါင်ချီက ရှင်သန်ခြင်းနဲ့သေခြင်းရဲ့ အစွန်းကို တစ်ခေါက်သွားပြီး သေလုနီးပါးဖြစ်ခဲ့ရတယ်။ သူ့ရဲ့ပင်ကိုယ်သိစိတ်က ကျယ်ပြန့်လာပြီး သူ့ရဲ့အတွင်းစိတ်နှလုံးသားကို နားလည်သဘောပေါက်သွားလို့သူ့ရဲ့တာအိုနှလုံးသားကို အားကောင်းသွားစေတယ်လို့ပဲ ယုံကြည်နိုင်တော့တယ်။ ဒါက ဒီလောက်ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်ပေါ်လာရတဲ့အကြောင်းရင်းဖြစ်တယ်။
အင်မော်တယ်ဘုရင် လင်းလုံက ပျော်ရွှင်စွာ ပြောလိုက်တယ်“ရန်ပေါင်ချီသာ အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲမှာ အခွင့်အလမ်းအလုံအလောက်ရပြီး ပြီးပြည့်စုံဆုံး တာအိုပေါင်းစည်းခြင်းနည်းစနစ်ကို ရလိုက်နိုင်ရင် သူအခုထုတ်ပြထားတဲ့ အရည်အချင်းနဲ့ဆို ငါက သူ့ကို ငါ့ရဲ့ကိုယ်ပိုင်တပည့်အဖြစ် လက်ခံဖို့ စဉ်းစားနိုင်တယ်။”
ဗဟိုနတ်ဘုရားတောင်မှာ။
ချီမင်က မက်မွန်တောအကျဥ်းချအစီအရင်ထဲကနေ ထွက်လာလိုက်တယ်။
“ငါ ခုနက ပြလိုက်တဲ့ အရည်အချင်းနဲ့ တွက်ချက်တဲ့နည်းစနစ်မှာ ငါ့ရဲ့ အောင်မြင်မှုနဲ့ဆို ငါက အင်မော်တယ်ဘုရင် လင်းလုံကို ငါ့ကို နေက်တစ်မျိုးမြင်သွားစေဖို့လုံလောက်ပြီ။ သူက ငါ့ကို သူ့ရဲ့ကိုယ်ပိုင်တပည့်အဖြစ် လက်ခံဖို့ ရည်ရွယ်ချက် ရှိနေတာတောင် ဖြစ်နိုင်တယ်။”
ချီမင်က ထူးခြားသံလိုက်အိမ်မြှောင်ကို သိမ်းပြီး တောင်ထိပ်ကို အမြန်လျှောက်သွားတယ်“ဒါကလည်း ငါလိုချင်တာပဲ။ ပထမဆုံး သံသယဝင်ခံရတာကနေ လုံးဝလွတ်လာမှ ငါက ကိုယ့်ကိုယ်ကိုယ် လုံးဝသက်သေပြရမယ်။ပြီးရင် ပိုထူးချွန်တဲ့အရည် အချင်းကို ထုတ်ပြပြီး အင်မော်တယ်ဘုရင် လင်းလုံရဲ့ နှလုံးသားထဲမှာ ငါ့ရဲ့နေရာကို တိုးမြှင့်ရမယ်။ ငါ့ရဲ့အစီအစဉ်ကို တစ်ဆင့်ချင်းစီ ပြီးမြောက်အောင်လုပ်ရမယ်။” ချီမင်က အရာအားလုံးကို တိတိကျကျ တွက်ချက်ထားတယ်။
အင်မော်တယ်ဘုရင် လင်းလုံကသူ ချီမင်ရဲ့ ထောင်ချောက်ထဲကို ကျနေပြီဆိုတာကိုတောင် မသိဘူး။ သူက သူ့ရဲ့လုပ်ဆောင်ချက်အားလုံးကို ချီမင်က ကြိုတင်ခန့်မှန်းထားတယ်ဆိုတာကို မသိခဲ့ဘူး။
အင်မော်တယ်ဘုရင် လင်းလုံရဲ့ ကောင်းကင်လျှို့ဝှက်ချက် တာအိုမှာ ကျွမ်းကျင်မှုက ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်နီးပါးရှိတယ်။ ပြီးတော့ သူ့ရဲ့ကျင့်ကြံမှုက ချီမင်ထက် အများကြီးမြင့်တယ်။
သဘာဝကျကျပြောရရင် ချီမင်ရဲ့ ကောင်းကင်လျှို့ဝှက်ချက်တာအိုမှာ ကျွမ်းကျင်မှုနဲ့ အောင်မြင်မှုက အင်မော်တယ်ဘုရင် လင်းလုံထက်နိမ့်သင့်တယ်။
ဒါပေမဲ့ အင်မော်တယ်ဘုရင် လင်းလုံက အင်မော်တယ်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ချီမင်က ကောင်းကင်နဲ့မြေကြီး မဟာတာအိုကို ကျင့်ကြံတယ်။ နှစ်ဖက်က အဆင့်တူမဟုတ်ဘူး။ ချီမင်က ကောင်းကင်နဲ့မြေကြီး မဟာတာအိုကို နားလည်သဘောပေါက်ထားပြီး သူ့ကို ကာကွယ်ဖို့ သန့်စင်ရွှေခန္ဓာ ရှိတယ်။ သူက နည်းစနစ်အားလုံးကို ခံနိုင်ရည်ရှိပြီး ကောင်းကင်လျှို့ဝှက်ချက်ကို အလိုအလျောက် ကာကွယ်နိုင်တယ်။ သူ့ကို လျှို့ဝှက်ကြံစည်ပြီး တွက်ချက်ဖို့ ခက်ခဲတယ်။
ဒါ့အပြင် ချီမင်က ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က လက်ဆင့်ကမ်းပေးတဲ့ အသေးစားအံ့ဖွယ်စွမ်းအားသုံးခုကို အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံထားပြီးတဲ့အပြင် သူ့မှာ ကောင်းကင်လျှို့ဝှက်ချက်စာအုပ်နဲ့ ကောင်းကင်လျှို့ဝှက်ချက်စုတ်တံက သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားတယ်။
အရေးအကြီးဆုံးကတော့…
ချီမင်က ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကိုလည်း နားလည်ထားတယ်။ ဒါက အသေးစားအံ့ဖွယ်စွမ်းအားထက် အများကြီးသာလွန်တဲ့ မဟာအံ့ဖွယ်စွမ်းအားတစ်မျိုးဖြစ်တယ်။
ဒီအခြေအနေတွေနဲ့ အခြေအနေရ အင်မော်တယ်ဘုရင် လင်းလုံကို ချီမင်က နှာတစ်ဖျားသာသွားတယ်။
အချိန်က ကုန်လွန်သွားတယ်။
မျက်စိတစ်မှိတ်အတွင်းမှာ တစ်ရက်ကြာသွားတယ်။
ချီမင်က တောင်ထိပ်ကို တိုက်ရိုက်သွားဖို့ အလျင်မလိုဘူး။ သူက ပိုထူးချွန်တဲ့ အရည်အချင်းကို အဆက်မပြတ် ထုတ်ဖော်ပြသပြီး သူ့ရဲ့အရေးပါမှုကို တိုးမြှင့်နိုင်ပေမဲ့ အရမ်းလွန်သွားလို့လည်းမရဘူး။ မှန်ကန်ပြီး တဖြည်းဖြည်း ကြီးထွားလာတဲ့ လုပ်ငန်းစဉ်တစ်ခုမျိုးဖြစ်မယ်။
ဗဟိုနတ်ဘုရားတောင်ရဲ့ ထိပ်ကို သွားတဲ့လမ်းမှာ ချီမင်က ဗဟိုနတ်ဘုရားတောင်ရဲ့ အစီအရင်နဲ့ ထပ်ခါထပ်ခါ ကြုံတွေ့ခဲ့ရတယ်။ သူက အဲ့ဒီထဲကို ထပ်ခါထပ်ခါ ကျရောက်ခဲ့တယ်။
ချုပ်နှောင်ခြင်းအစီအရင်တွေ၊ သတ်ဖြတ်ခြင်းအစီအရင်တွေ၊ ပုံရိပ်ယောင်အစီအရင်တွေ၊ပြုစားခြင်းအစီအရင်တွေ၊ ရောနှောအစီအရင်တွေ ရှိတယ်…
ချီမင်က ဒီကောင်းကင်နဲ့မြေကြီး အစီအရင်တွေကို တစ်ခုပြီးတစ်ခု ချိုးဖျက်ခဲ့တယ်။ ချီမင်က ကောင်းကင်နဲ့မြေကြီး အစီအရင်တစ်ခုကို ချိုးဖျက်ပြီးတိုင်း သူ့ရဲ့တွက်ချက်မှုနည်းစနစ်က အကြီးအကျယ် တိုးတက်လာပြီး ကောင်းကင်လျှို့ဝှက်ချက်တာအိုအပေါ် သူ့ရဲ့နားလည်မှုက နည်းနည်းတိုးတက်လာတယ်။
အင်မော်တယ်ဘုရင် လင်းလုံက ရန်ပေါင်ချီကို အစကနေအဆုံး အာရုံစိုက်နေတယ်။ သူက သူ့ရဲ့တိုးတက်လာမှု၊သူ့ရဲ့တွက်ချက်မှုနည်းစနစ်ကို တဖြည်းဖြည်း ဘယ်လိုမျိုးပြည့်စုံလာစေပြီး ကောင်းကင်လျှို့ဝှက်ချက်တာအိုကို ဘယ်လိုတိုးတက်လာတာလဲဆိုတာကိုမျက်မြင်တွေ့လာရတယ်။
“ကောင်းတယ်၊ ကောင်းတယ်။”
အင်မော်တယ်ဘုရင် လင်းလုံက အကြိမ်ကြိမ် ခေါင်းညိတ်လိုက်တယ် “သူက တကယ်ပဲ အရမ်းထူးချွန်တယ်။ ရန်ပေါင်ချီရဲ့ အရည်အချင်းက အရင်တုန်းက အရမ်းမြင့်မားပေမဲ့ သူက အများဆုံး အမွေခံတပည့်တစ်ယောက်အဆင့်ပဲရှိတယ်။ ဒီတစ်ခါ သူက သူ့ရဲ့အတွင်းစိတ်နှလုံးသားနဲ့ တာအိုနှလုံးသားကို နားလည်သဘောပေါက်ပြီးတော့မှသူ့ရဲ့တိုးတက်မှုက ကြီးမားလာတယ်။ ငါက မွေးရာပါမဟုတ်ဘဲထူးချွန်လာတဲ့သူတစ်ယောက် မွေးဖွားလာတာကို မျက်မြင်တွေ့လိုက်ရတယ်။”
“သူက ငါ့ရဲ့ကိုယ်ပိုင်တပည့် ဖြစ်လာဖို့ လုံလောက်နေပြီ။”
နောက်နေ့ နေ့လည်မှာ။
တောင်ထိပ်ပေါ်မှာ အင်မော်တယ်ဘုရင် အမွေခံတပည့်တွေ အများကြီး ဆက်တိုက် ရောက်ရှိလာကြတယ်။ သူတို့တစ်ယောက်ချင်းစီက အင်မော်တယ်မျိုးနွယ်ရဲ့ ပါရမီရှင်တွေထဲက ပါရမီရှင်တွေဖြစ်ပြီး တစ်ယောက်ချင်းစီက အင်မော်တယ်ဘုရင်တစ်ပါးရဲ့ ကိုယ်ပိုင်တပည့် ဖြစ်လာဖို့ လုံလောက်ပြီး အနာဂတ်မှာအင်မော်တယ်မြို့ရဲ့ အရှင်တစ်ပါး ဖြစ်လာဖို့ အခွင့်အရေးရှိတယ်။
ဒီအချိန်မှာ လှပတဲ့ ငွေရောင်ဆံပင်နဲ့ မိန်းမတစ်ယောက်က ခမ်းနားတဲ့ဝတ်စုံနဲ့ လျှောက်လာတယ်။ သူမက အင်မော်တယ်ဘုရင် လင်းလုံကို ကြည့်ပြီး စပ်စုချင်စိတ်နဲ့မေးတယ် “အင်မော်တယ်ဘုရင် လင်းလုံ၊ ကျွန်မခုနက ရှင့်မျက်နှာပေါ်မှာ ကျုပ်သိပြီဆိုတဲ့အပြုံးတစ်ခု ပေါ်လာတာကို အကြိမ်ပေါင်းများစွာ တွေ့လိုက်ရတယ်။ရှင် စိတ်ဝင်စားစရာတစ်ခုခု တွေ့သွားလို့လား။”
အင်မော်တယ်ဘုရင် လင်းလုံက စိတ်ငြိမ်သွားတယ် “လျှို့ဝှက်နက်နဲမှုအင်မော်တယ်ဘုရင် ဘာမှမဟုတ်ပါဘူး။ ကျုပ်က စိတ်ဝင်စားစရာအရာတချို့ကို တွေးမိလိုက်လို့ပါ။” “အဲ့လိုကိုး။” လျှို့ဝှက်နက်နဲမှုအင်မော်တယ်ဘုရင်က ဒီစကားတွေကို မယုံဘူး။
ညနေပိုင်းမှာ ချီမင်က ချုပ်နှောင်ခြင်းအစီအရင်၊ သတ်ဖြတ်ခြင်းအစီအရင်နဲ့ ပုံရိပ်ယောင်အစီအရင်တို့ ပေါင်းစပ်ထားတဲ့ ကောင်းကင်နဲ့မြေကြီး အစီအရင်တစ်ခုထဲကို ကျရောက်သွားတယ်။ ဒါက ချီမင် လမ်းမှာကြုံတွေ့ခဲ့ရတဲ့ အားအကောင်းဆုံး ကောင်းကင်နဲ့မြေကြီး အစီအရင်တစ်ခုဖြစ်တယ်။ “ဒါက…”
အင်မော်တယ်ဘုရင် လင်းလုံရဲ့ အမူအရာက အနည်းငယ် အံ့အားသင့်သွားတယ် “ဒါက ကောင်းကင်ပုံရိပ်ယောင်နန်းတော်ကိုးခုဖျက်ဆီးခြင်းအစီအရင်ပဲ။ အဲ့ဒါက ဗဟိုနတ်ဘုရားတောင်မှာ အတော်လေးအားကောင်းတဲ့ ကောင်းကင်နဲ့မြေကြီး အစီအရင်တစ်ခု ဖြစ်နေပြီ။ ရန်ပေါင်ချီက ဒီကောင်းကင်နဲ့မြေကြီး အစီအရင်ထဲကို တကယ်ပဲ ကျသွားတယ်။”
ချီမင်တစ်ယောက်တည်း မဟုတ်ဘူး။
ဒါ့အပြင် တခြားအင်မော်တယ်ဘုရင် အမွေခံတပည့်တွေ အများကြီးကလည်း သူနဲ့တူတူပဲဖြစ်တယ်။ သူတို့ကလည်း ဒီကောင်းကင်နဲ့မြေကြီး အစီအရင်ထဲကို ကျသွားပြီး မလွတ်မြောက်နိုင်တော့ဘူး။ သူတို့က အဆက်မပြတ် ပိတ်မိနေကြတယ်။
ချီမင် ကျရောက်သွားပြီးတော့ ပတ်ဝန်းကျင်က ရှေးဦးသစ်တောကနေ ပျက်စီးနေတဲ့ သဲကန္တာရတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲသွားတယ်။
ဒီသဲကန္တာရမှာ ဖျက်ဆီးခြင်းလေပြင်းက အဆက်မပြတ် တိုက်ခတ်နေတယ်။
ဖျက်ဆီးခြင်းလေ။
ဒါက သာမန်လေမဟုတ်ဘဲ ဖျက်ဆီးခြင်းရဲ့ စွမ်းအား ပါဝင်တယ်။ တိုက်ခိုက်ခံရပြီး မတားဆီးနိုင်ရင် သူ့ရဲ့အသက်စွမ်းအင်က တိုက်ရိုက်စားသုံးခံရပြီး သူ့ရဲ့ဝိညာဉ်စွမ်းအင်က ပျောက်ကွယ်သွားလိမ့်မယ်။
“ထူးခြားအစီအရင်။”
ချီမင်က သူ့ရဲ့ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ပြီး ထူးခြားသံလိုက်အိမ်မြှောင်က ပျံထွက်သွားတယ်။အ ဆောင်တွေ တိုးပွားလာပြီး ပတ်ဝန်းကျင်က လောကစွမ်းအားနဲ့ ပေါင်းစပ်သွားတယ်။ သူက ဗဟိုနတ်ဘုရားတောင်ရဲ့ စွမ်းအားအချို့ကိုတောင် သုံးပြီး ကြီးမားတဲ့ အစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်တယ်။ အစီအရင်က လေထဲမှာ ပျံဝဲနေပြီး ပတ်ဝန်းကျင်က ဖျက်ဆီးခြင်းလေပြင်းကို ပိတ်ဆို့လိုက်တယ်။
နောက်တစ်ခဏမှာ ပတ်ဝန်းကျင်က ထပ်ပြောင်းလဲသွားတယ်။ သဲကန္တာရက အိုအေစစ်တစ်ခု ဖြစ်လာပြီး ရွှေရောင်ရတနာတွေ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့တယ်။ ပြိုင်ဘက်ကင်းအလှလေးတွေ၊ တောင်လိုပုံနေတဲ့ ဝိညာဉ်ကျောက်တုံးတွေ၊ အမွေအနှစ်တွေနဲ့ ရတနာတွေ ပေါ်လာတယ်…
အဲ့ဒါက သွေးဆောင်မှုအမျိုးမျိုးနဲ့ ပြည့်နှက်နေတယ်။
ချီမင်ရဲ့ စိတ်က တည်ငြိမ်တယ်။ ဒီသွေးဆောင်မှုတွေက သူ့ကို လုံးဝမသက်ရောက်နိုင်ဘူး။
သူက လုံးဝမလှုပ်ရှားဘူး။ ချီမင်က ဒီကောင်းကင်ပုံရိပ်ယောင်နန်းတော်ကိုးခုဖျက်ဆီးခြင်းအစီအရင်ကို အဆက်မပြတ် တွက်ချက်ပြီး ချိုးဖျက်နေတယ်။ သူက ဒီကောင်းကင်နဲ့မြေကြီး အစီအရင်ရဲ့ အားနည်းချက်တွေနဲ့ အက်ကြောင်းတွေကို ရှာဖွေနေတယ်။ သူ့ရဲ့နဖူးမှာ ချွေးစေးတွေ ထွက်လာပြီး သူ့မျက်နှာက အနည်းငယ် ဖြူဖျော့နေတယ်။
“သနားစရာပဲ။”
အင်မော်တယ်ဘုရင် လင်းလုံက သက်ပြင်းချပြီး အတော်လေး နှမြောသွားတယ်“ထင်တဲ့အတိုင်းပဲ၊ အခုထိ မလုံလောက်သေးဘူး။ သူက ကောင်းကင်ပုံရိပ်ယောင်နန်းတော်ကိုးခုဖျက်ဆီးခြင်းအစီအရင်ကို ချိုးဖျက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်၊ ဒါပေမဲ့ သူက အဲ့ဒီကို မရောက်သေးဘူး…”
“ကောင်းကင်နဲ့မြေကြီး ထူးခြားတွက်ချက်ခြင်းပညာရပ်။”
ချီမင်က ဟိန်းဟောက်ပြီး ရန်ပေါင်ချီရဲ့ အထောက်အထားနဲ့ သွေးတစ်စက်ကို အတင်းအဓမ္မ ထုတ်လိုက်တယ်။ သွေးတွေ ထွက်ကျလာပြီး ထူးခြားသံလိုက်အိမ်မြှောင်ထဲကို ပေါင်းစည်းဝင်ရောက်သွားတယ်။ အဲ့ဒါက တောက်ပသွားတယ်။
အလင်းရောင်အမျိုးမျိုး လင်းလက်သွားပြီး စာလုံးတွေ လင်းလက်ကာ ကောင်းကင်လျှို့ဝှက်ချက်တွေ လည်ပတ်နေတယ်။
“ငါ တွေ့ပြီ။”
နောက်တစ်ခဏမှာ ချီမင်က မျက်လုံးဖွင့်လိုက်တယ်။ မျက်လုံးထဲမှာ တောက်ပတဲ့ အလင်းရောင်နဲ့ ပြည့်နေတယ်။ သူက ခုန်တက်ပြီး ထူးခြားသံလိုက်အိမ်မြှောင်ကို ဆွဲကိုင်လိုက်တယ်။ သူက တစ်ဘက်ကို သတ္တိရှိရှိပြေးသွားတယ်။