ဗဟိုနတ်ဘုရားတောင်
Vol. 14 Ch. 206
“ဟုတ်ကဲ့ပါ ဆရာ။”
ချီမင်က မစိုးရိမ်သလို ပျာယာလည်းမခတ်ဘူး။ သူက တည်ငြိမ်နေပေမဲ့ အပေါ်ယံမှာတော့ ရန်ပေါင်ချီရဲ့ စရိုက်ကြောင့် စိတ်လှုပ်ရှားမှုနဲ့ မျှော်လင့်ချက်ကို ထုတ်ပြနေသေးတယ်။
ရန်ပေါင်ချီက အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကို အရင်က နှစ်ခါဝင်ပြီးပြီ။ ပထမနှစ်ခါက ရခဲ့တာတွေက အရမ်းမကြီးကျယ်ဘူးထင်ရလို့ တတိယအကြိမ်အတွက် စိတ်လှုပ်ရှားမှုနဲ့ မျှော်လင့်ချက်တွေကသဘာဝအတိုင်း ပြည့်နေတယ်။
ချီမင်က ရန်ပေါင်ချီရဲ့ ဂူစံအိမ်ကနေ ထွက်လာလိုက်တယ်။ သူ့ရဲ့ပုံရိပ်က အစိမ်းရောင်အလင်းတန်းတစ်ခုလို လေထဲကိုဖြတ်ပြီး ထူးခြားအင်မော်တယ်တောင်ရဲ့ ထိပ်ကို ဦးတည်သွားပြီး ထူးခြားအင်မော်တယ်အိမ်တော်ရှေ့ကို ရောက်လာတယ်။
“ဂျူနီယာညီလေး ရန်၊ မင်း ရောက်လာပြီလား။”
“စီနီယာအစ်ကိုရန်။”
ထူးခြားအင်မော်တယ်အိမ်တော်မှာ။
ချီမင်အပြင် အင်မော်တယ်ဘုရင် လင်းလုံရဲ့ အမွေခံတပည့် (၁၈) ယောက်လည်း ရှိတယ်။ သူတို့ထဲက ရှစ်ယောက်က ရန်ပေါင်ချီထက် နည်းနည်းစောပြီး ဂိုဏ်းဝင်ခဲ့ကြလို့ သူတို့ရဲ့ကျင့်ကြံမှုအဆင့်တွေက ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်ရဲ့ ထိပ်ဆုံးမှာ ရှိနေကြတယ်။ ဒါကြောင့် သူတို့ကို သူ့ရဲ့စီနီယာအစ်ကိုတွေ စီနီယာအစ်မတွေလို့ ယူဆနိုင်တယ်။
ဒါ့အပြင် ကျန်တဲ့ဆယ်ယောက်က ရန်ပေါင်ချီထက် နည်းနည်းနောက်ကျတယ်။ သူတို့ရဲ့ခွန်အားနဲ့ ကျင့်ကြံမှုအဆင့်တွေက သူ့ထက်နိမ့်လို့ သူတို့က သူ့ရဲ့ဂျူနီယာညီလေးတွေ၊ ဂျူနီယာညီမလေးတွေဖြစ်တယ်။ သူတို့ထဲက တချို့က အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကို ပထမဆုံးအကြိမ် ဝင်ရောက်တာတောင် ဖြစ်တယ်။
မိနစ်ဝက်မပြည့်ခင်မှာ နောက်ထပ်ပုံရိပ်သုံးခု ရောက်လာတယ်။
ယောက်ျားနှစ်ယောက်နဲ့ မိန်းမတစ်ယောက်။
ဒီသုံးယောက်က ထူးခြားအင်မော်တယ်တောင်ရဲ့ အမွေခံမျိုးဆက်ရဲ့ အကြီးဆုံးစီနီယာအစ်ကို၊ ဒုတိယစီနီယာအစ်ကိုနဲ့ တတိယစီနီယာအစ်မလို့ ယူဆနိုင်တယ်။ ဒီတစ်ခါ ရန်ပေါင်ချီလိုပဲ သူတို့က အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကို တတိယအကြိမ် ဝင်ရောက်တာဖြစ်တယ်။
အရေးအကြီးဆုံးကတော့… ဒီသုံးယောက်က အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကို ပထမနှစ်ခါ ဝင်တုန်းက သူတို့ရလိုက်တာတွေကအရမ်းကြီးမားတယ်။ သူတို့က အကျိုးကျေးဇူးတွေ အများကြီးရလိုက်ပြီး စွမ်းအားကြီးတဲ့ အံ့ဖွယ်စွမ်းအားတချို့ကို တောင်ကျင့်ကြံနိုင်ခဲ့ကြတယ်။ ထူးခြားအင်မော်တယ်တောင်ရဲ့ အမွေခံတပည့်တွေထဲမှာ သူတို့က ပထမဆုံးအသုတ်ဖြစ်ပြီး အင်မော်တယ်ဘုရင်လင်းလုံရဲ့ ကိုယ်ပိုင်တပည့် ဖြစ်လာဖို့ အခွင့်အရေးအများဆုံး ရှိတယ်။
အကြီးဆုံးစီနီယာအစ်ကို ရှကျွမ်း၊ ဒုတိယစီနီယာအစ်ကိုကျောက်ချန်းလီနဲ့ တတိယစီနီယာအစ်မ ယဲ့ဟန်ဖုန်း။ “လူတိုင်း ရောက်နေပြီ။”
အင်မော်တယ်ဘုရင် လင်းလုံက လေထဲကနေ ပေါ်လာပြီး ချီမင်နဲ့ တခြားသူတွေရှေ့မှာ ပေါ်လာတယ်။ သူက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်အဖြူရောင်နဲ့ တက်ကြွတဲ့မျက်နှာရှိကာ သူတော်စင်ဆန်တဲ့ အသွင်အပြင် ရှိတယ်။
“ဂါရဝပြုပါတယ် ဆရာ။”ပြီးတော့ ချီမင်နဲ့ တခြားသူတွေက တစ်ချိန်တည်းမှာ အရိုအသေပြုလိုက်ကြတယ်။
“မင်းတို့ အင်မော်တယ်ဘုရင် ကောင်းကင်ဂူအကြောင်း အများကြီးသိကြတယ်။ ငါ ဘာမှထပ်ပြောစရာမလိုတော့ဘူး။”
အင်မော်တယ်ဘုရင် လင်းလုံက ပြောတယ် “အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲမှာ အတိဒုက္ခချီအမျိုးမျိုးက ဝန်းရံထားတယ်။ မင်းတို့သာ သတိမထားရင် အတိဒုက္ခချီတွေနဲ့ ချည်နှောင်ခံရပြီး ပြာဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ အထဲမှာအခွင့်အလမ်းအမျိုးမျိုးလည်း ရှိတယ်။ မင်းတို့ကိုယ်တိုင် ရှာဖွေရမယ်။”
“သွားကြစို့။”
အင်မော်တယ်ဘုရင် လင်းလုံ စကားဆုံးတာနဲ့ သူက သူ့ရဲ့ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ပြီး အင်မော်တယ်မျှော်စင်သင်္ဘောနန်းတော်တစ်ခု လေထဲမှာ ပေါ်လာတယ်။ အဲ့ဒါက လေထဲမှာ ပျံဝဲနေပြီး တိမ်တွေနဲ့ မြူတွေနဲ့ ပြည့်နေကာ အင်မော်တယ်လှေတစ်စင်းနဲ့တူတယ်။
“တက်ခဲ့ကြ။” အင်မော်တယ်ဘုရင် လင်းလုံက အင်မော်တယ်လှေထဲကို အရင်ဝင်ပြီး ညွှန်ပြလိုက်တယ်။
“ဟုတ်ကဲ့ပါ ဆရာ။”
ချီမင်နဲ့ တခြားသူတွေကလည်း တစ်ယောက်ပြီးတစ်ယောက် လိုက်ပါတက်လှမ်းပြီး ဒီအင်မော်တယ်လှေရဲ့ ကုန်းပတ်ပေါ်ကို တက်လ်ိုက်ကြတယ်။ ဒီအင်မော်တယ်လှေကို ထူးခြားအင်မော်တယ်လှေလို့ခေါ်ပြီး အင်မော်တယ်ဘုရင် လင်းလုံက သန့်စင်ထားတာဖြစ်တယ်။
ထူးခြားအင်မော်တယ်လှေက စွမ်းအားကြီးတဲ့ ဓမ္မရတနာတစ်ခုဖြစ်တယ်။
အင်မော်တယ်ဘုရင် လင်းလုံက သူ့ရဲ့ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တော့ ဓမ္မစွမ်းအားတွေ မြင့်တက်လာပြီး ထူးခြားအင်မော်တယ်လှေထဲကို သွန်းလောင်းလိုက်တယ်။ သင်္ဘောက အလင်းတန်းတစ်ခုလို ချက်ချင်းဆိုသလို နေရာကနေ ပျောက်ကွယ်သွားတယ်။ အဲ့ဒါက ရှည်လျားတဲ့ မျဉ်းပါးတစ်ခုကို ဆွဲလိုက်သလိုမျိုး နေရာလွတ်နဲ့ အလင်းရောင်ကို တွန့်လိမ်ပုံပျက်သွားစေတယ်။
ကျန်တဲ့ အင်မော်တယ်တောင် (၁၀၇) တောင်ပေါ်မှာ အင်မော်တယ်ဘုရင်တွေ ပေါ်လာကြတယ်။
သူတို့အားလုံးက သူတို့ရဲ့ အင်မော်တယ်ဘုရင် အင်မော်တယ်လှေတွေကို ဆင့်ခေါ်ပြီး သူတို့ရဲ့အမွေခံတပည့်တွေကို ဗဟိုနတ်ဘုရားတောင်ကို ခေါ်ဆောင်သွားကြတယ်။
ဗဟိုနတ်ဘုရားတောင်က ဗဟိုဒေသရဲ့ အလယ်ဗဟိုမှာ ရှိတယ်။
တစ်ချိန်တည်းမှာ အဲ့ဒါက အင်မော်တယ်မျိုးနွယ်ရဲ့ မြင့်မြတ်နယ်မြေ၊ အသင်္ချေ အင်မော်တယ်တောင်ရဲ့ အလယ်ဗဟိုဒေသမှာလည်း ရှိတယ်။
ချီမင်က ထူးခြားအင်မော်တယ်လှေကို စီးနင်းပြီး နေရာလွတ်ကို ဖြတ်ကျော်လာတယ်။ သူဖြတ်သန်းသွားတဲ့နေရာတိုင်းမှာ သူက တခြားအင်မော်တယ်ဘုရင်တွေရဲ့ အင်မော်တယ်တောင်တွေကို မြင်တွေ့နိုင်သေးတယ်။ လမ်းမှာ သူက တခြားအင်မော်တယ်ဘုရင်တွေရဲ့ အင်မော်တယ်လှေတွေကိုတောင် ကြုံတွေ့ခဲ့သေးတယ်။
“ဂျူနီယာညီလေး ရန်။”
အဲ့ဒီအချိန်မှာ ရင်းနှီးတဲ့ ပုံရိပ်တစ်ခုက ချီမင်ရဲ့ဘေးကနေ လျှောက်လာတယ်။ သူက ဒုတိယစီနီယာအစ်ကို ကျောက်ချန်လီ လင်းယုန်နှာခေါင်းနဲ့လူငယ်တစ်ယောက်ဖြစ်တယ်။
“စီနီယာအစ်ကိုကျောက်။”
ရန်ပေါင်ချီရဲ့ အတိတ်နဲ့ သမိုင်းကို တွက်ချက်ထားလ်ို့ချီမင်က ကျောက်ချန်းလီနဲ့ ရန်ပေါင်ချီရဲ့ ဆက်ဆံရေးက မကောင်းဘူးဆိုတာကို သိထားတယ်။
မတော်တဆမှုတစ်ခုကြောင့် ကျောက်ချန်းလီက ရန်ပေါင်ချီရဲ့ လျှို့ဝှက်ချက်ကို သိသွားတယ်။
တစ်နည်းအားဖြင့် ကျောက်ချန်းလီက ရန်ပေါင်ချီရဲ့ လျှို့ဝှက်အခန်းကို တွေ့သွားခဲ့ပြီး သူက မျိုးနွယ်အမျိုးမျိုးရဲ့ အလှလေးတွေကို သိမ်းထားတာကို သိသွားတယ်။ တကယ်တော့ ဒါက ကိစ္စကြီးကြီးမားမား မဟုတ်ဘူး။ ဒါပေမဲ့ ပြဿနာက မျိုးနွယ်အမျိုးမျိုးရဲ့ အလှလေးတွေက သူ့ရဲ့မိခင်၊ ယွဲ့ယီလင်နဲ့ နည်းနည်းဆင်တူနေတာဖြစ်တယ်။
ဒီလျှို့ဝှက်ချက်က ကြီးလည်းမကြီး၊ သေးလည်းမသေးဘူး။ ကျောက်ချန်းလီက ဒါကိုသုံးပြီး ရန်ပေါင်ချီကို ခြိမ်းခြောက်ကာ သူ့ရဲ့အခွင့်အရေးတွေကို အကြိမ်ပေါင်းများစွာ လုယူသွားခဲ့တယ်။
ဒါကြောင့် ကျောက်ချန်းလီက ရန်ပေါင်ချီရဲ့ အခွင့်အရေးကို ယူသွားပြီး သူ့ရဲ့ဒုတိယစီနီယာအစ်ကိုဖြစ်လာကာ အင်မော်တယ်ဘုရင် လင်းလုံရဲ့ ကိုယ်ပိုင်တပည့် ဖြစ်လာဖို့ အရည်အသွေးပြည့်မီသွားတယ်။ ဒါပေမဲ့ ရန်ပေါင်ချီကတော့ အကြိမ်ကြိမ် နောက်ကျကျန်ခဲ့ရတယ်။
“ငါက မင်း နောက်ဆုံးပေးထားတဲ့ နေရာလွတ်အံ့ဖွယ်စွမ်းအားကို ကျင့်ကြံနေလို့ အလုပ်များနေတာ၊ ဒါကြောင့် တံခါးပိတ်ကျင့်ကြံတာကနေ မထွက်ဖြစ်ဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်က မင်းအကြောင်း ကြားထားတယ်။”
ကျောက်ချန်းလီက ခပ်ပြုံးပြုံးလေး ပြုံးတယ် “မင်းက ဆရာပေးတဲ့ တာဝန်ကို တကယ်ပဲ မပြီးမြောက်ခဲ့ဘူးဆို။ မင်းနဲ့အတူသွားတဲ့ လူလေးယောက်လုံး သေသွားပြီး မင်းတစ်ယောက်တည်း အသက်ရှင်ခဲ့တယ်။” “ဂျူနီယာညီလေး ရန်၊ မင်း တကယ် ကံကောင်းတယ်။”
“ကျွန်တော်က ကံကောင်းရုံလေးပါ။” ချီမင်က ပြန်ဖြေတယ်။
“အဆင်ပြေပါတယ်။ အဆင်ပြေပါတယ်။” ကျောက်ချန်လီက ချီမင်ရဲ့ ပခုံးကို ပုတ်လိုက်တယ်“မင်းရဲ့စီနီယာအစ်ကိုအနေနဲ့ မင်း အသက်ရှင်နေတာကို ငါထက်ပိုပြီး ပျော်ရွှင်တဲ့သူ မရှိနိုင်ဘူး။ ဘာဖြစ်ခဲ့လဲဆိုတာ ငါ့ကို ပြောပြဖို့ စိတ်ဝင်စားလား။ ချီမင်က တကယ်ပဲ အဲ့လောက် အားကောင်းလို့လား။ မင်းတို့ငါးယောက် ပူးပေါင်းတိုက်ခိုက်တော့ သူက မင်းတို့လေးယောက်ကို လှည့်စားပြီး သတ်ဖြတ်ခဲ့တာလား။”
“စီနီယာအစ်ကို ကျောက် မင်း အရမ်းသိချင်လွန်းတယ်။” ချီမင်က အသက်ပြင်းပြင်းရှူပြီး မျက်မှောင်ကြုတ်လိုက်တယ်။
“ဟားဟားဟား…” ကျောက်ချန်လီက အကြိမ်အနည်းငယ် ရယ်မောလိုက်တယ်။ “မင်း မပြောချင်ရင် အဆင်ပြေပါတယ်။ ဒီလို ရုပ်ဆိုးတဲ့အမူအရာ လုပ်စရာမလိုဘူး။ ဒါက မင်း အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကို နောက်ဆုံးအကြိမ် ဝင်တာမလား။ အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲမှာ ကံကောင်းပါစေလို့ ငါ ဆုတောင်းတယ်။”
“အဲ့ဒီအခါကျရင် မင်းက ငါ့ကို ကောင်းကောင်းယူခွင့်ပေးရမယ်။”
ချီမင်က ဘာမှမပြောတော့ဘူး။
ကျောက်ချန်လီက ပျင်းရိသွားပြီး ထွက်သွားတယ်။ သူက ရန်ပေါင်ချီကို ရန်မစချင်သလို သူ့နေရာသူလည်းသိတယ်။
“ရန်ပေါင်ချီ၊ အို ရန်ပေါင်ချီ။” ချီမင်က သူ့စိတ်ထဲမှာ ခေါင်းခါတယ် “မင်းကို အမှိုက်လို့ ပြောရအောင် မင်းရဲ့အရည်အချင်းနဲ့ ပါရမီက အရမ်းမြင့်မားပြီး မင်းရဲ့ကံက အရမ်းကောင်းတယ်။ မင်းရဲ့နောက်မှာ ပထမမျိုးဆက် အင်မော်တယ်မျိုးနွယ်ရဲ့ မိဘတွေ ရှိတယ်။ မင်းက တကယ့်ဒုတိယမျိုးဆက် အင်မော်တယ်လို့ ပြောနိုင်တယ်။”
“ဒါပေမဲ့ မင်းက အမှိုက်မဟုတ်ဘူးလို့ ငါ မပြောဘူးဆိုရင်…”
“မင်းက အဲ့ဒီကိစ္စကြောင့် ကျောက်ချန်းလီရဲ့ ချောင်ပိတ်တာခံထားရတယ်။ ပြီးတော့ မင်းက အဲ့ဒီကိစ္စကြောင့် သူ ခြိမ်းခြောက်တာကို အမြဲခံ နေရတယ်။ ဒီလို စရိုက်နဲ့စိတ်ထားက တကယ့် အမှိုက်ပဲ။”
ချီမင်က ခဏလောက် စဉ်းစားတယ် “ဒီကျောက်ချန်းလီက ငါ့ရဲ့အစီအစဉ်ကို လာမထိခိုက်ရင် အဆင်ပြေတယ်။ သူသာ သေချင်ရင်တော့ ငါသူ့ကိုအခွင့်အရေးရှာပြီးသတ်ပေးမယ်။”
“ငါတို့ ဗဟိုနတ်ဘုရားတောင်ကို ရောက်လာပြီ။”
ဒီအချိန်မှာ အင်မော်တယ်ဘုရင် လင်းလုံရဲ့ အသံက ချီမင်ရဲ့နားထဲမှာ ထွက်ပေါ်လာတယ်။ ထူးခြားအင်မော်တယ်လှေက ရပ်တန့်သွားတယ်။
“အဲ့ဒါက…”
ချီမင်က ကြည့်လိုက်တယ်။ သူ့မျက်လုံးထဲကို ရောက်လာတာက ဗဟိုနတ်ဘုရားတောင်ရဲ့ ရေခဲတောင်ထိပ်ဖျားလေးတစ်ခုဖြစ်တယ်။ ထူးခြားအင်မော်တယ်လှေက လေထဲမှာ ရပ်တန့်နေပြီး သူ့ရှေ့မှာဗဟိုနတ်ဘုရားတောင်ကို အပြည့်အဝမမြင်ရဘူး။
သူက မော့ကြည့်လိုက်တယ်။
ဗဟိုနတ်ဘုရားတောင်ရဲ့ အချင်းကို လောလောဆယ် ခန့်မှန်းလို့မရဘူး။ သူ့ရဲ့အမြင့်ကတော့ ပိုပြီး စိတ်ကူးလို့မရဘူး။ ကြီးမားတဲ့ နတ်ဘုရားတောင်က ကောင်းကင်ရဲ့ အရှင်လိုမျိုး အဆက်မပြတ် အပေါ်ကို ပျံ့နှံ့နေတယ်။ အဲ့ဒါက ခန့်ညားထည်ဝါပြီး၊ စွမ်းအားကြီးကာ နှိုင်းယှဉ်လို့မရအောင် ခမ်းနားပြီး လျှို့ဝှက်နက်နဲကမ္ဘာရဲ့ မိုးကုတ်စက်ဝိုင်းကို ထိုးဖောက်သွားသယောင်ထင်ရတယ်။
စိတ်ကူးလို့ တောင်မရဘူး။
သူတို့ ချဉ်းကပ်လာတဲ့အခါ ဗဟိုနတ်ဘုရားတောင်က ထုတ်လွှတ်တဲ့ ကြောက်စရာကောင်းတဲ့ ဖိအားတစ်ခုကို ခံစားမိနိုင်ပြီး အဲ့ဒါက ကောင်းကင်နဲ့မြေကြီးရဲ့အရှိန်အဝါနဲ့တူတယ်။ သာမန်လူတွေက လုံးဝချဉ်းကပ်လို့မရဘဲ ဒီနတ်ဘုရားတောင်ဖိအားကြောင့် မြေပေါ်မှာ ဖိနှိပ်ခံရလိမ့်မယ်။ “ထူးခြားအင်မော်တယ်လမ်း။”
အင်မော်တယ်ဘုရင် လင်းလုံက လက်ချိတ်စည်းတွေ ဖန်တီးလိုက်ပြီး အင်မော်တယ်စည်းတွေ ပေါ်လာစေတယ်။ သူတို့က လေထဲကို ဖြတ်ပြီး ဗဟိုနတ်ဘုရားတောင်ထဲကို ပေါင်းစပ်ဝင်ရောက်သွားကာ စွမ်းအင်လှိုင်းတွေကို ထုတ်လုပ်လာတယ်။ ချက်ချင်းဆိုသလိုပဲ တိမ်တွေနဲ့ မြူတွေက ဗဟိုနတ်ဘုရားတောင်ကို ဝန်းရံသွားတယ်။ ထူထဲတဲ့ လှေကားထစ်တစ်ခုက ဗဟိုနတ်ဘုရားတောင်ကနေ ပျံ့နှံ့ထွက်လာပြီး ထူးခြားအင်မော်တယ်လှေနဲ့ ချိတ်ဆက်သွားတယ်။
“မင်းတို့ သွားလို့ရပြီ။” အင်မော်တယ်ဘုရင် လင်းလုံက ပြောတယ်“မင်းတို့မှာ ဒီထူးခြားအင်မော်တယ်လမ်းကို သွားပြီး ဗဟိုနတ်ဘုရားတောင်ပေါ်ကို ခြေချဖို့ သုံးရက်ပဲ ရှိတယ်။ ပြီးတော့ မင်းတို့က သုံးရက်အတွင်းမှာ ဗဟိုနတ်ဘုရားတောင်ရဲ့ ထိပ်ကို လျှောက်သွားဖို့ ကိုယ့်ကိုယ်ကိုယ် အားကိုးရမယ်။”
“ဟုတ်တယ်၊ မင်းတို့သာ သုံးရက်အတွင်းမှာ ဗဟိုနတ်ဘုရားတောင်ရဲ့ ထိပ်ကို မရောက်နိုင်ရင် မင်းတို့က အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကို ဝင်ရောက်ဖို့ အရည်အသွေးကို ဆုံးရှုံးသွားလိမ့်မယ်။”
“ဒါက မင်းတို့အတွက် စမ်းသပ်မှုတစ်ခုလို့ ယူဆနိုင်တယ်။”
“မင်းတို့ နားလည်လား။”
“ဟုတ်ကဲ့။”
“ကျွန်တော် နားလည်ပါတယ်။”
“ဟုတ်ကဲ့ပါ ဆရာ။”
ချီမင်နဲ့ တခြားသူတွေက တစ်ပြိုင်နက်တည်း ပြန်ဖြေကြတယ်။
အင်မော်တယ်ဘုရင် လင်းလုံက ခေါင်းညိတ်တယ်။ “အမြန်လုပ်ပြီး ထွက်ခွာကြ။”
“ဟုတ်ကဲ့။”
“ဟုတ်ကဲ့။”
ပထမဆုံး ထွက်သွားတာက အကြီးဆုံးစီနီယာအစ်ကို ရှကျွမ်းဖြစ်တယ်။သူက ထူးခြားအင်မော်တယ်လှေကနေ ဆင်းသွားတယ်။ သူက လေဟာနယ်ကို ခြေချပြီး အင်မော်တယ်ဘုရင် လင်းလုံ တည်ဆောက်ထားတဲ့ ထူးခြားအင်မော်တယ်လမ်းကို တက်သွားတယ်။မျက်စိတစ်မှိတ်အတွင်းမှာ သူက ဗဟိုနတ်ဘုရားတောင်ပေါ်ကို ခြေချပြီးသွားတယ်။
ပြီးတော့ ရှကျွမ်းက တောင်ထိပ်ကို ဦးတည်ပြီး အမြန်ထွက်သွားတယ်။
“ဟားဟားဟား…” ကျောက်ချန်းလီက အကြိမ်အနည်းငယ် ရယ်မောပြီး အမြန်လိုက်သွားတယ် “အကြီးဆုံးစီနီယာအစ်ကို မင်းက အရင်လိုပဲ ရှေ့ဆုံးမှာပဲ။ ကျွန်တော့်ကိုစောင့်ဦး။”
ချက်ချင်းဆိုသလိုပဲ ယဲ့ဟန်ဖုန်းက အနီးကပ် လိုက်သွားတယ်။
မကြာခင်မှာ ထူးခြားအင်မော်တယ်လှေပေါ်က အမွေခံတပည့်တွေက ထူးခြားအင်မော်တယ်လမ်းအတိုင်း တစ်ယောက်ပြီးတစ်ယောက် ဗဟိုနတ်ဘုရားတောင်ပေါ်ကို တက်လှမ်းသွားကြတယ်။
ချီမင်က နောက်ဆုံးတစ်ယောက် ဖြစ်သွားတယ်။
“ရန်ပေါင်ချီ၊ မင်း ဘာလို့ မသွားသေးတာလဲ။” အင်မော်တယ်ဘုရင် လင်းလုံက မေးတယ်။
“ဆရာ။” ချီမင်က ပြန်ဖြေတယ် “ကျွန်တော်က လွန်ခဲ့တဲ့လအနည်းငယ်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့ တံခါးပိတ်ကျင့်ကြံ နေခဲ့ပြီး အများကြီး နားလည်သဘောပေါက်ခဲ့ပါတယ်။ ဒါက ကျွန်တော် အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကို နောက်ဆုံးအကြိမ် ဝင်ရောက်တာဖြစ်ပြီး ကျွန်တော့်ရဲ့ နောက်ဆုံးအခွင့်အရေးလည်း ဖြစ်တယ်။”
“ဒီတစ်ခါ။”
“ဘာပဲဖြစ်ဖြစ် ကျွန်တော် ရှေ့ဆက်တိုးမယ်။”
“မင်း…”
တစ်နည်းနည်းနဲ့ အင်မော်တယ်ဘုရင် လင်းလုံက ကောင်းကင်လျှို့ဝှက်ချက်ရဲ့ အပြောင်းအလဲကို ခံစားမိလိုက်တယ်။ ချီမင်က ဒီလိုပြောလိုက်တဲ့အခါ အင်မော်တယ်ဘုရင် လင်းလုံက ရန်ပေါင်ချီရဲ့ ကံကြမ္မာနဲ့ ကောင်းကင်လျှို့ဝှက်ချက်တွေ ပြောင်းလဲသွားတာကို ခံစားလိုက်ရတယ်။
ချီမင် စကားဆုံးတာနဲ့ သူ့ရဲ့ပုံရိပ်က ကောင်းကင်ကို ပျံတက်သွားတယ်။ သူက အစိမ်းရောင်အလင်းတစ်ခုလို အင်မော်တယ်ဘုရင် လင်းလုံ တည်ဆောက်ထားတဲ့ ထူးခြားအင်မော်တယ်လမ်းကို လိုက်ပြီး ဗဟိုနတ်ဘုရားတောင်ထဲကို ဝင်ရောက်သွားတယ်။
“ရန်ပေါင်ချီ…” အင်မော်တယ်ဘုရင် လင်းလုံရဲ့ မျက်နှာပေါ်မှာ အံ့အားသင့်တဲ့ အမူအရာ ပေါ်လာတယ်။ သူက ရန်ပေါင်ချီရဲ့ အနာဂတ်ကို ရှင်းရှင်းလင်းလင်း မတွက်ချက်နိုင်တော့ဘူး “ဒါ တကယ် မယုံနိုင်စရာပဲ။”
“အချိန်တိုအတွင်းမှာ ရန်ပေါင်ချီရဲ့ ကံကြမ္မာနဲ့ ကောင်းကင်ရဲ့လုပ်ဆောင်မှုတွေက ဒီလိုအပြောင်းအလဲတစ်ခုကို ကြုံတွေ့လိုက်ရတယ်။ ငါတောင် နည်းနည်း မတွက်ချက်နိုင်တော့ဘူး။ ရန်ပေါင်ချီက ဒီတစ်ခါ ချီမင်ကို ပြန်မခေါ်နိုင်ခဲ့ပေမဲ့ သူက ဒီရှင်ခြင်းနဲ့သေခြင်းရဲ့ ကပ်ဘေးဒုက္ခကို ကြုံတွေ့ခဲ့ပြီး သူ့ရဲ့အတွင်းစိတ်နှလုံးသားကို နားလည်သဘောပေါက်သွားတယ်။ သူက သူ့ရဲ့တာအိုနှလုံးသားကို အားကောင်းစေပြီး ရှင်ခြင်းနဲ့သေခြင်းကြားမှာ ဉာဏ်အလင်းရသွားတယ်။”
“ရန်ပေါင်ချီအတွက် အနာဂတ်မှာ အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်လာဖို့ အရမ်းခက်ခဲနိုင်ပေမဲ့ အင်မော်တယ်မြို့ရဲ့ အရှင်တစ်ပါး ဖြစ်လာဖို့ မျှော်လင့်ချက် ရှိသေးတယ်။” “အင်မော်တယ်မျိုးနွယ်တစ်ခုလုံးအတွက်တော့ အင်မော်တယ်မြို့အရှင်တစ်ယောက်ရဲ့ တိုက်ခိုက်ရေးအင်အား ရှိတဲ့သူတစ်ယောက် ထပ်တိုးလာတိုင်း အနာဂတ်အတွက် မျှော်လင့်ချက်တစ်ခု ထပ်တိုးလာလိမ့်မယ်။ ဒါက မကောင်းတဲ့အရာ မဟုတ်ဘူး။”