အခန်း (၁၀၄)
Vol. 7 Ch. 104
"ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ဦးက ဒီလောက် ဆင်းရဲတာတဲ့လား"
ဟန်ကျောက်ဟာ တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။
ခုနက တိုက်ခိုက်မှုမှာ သူ၏ အစစ်အမှန်ချီရဲ့ ထက်ဝက်ကျော်ကို အသုံးပြုခဲ့ရပြီး မုန့်ကျွယ်ကို သတ်ဖို့ရာ သက်ခြွေဓားမှာ ပြုစုပျိုးထောင်ထားတဲ့ ဓားချီရဲ့ ထက်ဝက်ကိုတောင် ထုတ်လွှတ်ခဲ့ရသည်။
ငွေတစ်ထောင်လျန်ကို နည်းပါးတဲ့ အကျိုးအမြတ်လို့ပဲ သတ်မှတ်ရမှာပေါ့...
သူတောင် ဒီလောက်ဆင်းရဲပြီး သူများဆီက ဘယ်လိုလုယက်ရမလဲဆိုတာ ကြံနေနေသေးတယ်..
သူ့ဆီမှာ လျှို့ဝှက်စာအုပ်တွေကို သယ်ဆောင်တဲ့ အလေ့အထကောင်းတောင် မရှိဘူး။
မုန့်ကျွယ်ရဲ့ လှံနည်းက အရမ်းအားကောင်းပုံရတယ်။ သူ့ဆီမှာ လျှို့ဝှက်စာအုပ်သာ ပါလာရင် ကောင်းမှာ...
ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာဟာ မုန့်ကျွယ်၏ ခန္ဓာကိုယ်ထဲမှ သွေးချီအားလုံးကို စုပ်ယူပြီး စနစ်မျက်နှာပြင်ပေါ်ရှိ အချက်အလက်တို့ ပြောင်းလဲသွားမှသာ ဟန်ကျောက်ဟာ အာရုံပြောင်းသွားသည်။
ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာ— စိတ်ဝိညာဉ်လက်နက်
အဆင့်- အဆင့်မရှိ
စိတ်ဝိညာဉ်ဓာတ်- ၂% (အဆင့်မြှင့်တင်နိုင်သည်)
ဆေဘာဆန္ဒ- ၃%
အကျိုးသက်ရောက်မှု- သွေးဆာခြင်း အဆင့် ၂
"စိတ်ဝိညာဉ်ဓာတ်နဲ့ ဆေဘာဆန္ဒက ၁% တိုးလာပြီး သွေးဆာခြင်းအဆင့်လည်း တစ်ဆင့် တိုးလာတယ်။ ဒါက..."
ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ဦးကို သတ်လိုက်ခြင်းဟာ ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာ၏ ဂုဏ်သတ္တိများကို အဘက်ဘက်က တိုးမြင့်စေခဲ့သည်။
ဤသည်မှာ သူ မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်၏။
အရမ်းကြီး ကြီးကြီးမားမား တိုးတက်ခဲ့ခြင်း မဟုတ်ပေမယ့် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင် နောက်ထပ် နှစ်ယောက်လောက်ကို သတ်လိုက်လျှင်တော့...
ဟန်ကျောက်၏ မျက်လုံးများဟာ တောက်ပလာခဲ့သည်။
ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာ၏ စွမ်းအားကို တိုးမြှင့်ဖို့ရာ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှာ မဟုတ်ပေမယ့် မည်မျှပင် တည်ငြိမ်ပြီး နှိမ့်ချနေပါစေ အဆင့်မြင့်လာလေလေ ရှောင်လွှဲလို့မရသည့် တိုက်ပွဲများကို ကြုံတွေ့ရဖို့ ပိုလွယ်ကူလေ ဖြစ်သည်။
ဘယ်ပဲဖြစ်ဖြစ် သူတို့ဟာ ရန်သူတွေ ဖြစ်နေပြီ ဖြစ်၏။ မည်ကဲ့သို့ သေဆုံးရသည် ဟူသည်မှာ သိပ်မထူးခြားပါ။
ဖြုန်းတီးပစ်မည့်အစား ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာအတွက် အာဟာရဖြစ်လာတာ ပိုကောင်းပါသည်။
သူ့ကို စတင်ရန်စသည့် တစ်ဖက်လူ၏ ကံကြမ္မာကိုလည်း ဖြေရှင်းပေးနိုင်၏။
"ကံကောင်းစွာနဲ့ ဒီလှံက တော်တော်တန်ဖိုးရှိေလာက်တယ်"
ဟန်ကျောက်ဟာ မုန့်ကျွယ်၏ သံလှံကို ကောက်ယူပြီး အလယ်မှ ဖြုတ်လိုက်သည်။ သူက နှစ်ပိုင်းခွဲကာ အဝတ်နှင့် ထုပ်လိုက်၏။
"ငါသွားဖို့ လိုပြီ"
မဝေးတော့သည့် သစ်တောထဲမှ ခြေသံများကို ကြားလိုက်ရသည့် ဟန်ကျောက်ဟာ သူ၏သွေးချီကို လှည့်ပတ်ပြီး ခြေထောက်ဆီသို့ စုစည်းလိုက်သည်။ သူက လေဟုန်စီးခြေထောက်ကို အသုံးပြုပြီး အခင်းဖြစ်ခဲ့သည့် နေရာမှ ထွက်ခွာသွား၏။
"ဟိုမှာပဲ။ ခုနကတုန်းက.. တိုက်ပွဲရဲ့ ဆူညံသံတွေ ကြားလိုက်ရတယ်"
"မြန်မြန် သွားကြည့်ရအောင်"
"တစ်ယောက်ယောက် သေနေတယ်..."
ဟန်ကျောက် ထွက်ခွာသွားပြီး မကြာခင် အနက်ရောင်အဝတ်အစားနှင့် လက်နက်များကို ကိုင်ဆောင်ထားသည့် သိုင်းသမားလေးယောက်တို့ အခင်းဖြစ်ပွားသည့် နေရာသို့ အလျင်အမြန် ရောက်ရှိလာကြသည်။ သူတို့လေးယောက်လုံးဟာ အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမားများ ဖြစ်ကြ၏။
"ဒမ်း... ငါနောက်ကျသွားတယ်။ မဟုတ်ရင် တစ်ခုခု ကောက်လို့ရမှာ"
ကြမ်းတမ်းသည့်ပုံစံနှင့် လူတစ်ယောက်က မြေပြင်ပေါ် သို့ တံတွေးထွေးရင်းက ပြောသည်။
"အလောင်းမှာ တစ်ခုခု မှားယွင်းနေတယ်"
"ခေါင်းက ဟိုမှာ။ ကံမကောင်းတဲ့ဒီလူ.. ငါတို့သိတဲ့လူ ဟုတ်မဟုတ် သွားကြည့်ရအောင်"
"ငါကြည့်ပါရေစဦး... ဟစ်"
နောက်ထပ် ကောက်ကျစ်ပုံပေါ်သည့် လူငယ်တစ်ယောက်က ခေါင်းကို ကောက်ယူပြီး ရုတ်တရက် အေးစိမ့်သည့်လေကို ရှူသွင်းလိုက်မိသည်။
ထို့နောက် ကြမ်းတမ်းတသည့်လူကို ကြည့်ကာ တုန်တုန်ရီရီဖြင့်...
"အကိုကြီး... ကံကောင်းစွာနဲ့ ငါတို့ နောက်ကျသွားတယ်" ဟု ပြော၏။
"ဘာကို ဆိုလိုတာလဲ"
ကြမ်းတမ်းသည့်လူက မျက်မှောင်ကြုတ်သွားသည်။
ကြောက်စရာကောင်းသည့် လူငယ်က ခေါင်းကို လှည့်ကာ မျက်လုံးပြူးနေသည့် မုန့်ကျွယ်၏ အိုစာသည့် မျက်နှာကို ပြလိုက်၏။
"အိုး ဘုရားရေ... ဒါ.. မုန့်ကျွယ်ပဲ"
"ဘယ်သူ"
"မုန့်မျိုးနွယ်စုရဲ့ အကြီးအကဲ.. ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ယောက်ပဲ"
ကျန်နှစ်ယောက်လည်း အလျင်အမြန် ရှေ့တက်လာကြသည်။
"မကောင်းေတာ့ဘူး.. သိုင်းသခင်တစ်ဦးကပဲ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ဦးကို သတ်နိုင်မှာ။ တစ်ဖက်လူ ဝေးဝေးရောက်မရောက်လောက်သေးဘူး.. ပြေးကြ"
ကြမ်းတမ်းသည့်လူက အော်ဟစ်ကာ ပြေးသည်။
"အကိုကြီး.. ခဏလေးစောင့်ပါဦး"
ကျန်သုံးယောက်လည်း ကြောက်လန့်တကြား ဖြစ်သွားကြ၏။ သူတို့၏ မိဘများကို ခြေထောက်နှစ်ချောင်း ပိုကာ မမွေးပေးခဲ့ခြင်းအတွက် အမှန်တကယ် မုန်းတီးမိကြ၏။
တစ်နာရီမပြည့်ခင်တွင်ပင် မုန့်မိသားစုနှင့် ခရိုင်ရုံးမှ လူများ အခင်းဖြစ်ခဲ့သည့် နေရာသို့ ရောက်လာကြသည်။
မုန့်မျိုးနွယ်စုမှ လူများဟာ စာရင်းပေးထားသည့် သွေးသန့်စင်ခြင်းအဆင့် အကြီးအကဲလေးယောက်နှင့် မုန့်ကျွယ်၏ ဆွေမျိုးများ ဖြစ်ကြသည်။
ခရိုင်ရုံးမှ လူတွေကတော့ ဝူမိသားစု၏ အကြီးဆုံးသခင်လေး ဝူပီ၊ ခရိုင်ရုံး၏ ရဲအုပ် ဝူဖေးယိနှင့် ရဲသားအရာရှိအဖွဲ့တစ်ဖွဲ့ ဖြစ်သည်။
မုန့်မျိုးနွယ်စု၏ တပည့်များက မုန့်ကျွယ်၏ အလောင်းကို ဝိုင်းရံကာ ငိုကြွေးနေကြသည်။ သူတို့ဟာ မိသားစုဝင်တစ်ယောက်ကို ဆုံးရှုံးခဲ့ရုံတင်မကပဲ မုန့်မျိုးနွယ်စုကို တည်ငြိမ်စေသည့် အင်အားကိုပါ ဆုံးရှုံးခဲ့ရသည်။
မုန့်မျိုးနွယ်စုတွင် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင် နှစ်ဦးသာ ရှိပါသည်။ ကျန်တစ်ယောက်မှာ မုန့်ကျွယ်၏ ညီငယ် မုန့်စု ဖြစ်၏။ သို့ပေမယ့် မုန့်စုဟာ အစောပိုင်းနှစ်များတွင် မြို့တော်သို့ သွားရောက်ကာ အခြေချနေထိုင်ခဲ့သည်။
မုန့်စုက ညီအစ်ကိုချင်း ချစ်ခင်မှုကြောင့် မုန့်ကျွယ်ရဲ့ သေဆုံးမှုအတွက် လက်စားချေရန် ကျောက်နက်မြို့သို့ ပြန်လာလျှင်တောင် လူသတ်သမားက မည်သူလဲဆိုတာ ကို သူတို့ မသိကြေပ။
ထို့အပြင် မုန့်စု၏ ခွန်အားဟာ မုန့်ကျွယ်ထက် အရမ်းကြီး သာလွန်ခြင်း မရှိပေ။ မုန့်ကျွယ်ကို သတ်ဖြတ်နိုင်သည့် ကျွမ်းကျင်သူတစ်ယောက်ကို သူရင်ဆိုင်နိုင်မှာ မဟုတ်ေပ။
မုန့်ကျွယ် သေဆုံးသွားသည်နှင့်အတူ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်၏ ကျောထောက်နောက်ခံ မရှိတော့သည့်အတွက် မုန့်မိသားစု၏ ကျောက်နက်မြို့ရှိ အင်အားကြီး မိသားစုငါးခုမှ တစ်ခုဖြစ်သည့် အဆင့်အတန်းဟာ ဆုံးရှုံးသွားရမှာ ဖြစ်သည်။
မုန့်မျိုးနွယ်စုက ထိန်းချုပ်ထားသည့် အရင်းအမြစ်များဟာလည်း သေချာပေါက် လျော့နည်းသွားမှာ ဖြစ်သည်။ ဆိုလိုသည်က မိသားစုတွင်း ပြိုင်ဆိုင်မှုဟာ ပိုပြင်းထန်လာမှာ ဖြစ်၏။
သူတို့ထဲမှ အပျော်အပါးမက်သူ တချို့ဟာ အရင်က မုန့်ကျွယ်၏ နာမည်ကို အသုံးချပြီး ကျောက်နက်မြို့ကို ထင်တိုင်းကြဲခဲ့ပေမယ့် နောက်ပိုင်းတွင် ထိုကဲ့သို့ လုပ်နိုင်မှာ မဟုတ်တော့ပေ။
"ဒဏ်ရာကို ကြည့်ရင်.. လည်ပင်းမှာ ဓားဒဏ်ရာနဲ့.. နှလုံးမှာ ဆေဘာဒဏ်ရာ ဖြစ်ေလာက်တယ်။ ဒါပေမဲ့ တိုက်ခိုက်သူရဲ့ အခြေအနေကိုတော့ မသိသေးဘူး။ ဆေဘာအတတ်နဲ့ ဓားအတတ်ကို ကျွမ်းကျင်တဲ့ သိုင်းသခင်တစ်ဦး ဖြစ်နိုင်သလို.. ဆေဘာနဲ့ ဓားကို အတူတကွ အသုံးပြုပြီး တိုက်ခိုက်တဲ့ သိုင်းသခင်နှစ်ဦးလည်း ဖြစ်နိုင်တယ်"
ဝူဖေးယိက မုန့်ကျွယ်၏ ခေါင်းပြတ်နေသည့် အလောင်းဘေးတွင် ဒူးထောက်ထိုင်ကာ သူ၏ နှစ်ပေါင်းများစွာသည့် အလုပ်အတွေ့အကြုံများအား အခြေခံပြီး အစောပိုင်း စစ်ဆေးမှုကို ပြုလုပ်သည်။
"ခြေရာတွေကို ကြည့်ရင်.. သိုင်းသခင်မုန့်နဲ့ နောက်တစ်ယောက်ပဲ ရှိတယ်။ ဒါပေမဲ့ လူသတ်သမားက အခင်းဖြစ်တဲ့နေရာကို ပြန်ပြီး တမင်ဖန်တီးခဲ့တာလား ဆိုတဲ့အချက်ကိုလည်း မပယ်ရှားနိုင်ဘူး"
ဝူပီက မျက်မှောင်ကြုတ်သွားသည်။
မြို့တွင်းပိုင်းတွင် မုန့်ကျစ် အသတ်ခံရသည့် ကိစ္စကို မစုံစမ်းရသေးေပ။ ယခု ကိုးသွယ်မြို့အပြင်တွင် မုန့်ကျွယ် အသတ်ခံခဲ့ရ၏။ ဒုက္ခပေးသည့် ကိစ္စများဟာ တစ်ခုပြီးတစ်ခု ရောက်လာကြသည်။
ဝူဖေးယိက မုန့်ကျွယ်၏ အလောင်းကို ဆက်လက်စစ်ဆေးပြီး...
"သိုင်းသခင်မုန့်ရဲ့ ခန္ဓာကိုယ်က နည်းနည်း ခြောက်ေနတယ်။ သူသေဆုံးခါနီးမှာ သူ့ရဲ့သွေးချီကို အများကြီး အသုံးပြုရတဲ့ အရမ်းအစွမ်းထက်တဲ့ လှုပ်ရှားမှုကို အသုံးပြုခဲ့ပုံရတယ်"
ဟု ထပ်ပြောသည်။
ကျောက်နက်မြို့နှင့် အနီးအနားမှ ဆက်စပ်ရွာများ၊ ခံတပ်များနှင့် ရွာငယ်လေးတွေ အားလုံးပေါင်းလျှင် လူဦးရေဟာ အနည်းဆုံး နှစ်သိန်းကနေ သုံးသိန်းအထိ ရှိပါသည်။
အပေါ်ယံတွင် သိုင်းသခင် ၂၀ ကနေ ၃၀ လောက်သာ ရှိ၏။ အမှောင်ထဲမှ လူတွေပါ ထည့်တွက်လျှင်တောင် အများဆုံး ထိုနှစ်ဆလောက်သာ ရှိေပလိမ့်မည်။ ထိုအထဲတွင် မြို့တော်သို့ သွားရောက်ကာ အခြေချနေထိုင်ဖို့ ကြိုးစားနေသည့် သိုင်းသခင်အမျိုးမျိုးလည်း ပါဝင်၏။
သူ၏ နားလည်ထားမှုအရ မုန့်ကျွယ်ကို သတ်နိုင်သည့်လူ မများပေ။
ထိုအချိန်၌ ခရိုင်အုပ်ချုပ်သူ ဝူဒီဟာ သတင်းကြားပြီးနောက် အလျင်အမြန် ရောက်ရှိလာ၏။ မုန့်မျိုးနွယ်စုမှ လူအားလုံးက သူ့ကို အလျင်အမြန် ဝိုင်းရံလာကြသည်။
"ခရိုင်ဝန် ရောက်လာပြီ"
"ခရိုင်ဝန်..ဝူ ကျွန်တော်တို့ မုန့်မိသားစုအတွက် တရားမျှတမှု ဖော်ဆောင်ပေးပါ"
ဝူဒီက မုန့်ကျွယ်၏ အနည်းငယ် ခြောက်သွေ့နေသည့် အလောင်းကို တစ်ချက်ကြည့်ပြီးနောက် သူ့၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။ သူက ချက်ချင်းပင် အသံ နိမ့်စွာဖြင့်..
"ဒီကိစ္စကို ငါစုံစမ်းပေးမှာပါ.. မင်းတို့ အရင် ပြန်ကြ"
ဟု ပြော၏။
မပြန်ချင်သည့် လူတချို့ ရှိနေပေမယ့် ခွန်အားသန့်စင်ခြင်းအဆင့်၏ အကြီးစား ကျွမ်းကျင်မှုအဆင့်ကို ရောက်ရှိထားသည့် ဝူဒီကို ရင်ဆိုင်ရသည့် မုန့်မိသားစုဝင်များဟာ ပြန်ပြီး သတင်းကို စောင့်ဆိုင်းရုံသာ တတ်နိုင်ကြသည်။
"အလောင်းကို ခရိုင်ရုံးကို ပြန်ယူသွား"
"ဟုတ်ကဲ့"
ဝူဒီ၏ ညွှန်ကြားချက်အောက်တွင် ရဲအရာရှိများဟာ မုန့်ကျွယ်၏ အလောင်းကို လူနာထမ်းစင်ပေါ် တင်ပြီး သယ်သွားကြ၏။
"ဘာလို့ ဒီလောက် ပေါ့နေရတာလဲ"
လူနာထမ်းစင်ကို သယ်နေသာ့် အစောင့်နှစ်ယောက်က တစ်ပြိုင်နက် အားစိုက်ထုတ်လိုက်ပြီးနောက် မုန့်ကျွယ်ဟာ အရပ်ရှည်ပြီး အရမ်းလေးပုံပေါ်ပေမယ့် သူ၏အလောင်းဟာ မယုံနိုင်စရာ ကောင်းလောက်အောင် ပေါ့ပါးနေသည်အား ရုတ်တရက် သတိပြုမိလိုက်သည်။
"ပေါ့တယ်"
ဝူဖေးယိက ထိုစကားကို ကြားရပြီးနောက် အံ့သြစွာဖြင့် သွားေရာက်စစ်ဆေးဖို့ ပြင်သည်။
God Genzo: