← Chapters

အခန်း (၉၁)

Vol. 7 Ch. 91

အခန်း (၉၁)

Vol. 7 Ch. 91

"အစ်ကိုဟန်.. တစ်ယောက်ယောက်က ရှင့်ကို လာရှာနေတယ်"

ဟန်ကျောက်သည် အိပ်ရာပေါ်တွင် ပက်လက်ထိုင်ကာ ယင်စွမ်းအင်ရရှိရန် ထူးခြားမှုကို မည်သို့ ရှာဖွေရမည်ကို တွေးတောနေ၏။

ခြံဝင်းထဲတွင် ယုနျန်၏ အသံ ထွက်ပေါ်လာသည်။

"လာပြီ"

ဟန်ကျောက်က ထွက်လာခဲ့သည်။

ရင်းနှီးသော မျက်နှာရှိသည့် အိမ်အကူအိုတစ်ဦးသည် ခြံဝင်းထဲတွင် ရပ်နေသည်။ သူက‌ေတာ့ ရှအိမ်၏ အိမ်တော်ထိန်း ကျိုကျန်းဖြစ်သည်။

ဟန်ကျောက်သည် ရှေ့သို့ လျှောက်သွားသည်။

"အိမ်တော်ထိန်းကျို"

အိမ်တော်ထိန်းကျိုသည် လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ဦးညွှတ်အရိုအသေပြုသည်။

သူက ပြုံးကာ "သခင်လေး ဟန်.. သခင်မလေးက အိမ်မှာ ပွဲတော်တစ်ခု ကျင်းပနေပါတယ်။ သူက သခင်လေးကို ဖိတ်ခိုင်းလို့ပါ" ဟု ပြောသည်။

ဟန်ကျောက်က အံ့အားသင့်သွားသည်။ ပွဲတစ်ခုလား။

ဟန်ကျောက်က သူ၏ အစင်းကြောင်းများရှိသော ရေပြာရောင် အဝတ်အစားကို ငုံ့ကြည့်ကာ "အိမ်တော်ထိန်းကျို.. ခင်ဗျားအရင် ပြန်လိုက်‌ေလ။ ကျွန်တော်အဝတ်လဲပြီးမှ လာခဲ့မယ်" ဟု ပြောသည်။

"လှည်းရထားက အပြင်မှာပါ။ ကျွန်တော် စောင့်နေပါ့မယ်"

အိမ်တော်ထိန်းကျိုက လေးစားစွာ ပြောသည်။

လှည်းရထားလား...

ဟန်ကျောက်က တံခါးအပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ တံခါးနှင့် မဝေးသော နေရာတစ်ခုတွင် ခမ်းနားစွာ အလှဆင်ထားသည့် ရထားတစ်စီး ရှိသည်။

ရှင်း‌ေချာင်ဒေသသည် မြို့တွင်းပိုင်းနှင့် မနီးကပ်ပေ။ ထိုနေရာသို့ လမ်းလျှောက်ပါက ဆယ်မိနစ်ကျော် ကြာမြင့်မည်ဖြစ်သည်။ သို့သော်လည်း သိုင်းသမားတစ်ဦးအနေဖြင့် သူ၏ ခွန်အားနှင့် အလွန်မြန်ဆန်စွာ ရောက်ရှိနိုင်သည်။ ရထားလံုးစီးပါက ပိုမိုနှေးကွေး၏။

"ကောင်းပြီ.. ခဏလောက်စောင့်ပါ"

ဟန်ကျောက်ဟာ အဝတ်အစားလဲရန် အခန်းသို့ ပြန်သွားသည်။ သူသည် အဝတ်အစားလဲကာ အခန်းမှ ထွက်လာခဲ့၏။

ယုနျန်က လှေကားကို ခေါင်မိုးစွန်းမှ ရွှေ့ကာ နံရံတွင် ကပ်ထားသည်။ ထို့နောက် သူမသည် လှေကားပေါ်သို့ တက်ကာ တန်းပေါ်တွင် ချိတ်ထားသော အခြောက်ခံထားသော အဝတ်ကို ယူချင်၏။

ဟန်ကျောက်က မော့ကြည့်လိုက်သောအခါ မိုးတိမ်များ ကောင်းကင်တွင် စုရုံးနေသည်ကို တွေ့လိုက်ရသည်။ မိုးရွာတော့မည့်ပုံ ပေါက်နေ၏။

"ယုနျန်.. ဒီည ထမင်းစားဖို့ ငါပြန်မလာဘူး။ နင် တစ်ယောက်တည်း စားလိုက်ပါ"

ဟန်ကျောက်သည် ရှေ့သို့ တိုးလာကာ သူမအတွက် လှေကားကို ကိုင်ထားပေးသည်။ သူမကို သူနှင့်အတူ လိုက်လိုလားဟု သူမမေးခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူမသည် သူစိမ်းများကို အနည်းငယ် လူမှုရေးကြောက်ရွံ့မှု ရှိ၏။

"ကောင်းပါပြီ"

ယုနျန်က ပြန်ဖြေသည်။

အိမ်တော်ထိန်းကျိုဟာ ခြံဝင်းတွင် စိတ်ရှည်စွာ ရပ်စောင့်နေသည်။ ဟန်ကျောက်၏အိမ်တွင် အခြားအမျိုးသမီးတစ်ဦး ရှိနေခြင်းကို သူအံ့အားသင့်ခြင်း မရှိပါ။

၎င်းသည် အလွန်ပုံမှန်သာ ဖြစ်၏။ ဤသည်မှာ ရှားပါးသည်ဟုပင် မသတ်မှတ်နိုင်ပါ။

ယုနျန်အတွက် လှေကားကို ချပေးပြီးနောက် ဟန်ကျောက်ဟာ အိမ်တော်ထိန်းကျိုထံသို့ သွားရောက်သည်။

"အိမ်တော်ထိန်းကျို.. ခင်ဗျား အကြာကြီး စောင့်နေရပြီ"

စကွိ...

ယုနျန်က တံခါးကို အတွင်းမှ လော့ခ်ချလိုက်သည်။

ဤသည်မှာ ဟန်ကျောက် အပြင်သို့သွားတိုင်း သူမကို သတိပေးထားခြင်း ဖြစ်၏။

—အမည်- ယုနျန် (ရေခဲ‌ေတးသီငှက် - တစ်ဝက်တစ်ပြတ်နတ်ဆိုး)

—ကျင့်စဥ်- သက်ရှည်ကျမ်း (ပထမအဆင့် အ‌ေသးစားကျွမ်းကျင်မှု ၂၅%၊ အဆင့်မြှင့်နိုင်သည်)

မထွက်ခွာမီ ဟန်ကျောက်သည် သူမ၏ စွမ်းရည်များကို စစ်ဆေးခဲ့သည်။ ယုနျန်၏ သက်ရှည်ကျမ်း လေ့ကျင့်မှုအရှိန်သည် ယခင်ကထက် များစွာ မြန်ဆန်လာခဲ့သည်။

ထိုသို့ဆိုလျှင် ပိုကောင်းသော ပါရမီရှိသည့် ရှလင်အတွက် သက်ရှည်ကျမ်း၏ ပထမအဆင့်ကို ကျွမ်းကျင်ရန် ပိုမိုလွယ်ကူသင့်၏။

သူသည် အတွင်းအား လေ့ကျင့်မှုနည်းလမ်းများကို အထောက်အပံ့ပေးရာတွင် အစစ်အမှန်ချီသည် မည်မျှ ထိရောက်ကြောင်းကို ကိုယ်တိုင် တွေ့ကြုံခဲ့ဖူးသည်။

ခရီးတစ်ဝက်တွင် မိုးသည် ကောင်းကင်မှ သည်းထန်စွာ ရွာသွန်းလာ၏။ သိပ်သည်းသော မိုးစက်များသည် ရထားအမိုးပေါ်တွင် တဖြောင်းဖြောင်း ကျဆင်းလာခဲ့သည်။

ဟန်ကျောက်က ရထားလုံးပြတင်းပေါက်ကို တွန်းဖွင့်လိုက်သည်။ မိုးဟာ ပို၍ ပို၍ သည်းထန်လာကာ သူ၏ အမြင်အာရုံမှာ ဝါးတားတား ဖြစ်နေပြီဖြစ်၏။ သူသည် မိုးကို ရှောင်ရန် လမ်းမပေါ်တွင် ပြေးနေသော လမ်းသွားလမ်းလာများကို ကြည့်ကာ ရထားလံုးအတွင်းရှိ စိတ်ဝိညာဉ်ခန္ဓာ အမွှေးတိုင်၏ သင်းပျံ့သည့် မွှေးရနံ့ကို ခံစားရသည်။ နှလုံးသားထဲတွင် ကျေနပ်မှုတစ်ခု ပေါ်လာ၏။

သူသည် ဤကမ္ဘာသို့ ရောက်ရှိလာခဲ့တာ လေးနှစ်နီးပါး ရှိနေပြီ ဖြစ်သည်။ မိုးရွာသောနေ့များတွင် မိုးရွာသံကို နားထောင်ကာ အိပ်စက်ရန် နှစ်သက်ခဲ့ပြီး ဖြစ်၏။

"သခင်လေး ဟန်.. ကျွန်တော်တို့ ရောက်ပါပြီ"

အချိန်မည်မျှကြာသည်ကို မသိလိုက်ပေ။ အိမ်တော်ထိန်း ကျို၏ အသံသည် ရထားလံုးအပြင်ဘက်မှ ထွက်ပေါ်လာ၏။

ဟန်ကျောက်က ကုလားကာကို မြှောက်လိုက်သည်။ တံခါးစောင့်က ထီးကို ဖွင့်ကာ ရထားလံုးရှေ့တွင် စောင့်ဆိုင်းနေ၏။

ဟန်ကျောက်ကို နောက်ဖေးပိုင်းရှိ အခန်းတံခါးဆ‌ီသို့ လိုက်လံပို့ဆောင်ပြီးနောက် အိမ်တော်ထိန်းကျိုဟာ သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

"သခင်လေး ဟန်.. ကျေးဇူးပြုပြီး... သခင်မလေးက အတွင်းထဲမှာပါ"

အခန်းထဲမှ သာယာနာပျော်ဖွယ် ပုလွေသံ ထွက်ပေါ်လာပြီး လှပသော တေးသွားသည် ဟန်ကျောက်၏ နားထဲတွင် ပျံ့နှံ့သွားသည်။ အမှန်မှာ သူသည် စင်္ကြံထဲတွင် ပုလွေသံကို ယခုလေးတင် ကြားခဲ့ပြီးဖြစ်၏။ ရှလင်က ဂီတပညာရှင်တစ်ဦးကို ဖိတ်ခေါ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူမသည် သူ၏ မွေးနေ့အတွက် အထူးဂုဏ်ပြု‌ေပးခြင်း ဖြစ်နိုင်သလား.. သို့သော်လည်း အချိန်ကို မှားယွင်းစွာ မှတ်မိထားပုံရသည်။

ဟန်ကျောက်က သူ၏စိတ်ထဲတွင် တွေးတောကာ တံခါးကို တွန်းဖွင့်လိုက်သည်။ ရှလင်သည် တံခါးဘေးတွင် ဘေးတိုက်ထိုင်ကာ ပုလွေကို အာရုံစိုက်စွာ တီးမှုတ်နေ၏။

ပုံမှန်နှင့် မတူဘဲ သူမသည် သူမ၏ နေ့စဉ်အဝတ်အစားများအဖြစ် အမျိုးမျိုးသော လေ့ကျင့်ရေးအဝတ်အစားများကို ဝတ်ဆင်ထားခြင်း မရှိပေ။ ယနေ့တွင် သူမသည် အနည်းငယ် တောက်ပသည့် ပေါ့ပါးသော ပိတ်ချည်ဖြင့် ပြုလုပ်ထားသော ပန်းရောင်ဂါဝန်ကို ဝတ်ဆင်ထားသည်။

သူမ၏ နှင်းကဲ့သို့ ဖြူစင်လုံးဝန်းသော ပုခုံးများအား ပုဝါပါးအောက်တွင် အနည်းငယ် မြင်နိုင်သည်။ သူမ၏ ကော်လာရိုးနှင့် ပုခုံးများကို ဖော်ထုတ်ထားသော ကြိုးမဲ့ဂါဝန်သည် သူမ၏ ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ဝက်တစ်ပျက်အား လှစ်ပြထားသည်။

တံခါးတွန်းဖွင့်သံကို ကြားသောအခါ ရှလင် လှည့်ကြည့်၏။ အနည်းငယ် မိတ်ကပ်လိမ်းထားသော နူးညံ့သိမ်မွေ့သည့် မျက်နှာအား မြင်လာရသည်။

သူမ၏ မိုးမခကဲ့သို့ မျက်ခုံးများအား ပင့်သက်ထားပြီး မက်မ‌ွန်ပုံစံ မျက်ဝန်းများသည် ရည်ရွှမ်းမှုတို့ဖြင့် ပြည့်နှက်နေကာ သူမ၏ နီရဲသော နှုတ်ခမ်းများသည် အနည်းငယ် စူထွက်နေ၏။

သူမ၏ သေးငယ်ပြီး လုံးဝန်းသော မျက်နှာကို ကြည့်ရုံဖြင့် ငယ်ရွယ်သော မိန်းကလေး၏ နုပျိုသည့် အရှိန်အဝါဖြင့် ပြည့်နှက်နေမှုကို ခံစားရပြီး သူမ၏ နှင်းကဲ့သို့ ဖြူစင်ပြီး တင့်တယ်လှသော ကိုယ်လုံးသည် ရင့်ကျက်သော ဆွဲဆောင်မှုကို ထုတ်ဖော်ပြ‌ေနသည်။

ဟန်ကျောက်ဟာ သူမနှင့် အတူ လေ့ကျင့်မှုကြောင့် ယခင်က ရှလင်နှင့် အပြန်အလှန် ထိတွေ့ခဲ့သည်။ သို့သော်လည်း ယခုကဲ့သို့သော မြင်ကွင်းကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

"မင်းပုလွေမှုတ်တတ်တယ်ဆိုတာကို ငါအခုမှ သိလိုက်ရတယ်"

ဟန်ကျောက်ဟာ တည်ငြိမ်ဟန်ပေါ်ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။ သို့သော်လည်း သူ၏မျက်လုံးများက သူ့ကို သစ္စာဖောက်ပြီးသား ဖြစ်‌ေန၏။

"အစ်မကြီး အရင်တုန်းက အိမ်မှာ ရှိတုန်းက သင်ပေးခဲ့တာ။ ပုလွေအပြင် သံစဉ်အကြောင်းကိုလည်း နည်းနည်း သိတယ်"

ရှလင်သည် ဟန်ကျောက်၏ အကြည့်ကို သတိပြုမိကာ အနည်းငယ် ရှက်ရွံ့သွားသည်။

ဟန်ကျောက်က သူမ၏ နီရဲသော နှုတ်ခမ်းများကို ကြည့်၏။

"အစ်မက ပုလွေမှုတ်ဆရာတစ်ဆူပဲ"

ရှလင်က အနည်းငယ် ပြုံးကာ ခေါင်းညှိတ်သည်။

"တကယ်ကို အရည်အချင်းစုံတယ်"

သူမ၏ အပြစ်ကင်းစင်သော အသွင်အပြင်ကို ကြည့်ကာ ဟန်ကျောက်ဟာ စကားလုံးများ ပျောက်ဆုံးသွားသည်။

"အစ်မအခုလေးတင် တီးခဲ့တဲ့ တေးသွားကို 'ပျံသန်းသော ဖီးနစ်' လို့ ခေါ်တယ်။ ဒါနဲ့... ဟိုဟာ... အစ်မ ဟိုဟာကို သင်ယူပြီးပြီ။ မနက်ဖြန်က မောင်လေးရဲ့ မွေးနေလေ.. ဒီည..."

ရှလင်က သူမ၏ မျက်လုံးများကို နှိမ့်လိုက်သည်။

သူမ၏ စကားလုံးများသည် ကြားဖြတ် ကြားဖြတ် ဖြစ်‌ေနသော်လည်း ဟန်ကျောက်က မည်ကဲ့သို့ နားမလည်ပဲ နေမည်နည်း။

သူမသည် ဒီကမ္ဘာသို့ ရောက်ရှိပြီးကတည်းက သူ့အတွက် မွေးနေ့ကို ဂုဏ်ပြုပေးခဲ့သော ပထမဆုံးလူ ဖြစ်သည်။ ဒီအချိန်တွင် သူသည် ဝမ်းမြောက်မှုနှင့် နွေးထွေးမှုကို စိတ်ထဲတွင် ခံစားခဲ့ရ၏။

ဟန်ကျောက်က ရှေ့သို့ တိုးလာ၏။ ရှလင်ဟာ သူမ၏ အဝတ်အစားများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ သူမ၏ ခေါင်းကို အနည်းငယ် မြှောက်ကာ မျက်လုံးများကို မှိတ်လိုက်သည်။

သို့သော်လည်း သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ယောက်ျားဆန်သော ဝတ်ရုံတစ်ထည်သာ လွှမ်းခြုံလာ၏။

"ညဘက်မှာ ရာသီဥတုက အေးတယ်။ မင်းရဲ့ လွမ်ဖီးနစ် သဟဇာတနည်းပညာကို ပြီးပြည့်စုံအောင် လေ့ကျင့်ပြီးပြီလား"

ဟန်ကျောက်သည် ဆုလင်းအား အင်္ကျီဖြင့် ရစ်ပတ်‌ေပးကာ သူမ၏ မျက်နှာချင်းဆိုင်ရှိ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။

"နည်းနည်းလေးပဲ ကျန်တော့တယ်"

ဆုလင်းက အမှန်အတိုင်း ပြန်ဖြေသည်။ သူမသည် သူမ မျှော်လင့်ထားသည်နှင့် ကွဲပြားကြောင်း ခံစားလိုက်ရသည်။

"သွေးသန့်စင်ခြင်းအဆင့်သို့ အဆင့်တက်ဖို့ လက္ခဏာတွေရော ရှိလား"

ဟန်ကျောက်က ဆက်ပြောသည်။

"ရှိတယ်.. ဒါပေမယ့် နတ်ဆိုးမြွေအသားခြောက်က ကုန်သွားပြီ။ အစ်မ ထပ်မဝယ်ရသေးဘူး"

ရှလင်က ခေါင်းညှိတ်သည်။

"သွေးသန့်စင်ခြင်းအဆင့်သို့ အဆင့်တက်ဖို့ အခွင့်အရေးကို တိုးမြှင့်ပေးနိုင်တဲ့ ကျင့်စဉ်တစ်ခုကို သင်ပေးမယ်" ဟန်ကျောက်က လေးနက်စွာ ပြောကာ ခေါင်းမော့ကြည့်သည်။

"မောင်လေးဟန်... နင်... မလိုချင်ဘူးလား။ အစ်မကို... ဟိုလို.. တစ်မျိုး ထင်.."

ရှလင်၏ မျက်နှာအမူအရာသည် အနည်းငယ် စိတ်လှုပ်ရှားနေ၏။

ဟန်ကျောက်က သူမ၏ လှပသော မျက်နှာကို ကြည့်လိုက်ပြီးနောက် သူ၏ အသက်ရှူသံတို့ အနည်းငယ် လေးလံလာသည်။

All Chapters