← Chapters

အခန်း (၉၄)

Vol. 7 Ch. 94

အခန်း (၉၄)

Vol. 7 Ch. 94

[၁- ပါရမီကိုရယူပါ (ရွေးချယ်၍ မရပါ)]

[၂- စွမ်းရည်မှတ်များ ရယူပါ]

[၃- ဘဝအတွေ့အကြုံ၏ မည်သည့်အပိုင်းကိုမဆို ရယူပါ]

[လက်ရှိလက်ကျန်- ရွှေ ၁၇၀ လျန်]

ဟန်ကျောက်သည် အစမ်းရှင်သန်ခြင်းမှ အချက်အလက်များကို ကြည့်ရှုပြီး မအံ့သြဘဲ မနေနိုင်ခဲ့ပေ။

သူလျှိုအဖြစ် အချိန်အတော်ကြာ လုပ်ကိုင်ပြီးနောက် သူသည် ဂိုဏ်းချုပ် ဖြစ်လာခဲ့၏။

"ယင်ရွှမ်းရဲ့ အခြေအနေက ဘာလဲ။ ဒီအစမ်းရှင်သန်မှုမှာ သူမ.. ကျီပိုင်ဝေရဲ့ တိုက်ခိုက်မှုကို မကြုံတွေ့ခဲ့ဘူး။ ဘာလို့ စောစော သေသွားရတာလဲ"

ဟန်ကျောက်ဟာ မေးခွန်းများဖြင့် ပြည့်နှက်နေ၏။

သူသည် ယခုအချိန်အထိ လုယင်ရွှမ်းကို တစ်ခါမျှ မတွေ့ဖူးသော်လည်း အစမ်းရှင်သန်ခြင်း အမြောက်အမြားတွင် သူမသည် သူ၏ ဇနီးဖြစ်လာခဲ့သည်။ ဟန်ကျောက်သည် သူမကို သူ၏ မိသားစုဝင်တစ်ဦးအဖြစ် သတ်မှတ်ထားပြီးဖြစ်၏။

အစမ်းရှင်သန်ခြင်းတွင် သူမသည် ထူးဆန်းသော ရောဂါဖြင့် ဒုက္ခရောက်နေကြောင်း ပြသခဲ့သော်လည်း လုယီသည် အလွန်ကျန်းမာသူ ဖြစ်၏။ သူ၏ သမီး လုယင်ရွှမ်းလည်း မျိုးရိုးလိုက်သော ရောဂါ ခံစားနေရတာမဟုတ်‌ေလာက်ပေ။

"ကျွန်တော် ရွေးချယ်မှု ၃ ကို ရွေးပါမယ်"

ခဏတာ စဉ်းစားပြီးနောက် ဟန်ကျောက်ဟာ ဆုံးဖြတ်ချက်တစ်ခု ချခဲ့သည်။

ဒီတစ်ကြိမ်တွင် သူဟာ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း စစ်ဘုရင်အဆင့်အထိ ကျင့်ကြံခဲ့ပြီး ခွန်အားသန့်စင်ခြင်း၏ အကြီးစားကျွမ်းကျင်မှုအဆင့်အထိ ကျင့်ကြံခြင်းအတတ်များစွာကိုပင် လေ့ကျင့်ခဲ့ကြောင်း တွေ့ရသည်။

ကျင့်ကြံခြင်း အတွေ့အကြုံများနှင့်ပင် အလွန်အသုံးဝင်နေပြီး ဖြစ်၏။ ကျင့်ကြံခြင်းအတတ်များ ပေါင်းစည်းခြင်းဆိုလျှင် ပိုတောင် အသုံးဝင်လှသည်။

ရွေးချယ်မှု ပြီးဆုံးသောအခါ ရုပ်ရှင်ကဲ့သို့ ပုံရိပ်တစ်ခုသည် သူ၏ ရှေ့တွင် ပေါ်လာခဲ့သည်။

ထိုပုံရိပ်များသည် ယခင်ကကဲ့သို့ပင် အနည်းငယ် မြန်ဆန်သော ပြကွက်များနှင့် တူ၏။

သို့သော် သူ၏အဆင့် မြင့်တက်လာပြီး သွေးချီပိုမိုအားကောင်းလာသောကြောင့် ထိန်းချုပ်မှု တိုးလာသည်ဟု သူခံစားရသည်။

မကြာမီ မှတ်ဥာဏ်များဟာ သူသိုင်းပညာကို လေ့ကျင့်နေသည့် မြင်ကွင်းသို့ ရောက်ရှိလာခဲ့သည်။

ဟန်ကျောက်၏ အာရုံသည် အလွန်အာရုံစူးစိုက်နေသည်။

သူ၏ ထိန်းချုပ်မှုအောက်တွင် လေ့ကျင့်မှုမြင်ကွင်းသည် ရွေ့လျားမှုတစ်ခုစီကို တစ်ဆင့်ပြီးတစ်ဆင့် လေ့လာနိုင်ရန် ရပ်တန့်သွားသော အခြေအနေတစ်ခုသို့ ပြောင်းလဲသွားသည်။

ခဏအကြာတွင် သွေးစိတ်ဝိညာဉ်မူဝါဒ၏ ဒုတိယအဆင့်နှင့် တတိယအဆင့်၏ ပြည့်စုံသော ကျင့်ကြံခြင်းနည်းလမ်းများသည် သူ၏ မှတ်ဉာဏ်ထဲတွင် ပေါ်လာခဲ့သည်။

နောက်တစ်ခုမှာ အတွင်းအားကို ဖမိးဆုပ်နိုင်ခြင်း၏ အကြီးစားကျွမ်းကျင်မှုအဆင့်အထိ လေ့ကျင့်နိုင်သော တောင်ဖြိုလက်သီး ဖြစ်သည်။

နောက်ဆုံးမှာ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းအဆင့်သို့ အဆင့်တက်ရန် လုံလောက်သော စစ်ဘုရင် သိုင်းပညာ လေဟုန်စီးခြေထောက် ဖြစ်သည်။

သိုင်းပညာများ- သွေးစိတ်ဝိညာဉ်မူဝါဒ (ပထမအဆင့် ပြီးပြည့်စုံမှု ၁၀၀%၊ အဆင့်မြှင့်နိုင်သည်)။

တောင်လဖြိုလက်သီး (ပထမအဆင့် အခြေခံအဆင့် ၁%၊ အဆင့်မြှင့်နိုင်သည်)၊ လေဟုန်စီးခြေထောက် (ပထမအဆင့် အခြေခံအဆင့် ၁%၊ အဆင့်မြှင့်နိုင်သည်)

မကြာမီ သုံးမျိုးသော ကျင့်ကြံခြင်းနည်းလမ်းများ၏ အချက်အလက်များသည် သိုင်းပညာများ မျက်နှာပြင်တွင် ပေါ်လာခဲ့သည်။

တောင်ဖြိုလက်သီးနှင့် လေဟုန်စီးခြေထောက်တို့သည် အခြေခံအဆင့်ကို တိုက်ရိုက် ကျော်လွန်ခဲ့သည်။ မူလက ကောက်နုတ်နိုင်သည်ဟု ပြသထားသော သွေးစိတ်ဝိညာဉ်မူဝါဒသည်လည်း အဆင့်မြှင့်နိုင်သောအခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။

ချက်ချင်းဆိုသလို စနစ်အကြောင်းကြားချက်တစ်ခု ပေါ်လာခဲ့၏။

[တောင်ဖြိုအတွင်းအား၊ လေစီးအတွင်းအားနှင့် ယင်ဖင်းအတွင်းအား.. အတွင်းအားသုံးမျိုးသည် အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသောအခါ သင်သည် ကောက်နုတ်မှုလမ်းကြောင်းကို ရရှိနိုင်သည်။ တောင်ဖြိုအတွင်းအား + လေစီးအတွင်းအား + ယင်ဖင်းအတွင်းအား = သုံးပါးသော အနှစ်သာရအတွင်းအား။]

[သုံးပါးသော အနှစ်သာရအင်အား- တောင်ဖြိုလက်သီး၏ ပြင်းထန်ပြီး အာဏာပါသော အတွင်းအား၊ လေစီးမြင်းခြေထောက်၏ သိမ်မွေ့ပြီး ရှည်လျားသော အလှတရားနှင့် ယင်ဖင်းလက်ဝါး၏ အေးစက်ပြီး ဆိုးယုတ်သော အတွင်းအားတို့ကို စုစည်းပါ။ မတူညီသော သိုင်းပညာသုံးမျိုး၏ အတွင်းအားသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းလာနိုင်သည်။ ၎င်းကို လုံးဝ ပေါင်းစည်းနိုင်ပါက အတွင်းအားသည် အဆုံးမရှိသကဲ့သို့ ဖြစ်လာပြီး အတွင်းအားအများစုကို ဖိနှိပ်နိုင်သည်။]

[သုံးပါးသော အနှစ်သာရအတွင်းအားနှင့် သက်ရှည်ကျမ်းတို့ ပြီးပြည့်စုံမှုသို့ ရောက်သောအခါ သင်သည် ကောက်နုတ်မှုလမ်းကြောင်းကို ရရှိနိုင်သည်။ သုံးပါးသော အနှစ်သာရအတွင်းအား + သက်ရှည်အစစ်အမှန်ချီ= သုံးမှတ်မူလပြန်ခြင်းနည်းပညာ]

[သုံးမှတ်မူလပြန်ခြင်းနည်းပညာ- သုံးပါးသော အနှစ်သာရအတွင်းအားနှင့် သန့်စင်သော ယန်သက်ရှည်အစစ်အမှန်ချီ၏ အင်အားကို စုစည်းပါ။ အတွင်းနှင့် အပြင် လေ့ကျင့်မှုသည် အချင်းချင်း အပြန်အလှန် အထောက်အပံ့ပေးသည်။ သုံးပါးသော အနှစ်သာရသည် လှည့်ပတ်နေ၏။ အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသောအခါ ၎င်းသည် သဘာဝအားဖြင့် ချဲ့ထွင်ပြီး များပြားလာနိုင်သည်။]

"နောင်မှာ ဓားနဲ့ လှံ အမွှာတိုက်ခိုက်တာက အသန်မာဆုံးဖြစ်မှာ"

တောင်ဖြိုလက်သီး၊ လေဟုန်စီးခြေထောက်၊ ယင်ဖင်းလက်ဝါးနှင့် သက်ရှည်ကျမ်းတို့၏ ကောက်နုတ်ခြင်းနှင့် ပေါင်းစည်းခြင်းဆိုင်ရာ မှတ်ဉာဏ်များသည် ဟန်ကျောက်၏ စိတ်ထဲတွင် လျှပ်တစ်ပြက် လက်သွားခဲ့သည်။ သူက မနေနိုင်ပဲ ခေါင်းကိုယမ်းကာ ရယ်၏။

အစမ်းရှင်သန်ခြင်းတွင် စွမ်းရည်မှတ်၏ အကျိုးသက်ရောက်မှု အကူအညီများ မပါဘဲ သူသည် ကျင့်ကြံခြင်းနည်းလမ်းများကို ပေါင်းစည်းကာ သုံးမှတ်မူလပြန်ခြင်းနည်းပညာကို ဖန်တီးနိုင်ခဲ့သည်။ ။

နောက်ဆုံးတွင် စစ်ဘုရင်အဆင့်တွင် သိုင်းသူတော်စင်တစ်ဦးနှင့် တစ်နေ့တစ်ညလုံး တိုက်ခိုက်ပြီး အားကုန်ကာ သေဆုံးခဲ့၏။

တကယ့်ကို ပါရမီရှင်တစ်ဦးပင်..

ကံမကောင်းစွာဖြင့် အစမ်းရှင်သန်ခြင်းတွင် မီးတောက် ရိုးတွင်းချဉ်ဆီ သန့်စင်ခြင်း ဆေးလုံးများ၏ အကူအညီဖြင့်ပင် သူသည် ဗာဂျရာအတတ်၏ တတိယအဆင့်ကို လေ့ကျင့်ရန် မရဲဝံ့ခဲ့ပေ။

မဟုတ်ပါက ကျီပိုင်ဝေ၏ အဆက်အသွယ်ဖြင့် ကျီမိသားစုထံမှ နောက်ဆက်တွဲ ကျင့်ကြံခြင်းနည်းလမ်းကို သေချာပေါက် ရရှိနိုင်မည်ဖြစ်သည်။

ဗာဂျရာအတတ် အဆင့်တက်ချိန်၌ နာကျင်မှုကို တွေးမိသောအခါ ဟန်ကျောက်ဟာ တုန်လှုပ်သွားသည်။

"ပါရမီတိုးတက်အောင် လုပ်တာက တကယ်ကို အသုံးဝင်တာပဲ.. ကံမကောင်းစွာပဲ.. ဘယ်လောက်ပဲ ကြိုးစားအားထုတ်ပါစေ နှစ်ထောင်ချီ ဖြစ်တည်စုဆောင်းလာတဲ့ ဒီလို အင်အားကြီးအဖွဲ့တွေနဲ့ မယှဉ်နိုင်ဘူး"

"ကောင်းကင်ကို ဆန့်ကျင်မနေရင်ပေါ့.."

ဟန်ကျောက်ဟာ သက်ပြင်းချမိ၏။

နောက်ဆုံးတွင် ထိုသိုင်းသူတော်စင်ကို လျှို့ဝှက်အစောင့်များက စေလွှတ်ခဲ့ခြင်း ဟုတ်မဟုတ် သူ မသိခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူသည် သူ၏ တိုက်ရိုက်အထက်အရာရှိကို သတ်ခဲ့၏။

"အဲဒီလိုဆိုရင်တော့ ငါ.. ရည်မှန်းချက်သေးလေးတစ်ခု ထားရမယ်။ အသက် ၄၃ နှစ်မတိုင်ခင် သိုင်းသူတော်စင်ကို ကျော်ရမယ်ကွာ"

သူသေဆုံးချိန်တွင် မှန်ဉာဏ်များ ရပ်တန့်သွားသောကြောင့် အရေးမပါသော နေ့စဉ်မှတ်ဉာဏ်များစွာသည် လျင်မြန်စွာ ဝေဝါးသွားကာ မူလက မူးဝေနေသော သူ၏ခေါင်းသည် ချက်ချင်း သက်သာသွားခဲ့သည်။

ကိုးသွယ်မြို့အပြင်ဘက် မလှမ်းမကမ်းရှိ သိပ်သည်းသော တောအုပ်ထဲတွင်..

စာပေသမားနှင့်တူသည့် မီးခိုးရောင်ဝတ်ရုံအား ဝတ်ထားသော ချောမောသည့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးသည် တောလမ်းပေါ်တွင် ဖြည်းဖြည်းမှန်မှန် လျှောက်နေ၏။ သူ၏ အသွင်အပြင်ကို ကြည့်ရုံဖြင့်ပင် လမ်းလျှောက်ထွက်လာသော ဆရာတစ်ဦးဖြစ်ခြင်း၏ အထင်အမြင်ကို ပေးသည်။

ထိုကဲ့သို့သော သိမ်မွေ့သည့် အမျိုးသားသည် မျက်တောင်မခတ်ဘဲ သတ်ဖြတ်တတ်သော လူဆိုးတစ်ဦးဖြစ်သည်ဟု မည်သူမျှ တွေးမိမည် မဟုတ်ပေ။

ထိုသူမှာတော့ နဂါးပျံအဖွဲ့ အကြီးအကဲ ချီရှင်းဖြစ်သည်။ တစ်ချိန်တည်းတွင် သူသည် ကျန်းမိသားစု ယခင်အကြီးအကဲ၏ မွေးစားသားလည်း ဖြစ်၏။

သူ၏ လက်အောက်တွင် နဂါးပျံအဖွဲ့သည် အနီးအနား၌ အကြီးဆုံး လူဆိုးအဖွဲ့အစည်းအဖြစ် တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ အင်အားကြီးသော သိုင်းပညာရှင်များ၏ အကာအကွယ် မရှိသည့် အရပ်သားအချို့ကိုသာ အနိုင်ကျင့်နိုင်သော်လည်း သူစုစည်းထားသော လူအင်အားမှာ အတော်အတန် များပြားသည်။

ဟုတ်ပါသည်။ ချီရှင်းသည် အလွန်လည်း လိမ္မာပါးနပ်ပြီး အင်အားကြီးသော အဖွဲ့အစည်းများကို ဘယ်သောအခါမျှ မစော်ကားခဲ့ပါ။ ထို့ကြောင့် ကျန်းမိသားစု၏ အကြောင်းပြချက်ဖြင့် အနီးအနားရှိ အဖွဲ့အစည်းများသည် နဂါးပျံအဖွဲ့၏ ကြီးထွားမှုကို မျက်ကွယ်ပြုထားခဲ့သည်။

လွန်ခဲ့သော ခုနစ်လ၊ ရှစ်လ‌ေလာက်က သူတို့သည် သက်ရှည်ဂိုဏ်း၏ လက်ထောက်ဝတ်ပြုဆရာနှင့် ဆက်သွယ်မိခဲ့ပြီး သွေးစိတ်ဝိညာဉ်မူဝါဒ ဒီဗိုင်းအတတ်ကို ရရှိခဲ့သည်။

ဤသည်မှာ သွေးချီကို တိုးမြှင့်ပေးနိုင်သော စွမ်းအားကြီး ကျင့်ကြံခြင်းနည်းလမ်းတစ်ခု ဖြစ်သည်။

ပထမအကြိမ်အဖြစ် ချီရှင်းကို သူ၏ နှစ်ပေါင်းများစွာ ရပ်တန့်နေသော သွေးချီမှ တိုးတက်မှုလက္ခဏာများ ပြသလာခဲ့သည်။

ထိုမျှသာမက လွန်ခဲ့သော ခြောက်လက ကျန်းထန်ဝမ်သည်လည်း ထိုအကြောင်းကြောင့် သွေးသန့်စင်ခြင်းအဆင့်သို့ အဆင့်တက်ခဲ့သည်။

ကျန်းမိသားစုသည် သွေးစိတ်ဝိညာဉ်မူဝါဒကို အသုံးချကာ အပေးအယူပြုလုပ်ပြီး ကျောက်နက်မြို့ရှိ အင်အားကြီး မိသားစုငါးခုအနက်မှ တစ်ခုဖြစ်သော မုန့်မိသားစုကို ဆွဲဆောင်ခဲ့သည်။

သို့သော်လည်း ကျန်းထန်ဝမ်နှင့် မုန့်မိသားစု၏ ပါရမီရှင် မုန့်ကျစ်တို့သည် မြို့တွင်းပိုင်းတွင် သတ်ဖြတ်ခံခဲ့ရသည်။ ကျန်းမိသားစု၏ အကြီးအကဲဟာ အိမ်သို့ ပြန်ရောက်ပြီး မကြာမီတွင် အိပ်ရာထဲလဲသွားခဲ့၏။မုန့်မိသားစုကလည်း ပူးပေါင်းဆောင်ရွက်မှုအကြောင်း ဘာမှ မပြောခဲ့ပေ။

မကြာသေးမီက လင်းယုန်ပျိုးထောင်ခြင်းစံအိမ်၏ ဒုတိယစံအိမ်အကြီးအကဲ ကျုခန်ရှန်းသည် သူ၏ ခြေရာများကို လျှို့ဝှက်စွာ စုံစမ်းစစ်ဆေးနေခဲ့သည်။

ကျုခန်ရှန်း၏ မိသားစုဟာ လွန်ခဲ့သော ဆယ်နှစ်ကျော်က သူ့ကြောင့် သတ်ဖြတ်ခံခဲ့ရ၏။ ယခု လှုပ်ရှားလာမှုဟာ မကောင်းသော အကြံအစည်များ ရှိရ‌ေပမည်။

သို့သော်လည်း သက်သေအထောက်အထားမရှိဘဲ မုန့်မိသားစု၏ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်၏ အထောက်အပံ့မရှိဘဲ ကျုခန်ရှန်းကို ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်ရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ချီရှင်းဟာ မိမိကိုယ်ကို ငါးစာအဖြစ် အသုံးပြုကာ သူ့နောက်ကွယ်မှ လူကို ဆွဲထုတ်ရန် ရည်ရွယ်ချက်ရှိရှိ အပြင်ထွက်ဖို့ ဆုံးဖြတ်ခဲ့၏။

All Chapters