← Chapters

အခန်း (၉၅)

Vol. 7 Ch. 95

အခန်း (၉၅)

Vol. 7 Ch. 95

God Genzo:

ကျုခန်ရှန်း၏ ကြွယ်ဝမှုဖြင့် ဒုတိယ သွေးချီချိုးဖျက်မှုအဆင့် ကျွမ်းကျင်သူကို ဖိတ်ကြားနိုင်ခြင်းသည်ပင် အထင်ကြီးစရာကောင်းနေမှာ ဖြစ်၏။

သူကိုယ်တိုင်သည် ပထမ သွေးချီချိုးဖျက်မှုအဆင့်၏ ပြည့်စုံသောအဆင့်တွင် ရှိပြီး သူ့နောက်ကွယ်၌ သက်ရှည်ဂိုဏ်း၏ လက်ထောက်ဝတ်ပြုဆရာသည် တတိယသွေးချီချိုးဖျက်မှုအဆင့်ရှိ ပုဂ္ဂိုလ်ကြီး ဖြစ်သည့်အပြင် အရိုးသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူ ဆယ်ဦးလည်း ပါဝင်၏။

ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ဦးနှင့် မတွေ့ဆုံပါက ဘာအမှားအယွင်းမှ ကြုံမည်မဟုတ်ပေ။

"မိတ်ဆွေ.. မင်းငါ့‌ေနာက်ကို လမ်းတစ်လျှောက်လုံး လိုက်လာခဲ့တယ်။ ဘာလို့ ကိုယ်တိုင် ထွက်မပြတာလဲ"

ခရီးတစ်ဝက်တွင် ချီရှင်းသည် သူ၏ ခြေလှမ်းများကို ရပ်တန့်ကာ တောအုပ်ထဲသို့ ပြောလိုက်သည်။

တပ်.. တပ်..

ကြွေကျနေသော အရွက်များနှင့် အကိုင်းအခက်ခြောက်များ တက်နင်းခံရသံများဟာ ထွက်ပေါ်လာခဲ့သည်။

ချီရှင်းက လှည့်ကြည့်လိုက်သောအခါ သူ့နောက်ကျောတွင် ဆေဘာဓားနှင့် ဓားကို လွယ်ထားသော အရပ်ရှည်ရှည် အမျိုးသားတစ်ဦး လျှောက်လာသည်ကို တွေ့လိုက်ရ၏။

ထိုသူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခိုင်မာသော အမူအရာရှိသည်။ သူ၏ ရှည်လျားသော ဆံပင်နက်ကို မြင့်မားစွာ စည်းနှောင်ထားပြီး ခံ့ညားသော အလှကို ဖော်ပြနေသည်။

သိုင်းသမားများအတွက် အဖြူရောင်ဝတ်စုံအား ဝတ်ထားသူများသည် ဘာမှမသိသော လူသစ်များ သို့မဟုတ် ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်ကြသည်။ ဘာပဲဖြစ်ဖြစ် အဖြူရောင် အဝတ်အစားများသည် ဖုန်မှုန့်နှင့် သွေးတို့ဖြင့် အလွယ်တကူ စွန်းထင်းနိုင်၏။

ထင်ရှားစွာပင် တစ်ဖက်သူသည် ရှေ့တစ်ခုမဟုတ်ပေ။

"မင်းကို ငါသိတယ်လို့ မထင်ဘူး"

ချီရှင်းသည် ဦးစွာ စကားစပြောသည်။

"မင်းက ချီရှင်းဆိုတာ ငါသိရင် လုံလောက်ပြီ"

ဟန်ကျောက်၏ အမူအရာသည် တည်ငြိမ်သည်။

"မင်းက ဘယ်သူလဲ အတိအကျပြောပါဦး.. ငါတို့မှာ ဘာရန်ငြိုးမှ ရှိပုံမပေါ်ဘူး"

"မင်းရဲ့ ခေါင်းအတွက် လေလံတစ်ခု ရှိတယ်။ အရမ်း ရက်ရောတယ်"

"သူ ဘယ်လောက် ကမ်းလှမ်းတာလဲ။ ငါ နှစ်ဆပေးမယ်" ချီရှင်း၏ မျက်နှာဟာ မည်းမှောင်သွား၏။

"မင်း မတတ်နိုင်ဘူး"

ဟန်ကျောက်က သူ့နောက်ကျောရှိ ဆေဘာဓားနှင့် ဓားကို လက်ဖြင့် ထိလိုက်သည်။

"ဆွေးနွေးဖို့ နည်းလမ်း မရှိဘူးလား"

"မရှိဘူး"

တပ်၊ တပ်၊ တပ်...

ပတ်ဝန်းကျင်မှ လျင်မြန်သည့် ခြေသံများ ထွက်ပေါ်လာ၏။ သိုင်းသမား ဆယ့်တစ်ဦးသည် သူ့ကို ဘက်ပေါင်းစုံမှ ဝိုင်းရံလာခဲ့သည်။

၎င်းတို့အနက်မှ တစ်ဦးမှာ ကြံ့ခိုင်သော ကြွက်သားများကို ဖော်ထုတ်ထားသော အနက်ရောင် အင်္ကျီတိုကို ဝတ်ဆင်ထားသည့် သက်ကြီးရွယ်အို အမျိုးသားတစ်ဦး ဖြစ်၏။ သူက ချီရှင်း၏ ဘေးသို့ လျှောက်လာခဲ့သည်။

"အခုရော ဘယ်လိုလဲ"

ချီရှင်းက လှောင်ပြောင်သော အမူအရာဖြင့် မေး၏။

"အတူတူပဲ"

ဟန်ကျောက်သည် သူ့ဆေဘာဓားနှင့် ဓားကို တစ်ချိန်တည်း ကိုင်လိုက်သည်။

အဘိုးအိုက ခြေတစ်လှမ်း တိုးလာ၏။

"မင်းကို ရင်းနှီးပုံ မရဘူး။ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားဆိုတာ လူမသိသူမသိတော့ မဖြစ်ဘူး။ မင်းနာမည်ကို ပြောပါဦး"

"ရဲရှောင်ချိုင်"

ဟန်ကျောက်က အသာ ပြောသည်။ သူ့အမူအရာသည် ရုတ်တရက် အနည်းငယ် ရှုပ်ထွေးသွား၏။ ကိုယ့်ကိုယ်ကိုယ် တိုးညှင်းစွာ ရေရွတ်သည်။

"ဒါကို 'ဓားနှင့် ဆေဘာအမွှာလို့' လို့ ခေါ်ရမလား။ ဒါမှမဟုတ် 'စိတ္တဇဓား' လို့ ခေါ်ရမလား"

တစ်ဖက်လူ၏ သူတို့၏ ဝိုင်းရံခြင်းခံထားရ‌ေသာ်လည်း မည်သူမျှ မရှိသကဲ့သို့ ပြုမူနေသည်ကို မြင်သောအခါ အဘိုးအို၏ မျက်နှာက တောင့်တင်းသွားသည်။ သူ၏ ရွှေနက် လက်အိတ်များဖြင့် လက်သီးနှစ်ဖက်ကို ဆုပ်သည်။

"ငါက သက်ရှည်ဂိုဏ်းက..."

"သေသွားတဲ့လူတွေရဲ့ နာမည်တွေကို ငါ စိတ်မဝင်စားဘူး"

ထိုစကားကို ကြားသောအခါ အဘိုးအိုဟာ ဒေါသထွက်သွား၏။ သို့သော် တဘက်လှူ၏ အရှိန်အဝါသည် ရုတ်တရက် ပြောင်းလဲသွားပြီး သူ့ကို ခုတ်ပိုင်းလာခဲ့သည်။

ဒါက...

အဘိုးအို၏ မျက်လုံးများတွင် တုန်လှုပ်ချောက်ချားမှုများကို ပေါ်လာ၏။ လေဟုန်စီးခြေထောက်ဖြင့် ခြေလှမ်းလှမ်းကာ မရှောင်နိုင်ခင် သူ၏ရှေ့တွင် ထက်မြသော ဓားရောင်တစ်ခု လင်းလက်သွားသည်။

သူ၏လက်သီးများကို ရင်ဘတ်အထိ မမြှောက်နိုင်ခင်တွင် ဓားသည် သူ၏ အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့သည်။

ရုတ်တရက် သူ၏ မြင်ကွင်းသည် လျင်မြန်စွာ ကျဆင်းနေသည်ကို သူသဘောပေါက်လိုက်သည်။ သူ၏ရှေ့တွင် လည်ပင်းမှ သွေးများ ပန်းထွက်နေသော ခေါင်းမပါသည့် ခန္ဓာကိုယ်တစ်ခု ရှိ၏။ ဤသည်မှာတော့ သူ၏ ခန္ဓာကိုယ်ဖြစ်ပုံရသည်။

အဘိုးအိုဟာ သူ၏ မျက်စိထောင့်မှ ဆန့်ကျင်ဘက်ရှိ မြေပြင်ပေါ်၌ ခေါင်းတစ်ခုကို မြင်လိုက်ရသည်။

ချီရှင်းလည်း သေပြီလား...

"ဒါက ဒဏ္ဍာရီလာ ဓားစိတ်ဆန္ဒလား"

အဘိုးအို၏ ပါးစပ်သည် အနည်းငယ် ပွင့်လာသော်လည်း အသံမထွက်နိုင်ခဲ့ပေ။

"လက်ထောက်ဝတ်ပြုဆရာ သေပြီ"

"ခံတပ်အကြီးအကဲ အသတ်ခံလိုက်ရပြီ"

"ပြေး"

အလွန်အံ့အားသင့်သော အော်ဟစ်သံသည် သူ့နားထဲသို့ ရောက်ရှိလာပြီး ဆူညံစွာ ခံစားလိုက်ရသည်။

ဟန်ကျောက်ဟာ ဘယ်ဘက်လက်ဖြင့် ဆေဘာဓားကို၎င်း၊ ညာဘက်လက်ဖြင့် ဓားကို၎င်း ထုတ်လိုက်၏။

"ပထမ သွေးချီချိုးဖျက်မှုအဆင့်က သိုင်းသမားတွေအနေနဲ့ မင်းတို့နှစ်ယောက်က အားနည်းလွန်းတယ်"

'သူက တတိယ သွေးချီချိုးဖျက်မှုအဆင့်မှာ.. ငါက ပထမ သွေးချီချိုးဖျက်မှုအဆင့်မှာ'

ချီရှင်း၏ မျက်လုံးများသည် တိတ်တဆိတ် အော်ဟစ်ရင်း ကျဉ်းမြောင်းလာခဲ့တဲ့သည်။ ချက်ချင်းဆိုသလို အဆုံးမရှိသော မှောင်မိုက်မှုထဲသို့ ကျရောက်သွား၏။

"ဆူလိုက်တာ"

ထွက်ပြေးနေသည့် အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမားများ အားလုံးဘက်သို့ ကြည့်ကာ ဟန်ကျောက်သည် လေကဲ့သို့ သူတို့ကို လိုက်ဖမ်း‌ေတာ့သည်။

တောထဲတွင်...

"အဖြူရောင်အဝတ်အစား ဝတ်ရတာ တကယ်ကို မိုက်တာပဲ.. ဒါပေမယ့် တိုက်ပွဲပြီးတဲ့နောက် အလောင်းကို ကိုယ်တိုင် ရှာဖို့ လာရသေးတယ်။ ဘယ်လောက် အလုပ်ရှုပ်လိုက်လဲ။"

ဟန်ကျောက်ဟာ လက်ထဲတွင် အိတ်တစ်လုံးကို ကိုင်ကာ မြေပြင်ပေါ်တွင် ထိုင်၏။ သူက ပစ္စည်းများကို ကောက်ယူရင်း ရေရွတ်သည်။

ချီရှင်းနှင့် သွေးစိတ်ဝိညာဉ်ခန်းမ၏ လက်ထောက်ဝတ်ပြုဆရာကို သတ်ပြီးနောက် သူသည် ကျန်ရှိသော အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမား ဆယ်ဦးကို သတ်ခဲ့သည်။

စုစုပေါင်း ၁၂ ဦး ရှိ၏။ သူတို့အားလုံးတွင်ရှိသော ငွေများ စုပေါင်းလိုက်လျှင် ၅၀၀ ကျပ်ခန့်သာ ရှိသည်။သို့သော် ဤသည်မှာ ပုံမှန်သာဖြစ်သည်။

ယခင်က ဟန်ကျောက်သည် ဆေဘာဓားမုဆိုး လုပ်သောအခါ လိုချင်သော ရာဇဝတ်ကောင်များကို နေစရာမရှိသည်အထိ လိုက်လံ သတ်ခဲ့သည်။ ထို့ကြောင့် သူတို့၏ ပစ္စည်းများကို လူနှင့်အတူ သယ်ဆောင်ခဲ့ကြသည်။

လက်ရှိဓားပြများနှင့် သက်ရှည်ဂိုဏ်းအဖွဲ့ဝင်များအနေဖြင့်ကတော့ သူတို့၏ ပိုင်ဆိုင်မှုအများစုမှာ ခံတပ်တွင် ရှိနေနိုင်ဖွယ်ရှိသည်။

ဟုတ်ပါသည်။ သွေးစိတ်ဝိညာဉ်ခန်းမ၏ လက်‌ေထာက် ဝတ်ပြုဆရာ ဝတ်ဆင်ထားသော ရွှေနက် လက်အိတ်များကိုတော့ သီးခြားစီ သတ်မှတ်နိုင်၏။

၎င်းဟာ ရွှေနက် အနည်းငယ်သာ ရောနှောထားသော်လည်း အနည်းဆုံး ငွေတစ်ထောင်ကျပ် တန်ပါသည်။

တိုက်ဆိုင်စွာပင် ဟန်ကျောက်သည်လည်း လက်ဝါးနှင့် လက်သီးသိုင်းပညာများကို လေ့ကျင့်ထားသည်။ သူသာ ရွှေနက် လက်အိတ်များကို ဝတ်ဆင်ပါက အနာဂတ်တွင် ဓားကို လက်ဗလာဖြင့် တားဆီးရန် ပြဿနာ မရှိပေ။

"ငါ နဂါးပျံခံတပ်ကို သွားရဦးမယ်"

ဟန်ကျောက်သည် နောက်ဆုံးအကြိမ် နဂါးပျံခံတပ်သို့ သွားခဲ့စဉ်က ပိတ်ကြမ်းဝတ် အမျိုးသမီးအား တစ်နေ့တွင် နဂါးပျံခံတပ်ကို ဖြိုဖျက်ပြီး သူမတို့အားလုံးကို ကယ်တင်မည်ဟု ကတိပေးခဲ့သည်ကို ပြန်လည်အောက်မေ့မိသည်။ ယခု အချိန်တန်ပါပြီ။

ဟန်ကျောက်သည် ချီရှင်း၏ ခေါင်းကို ဖြတ်ကာ အဝတ်ဖြင့် ထုပ်ပြီးနောက် အသွင်ပြောင်းနည်းပညာကို အသုံးပြုလိုက်သည်။

ကြပ်၊ ကြပ်...

အရိုးများ အက်ကွဲသံ အနည်းငယ်ကြားမှ သူ၏အရပ်သည် အနည်းငယ် ပိုပုသွားခဲ့သည်။ သူ၏ မူလက ခိုင်မြဲတည်ကြည်သော မျက်နှာသည် လျင်မြန်စွာ အေးစက်ပြီး မာနကြီးလာသည်။ သူ၏ ဓားကဲ့သို့ မျက်ခုံးများသည် ဖြောင့်တန်းပြီး မျက်လုံးများသည် အေးစက်သော ကြယ်ပွင့်များကဲ့သို့ ရှိ၏။

စုန့်ချွေအဖြစ် သွားရန် သဘောတူထားသောကြောင့် သူ၏ စကားကို တည်ရ‌ေပမည်။

ဟုတ်ပါသည်။ သူသည် ကောင်းကင်ကိုယ်စား နဂါးပျံခံတပ်၏ မတရားသော စည်းစိမ်ဥစ္စာများကို လုယူပေတော့မည်။

ကိုးသွယ်တောင်ထိပ်၏ အနီးတွင် ကြီးမားသည့်

တံခါးကြီးတစ်ခုကို တည်ဆောက်ထားသည်။ တံခါးနောက်တွင် မိုးမျှော်စင် နှစ်ခုရှိ၏။ မိုးမျှော်စင်တစ်ခုစီတွင် ဓားပြနှစ်ဦးစီ ရပ်နေပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုနေကြသည်။

ဒီအချိန်တွင် စောင့်ကြည့်ရေးစင်ပေါ်မှ ဓားပြများသည် ပျင်းရိစွာ စကားပြောနေကြသည်။

"ဒမ်း.. ငါတော့ ခေါင်းဆောင်ကို အရမ်းအားကျတာပဲ.. အခုတ‌ေလာ သူ မကြာခဏ တောင်‌ေအာက် ဆင်းဆင်းနေတာ"

"ဟေး.. မင်းလည်း အရိုးသန့်စင်ခြင်းအဆင့်ကို ချိုးဖျက်ပြီး ခေါင်းဆောင် ဖြစ်လာရင် တောင်‌ေအာက်ကို ဆင်းလို့ရတယ်"

"ငါ့မှာ အဲဒီလိုကံ မပါပါဘူး"

"ဟူး... ငါတို့က အထဲမှာပဲ နေပြီး အကြီးအကဲတွေ မသိ‌ေအာင်ပဲ ဒေါသထွက်လို့ရတယ်"

"အဲဒါက အိမ်မှာ လယ်ထွန်စိုက်ပျိုးပြီး ကျက်သရေမရှိတဲ့ အရာရှိတွေရဲ့ အနိုင်ကျင့်ခံရတာထက် ပိုကောင်းပါသေးတယ်"

"အဲဒါတော့ အမှန်ပဲ... ဒါနဲ့ မကြာသေးခင်က ပစ္စည်းကောင်း သုံးယောက် ရောက်လာတယ်လို့ ကြားတယ်။ သူမတို့က အမြွှာသုံးယောက်တဲ့။ အဲဒါ အမှန်ပဲလား။"

"ဟုတ်တော့ရော ဘာဖြစ်လဲ။ အကြီးအကဲတောင် မမြည်းရသေးဘူး။ မင်းစဉ်းတောင် မစဉ်းစားနဲ့"

"အကြီးအကဲက ကစားရတာ ပျင်းလာတဲ့အခါဆိုရင်တော့ ..."

"ဟမျ... ဒါက ဘာလဲ"

ထိုအချိန်၌ ဓားပြတစ်ဦးက ရုတ်တရက် သတိပေးလိုက်သည်။

ရွာတံခါးနှင့် မျက်နှာချင်းဆိုင်ရှိ တောအုပ်တွင် အဖြူရောင်ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာ၏။

"လူတစ်ယောက်ပဲ... အရမ်းမြန်တာပဲ.."

ထိုလူသည် လျင်မြန်သွက်လက်သော ကျားကဲ့သို့ ရှိသည်။ သူ၏ ပုံရိပ်သည် တောအုပ်ထဲတွင် ရွေ့လျား‌ေနပြီး ခြေလှမ်းအနည်းငယ်အတွင်း ခံတပ်၏ အဝင်ဝသို့ ရောက်ရှိလာ၏။

"အရေးပေါ်... "

စောင့်ကြည့်ရေးစင်ပေါ်မှ ဓားပြက အော်ဟစ်လိုက်သည်။

မကြာမီ ဓားပြများသည် တစ်ဦးပြီးတစ်ဦး ရောက်ရှိလာပြီး တံခါးနောက်တွင် စုရုံးကြ၏။

"ဘယ်သူလဲ.. ရပ်စမ်း"

မိုးမျှော်စင်ပေါ်မှ လူတစ်ဦးက မြှားကို တင်ကာ အောက်ရှိ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားကို ချိန်ရွယ်လိုက်သည်။

ဟန်ကျောက်ဟာ သူ၏ ခြေရာများကို ရပ်တန့်ကာ ငါးမီတာမြင့်သော တံခါးကို ဖြတ်ကျော်ကာ သူ၏ လက်ထဲရှိ အဝတ်အိတ်ကို ပစ်လိုက်သည်။

ထိုအထုပ်သည် လေထဲတွင် ပွင့်သွားခဲ့သည်။ မြေပြင်ပေါ်သို့ ကျသောအခါ ချီရှင်း၏ ခေါင်းသည် လိမ့်ဆင်းသွား၏။

All Chapters