အခန်း (၉၇)
Vol. 7 Ch. 97
God Genzo:
မိန်းကလေးတစ်ဦး ရှေ့တက်လာပြီး သံတိုင်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်၏။ သူမက စိတ်လှုပ်ရှားစွာ မေးသည်။
"ရှင်မြင့်မြတ်တဲ့ မိသားစုေတွအကြောင်း သိတာလား"
"ချန်းရွှယ်"
အခြားမိန်းကလေးတစ်ဦးက ရှေ့သို့ လျှောက်လာပြီး ရှေ့တွင်ရှိသော မိန်းကလေးကို ဆွဲလိုက်သည်။
သူမသည် သိုင်းသမားသဖွယ် ဝတ်စားထားသော ဟန်ကျောက်ကို မြင်သောအခါ
"သခင်လေး.. ရှင်ပြောတဲ့ မြင့်မြတ်တဲ့ မိသားစုဆိုတာက ဘာကိုပြောတာလဲ မသိဘူး..." ဟု မေးလိုက်သည်။
ဘာပဲဖြစ်ဖြစ် သာမန်သိုင်းသမားများသည် အင်အားကြီးသော မိသားစုများကို မြင့်မြတ်သော မိသားစုများဟု ခေါ်ဝေါ်ကြသည်။ သူမတို့ပြောသော မြင့်မြတ်သော မိသားစုများနှင့် မတူပေ။
"ဟုတ်ပါတယ်.. ကျွန်တော်ပြောနေတာက ဒီဗိုင်းလက်နက် မိသားစုတွေ အကြောင်းပါ"
ဟန်ကျောက်က လေးနက်စွာ ပြောသည်။
"ရှင်တကယ်ပဲ မြင့်မြတ်တဲ့ မိသားစုေတွအကြောင်းကို သိတာပဲ"
ရှေ့တွင်ရှိသော မိန်းကလေးငယ်က အံ့အားသင့်စွာ ပြောသည်။
ကလန်..
ဟန်ကျောက်က တံခါးသော့ကို ဖြတ်လိုက်သည်။
"ဒီမှာ နံစော်နေတာပဲ... အပြင်မှာ ပြောကြရအောင်"
ဟန်ကျောက်သည် သံတံခါးကို ဆွဲဖွင့်ကာ အမျိုးသမီးသုံးဦးကို သူ့နောက် လိုက်လာရန် လက်ဟန်ပြသည်။
အမျိုးသမီးသုံးဦးလည်း တစ်ဦးပြီးတစ်ဦး ထောင်မှ ထွက်လာခဲ့၏။ သူမတို့၏ ယိမ်းယိုင်သော ခြေလှမ်းများကို ကြည့်ကာ အဆိပ်သင့်ခြင်းလား သို့မဟုတ် အလွန်အားနည်း၍လား မသိရပေ။
"ဒါနဲ့ ငါ့နာမည်က စုန့်ချွေပါ... မင်းတို့နာမည်တွေကရော"
ဟန်ကျောက်သည် မိန်းကလေးများကို ထောင်ထဲမှ ခေါ်ထုတ်လာရင်းက သူ့နောက်မှ အမြွှာသုံးယောက်ကို မေးလိုက်သည်။
"ကျွန်မနာမည်က လျန်ချန်းရွှယ်"
ပထမဆုံး စကားပြောခဲ့သော မိန်းကလေးက ဦးစွာ ဖြေ၏။ ထို့နောက် သူမသည် ယခုလေးတင် သူမကို တားဆီးခဲ့သော မိန်းကလေးကို လက်ညှိုးထိုးပြသည်။
"ဒါက ငါ့အစ်မအကြီးဆုံး လျန်ချန်းယု"
"ဒါက ငါ့တတိယမြောက် ညီမ လျန်ချန်းဖင်"
လျန်ချန်းရွှယ်သည် အစမှအဆုံး စကားမပြောသော မိန်းကလေးကို လက်ညှိုးထိုးပြသည်။
"တွေ့ရတာ ဝမ်းသာပါတယ်"
ဟန်ကျောက်သည် လက်သီးဆုပ်ကာ ဦးညွှတ်အရိုအသေပြုသည်။
ယု၊ ရွှယ်နှင့် ဖင်း ညီအစ်မများသည် ရုပ်ချင်းတူသော်လည်း သူမတို့၏ စရိုက်လက္ခဏာများအပေါ် မူတည်၍ ခွဲခြားရန် ပိုမိုလွယ်ကူပုံ ရသည်။
ဒုတိယသမီးဖြစ်သူ လျန်ချန်းရွှယ်သည် ယခုလေးတင်
လွတ်မြောက်လာသော်လည်း သူမသည် တက်ကြွပြီး အပြစ်ကင်းစင်ပုံရသည်။ သူမကို သူမ၏ မိသားစုက အလွန် အကာအကွယ်ပေးထားပြီး လူတို့၏ ဆိုးသွမ်းမှုအား မသိကြောင်း ထင်ရှား၏။ ဤသည်က ကျီပိုင်ဝေကို သူ့ကို သတိရစေသည်။
အရမ်း အယုံလွယ်လွန်းတယ်..
တတိယမြောက် ညီမ လျန်ချန်းဖင်သည် အနည်းငယ် ရှက်ရွံ့ပုံရသည်။ အစ်မအကြီးဆုံး လျန်ချန်းယုသည် သိုင်းလောကတွင် အတွေ့အကြုံရှိပုံရပြီး သူ့ကို အနည်းငယ် သတိထားပုံရသည်။
ဟန်ကျောက်ဟာ လူအားလုံးကို ရှေ့ခြံသို့ ခေါ်ဆောင်သွားပြီး..
"အားလုံးပဲ.. ချီရှင်းအပါအဝင် နဂါးပျံအဖွဲ့ရဲ့ လူဆိုးတွေ အားလုံးကို ကျွန်တော် သတ်ပစ်လိုက်ပြီ။ မင်းတို့ အခု အိမ်ပြန်လို့ရပြီ။ ဒါ့အပြင်..."
"နင်ငါ့အဖေကို သတ်ခဲ့တာ.. ငါနင့်နဲ့ မရရအောင် ပြန်သတ်မယ်"
အသက် ၁၂ နှစ် သို့မဟုတ် ၁၃ နှစ်ခန့်ရှိသော မိန်းကလေးတစ်ဦးက အော်ဟစ်လိုက်သည်။ သူမသည် သူမနောက်မှ ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီး၏ ပွေ့ဖက်ခြင်းမှ ရုန်းထွက်ကာ ဓားမြှောင်ဖြင့် ဟန်ကျောက်ကို ပြေးဝင် ထိုးနှက်၏။
"ယင်အာ... မဟုတ်ဘူး"
ခရမ်းရောင်ဝတ် အမျိုးသမီးငယ်က အလန့်တကြား အော်ဟစ်လိုက်သည်။
ရွှက်..
အနက်ရောင်စီးကြောင်းတစ်ခု လျှပ်တစ်ပြက် လက်သွားပြီး ဟန်ကျောက်သည် သူ၏ဆေဘာဓားကို ထုတ်လိုက်သည်။
"ဘုတ်"
မိန်းကလေးသည် ခေါင်းပြတ်ကာ မြေပြင်ပေါ်သို့ လဲကျသွား၏။
"အား"
မြင်ကွင်းထဲရှိ အမျိုးသမီးများက အော်ဟစ်ကာ ဤကြောက်မက်ဖွယ် မြင်ကွင်းကို ကြည့်ပြီး သူမတို့၏ မျက်လုံးများကို လက်ဖြင့် အုပ်လိုက်ကြသည်။
ခရမ်းရောင်ဝတ် အမျိုးသမီးသည် ပြေးလာပြီး မိန်းကလေး၏ အလောင်းပေါ်တွင် ငိုကြွေး၏။ သူမက ဟန်ကျောက်ကို အော်ဟစ်စွာ ပြောသည်။
"နင်ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ.. သူမက ကလေးပဲ ရှိသေးတယ်"
"သူမ ငါ့ကို ဆေဘာဓားနဲ့ ခုတ်လိုက်တဲ့အချိန်မှာ.. ဆက်ပြီး ကလေးမဟုတ်တော့ဘူး"
ဟန်ကျောက်က တည်ငြိမ်စွာ ပြော၏။
"သူမကို မသေေစချင်ရင် ခင်ဗျားသူမကို တင်းတင်းကျပ်ကျပ် ကိုင်ထားသင့်တယ်"
"ကောင်းတယ်.. လူဆိုးရဲ့သမီးလည်း လူဆိုးပဲ.."
"ဟုတ်တယ်.. သူမက သတ်ခံရတာနဲ့ ထိုက်တန်တယ်"
"လူဆိုးရဲ့ မိန်းမကိုလည်း သတ်ဖို့ အချိန်တန်ပြီ"
"သူမကို သတ်.. သူမကို သတ်."
ထိုအချိန်၌ ထောင်ထဲမှ ယခုလေးတင် လွတ်မြောက်လာသော အမျိုးသမီးများက စိတ်လှုပ်ရှားစွာ အော်ဟစ်ကြသည်။
"တိတ်တိတ်နေကြ"
ဟန်ကျောက်၏ မျက်နှာက မည်းမှောင်သွား၏။
လူအုပ်က ချက်ချင်း တိတ်ဆိတ်သွားသည်။
"ကျုပ် နဂါးပျံအဖွဲ့ရဲ့ ဓားပြတွေကို သတ်ခဲ့တာက သူတို့နဲ့ ရန်ငြိုးရှိလို့ပဲ.. ဒုတိယက အမျိုးသမီးမိန်ကို တစ်နေ့မှာ သူမကိုရော မင်းတို့ကိုပါ ကယ်တင်ေပးမယ်လို့ ကတိပေးခဲ့လို့ပဲ.. အခုပြီးသွားပြီဆိုတော့ ချီရှင်းလုယက်ထားတဲ့ ပိုက်ဆံတွေကို သွားရှာတော့မယ်.. ကျန်တာတွေကိုတော့ ငါဂရုမစိုက်တော့ဘူး"
ဟန်ကျောက်က တည်ငြိမ်စွာ ပြောသည်။
သူက ပြောနေရင်းက မြေပြင်ပေါ်တွင် ငိုကြွေးနေသော ခရမ်းရောင်ဝတ် အမျိုးသမီးကို ကြည့်လိုက်သည်။
"ကြည့်ရတာ မင်းက ချီရှင်းရဲ့ မိန်းမ ဖြစ်ရမယ်။ သူ့ပိုက်ဆံတွေ ဘယ်မှာ ဝှက်ထားလဲ မင်း သိသင့်တယ် မဟုတ်လား"
ဟန်ကျောက်၏ တည်ငြိမ်သော အကြည့်ကို ရင်ဆိုင်နေရသော ခရမ်းရောင်ဝတ် အမျိုးသမီးက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
"ငါ့ကို အဲ့ဒီကို ခေါ်သွား"
"ကျေးဇူးပြုပြီး... သူ.. သူရဲကောင်း.. ကျွန်မနောက်က လိုက်ခဲ့ပါ"
ဟန်ကျောက်က လိုက်သွားသည်။ လျန်မိသားစုမှ ညီအစ်မသုံးဦး၏ သူ့နောက်တွင် မလှုပ်မယှက် ရပ်နေသည်ကို တွေ့ရသောအခါ ပြုံးကာ...
"နင်တို့ အတူတူ မသွားဘူးလား"
ဟု မေးသည်။
"အိုး... ကျွန်မတို့ လာပြီ"
လျန်ချန်းရွှယ်က ချက်ချင်း လိုက်လာခဲ့သည်။
ထိုမြင်ကွင်းကို မြင်သောအခါ လျန်ချန်းယုနှင့် လျန်ချန်းဖင်တို့လည်း နောက်မှ ကပ်လိုက်လာခဲ့၏။ ငါးဦးသားတို့သည် အရှေ့ဘက်တောင်ပံရှိ အဓိကအခန်းသို့ ရောက်ရှိခဲ့ကြသည်။
ခရမ်းရောင်ဝတ် အမျိုးသမီးသည် စာကြည့်ခန်းရှိ ဗီရိုနောက်မှ လျှို့ဝှက်အခန်းတစ်ခုကို ဖွင့်ကာ သစ်သားသေတ္တာတစ်ခုကို ထုတ်ယူလိုက်သည်။ သေတ္တာထဲတွင် ရာဂဏန်းရှိသော ငွေစက္ကူ ဘဏ်စာရွက် အထပ်တစ်ခု ရှိသည်။
ဟန်ကျောက်က ရေတွက်ကြည့်လိုက်သည်။ စုစုပေါင်း ၃၅၀၀ ကျပ် ရှိ၏။
တတိယ သွေးချီချိုးဖျက်မှုအဆင့်အထိ လေ့ကျင့်နိုင်သော ဆေဘာဓားနည်းပညာလက်စွဲစာအုပ်လည်း ရှိသည်။ အကြမ်းဖျဉ်း ကြည့်ရှုပြီးနောက် ၎င်းကိုလည်း ငွေစက္ကူများနှင့်အတူ သိမ်းဆည်းလိုက်သည်။
"ဒါပဲလား"
ဟန်ကျောက်ဟာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"ကျွန်မ သိသမျှ အကုန် ဒီမှာပါ။ တခြား ဘယ်မှာ ဝှက်ထားလဲတော့ မသိပါဘူး။ သူရဲကောင်း.. ကျွန်မကို လွှတ်ပေးလို့ ရမလား"
ခရမ်းရောင်ဝတ် အမျိုးသမီး၏ ဝဖြိုးသော ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားပြီး သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာတွင် တောင်းပန်သော အမူအရာ ပေါ်လာသည်။
"ကောင်းပြီ၊ မင်း အရင် သွားလို့ရပြီ"
ဟန်ကျောက်သည် လက်ကို ဝှေ့ယမ်းလိုက်သည်။
ခရမ်းရောင်ဝတ် အမျိုးသမီးသည် လွတ်ငြိမ်းချမ်းသာခွင့် ရသကဲ့သို့ အခန်းထဲမှ လျင်မြန်စွာ ထွက်သွားသည်။
ဟန်ကျောက်က ပြုံးကာ လျန်ညီအစ်မသုံးဦးကို လှည့်ကြည့်သည်။
"မင်းတို့ သုံးယောက်.. စိတ်ပူစရာ မလိုဘူး။ အမျိုးသမီးမိန်ဆီက မင်းတို့က ချူကလာတာလို့ ကြားတယ်။ ဒါကြောင့် မင်းတို့ သုံးယောက်ကို ဖြေခိုင်းေစချင်တဲ့ မေးခွန်းတချို့ရှိလို့။ မင်းတို့ကို မကောင်းကြံမှာ မဟုတ်ဘူး"
"အစ်ကိုစုန့် ရှင့်ဆီက အနက်ရောင်အလွှာရဲ့ စွမ်းအားကို မခံစားရဘူး။ ရှင်က သန့်စင်တဲ့ သိုင်းသမား တစ်ယောက်ပဲလား.. ဒါမှမဟုတ် ရှင်ရဲ့ သွေးမျိုးဆက်က မနိုးထေသးတာလား.. ဒါမှမဟုတ် မွေးရာပါ သွေးလွှမ်းမိုးမှုက အားနည်းလွန်းနေတာလား.. ရှင်.."
လျန်ချန်းရွှယ်က မေးခွန်းများစွာကို တစ်ပြိုင်နက် မေး၏။
"ချန်းရွှယ်"
လျန်ချန်းယုက သူမကို အော်လိုက်သည်။ မြင့်မြတ်သော မိသားစုမှ ဆင်းသက်လာသူတစ်ဦးအတွက် အခြားသူတစ်ဦးက မွေးရာပါ သွေးလွှမ်းမိုးမှု အားနည်းလွန်းသည်ဟု အပြောခံရခြင်းမှာ မျက်နှာကို ရိုက်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။
ဟန်ကျောက်က လျန်ချန်းယုကို လက်ဝှေ့ယမ်းကာ စကားမပြောရန် အချက်ပြလိုက်သည်။
ဒီလျန်ချန်းရွှယ်ဟာ ဆက်သွယ်ပြောဆိုရန် အလွန်လွယ်ကူမှာ ဖြစ်၏။
"ကျွန်တော်က သန့်စင်တဲ့ သိုင်းသမားတစ်ယောက်ပါ.. ဒါပေမယ့် အရင်က ကျီမိသားစုရဲ့ တပည့်တွေနဲ့ ဆက်ဆံဖူးတယ်။ မင်းတို့တွေ ဝေနိုင်ငံရဲ့ ကျီမိသားစုကို သိလား" ဟန်ကျောက်က ပြုံးပြီး မေးသည်။
"ကျီမိသားစုလား.. ဟုတ်ပြီ.. သိတာပေါ့.. ဝေနိုင်ငံရဲ့ ကြီးမြတ်တဲ့ မျိုးရိုးနာမည် ငါးခုနဲ့ မိသားစုကြီး ဆယ်ခုကို မသိတဲ့ မြင့်မြတ်တဲ့ မိသားစုဝင် ဘယ်သူမှ မရှိဘူး။ အစ်ကိုစုန့်.. ရှင်ကတကယ့်ကို အထင်ကြီးစရာကောင်းတယ်။ လက်စသတ်တော့ ကျီမိသားစုက တစ်ယောက်ယောက်ကို သိနေတာပဲ"
လျန်ချန်းရွှယ်သည် လေးစားစွာ ကြည့်သည်။
"မဟုတ်ပါဘူး.. ဒါက မမျှော်လင့်ဘဲ တွေ့ဆုံခဲ့တာပါ။ ကျွန်ေတာ်တို့ မရင်းနှီးဘူး"
ဟန်ကျောက်သည် လက်ကို ဝှေ့ယမ်းလိုက်သည်။
"သူရဲကောင်းစုန့် ရှင်ကျွန်မတို့ကို မေးစရာရှိတယ်လို့ အခု
လေးတင် ပြောခဲ့တယ် မလား.. မေးပါ.. ကျွန်မသိသမျှ အကုန် ပြောပြမယ်"
လျန်ချန်းယုက စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။
ဒုတိယညီမသာ ဆက်ပြောနေပါက သူမတို့၏ နောက်ခံကို ဖော်ထုတ်မိကုန်လိမ့်မည်။
သူမတို့၏ တုံးအသော ဒုတိယညီမသာ သူမတို့၏ သွေးမျိုးဆက် အားနည်းနေသော်လည်း တရားမျှတမှုကို ထမ်းဆောင်ရန် အတင်းအကြပ် တောင်းဆိုခဲ့ခြင်းကြောင့် သိုင်းသမားတစ်ဦး၏ ထောင်ချောက်ထဲသို့ ကျရောက်ခဲ့၍သာ မဟုတ်ပါက.. မှောင်မိုက်သော ထောင်ထဲတွင် ငါးရက်ငါးည အကျဉ်းချခံခဲ့ရမည် မဟုတ်ပေ။
"အမျိုးသမီးမိန်ဆီက ချူမှာ ကာလဝမ်းရောဂါနဲ့ မိုးခေါင်ရေရှားမှု ဖြစ်ခဲ့တယ်လို့ ကြားတယ်။ ဒါကို မြင့်မြတ်တဲ့ မိသားစုတစ်ခုက လုပ်ခဲ့တာလား"
လျန်ချနယုက ဝင်ရောက်စွက်ဖက်သည်ကို မြင်သောအခါ ဟန်ကျောက်သည် အဓိကအကြောင်းအရာသို့ ပြန်သွား၏။
"ဟုတ်ပါတယ်"
လျန်ချန်းယုက အမှန်အတိုင်း ပြောသည်။