← Chapters

အခန်း (၉၉)

Vol. 7 Ch. 99

အခန်း (၉၉)

Vol. 7 Ch. 99

God Genzo:

“ရှလင်.. ဂုဏ်ပြုပါတယ်”

ကြာမြင့်စွာ မပေါ်လာခဲ့သော စုယွင်လည်း သိုင်းကျောင်းသို့ အလျင်အမြန် ရောက်လာခဲ့၏။

ထောင်ယွမ်ရွာ တာဝန်ပြီးကတည်းက စုမိသားစုသည် သွေးသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူ နှစ်ဦးကို ဆုံးရှုံးခဲ့သည်။ ထို့နောက် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ဦးကို ပြန်လည်ခန့်အပ်ခဲ့သော်လည်း စုမိသားစု၏ လုပ်ငန်းမှာ ထိခိုက်ခဲ့ရဆဲ ဖြစ်၏။

ထို့အပြင် အသစ်ခန့်အပ်ထားသော သွေးသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူသည် တောင်းဆိုမှုတို့ စိတ်ကြီးမားပြီး မြို့တွင်းရှိ မိသားစုကြီးငါးခုအနက်မှ တစ်ဦးဖြစ်သည်။ စုယွင်လည်း ခေါင်းခဲနေသောကြောင့် အချိန် ကြာမြင့်စွာ သိုင်းကျောင်းသို့ မလာခဲ့ရ‌ေပ။

ရှလင်က ရှေ့သို့ လျှောက်သွားပြီး စုယွင်၏ လက်မောင်းကို ဆုပ်ကိုင်သည်။ သူမက ပြုံးကာ..

“စုယွင်.. နင်မလာရင် ငါနင့်ကို လာရှာတော့မလို့”

ဟု ပြောသည်။

“ဒီအတောအတွင်းမှာ ငါတကယ် အပြင်မထွက်နိုင် ဖြစ်နေတာ။ ငါ့အခြေအနေကို နင်လည်း သိပါတယ်။ နင်က အခု သိုင်းကျောင်းမှာ အသက်အငယ်ဆုံး သွေးသန့်စင်ခြင်းအဆင့် ကျင့်ကြံသူပဲ။ ငါနင့်ကို တကယ် အားကျတယ်။”

စုယွင်က အားကျဟန်ဖြင့် ကြည့်သည်။

သူမသည် ရှလင်အတွက် စိတ်ရင်းမှန်ဖြင့် ပျော်ရွှင်မိ၏။ သို့ပေမယ့် သူမတွင် အရည်အချင်းနှင့် အရင်းအမြစ်များ ပိုကောင်းသည်မှာ ရှင်းလင်းပါလျှက်နှင့် အဆင့်တက်မည့် လက္ခဏာ မပြသကြောင်းကို တွေးမိပြီး စိတ်မကောင်းဖြစ်မိသည်။

“စိတ်မပူပါနဲ့။ နင်လည်း အဆင့်တက်မှာပါ။ ဖြည်းဖြည်းလုပ်‌ေပါ့”

ရှလင်ဟာ သူမကို နှစ်သိမ့်ရင်းက အကြည့်က ဘေးနားရှိ ဟန်ကျောက်ဆီသို့ ရောက်သွားသည်။

အသက်အငယ်ဆုံးဆိုရင်တော့... မောင်လေး ဟန်က ပြီးခဲ့တဲ့နှစ်က အဆင့်တက်သွားတာ။ အခု သွေးချီချိုးဖျက်မှု ဒုတိယအဆင့်ကို ရောက်ဖို့ နီးနေလောက်ပြီ။

သက်ရှည်ကျမ်းသည် သူမ၏ ယခုတစ်ကြိမ် အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ခြင်းတွင် ကြီးမားသော အခန်းကဏ္ဍ၌ ပါဝင်ခဲ့သည်။

သူမသည် ပထမအဆင့်ကို ကျွမ်းကျင်ပြီးနောက် သူမ၏ သွေးချီသည် ၅၀% တိုးလာခဲ့သည်။ အရိုးသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိပြီးသော သိုင်းသမားတစ်ဦး၏ သွေးချီသည် အရေအပြားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ဦး၏ သွေးချီထက် အများဆုံး ၁.၅ ဆသာ ရှိသည်။

အဘယ်ကြောင့်ဆိုသော် လူ့ခန္ဓာကိုယ်တွင် အကန့်အသတ်ရှိသောကြောင့်ဖြစ်၏။

လူတစ်ဦး၏ မွေးရာပါ သွေးချီသည် အကန့်အသတ်ရှိပြီး မွေးဖွားပြီးမှ လေ့ကျင့်၍ ရရှိသော သွေးချီသည်လည်း အကန့်အသတ်ရှိသည်။ လူတို့၏ အခြေခံနှင့် အရင်းအမြစ်များသည် လူတို့၏ သွေးချီတိုးတက်မှုကို သက်ရောက်မှုရှိလိမ့်မည်။

သူမသည် သွေးချီပမာဏ လုံလောက်သည်ဟု မခံစားရသောကြောင့် အဆင့်မတက်နိုင်ခဲ့ခြင်း ဖြစ်သည်။ အတင်းအဓမ္မ အဆင့်တက်ရန် ကြိုးစားပါက ကျရှုံးနိုင်ခြေ အလွန်မြင့်မားသောကြောင့် နှစ်နှစ်မှ သုံးနှစ်အထိ ထိုအဆင့်တွင် ရပ်တန့်နေခဲ့၏။

သွေးချီ ၅၀% တိုးလာသည်ကို မပြောနှင့် ၁၀% မှ ၂၀% ပိုတိုးလာလျှင်ပင် အဆင့်တက်နိုင်ခြေကို များစွာ တိုးမြှင့်ပေးနိုင်သည်။ သက်ရှည်ကျမ်းသည် မည်မျှ အဖိုးတန်သည်ကို တစ်ဦးတစ်ယောက်အနေနှင့် မြင်ယောင်ကြည့် နိုင်၏။

“ရှလင်.. တကယ်တော့ ဒီတစ်ခေါက် ငါလာတာ နင့်ကို ဖိတ်ခေါ်ချင်…”

စုယွင်၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းနေ၏။ သူမသည် ရှလင်ကို စုမိသားစုသို့ ဖိတ်ခေါ်ကာ သူမ၏ ဖိအားအချို့ကို ဝေမျှစေလိုသည်။

“အန်ယဲခရိုင်က ဝူမိသားစု ရောက်လာပြီ”

“ယုန်ဟီခရိုင်က ဝမ်မိသားစု ရောက်လာပြီတဲ့”

တပည့်တစ်ဦး၏ အသံသည် တံခါးအပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာ၏။

“ဝမ်မိသားစုတဲ့လား”

“ဝူမိသားစုလား”

ကွင်းပြင်ရှိ တပည့်များက အာမေဋိတ်သံများ ပြုမိကြသည်။

မြို့တွင်းရှိ မိသားစုကြီးငါးခုတွင် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်များ ရှိကြသည်။ ထိုအထဲတွင် ဝူမိသားစုသည် အင်အားအကြီးဆုံးဖြစ်ပြီး ဝမ်မိသားစုသည် ဒုတိယဖြစ်သည်။

ဝမ်မိသားစုသည် ဝူမိသားစုနှင့် အမြဲတစေ ဆက်ဆံရေးကောင်းမွန်ခဲ့သည်။ သူတို့သည် တစ်လှေတည်းစီးနေသည်ဟုပင် ဆိုနိုင်၏။ ထို့ကြောင့် ကျောက်နက်မြို့သည် အမှန်တကယ်ပင် ဝူမိသားစုနှင့် ဝမ်မိသားစု၏ ကမ္ဘာဖြစ်သည်။

အင်အားချင်း ပေါင်းစည်းမှသာ အခြားမိသားစုသုံးခုသည် ဝူနှင့် ဝမ်မိသားစုကို အနည်းငယ် ခုခံနိုင်မည်ဖြစ်သည်။

“စီနီယာရှလင်ကို ဖိတ်ခေါ်ဖို့များလား”

“စီနီယာရှလင်က နာမည်ကြီးလိုက်တာ”

တပည့်များက ဆွေးနွေးနေကြ၏။

သိုင်းကျောင်းထဲသို့ လျှောက်ဝင်လာသူများမှာ ဝူမိသားစု၏ အကြီးဆုံးသား ဝူပီနှင့် ဝမ်မိသားစု၏ ဒုတိယသား ဝမ်ရှဲတို့ဖြစ်ကြောင်းအား သိလိုက်ရသောအခါ သူတို့ဟာ အံ့အားသင့်သွားကြသည်။

“ဝူမိသားစုရဲ့ အကြီးဆုံးသားနဲ့ ဝမ်မိသားစုရဲ့ ဒုတိယသားလား”

“သူတို့တွေထပ်ပြီး လက်ထပ်ခွင့်တောင်းဖို့ လာတာများလား”

“သိုင်းသခင်လု.. မတွေ့တာကြာပြီဗျာ။”

ဝူပီက လက်နှစ်ဖက်ယှက်ပြီး လုယီကို နှုတ်ဆက်လိုက်သည်။

ဝူပီဘေးတွင်ရှိသော ဝမ်ရှဲသည်လည်း ယဉ်ကျေးစွာဖြင့်.. “သိုင်းသခင် လုကို ဂါရဝပြုပါတယ်”

ဟု ပြော၏။

“သခင်လေး ဝူ၊ သခင်လေး ဝမ်၊ နှစ်ယောက်သား ဘာကိစ္စနဲ့ ဒီကို ရောက်လာတာလဲလို့ သိပါရစေဗျ…”

လုယီက ပြုံးပြီး အံ့သြဟန်ဖြင့် ပြန်လည်နှုတ်ဆက်လိုက်သည်။

ဤနှစ်ဦးသည် ဝူနှင့် ဝမ်မိသားစု၏ ယခုမျိုးဆက်တွင် အထူးချွန်ဆုံးသော ပါရမီရှင်များဖြစ်သည်။ သူတို့သည် အသက်သုံးဆယ်ကျော်အရွယ်တွင် သွေးချီချိုးဖျက်မှု တတိယအဆင့်သို့ ရောက်ရှိနေကြပြီး ဖြစ်၏။ သူတို့၏ အတွင်းအားမှာ တူညီသလောက် ရှိသည်။

လွန်ခဲ့သော နှစ်နှစ်ဆယ်မှ သုံးဆယ်ခန့်က သူသည် အထွတ်အထိပ်ကာလ၌ ရောက်ရှိနေဆဲ ဖြစ်သည်။ သိုင်းကျောင်းတွင် သွေးသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသူတစ်ဦး‌ေပါ်လာသောကြောင့် ဝူနှင့် ဝမ်မိသားစုတို့ လာရောက် ဖိတ်ခေါ်သည်မှာ ဖြစ်နိုင်သေး၏။

ယခု အဘယ်ကြောင့် မိသားစုနှစ်ခုသည် ရှလင်အတွက် လူလွှတ်လိုက်သနည်း။ ထို့အပြင် မိသားစုနှစ်ခု၏ အနာဂတ် မျိုးဆက်ခေါင်းဆောင်နှစ်ဦးတို့ တစ်ချိန်တည်းတွင် ရောက်ရှိလာကြသည်။

“ကျွန်‌ေတာ်တို့နှစ်ယောက် ဖိတ်ကြားခြင်းမရှိဘဲ ရောက်လာတာ တောင်းပန်ပါတယ်။ အနှောင့်အယှက်ဖြစ်သွားရင် ခွင့်လွှတ်ပါ။”

ဝူပီက ပြုံးကာ ပြော၏။

“ဒီသိုင်းကျောင်းမှာ တစ်ယောက်ယောက် သွေးသန့်စင်ခြင်းအဆင့်ကို ထပ်ပြီး အဆင့်တက်သွားတယ်လို့ ကြားလို့ အထူး လာဂုဏ်ပြုတာပါ။”

ဟု ဆက်လက်ပြော၏။။

“ညီမလေး ရှလင်.. နင်က ယောက်ျားတွေထက် မညံ့ဘူး။ နင့်အကြောင်းတွေ အများကြီး ကြားထားတယ်။”

ဝမ်ရှဲ၏ မျက်နှာတွင် ဝမ်းသာမှုအပြည့်ရှိ‌ေနပြီး သူသည် ယဉ်ကျေးသိမ်မွေ့သော လူငယ်သခင်လေးတစ်ဦးနှင့် တူသည်။

“ယစ်မူးလရောင်စံအိမ်ရဲ့ အပေါ်ဆုံးထပ်မှာ အခန်းသီးသန့် ကြိုမှာထားပြီးပြီ။ ညီမလေး ရှလင်.. ကျွန်တော့ကို ဂုဏ်ပြုခွင့်ပေးဖို့ လာနိုင်မလား မသိဘူး”

ဝမ်ရှဲ၏ စကားများအရ အခြေခံအားဖြင့် ဝူမိသားစုနှင့် ဝမ်မိသားစုတို့သည် ရှလင်ကို ဝိုင်းဝန်း လုယက်ဆွဲခေါ်ချင်သည်ဟု ဆိုလိုနေ၏။

“ဒါက.. ညီလေးဟန်.. ညီမလေး ရှလင်ရဲ့ ချစ်သူမလား.. တကယ်ကို ခန့်ညားပြီး အင်မတန် ချောမောတာပဲ”

ဝမ်ရှဲသည် စကားလမ်းကြောင်းကို ပြောင်းလဲကာ ရှလင်ဘေးရှိ ဟန်ကျောက်ကို ပြုံး၍ ကြည့်၏။

သူ၏ စိတ်အားထက်သန်သော အမူအရာသည် မသိသူများအား သူနှင့် ဟန်ကျောက်သည် ရင်းနှီးသော မိတ်ဆွေများဟု ထင်စေနိုင်သည်။

“ညီလေး ဟန် ငါတို့ရဲ့ စေတနာကောင်းကို မငြင်းသင့်ဘူးမလား”

ဝူပီက အပြုံးပန်းဝေလျက် ပြော၏။

သူတို့နှစ်ဦး၏ အလွန်အမင်း စိတ်အားထက်သန်မှုသည် လူတိုင်းကို ရှုပ်ထွေးစေခဲ့သည်။

ရှလင်လည်း အံ့အားသင့်သွားသည်။

သူမကို မပြောနှင့် သူမ၏ဖခင်ပင် ဝူပီနှင့် ဝမ်ရှဲတို့၏ ထိုကဲ့သို့သော နွေးထွေးသော ဆက်ဆံမှုကို ခံရမည်မဟုတ်ပေ။

“ခင်ဗျားတို့ရဲ့ စေတနာကို ငြင်းဆန်ရင် ကျွန်တော်တို့အတွက် မယဉ်ကျေးရာ ကျမှာပေါ့”

ဟန်ကျောက်က ပြန်ပြော၏။

ကြည့်ရတာ ကောင်တီအုပ်ချုပ်သူဝူသည် ကျီမိသားစုနှင့် သူ၏ဆက်သွယ်မှုအချို့ကို ထုတ်ဖော်ပြောကြားခဲ့ပုံရ၏။ ဒီသခင်လေးနှစ်ဦးသည် နေရာတွင်ပင် အကြောင်းအရာကို ထုတ်‌ေဖာ်လိုပုံ မရသောကြောင့် ရှလင်၏ အဆင့်တက်မှုအခွင့်အရေးကို အသုံးချကာ သူ့နှင့် သွယ်ဝိုက်သော ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်လိုခြင်း ဖြစ်သည်။ သူ့ကို ဖားယားနေသည်ဟုပင် ဆိုနိုင်၏။

ထိုသို့ပြောပြီးနောက် ဟန်ကျောက်ဟာ အံ့အားသင့်နေသော ရှလင်ကို နောက်မှ ပုတ်လိုက်သည်။

“အိုး… ဟုတ်ပါတယ်”

ရှလင်က သတိပြန်ဝင်လာ၏။

“မင်းတို့နှစ်ယောက်က တကယ်ကို ပွင့်လင်းတာပဲ”

ဝမ်ရှဲက လက်နှစ်ဖက်ကို ယှက်လိုက်သည်။ ထိုအခြင်းအရာကို မြင်သော ဝူပီက မျက်မှောင်ကြုတ်နေသည့် လုယီကို ပြောသည်။

“သိုင်းသခင်လု ခင်ဗျားရော…”

“မင်းတို့ လူငယ်တွေရဲ့ စုဝေးပွဲမှာ ငါဝင်မရှုပ်ပါဘူး”

လုယီ လက်ဝှေ့ယမ်းသည်။

“ဒါဆိုရင် ကျွန်တော်တို့ အရင်သွားပါတ

ဦးမယ်။ ညီလေး ဟန်၊ ညီမလေး ရှလင် အပြင်မှာ မြင်းရထား စောင့်နေတယ်။ အချိန်မရွေး သွားလို့ရပြီ”

ဝူပီက လက်နှစ်ဖက်ကို ယှက်သည်။

ဝမ်ရှဲက မထွက်ခွာမီ

“ဒါနဲ့ ညီလေး ဟန်၊ ညီမလေး ရှလင်.. မင်းတို့နှစ်ယောက်မှာ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေရှိရင် ခေါ်သွားလို့ ရတယ်‌ေနာ်။ ဒါက အချင်းချငါး ပိုပြီး ရင်းနှီးလာဖို့ လွယ်ကူတာ‌ေပါ့” ဟု ထပ်ပြော၏။

“အိုကေ”

ဟန်ကျောက် ခေါင်းညိတ်သည်။

ဝူပီနှင့် ဝမ်ရှဲတို့သည် တစ်ဦးကိုတစ်ဦးကြည့်ကာ ပြုံးပြီးနောက် သိုင်းကျောင်းမှ ထွက်ခွာသွားကြ၏။

လူတိုင်း၏ ဆက်လက်ဆွေးနွေးနေသည်ကို မြင်သော လုယီက မျက်နှာတည်တည်ဖြင့်

“အားလုံး လူခွဲကြ.. ကောင်းကောင်း လေ့ကျင့်ကြတော့.. အဲ့ဒါမှ နောင်မှာ မင်းတို့လည်း ဒီလို ဆက်ဆံခံရလိမ့်မယ်”

ဟု ပြောသည်။

ထို့နောက် သူသည် ဟန်ကျောက်၏ဘေးသို့ လျှောက်လာကာ ညင်သာစွာ သတိပေး၏။

“သွားပြီးရင် ငါ့အခန်းကို လာခဲ့”

ထိုသို့ပြောပြီး လုယီသည် လက်နှစ်ဖက်ကို နောက်တွင်ထားကာ နောက်ဖေးဘက်သို့ လျှောက်ထွက်သွားသည်။

သူ၏ ခြေလှမ်းများကို ကြည့်ခြင်းအားဖြင့် သူသည် စိတ်‌ေအးချမ်းသာနေပုံ ရ၏။

“ဟုတ်ကဲ့ပါ ဆရာ”

ဟန်ကျောက် ပြန်ဖြေသည်။

စုယွင်သည် သူမရှေ့ရှိ မောင်လေးဟန်ကို စိုက်ကြည့်နေ၏။ သူမသည် သူ့ကို အစကနေ အဆုံးအထိ အထင်သေးခဲ့မိပြန်ကြောင်းအား နားလည်လိုက်သည်။

ယခုလေးတင် ဝူနှင့် ဝမ်မိသားစု၏ လူငယ်သခင်လေးနှစ်ဦးသည် ရှလင်ကို ဖိတ်ကြားနေပုံရသော်လည်း သူတို့၏ အကြည့်များသည် အမြဲတစေ ဟန်ကျောက်အပေါ်တွင်သာ ရှိနေသည်ကို သူမ ရှင်းရှင်းလင်းလင်း မြင်ခဲ့၏။

All Chapters