← Chapters

အခန်း (၉၃)

Vol. 7 Ch. 93

အခန်း (၉၃)

Vol. 7 Ch. 93

"စနစ်"

[အချက်ပေးအပိုင်းအစ ၇၀အား စုဆောင်းပြီးပါပြီ။ ဝင်ရောက်ခွင့်ကို ပေါင်းစပ်လိုပါသလား]

[ပေါင်းစပ်မှုတစ်ခုစီသည် အချက်ပေးအပိုင်းအစ ၄၅ ခုနှင့် ရွှေ ၆၀လျန် သုံးစွဲရမည် ဖြစ်သည်။ သင်သည် တစ်ကြိမ်သုံး အခြေခံဝင်ရောက်ခွင့် အစမ်းရှင်သန်ခြင်းကို သေချာပေါက် ရရှိမည်ဖြစ်သည်။]

[အဖြူရောင်ပါရမီ ရရှိနိုင်ခြေ ၁၀% တိုးလာသည်။ အစိမ်းရောင်ပါရမီ ရရှိနိုင်ခြေ ၈% တိုးလာသည်။ အပြာရောင်ပါရမီ ရရှိနိုင်ခြေ ၆% တိုးလာသည်။ ခရမ်းရောင်ပါရမီ ရရှိနိုင်ခြေ ၅% တိုးလာသည်။ လိမ္မော်ရောင်ပါရမီ ရရှိနိုင်ခြေ ၄% တိုးလာသည်။ အနီရောင်ပါရမီ ရရှိနိုင်ခြေ ၂% တိုးလာသည်။ ရွှေရောင်ပါရမီ ရရှိနိုင်ခြေ ၀.၀၁% တိုးလာသည်။]

သက်ရှည်ကျမ်း တိုးတက်လာပြီးနောက် ဈေးနှုန်းသည် ပုံမှန်အတိုင်း ထပ်မံတိုးလာခဲ့သည်။ ရွှေရောင်ပါရမီပင် ရရှိနိုင်၏။

သို့သော်လည်း ရရှိနိုင်ခြေသည် အလွန်နည်းပါး၏။ ငွေကုန်ကြေးကျမှုကို မတွက်လျှင်တောင် တစ်သက်တွင် တစ်ခုပင် ရနိုင်မည် မဟုတ်ပေ။

"ဒီအစမ်းရှင်သန်မှုမှာ နည်းနည်းလေး သိုသိုဝှက်ဝှက်နေပြီး ပါရမီတိုးလာတဲ့ အကျိုးသက်ရောက်မှုကို ကြည့်နိုင်တယ်။ တစ်ချိန်တည်းမှာ အသက်ရှည်ဂိုဏ်းရဲ့ နောက်ခံကိုလည်း စုံစမ်းနိုင်တယ်"

ဟန်ကျောက်ဟာ သူ၏စိတ်ထဲတွင် သိုဝှက်စွာနေရန် အရိပ်အမြွက် ပြောသည်။

"ပေါင်းစပ်ပါ။ အစမ်းရှင်သန်မှု စတင်ပါ"

[အသက် ၂၀ နှစ်တွင် သင်သည် ချီရှင်းကို သတ်ရန် ကိုးသွယ်မြို့သို့ သွားကာ အခြားသော သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ဦးကို အရှင်ဖမ်းခဲ့သည်။]

[ညှဉ်းပန်းနှိပ်စက်မှုအောက်တွင် ထိုသူသည် သိသမျှအားလုံးကို ပြောပြခဲ့သည်။ သူသည် အသက်ရှည်ဂိုဏ်းမှ သွေးဝိညာဉ်ခန်းမ၏ လက်ထောက်ပူ‌ေဇာ်သူဖြစ်သည်။ ကျောက်နက်မြို့တွင် တစ်စုံတစ်ခုအား ရှာဖွေရန် တာဝန်ယူထားသည်။]

[သင်သည် သူ့ထံမှ သွေးစိတ်ဝိညာဉ်မူဝါဒ၏ ဒုတိယအဆင့်နှင့် လေဟုန်စီးခြေထောက် ကျင့်စဉ်၏ တစ်ဝက်ကို ရရှိခဲ့သည်။]

God Genzo:

[သင်သည် ကျောက်နက်မြို့သို့ ပြန်ရောက်သောအခါ ရှလင်သည် သွေးသန့်စင်ခြင်းအဆင့်သို့ အဆင့်တက်ပြီးဖြစ်ကြောင်း တွေ့ရှိရ၏။ ထို့ကြောင့် လုယီအား သင်လည်း အဆင့်တက်ပြီးဖြစ်ကြောင်း တိတ်တဆိတ် ပြောပြခဲ့သည်။ လုယီဟာ အလွန်ဝမ်းမြောက်ခဲ့သည်။]

[ကျူခန်ရှန်းသည် သင့်အတွက် ဆေဘာဓားကို စတင်ပြုလုပ်ခဲ့သည်။]

[...]

[အသက် ၂၁ နှစ်တွင် လုယီ၏ အရင်းအမြစ်များ၏ အထောက်အပံ့ဖြင့် သင်၏ တောင်ခွဲဆေဘာဓားနည်းပညာသည် သွေးချီချိုးဖျက်မှု တတိယအဆင့်သို့ ရောက်ရှိခဲ့သည်။]

[လုယီသည် လုယင်ရွှမ်းကို သင့်နှင့် လက်ထပ်ပေးလိုပြီး သူမကို ကျောက်နက်မြို့သို့ ပြန်လာရန် စာရေးခဲ့သည်။]

[လုယင်ရွှမ်းသည် သူမတွင် အလုပ်ရှိသောကြောင့် ချက်ချင်း ထွက်ခွာ၍ မရသဖြင့် ပြန်လာရန် ငြင်းဆိုခဲ့သည်။ လုယီသည် သင့်အား ကိုယ်တိုင် ခေါ်ဆောင်ကာ သူမကို ရှာဖွေရန် စီရင်စုမြို့တော်သို့ သွားခဲ့သည်။]

[လမ်းတွင် သင်သည် စိတ်ဝိညာဉ်စောင့်‌ေရှာက်သူအဖြစ် ခံယူထားသော သိုင်းသမားတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ထိုသူသည် ပြင်းထန်စွာ ဒဏ်ရာရရှိကာ သေလုမျောပါး ဖြစ်နေ၏။ သူသေဆုံးခါနီးတွင် သင့်အား အချက်အလက်တစ်ခုကို ပေးအပ်ခဲ့သည်။ ၎င်းကို စီရင်စုမြို့တော်သို့ ပို့ပေးနိုင်ရန် သူမျှော်လင့်၏]

[လုယီဟာ တစ်ဖက်လူ၏ တောင်းဆိုမှုကို လက်ခံခဲ့သည်။ သင်သည် ယွမ်ကန်းကောင်တီ၏ စိတ်ဝိညာဉ်စောင့်‌ေရှာက်သူ ဌာနခွဲသို့ အချက်အလက်များကို ပို့ဆောင်ခဲ့သည်။]

[လုယီသည် စိတ်ဝိညာဉ်စောင့်ရှောက်သူ မိတ်ဆွေဟောင်းတစ်ဦးကို သွားတွေ့ခဲ့သည်။ သင်ဟာ ဖိတ်ကြားခံရပြီး စိတ်ဝိညာဉ်စောင့်ရှောက်သူများ၏ လျှို့ဝှက်အစောင့်အဖွဲ့ဝင်တစ်ဦး အဖြစ် ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။]

[သင်သည် စီရင်စုမြို့တော်တွင် လုယင်ရွှမ်းကို မတွေ့ရှိသောကြောင့် ကျောက်နက်မြို့သို့ ပြန်လာခဲ့သည်။]

[အသက် ၂၂ နှစ်တွင် သင်သည် အသက်ရှည်ဂိုဏ်းကို ထပ်မံတွေ့ဆုံခဲ့ပြီး သွေးစိတ်ဝိညာဉ်ခန်းမ၏ ခန်းမအကြီးအကဲက သင့်အား ဖိတ်ကြားခဲ့သည်။ ရှလင်သည် သွေးချီချိုးဖျက်မှု ဒုတိယအဆင့်သို့ အဆင့်တက်ခဲ့သည်။]

[သင်သည် ထိုကိစ္စကို လျှို့ဝှက်အစောင့်အဖွဲ့၏ အထက်အရာရှိထံ တိုင်ကြားခဲ့သည်။ တစ်ဖက်လူက သင့်အား အသက်ရှည်ဂိုဏ်းသို့ ဝင်ရောက်ကာ သူလျှိုဖြစ်လာရန် တောင်းဆိုခဲ့သည်။ အကျိုးအမြတ်များကြောင့် သင်သည် 'ကျားရဲတွင်းသို့ ဝင်ရန်' ဆုံးဖြတ်ခဲ့သည်။]

[ခြောက်လအကြာတွင် လုယီသည် သင့်အား တောင်ဖြိုလက်သီးကို စတင်သင်ကြားပေးခဲ့သည်။]

[အသက် ၂၃ နှစ်တွင်သင်သည် ပြီးပြည့်စုံသော သွေးချီချိုးဖျက်မှု တတိယအဆင့်သို့ ရောက်ရှိခဲ့သည်။ ရှလင်နှင့်အတူ လေ့ကျင့်ပြီးနောက် သူမသည် သွေးချီချိုးဖျက်မှု တတိယအဆင့်သို့ အဆင့်တက်ခဲ့ပြီး သင်သည် အတွင်းအားကို အောင်မြင်စွာ ဖမ်းဆုပ်နိုင်ခဲ့သည်။]

[ထို့နောက် သင်သည် သွေးဝိညာဉ်ခန်းမ၏ ဒုတိယခန်းမအကြီးအကဲအဖြစ် ရာထူးတိုးမြှင့်ခံရပြီး သွေးစိတ်ဝိညာဉ်မူဝါဒ၏ တတိယအဆင့်နှင့် လေဟုန်စီးခြေထောက်၏ လျှို့ဝှက်ကျမ်း အစုံအလင်ကို ရရှိခဲ့သည်။]

[နှစ်ကုန်တွင် လုယင်ရွှမ်းသည် ကျောက်နက်မြို့သို့ ပြန်လာခဲ့သည်။ သင်သည် သူမနှင့် ရှလင်ကို လက်ထပ်လိုပြီး အမျိုးသမီးနှစ်ဦးစလုံးက ကန့်ကွက်ခြင်း မရှိခဲ့ပါ။]

[မင်္ဂလာညတွင် ကျီမိသားစုက ဂုဏ်ပြုလက်ဆောင် ပို့ပေးခဲ့သည်။ ကျီကျုလင်က ကျီပိုင်ဝေသည် မကောင်းမှု ခုနစ်ပါး မျက်နှာဖုံးအပိုင်းအစ၏ အသိအမှတ်ပြုမှုကို အောင်မြင်စွာ ရရှိခဲ့ကြောင်း သင့်အား ပြောပြခဲ့သည်။]

[အသက် ၂၄ နှစ်တွင် အမျိုးသမီးနှစ်ဦးစလုံး တစ်ဦးပြီးတစ်ဦး ကိုယ်ဝန်ဆောင်ခဲ့ကြသည်။ သင်သည် ယင်ဖင်းလက်ဝါး၊ လေဟုန်စီးခြေထောက်နှင့် တောင်ဖြိုလက်သီးတို့ကို တတိယအဆင့် ပြီးပြည့်စုံခြင်း အထိ လေ့ကျင့်ခဲ့သည်။]

[အသက် ၂၅ နှစ်တွင် ရှလင်သည် သင့်အတွက် သားတစ်ဦးကို ဖွားမြင်ခဲ့ပြီး သင့်သွေးချီဟာ ထိခိုက်ခဲ့သည်။]

[နှစ်ကုန်တွင် လုယင်ရွှမ်းသည် သင့်အတွက် သမီးတစ်ဦးကို ဖွားမြင်ခဲ့သည်။ သူမ၏ ခန္ဓာကိုယ်သည် နေ့စဉ် ဆုတ်ယုတ်လာခဲ့သည်။]

[အသက် ၂၆ နှစ်။ သင်၏ ယင်ဖင်းလက်ဝါးနှင့် လေဟုန်စီးခြေထောက်တို့ကို တစ်ခုပြီးတစ်ခု စတုတ္ထအဆင့်အထိ လေ့ကျင့်နိုင်ခဲ့သည်။ မမျှော်လင့်ဘဲ ယင်ဖင်းအား၊ လေဟုန်စီးအားနှင့် တောင်ဖြိုအားတို့ ပေါင်းစည်းကာ အလွန်ထူးခြားသော အတွင်းအားတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သင်သည် ၎င်းကို သုံးပါးသော အနှစ်သာရအတွင်းအားဟု အမည်ပေးခဲ့ပြီး သင်၏ ခွန်အားသည် များစွာ တိုးလာခဲ့သည်။]

[သင်၏ ခွန်အားကြောင့် ခန်းမအကြီးအကဲ ရွှယ်လင်းသည် ခြိမ်းခြောက်ခံရသည်ဟု ခံစားခဲ့ရသည်။ သူသည် သင့်အား ဖိနှိပ်ရန် စတင်ခဲ့၏။ သင်သည် ဦးစွာ တိုက်ခိုက်ရန်နှင့် သူ့ကို သတ်ကာ ခန်းမအကြီးအကဲ ရာထူးကို ရယူရန် ဆုံးဖြတ်ခဲ့သည်။]

[ထိုနှစ်တွင်ပင် ချူနိုင်ငံသည် တိမ်စီရင်စုကို ကျူးကျော်ခဲ့သည်။ ယုနျန်သည် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့၏။ ရှလင်၏ သက်ရှည်ကျမ်း၏ မူလဗားရှင်းသည် အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိကာ အတွင်းအားကို အောင်မြင်စွာ ဖမ်းဆုပ်နိုင်ခဲ့သည်။ လုယင်ရွှမ်းသည် အိပ်ရာထဲလဲနေပြီး ထူးဆန်းသော ရောဂါဖြင့် ဒုက္ခရောက်နေ၏။ သင်သည် သူမ၏ ခန္ဓာကိုယ်ကို ပြုစုပျိုးထောင်ရန် သက်ရှည်အစစ်အမှန်ချီကို မကြာခဏ အသုံးပြုခဲ့သော်လည်း အကျိုးသက်ရောက်မှုမှာ အနည်းငယ်သာ ရှိခဲ့သည်။]

[နှစ်ကုန်တွင် တိမ်စီရင်စု၏ ထက်ဝက်ကျော် ကျရှုံးခဲ့သည်။ လုယင်ရွှမ်းသည် ရောဂါဖြင့် သေဆုံးခဲ့သည်။ သင်သည် အလွန်ဝမ်းနည်းခဲ့၏။]

[အသက် ၃၀ နှစ်တွင် သင်သည် ခွန်အားသန့်စင်ခြင်း၏ အကြီးစားကျွမ်းကျင်မှုသို့ ရောက်ရှိခဲ့သည်။ သင်သည် ဆွဲဆောင်ခြင်း၊ ဖိနှိပ်ခြင်းနှင့် လုပ်ကြံခြင်းတို့ကို အားကိုးကာ အသက်ရှည်ဂိုဏ်း၏ ထိပ်ဆုံးသို့ တက်လှမ်းကာ ဒုတိယဂိုဏ်းချုပ် ရာထူးအား ရလာသည်။]

[လွန်ခဲ့သော ငါးနှစ်အတွင်း ကျီပိုင်ဝေသည် အန္တရာယ်တို့ကို ရှောင်ရှားနိုင်ရန်အတွက် သင့်အား ထပ်ခါတလဲလဲ သတင်းအချက်အလက်များ ပေးပို့ခဲ့သည်။]

[သင်သည် အသက်ရှည်ဂိုဏ်း၏ အရင်းအမြစ်များနှင့် ကျီမိသားစု၏ လမ်းကြောင်းများကို အားကိုးကာ မီး‌ေတာက်ရိုးတွင်းချဥ်ဆီ သန့်စင်ခြင်းဆေးလုံး တစ်သုတ်ကို ဝယ်ယူခဲ့သည်။ ဗာဂျရာအတတ်သည် ဒုတိယအဆင့်သို့ အောင်မြင်စွာ အဆင့်တက်ခဲ့သည်။ အဆင့်တက်စဉ် နာကျင်မှုနှင့် အတွင်းစိတ်နတ်ဆိုးများသည် သင့်အား ကြောက်ရွံ့မှုများ ကျန်ရစ်စေခဲ့သည်။]

[အသက် ၃၅ နှစ်တွင် သင်သည် သက်ရှည်ကျမ်းကို အမြင့်ဆုံးအကန့်အသတ်အထိ လေ့ကျင့်ခဲ့သည်။ သင်သည် သုံးပါးသော အနှစ်သာရအတွင်းအားနှင့် သက်ရှည်အစစ်အမှန်ချီတို့ကို ပေါင်းစည်းကာ သုံးပါးသော မူလပြန်ခြင်း အတတ်ကို ဖန်တီးခဲ့သည်။ သင်၏ ခွန်အားသည် များစွာ တိုးလာခဲ့သည်။]

[အသက် ၄၀ နှစ်တွင် သင်သည် အောင်မြင်စွာဖြင့် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း စစ်ဘုရင်အဆင့်သို့ တက်လှမ်းခဲ့သည်။ သင်၏ လေ့ကျင့်မှုအရှိန်သည် များစွာ လျော့ကျသွားခဲ့သည်။]

[အသက် ၄၁ နှစ်တွင် လျှို့ဝှက်အစောင့်များသည် စတင်လှုပ်ရှားကာ အသက်ရှည်ဂိုဏ်း၏ ဂိုဏ်းချုပ်ကို ဝိုင်းရံခဲ့သည်။ လျှို့ဝှက်အစောင့်အဖွဲ့၏ အမိန့်ဖြင့် သင်သည် တိုက်ပွဲတွင် ပါဝင်ခဲ့သော်လည်း ထိုအကြောင်းကြောင့် အခြားတစ်ဖက်တွင် ရှလင်ဟာ တိုက်ခိုက်ခံရကာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။]

[ဂိုဏ်းချုပ် သေဆုံးပြီး သင်သည် ဂိုဏ်းချုပ်သစ် ဖြစ်လာခဲ့သည်။ ရှလင်ကို ကယ်တင်ရန် သင်သည် နတ်ဆိုးများနှင့် ပူးပေါင်းဟန်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။]

[အသက် ၄၂ နှစ်တွင် လျှို့ဝှက်အစောင့်များသည် ပိုက်ကွန်သဖွယ် ဝိုင်းရံပြီး အသက်ရှည်ဂိုဏ်းကို တစ်ကြိမ်တည်းဖြင့် ချေမှုန်းရန် ပြောခဲ့သည်။ သင်သည် အနည်းငယ် ပိုမိုစောင့်ဆိုင်းရန် မျှော်လင့်ခဲ့သည်။]

[သင်၏ အကြီးအကဲက အမျိုးသမီးတစ်ဦးအတွက် အမှားမလုပ်ရန် သင့်အား ပြောခဲ့သည်။ သင်သည် ဒေါသတကြီး တိုက်ခိုက်ကာ အကြီးအကဲနှင့် အတွင်းလူများအုပ်စုကို သတ်ခဲ့သည်။]

[ထို့နောက် သင်သည် ဂိုဏ်းချုပ်ရာထူးတွင် တည်မြဲစွာ ရပ်တည်ခဲ့သည်]

[အသက် ၄၃ နှစ်တွင် သင်သည် အပြင်သွားချိန်၌ သိုင်းသူတော်စင်တစ်ဦး၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ တစ်နေ့တစ်ညလုံး တိုက်ခိုက်ခဲ့ပြီးနောက် သင်သည် အားအင်ခမ်းကာ သေဆုံးခဲ့သည်။]

All Chapters