အခန်း (၉၂)
Vol. 7 Ch. 92
"လက်ရှိမှာ ပေါင်းစပ်လေ့ကျင့်မှုက အစ်မကို သွေးသန့်စင်ခြင်းအဆင့်ကို အဆင့်တက်ဖို့ ကူညီနိုင်လောက်တယ်.. ဒါပေမယ့် အဲ့ထက်ပိုတဲ့ အကျိုးကျေးဇူးတွေ ရရှိစေမှာ မဟုတ်ဘူး။ အဲ့ဒီအပြင် ကျွန်တော်လည်း သွေးချီတိုးမြင့်မှုရဲ့ အထွတ်အထိပ်ကို မရောက်သေးဘူး။ အစ်မရဲ့ ကျင့်စဉ်က ပြည့်စုံသွားတဲ့အခါမှပဲ ကျွန်တော်တို့ ပေါင်းစပ်ကျင့်ကြံမှု ပြုသင့်တယ်.. အကောင်းဆုံးက သွေးသန့်စင်ခြင်းအဆင့်သို့ အဆင့်တက်ပြီးတာပဲ"
"ငါ နားလည်ပါပြီ"
ရှလင်က ပြုံးသည်။ မောင်လေးဟန်ဟာ စကားလုံးများကို လှည့်ပတ်ကာ ပြောနေပုံရပေမယ့် တစ်စုံတစ်ယောက်ကို စားချင်နေပုံရသည့် သူ၏ နီရဲနေသော မျက်လုံးများကို ကြည့်ရုံနှင့် အရာအားလုံးကို ရှင်းပြပြီးသား ဖြစ်သည်။
"အခုတော့ ကျွန်တော့ကို ထပ်ပြီး မဆွဲဆောင်နဲ့တော့၊ နားလည်လား"
ဟန်ကျောက်သည် သူမ၏ ကုတ်အင်္ကျီကို သူမ၏ကိုယ်အား တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်သည်။
ခေါင်းကိုက်စရာပဲ..
"ဟုတ်ကဲ့"
ရှလင်က မျက်နှာရဲစွာဖြင့် ပြုံး၏။ ထို့နောက် တစ်ခုခုကို တွေးမိပုံရပြီး ရုတ်တရက် ရှက်ရွံ့သော အမူအရာကို ပြသလာခဲ့သည်။
"မောင်လေးဟန်... နင်အရမ်းမသက်မသာ ဖြစ်နေလား"
"နင်.."
ဟန်ကျောက်က ထရပ်ကာ ရှလင်ပေါ်တွင် လွှမ်းခြုံထားသော အင်္ကျီကို ကိုင်ကာ မြှောက်လိုက်သည်။
"မောင်လေးဟန်.."
"ကျွန်တော့နောက်လိုက်ခဲ့"
ဟန်ကျောက်သည် သူမကို အတွင်းခန်းသို့ ဆွဲခေါ်သွား၏။
"နင်... ဘာလုပ်တာလဲ"
"အစ်မမှာ ပြသဖို့ ပါရမီ မရှိဘူးလား"
"ဘာကိုလဲ"
"ပုလွေမှုတ်တာလေ.."
"နင်ပြောတော့ ငါ့ကို ကျင့်စဉ်တစ်ခု သင်ပေးချင်တယ်ဆို..."
"မနက်ဖြန်က ကျွန်တော့ရဲ့ မွေးနေ့ပဲ။ အရင်ဆုံး ကိစ္စကို ရှင်းရအောင်"
ဟန်ကျောက်သည် ဆုလင်း၏ မျက်နှာကို ဆွဲကာ ကြမ်းကြုတ်ဟန် ဖြစ်လာခဲ့သည်။
နောက်ထပ် သုံးလဟာ ပုံမှန်အတိုင်း ကုန်လွန်သွားသည်။
သူ၏ နောက်ဆုံး မွေးနေ့တွင် ရှလင်နှင့်အတူ ပုံစံအသစ်တစ်ခုကို စတင်ပြီးကတည်းက ဟန်ကျောက်ဟာ အနည်းငယ် စွဲလန်းသွားခဲ့သည်။ နောက်ပိုင်းမှ သူသည် သူ၏ ကြီးမားသော ဇွဲလုံ့လကို အားကိုးကာ မိမိကိုယ်ကို ထိန်းချုပ်မှုအား ပြန်လည်ရရှိခဲ့၏။
အရက်သည် အူကို ထိုးဖောက်သော အဆိပ်ဖြစ်သည်။ ကာမဂုဏ်သည် အရိုးကိုခြစ်ယူသော သံမဏိဓားဖြစ်သည်။ အကြိမ်တစ်ရာတိုင်အောင် သန့်စင်ထားသော သံမဏိပင် ပျော့သွားနိုင်၏။ မည်သူခံနိုင်မည်နည်း။
အထူးသဖြင့် ဤလွမ်ဖီးနစ် သဟဇာတနည်းပညာသည် သန့်စင်သော ယန်ချီကို မယိုစိမ့်စေရန် အမှန်တကယ် အာမခံနိုင်၏။ သူ၏ ပျော်ရွှင်မှုမှာ လုံးဝ မလျော့နည်းသွားပေ။
ဟန်ကျောက်ကို အပျော်ရွှင်ဆုံးဖြစ်စေခဲ့တာကတော့ [အိုဇာတာကောင်းသူ] ပါရမီကြောင့် သူ့၏ အခြေခံပါရမီ တိုးလာတာဖြစ်သည်။
သူ၏ ယခင်အေခြခံများ အားလုံးထဲတွင် သူ့ကို အများဆုံး ဆွဲချေနခဲ့သည်မှာ သူ့ရဲ့ မွေးရာပါ ပါရမီဖြစ်သည်။
တူညီသည့် အစားအစာနှင့် ဆေးဖက်ဝင်အပင်များကို စားသုံးပြီး တူညီသည့် ပြင်းထန်မှုနှင့် လေ့ကျင့်ပေမယ့် သိုင်းပညာကို လေ့ကျင့်ခြင်းအားဖြင့် သူ့ခန္ဓာကိုယ်၏ တိုးတက်မှုဟာ တခြားသူများထက် နိမ့်ကျခဲ့ပါသည်။
ဒီပြဿနာတွေက အခု အများကြီး သက်သာသွားပြီး နောင်မှာ ပိုကောင်းလာပါလိမ့်မယ်...
သူသည် အနာဂတ်တွင် ခရီးဆက်လေလေ အစမ်းရှင်သန်ခြင်းအတွက် လိုအပ်သော စွမ်းအင်နှင့် ငွေကြေးသည် ပို၍ ကြီးမားလာမှာ ဖြစ်သောကြောင့် အစမ်းလေ့ကျင့်မှု အရေအတွက်သည် သေချာပေါက် လျော့နည်းသွားမည်ဖြစ်သည်။
သို့သော်လည်း သူ၏ ပါရမီသည် ဆက်လက် တိုးတက်နေသရွေ့ စွမ်းရည်အမှတ်များအပေါ် သူ၏ မှီခိုမှုအား လျှော့ချနိုင်၏။
ဤကမ္ဘာသို့ ပထမဆုံးရောက်ရှိစဉ်ကတည်းက သူဟာ စွမ်းရည်အမှတ်များ၏ အကူအညီဖြင့်ပင် ခဏတာမျှ ပေါ့လျော့ခဲ့ခြင်း မရှိပေ။ အမြဲတမ်း မိမိကိုယ်ကို မြင့်မားသော ထိန်းချုပ်မှုဖြင့် ထိန်းသိမ်းထားခဲ့သည်။
သို့သော်လည်း နောက်ပိုင်းတွင် သူလိုအပ်သော အရင်းအမြစ်များ တိုးလာပြီး ကြုံတွေ့ရသော အခက်အခဲများ ပို၍ ကြီးမားလာခဲ့သည်။ တစ်ဦးတည်း ဖြေရှင်းနိုင်ခြင်း မရှိဘဲ အမှတ်များ ထပ်ေပါင်းရုံသာ တတ်နိုင်ခဲ့၏။
ဟုတ်ပါသည်။ ထိုအခက်အခဲများမှ ရရှိလာသည့် အကျိုးကျေးဇူးများနှင့် နှိုင်းယှဉ်လျှင်တော့ အခက်အခဲဆိုတာ အများကြီး ခက်ခဲတော့မည် မဟုတ်ပေ။
နောက်ဆုံးတွင် ဤသည်မှာ တစ်စုံတစ်ယောက်က သူ့၏ ငြိမ်းချမ်းသော ဘဝကို ဖျက်ဆီးလိုပြီး သူ့ကို ရုန်းကန်ရန်ကို တွန်းအားပေးသောကြောင့် ဖြစ်သည်။
သူဟာ ပြန်လည်တိုက်ခိုက်ပြီး ပြဿနာဖြစ်စေသော လူ အားလုံးကို ကိုင်တွယ်ဖြေရှင်းကာ ပြဿနာကို အရင်းအမြစ်မှ တားဆီးရန်သာ တတ်နိုင်ခဲ့သည်။
...
သိုင်းပညာများ- သက်ရှည်ကျမ်း (တတိယအဆင့် ပြည့်စုံမှု ၁၇%၊ အဆင့်မြှင့်နိုင်သည်။ အထူးအကျိုးသက်ရောက်မှု- ခန္ဓာကိုယ်အားကောင်းခြင်း အဆင့် ၈၊ သန့်စင်သော ယန် အဆင့် ၃၊ ချီမျိုးစေ့ချခြင်း အဆင့် ၁၊ အသက်ရှည်ခြင်း ၂၀၀ နှစ်)
ယင်ဖင်းလက်ဝါး (ဒုတိယအဆင့် ပြည့်စုံမှု ၈၉%၊ အဆင့်မြှင့်နိုင်သည်။ အထူးအကျိုးသက်ရောက်မှု- အဆိပ်ရှောင်ကျဥ်ခြင်း အဆင့် ၃)၊ တောင်ခွဲဆေဘာဓားနည်းပညာ (တတိယအဆင့် အကြီးစားကျွမ်းကျင်မှု ၄၅%၊ အဆင့်မြှင့်နိုင်သည်)
စနစ်မျက်နှာပြင်ပေါ်ရှိ သိုင်းပညာများ ကော်လံကို ကြည့်ရှုပြီး ဟန်ကျောက်သည် ပါရမီတိုးတက်မှုကြောင့် ရရှိလာသော ကြီးမားသော အကျိုးကျေးဇူးများအတွက် သက်ပြင်းချမိသည်။
တောင်ခွဲဆေဘာဓား နည်းပညာ၏ တိုးတက်မှုသည် အကြီးစားကျွမ်းကျင်မှုအဆင့် ၈% မှ ၄၅% သို့ ရောက်ရှိပြီး ၃၇% တိုးလာခဲ့သည်။ သူ၏ ပါရမီ နှစ်ဆမတိုးမီ သုံးလအတွင်း ၂၀% တိုးလာခဲ့သည်။
သက်ရှည်ကျမ်း၏ တိုးတက်မှုသည် ၇% မှ ၁၇% သို့ ၁၀% တိုးလာခဲ့သည်။ သူ၏ ပါရမီ နှစ်ဆမတိုးမီ သုံးလအတွင်း ၆% တိုးလာခဲ့သည်။
အမြန်ဆုံး တိုးတက်မှုမှာ ယင်ဖင်းလက်ဝါးပင် ဖြစ်သည်။ ဒုတိယအဆင့်၏ အကြီးစားကျွမ်းကျင်မှုအဆင့် ၅၆% မှ ပြည့်စုံမှုအဆင့် ၈၉% သို့ တိုးလာခဲ့သည်။ ၎င်းသည် ၁၃၃% တိုးလာပြီး အဆိပ်ရှောင်ကျဥ်ခြင်း အကျိုးသက်ရောက်မှုသည်လည်း အဆင့် ၃ သို့ တိုးလာခဲ့သည်။ သူ၏ ပါရမီ နှစ်ဆမတိုးမီ သုံးလအတွင်း ၁၅၅% တိုးလာခဲ့သည်။
သူ၏ ပါရမီ နှစ်ဆတိုးပြီးနောက် သူ၏ လေ့ကျင့်မှု တိုးတက်မှုသည် တစ်ချိန်တည်းတွင် နှစ်ဆတိုးလာမည့်ပုံ မပေါ်ပေ။
သို့သော်လည်း အမှန်တကယ် လေ့ကျင့်မှု လုပ်ငန်းစဉ်တွင် လေ့ကျင့်မှုနည်းလမ်းတစ်ခုစီသည် ပိုမိုနက်ရှိုင်းလေ တိုးတက်ရန် ပိုမိုခက်ခဲလေ ဖြစ်သည်။
သူ့လက်ရှိပါရမီ၏ အတိအကျ အတိုင်းအတာကို သူ မသိသော်လည်း အမှန်တကယ် လေ့ကျင့်မှုအမြန်နှုန်းသည် ယခင်ကထက် သုံးဆကျော် ပိုမြန်လာမည်မှာ သေချာသည်။
အထင်ရှားဆုံး နှိုင်းယှဉ်ချက်မှာ သက်ရှည်ကျမ်းဖြစ်သည်။ တတိယအဆင့်၏ အကြီးစားကျွမ်းကျင်မှု ၈% မှ ပြီးပြည့်စုံမှု ၇% သို့ စွမ်းရည်အမှတ် ၇ မှတ်အသုံးပြုခဲ့ရ၏။ လေ့ကျင့်မှု တိုးတက်နှုန်း ၁၀၁% သာ ရှိခဲ့သည်။ စွမ်းရည်အမှတ် တစ်မှတ်သည် တိုးတက်မှု ၁၄.၄၂% ခန့်သာ ရှိသည်။
အခြေခံအဆင့်၊ အသေးစားကျွမ်းကျင်မှု၊ အကြီးစားကျွမ်းကျင်မှုနှင့် ပြီးပြည့်စုံမှု..
ပိုမိုရှေ့ဆက်လာသည်နှင့်အမျှ သူ၏ စွမ်းရည်အမှတ်များ၏ တိုးတက်မှုကို လျော့နည်းစေေလ ဖြစ်သည်။
ဟန်ကျောက်ဟာ ဒီကမ္ဘာသို့ ပထမဆုံးရောက်ရှိသောအခါက စနစ်က သက်ရှည်ကျမ်းအကြောင်း သူ့အား အသိပေးခဲ့ခြင်းကို မှတ်မိနေသေး၏။
သူ၏ ပါရမီဖြင့် ၆၀ နှစ်ကြာ ကြိုးစားအားထုတ်စွာ လေ့ကျင့်ပြီးနောက် အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိရန် အခွင့်အရေးရှိသည်။ ထိုအချိန်တွင် သူသည် သူ၏ သက်တမ်းကို ၂၀ နှစ် တိုးမြှင့်နိုင်မည် ဖြစ်၏။
သက်ရှည်ကျမ်း၏ မူရင်းဗားရှင်းသည် အဆင့်သုံးဆင့်လုံးကို သင်ယူပြီးသည့်တိုင် သူ၏ သက်တမ်းကို ၂၀ နှစ်သာ တိုးမြှင့်ပေးခဲ့သည်။ သို့သော် ဤသည်မှာလည်း သွေးသန့်စင်ခြင်းအဆင့်၏ ကြီးမားသော အတားအဆီးကို ဖြတ်ကျော်ခဲ့သည့် သိုင်းသမားတစ်ဦး၏ သက်တမ်း တိုးလာခြင်းနှင့် တူညီ၏။
နှစ် ၂၀ သက်တမ်းသည် သူ့အတွက် ဘာမှမဟုတ်ပေ။
ယခု သူသည် သက်ရှည်ကျမ်းကို အမြင့်ဆုံးအထိ လေ့ကျင့်ပြီးဖြစ်သောကြောင့် ၎င်းသည် သူ၏ သက်တမ်းကို နှစ် ၂၀၀ တိုးမြှင့်ပေးပြီး ဖြစ်၏။ သူ၏
လက်ရှိသက်တမ်းသည် ၂၈၈ နှစ်အထိ ရှိသည်။
ကျန်ရှိသော သက်တမ်း ၂၆၈ နှစ်၏ အများစုမှာ အရည်အသွေးမြင့်မားသည့် အချိန်များဖြစ်သည်။
ယခု သူ၏ လေ့ကျင့်မှု လအနည်းငယ်သည် လေ့ကျင့်မှုအတတ် တစ်ခုတည်းတွင် စွမ်းရည်အမှတ် တစ်မှတ်၏ တိုးတက်မှုနှင့် နှိုင်းယှဉ်နိုင်သည်။
အဓိကအချက်မှာ သူ၏ စွမ်းရည်အမှတ်များသည် အကန့်အသတ်ရှိပြီး လေ့ကျင့်မှု အတတ်တိုင်းကို တိုးမြှင့်နိုင်ခြင်း မရှိသော်လည်း တစ်နေ့လျှင် ကျင့်ကြံခြင်းအတတ် အတော်များများကို လေ့ကျင့်နိုင်သည်။
စွမ်းရည်အမှတ်များ မရှိသည့်တိုင် သူ၏ ကိုယ်ပိုင်လေ့ကျင့်မှုဖြင့်ပင် တိုးတက်မှုနှုန်းသည် အတော်လေး အထင်ကြီးစရာကောင်း၏။
အထူးသဖြင့် သူ၏ လက်ရှိအဆင့်ထက် နိမ့်သော ကျင့်စဉ်များကို လေ့ကျင့်သောအခါ တိုးတက်မှု အမြန်နှုန်းသည် ပါရမီရှင်အဆင့်တွင် သေချာပေါက် ရှိသည်။
"ဒီဗာဂျရာအတတ်ကို ဆက်လက်တိုးတက်အောင် လုပ်ဖို့ နည်းလမ်းတစ်ခုကို တွေးရမယ်။ ပထမနှစ်ဆင့်ကို အမြင့်ဆုံးရောက်အောင် ကျင့်နိုင်ရင် အလယ်အလတ်အဆင့် ပါရမီရှိလောက် ရလာလောက်တယ်.. အစမ်းရှင်သန်ခြင်းမှာလို ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစားကျွမ်းကျင်မှုမှာ ပိတ်မိနေမှာ မဟုတ်ဘူး"
ဟန်ကျောက်က သူ့စိတ်ထဲမှာ တွေးကြည့်သည်။
သူဟာ အိပ်ရာမှ ထကာ ဗီရိုထဲရှိ အထုပ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် နံရံတွင် ချိတ်ထားသော သုတ်သင်ခြင်းဆေဘာကို ဖြုတ်ကာ ခါးတွင် ချိတ်လိုက်သည်။
ယခင်အစမ်းရှင်သန်မှုမှ နဂါးပျံအဖွဲ့ရှိ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားသည် အသက်ရှည်ဂိုဏ်းနှင့် ဆက်စပ်နေပြီး ထိုအသက်ရှည်ဂိုဏ်းသည် နတ်ဆိုး- ကောင်းကင်ဖင်းဘုရင်နှင့် ဆက်စပ်နေသည်ကို တွေ့မြင်နိုင်၏။
သူသည် အသက်ရှည်ဂိုဏ်းကို ဖြိုဖျက်ပြီး ကောင်းကင်ဖင်းဘုရင်ကို အနိုင်ယူရန် မလိုအပ်ပေ။ သူလုပ်ရန်လိုအပ်သည်မှာ အသက်ရှည်ဂိုဏ်း၏ နောက်ခံကို ရှာဖွေပြီး ထူးခြားမှုအနီးတွင် ပေါ်လာနိုင်သော နတ်ဆိုးများကို ရှောင်ရှားရန် ဖြစ်သည်။
"ခေါင်းဆောင်ချီ.. မင်းနောက်ထပ် ခြောက်လလောက် အသက်ရှင်ပြီးရင် လုံလောက်သင့်တယ် မလား။ မင်းမသေရင် ငါက စိတ်အေးမှာ မဟုတ်ဘူး"
ဟန်ကျောက်သည် ညင်သာစွာ ရေရွတ်၏။