← Chapters

အခန်း (၁၀၀)

Vol. 7 Ch. 100

အခန်း (၁၀၀)

Vol. 7 Ch. 100

God Genzo:

အတိတ်တွင် သူမသည် သူငယ်ချင်းဖြစ်သူကို စိုးရိမ်သောကြောင့် ရှလင်ကို ဟန်ကျောက်နှင့် အချိန်မဖြုန်းစေလိုခဲ့ပါ။ ဟန်ကျောက်၏ အရည်အချင်းမှာ သာမန်ဖြစ်ပြီး အကြောင်းမဲ့ မာနကြီးသည်ဟု သူမ ခံစားခဲ့ရသည်။

သူ၏ ချောမောသော ရုပ်ရည်မှလွဲ၍ ကောင်းသော အချက်အလက်များ မရှိဟု သူမ ထင်ခဲ့၏။ အနာဂတ်အောင်မြင်မှုသည် အကန့်အသတ်ရှိမှာပါ။

နောက်ပိုင်းတွင် စုန့်ချွေကြောင့် ဟန်ကျောက်အပေါ် သူမ၏ အထင်အမြင် ပြောင်းလဲသွားသော်လည်း သူမသည် သူ့ကို ရှလင်နှင့် သင့်တော်လာရုံ ယူဆနိုင်သည်ဟုသာ ခံစားခဲ့ရသည်။

ယနေ့ အခြေအနေကို ကြည့်ခြင်းအားဖြင့် ကျောက်နက်မြို့၏ အင်အားအကြီးဆုံး မိသားစုနှစ်ခုသည် သူ့ကို အထူးဧည့်သည်တစ်ဦးအဖြစ် ဆက်ဆံနေကြပံုပါ။

အဘယ်ကြောင့်နည်း...

“စုယွင် စုယွင်”

ရှလင်က စုယွင်ကို နှစ်ကြိမ်ခေါ်လိုက်သည်။ သူမ၏ တုံ့ပြန်ခြင်းမရှိသည်ကို မြင်ရသောကြောင့် အသံထပ်မြှင့်ကာ

“စုယွင်..” ဟု ထပ်ခေါ်လိုက်၏။

“ဟမ်”

“ငါတို့ စားပွဲကို အတူတူသွားကြမလား”

“အင်း.. ကောင်းပြီလေ”

ညအချိန်...

မူးယစ်လရောင်စံအိမ်၌...

ဝိုင်သုံးချီကို သောက်ပြီးနောက် ဟန်ကျောက်သည် တောင်းပန်ကာ ထွက်ခွာရန် ပြင်ဆင်၏။ ထိုအခြင်းအရာကို မြင်သော ရှလင်လည်း ထရပ်သည်။

ဝူပီနှင့် ဝမ်ရှဲတို့က နှစ်ဦးသားကို တံခါးဝအထိ လိုက်ပို့ကြ၏။ ဟန်ကျောက်သည် ရှလင်ကို စကားအနည်းငယ်ပြောပြီးနောက် တစ်ယောက်တည်း သိုင်းကျောင်းသို့ အလျင်အမြန် ပြန်လာခဲ့သည်။

စုယွင်သည် စားသောက်ဆိုင်မှ ထွက်လာပြီး ရှလင်ကို အမြန် လိုက်မီသွား၏။

“ရှလင်.. ဂျူနီယာဟန်…”

စုယွင်သည် တစ်ခုခုပြောချင်သော်လည်း တုံ့ဆိုင်းနေ၏။ သူမအနေနှင့် စိတ်ဝင်စားမိ‌ေနသော်လည်း မေးရန် မလွယ်ကူပေ။

“တကယ်တော့ အရမ်းရိုးရှင်းပါတယ်။ မောင်လေးဟန်လည်း မကြာသေးခင်က သွေးသန့်စင်ခြင်းအဆင့်ကို အဆင့်တက်သွားလို့”

ရှလင်က ပြုံးပြီး ပြောသည်။

အကြောင်းမှာ ဟန်ကျောက်သည် လုယီကို ဝန်ခံရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်၏။ သတင်းသည် အလွန်လျင်မြန်စွာ ပျံ့နှံ့သွားမည် ဖြစ်သောကြောင့် သူမအနေနှင့် ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။

“ဘာ... ဂျူနီယာဟန်... သူ…”

စုယွင်၏ ခန္ဓာကိုယ်ဟာ တုန်ယင်သွားပြီး သူမ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွား၏။

အသက် ၂၀ အရွယ် သွေးသန့်စင်ခြင်းအဆင့်...

သူသည် စီရင်စုမြို့တော်၌ပင် ပါရမီရှင်တစ်ဦးနှင့် တူညီပါသည်။ ထို့အပြင် ဟန်ကျောက်တွင် နောက်ခံအင်အားမရှိဘဲ သူမတို့ကဲ့သို့ အစောပိုင်းအဆင့်များတွင် ကျင့်ကြံခြင်း အရင်းအမြစ်များကို စိုးရိမ်စရာမလိုသည့်လူ မဟုတ်ပေ။

မဟုတ်ပါက သူသည် အသက် ၁၈ နှစ် သို့မဟုတ် ၁၉ နှစ်တွင် အဆင့်တက်သွားနိုင်မည်ဖြစ်၏။

အံ့ဩစရာ မရှိပေ…

ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် စုယွင်ဟာ အသာ သက်ပြင်းချလိုက်သည်။

“ရှလင်.. အကဲဖြတ်မှုပိုင်းမှာ… ငါနင့်ကို မမီဘူး…”

ဘန်း...

ဟန်ကျောက်သည် တောင်ဖြိုလက်သီး သိုင်းကျောင်းသို့ ပြန်ရောက်လာသည်။ လုယီ၏ အခန်းတံခါးဝသို့လျှောက်ဝင်လိုက်သည်နှင့် မင်ရည်ကဲ့သို့ နက်မှောင်ပြီး ကျောက်စိမ်းနက်နှင့်တူသော ဧရာမလက်သီးတစ်လုံး ရုတ်တရက် သူ၏ရင်ဘတ်ဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။

သူ့ကို ထိုးလိုက်သူမှာ လုယီဖြစ်၏။

“ထပ်ပြီးတော့လား”

ဟန်ကျောက်သည် ရယ်ရမလို ငိုရမလို ဖြစ်နေသည်။ သူသည် လုယီ၏ လက်သီးကို ရှောင်တိမ်းလိုက်ပြီး လုယီ၏ လက်အနောက်ဘက်ကို ပုတ်ကာ သူ၏လက်သီးကို လမ်းကြောင်းလွှဲလိုက်သည်။

“‌ေကာင်းတယ်ကောင်လေး”

ဟန်ကျောက်၏ လက်ဝါးမှ လာသော ကြီးမားသော အင်အားကို ခံစားလိုက်ရသော လုယီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

သူသည် ဟန်ကျောက်၏ လက်မောင်းကို ဆွဲကာ အင်္ကျီလက်ကို လှန်တင်လိုက်သည်။ ဟန်ကျောက်၏ နီရဲပြီး ဖုဖောင်းနေသော လက်မောင်းပေါ်ရှိ ရှင်းလင်းသော တောင်ပုံအမှတ်အသားကို မြင်ရသောအခါ လုယီ၏ မျက်ဝန်းများသည် ရုတ်တရက် ကျဉ်းမြောင်းသွား၏။

ထို့နောက် သူသည် အခြားအင်္ကျီလက်ကို လှန်တင်လိုက်ပြီး တူညီသော တောင်ပုံအမှတ်အသား ပေါ်လာခြင်းကို တွေ့ရသည်။

“သွေးချီချိုးဖျက်မှု နှစ်ထပ်... ကောင်လေး မင်းက တကယ်ကို အထင်ကြီးစရာပဲ”

လုယီသည် အံ့အားသင့်ဝမ်းသာ‌ေနပြီး ဒေါသထွက်စွာ ရယ်မောမိသည်။

“ဆရာ.. ကျွန်တော် မကြာသေးခင်ကမှ အဆင့်တက်ခဲ့တာလို့ ပြောရင် ဆရာ ယုံမှာလား”

ဟန်ကျောက် ပြုံးသည်။

“သွားစမ်းပါ”

သုံးလသည် မြန်လည်းမမြန် နှေးလည်းမနှေးပေ။

ဟန်ကျောက်သည် ကျုခန်ရှန်း၏ သတင်းစကားကို အလျင်အမြန် ရရှိခဲ့သည်။

ယနေ့သည် ဓားနှင့် ဆေဘာကို အောင်မြင်စွာ ပြန်လည်ပုံသွင်းသည့်နေ့ဖြစ်သည်။ ဤသည်မှာ ကျုခန်ရှန်းနှင့် သူနှုတ်ဆက်ရသည့်နေ့လည်း ဖြစ်၏။

ဟန်ကျောက်သည် စုန့်ချွေအဖြစ် အသွင်ယူကာ လင်းယုန်ပျိုးထောင်ခြင်း စံအိမ်သို့ ဦးတည်သွားခဲ့သည်။

စံအိမ်သို့ သူဝင်လိုက်သည်နှင့် စံအိမ်သခင် ချူထယ်က နောက်ဖေးခန်းမသို့ ဖိတ်ခေါ်၏။

ဟန်ကျောက်သည် လင်းယုန်ပျိုးထောင်ခြင်း စံအိမ်တွင် ရှိနေစဉ် ဒီချူထယ်နှင့် ဆက်ဆံခဲ့ပြီး တစ်ဖက်လူသည် မဆိုးကြောင်း သူခံစားရသည်။

အကြောင်းမှာ ချူထယ်သည်လည်း ကျုခန်ရှန်းနှင့် တူညီသောကြောင့်ဖြစ်၏။ သူ၏မိသားစုသည်လည်း နဂါးပျံအဖွဲ့၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရသည်။

ထို့အပြင် ကျုခန်ရှန်းက သူ့ကို လုံးဝယုံကြည်နိုင်သည်ဟု ပြောခဲ့၏။ ဓားနှင့် ဆေဘာ ပြန်လည်ပုံသွင်းရန် သူ့အကူအညီကိုလည်း လိုအပ်သောကြောင့် ဟန်ကျောက်သည် ချူထယ်ကို ထိုအကြောင်းအား ပြောပြရန် သဘောတူခဲ့သည်။

“သူရဲကောင်းစုန့်.. ခန်ရှန်း အထဲမှာ ရှိပါတယ်။”

ချူထယ်သည် နောက်ဖေးခန်းမရှိ ထုလုပ်ခြင်းအခန်း၏ တံခါးဝသို့ ရောက်လာပြီး တံခါးဝတွင် ရပ်နေကာ ဟန်ကျောက်ကို ဝင်ရန် လက်ဟန်ပြပြီး သူကိုယ်တိုင်ဟာ တံခါးဝတွင် နေခဲ့သည်။

၎င်းသည် စံအိမ်ရှိ သက်ကြီးရွယ်အို ပန်းပဲသမားများ အထူးအသုံးပြုသော ထုလုပ်ခန်းဖြစ်သည်။ သူသည် ဟန်ကျောက်အတွက် ဓားနှင့် ဆေဘာ ပြန်လည်ပုံသွင်းပေးကတည်းက ဒီနေရာကို အခြားမည်သူ့ကိုမျှ အသုံးပြုခွင့် မပြုခဲ့ပေ။

စံအိမ်ရှိလူများက စံအိမ်ပိုင်ရှင်နှင့် ဒုတိယစံအိမ်ပိုင်ရှင်တို့သည် ကြီးမားသော အော်ဒါတစ်ခုကို လက်ခံရရှိထားပြီး နေ့ရောညပါ ထုလုပ်နေကြသည်ကိုသာ သိကြသည်။ အခြားမည်သည့်အရာကိုမျှ မသိကြပါ။

အကြောင်းမှာ နှစ်ဦးသားသည် မည်သူမျှ ချောင်းမြောင်းဝင်ရောက်ခြင်း မပြုနိုင်စေရန် အခန်း၏ တံခါးကို အလှည့်ကျ စောင့်ကြပ်နေသောကြောင့် ဖြစ်၏။

“စံအိမ်သခင်ချူ... ကျေးဇူးတင်ပါတယ်။”

ဟန်ကျောက်က လက်နှစ်ဖက်ကို ယှက်ကာ ပြောပြီးနောက် လျှောက်ဝင်သွားသည်။

သူဝင်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်အပူချိန်သည် ရုတ်တရက် မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ နွေရာသီတွင် ချွေးပေါင်းခန်းထဲသို့ ဝင်သွားရသကဲ့သို့ ရှိ၏။ ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းက သူပူနေသည်ဟု ပြောနေသကဲ့သို့ပင်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ စတုရန်းမီတာ ၃၀ ခန့်ရှိသော ပန်းပဲခန်းသည် ဗလာကျင်းနေကြောင်းကို တွေ့ရ၏။ အလယ်ရှိ ဓားထုလုပ်ခြင်းကန်၏ ရှေ့တွင် ကျုခန်ရှန်းတစ်ယောက်သာ ရပ်နေသည်။

စတုဂံပုံ ဓားထုလုပ်ခြင်းကန်ကို ဘာမှန်းမသိသော အနက်ရောင်- အနီရောင် မီးသွေးအလွှာဖြင့် ဖုံးအုပ်ထားသည်။ မီးသွေးသည် ဆက်တိုက်လောင်ကျွမ်းနေပြီး လူများကို လှော်နိုင်ပုံရသော ကြောက်မက်ဖွယ်အပူကို ထုတ်လွှတ်တတ်သည့် ခရမ်းရောင်-အနီရောင် မီးလျှံများကို ထုတ်လွှတ်နေသည်။

ထိုမီးတောက်အလုံး၏ အလယ်ရှိ ဓားထုလုပ်ခြင်းကန်တွင် ဆေဘာနှင့် ဓားတစ်လက်စီအား နှစ်ဖက်စလုံးတွင် ထောင့်ချိုးစိုက်ထားသည်။ ယခုအချိန်တွင် ဓားနှင့် ဆေဘာတို့ဟာ လောင်ကျွမ်းနေ၏။

ဟန်ကျောက်သည် ဓားထုလုပ်ခြင်းကန်ရှိ ဆေဘာနှင့် ဓားသည် သူ့ကို ခေါ်နေသကဲ့သို့ ထင်‌ယောင်ထင်မှား ခံစားရသည်။

“ညီလေးဟန်.. မင်းနောက်ဆုံးတော့ ရောက်လာခဲ့ပြီ။” ကျုခန်ရှန်းက ဟန်ကျောက်၏ လျှောက်လာမှုကို မြင်သောအခါ ပျော်ရွှင်စွာ ပြုံးသည်။

“ဒီနောက်ဆုံးအဆင့်ကို ပြီးမြောက်ဖို့ မင်းကိုယ်တိုင် လာမှ ဖြစ်မှာ”

“စံအိမ်ပိုင်ရှင်ကျု.. ခင်ဗျား…”

ဟန်ကျောက်ဟာ တစ်ခုခုပြောချင်သော်လည်း တုံ့ဆိုင်းနေ၏။ သူသည် ပိုမိုအားကောင်းသော လက်နက်တစ်ခုကို ရယူလိုသော်လည်း ကျုခန်ရှန်းကို သူ၏ဆေဘာနှင့် ဓားအတွက် သေဆုံးစေလိုသောဆန္ဒ မရှိပါ။

ကံမကောင်းစွာဖြင့် လောကတွင် အဆင်ပြေချောမွေ့ရန် ခက်ခဲသောအရာများစွာရှိပါသည်။

“ညီလေးဟန်.. မပြည့်စုံတဲ့ ထုလုပ်ခြင်းအတတ်ကို မြင်ပြီးလောက်ပြီ။ အဲဒီထဲမှာ တစ်ခုတည်းသော ပြည့်စုံတဲ့ အကြောင်းအရာကတော့ ‘ပူဇော်သက္ကာပြုခြင်း’ ပဲ”

ကျုခန်ရှန်းက ရှေ့သို့ လျှောက်လာရင်းက လေးလေးနက်နက် ပြောသည်။

“ခဏကြာရင်.. မီးဖိုမီး အပြင်းထန်ဆုံးအချိန်မှာ ငါ ဓားထုလုပ်ခြင်းကန်ထဲကို ခုန်ဆင်းမယ်။ ဆေဘာနဲ့ ဓားက ပန်းထိမ်သမားရဲ့ သွေးကို သောက်ပြီးရင် မင်းရဲ့ကိုယ်ပိုင်သွေးကို အသုံးပြုပြီး လမ်းပြအဖြစ် သုံးရမယ်။ အဲဒီအခါမှ ဆေဘာနဲ့ ဓားက အသိဉာဏ်ရပြီး မင်းရဲ့စိတ်နဲ့ ဆက်သွယ်တဲ့ တကယ့်ဒီဗိုင်းလက်နက် ဖြစ်လာဖို့ မျှော်လင့်ချက်ရှိမယ်။”

“ကျွန်တော် နားလည်ပါတယ်။”

ဟန်ကျောက်က ခေါင်းညိတ်သည်။

ဟန်ကျောက်၏ မခံမရပ်နိုင် ဖြစ်နေပုံကို မြင်ရသော ကျုခန်ရှန်းက လွတ်လပ်စွာ ပြုံးသည်။

“ညီလေးဟန်.. မင်း ငါ့အတွက် ဝမ်းနည်းနေစရာ မလိုပါဘူး။ ဒါဟာ ငါ့ဘဝရဲ့ အပျော်ရွှင်ဆုံးနဲ့ အပန်းပြေဆုံး အခိုက်အတန့်ပါ။ ငါ့ရဲ့လက်စားချေမှုကို ရခဲ့ပြီး ငါ့ရဲ့တစ်သက်တာ လက်ရာကို အသုံးပြုပြီး အကောင်းဆုံးလက်ရာတစ်ခုကိုလည်း ပုံသွင်းနိုင်ခဲ့တယ်။ ဒါဟာ ငါ့ဘဝရဲ့ တကယ့်ပျော်ရွှင်မှုပဲ”

“ဒါ့အပြင် မင်းလို သူရဲကောင်းအတွက် လက်နက်တွေ ထုလုပ်ပေးနိုင်ခဲ့တဲ့အတွက် ငါ့ဘဝမှာ နောင်တမရှိတော့ဘူး”

ကျုခန်ရှန်းသည် ဘေးနားရှိ ကျောက်တုံးစင်သို့ လျှောက်လာပြီး ထိုပေါ်ရှိ ဝိုင်အိုးကို ကောက်ယူလိုက်သည်။ သူသည် ခေါင်းမော့ကာ အားရပါးရ တစ်ငုံသောက်ပြီး ဟန်ကျောက်ကို ပေး၏။

ဟန်ကျောက်သည် ဝိုင်အိုးကို ယူကာ ပြင်းထန်သော ဝိုင်ကို သောက်လိုက်သည်။ သူ၏အစာအိမ်သည် ပြင်းထန်သောမီးတောက်ဖြင့် လောင်ကျွမ်းနေသကဲ့သို့ ခံစားရသ၏။

ကျုခန်ရှန်းသည် အားရပါးရ ရယ်မောသည်။ ဓားထုလုပ်ခြင်းကန်ရှိ လူးလွန့်နေသော မီးများကို ကြည့်ကာ သူ၏မျက်လုံးများသည် ရုတ်တရက် တောက်ပလာ၏။

“အချိန်ရောက်ပြီ”

ထိုသို့ပြောပြီး သူသည် ဝိုင်အိုးကို ကောက်ယူကာ ဓားထုလုပ်ခြင်းကန်၏ လှေကားထစ်များဆီသို့ လျှောက်သွားသည်။ သူ၏ခြေလှမ်းများသည် တည်ငြိမ်ပြီး လုံးဝ မတုံ့ဆိုင်းခဲ့ပေ။

“အစ်ကိုကျု”

ဟန်ကျောက် ရုတ်တရက် အော်လိုက်သည်။

ကျုခန်ရှန်းသည် ခြေလှမ်းများကို ရပ်တန့်ကာ သူ့ကို လှည့်ကြည့်၏။

“ဆေဘာဓား အသစ်ကို နာမည်ပေး‌ေပးပါလား”

ဟန်ကျောက်သည် သူ့ကို ဆက်နေရန် တိုက်တွန်းစကားတစ်ခွန်းမျှ မပြောခဲ့ပါ။ အကြောင်းမှာ ပန်းပဲသမားတစ်ဦး၏ နောက်ဆုံးဆန္ဒကို မလေးစားရာရောက်မည် စိုးသောကြောင့် ဖြစ်၏။

“ဘဝကို ကာကွယ်ဖို့ သတ်ဖြတ်တယ်.. ကံကြမ္မာကို ဖြတ်တောက်တာက ဘဝကို ဖြတ်တောက်တာ မဟုတ်‌ဘူး..”

ကျုခန်ရှန်းသည် အိုးထဲရှိ ဝိုင်ကို တစ်ငုံတည်းဖြင့် သောက်လိုက်ပြီး ဓားထုလုပ်ခြင်းကန်၏ အစွန်းသို့ လျှောက်သွားသည်။ လူးလွန့်နေသော မီးများသည် သူ၏ဘောင်းဘီကို လျင်မြန်စွာ လောင်ကျွမ်းစေပြီး သူ၏ခန္ဓာကိုယ်ဆီသို့ လျင်မြန်စွာ တက်လာ၏။

“ဓားနဲ့ဆေဘာ သူရဲကောင်း... ငါ့ခန္ဓာကိုယ်နဲ့ မင်းကို ကျေးဇူးဆပ်မယ်... ကောင်းတယ်... ကောင်းတယ်....”

ကျုခန်ရှန်းသည် အားရပါးရ ရယ်မော၏။ သူသည် လက်များကို ဖွင့်ကာ တစ်စုံတစ်ယောက်ကို ပွေ့ဖက်နေသကဲ့သို့ ဓားထုလုပ်ခြင်းကန်ထဲသို့ ခုန်ဆင်းသွားသည်။

ဘုန်း...

မီးလျှံများသည် ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ တက်ကြွသော မီးသည် အမိုးကို လှန်ချင်လိုသကဲ့သို့ ပေ ၃၀ ကျော်အထိ ခုန်တက်သွား၏။

ထိုအခြင်းအရာကို မြင်သော ဟန်ကျောက်သည် လေဟုန်စီးခြေထောက်ဖြင့် မြေပြင်ကို ပုတ်ကာ သက်ရှည်အစစ်အမှန် ချီကို အသုံးပြုပြီး သူ၏ခန္ဓာကိုယ်ကို ကာကွယ်လိုက်သည်။ သူသည် ဓားထုလုပ်ခြင်းကန်၏ အပေါ်ဆုံးသို့ ခုန်တက်သွား၏။

တိုတောင်းသော ဓားဖြင့် သူ၏လက်ကောက်ဝတ်ကို ခွဲလိုက်ပြီး သွေးများ ပန်းထွက်လာသည်။ ၎င်းသည် ရှေ့သို့ကျဆင်းကာ ကန်ထဲရှိ ဆေဘာနှင့် ဓားများပေါ်သို့ စီးကျသွား၏။

ရှဲရှဲ... ရှဲရှဲ...

ဆူပွက်နေသော ဆီအိုးထဲသို့ ရေစက်များ ကျရောက်သကဲ့သို့ ဓားထုလုပ်ခြင်းကန်ရှိ ဆေဘာနှင့် ဓားများသည် ချက်ချင်းပင် ပြင်းထန်စွာ တုံ့ပြန်လာကြသည်။

မီးလျှံများသည် လျင်မြန်စွာ စုစည်းလာပြီး မူလက နက်မှောင်နေသော ဆေဘာနှင့် ဓားသည် ပြောင်းလဲသွားသ၏။

ဓားကိုယ်ထည်သည် အနက်ရောင်မှ အဖြူရောင်သို့ ပြောင်းလဲသွားပြီး ငွေနှင်းကဲ့သို့ ဖြစ်လာသည်။

ဓားသွားသည် အနက်ရောင်မှ အနီရောင်သို့ ပြောင်းလဲသွားပြီး နေဝင်ရီ‌ေရာ သဲ့ကဲ့သို့ ဖြစ်သွားသည်။ ဓားနှင့် ဆေဘာမှ သွေးသားတော်စပ်သည့် ခံစားမှုတစ်ခု ထွက်ပေါ်လာ၏။

ခဏအတွင်း ဓားထုလုပ်ခြင်းကန်ရှိ မီးလျှံများ ပျောက်ကွယ်သွားသည်။ လူများကို အရည်ပျော်စေနိုင်ပုံရသော မြင့်မားသော အပူချိန်သည် ယခုအချိန်တွင် ပျောက်ကွယ်သွားပြီ ဖြစ်၏။

ဟန်ကျောက်သည် ဓားသွေးကန်၏ အစွန်းသို့ ဆင်းသက်လာပြီး သူ၏လက်ကောက်ဝတ်ရှိ ကြွက်သားများကို ထိန်းချုပ်ကာ သွေးထွက်ခြင်းကို တားဆီးလိုက်သည်။ တစ်ချိန်တည်းတွင် သူသည် လက်နှစ်ဖက်ကို ဆုပ်ကာ သူ၏စစ်မှန်သော ချီဖြင့် ဆေဘာနှင့် ဓားကို သူ၏လက်ဝါးထဲသို့ ဆွဲသွင်းလိုက်သည်။

God Genzo:

All Chapters