← Chapters

အခန်း (၁၀၃)

Vol. 7 Ch. 103

အခန်း (၁၀၃)

Vol. 7 Ch. 103

မုန့်ကျွယ်သည် လျင်မြန်စွာ တည်ငြိမ်လာခဲ့သည်။ သူသည် ခုနက တိုက်ခိုက်ချက် နှစ်ချက်အတွက် ပုံမှန်အားဖြင့် အမှန်တကယ်ကို အားကုန် အသုံးပြုခဲ့သည်။

သိုင်းသခင်တစ်ဦး၏ သွေးသန့်စင်ခြင်းအဆင့် ကျင့်ကြံသူအပေါ် အကြီးမားဆုံး အားသာချက်မှာ သူတို့၏ ကြီးမားသော အတွင်းအားဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုရှိသည်နှင့် သိုင်းသခင်၏ အတွင်းအားသည် ရန်သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နိုင်သည်။

တစ်ဖက်လူဟာ အတွင်းအားကို အသုံးပြီး တန်ပြန် တိုက်ခိုက်ခြင်း မပြုနိုင်ပါက ခုခံရန် အလွန်ခက်ခဲ၏။

တစ်ဖက်လူ၏ ခန္ဓာကိုယ်သည် တိုက်ရိုက်ရင်ဆိုင်ရန် လုံလောက်စွာ အားကောင်း‌ေနလျှင်တောင် အတွင်းအားသည် ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး အတွင်းအင်္ဂါများကို ထိခိုက်စေပါက မည်သည့် သိုင်းသမားမှ သေခြင်းမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

"ကျုပ် မင်းကို.. ကျုပ်ရဲ့အစွမ်းကုန်ကို ပြမယ်"

ဟန်ကျောက်၏ ဒန်တျန်အတွင်းရှိ အစစ်အမှန်ချီသည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာနေတာ ကြာပါပြီ။ သူ၏လမ်းညွှန်မှုအောက်တွင် ၎င်းသည် မြစ်လက်တက်များထဲသို့ ခွဲဖြာသော မြစ်တစ်စင်းကဲ့သို့ သူ၏ခန္ဓာကိုယ်ရှိ အကြော အချိတ်အဆက် အားလုံးကို ဆက်သွယ်သွားသည်။ လှိုင်းများစီးဆင်းနေသော အသံသည် ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။

အစစ်အမှန်ချီများ စီးဝင်လာမှုအောက်တွင် မူလကတည်းက နီရဲ‌ေနသော ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာ၏ ဓားသွားသည် အနီရောင်အလင်းဖြင့် တောက်ပလာပြီး ပို၍ပင် မိစ္ဆာဆန်လာသည်။

ဝိညာဉ်နတ်ဘုရား လှံချက်..

မုန့်ကျွယ်သည် သူနှစ်ပေါင်းများစွာ အသုံးမပြုခဲ့သော အားအကောင်းဆုံး လှုပ်ရှားမှုကို အသုံးပြုလိုက်သည်။ ၎င်းသည် သူ၏အစောပိုင်းနှစ်များတွင် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ဦးနှင့် တိုက်ခိုက်သောအခါ အသုံးပြုလေ့ရှိသော အဆုံးစွန်သော လှုပ်ရှားမှုဖြစ်၏။

အနက်ရောင်လှံ၏ မျက်နှာပြင်သည် မှေးမှိန်သော သွေးရောင်အလင်းဖြင့် ဖုံးလွှမ်းလာသည်။ မုန့်ကျွယ်၏ ကြွက်သားထူထဲသော လက်မောင်းများသည် ထပ်မံ၍ ကြီးထွားလာ၏။

၎င်းတို့သည် သာမန် အရွယ်ရောက်ပြီးသား လူတစ်ဦး၏ လက်မောင်းထက် သုံးဆခန့် ထူထဲသည်။ ဒီလှုပ်ရှားမှုသည် ထိုကောင်လေးကို တစ်ချက်တည်းဖြင့် သတ်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်၏။

ကျယ်လောင်သော တုန်ခါသံနှင့်အတူ သွေးရောင်ဆေဘာနှင့် အနက်ရောင်လှံတို့သည် တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံကာ ကြီးမားသော အသံကို ထုတ်လွှတ်လာခဲ့သည်။ အဆုံးမရှိသော အင်အားသည် နှစ်ဦးသားကို တုန်ခါစေပြီး ချက်ချင်း ခွဲထွက်သွားစေ၏။

"တော်တော် နီးသွားတာပဲ"

ဟန်ကျောက်က သူ၏ရင်ဘတ်ကို ငုံ့ကြည့်သည်။

သူ၏အဖြူရောင်အင်္ကျီတွင် ကြီးမားသော အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး သူ၏ရင်ဘတ်တစ်လျှောက်လံုးနီးပါး ပြန့်နှံ့ကာ အတွင်းထဲရှိ အနက်ရောင်သားရေအင်္ကျီကို ပေါ်လာစေသည်။

မုန့်ကျွယ်သာ ခွန်အားကို အနည်းငယ် ပိုသုံးလိုက်ပါက လှံသည် သံပြားနှင့် ကပ်ထားသော သားရေသံချပ်ကာကို ထိုးဖောက်ပြီး သူ၏ရင်ဘတ်ကို ထိုးဖောက်နိုင်လိမ့်မည်။

စက်.. စက်.. စက်..တစိမ့်စိမ့်

မုန့်ကျွယ်၏ ဘယ်ဘက်လက်မောင်းမှ သွေးများ ဆက်တိုက် စီးကျလာ၏။

"ဒါက… တောင်ခွဲဆေဘာအတတ်ပဲ… လုယီက မင်းနဲ့ ဘယ်လိုပက်သက်လဲ"

မုန့်ကျွယ်၏ ဘယ်ဘက်လက်မောင်းရှိ အသားများ လန်တက်သွားပြီး ဒဏ်ရာဟာ ပေတစ်ဝက်ခန့်မျှ ရှည်၏။

သူဟာ မယုံနိုင်သော မျက်နှာအမူအရာကို ပြသလာသည်။

တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံမှုတွင် အသာစီးမရခဲ့သည့်အပြင် အနည်းငယ်ပင် အရှုံးပေါ်ခဲ့သည်လား..

"မင်းရဲ့ အစွမ်းကုန်က ငါ့ရဲ့ အစွမ်းကုန်ထက် အားနည်းပုံပဲ"

ဟန်ကျောက်က ရယ်၏။ သူသည် အပေါ်ယံတွင် အေးအေးဆေးဆေး ရှိနေပုံရသော်လည်း စိတ်ထဲတွင် အလွန်သတိထားနေခဲ့သည်။ သက်ခြွေဓားကို မသုံးခဲ့သည်မှ လွဲ၍ သူ၏အစွမ်းကုန်နီးပါးအား အသုံးပြုခဲ့သည်။

အမှန်တကယ်ကို ဖြစ်သည်။ အတွင်းအားကို ဖမ်းဆုပ်နိုင်သည့် မည်သူမျှ အားနည်းသူ မဟုတ်ပေ။

ဘဇ်.. ဘဇ်.. ဘဇ်..

ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာသည် ထပ်မံ၍ တုန်ခါလာပြီး သွေးဆာခြင်း၏ အငွေ့အသက်များ တက်ကြွလာသည်။

"မင်း…"

မုန့်ကျွယ်ဟာ ဒေါသထွက်သွားသည်။ သူသည် သူ၏လက်မောင်းရှိ ကြွက်သားများကို ကျုံ့ကာ သွေးထွက်ခြင်းကို တားဆီးလိုက်သည်။

"တစ်ခုခု မှားနေပြီ.. မင်းရဲ့ဆေဘာမှာ တစ်ခုခု မှားနေပြီ"

မုန့်ကျွယ်သည် တစ်ခုခု မှားနေသည်ကို ရိပ်မိသည်။ သူ၏လက်မောင်းရှိ ကြွက်သားများသည် ဒဏ်ရာကို သွေးကြောင်းတစ်ခုသာကျန်အောင် ညှစ်ထားပြီးဖြစ်သော်လည်း သူသည် သွေးထွက်ခြင်းကို မတားဆီးနိုင်သေးပေ။

သူဟာ ထိတ်လန့်သွား၏။ သူ၏ဘယ်ဘက်လက်မောင်းရှိ ဒဏ်ရာသည် ကြောက်မက်ဖွယ်ကောင်းပြီး ပေတစ်ဝက်ကျော် ရှည်သော်လည်း အဓိကနေရာရှိ ဒဏ်ရာမဟုတ်သရွေ့ ၎င်းသည် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ဦးအတွက် အပေါ်ယံဒဏ်ရာသာဖြစ်သည်။ တိုက်ပွဲတွင် များစွာ သက်ရောက်မှု မရှိပေ။

သို့သော် သွေးထွက်ခြင်းကို မတားဆီးနိုင်ပါက ဒီဒဏ်ရာသည် သူ့ကို လျင်မြန်စွာ သေစေ‌ေပလိမ့်မည်။

"ဒါက သွေးဆာခြင်းလား"

ဟန်ကျောက်ဟာ ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာကိုရှေ့သို့ထောင်ကာ။ကြည့်သည်။ ခုနက မုန့်ကျွယ်၏ လက်မောင်းကို ခုတ်လိုက်သောအခါ ဓားသွားသည် မုန့်ကျွယ်၏ သွေးကို စုပ်ယူလိုက်ပုံရ၏။ ယခုအချိန်၌ ဓားသည် သွေးများ စီးကျနေသည့်အလား နီရဲနေပါသည်။

ထိုအချိန်တွင် အားနည်းသော သွေးအဆီအနှစ် စွမ်းအားသည် ဆေဘာမှ ဟန်ကျောက်၏ခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိလာပြီး သူ၏ကုန်ဆုံးသွားသော သွေးအဆီအနှစ်နှင့် ခွန်အားအချို့ကို ပြန်လည်ဖြည့်တင်းပေးသည်။

"ဟငးမ်"

ဟန်ကျောက်၏ မျက်လုံးများဟာ ပြောင်းလဲသွားပြီး သူ၏မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။

ဟန်ကျောက်၏ အံ့အားသင့်မှုကို ခံစားမိသကဲ့သို့ ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာသည်လည်း ပျော်ရွှင်သော ခံစားချက်ကို ထုတ်လွှတ်၏။ ၎င်းသည် အရွယ်ရောက်ပြီးသူတစ်ဦး၏ ချီးမွမ်းခြင်းခံရသော ကလေးငယ်တစ်ဦးကဲ့သို့ မနေနိုင်ပဲ မြူးတူးနေပါသည်။

"တော်တယ်.. မကြာခင် မင်းကို သိုင်းသခင်တစ်ယောက်ရဲ့ သွေးကို သောက်ခွင့်ပေးမယ်"

ဟန်ကျောက်ဟာ ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာကို တင်းတင်းဆုပ်ကိုင်ကာ ရယ်၏။

ဘဇ် ဘဇ် ဘဇ်...

ဟန်ကျောက်၏ ဘက်လိုက်မှုကို မကျေနပ်သကဲ့သို့ ဓားအိမ်မှ မထုတ်ရသေးသော သက်ခြွေဓားသည်လည်း ဓားမြည်သံ ထွက်ပေါ်လာခဲ့သည်။

ဟန်ကျောက်က သူ၏ဘယ်ဘက်လက်ကို ဆန့်ထုတ်ကာ လက်ကိုင်ကို ဆုပ်ကိုင်လိုက်မှ သက်ခြွေဓားဟာ တုန်ခါခြင်း ရပ်တန့်သွားသည်။

"ဆေဘာဆန္ဒ"

ဆေဘာကိုင်ထားသော စုန့်ချွေ၏ ဆေဘာနှင့် တစ်သားတည်း ဖြစ်သွားပုံရသည်ကို မြင်သော မုန့်ကျွယ်ဟာ အံ့အားသင့်သွားသည်။

သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ဦးသည် ဆေဘာဆန္ဒကို တကယ်နားလည်နိုင်ပြီး ဆေဘာနှင့် တစ်သားတည်းနီးပါး ဖြစ်သွားသော အဆင့်သို့ ရောက်ရှိနိုင်‌ေလသည်။ ထို့အပြင် သူ၏လက်နက်တွင် တစ်ခုခု မှားယွင်းနေ၏။

ဤသည်မှာ မုန့်ကျွယ်၏ သူ၏ကျင့်ကြံခြင်းအဆင့်ထက် နိမ့်သော သိုင်းသမားတစ်ဦးနှင့် ရင်ဆိုင်ရရာတွင် ပထမဆုံးအကြိမ် ကြောက်ရွံ့စွာ ခံစားရခြင်း ဖြစ်သည်။

"ငါ အရင်က ပြောခဲ့ပြီးသားပါ။ ဘယ်သူ့ကို ဘယ်သူက ချမ်းသာပေးရမယ်ဆိုတာ ပြောရခက်ပါတယ်လို့"

ဟန်ကျောက်သည် သူ၏ဘယ်ဘက်လက်ထဲရှိ သက်ခြွေဓားကို တင်းတင်းဆုပ်ကိုင်ကာ အစစ်အမှန်ချီကို စုစည်းရန် စတင်လိုက်သည်။ ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာဖြင့် မုန့်ကျွယ်ကို အားအင်ခမ်း‌‌ေခြာက်သည်အထိ တိုက်ခိုက်နိုင်‌ေလာက်သော်လည်း ဒီနေရာသည် ကိုးသွယ်မြို့နှင့် မဝေးလှပေ။ အချိန်ကြာမြင့်စွာ ဆိုင်းငံ့နေပါက.. နောက်ထပ် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ဦး ရောက်လာပါက.. သူသာလျှင် ဒုက္ခရောက်‌ေပလိမ့်မည်။

ဟန်ကျောက်၏ အေးစက်သော သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသည့် မုန့်ကျွယ်၏ မျက်လုံးများတွင် ကြမကြာတ်သည့် အရိပ်တစ်ခု ပေါ်လာခဲ့သည်။

အဆင့်အားသာချက်၊ သွေးချီအားသာချက်နှင့် အတွင်းအားအားသာချက်တို့ ရှိသည့် သူဟာ ရှုံးနိမ့်မှာ မဟုတ်ပေ။ သူ ကြောက်ရွံ့‌ေနလို့ မဖြစ်ပေ။ တိုက်ပွဲကို မြန်မြန် အဆုံးသတ်ရပေမည်။

ဝိညာဉ်လိုက်ခြင်းလှံ၊ ဝိညာဉ်နတ်ဘုရား လှံသုံးချက်..

မုန့်ကျွယ်သည် သူ၏ခန္ဓာကိုယ်ရှိ ချီနှင့် သွေးအားလုံးကို လက်မောင်းများတွင် စုစည်းလိုက်သည်။ ဝိညာဉ်လိုက်ခြင်း၊ ဝိညာဉ်လုယူခြင်း၊ ဝိညာဉ်နတ်ဘုရားတို့.. ပုံစံသုံးမျိုးလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်၏။

ငယ်စဉ်က ဒီလှုပ်ရှားမှုဖြင့် သူဟာ အဆင့်တူ သိုင်းသခင်တစ်ဦးကို သတ်ဖြတ်ခဲ့ဖူးသည်။ ယခုလည်း ထိုနည်းတူပင် ဖြစ်၏။

ထိုအချိန်၌... မုန့်ကျွယ်ဟာ သယ၏ အရှိန်အဝါတို့ အထွတ်အထိပ်သို့ ရောက်ရှိတော့မည်ဟု ခံစားလိုက်ရသည့် အချိန်၌ ဟန်ကျောက်၏ ရွေ့လျားသွားမှုကို ရုတ်တရက် သတိပြုမိလိုက်သည်။

"ကလန်"

ဓားဆွဲထုတ်သံ ထွက်ပေါ်လာသည်။ မုန့်ကျွယ်သည် နှင်းပွင့်ကဲ့သို့ တောက်ပသော ဓားရောင်တစ်ခုကိုသာ မြင်လိုက်ရသည်။ နောက်တစ်စက္ကန့်တွင် သူ၏အမြင်အာရုံသည် သွေးရောင်များဖြင့် ဖုံးလွှမ်းသွား၏။

ဒုတ်။

"ဓားဆန္ဒ.. ဆေဘာဆန္ဒ.. ငါ သေပြီလား"

မုန့်ကျွယ်သည် မြေပြင်ပေါ်သို့ လဲကျသွားသော ခေါင်းပြတ်နေသည့် ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ သူ၏ရင်ဘတ်တွင် နီရဲသော ဓားရှည်တစ်လက် စိုက်ဝင်နေပြီး သွေးများ ဆက်တိုက် စီးထွက်နေ၏။

ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်များသည် အသက်အလွန်ပြင်းကြသည်။ ခေါင်းဖြတ်ခံရလျှင်ပင် ချက်ချင်း မသေကြပေ။

မုန့်ကျွယ်၏ မျက်နှာတွင် ကြောက်ရွံ့မှု၊ ရှုပ်ထွေးမှု၊ သံသယနှင့် မကျေနပ်မှုများ ပြည့်နှက်နေ၏။

သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ဦးသည် မည်သို့ အင်အားကြီးနိုင်ရသနည်း။

အဆင့်မြင့် သိုင်းသမားတစ်ဦးပင် 'စိတ်ဆန္ဒ'နယ်ပယ်သို့ သေချာပေါက် ဝင်ရောက်နိုင်မည်ဟု မပြောရဲပေ။ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ဦးသည် ဆေဘာဆန္ဒနှင့် ဓားဆန္ဒကို တစ်ချိန်တည်း နားလည်ပြီး သူနှင့် တိုက်ဆိုင်စွာ တွေ့ဆုံခဲ့၏။ အဘယ်ကြောင့်နည်း။

မကျေနပ်မှုများဖြင့် မုန့်ကျွယ်သည် ထာဝရ မျက်လုံးများ မှိတ်သွားခဲ့သည်။

"ဟူး ဟူး.."

ဟန်ကျောက်ဟာ အနည်းငယ် အသက်ရှူမဝဖြစ်သွားသည်။ သူ၏ခန္ဓာကိုယ်ရှိ အစစ်အမှန်ချီအများစုသည် ချက်ချင်း ပျောက်ကွယ်သွားပြီး ဗလာကျင်းသော ခံစားချက်တစ်ခု ပေါ်လာကာ သူ့ကို အနည်းငယ် မသက်မသာဖြစ်စေ၏။

သွေးများကို ရူးသွပ်စွာ သောက်သုံးနေသော ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာကို ကြည့်ကာ သူသည် အလျင်အမြန် ဒူးထောက်ထိုင်ပြီး အလောင်းကို ရှာဖွေလိုက်သည်။

နောက်ဆုံးတွင် ငွေတစ်ထောင်လျန်ကိုသာ တွေ့ရှိခဲ့၏။

[ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်များသည် တကယ်ကို ချမ်းသာကြွယ်ဝကြသည်။ နောက်ထပ် အနည်းငယ် သတ်လိုက်ပါ။ တကယ်တော့....]

[...]

"ချီး..."

God Genzo:

All Chapters