အခန်း (၁၀၂)
Vol. 7 Ch. 102
“ထားလိုက်ပါတော့။”
ဟန်ကျောက်ဟာ ခေါင်းခါယမ်းကာ ရယ်၏။
အလွန်အကျွံ တွေးေတာနေစရာ မလိုပေ။
သူသည် အစမ်းရှင်သန်ခြင်းတွင် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ဦးနှင့် တွေ့ဆုံခဲ့စဉ်ကထက် များစွာ သန်မာနေပြီး ဖြစ်၏။
သက်ရှည်ကျမ်းကိုလည်း သွေးချီချိုးဖျက်မှု တတိယအဆင့်နှင့် နှိုင်းယှဉ်နိုင်သော အဆင့်သို့ မြှင့်တင်ပြီးဖြစ်ရာ ပိုတောင် စိုးရိမ်စရာ မလိုပေ။ ဒီလအနည်းငယ်အတွင်းတွင် သူသည် လေဟုန်စီးခြေထောက်၊ ယင်ဖင်းလက်ဝါးနှင့် တောင်ဖြိုလက်သီးတို့ကို ဒုတိယအဆင့်သို့ ကျင့်ကြံပြီး ဖြစ်၏။
သူသည် လေဟုန်စီးခြေထောက်ကို အများဆုံး အားစိုက်ထုတ်ခဲ့ပြီး ဒုတိယအဆင့်၏ ပြီးပြည့်စုံမှု ၅၅% သို့ ရောက်ရှိနေပြီ ဖြစ်သည်။ တတိယအဆင့်သို့ တက်လှမ်းရန် လအနည်းငယ်သာ လိုအပ်၏။
ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ဦးကို မယှဉ်နိုင်သော်လည်း ဒဏ်ရာမရဘဲ ဆုတ်ခွာရန်မှာ ပြဿနာမဟုတ်ပေ။
ဟန်ကျောက်သည် သူ၏ခါးတွင် ဆေဘာနှင့် ဓားကို ချိတ်ဆွဲကာ ထုလုပ်ခ်းအခန်းမှ လျှောက်ထွက်သွားသည်။
“သူရဲကောင်းစုန့်... ညီလေး ကျု…”
ချူထယ်က ဟန်ကျောက် လျှောက်ထွက်လာသည်ကို မြင်သောအခါ အလျင်အမြန် သူ့ဆီသို့ လျှောက်သွားသည်။
“အစ်ကိုကျု.. သူ့ကိုယ်သူ စတေးသွားပြီ”
ဟန်ကျောက်က အသံနိမ့်စွာ ပြောသည်။
သူပြောနေစဉ် သူသည် သူ၏ခါးမှ ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာနှင့် သက်ခြွေဓားကို ချွတ်ကာ ချူထယ်ကို ပေးလိုက်သည်။
“ဒါက အစ်ကိုကျုရဲ့ အနှိုင်းမဲ့ လက်ရာပဲ။”
“ကျေးဇူးတင်ပါတယ်။”
ကျူထယ်က ဆေဘာနှင့် ဓားကို ယူလိုက်သည်။
ကလန်..
သူက ဆေဘာနှင့် ဓားကို တစ်ပြိုင်နက် ဆွဲထုတ်လိုက်သည်။ ပုံမှန်အတိုင်း ရှိနေသည့် ဆေဘာနှင့် ဓားကိုယ်ထည်ကို ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်၏။ ထို့နောက် ဆေဘာနှင့် ဓားကို ဓားအိမ်ထဲသို့ ထည့်ကာ လက်နှစ်ဖက်ဖြင့် ပြန်ပေးလိုက်သည်။
“ညီလေးကျုဟာ မသေဆုံးခင် သူရဲကောင်းစုန့်လို ယုံကြည်အားထားရတဲ့ မိတ်ဆွေကောင်းတစ်ယောက် ရခဲ့တာ တော်တော်ကံကောင်းတာပဲ။ နောက်ဘဝမှာတောင် ပြုံးေနနိုင်လောက်တယ်”
ချူထယ်၏ မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နှာက်လာ၏။ သူသည် ကျုခန်ရှန်း၏ အော်ဟစ်သံကို ရှင်းရှင်းလင်းလင်း ကြားခဲ့သည်။
“စံအိမ်ပိုင်ရှင်ချူ နောင်တစ်ချိန်မှာ ကျွန်တော် လင်းယုန်ပျိုးထောင်ခြင်း စံအိမ်ကို ပြန်လာပါ့မယ်။ ကျွန်တော့်ရဲ့ စွမ်းေဆာင်နိုင်ရည်အတွင်းမှာ ရှိရင် တစ်ကြိမ် ကူညီေပးပါ့မယ်”
ဟန်ကျောက်က မထွက်ခွာမီ ကတိတစ်ခု ပေးခဲ့သည်။ သူ၏ ကျုခန်ရှန်းနှင့် တွေ့ဆုံမှုသည် အလကား မဟုတ်ခဲ့ပေ။
“သူရဲကောင်းစုန့်က တော်တော်ကို ဖြောင့်မတ်တာပဲ..”
ဟန်ကျောက်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ကာ ချူထယ်က ဦးညွှတ်သည်။ ဒီကမ္ဘာတွင် သူရဲကောင်းများ များများစားစား မကျန်တော့ပေ။
ဟန်ကျောက်သည် လင်းယုန်ပျိုးထောင်ခြင်း စံအိမ်မှ ထွက်ခွာပြီးနောက် ကိုးသွယ်မြို့သို့ ခရီးထွက်ရန် ပြင်ဆင်ခဲ့သည်။
ပြီးခဲ့သောတစ်ကြိမ်က လျန်ချန်းရွှယ်က အချိန်ရလျှင် လာလည်ရန် ပြောခဲ့၏။ တိုက်ဆိုင်စွာပင် သူ့တွင် မေးစရာအချို့လည်း ရှိနေပါသည်။
သူသည် လျန်ချန်းရွှယ်နှင့်သာ နှစ်ယောက်တည်း ဆက်သွယ်ေပြာဆို နိုင်ပါက သူမ၏ အတွင်းခံဝတ် အရောင်ကိုပင် မေးမြန်းနိုင်လောက်သည်။
ထိုသို့ တွေးမိသော ဟန်ကျောက်သည် ကိုးသွယ်မြို့သို့ အလျင်အမြန် ဦးတည်လိုက်သည်။ သို့သော် တစ်ဝက်ခန့်သို့ ရောက်သောအခါ သစ်တောတစ်ခုကို ဖြတ်သန်းသွားစဉ် ခြေလှမ်းများကို ရပ်တန့်လိုက်၏။
“ဆာ.. ကျွန်တော့်နောက်ကို တစ်လျှောက်လုံး လိုက်နေတာ.. ဘာလို့ ကိုယ်ထင်ပြမကြည့်တာလဲ..”
“တော်တဲ့ကောင်လေး.. မင်းက တကယ်ထက်တာပဲ”
ကြွက်သားများ အပြည့်ရှိပြီး ကျောတွင် သံလှံတစ်လက် ထမ်းထားသော အရည်အချင်းရှိပုံပေါ်သည့် သက်ကြီးရွယ်အိုတစ်ဦး လျှောက်ထွက်လာသည်။
[ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင် ဖြစ်သည်။အတွင်းအား အကာအကွယ် ရှိပြီး အတွင်းအားကို အလိုရှိတိုင်း အသက်သွင်းနိုင်သည်။ လက်တစ်ဖက်သည် အလေးချိန် ကီလိုဂရမ် ၅၀၀ ကို အလွယ်တကူ မနိုင်သည်။ သူ့တွင် ငွေများများသယ်ဆောင်တတ်သည့် အကျင့်ကောင်း ရှိမရှိ မသိပါ။]
“ခင်ဗျားက မုန့်ကျွယ်လား”
ဟန်ကျောက်ဟာ မျက်ခုံးပင့်သွား၏။
“မင်းငါ့ကို သိနေပြီဆိုတော့.. အခုအညံ့ခံရင် မင်းအသက်ကို ချမ်းသာပေးတာလည်း ဖြစ်နိုင်တယ်”
မုန့်ကျွယ် အံ့သြခြင်း မရှိပေ။ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ဦးအနေဖြင့် ကျောက်နက်မြို့တွင် သူ့ကို မသိခြင်းသည်သာ ထူးဆန်းနေပေလိမ့်မည်။
“ကျုပ်အသက်ကို ချမ်းသာပေးမယ်”
ဟန်ကျောက် ရယ်၏။
“ဘယ်သူ့ကိုဘယ်သူ ချမ်းသာပေးရမယ်ဆိုတာ ပြောရခက်ပါတယ်။”
“မင်း.... မောက်မာတဲ့ကောင်”
မုန့်ကျွယ်ဟာ ဒေါသထွက်သွားသည်။ သူ၏လက်မောင်းများက တုန်ခါသွားပြီး သံလှံကို ချည်ထားသော အဝတ်ဟာ ပြတ်ကျသွားသည်။ သူက လှံကို မြှောက်ကာ ထိုးလိုက်၏။
God Genzo:
ကလန်..
ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာသည် ရုတ်တရက် ဓားအိမ်မှ ထွက်လာပြီး အနီရောင်မြစ်ကြောင်းသဖွယ် ပြောင်းလဲကာ သံလှံ၏ ထိပ်ပိုင်းကို တိကျစွာ ပိုင်းဖြတ်လိုက်သည်။
မီးပွားများသည် အရပ်မျက်နှာအနှံ့ လွင့်စင်သွားပြီး သူ၏နားထဲတွင် ကြီးမားသော တုန်ခါသံတစ်ခု ပေါ်လာသည်။
"ဘယ်လောက် ကြီးလိုက်တဲ့ အင်အားလဲ.."
ဆေဘာမှ စီးဆင်းလာသော ကြောက်မက်ဖွယ် အင်အားကို ခံစားလိုက်ရသော ဟန်ကျောက်၏ လက်ကောက်ဝတ်ဟာ အနည်းငယ် တုန်ခါသွား၏။
အမှန်စင်စစ် ခွန်အားအရ သူသည် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ဦးထက် နိမ့်ကျခြင်း မရှိပေ။ သို့သော် မုန့်ကျွယ်၏ ခွန်အားတွင်လည်း လွှမ်းမိုးကြီးစိုးသည့် အတွင်းအား ပါဝင်၏။
အတွင်းအား တစ်ခုတည်း ဆိုပါက ဟန်ကျောက်ဟာ တစ်ဖက်လူထက် အားနည်းသည်။ သို့သော် သူသည် အတွင်းအားကိုသာ အားကိုးသည်ဟူ၍ မရှိခဲ့ဖူးပေ။
ထိုလွှမ်းမိုးသောသော အတွင်းအားသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ သူ၏ခန္ဓာကိုယ်အတွင်းရှိ အားကောင်းသော သွေးချီနှင့် အစစ်အမှန် ချီတို့ဖြင့် ခေျပခံရ၏။
"ဟင်"
မုန့်ကျွယ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူ၏စွမ်းအား ၇၀% ပါဝင်သော ထိုးနှက်ချက်သည် စုန့်ချွေကို မဖြိုလှဲနိုင်ခဲ့ပေ။ တိုက်ခိုက်ချက်တွင် သူ၏အတွင်းအားကိုပင် အသုံးပြုခဲ့၏။
တစ်ဖက်လူကတော့ သူ၏လှံထိပ်ကို တိုက်ရိုက်ခံယူပြီး အတွင်းအားကို ရင်ဆိုင်ရာတွင် နောက်သို့ပင် မရွေ့လျားခဲ့ပေ။
ရွှက်...
မုန့်ကျွယ်သည် သံလှံကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးချီများ မြင့်တက်လာပြီး သူ၏ကြွက်သားများဟာ သွေးနှင့်အတူ လျင်မြန်စွာ ထကြွလာကာ ထူထဲသော သူ၏ကြွက်သားများသည် ကျောက်ဆစ်ရုပ်တစ်ခုကဲ့သို့ ချက်ချင်း ဖောင်းကားလာသည်။
သူ၏ခန္ဓာကိုယ်သည် ပို၍ပင် ကြီးထွားလာပြီး အပေါ်ပိုင်းရှိ အနက်ရောင် လက်တိုအင်္ကျီသည် ပေါက်ထွက်သွားကာ ဆေဘာနှင့် ပုဆိန်နှင့်တူသည့် အံ့ဖွယ် ကြွက်သားများ ပေါ်လာခဲ့၏။
သူဟာ ပေါက်ကွဲအားကောင်းသည့် ကြောက်မက်ဖွယ် အင်အားများဖြင့် ပြည့်နှက်နေပါသည်။
ဝိညာဉ်လိုက်ခြင်း...
လှံသည် နဂါးတစ်ကောင်ကဲ့သို့ ပျံသန်းဖွက်သွားသည်။ ကြောက်မက်ဖွယ် အင်အားနှင့် အတွင်းအားတို့သည် လှံ၏ထိပ်တွင် စုစည်းလာပြီး လေကို ခွဲထွက်သွားသော ထက်ရှသည့် အသံသည် နားစည်ကိုပင် ခွဲပစ်နိုင်ပုံရသည်။
ကလန် ကလန် ကလန်...
ဟန်ကျောက်ဟာ မုန့်ကျွယ်၏ အရှိန်အဟုန် မြင့်မားလှပုံကို တွေ့မိပြီးနောက် ရှောင်တိမ်းလိုက်လို၏။ သို့ပေမယ့် တစ်ဖက်လူဟာ ခန္ဓာကိုယ် ကြီးထွားလာပြီးနောက် သူ၏ခွန်အားသည် များစွာ တိုးလာသည်ကို သတိပြုမိပေမယ့် အမြန်နှုန်းသည် လုံးဝ မထိခိုက်ဘဲ ပို၍ပင် မြန်လာကြောင်းကို တွေ့ရသည်။
ခဏတာအတွင်း သူသည် မုန့်ကျွယ်၏ မြန်နှုန်းမြင့် လှံချက်များဖြင့် ဖိနှိပ်ခံခဲ့ရသည်။ လေဟုန်စီးခြေထောက်ကို အသုံးပြုသော်လည်း ရုန်းထွက်နိုင်ခြင်း မရှိပဲ ရှိနေ၏။
ဝိညာဉ်လုယူခြင်း...
ကလန်
မုန့်ကျွယ်သည် သူ၏လှံကို လှည့်ကာ အလျားလိုက် ဝှေ့ယမ်းလိုက်သည်။ ဟန်ကျောက်ဟာ အချိန်မီ ရှောင်တိမ်းနိုင်ခြင်း မရှိဘဲ သူ၏ဆေဘာဖြင့် လက်နှစ်ဖက်နှင့် ကာကွယ်လိုက်၏။ ကြီးမားသော ခွန်အားေကြာင့် သူဟာ မီတာ ၁၀ခန့်တာ နောက်သို့ ဆုတ်ခွာသွားရသည်။
ဘဇ်.. ဘဇ်.. ဘဇ်...
ဟန်ကျောက်ဟာ တည်ငြိမ်ေအာင် ပြန်ထိန်းလိုက်နိုင်ချိန်၌ သူ၏လက်ထဲရှိ ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာက တုန်ခါသံ ထွက်ပေါ်လာစ။ စိတ်လှုပ်ရှားမှုမှာ ဆက်တိုက် ကူးစက်လာခဲ့သည်။
"မင်းလည်း စိတ်လှုပ်ရှားနေတာလား.. စိတ်မပူပါနဲ့.."
ဟန်ကျောက်က ညင်သာစွာ ရေရွတ်သည်။ သူသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးချီများ တက်ကြွလာသည်ကို ခံစားရပြီး နှလုံးခုန်နှုန်း မြန်လာသည်။
သူ၏ဒန်တျန်အတွင်းရှိ သက်ရှည်အစစ်အမှန်ချီသည် အသက်ဝင်နေသကဲ့သို့ ခံစားရပြီး နှလုံးခုန်သံအလား တုန်ခါနေသည်။
သူ၏ခန္ဓာကိုယ်ထဲတွင် ပြင်းထန်သော မီးတောက်တစ်ခု လောင်ကျွမ်းနေသကဲ့သို့ ခံစားရပြီး ၎င်းကို ထုတ်လွှတ်လိုနေ၏။
မုန့်ကျွယ်သည် စုန့်ချွေ၏ လွင့်စင်သွားမှုကို ကြည့်ကာ သူ၏ဆေဘာဓားကို ကိုင်လျက် မလှုပ်မရှား ရပ်နေသည်။ တစမဖကိလူသည် အကန့်အသတ်သို့ ရောက်ရှိသွားပြီဟု ခံစားသဖြင့် ပြော၏။
"ငါ့ရဲ့ အစွမ်းကုန် ထိုးနှက်ချက် နှစ်ချက်ကို ခံနိုင်ရည်ရှိတယ်ဆိုတော့.. မင်းကို သွေးသန့်စင်ခြင်းအဆင့်မှာ အတော်ဆုံးတစ်ယောက်လို့ သတ်မှတ်နိုင်တယ်။ အခု လက်နက်ချရင် နောက်မကျသေးဘူး"
မုန့်ကျွယ်၏ အသံကို ကြားသော ဟန်ကျောက်ဟာ ရုတ်တရက် အံ့အားသင့်သွားသည်။ သူက နမလည်သည့် မျက်လုံးများဖြင့် မော့ကြည့်၏။
"ဘာလဲ.. မင်းရဲ့ အစွမ်းကုန်ကို မသုံးရသေးဘူးလား"
"သေတွင်းတူးနေတာ.."
စုန့်ချွေ၏ သူ၏စကားကြောင့် 'အံ့အားသင့်စွာ' နှင့် ဂရုမစိုက်စွာ ကြည့်လာပုံကို တွေ့ရသောအခါ မုန့်ကျွယ်သည် ဒေါသဖြင့် ပေါက်ကွဲတော့မတတ် ခံစားလိုက်ရသည်။
ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ဦးအနေဖြင့် သူသည် ကျောက်နက်မြို့ကို ဆယ်စုနှစ်ပေါင်းများစွာ လွှမ်းမိုးခဲ့သည်။ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ဦးက သူ့ကို အထင်သေးခြင်းခံရသည်မှာ ဒီတစ်ကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်၏။
"ဒီကောင်လေးက.. သာမန် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမား မဟုတ်ဘူး။ အတွင်းအားကိုတောင် ကျင့်ကြံပြီးပြီ"
God Genzo: