အခန်း (၁၀၁)
Vol. 7 Ch. 101
ဓားနှင့် ဆေဘာသည် အေးစက်နေပြီး ယခုမှ ထုလုပ်ပြီးထားသည့်ပုံ မပေါ်ပေ။ ဟန်ကျောက်ဟာ သူ၏အကြည့် ဓားသွေးကန်ဆီသို့ စူးစိုက်မိပြီးနောက် မီးငြိမ်းသွားသော မီးသွေးများမှလွဲ၍ ကျုခန်ရှန်း၏ အကြွင်းအကျန်များ မရှိသည်ကို တွေ့လိုက်ရသည်။
သူ၏အရိုးများ၊ သွေးများ၊ အနှစ်သာရများနှင့် ဝိညာဉ်များသည် ဒီအနှိုင်းမဲ့သည့် ဆေဘာနှင့် ဓားတို့အား အားဖြည့်ခံရပုံ ရသည်။
“ဘဝကို ကာကွယ်ဖို့ သတ်ဖြတ်ခြင်း... ကံကြမ္မာကို ဖြတ်တောက်ခြင်းသည် ဘဝကို ဖြတ်တောက်ခြင်းမဟုတ်။”
သူ၏လက်ထဲရှိ နီရဲသော မိစ္ဆာဆေဘာကို ကြည့်ကာ ကျုခန်ရှန်း၏ စကားများသည် ဟန်ကျောက်၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။
သူက ပျော်ရွှင်စွာ ပြော၏။
“ဒါဆိုရင် မင်းကို ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာလို့ ခေါ်မယ်။”
ဘဇ်....
ဟန်ကျောက် စကားဆုံးသည်နှင့် ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာသည် သူ့ဘာသာသူ အသိဉာဏ်ရှိပုံရသည်။ ဆေဘာတစ်ခုလုံးသည် သူ၏လက်ထဲတွင် အနည်းငယ် တုန်ခါသွား၏။
ဝမ်းမြောက်ခြင်းနှင့် ဆင်တူသော ခံစားချက်တစ်ခုသည် ဆေဘာမှ ထွက်ပေါ်လာသည်။
“ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာ.. အသိဉာဏ် ရရှိသွားပြီ”
ဘဇ် ဘဇ် ဘဇ်....
ဟန်ကျောက်၏ ဝမ်းမြောက်မှုကို ခံစားမိသကဲ့သို့ သူ၏ဘယ်ဘက်လက်ထဲရှိ သက်ခြွေဓားသည်လည်း တုန်ခါသွားသည်။
“သက်ခြွေဓားလည်း အသိဉာဏ် ရရှိသွားပြီ”
ဟန်ကျောက်သည် သူ၏ဆေဘာနှင့် ဓားကို သူ့ရှေ့တွင် ကန့်လန့်ဖြတ်ကာ ဓားသွေးကန်ကို နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။
“အစ်ကိုကျု.. ငြိမ်းချမ်းပါစေ…”
[သက်ခြွေဓား၊ ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာ- ပန်းပဲဆရာ၏ တစ်သက်တာ လက်ရာနှင့် စိတ်ဆန္ဒများ ပါဝင်သည်။ အတိုင်းအတာတစ်ခုအထိ စိတ်ဝိညာဉ်ဓာတ် ရရှိထားသည်။ သာမန်သံမှ စိတ်ဝိညာဉ်လက်နက်အဖြစ် ပြောင်းလဲသွားပြီး သင့်ကို ဓားလမ်းစဉ်နှင့် ဆေဘာလမ်းစဉ်၏ အဓိပ္ပါယ်အမှန်ကို တိုက်ရိုက် နားလည်စေနိုင်သည်။ အဆုံးမရှိသော ဖြစ်နိုင်ခြေနှင့် ကြီးမားသော အလားအလာများ ရှိသည်။ ပြုစုပျိုးထောင်ရန် ငွေကြေးသုံးစွဲရန် အကြံပြုသည်။]
ဟန်ကျောက်က ဓား၏လက်ကိုင်နှင့် ရိုးတံကို ကိုင်လိုက်သောအခါ သူ၏အမြင်အာရုံတွင် စနစ်သတိပေးချက် ပေါ်လာသည်။
[ဓားနှင့် ဆေဘာအမွှာ၏ ကျွမ်းကျင်မှု တိုးလာသည်။ ဆေဘာလမ်းစဉ် ပါရမီ ခြောက်ဆ တိုးလာသည်။ ဓားလမ်းစဉ် ပါရမီ ခြောက်ဆ တိုးလာသည်။]
ဆေဘာနှင့် ဓား အချင်းချင်း ဆက်နွယ်လာသောအခါ ပါရမီ၏ အဆင့်လည်း မြင့်တက်လာသည်။
ထို့နောက် စနစ်မျက်နှာပြင်၏ အောက်ခြေတွင် အသေးစိတ်အချက်အလက်များ ပိုမိုပေါ်လာသည်။
သက်ခြွေဓား— စိတ်ဝိညာဉ်လက်နက်အဆင့်- အဆင့်မရှိ
စိတ်ဝိညာဉ်ဓာတ်- ၂% (အဆင့်မြှင့်တင်နိုင်သည်)
ဓားစန္ဒ- ၂%
အထူးသက်ေရာက်မှု- ချီစုစည်းခြင်း အဆင့် ၁
ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာ— စိတ်ဝိညာဉ်လက်နက်အဆင့်- အဆင့်မရှိ
စိတ်ဝိညာဉ်ဓာတ်- ၁% (အဆင့်မြှင့်တင်နိုင်သည်)
ဆေဘာဆန္ဒ- ၂%
အထူးသက်ရောက်မှု- သွေးဆာခြင်း အဆင့် ၁
“စိတ်ဝိညာဉ်လက်နက်လား”
“အဆင့်မြှင့်နိုင်တယ်ဆိုတာ… စွမ်းရည်မှတ်တွေက ဆေဘာနဲ့ ဓားရဲ့ စိတ်ဝိညာဉ်ဓာတ်ကိုလည်း တိုးမြှင့်ပေးနိုင်တယ်လို့ ဆိုလိုတာလား.. စိတ်ဝိညာဉ်လက်နက်တွေကလည်း ဒီဗိုင်းလက်နက်တွေလို သက်ရှိလက်နက်တွေ ဖြစ်လာနိုင်မလား”
ဟန်ကျောက်သည် ‘ပူဇော်သက္ကာပြုခြင်း’ ကို မှတ်တမ်းတင်ထားသော မပြည့်စုံသည့် ထုလုပ်ခြင်းအတတ်ကို ပြန်လည်သတိရသွားသည်။
သူဟာ မူလက ဤသည်ကို ဒီဗိုင်းလက်နက်များကို အထူးထုလုပ်သော မကောင်းဆိုးဝါးအတတ် တစ်ခုဟု ထင်ခဲ့သည်။ ကြည့်ရသည်မှာ ထုလုပ်ခြင်းအတတ်၏ အဖုံးပေါ်ရှိ ပထမဆုံး စကားလုံးလေးလုံးဖြစ်သော ‘ဒီဗိုင်းလက်နက် စိတ်ဝိညာဉ်’ သည် ‘ဒီဗိုင်းလက်နက် ဝိညာဉ်ကိရိယာ’ ဖြစ်သင့်သည်။
ဆေဘာနှင့် ဓားမှ သွေးသားတော်စပ်သည့် ခံစားမှုတစ်ခု ထွက်ပေါ်လာသည်။ ဟန်ကျောက်၏ စိတ်ထဲတွင် ရုတ်တရက် အကြံတစ်ခု ပေါ်လာသည်။
ကျီကျုလင်က ဒီဗိုင်းလက်နက်မိသားစု၏ လက်နက်သခင်သည် ဒီဗိုင်းလက်နက်ကို စိတ်နှလုံးအကြွင်းမဲ့ ဆည်းကပ်ရပြီး ဒီဗိုင်းလက်နက်၏ လိုအပ်ချက်အားလုံးကို ဦးစားပေးရမည်ဟု ပြောခဲ့၏။
လက်နက်သခင်များနှင့် တူညီသောအဆင့်ရှိသည့် ဒီဗိုင်းစွမ်းအား သိုင်းဘုရားကတော့ ပို၍ နာခံသည့် လက်နက်များကို အသုံးပြုကြခြင်း ဖြစ်နိုင်သည်။
“ဖြစ်နိုင်တာက သိုင်းဘုရားေတွက စိတ်ဝိညာဉ်လက်နက်ကို သုံးကြတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ စိတ်ဝိညာဉ်လက်နက်တွေက တဖြည်းဖြည်းနဲ့ ပြုစုပျိုးထောင်မှ ပိုအားကောင်းလာမှာမို့.. သိုင်းနတ်ဘုရားကပဲ သခင်ဖြစ်လိမ့်မယ်”
ဟန်ကျောက်က သူ့ဘာသာသူ တွေးကြည့်သည်။
သူသည် ဆေဘာနှင့် ဓား၏ စိတ်ဝိညာဉ်ဓာတ်ကြားရှိ ရင်းနှီးမှုကို ကလေးငယ်တစ်ဦး၏ မိသားစုအပေါ် ခင်တွယ်သကဲ့သို့ ခံစားနိုင်သည်။
“စမ်းကြည့်ရအောင်။”
ဟန်ကျောက်သည် သက်ခြွေဓားကို ဆွဲထုတ်ကာ သူ၏ခန္ဓာကိုယ်အတွင်းရှိ သက်ရှည်အစစ်အမှန် ချီကို လည်ပတ်စေပြီး ဓားထဲသို့ စီးဆင်းစေလိုက်သည်။
ဘဇ် ဘဇ် ဘဇ်...
ငွေနှင်းကဲ့သို့ ဖြူဖွေးသော ဓားသည် အနည်းငယ် တုန်ခါသွားပြီး ဓားညည်းသံနှင့် ဆင်တူသော အသံကို ထုတ်လွှတ်သည်။ မကြာမီ ၎င်းကို စိမ်းပြာရောင် အလင်းတန်းတစ်ခုဖြင့် ဖုံးလွှမ်းသွား၏။
“သက်ခြွေဓားက ငါ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုလိုပဲ။ ငါ့လက်တစ်ချောင်းလိုပဲ သုံးလို့ရတယ်။ ဒါက မကြုံစဖူး ခံစားချက်ပဲ”
“ဒါက ချီစုစည်းခြင်းရဲ့ အထူးအာနိသင်လား.. တကယ်ကို စွမ်းအားကြီးတာပဲ”
ဟန်ကျောက်၏ မျက်လုံးများက တောက်ပလာ၏။
အတိတ်တွင် သက်ခြွေဓားသည် အသုံးဝင်လှသော်လည်း ယခုကဲ့သို့ သေချာပေါက် ဖြစ်မည် မဟုတ်ပေ။
သူ၏ခန္ဓာကိုယ်အတွင်းရှိ သက်ရှည်အစစ်အမှန်ချီသည် ဓားကိုယ်ထည်နှင့် ထိတွေ့လိုက်သည်နှင့် သူ၏ဆန္ဒအတိုင်း ချက်ချင်း လွှမ်းခြုံသွားနိုင်သည်။ သူသည် သူ၏စစ်မှန်သော ချီကိုလည်း ချက်ချင်း ပြန်လည်ရုပ်သိမ်းမှုမျိုးလည်း လုပ်နိုင်၏။
ဤသည်က တိုက်ပွဲတွင် သူ့ကို လုံးဝ အံ့အားသင့်စေနိုင်ပါသည်။
“ဟင်.. ငါအရင် သက်ခြွေဓားထဲမှာ ပြုစုပျိုးထောင်ထားတဲ့ ဓားချီက ပြန်လည်ထုလုပ်ပြီးတဲ့နောက်မှာ တကယ် မပျောက်သွားဘူးလား”
အစစ်အမှန်ချီ သက်ခြွေဓားတွင် ပြည့်သောအခါ ဟန်ကျောက်သည် ဓား၏ကိုယ်ထည်ဟာ အစစ်အမှန်ချီကို လက်ခံနိုင်စွမ်း များစွာ တိုးလာသည်ကို သတိပြုမိသည်။ ထို့အပြင် ဓားကိုယ်ထည်၏ အတွင်းပိုင်း နက်ရှိုင်းသော နေရာတွင် အလွန်ထက်မြသော ဓားချီတစ်ခုကိုလည်း သူတွေ့ရှိရသည်။ ၎င်းသည် သူနှစ်နှစ်နီးပါး ပြုစုပျိုးထောင်ခဲ့သော ဓားချီဖြစ်၏။
ယခင်က သွေးစိတ်ဝိညာဉ်ခန်းမ၏ ဒုတိယဝတ်ပြုဆရာနှင့် ရင်ဆိုင်ခဲ့ရစဉ်က သူသည် ဓားချီ၏ ဆယ်ပုံတစ်ပုံကို အသုံးပြုပြီး မည်မျှ အားကောင်းသည်ကို စမ်းကြည့်ခဲ့သည်။ နောက်ဆုံးတွင် သူဟာ တစ်ချက်တည်းဖြင့် သွေးစိတ်ဝိညာဉ်ခန်းမ၏ ဒုတိယဝတ်ပြုဆရာကို ချက်ချင်း သတ်ပစ်နိုင်ခဲ့၏။
ဓားချီ၏ စွမ်းအားသည် အတော်လေး ထူးခြားသော်လည်း ဤသည်မှာ သွေးစိတ်ဝိညာဉ်ခန်းမ၏ ဒုတိယဝတ်ပြုဆရာ၏ အနည်းငယ် အားနည်းေနခြင်းနှင့်လည်း သက်ဆိုင်သည်။ ဘာပဲဖြစ်ဖြစ် သူသည် သွေးချီချိုးဖျက်မှု ပထမအဆင့်၌သာ ဖြစ်သည်။
“ဓားချီရဲ့ ကျန် ၉၀% က အသုံးမပြုရသေးဘူး။ ဒါ့အပြင် သက်ခြွေဓားက စိတ်ဝိညာဉ်လက်နက် ဖြစ်သွားပြီ။ အရင်က ပြန်လည်ထုလုပ်ခြင်း မပြုလုပ်ခင်ကထက် အဆပေါင်းများစွာ ပိုကြီးမားတဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်မှာ သေချာတယ်။”
ဟန်ကျောက်၏ မျက်နှာတွင် ဝမ်းသာမှုအပြည့် ရှိနေ၏။
သူဟာ မူလက သက်ခြွေဓားကို ပြန်လည်ထုလုပ်ပြီးနောက် ဓားချီသည် အလိုအလျောက် ပျောက်ကွယ်သွားမည်ဟု ထင်ထားခဲ့သည်။ ရှိနေလိမ့်ဦးမည်ဟု သူမထင်ခဲ့ပါ။ ဘယ်လောက် ပျော်စရာ အံ့အားသင့်စရာ ကောင်းလိုက်သလဲ။
“ကလန်...”
ဟန်ကျောက်သည် သက်ခြွေဓားကို ဓားအိမ်ထဲသို့ ထည့်ကာ ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာကို စတင်စစ်ဆေးသည်။
နီရဲသော ဓားသွားတွင် မိစ္ဆာဆန်သော ဆွဲဆောင်မှုအငွေ့အသက်တစ်ခု ပါဝင်ေန၏။ သက်ခြွေဓားနှင့် နှိုင်းယှဉ်ပါက ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာမှ ထွက်ပေါ်လာသော စိတ်ဝိညာဉ်ဓာတ်တွင် စိတ်လှုပ်ရှားမှုအငွေ့အသက်တစ်ခု ပါဝင်ေနသည်။
“သွေးဆာခြင်းလား”
ဟန်ကျောက်၏ နှလုံးသားဟာ တုန်လှုပ်သွားပြီး
“မင်း.. သွေးကို တောင့်တနေတာလား”
ဟု တီးတိုးရေရွတ်သည်။
ဘဇ်..
ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာ၏ တုန်ခါသံဟာ ထွက်ပေါ်လာသည်။
ဒင်..
ဟန်ကျောက်သည် သူ၏လက်ညှိုးကို ဆန့်ထုတ်ကာ နီရဲသော ဓားသွားကို ညင်သာစွာ တောက်လိုက်သည်။ သူက ပြုံးပြီး...
“စိတ်မပူပါနဲ့။ အခွင့်အရေး ရောက်လာလိမ့်မယ်”
ဟု ပြော၏။
ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာသည် သူ၏စကားများကို နားလည်ပုံရပြီး တုန်ခါသံဟာ တဖြည်းဖြည်း ရပ်တန့်သွားသည်။
ဟန်ကျောက်သည် ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာကို ဓားအိမ်ထဲသို့ ထည့်လိုက်ပြီး..
“ငါ ကျင့်ကြံခြင်းအမျိုးအစား စီမံခန့်ခွဲမှု ဂိမ်းတစ်ခုကို ကစားနေရသလို ခံစားရတာ ဘာကြောင့်ပါလိမ့်”
ဟု သူ့ဘာသာသူ တွေးမိသည်။
သေချာစွာ စဉ်းစားကြည့်လျှင် စွမ်းရည်မှတ်များကို အသုံးပြု၍ ကျင့်ကြံခြင်းနည်းလမ်းများကို တိုးမြှင့်ခြင်းနှင့် ကောက်နှုတ်ခြင်း ပြုလုပ်နိုင်၏။ သွေးဆက်နွယ်ထားသော ယုနျန်အတွက်လည်း ကျင့်ကြံခြင်းအတတ်များကို တိုးမြှင့်ပေးနိုင်သည်။
စိတ်ဝိညာဉ်လက်နက်များ၏ စိတ်ဝိညာဉ်ဓာတ်ကိုလည်း တိုးမြှင့်ပေးနိုင်သည်။ ၎င်းတို့သည် တကယ်ကို အသုံးဝင်၏။
သို့သော် လိမ္မာပါးနပ်သော အိမ်ရှင်မသည် ဟင်းသီးဟင်းရွက်များ မရှိဘဲ ချက်ပြုတ်နိုင်မည် မဟုတ်ပေ။ ယခုအချိန်၌ သူသည် ငွေကြေးမရှားသော်လည်း ယင်စွမ်းအင်ဟာ ချို့တဲ့နေ၏။
စနစ်လက်ကျန်တွင် ရွှေ ၁၇၀ လျန် ရှိသေးသည်။
ပြီးခဲ့တုန်းက ကျင့်ကြံခြင်းအတတ်ကို ရောင်းချခဲ့ပြီး ကျီကျုလင်ပေးသော ငွေများဖြင့် သူတွင် ၂၀၀၀ လျန် ကျန်ရှိနေသေးသည်။ သုံးလအကြာတွင် ချီရှင်းက နောက်ထပ် ၃၅၀၀ လျန် အကျိုးပြုခဲ့၏။
လုယီက သူ၏ သွေးသန့်စင်ခြင်းအဆင့်သို့ အဆင့်တက်သွားကြောင်း သတင်းကို ဖြန့်ဝေပြီးနောက် လီ၊ ဝူနှင့် ဝမ်မိသားစုများဟာ သူ့ကို လာရှာခဲ့ကြသည်။
သူသည် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်များ ပါဝင်သော မိသားစုကြီးသုံးခုတွင် တစ်ယောက်တည်း အမည်စာရင်း သွင်းခဲ့သည်။ လစဉ် အမည်စာရင်း ပေးထားရုံနှင့် လစာ တစ်ရာကျပ် ရရှိ၏။
“ကံကောင်းစွာနဲ့ ငါ့ရဲ့ လက်ရှိပါရမီက လူတွေကို လက်မခံနိုင်လောက်အောင် မဆိုးေတာ့ဘူး။ ငါ့ဘာသာငါ ကျင့်ကြံရင်လည်း တိုးတက်မှုက အရမ်းနှေးကွေးတာမျိုး မဟုတ်ဘူး။ ဒီတစ်ခေါက် ငါပြန်ပြီးရင် ယင်စွမ်းအင်ကို ချွေတာရမယ်။ အချို့လောက်ပဲ ဗာဂျရာအတတ်ကို တိုက်ရိုက်ထည့်ေပါင်းပြီး ငါ့ရဲ့ပါရမီကို တိုးမြှင့်မယ်။”
ပြီးခဲ့သောအခေါက်က သူဟာ ဗာဂျရာအတတ်တွင် အမှတ်အားလုံးကို ပေါင်းထည့်ခြင်း မပြုခဲ့ပါ။ အဓိကအကြောင်းအရင်းမှာ အစမ်းရှင်သန်ခြင်း အများအပြား ပြုလုပ်ပြီးနောက် သိလိုက်ရသည်မှာ သူသည် ဆေဘာနှင့် ဓားကို ပြန်လည်ထုလုပ်ပြီးနောက် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်များနှင့် တွေ့ဆုံရမည် ဖြစ်သည်။
ကပ်တီးလေး လွတ်မြောက်နိုင်ခဲ့သော်လည်း သူဟာ ဒဏ်ရာရလိုသော ဆန္ဒ မရှိပါ။
ဘာပဲဖြစ်ဖြစ် သူ့တွင် နောက်ခံအင်အားမရှိရာ ကျင့်ကြံခြင်း အရင်းအမြစ်များကို ကိုယ်တိုင် ရှာဖွေဖို့ လိုအပ်သည်။
မဟုတ်ပါက သူသည် မြို့ထဲတွင်သာ အမြဲတမ်း ပုန်းအောင်းနေပြီး ဝိညာဉ်အဆီအနှစ်လုံးမှ သဘာဝအတိုင်း စုပ်ယူသော ယင်စွမ်းအင်ကို အားကိုးပြီး အစမ်းရှင်သန်ခြင်း ပြုလုပ်ကာ အမှတ်များထည့်ပေါင်းရင်း ဗာဂျရာအတတ်ကို ဒုတိယအဆင့်သို့ ဖြည်းဖြည်းချင်း မြှင့်တင်နိုင်သည်။
နောက်ပိုင်းတွင် ရှလင်က မိသားစုလုပ်ငန်းကို လွှဲပြောင်းယူသောအခါ သူသည် ခဏတာလောက် သူမအပေါ်တွင် မှီခိုနေထိုင် နိုင်သည်။
ဟန်ကျောက်သည် ဒီဆေဘာထုလုပ်ခြင်း ကာလအတွင်း အထူးရုပ်ဖျက်ထားခဲ့သည်။ ကျုခန်ရှန်းမှလွဲ၍ မည်သူမျှ သူ၏ အစစ်အမှန် ဘယ်သူဆိုတာကို မသိကြပါ။
ထို့အပြင် သူသည် မကြာသေးခင်က လင်းယုန်ပျိုးထောင်ခြင်း စံအိမ်၏ သစ္စာဖောက်ကို သတ်ပစ်ခဲ့၏။ ယနေ့ သူလာရောက်သော အချိန်သည်လည်း အစမ်းရှင်သန်ခြင်းမှ အချိန်နှင့် ကွဲပြားသည်။
သီအိုရီအရ သူသည် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ဦးနှင့် တွေ့ဆုံမည် မဟုတ်ပေ။
God Genzo: