အခန်း (၁၀၅)
Vol. 7 Ch. 105
ဝူပီက ဝူဒီ၏ အကြည့်ကို တစ်ချက်မြင်လိုက်ပြီး...
"အလောင်းကို ခရိုင်ရုံးကို အရင်ယူသွား"
ဟု ချက်ချင်း အမိန့်ပေးလိုက်၏။
"ဟုတ်ကဲ့"
ရဲသား အရာရှိနှစ်ယောက်က ချက်ချင်း ရွေ့လျားသွားကြသည်။
သတင်းကြားပြီး အလျင်အမြန် ရောက်လာသည့် လူအုပ်က လက်ညှိုးထိုးစွာ ရှိနေကြ၏။ ကျောက်နက်မြို့၏ အင်အားအကြီးဆုံး ကျွမ်းကျင်သူအနေနှင့် ဝူဒီလို မျက်စိလျှင်သည့် လူတစ်ယောက်ဟာ အကုန်တွေ့မြင်ပါသည်။
ခရိုင်ရုံးသို့ ပြန်ရောက်ပြီးနောက် ဝူဒီက သူ၏ နောက်လိုက်များကို လူခွဲခိုင်းလိုက်ပြီး ဝူပီကိုသာ ချန်ထားခဲ့သာ်။
ဝူဒီက ရင်ခွဲဓားကို ကိုင်ပြီး မုန့်ကျွယ်၏ ရင်ဘတ်ကို ကိုယ်တိုင် ခွဲလိုက်သည်။
"ဒါက..."
မုန့်ကျွယ်၏ ခြောက်သွေ့နေသည့် အတွင်းအင်္ဂါများကို ကြည့်ကာ ဝူပီရဲ့ မျက်ဝန်းများ ရုတ်တရက် ကျဉ်းေမြာ
င်းသွားသည်။
"သက်ရှည်ဂိုဏ်းရဲ့ သွေးစိတ်ဝိညာဉ်မူဝါဒပဲ ဒီလိုလုပ်နိုင်
တယ်။ အဲ့ဒါအပြင်..."
ဝူဒီ၏ မျက်နှာက ရေကဲ့သို့ မှောင်မိုက်သွားပြီး မုန့်ကျွယ်၏ ခေါင်းကို လက်ညှိုးညွှန်ပြသည်။
"မုန့်ကျွယ်ရဲ့ အမူအရာကို ကြည့်လိုက်ဦး"
"အမူအရာ"
ဝူပီက ခဏတာ အံ့အားသင့်သွားသည်။
သူဟာ မုန့်ကျွယ်၏ သေဆုံးခါနီးက အံ့အားသင့်မှုနှင့် မလိုလားမှုတို့ မျက်နှာပေါ်မှာ စွဲကျန်နေပုံကို တွေ့ရ၏။ မကျေနပ်မှုများနှင့် သေဆုံးသွားပုံပါ။
သေဆုံးခါနီးတွင် ထိုကဲ့သို့သော အမူအရာမျိုး ရှိသည်မှာ ပုံမှန်ဟုသာ ထင်ရသည်။ ဝူပီဟာ ထိုကဲ့သို့ ပုံစံမျိုးကို အကြိမ်ပေါင်းများစွာ မြင်ဖူး၏။
"ပြီး ခဲ့တဲ့အချိန်အချို့တုန်းက မုန့်မိသားစုက ကျန်းမိသားစုနဲ့ လျှို့ဝှက်ဆက်သွယ်နေတာကို ငါတွေ့ခဲ့တယ်။ စုံစမ်းစစ်ဆေးပြီးတော့ သူတို့က သက်ရှည်ဂိုဏ်းနဲ့လည်း ဆက်စပ်နေတာကို တွေ့ခဲ့ရတယ်"
ဝူဒီက အသံတိုးညှင်းစွာ ပြောသည်။
"သက်ရှည်ဂိုဏ်းလား... သွေးဝိညာဉ်ခန်းမရဲ့ ခန်းမသခင်က..."
ဝူပီ၏ မျက်နှာက ပြောင်းလဲသွားပြီး နောက်ဆုံးတွင် တုံ့ပြန်လာခဲ့သည်။
"အဖေ.. သွေးစိတ်ဝိညာဉ်ခန်းမကလူတွေက မုန့်မျိုးနွယ်စုရဲ့ ယုံကြည်မှုကို ဟန်ဆောင် ရယူပြီး မုန့်ကျွယ်ကို လှည့်စားခေါ်ထုတ်သွားတယ်လို့ ဆိုလိုတာလား။ သူတို့က သူ့ကို အနီးကပ် ချောင်းမြောင်းတိုက်ခိုက်ပြီး သတ်ပစ်လိုက်တယ်... ပြီးတော့ အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့သလို လုပ်တယ်"
"ဖြစ်နိုင်တယ်"
ဝူဒီက ခေါင်းညိတ်သည်။
"သက်ရှည်ဂိုဏ်းက လူတွေကို မူလကတည်းက ယုံကြည်လို့မရဘူး။ သူတို့နဲ့ ပူးပေါင်းဖို့ ငါသဘောတူခဲ့တာက ရွေးချယ်စရာမရှိလို့ပဲ"
"အဖေ.. အခု ဘာလုပ်သင့်လဲ"
"စောင့်ကြည့်ရအောင်.. မုန့်မျိုးနွယ်စုမှာ သိုင်းသခင် မရှိတော့ဘူး.. ဒါကြောင့် သူတို့ကို ဂရုစိုက်စရာ မလိုဘူး"
"ဟုတ်ကဲ့"
မြို့တွင်းပိုင်းတွင် ရှကျင်၏ နေအိမ်၌...
"ဒုန်း"
ရှကျင်က လျန်ပေါင ရာနဲ့ချီတန်သည့် ကြွေအိုးကို မြေပြင်ပေါ်သို့ ပစ်ချရာ အပိုင်းပိုင်းကွဲသွားသည်။
"အား.. စောက်အဖိုးကြီး.. ဘာလို့လဲ ငါက အကြီးဆုံးသားကို"
ရှကျင်က စားပွဲပေါ်က စုတ်ပြတ်နေသည့် စာရွက်ကို ကောက်ယူပြီး ဒေါသတကြီး အော်ဟစ်သည်။
"ဒုတိယသခင်လေး.. ဒုတိယသခင်လေး... အား"
ထိုအချိန်တွင် အသက် ၁၆နှစ် သို့မဟုတ် ၁၇နှစ်အရွယ်ရှိ ငယ်ရွယ်သော အစေခံမလေးတစ်ဦး အခန်းထဲသို့ အလျင်အမြန် ဝင်ေရာက်လာသည်။ သူမသည် ကြမ်းပြင်ပေါ်ရှိ ကြွေအိုးကွဲစများနှင့် ရက်စက်ကြမ်းကြုတ်သော မျက်နှာဖြင့် ရှကျင်ကို မြင်သောအခါ အလွန် အံ့အားသင့်သွား၏။
"လုကျူ နင်ဒီမှာ ဘာလာလုပ်တာလဲ... နင့်သခင်မက မိသားစုအကြီးအကဲ ဖြစ်တော့မယ်ဆိုတာ နင်မသိဘူးလား"
ရှကျင်၏ မျက်လုံးများက နီရဲနေပြီး မျက်နှာက ရူးသွပ်နေပါသည်။
"ဒုတိယသခင်လေး... ဘာတွေ ပြောနေတာလဲ"
လုကျူ အံ့အားသင့်သွားတယ်။
"နင်ကိုယ်တိုင် ကြည့်လိုက်ဦး"
ရှကျင်က စုတ်ပြတ်နေသည့် စာရွက်ကို ဆွဲယူပြီး လုကျူဆီသို့ ပစ်ပေးလိုက်သည်။
လုကျူက စာရွက်ကို ယူပြီး ဖွင့်ကြည့်လိုက်၏။ သူမ၏ မျက်လုံးများဟာ အံ့အားသင့်သွားသည်။
"သခင်ကြီး ပြန်လာတော့မှာလား.. တတိယသခင်မလေးရဲ့ အဆင့်တက်မှုကို သူသိပြီးပြီလား"
"ဘယ်လိုလဲ.. ပျော်ရဲ့လား"
ရှကျင်က အေးစက်စွာ မေးသည်။
ထိုစကားကို ကြားရပြီးနောက် လုကျူ၏ မျက်လုံးများထဲတွင် ရက်စက်သည့် အရိပ်တစ်ခု ဖြတ်သန်းသွား၏။ သူမဟာ ရှေ့သို့တိုးကာ ရှကျင်၏ လက်မောင်းကို ဖက်လိုက်သည်။ ချစ်စဖွယ်ဟန်ပန်နှင့်..
"ဒုတိယသခင်လေး.. ဘာတွေ ပြောနေတာလဲ.. ကျွန်မက သခင်လေးဘက်ကပါ" ဟူ ပြော၏။
"ငါ့ဘက်မှာ.. ဟုတ်လား.. နင်က ငါ့မိန်းမဖြစ်ချင်လို့ လုပ်နေတာပဲ"
ရှကျင်က နှာခေါင်းရှုံ့သည်။
"ဒါဆို ဒုတိယသခင်လေးနဲ့ ကျွန်မက တစ်ဖက်တည်းမှာ မဟုတ်ဘူးလား"
လုကျူက ပြုံးပြီး ပြောသည်။
"ရှလင်ကို ငါအရင်က ဆက်ဆံခဲ့တဲ့ ပုံစံနဲ့ဆိုရင်.. သူမမိသားစုအကြီးအကဲ ဖြစ်လာတဲ့အခါ ငါ့ကို ချမ်းသာပေးမယ်လို့ နင်ထင်လား"
"ဒါဆိုရင်လဲ တတိယသခင်မလေးကို မိသားစုခေါင်းဆောင် မဖြစ်နိုင်အောင် လုပ်ကြတာပေါ့"
"နင်ဘာကို ဆိုလိုတာလဲ"
"ဒုတိယသခင်လေး.. ကျွန်မအခုလာတာ.. မုန့်မိသားစုရဲ့ အကြီးအကဲ သိုင်းသခင် မုန့်ကျွယ် ကိုးသွယ်မြို့အပြင်မှာ သတ်ခံရတဲ့ သတင်း ရောက်လာလို့ လာပြောတာပါ"
"ဘာ မုန့်ကျွယ် သေပြီ"
ရှကျင်ဟာ အံ့အားသင့်သွား၏။
"ဒုတိယသခင်လေး.. အဓိကအချက်က အဲဒါ မဟုတ်ဘူး" လုကျူက ပြုံးပြီး...
"လူသတ်သမားက ဘယ်သူလဲဆိုတာ ကျွန်မတို့ မသိသေးဘူး။ တစ်ဖက်လူက သိုင်းသခင်တစ်ဦးကိုတောင် သတ်နိုင်တယ်ဆိုတော့.. 'မတော်တဆမှု' တစ်ခုခု ကြောင့် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားနှစ်ဦးကို သတ်လိုက်တာကလည်း ပုံမှန်ပဲလို့ သတ်မှတ်လို့ရတယ်မလား" ဟု ပြောတ
၏။
"ဘာလို့ နှစ်ယောက်လဲ"
ရှကျင်က အံ့အားသင့်သွားသည်။
"တတိယသခင်မလေးရဲ့ ချစ်သူက အသက် ၂၀ မှာ သွေးသန့်စင်ခြင်းအဆင့်ကို တက်လှမခဲ့တဲ့ ပါရမီရှင် သိုင်းသမားတစ်ဦးပဲ။ သူသံသယဝင်လာရင် ဒုက္ခရောက်လိမ့်မယ်။ ဒါကြောင့်..."
လုကျူက ရှင်းပြသည်။
"နင်က တော်တော် ရက်စက်တာပဲ"
ရှကျင်က ပြုံးကာ လုကျူ၏ နှာခေါင်းကို ခပ်နာနာ ဆွဲညှစ်သည်။
"ဒါပေမဲ့ ငါ ကြိုက်တယ်"
"အား.. ဒုတိယသခင်လေး"
လုကျူက ရှကျင်၏ ရင်ခွင်ထဲသို့ တိုးဝင်သွား၏။
"နောက်ကျတာထက် စောစောလုပ်တာ ပိုကောင်းတယ်။ ဟန်ကျောက်ဆိုတဲ့ ကောင်လေး ရှလင်ကို သွားရှာတဲ့အခါ သူတို့ကို အတူတူ အဆိပ်ခတ်သတ်လိုက်။ ကျန်တာကို နင်စိတ်မပူနဲ့။ နောက်ဆက်တွဲကိစ္စတွေကို ငါ
ရှင်းမယ်။ ငါမိသားစုအကြီးအကဲ ဖြစ်လာရင် နင့်ကို သေချာပေါက် လက်ထပ်မယ်"
ရှကျင်း၏ မျက်လုံးမကေ မီးတောက်နေ၏။ ကံကောင်းထောက်စွာပင် ကောင်းကင်ကတောင် သူ့ကို ကူညီနေပါသည်။ သူ့ဘက်က အရင်ဦးအောင် တိုက်ခိုက်ရုံပ
သာ ရှိတော့၏။
"ကျေးဇူးတင်ပါတယ် ဒုတိယသခင်လေး"
"ဟားဟားဟားဟား"
နောက်တစ်နေ့တွင် မုန့်ကျွယ် သေဆုံးကြောင်း သတင်းသည် ကျောက်နက်မြို့တစ်ဝန်းလုံး ပျံ့နှံ့သွားခဲ့သည်။
မုန့်ကျွယ်ကို သတ်ခဲ့သော ဟန်ကျောက်သည်ကား ရှအိမ်တော်သို့ မာန်ဖီကာ လျှောက်သွားနေ၏။
ယနေ့ နေ့လည်ပိုင်းတွင် အိမ်တော်ထိန်း ကျိုးက သူ့အား ပြင်ပတွင် စီးပွားရေးလုပ်နေသော ရှမိသားစု၏ အကြီးအကဲ ရှကျန်ေသာက်က ရှလင်သည် မိသားစုလုပ်ငန်းကို လွှဲပြောင်းယူမည် ဖြစ်ကြောင်း ကြေညာသော စာတစ်စောင် ပေးပို့ခဲ့သည်ဟု လာရောက် အကြောင်းကြားခဲ့သည်။
ယနေ့သည် လစာထုတ်ရက်ဖြစ်သည်။ ဟန်ကျောက်၏ မိန်းမကို မှီခိုနေထိုင်လိုသော အိပ်မက်သည်လည်း ယနေ့တွင် အကောင်အထည် ပေါ်လာမည်ဖြစ်သောကြောင့် သူသည် ရှုလင်နှင့်အတူ ပျော်ပွဲခံကာ ဆုတစ်ခု ရယူရန် ဆုံးဖြတ်လ်ုက်သည်။
ခဏအကြာတွင် ဟန်ကျောက်သည် ရှအိမ်တော်၏ အနောက်ဘက်ခြံဝန်းသို့ အေးအေးဆေးဆေး ရောက်ရှိလာခဲ့သည်။ သူသည် ရှလင်၏ အခန်းထဲသို့ လျှောက်ဝင်သွား၏။ စားပွဲဝိုင်းပေါ်တွင် ဝိုင်နှင့် အရသာရှိသော အစားအစာမျိုးစုံဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
"မောင်လေးဟန်.. နင်ရောက်လာပြီလား"
ရှလင်သက သူ့ကို ကြိုဆိုရန် ထရပ်သည်။
"အစ်မ အိမ်တော်ထိန်းကို မူးယစ်လရောင်စံအိမ်မှာ စားပွဲတစ်ခု မှာထားခိုင်းလိုက်ေသးတယ်။ လူပြည့်နေမယ်လို့ မထင်ထားခဲ့ဘူး.. ဒါကြောင့် အိမ်မှာပဲစားဖို့ ဝိုင်နဲ့ အစားအစာတွေ ဝယ်လာခဲ့တယ်"
"ကျွန်တော်လည်း အိမ်မှာ စားရတာကို ပိုကြိုက်တယ်။ စားပြီးရင် အတူတူ လေ့ကျင့်လို့ရတယ်"
ဟန်ကျောက်က ပြုံးပြီး ပြောသည်။
"စားပြီးရင် နင့်ဘာသာပဲ လေ့ကျင့်"
ရှလင်သည် သူ့ကို မျက်စောင်းထိုးသည်။
"အတူတူ လေ့ကျင့်တာက ပိုထိရောက်တယ်။ အစ်မရဲ့ လေ့ကျင့်မှု တိုးတက်မှုကို ကျွန်တော်စစ်ဆေးပေးနိုင်တယ်"
ဟန်ကျောက်က လေးနက်စွာ ပြောသည်။
သူ၏ ချီမျိုးေစ့ချခြင်း အထူးအကျိုးသက်ရောက်မှုသည် သူ၏ ခန္ဓာကိုယ်ရှိ စစ်မှန်သော ချီစွမ်းအင်ကို ရှလင်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်စေပြီး သူမ၏ လေ့ကျင့်မှု တိုးတက်မှုကို မြှင့်တင်ပေးနိုင်သည်။
ဟုတ်ပါသည်။ အခြားစိတ်ကူးများလည်း ရှိနိုင်ပါသည်။
ရှလင်၏ မျက်နှာက နီရဲသွားပြီး ဘာမှ မပြောတော့ပေ။
သူတို့နှစ်ဦး ထိုင်လိုက်သည်နှင့် အစေခံမလေး လုကျူက အစားအစာဗန်းနှင့်အတူ လျှောက်ဝင်လာသည်။
"တတိယ သခင်မလေး.. ဒါက ရနံ့တစ်ရာအိမ်က အခုလေးတင် လုပ်ထားတဲ့ သရေစာပါ"
"ဒီမှာ ထားလိုက်"
ရှလင်က စားပွဲပေါ်ရှိ ဗလာကျင်းနေရာကို ညွှန်ပြသည်။
"ဟုတ်ကဲ့"
လုကျူသည် တင့်တယ်သော သရေစာများကို စားပွဲပေါ်တွင် ချထားပြီး ဟန်ကျောက်ကို လျှို့ဝှက်စွာ အကဲခတ် ကြည့်ရှုသည်။
[အသစ်လုပ်ထားသော သစ်အယ်သီးမုန့်သည် ချိုသော်လည်း ၎င်းတွင် ပိုသော ပါဝင်ပစ္စည်းတစ်ခု အနည်းငယ် ပါဝင်သည်။ သင်၏ အဆိပ်ရှောင်ရှားခြင်း စွမ်းရည်ဖြင့် ၎င်းသည် စပ်သောအရသာအား ပေးစွမ်းခြင်းနှင့် ညီမျှသည်။]
ဟန်ကျောက်က သစ်အယ်သီးမုန့်တစ်ခုကို ကောက်ယူလိုက်သောအခါ စနစ်၏ အကြောင်းကြားချက်တစ်ခု ရုတ်တရက် ပေါ်လာ၏။
"လုကျူ"
သူက သစ်အယ်သမုန့်ကို လုကျူရှေ့တွင် ထားလိုက်သည်။
"သခင်လေးဟန်.. ကျွန်မ..."
လုကျူက မျက်လွှာကိုချကာ ရှလင်ကို ရှက်ရွံ့စွာ တစ်ချက် ကြည့်ပြီးနောက် ခြေတစ်လှမ်း ဆုတ်သွား၏။
"မောင်လေးဟန်"
ရှလင်က ဟန်ကျောက်ကို အံ့အားသင့်စွာ ကြည့်သည်။ ဟန်ကျောက်အပေါ် သူမ၏ နားလည်မှုအရ သူ၏ ထိုကဲ့သို့သော အရာမျိုးကို လုပ်ေဆာင်ခြင်းသည် ပုံမှန်မဟုတ်ပေ။
"ဘာလို့လဲ... မင်း မစားချင်ဘူးလား... ဒါမှမဟုတ် မစားရဲဘူးလား"
ဟန်ကျောက်က အနည်းငယ် ပြုံးသည်။
"ကျွန်မ..."
လုကျူသည် ထိတ်လန့်တုန်လှုပ်သွားပြီး ချက်ချင်း ခေါင်းငုံ့ကာ ဖုံးကွယ်လိုက်သည်။
"မင်းစားရမယ်"
ဟန်ကျောက်က ရုတ်တရက် ထရပ်ကာ လုကျူ၏ လည်ပင်းကို ဆွဲကိုင်လိုက်သည်။
"တတိယ သခင်မလေး"
လုကျူက အလွန်ကြောက်လန့်သွားပြီး မျက်ရည်များ ဝဲလာကာ ရှလင်ကို အကူအညီတောင်းစွာ ကြည့်သည်။
ရှလင်လည်း ချက်ချင်း ထရပ်၏။
"သစ်အယ်သီးမုန့်မှာ အဆိပ်ပါတာလား"
"လုကျူ... နင်ငါနဲ့ အတူတူ နေလာတာ ဆယ့်နှစ်နှစ် ရှိပြီ... ဘာလို့လဲ.."
ရှလင်က လုကျူကို မယုံကြည်နိုင်စွာ ကြည့်သည်။
တစ်စုံတစ်ခုကို တွေးမိသကဲ့သို့....
"ဒါ ငါ့ရဲ့ ဒုတိယမြောက်အစ်ကို လက်ချက်လား"
ဟု မေး၏။
"အား"
ဟန်ကျောက်က လုကျူ၏ ဗိုက်အောက်ပိုင်းကို လက်ညှိုးဖြင့် တို့လိုက်သည်။ သူမသည် ချက်ချင်း အသံပြုလိုက်ပြီး ခန္ဓာကိုယ်ဟာ တုန်ယင်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
"မင်းမပြောရင် နောက်သုံးရက်လုံး ဒီလို နာကျင်မှုကို ခံစားရလိမ့်မယ်"
ဟန်ကျောက်က ခံစားချက်မဲ့စွာ ပြောသည်။
"ကျွန်မ ပြောပါမယ်၊ ကျွန်မ ပြောပါမယ်"
လုကျူဟာ နာကျင်စွာဖြင့် မြေပြင်ပေါ်တွင် လူးလိမ့်ကာ ငိုကြွေးပြီး အရာအားလုံးကို ပြောပြသည်။
"တတိယ သခင်မလေး... ကျွန်မကို ချမ်းသာပေးပါ... ဒုတိယ သခင်လေး..."
လုကျူသည် ငိုကြွေးကာ ရှလင်၏ ပေါင်ကို ဖက်ထားသည်။
ရှလင်၏ သစ်သားရုပ်ကဲ့သို့ ရှိနေသည့် အမူအရာကို မြင်သောအခါ ဟန်ကျောက်ဟာ လက်ညှိုးတစ်ချောင်းကို ဆန့်တန်းကာ လုကျူ၏ ဗိုက်ကို ညွှန်လိုက်ပြီး သက်ရှည်ကျမ်းအစစ်အမှန်ချီ၏ ရွေ့လျားမှုကို ရပ်တန့်လိုက်သည်။
"အခု.. မင်းရဲ့ အစီအစဉ်အတိုင်း.. ရှကျင်ကို ခေါ်လိုက်... မင်းထွက်ပြေးဖို့ ကြိုးစားကြည့်ပြီး အဆင်ပြေမလားဆိုတာလည်း လောင်းကြေးထပ်လို့ ရတယ်နော်"