အခန်း (၁၀၆)
Vol. 8 Ch. 106
"ဟုတ်ကဲ့... ကျွန်မ အခုပဲ သွားပါမယ်"
လုကျူဟာ လွတ်ငြိမ်းမှု ရသကဲ့သို့ အခန်းထဲမှ အလူးအလဲထွက်သွား၏။
ဟန်ကျောက်က ရှုလင်၏ဘေးသို့ လျှောက်သွားကာ သူမကို ညင်သာစွာ ပွေ့ဖက်သည်။
"အခု ဆုံးဖြတ်ချက်ချဖို့ မင်းအလှည့်ပဲ။ ဆက်ပြီး သရုပ်ဆောင်ချင်သေးလား.."
အချိန်အတော်ကြာ တိတ်ဆိတ်ပြီးနောက် ရှလင်က ခေါင်းညိတ်သည်။
"ကျွန်မ... နားလည်ပြီ"
ခဏအကြာတွင် လျင်မြန်သည့် ခြေသံများ ထွက်ပေါ်လာ၏။ ဟန်ကျောက်နှင့် ရှလင်တို့သည် စားပွဲပေါ်တွင် လဲလျောင်းနေကြသည်။
ရှကျင်ဟာ အခန်းထဲသို့ လျှောက်ဝင်လာပြီး သူတို့နှစ်ဦး၏ လှုပ်ရှားခြင်းမရှိဘဲ စားပွဲပေါ်တွင် လဲလျောင်းနေပံုကို မြင်သောအခါ ရှေ့သို့ မတိုးဘဲ အော်ရယ်လိုက်သည်။
"ဟားဟားဟား.. သေတာ ကောင်းတယ်... သေတာ ကောင်းတယ်"
"ဒုတိယ... ဒုတိယမြောက် သခင်လေး... ကျွန်မ..."
လုကျူ၏ အသံက တုန်ယင်နေ၏။
"လုကျူ.. စိတ်မပူနဲ့။ မင်းကို ကတိပေးထားတာကို ငါ ဖြည့်ဆည်းပေးမယ်... သေစမ်း"
ရှကျင်၏ မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်း ပျောက်ကွယ်သွားပြီး သူက လုကျူ၏ ရင်ဘတ်ကို ထိုးလိုက်သည်။
"ဝေါ့"
လုကျူက အော်သံပြုကာ သွေးများ အန်ထွက်သွား၏။ "ဒုတိယသခင်လေး..."
"မင်းလို အောက်တန်းကျတဲ့ အစေခံမက ငါ့မိန်းမ ဖြစ်ချင်တယ်.. ဟုတ်လား.. နောက်ဘဝမှ ရမယ်"
ရှကျင်က မထီမဲ့မြင်စွာ ပြောသည်။
"ဟား... ဟားဟား... အဟွတ်.. အဟွတ်..."
လုကျူ၏ မျက်နှာသည် ဖြူရော်နေသည်။ သူမဟာ ရှကျင့ကို လက်ညှိုးထိုးကာ အော်ရယ်သည်။ သွေးများ ဆက်တိုက် အန်ထွက်နေပြီး မကြာမီ အသက်ရှူရတာ ပိုခက်လာ၏။
ရှကျင်က လက်ကိုမြှောက်ကာ ထပ်မံထိုးရန် ပြင်လိုက်စဉ် သူ၏ လက်ကောက်ဝတ်ကို ရုတ်တရက် ဆွဲကိုင်ခံလိုက်ရကြောင်းအား သတိပြုမိလိုက်သည်။
"ဟန်ကျောက်"
ရှကျင်ဟာ အံ့ဩသွားသည်။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်ရှိ သွေးကြောများမှ စွမ်းအားတစ်ခု စီးဝင်လာပြီး ခန္ဓာကိုယ်သည် ချက်ချင်း ထုံကျင်သွား၏။
"ထားလိုက်တော့.. အချိန်မဖြုန်းကြရအောင်"
ဟန်ကျောက်က လုကျူကို ပြောသည်။
"ကောင်းပါပြီ..."
လွီကျူသည် ဟန်ကျောက်၏ ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်၏။ သူမ၏ မျက်လုံးများတွင် ဝမ်းသာမှု အနည်းငယ် ပေါ်လာသည်။ သူမသည် ရှုလင်ကို နောက်ဆုံးအကြိမ် ကြည့်လိုက်သည်။
"တတိယ သခင်မလေး.. ကျွန်မ... မှားခဲ့ပါတယ်..."
လုကျူ၏ မျက်လုံးများ ပြူးကျယ်လာပြီး အသက်ရှူရပ်သွားသည်။
ရှလင်က ရှေ့သို့ လျှောက်သွားကာ သူမအတွက် မျက်လုံးများကို မှိတ်ပေး၏။
"မင်း..."
ရှကျင်လည်း ထောင်ချောက်ထဲသို့ ကျရောက်သွားေကြာင်းကို နားလည်လိုက်သည်။ ချက်ချင်းဆိုသလို သူ၏ ဒူးများဟာ အားပျော့သွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကျသွား၏။
"တတိယညီမ.. ဒါက အဲ့ဒီ မိန်းမဆိုး လုကျူရဲ့ အပြစ်တွေပဲ။ သူက ငါ့ကို ဒီလိုလုပ်ဖို့ တိုက်တွန်းခဲ့တာ။ ငါစိတ်လိုက်မာန်ပါ လုပ်မိခဲ့တာ... ငါတို့အားလုံးက မွေးချင်းတွေပဲ.. ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ"
ဟန်ကျောက်က အေးစက်စွာ ကြည့်နေပြီး ဘာမှ မပြောပေ။ ရှလင်က ခေါင်းကို အနည်းငယ် မော့ကာ ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်ကို ကြည့်သည်။ သူမသည် သက်ပြင်းရှည်ကြီးကို ချလိုက်၏။
"မောင်လေးဟန်.. သူက အစ်မရဲ့ ဒုတိယမြောက်အစ်ကိုပဲ..."
ရှလင်က ပြောရင်းနှင့် ခေါင်းလှည့်လာ၏။
ဟန်ကျောက်၏ မျက်လုံးများထဲတွင် စိတ်ပျက်မှုတို့ လျှပ်တစ်ပြက် ဖြတ်သန်းသွားသည်။ ရှကျင်သည် ဝမ်းသာအားရ ဖြစ်သွား၏။ သူက ဆက်လက်ပြောရန် ပြင်လိုက်စဉ် ရှလင်က ရုတ်တရက် ထပ်မံ ပြောသည်။
"နင်ငါ့ရဲ့ မောင်လေးဟန်ကို ထိခိုက်အောင် မလုပ်သင့်ခဲ့ဘူး"
ရှကျင်၏ မျက်နှာသည် တောင့်တင်းသွားပြီး မျက်လုံးများ ပြူးကျယ်လာ၏။
"ရှလင်.. နင်ဘာပြောလိုက်တာလဲ"
"အလုပ်ရှုပ်စေမိပြီ မောင်လေးဟန်..."
ရှလင်က လှည့်မကြည့်တော့ပေ။
"ရှလင်.. ငါကနင့်ရဲ့ ဒုတိယမြောက် အစ်ကိုပဲ.. နင်ဘယ်လိုလုပ်ပြီး..."
ခရက်..
ဦးခေါင်းခွံ ကွဲသံနှင့်အတူ ရှကျင်၏ ကြောက်လန့်တကြား အော်ဟစ်သံသည် ရုတ်တရက် ရပ်တန့်သွား၏။ သူ၏ အလောင်းသည် လုကျူ၏ဘေးတွင် လဲကျသွားသည်။
ဟန်ကျောက်က ရှုလင်ဆီသို့ လျှောက်သွားသည်။
သူမ၏ မျက်လုံးများဟာ နီရဲနေပြီး ငိုတော့မည့်ပုံ ပေါက်၏။
"ငယ်ငယ်တုန်းက ဒုတိယမြောက်အစ်ကိုက ကျွန်မအပေါ် အရမ်းကောင်းခဲ့တာ... လုကျူလည်း အတူတူပဲ"
"မင်းအတွက် ခက်ခဲခဲ့တယ်။ လုံလုံလောက်လောက်လည်း လုပ်ပေးခဲ့ပြီပါပြီ... ပြီးတော့..."
ဟန်ကျောက်က သူမကို ပွေ့ဖက်လိုက်၏။
"ငါတို့က တူညီတဲ့ လူမျိုးတွေမှန်း ငါသိတယ်"
ရှလင်ဟာ စိတ်တည်ငြိမ်သွားပြီးနောက် ဟန်ကျောက်ကို ဦးစွာ ထွက်သွားခိုင်းလိုက်သည်။ နောက်ဆက်တွဲ ကိစ္စများကို သူမဘာသာ ကိုင်တွယ်မည် ဖြစ်၏။
ဟန်ကျောက်လည်း ဘာမှ မပြောတော့ဘဲ ရှအိမ်တော်မှ ထွက်ခွာလာခဲ့သည်။ သူမ၏ ရှကျင်အပေါ် ပြတ်သားစွာ ကိုင်တွယ်နိုင်မှုကြောင့် ဟန်ကျောက်သည် သူမအပေါ် လေးစားမှု အဆင့်သစ်တစ်ခု ရှိလာခဲ့သည်။
နောက်ဆုံးတွင် သူမတို့သည် နှစ် ၂၀ကျော် အတူတကွ နေထိုင်ခဲ့သော မိသားစုဖြစ်သည်။ သူမ အနေနှင့် ဝမ်းနည်းကာ စိတ်ပျော့ညံ့မည်ကို နားလည်နိုင်၏။ သို့ပေမယ့် ခွင့်လွှတ်ပေးလို့ မရပေ။
ဟန်ကျောက်အတွက်မူ သူ့ကို အမှန်တကယ် ထိခိုက်စေသော မည်သူကိုမဆို သေစေမှာဖြစ်သည်။
မည်သူမဆို ဖြစ်၏။
အိမ်ပြန်ရောက်သောအခါ ဟန်ကျောက်သည် တံခါးကို တင်းတင်းပိတ်လိုက်သည်။ ဒီအဖြစ်အပျက်ကြောင့် သူသည် အနာဂတ်ကို အစမ်းရှင်သန်ကြည့်ရန် လိုအပ်သည်ဟု ခံစားလိုက်ရ၏။
"စနစ်"
[အချက်ပေး အပိုင်းအစ ၆၀အား စုဆောင်းပြီးပါပြီ။ ဝင်ရောက်ခွင့်ကို ပေါင်းစပ်လိုပါသလား]
[ပေါင်းစပ်မှုတစ်ခုစီသည် အချက်ပေး အပိုင်းအစ ၄၅ခုနှင့် ရွှေ ၆၀လျန် ကုန်ကျမည်...]
[လက်ရှိလက်ကျန်- ရွှေ ၁၇၀ လျန်]
"ရှကျင်ကို ကိုင်တွယ်ပြီးတဲ့နောက် ရှလင်က မိသားစုလုပ်ငန်းကို လုံးဝ ထိန်းချုပ်တဲ့အခါ အရင်းအမြစ်တွေ ပေါင်းစည်းသွားလိမ့်မယ်။ အဲဒီအချိန်မှာ အချိန်တစ်ခု အတွင်းတော့ ငါ့မှာ ငွေကြေး မလုံလောက်တာမျိုး မဖြစ်လောက်တော့ဘူး"
'အရင်ဆုံး ငါ့ရဲ့ အခြေခံနဲ့ လေ့ကျင့်မှု ထိရောက်မှုကို တိုးမြှင့်ရမယ်'
ဟန်ကျောက်က သူ့ဘာသာသူ တွေးသည်။
"ပေါင်းစပ်လိုက်.. အစမ်းရှင်သန်မှုကို စတင်မယ်။"
[အသက် ၂၀တွင် ရှလင်၏ မိသားစုလုပ်ငန်းကို သိမ်းယူရန် ကိစ္စအား သင်ကူညီခဲ့သည်။ ရှလင်သည် ကျန်းမိသားစု၏ ပိုင်ဆိုင်မှုများကို လုယူကာ စုယွင်နှင့် သဘောတူညီချက် ရရှိခဲ့သည်။ ကုန်သွယ်ရေးကုမ္ပဏီနှစ်ခု ပူးပေါင်းကာ လင်ယွင်ကုန်သွယ်ရေးကုမ္ပဏီဟု အမည်ပြောင်းခဲ့၏။ သူမတို့၏ လုပ်ငန်းသည် လျင်မြန်စွာ တိုးချဲ့လာခဲ့သည်။]
[အသက် ၂၁ နှစ်တွင် သင်၏ တောင်ခွဲဆေဘာဓားအတတ်သည် ပြီးပြည့်စုံသွားပြီး သင်သည် တတိယသွေးချီချိုးဖျက်မှုအဆင့်သို့ ရောက်ရှိခဲ့သည်။]
[ကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်ပြီဟု ယူဆကာ သင်သည် သင်းရှုံအဖြစ် အသွင်ယူကာ ကျောက်စိမ်းလေမြို့သို့ သွားခဲ့သည်။ သင်သည် မုန့်ကျွယ်၏ သံလှံကို အဆုံးမဲ့ ရတနာစံအိမ်တွင် ရောင်းချကာ ငွေလျန် ၃၀၀၀အား ရရှိခဲ့သည်။]
[သင်သည် ငွေလျန် ၅၀၀၀ ထပ်မံရရှိခဲ့ပြီး ငွေလျန် ၈၀၀၀ ကို သုံးစွဲကာ နတ်ဆိုးသားရဲ အသားခြောက် ၂၂ ကတ်တီအား ဝယ်ယူခဲ့သည်။]
[ထွက်ခွာခြင်းမပြုမီ ဖန်းလင်က သင့်အား ဒီဗိုင်းဓားစံအိမ်သို့ သွားရန် ဖိတ်ကြားစာအား ပေးခဲ့သည်။]
[အကြောင်းရင်းကို မေးမြန်းပြီးနောက် လျန်မိသားစုမှ ညီအစ်မသုံးဦးတို့ ပေါ်လာကြသည်။ ထို့နောက် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားနှစ်ဦးနှင့် သွေးကြောတစ်ခုအဆင့်နှင့် မြင့်မြတ်သော မိသားစုမှ မျိုးဆက်သုံးဦးတို့ ပေါ်လာကြသည်။]
[မြင့်မြတ်သော မိသားစုမှ မျိုးဆက်များသည် တတိယအဆင့် သွေးချီချိုးဖျက်မှုသို့သာ ရောက်ရှိထားသော သင်ကဲ့သို့ အားနည်းသူတစ်ဦး အဖွဲ့ထဲသို့ ဝင်ခြင်းအား ကန့်ကွက်ခဲ့သည်။]
[ဒီဗိုင်းဓားစံအိမ်သည် မည်မျှ အန္တရာယ်များကြောင်းအား သင်ကောင်းစွာ သိပါသည်။ သင်သည် သူတို့နှင့်အတူ ခရီးသွားရန် မူလကတည်းက ပြင်ဆင်ထားခြင်း မရှိသောကြောင့် အခွင့်အရေးရှာကာ ငြင်းပယ်ပြီး ကျောက်နက်မြို့သို့ ပြန်ခဲ့သည်။]
[နှစ်ကုန်တွင် နတ်ဆိုးသားရဲအသားခြောက် ၂၂ ပိဿာနှင့် ရှလင် ပေးအပ်သော အရင်းအမြစ်များစွာကို စားသုံးပြီးနောက် သင်သည် လေဟုန်စီးခြေထောက်၊ တောင်ဖြိုလက်သီးနှင့် ယင်ဖင်းလက်ဝါးတို့ကို တတိယအဆင့်အထိ လေ့ကျင့်ခဲ့သည်။ သို့သော် ယင်ဖင်းလက်ဝါးသည် ယင်စွမ်းအင်ကို မစုပ်ယူရသောကြောင့် သွေးအမှတ်အသားနှင့် အတွင်းအားကို ရရှိရန် အခက်ခဲဆုံး ဖြစ်သည်]
[အသက် ၂၂ နှစ်တွင် သင်သည် တတိယအဆင့် သွေးချီချိုးဖျက်မှု ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိခဲ့သည်။ ရှလင်နှင့်အတူ လေ့ကျင့်ပြီးနောက် သူမသည် တတိယအဆင့် သွေးချီချိုးဖျက်မှုသို့ ရောက်ရှိခဲ့ပြီး သင်သည် အတွင်းအားကို အောင်မြင်စွာ ဖမ်းဆုပ်နိုင်ခဲ့သည်။]
[ထိုနှစ်တွင်ပင် သင်၏ သက်ရှည်ကျမ်းသည် ပြီးပြည့်စုံေသာ အဆင့်သို့ ရောက်သွားခဲ့သည်။ သင်၏ လေဟုန်စီးခြေထောက်၊ တောင်ဖြိုလက်သီးနှင့် ယင်ဖင်းလက်ဝါးတို့သည် စတုတ္ထအဆင့်သို့ ရောက်ရှိခဲ့သော်လည်း ယင်ဖင်းလက်ဝါးတွင် ယင်စွမ်းအင် လိုအပ်နေသောကြောင့် သင်၏ အတွင်းအားကို နှောင့်နှေးစေခဲ့သည်]
[အတွင်းအားသုံးမျိုးကို လုံးဝ ပေါင်းစည်းကာ သုံးပါးသော အနှစ်သာရအင်အားကို ရရှိရန် သင်သည် ဒီဗိုင်းဓားစံအိမ်သို့ သွားကာ ယင်စွမ်းအင်ကို စုပ်ယူရန် ဆုံးဖြတ်ခဲ့သည်။]
[အသက် ၂၃ နှစ်တွင်... ပြင်ဆင်မှုများ အားလုံး ပြုလုပ်ပြီးနောက် သင်သည် ဒီဗိုင်းဓားစံအိမ်သို့ ဝင်ရောက်ခဲ့သည်။ ဖင်းအလောင်းေကာင်များနှင့် သွေးအလောင်းေကာင်များ အုပ်စုတစ်စုကို သတ်ပြီးနောက် နတ်ဆိုးဟာ ပေါ်လာခဲ့သည်။]
[အတွင်းအားလေးမျိုးဖြင့် သင်သည် နတ်ဆိုးကို ခြေတစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်ေစနိုင်ခဲ့သည်။]
[ထိုအချိန်တွင် လျန်မိသားစုမှ ညီအစ်မသုံးဦးအနက်မှ လျန်ချန်းဖင် ပေါ်လာ၏။ သို့သော် သူမသည် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး သူမ၏ ခန္ဓာကိုယ်တွင် ပြည်တည်နာများ ပြည့်နှက်နေသည်။]
[လျန်ချန်းဖင်သည် သင့်ကို မမှတ်မိသော်လည်း နတ်ဆိုးပေါ်လာသည်ကို မြင်သောအခါ တိုက်ပွဲတွင် ပါဝင်ခဲ့သည်။]
[နတ်ဆိုးသည် သင်တို့နှစ်ဦး၏ သတ်ဖြတ်ခြင်းခံရတော့မည့်အချိန်တွင် ရုတ်တရက် ရယ်မောကာ သူဆက်မကစားချင်တော့ကြောင်း ပြောသည်။ ထို့နောက် သူ၏ ခွန်အားသည် မြင့်တက်လာခဲ့၏။ သင်နှင့် လျန်ချန်းဖင်တို့သည် ချက်ချင်း အေရးနိမ့်သွားပြီး အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်။]
God Genzo: