← Chapters

အခန်း (၁၀၇)

Vol. 8 Ch. 107

အခန်း (၁၀၇)

Vol. 8 Ch. 107

[အရေးကြီးသော အခိုက်အတန့်တွင် သင်သည် သင်၏ ခွန်အားကို မဖုံးကွယ်တော့ဘဲ အစစ်အမှန်ချီ အားလုံးကို အသုံးပြုကာ ဓားထုတ်ခြင်းအတတ်ကို အသုံးပြုခဲ့သည်။ သို့သော် သင်သည် နတ်ဆိုး၏ လက်တစ်ဖက်ကိုသာ ဖြတ်နိုင်ခဲ့၏]

[နတ်ဆိုးက ရယ်မောကာ သူသည် သူ၏ အင်အားအပြည့်ကို အသုံးမပြုခဲ့ကြောင်း ပြောသည်။ ထို့နောက် သူသည် သူ၏ လက်ကို ပြန်ဆက်ကာ သင့်ကို အပြင်းအထန်စွာ ဒဏ်ရာရ စေခဲ့သည်။]

[ရှင်ခြင်းနှင့်သေခြင်း၏ အရေးကြီးသော အခိုက်အတန့်တွင် ထူးခြားမှု၏ အနက်ရှိုင်းဆုံးနေရာမှ အနက်ရောင်အငွေ့လုံးတစ်ခု ပေါ်လာခဲ့သည်။]

[မျှော်လင့်ချက်မဲ့စွာဖြင့် သင်သည် နောက်ဆုံး အတွင်းအားကို အသုံးပြုကာ တောင်ခွဲ‌ေဆဘာအတတ်ကို အသုံးပြုခဲ့သည်။ ထိုအချိန်တွင် အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးသည် အနက်ရောင်အငွေ့ထဲမှ ပေါ်လာ၏။]

[သူမသည် သင်၏ ဆေဘာဓားအတတ်ကို မှတ်မိကာ သင့်ကို ကယ်တင်ရန် လှည့်လာခဲ့သည်။ တစ်ချက်တည်းဖြင့် နတ်ဆိုးကို ပြင်းထန်စွာ ထိခိုက်စေခဲ့၏။]

[နတ်ဆိုးသည် "ကောင်းကင်ဖင်း နတ်ဆိုးအတတ်.. ချီနှစ်ထပ် စစ်ဘုရင်ပဲ.." ဟု အော်ဟစ်ကာ ထွက်ပြေးသွားခဲ့သည်။]

[အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးသည် သင့်အား တောင်ခွဲဆေဘာဓားအတတ်ကို အဘယ်ကြောင့် သိနေကြောင်းအား မေးမြန်းခဲ့သည်။ သင်သည် ရုပ်ဖျက်ထားမှုကို ဖယ်ရှားကာ မူလရုပ်ရည်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ တစ်ဖက်လူက သင်၏နာမည်ကို ရုတ်တရက် အော်ခေါ်လိုက်သည်..]

[နောက်ဆုံးအချိန် မတိုင်မီတွင် အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက သူမ၏နာမည်မှာ လုယင်ရွှမ်းဖြစ်ကြောင်း အား ပြောခဲ့သည်။]

[သင်သည် သေဆုံးခဲ့သည်...]

"ပထမဇနီးက ဒီလောက်တောင် စွမ်းအားကြီးတာတယ်"

အစမ်းရှင်သန်ခြင်းထဲမှ အချက်အလက်များကို ကြည့်ကာ ဟန်ကျောက်ဟာ အံ့အားသင့်သွားသည်။

လုယင်ရွှမ်းသည် သူ့ထက် သုံးနှစ်သာကြီးပြီး ယခုနှစ်တွင် အသက် ၂၃နှစ် ရှိ၏။ အစမ်းရှင်သန်ခြင်း သုံးနှစ်အကြာတွင် သူမသည် အသက် ၂၆ နှစ်သာ ရှိသေးသော်လည်း ချီနှစ်ဆင့် စစ်သူကြီးအဆင့်သို့ ရောက်ရှိနေတယ်တဲ့လား။

လုယီ၏ အဆိုအရ အသက် ၃၀ မတိုင်မီ အတွင်းအားကို ကျွမ်းကျင်သူများသည် စီရင်စုမြို့တော်တွင် ပါရမီရှင်များအဖြစ် သတ်မှတ်ခံရနိုင်၏။

အဘယ်ကြောင့်ဆိုသော် သိုင်းသမားအများစုသည် သွေးသန့်စင်ခြင်းအဆင့်၏ ပထမအဟန့်အတားတွင် ရပ်တန့်နေတတ်ကြ၏။ ထို့နောက် အတွင်းအားကို ဖမ်းဆုပ်ခြင်းသည် နောက်ထပ် အဟန့်အတားတစ်ခု ဖြစ်၏။

အတွင်းအားကို ဖမ်းဆုပ်နိုင်သော သိုင်းသမားများသည် အခြေခံအားဖြင့် ပါရမီ ညံ့ဖျင်းခြင်း မရှိကြပေ။ ထို့အပြင် သူမသည် အသက် ၂၆ နှစ်အရွယ် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းအဆင့် စစ်ဘုရင်တစ်ယောက် ဖြစ်၏။

လုယင်ရွှမ်း၏ ပါရမီသည် မည်မျှ ကောင်းမွန်လိုက်သနည်း။

အစောပိုင်း အစမ်းရှင်သန်ခြင်းတွင် လုယင်ရွှမ်းသည် သူမနှင့် လက်မထပ်မီ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်အဆင့်သို့ ရောက်ရှိရန် သူ့ကို တောင်းဆိုခဲ့၏။ နောက်ပိုင်း အစမ်းရှင်သန်ခြင်းများတွင် သူသည် သွေးချီချိုးဖျက်မှု တတိယအဆင့်သို့ စောလျင်စွာ ရောက်ရှိပြီးနောက် စေ့စပ်ပွဲကို ကြိုတင်စီစဉ်ခဲ့သည်။

ဖြစ်စဉ်တွင် ကွဲပြားခြားနားမှုများ ရှိသော်လည်း လုယင်ရွှမ်းသည် သူမ ဖခင်၏ အမိန့်ကို နာခံခဲ့၏။

ပထမတွင် ဟန်ကျောက်သည် လုယင်ရွှမ်းဟာ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်အဆင့်တွင် ရှိသည်ဟုသာ ထင်ခဲ့သည့်။ ထို့ကြောင့် ယခုကဲ့သို့ သူ့ကို တောင်းဆိုခဲ့တာ ဖြစ်ပေလိမ့်မည်။

သူမသည် ယခင် အစမ်းရှင်သန်ခြင်းများတွင် နှစ်အနည်းငယ်ထက် ပို၍ မရှင်သန်နိုင်ခဲ့ပေ။ ဒီအစမ်းရှင်သန်ခြင်းတွင် သူမသည် ချီနှစ်ဆင့် စစ်ဘုရင်အဆင့် ဖြစ်ကြောင်း ပြသနေ၏။

ရှင်းလင်းသည်မှာ သူမဟာ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရကာ သက်တမ်း မကျန်တော့သည့် ပုံပါ။

နတ်ဆိုး၏ ဖော်ပြချက်အရ သူမသည် ကောင်းကင်ဖင်းနတ်ဆိုးအတတ်ဟု ခေါ်သော ကျင့်ကြံခြင်းအတတ်တစ်ခုကို လေ့ကျင့်ခဲ့၏။ ယင်စွမ်းအင်ကို အသုံးပြု၍ လေ့ကျင့်ရန် လိုအပ်ဖွယ်ရှိပြီး ထူးခြားမှုထဲသို့ ဝင်ရောက်ခဲ့၏။

သူမသည် နတ်ဆိုးများနှင့် တိုက်ပွဲတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ကုသ၍ မရတော့တာ ဖြစ်နိုင်သည်လား.. ထို့ကြောင့် လုယီ၏ စီစဉ်ပေးမှုကို နားထောင်ပြီး သူနှင့် လက်ထပ်ခဲ့တာ ဖြစ်နိုင်လား...

အစမ်းရှင်သန်ခြင်း အမြောက်အမြား ပြုလုပ်ပြီးနောက် ဟန်ကျောက်သည် အစမ်းရှင်သန်ခြင်း၏ လမ်းကြောင်းကို အခြေခံအားဖြင့် သိလာခဲ့သည်။

အစမ်းရှင်သန်ခြင်း မစတင်မီ သူ၏ စိတ်ထဲတွင် အပြင်းထန်ဆုံးသော အတွေးသည် အစမ်းသေခြင်းအတွင်းရှိ သူ၏ လုပ်ဆောင်ချက်များကို သက်ရောက်မှု ရှိ၏။

ထို့အပြင် သူ့နှင့် ဆက်စပ်သူ အချို့လည်း အစမ်းရှင်သန်ခြင်းတွင် ပေါ်လာလိမ့်မည်။ အထူးသဖြင့် သူ့နှင့် နီးစပ်သူများ ဖြစ်၏။

ယခုအချိန်၌ လုယင်ရွှမ်းဟာ ဒဏ်ရာမရရှိသေးလောက်ပေ။ သူသည် သူမကို ကြိုတင်ရှာဖွေပြီး သူမနှင့် ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်နိုင်ပါသည်။

ထိုအခါ သူမအကြောင်း အချက်အလက်များ အစမ်းရှင်သန်ခြင်းထဲတွင် ပိုမို ပေါ်လာသင့်ပါသည်။ ဤနည်းအားဖြင့် အနာဂတ်တွင် သူမ၏ ဒဏ်ရာများ ဖြစ်ခြင်းကို ကာကွယ်နိုင်မည် မဟုတ်ဘူးလား...

လုယင်ရွှမ်းသည် မည်သို့ပင် တွေးစေကာမူ သူနှင့် လက်ထပ်ရမည် ဖြစ်၏။ အဓိကမှာ နျန်ရွှမ်းဟာ အလွန်လိမ္မာပြီး မိဘကို ရိုသေလွန်းသောကြောင့် ဖြစ်၏။

သူသာ လုယင်ရွှမ်းနှင့် လက်မထပ်ခဲ့ပါက နျန်ရွှမ်းဟာ မွေးဖွားလာနိုင်မည် မဟုတ်ပေ။ အဖေတစ်ယောက်အနေဖြင့် သူမည်သို့ လက်ခံနိုင်မည်နည်း။ သူဟာ လုယင်ရွှမ်း၏ ခန္ဓာကိုယ်ကို တပ်မက်၍မဟုတ်ပါ။

ထို့အပြင် အရေးကြီးဆုံးအချက်မှာ ယခုအချိန်၌ သူဟာ ငွေကြေး မရှားတော့ခြင်း ဖြစ်၏။ သူလိုအပ်နေသည်မှာ ယင်စွမ်းအင် ဖြစ်၏။

ယင်စွမ်းအင်ကို ရရှိရန် အမြန်ဆန်ဆုံးနည်းလမ်းမှာ ထူးခြားမှုထဲသို့ ဝင်ရောက်ရန် ဖြစ်၏။ လွန်ခဲ့သော တစ်ကြိမ်က ထောယွမ်ရွာရှိ ထူးခြားမှုများကို သူရှင်းလင်းပြီးနောက် အစမ်းသေခြင်းတွင် ပေါ်လာမှုအရ ထူးခြားမှုများသည် နတ်ဆိုးများ၏ စောင့်ရှောက်ခြင်းကို ခံယူထားကြ၏။

ခွန်အားသန့်စင်ခြင်းအဆင့်ထက် အင်အားနည်းသူ ဆိုပါက သေမင်းကို ဖိတ်ခေါ်နေခြင်းနှင့် တူညီသည်။

သို့သော် ယခု သူ၏ ပထမဇနီးသည် ချီနှစ်ဆင့် စစ်ဘုရင် ဖြစ်၏။ သူမသည် စီရင်စုမြို့တော်တွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်မှာပါ။

လုယီ၏ ဆက်ဆံရေး ရှိနေသောကြောင့် လုယင်ရွှမ်းသည် သေချာပေါက် ယုံကြည်စိတ်ချရ၏။ မဟုတ်ပါက တောင်ခွဲဆေဘာဓားအတတ်ကို သူအသုံးပြုခဲ့ရုံဖြင့် အစမ်းရှင်သန်ခြင်းတွင် သူမသည် သူ့ကို ကယ်တင်မည် မဟုတ်ပေ။

သူတို့အကြား ပို၍ အပြန်အလှန် ဆက်ဆံမှုရှိလေလေ အချိန်ကြာလာသည်နှင့်အမျှ ချစ်ခင်မှုများ ဖြစ်ပေါ်လာရန် ပြဿနာ မရှိလေလေ ဖြစ်သည်။

အချိန်ကျလာပါက သူသည် သူ၏ ပထမဇနီးကို တိုက်ရိုက်ခေါ်ယူ၍ ထူးခြားမှုတွင် စွမ်းအင်ရှာဖွေရပေမည်။ သူမနောက်မှ လိုက်ပါ၍ အကျိုးအမြတ်အချို့ ရရှိပေလိမ့်မည်။ ဤသို့ဖြင့် ဝိညာဉ်အဆီအနှစ်လုံးနှင့် ယင်ဖင်းလက်ဝါးကို ပြည့်လာနိုင်ဖွယ် ရှိ၏။

ထို့အပြင် လုယင်ရွှမ်းသည် အကြောင်းတစ်ခုခုကြောင့် ထူးခြားမှုထဲသို့ သွားရမည် ဖြစ်၏။ သူမ၏ အနာဂတ်ခင်ပွန်းအနေဖြင့် သူသည် ဝန်ထုပ်ဝန်ပိုး ဖြစ်လို့မဖြစ်ပေ။

ထို့အပြင် လာမည့်နှစ်၏ ဒီအချိန်တွင် လျန်မိသားစု၏ ညီအစ်မသုံးယောက်သည် ထူးခြားမှုထဲသို့ အတူတကွ သွားကြလိမ့်မည် ဖြစ်သည်။ သူမတို့၏ ရည်ရွယ်ချက်ကို သူမသိသော်လည်း လျန်ချန်းဖင် တစ်ယောက်တည်း ကျန်သည်အထိ အားလုံး သေဆုံးသွားကြမှာ ဖြစ်သည်။

အကယ်၍ သူသည် အသက် ၂၁ နှစ်တွင် အတွင်းအားကို ဖမ်းဆုပ်နိုင်ပါက အစမ်းရှင်သန်ခြင်းမှတစ်ဆင့် အခြေအနေကို ကြိုတင်စုံစမ်းနိုင်၏။ အန္တရာယ် မများဘဲ အကျိုးအမြတ်များစွာ ရှိပါက သူသွားနိုင်ပါသည်။

လုယင်ရွှမ်းကိုပါ ခေါ်သွားနိုင်ပါက အကောင်းဆုံး ဖြစ်၏။

[၁- ပါရမီအား ရယူပါ (ရွေးချယ်၍ မရပါ)]

[၂- စွမ်းရည်မှတ်အား ရယူပါ]

[၃- ဘဝအတွေ့အကြုံ၏ မည်သည့် အစိတ်အပိုင်းကိုမဆို ရယူပါ]

[လက်ရှိငွေလက်ကျန်: ရွှေ ၁၁၀ လျန်]

"နှစ်"

[စွမ်းရည်မှတ်များ +၁၈]

[အချက်ပေးအပိုင်းအစ ၁၅ ခုကို စုဆောင်းပြီးပါပြီ။ ဝင်ရောက်ခွင့်ကို ပေါင်းစပ်လိုပါသလား]

[ပေါင်းစပ်မှုတစ်ခုစီသည် အချက်ပေးအပိုင်းအစ ၄၅ ခုနှင့် ရွှေ ၆၀လျန်အား ကုန်ကျမည်…]

“နောက်ထပ် တစ်နှစ်လောက် ကျန်သေးတယ်။ ဝိညာဉ်အဆီအနှစ်လုံးက သဘာဝအတိုင်း ပြန်စုနိုင်တဲ့ ယင်စွမ်းအင်ကို အားကိုးရင် နှစ်ကြိမ်လောက် အစမ်းရှင်သန်ခြင်း လုပ်နိုင်လောက်တယ်။ အရင်ဆုံး ငါ့ရဲ့ပါရမီကို တိုးမြှင့်ပြီး သိုင်းပညာအနည်းငယ်ကို တတိယအဆင့်အထိ လေ့ကျင့်ပြီးမှ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုနဲ့ အတွင်းအားကို ဖမ်းဆုပ်ရမယ်”

ဟန်ကျောက်သည် သူ့ဘာသာသူ တွေးတောပြီးနောက် ချက်ချင်းပင် ဗာဂျရာအတတ်ကို အာရုံစိုက်လိုက်၏။

သိုင်းပညာ- ဗာဂျရာအတတ် (ပထမအဆင့် အကြီးစားကျွမ်းကျင်မှု ၁၅%၊ အဆင့်မြှင့်တင်နိုင်သည်။ အထူးအကျိုးသက်ရောက်မှု- ကြွက်သားကျုံ့ဆန့်ခြင်း အဆင့် ၂၊ အရိုးခိုင်ခံ့ခြင်း အဆင့် ၁)

"ဟူး.."

ဟန်ကျောက်သည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ကာ သစ်သားချောင်းတစ်ချောင်းကို ကောက်ယူပြီး ပါးစပ်ထဲသို့ ထည့်ကိုက်၏။ သူသည် ကိုယ့်ကိုယ်ကိုယ် "ဗာဂျရာအတတ်ကို ပြီးပြည့်စုံတဲ့အဆင့်အထိ မြှင့်တင်လိုက်" ဟု တွေးလိုက်၏။

[စွမ်းရည်မှတ်များ- ၁၈ -၉ ၁၃]

ချက်ချင်းဆိုသလို ဟန်ကျောက်၏ ခန္ဓာကိုယ်ဟာ တုန်ယင်သွားပြီး ပိုမို ကြောက်စရာကောင်းသည့် နာကျင်မှုသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပြည့်နှက်သွား၏။

ကြွပ်...

သစ်သားချောင်းလည်း သူ၏ သွားများဖြင့် ကြေမွသွား၏။ ခဏတာ နာကျင်မှုသည် သူ့ကို ကြောက်ရွံ့မှုများ ကျန်ရစ်စေခဲ့သည်။

သိုင်းပညာ- ဗာဂျရာအတတ် (ပထမအဆင့် ပြီးပြည့်စုံမှု ၈%၊ အဆင့်မြှင့်တင်နိုင်သည်။ အထူးအကျိုးသက်ရောက်မှု- ကြွက်သားကျုံ့ဆန့်ခြင်း အဆင့် ၃၊ အရိုးခိုင်ခံ့မှု အဆင့် ၂)

"ထပ်လုပ်ဦးမယ်"

ဟန်ကျောက်ဟာ သူ၏ နဖူးပေါ်ရှိ မရှိသော ချွေးများကို သုတ်လိုက်ပြီး မုန့်ကျွယ်၏ သံလှံတစ်ဝက်ကို ထုတ်ယူကာ ပါးစပ်ထဲသို့ ထည့်ကိုက်လိုက်၏။

"ဗာဂျရာအတတ်ကို ဒုတိယအဆင့်အထိ မြှင့်တင်လိုက်"

[စွမ်းရည်မှတ်များ: ၁၃ -၉ ၃]

ခန္ဓာကိုယ်ကို အပိုင်းတစ်ထောင် ခုတ်ပိုင်းခံရသကဲ့သို့ ရှိ၏။ ကိုယ်လက်အင်္ဂါများ ဖြတ်တောက်ခံရခြင်းနှင့် တူသော နာကျင်မှုသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွား၏။

"အွန်း... အား"

ဒီတစ်ကြိမ်တွင် နာကျင်မှုသည် သုံးစက္ကန့် အပြည့် ကြာရှည်ခဲ့၏။ ဟန်ကျောက်သည် နာကျင်မှုကြောင့် ခုတင်ပေါ်သို့ လဲကျသွားပြီး တုန်ယင်နေ၏။

"ဟူး... ဟူး..."

အသက်ပြင်းပြင်း ရှူရှိုက်ကာ သူ၏ သွားများကို ကျိုးမတတ် ကြိတ်ထား၏။

သိုင်းပညာ- ဗာဂျရာအတတ် (ဒုတိယအဆင့်၏ စတင်ခြင်းအဆင့် ၇%၊ အဆင့်မြှင့်တင်နိုင်သည်။ အထူးအကျိုးသက်ရောက်မှု- ကြွက်သားကျုံ့ဆန့်ခြင်း အဆင့် ၄၊ အရိုးခိုင်ခံ့မှု အဆင့် ၃၊ ဗာဂျရာ အစစ်အမှန်ချီ အဆင့် ၁)

"ဟင် အစစ်အမှန်ချီ"

သိုင်းပညာကော်လံရှိ အထူးအကျိုးသက်ရောက်မှုများကို ကြည့်ရှုပြီးနောက် ဟန်ကျောက်ဟာ အံ့အားသင့်သွားကာ ကိုယ်ထဲသို့ အလျင်အမြန် ကြည့်ရှုလိုက်၏။

သူ၏ ဒန်တျန်သည် အစိမ်းရောင်နှင့် အဖြူရောင် သက်ရှည်ကျမ်း အစစ်အမှန်ချီများဖြင့် ပြည့်နှက်နေ၏။ ထိုအစစ်အမှန်ချီ၏ အစွန်းတွင် ဆံချည်မျှင်လောက် ပါးလျသော ရွှေရောင် အစစ်အမှန်ချီတစ်မျှင် ပေါ်လာသည်။ သူ၏ အတွင်းပိုင်းအမြင် မရှိပါက လုံးဝ ရှာတွေ့နိုင်မည် မဟုတ်ပေ။

“ကောင်းကင်သူတော်စင်ဂိုဏ်း ဒီဗိုင်းအတတ်ရဲ့ အခြေခံ ကျင့်ကြံခြင်း နည်းလမ်းက အစစ်အမှန်ချီကို လေ့ကျင့်နိုင်တယ်ဆိုတော့ သိုင်းပညာဆိုတာ မူလက အတွင်းရော အပြင်ရော နှစ်မျိုးလုံးအတွက် ရည်ရွယ်တာ ဖြစ်နိုင်တယ်"

သူသည် ဗာဂျရာအစစ်အမှန်ချီကို လည်ပတ်ရန် ကြိုးစားကြည့်၏။ ဆံချည်မျှင်လောက် ပါးလျသော ရွှေရောင်အစစ်အမှန်ချီသည် သူ၏ လက်ဝါးတွင် ပေါ်လာခဲ့သည်။

ဝှစ်..

God Genzo:

All Chapters