← Chapters

အခန်း (၁၀၈)

Vol. 8 Ch. 108

အခန်း (၁၀၈)

Vol. 8 Ch. 108

ဟန်ကျောက်၏ ထိန်းချုပ်မှုအောက်တွင် သူ၏ အစစ်အမှန်ချီသည် နူးညံ့သော အခြေအနေမှ ချွန်ထက်သော အပ်များအဖြစ်သို့ ပြောင်းလဲသွား၏။

သူက သူ၏ လက်ဝါးကို လှုပ်ရှားလိုက်ပြီးနောက် ဗာဂျရာအစစ်အမှန်ချီဟာ ထွက်ခွာသွား၏။

ဒုန်း..

ဟန်ကျောက်သည် ခုတင်ပေါ်မှ ဆင်းလိုက်၏။

ရေအိုးတွင် လက်သီးဆုပ်လောက် ရှိသည့် အပေါက်နှစ်ပေါက် ဖောက်ထွက်သွား၏။

"ဝေါ.."

ရေတစ်ဝက်လောက်ဟာ မြေပြင်ပေါ်သို့ စီးကျသွား၏။

ဘယ်လောက်တောင် မြန်ဆန်လိုက်ပါသနည်း။

သက်ရှည်ကျမ်း၏ အစစ်အမှန်ချီသည် ယခုလောက်ခွန်အားအထိ ထုတ်လွှတ်နိုင်သော်လည်း ကျစ်လစ်မှုဟာ ယခုလောက် မရှိသည့်အပြင် အမြန်နှုန်းသည်လည်း ယခုလောက် မရနိုင်ပေ။

တက်.. တက်..

"အစ်ကိုဟန်.. ဘာဖြစ်တာလဲ"

ဆူညံသံကို ကြားရပြီးနောက် ခြံဝင်းထဲတွင် အဝတ်လျှော်နေသည့် ယုနျန်က အခန်းထဲသို့ အလျင်အမြန် ပြေးဝင်လာ၏။ မြေပြင်အနှံ့ စီးကျနေသော ရေကို ကြည့်ကာ ယုနျန်ဟာ အံ့အားသင့်သွား၏။

"နောက်တစ်ခါ လေ့ကျင့်ရင်.. ဂရုစိုက်ပါ့မယ်"

ဟန်ကျောက်က ရှက်ရွံ့စွာ ပြုံး၏။

"အိုး.. ကောင်းပါပြီ"

ယုနျန်က ခေါင်းညိတ်ကာ ထောင့်တစ်ခု ပျောက်နေသော စားပွဲနှင့် အပေါက်နှစ်ပေါက် ရှိနေသော မြေပြင်ကို အလိုလို ကြည့်မိ၏။

ဟန်ကျောက်- ...

ယုနျန်- ...

အခန်းထဲမှ ယုနျန် ထွက်သွားပြီးနောက် ဟန်ကျောက်သည် ခုတင်ပေါ်သို့ ပြန်တက်ပြီး တင်ပျဉ်ခွေ ထိုင်လိုက်၏။

သူဟာ ကျန်ရှိသော စွမ်းရည်မှတ်များကို ချန်ထားရန် အစီအစဉ် မရှိဘဲ တိုက်ရိုက် အသုံးပြုလိုက်သည်။

သိုင်းပညာ- တောင်ခွဲဆေဘာဓားအတတ် (တတိယအဆင့် အကြီးစားကျွမ်းကျင်မှု ၈၆%၊ အဆင့်မြှင့်တင်နိုင်သည်။ အထူးအကျိုးသက်ရောက်မှု- ပေါက်ကွဲမှုအဆင့် ၅၊ တောင်ခွဲအားအဆင့် ၂၊ သက်တမ်းတိုးခြင်း နှစ် ၂၀)

သုံးလကြာ လေ့ကျင့်ပြီးနောက် သူ၏ တောင်ခွဲဆေဘာဓားအတတ်၏ တိုးတက်မှုသည် ၄၁% ရှိလာ၏။ ဒီတစ်ကြိမ် သူ၏ပါရမီ တိုးလာပြီးနောက် အနာဂတ်တွင်လေ့ကျင့်မှုနှုန်းသည် ပိုမို မြန်ဆန်လာမှာဟု ယုံကြည်ပါသည်။

အတွင်းအားကို အမြန်ဆုံး ဖမ်းဆုပ်နိုင်ရန် သူသည် တောင်ခွဲဆေဘာဓားအတတ်ကို မြှင့်တင်ပြီး သူ၏ သွေးချီအားလုံးကို တိုးမြှင့်ရန် ဆုံးဖြတ်လိုက်၏။

"တောင်ခွဲဆေဘာဓားအတတ်ကို မြှင့်တင်လိုက်"

ဟန်ကျောက်ဟာ သူ၏ စိတ်ထဲတွင် ရွတ်ဆိုလိုက်၏။

[စွမ်းရည်မှတ်များ- ၃ — ၀]

သိုင်းပညာ- တောင်ခွဲဆေဘာဓားအတတ် (တတိယအဆင့် ပြီးပြည့်စုံမှု ၂၃%၊ အဆင့်မြှင့်တင်နိုင်သည်။ အထူးအကျိုးသက်ရောက်မှု- ပေါက်ကွဲမှုအဆင့် ၆၊ တောင်ခွဲအားအဆင့် ၄၊ သက်တမ်းတိုးခြင်း နှစ် ၂၀)

ဟန်ကျောက်သည် သူ၏ လက်မောင်းများ ပူလာသည်ဟု ခံစားလိုက်ရ၏။ လက်ကို လှန်ကြည့်ပြီးနောက် သူ၏ လက်မောင်းများ နီရဲနေသည်ကို တွေ့လိုက်ရ၏။ တောင်ထိပ်များနှင့်တူသော အနက်ရောင် အစင်းကြောင်း သုံးခုသည် သူ၏ လက်နှစ်ဖက်လုံးတွင် ပေါ်လာ၏။

"ငါ့ရဲ့ သွေးချီချိုးဖျက်မှု တတိယအဆင့်က သွေးချီကို နှစ်ဆ တိုးစေတယ်"

သွေးသန့်စင်ခြင်းအဆင့်၏ သွေးချီချိုးဖျက်မှု တတိယအဆင့်ဟာ သိုင်းသခင်အဆင့် မဟုတ်သေးသော်လည်း သာမန် အရေအပြားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ထက် သွေးချီအား ၄.၅ ဆကနေ ၇.၅ ဆအထိ ပိုများ၏။

သူ့၏ လက်ရှိ သွေးချီအားလုံးဟာ သာမန် အရေအပြားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ထက် ၉.၅ ဆ ရှိနေပြီး ဖြစ်သည်။ အရွယ်အစားဟာ အတူတူလောက်သာ ရှိပေမယ့် သွေးချီအားဟာ သာမန် သိုင်းသမားများထက် ကိုးဆကျော် ပိုများ၏။

ထို့အပြင် ဒီတိုးတက်မှုအပြီးတွင် သူ့၏ တောင်ခွဲအားဟာ တစ်ခါတည်း နှစ်ဆင့် တိုးလာ၏။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကြွယ်ဝလှသည့် သွေးအမှတ်အသားကို သူခံစားနိုင်၏။ တောင်ခွဲအားကို သူ့လက်မောင်းကနေ လိုသလို ထုတ်သုံးနိုင်ပါသည်။

သူ၏သွေးချီအားလုံးကို သွေးအမှတ်အသားအဖြစ် ပြောင်းလဲပါက မုန့်ကျွယ်ကဲ့သို့ သိုင်းသခင်တစ်ယောက်နှင့် တွေ့ဆံုသည့်အခါ သက်ခြွေဓားကို သုံးရန် လိုမည်မထင်ပေ။

"ငါ့ရဲ့ သွေးချီအားလုံးက သာမန်လူတစ်ယောက်ရဲ့ ကန့်သတ်ချက်ကို ကျော်လွန်နေပြီ.. ဒါပေမဲ့..."

ဟန်ကျောက်၏ အကြည့်က သွေးစိတ်ဝိညာဉ်မူဝါဒဆီသို့ ရောက်ရှိသွား၏။

သိုင်းပညာ- သွေးစိတ်ဝိညာဉ်မူဝါဒ (ပထမအဆင့် ပြီးပြည့်စုံမှု ၁၀၀%၊ အဆင့်မြှင့်တင်နိုင်သည်။ အထူးအကျိုးသက်ရောက်မှု- သွေးပြောင်းလဲခြင်း အဆင့် ၃၊ စိတ်ထိန်းချုပ်ခြင်း အဆင့် ၂၊ သွေးစိတ်ဝိညာဉ်မူဝါဒ အဆင့် ၁)

"ယင်စွမ်းအင်ရယူပြီး ငွေရှာတဲ့ကိစ္စကို ငါ့ကို လွှဲထားလိုက်.. မင်းရဲ့ အကန့်အသတ်ကို ငါကြည့်ရသေးတာပေါ့.. စနစ်ရာ"

"ဆရာလုဆီ သွာပြီး အခြေအနေအကြောင်း မေးမြန်းရမယ်"

ဟန်ကျောက်က သူ့ကိုယ်သူ တွေး၏။

မည်သည့်ကိစ္စကိုမဆို မဆိုင်းမတွ လုပ်ဆောင်ခြင်းမှာ သူ၏ ပုံစံပဖြစ်၏။ သူဟာ သန့်ရှင်းသော ရေပြာရောင် ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ပြီး အခန်းထဲမှ ထွက်လာခဲ့၏။

"ယုနျန်... ကျွန်တော် ခဏ အပြင်သွားဦးမယ်.. ညစာစားချိန်မှ ပြန်လာခဲ့မှာ.. စားချင်တာ တစ်ခုခု ရှိလား.. ပြန်လာလျှင် ဝယ်ခဲ့မယ်"

အဝတ်အစားများကို လျှော်ဖွပ်နေသော ယုနျန်ကို ကြည့်ရင်းက ဟန်ကျောက်က ပြော၏။

ယုနျန် ရောက်ရှိလာသည့် အချိန်မှစ၍ သူသည် အိမ်မှုကိစ္စများကို လုပ်ဆောင်ရန် မလိုတော့ပေ။ ထို့အပြင် သူ၏ အဝတ်အစားများကို နေ့စဉ် ပြောင်းလဲဝတ်ဆင်နိုင်ပြီး သူ၏ အိပ်ယာခင်းများကိုလည်း နေ့စဉ် နေလှန်းကာ မကြာခဏ လျှော်ဖွပ်ပေး၏။

သူတစ်ယောက်တည်း ရှိနေချိန်တွင် သန့်ရှင်းစွာ နေထိုင်ရသည်ကို နှစ်သက်သော်လည်း ယခုကဲ့သို့ သက်တောင့်သက်သာ မရှိခဲ့ပေ။

"အရင်အတိုင်းပဲလေ"

ယုနျန်က ပြုံး၍ ပြော၏။

"ကောင်းပြီလေ.. သစ်အယ်သီး အကြွပ်ကြော်နဲ့ ဘဲကင်ပဲပေါ့"

ဟန်ကျောက်က 'အိုကေ' ဟူသော လက်ဟန်ပြ၏။

၎င်းကိုမြင်သော ယုနျန်က သူမ၏ လက်ထဲမှ တုတ်ကိုချကာ ပုံစံမကျသည့် 'အိုကေ' ကို ပြန်၍ပြ၏။ ပါးစပ်ကို ဖွင့်လိုက် ပိတ်လိုက် လုပ်နေသော ကြက်ကလေးနှင့် တူပါသည်။

"သွားပြီနော်"

ဟန်ကျောက်ဟာ အိမ်မှ ထွက်ခဲ့၏။ မထွက်ခွာမီ သူသည် သူမ၏ ကိုရေးအချက်အလက်ကို တစ်ချက် ကြည့်လိုက်၏။

—နာမည်- ယုနျန် (ရေခဲ‌ေတးသီငှက် – မိစ္ဆာတစ်ပိုင်း)

—ကျင့်စဉ်: သက်ရှည်ကျမ်း (ဒုတိယအဆင့် ပြီးပြည့်စုံမှု ၁၃%၊ အဆင့်မြှင့်တင်နိုင်)

"မြန်လိုက်တာ"

ဟန်ကျောက်ဟာ အံ့အားသင့်သွား၏။

သူမကို နောက်ဆုံး မြင်ခဲ့သည်မှာ ခဏတာသာ‌ေသး၏။ ယုနျန်၏ သက်ရှည်ကျမ်းသည် ပြီးပြည့်စုံသော ဒုတိယအဆင့်သို့ ရောက်ရှိနေပြီး ဖြစ်သည်။

ရှလင်ဆိုလျှင် သူ၏ သက်ရှည်အစစ်အမှန်ချီကို အသုံးပြုကာ လမ်းညွှန်မှုနှင့် ကူညီမှုနှင့်ဖြင့်ပင် တိုးတက်မှုသည် ယုနျန်၏ တိုးတက်မှုထက် အများကြီး မြန်ဆန်ခြင်းမရှိပေ။

ယုနျန်သည် သူနှင့် အတူတူ စားသောက်၏။ သို့ပေမဲ့ သာမန်လူတစ်ယောက်၏ အစာစားခြင်း ပမာဏဖြင့်သာ ဖြစ်သည်။ သူမဟာ ယခုကဲ့သို့ လေ့ကျင့်မှုအမြန်နှုန်းကိုပိုင်ဆိုင်နိုင်‌ေလသည်။

"နောက်ပိုင်းမှာ သူမကို ပျိုးထောင်တာကို အာရုံစိုက်ရမယ်.. ဖြစ်နိုင်တာက ခဏအတွင်းမှာ အဆင့်တွေတက်လာမှာလည်း ဖြစ်နိုင်တယ်"

အိမ်မှ ထွက်လာပြီးနောက် ဟန်ကျောက်သည် တောင်ဖြိုလက်သီး သိုင်းကျောင်းသို့ အလျင်အမြန် သွားခဲ့၏။

"အစ်ကိုကြီးဟန်"

"အစ်ကိုဟန်"

အပြင်ဘက် ခြံဝင်းထဲတွင် သိုင်းပညာ လေ့ကျင့်နေသော တပည့်များက လုပ်လက်စများကို ရပ်လိုက်ကြ၏။ တိတ်ဆိတ်နေတတ်သော တပည့်အချို့ပင် ဟန်ကျောက်ကို နှုတ်ဆက်ရန် လျှောက်လာခဲ့ကြသည်။

ဘာပဲဖြစ်ဖြစ် လက်ရှိ ဟန်ကျောက်သည် သွေးသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေပြီ ဖြစ်၏။ ထို့အပြင် သူသည် အသက် ၂၀ ကျော်အရွယ်တွင် သွေးသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိခဲ့သည်။

ဟန်‌ေကျာက်ဟာ နောက်ခံကောင်းသော အခြားတပည့်များနှင့် မတူဘဲ အစပိုင်းတွင် သိုင်းပညာကို သင်ယူရန်အတွက် လျှို့ဝှက်စာအုပ် တစ်အုပ်အား လဲလှယ်ခဲ့ခြင်းမှ လွဲ၍ အခြေခံအားဖြင့် သူတို့ထဲမှ သာမန်လူများစွာနှင့် တူညီ၏။ သူ့ကို အောက်ခြေလူတန်းစားမှ ပေါက်ဖွားလာသည်ဟု ယူဆနိုင်သည်။

သူသည် ဒီအဆင့်သို့ ရောက်ရှိနိုင်ရန် သူ၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုအပေါ် အားကိုးခြင်းဖြင့် တပည့်များစွာအတွက် စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့၏။

"အေး.."

ဟန်ကျောက်က ပြုံး၍ ခေါင်းညိတ်၏။

မျက်ခုံးထူထူနှင့် မျက်လုံးပြူးပြူးရှိသော အရပ်ရှည်ရှည် လူငယ်တစ်ဦးကို ဖြတ်သွားစဉ် သူဟာ

ခြေလှမ်းများကို ရပ်တန့်ပြီး လက်သီးဆုပ်၏။

"စီနီယာလီ.. မတွေ့တာ ကြာပြီနော်"

ထိုလူငယ်မှာ လီဖေးဖြစ်ပြီး သူသည် ဒီအတောအတွင်းတွင် သိုင်းကျောင်းသို့ မလာခဲ့ပေ။ ပြီးခဲ့တုန်းက လီဖေးသည် တောင်ခွဲဆေဘာဓားအတတ်မှ တောင်ဖြိုလက်သီးသို့ ပြောင်းခဲ့၏။ ထို့နောက် သူသည် သိုင်းကျောင်းတွင် လူသစ်များကို သင်ကြားပေးပြီး လုယီ၏ လမ်းညွှန်မှုကို ခံယူခဲ့၏။

ပြီးခဲ့သည့် အချိန်တစ်ခုက ရှလင်နှင့် ဟန်ကျောက်တို့၏ ဆက်တိုက် အဆင့်တက်မှုများကြောင့် သူသည် စိတ်ဓာတ်တက်ကြွလာပြီး နောက်ဆုံးတွင် အဆင့်တက်ရန်အတွက် မိသားစုသို့ ပြန်ရန် ဆုံးဖြတ်ခဲ့၏။

ယခု သူ၏ တပည့်များကို ဆက်လက် ညွှန်ကြားနေခြင်းက သူသည် သွေးသန့်စင်ခြင်းအဆင့်သို့ အဆင့်တက်ရန် ကျရှုံးခဲ့သည်ဟု ဆိုလို၏။

အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမားများကို အလယ်အလတ်အဆင့်ဟု သတ်မှတ်နိုင်သည်။ အငယ်စားနှင့် အလတ်စား ဂိုဏ်းများတွင် သူတို့သည် ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်အဆင့်သို့ ရောက်ရှိနိုင်ကြ၏။

အစက ဂိုဏ်းအတော်များများဟာ လီဖေးကို ဝင်ရောက်ရန် ကောင်းမွန်သော အခြေအနေများအား ကမ်းလှမ်းခဲ့၏။ သို့ရာတွင် သူက အားလုံးကို ငြင်းပယ်ခဲ့သည်။

သူသည် သိုင်းကျောင်းတွင် ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့၏။

တစ်ဖက်တွင် ဤသည်မှာ လက်သီးပညာကို သူလေ့ကျင့်ခဲ့စဉ်၌ လုယီ၏ ဂရုတစိုက် လမ်းညွှန်မှုအတွက် ကျေးဇူးဆပ်ရန် ဖြစ်၏။ အခြားတစ်ဖက်တွင် သူသည် လက်မလျှော့ဘဲ နောက်တစ်ကြိမ် ထပ်မံ ကြိုးစားလိုသောကြောင့် ဖြစ်၏။

God Genzo:

All Chapters