အခန်း (၁၀၉)
Vol. 8 Ch. 109
"ညီလေးဟန်.. မတွေ့တာ ကြာပြီနော်"
ဟန်ကျောက်၏ အပြုံးသည် စိတ်ရင်းမှန်ကာ အရင်အတိုင်းပင် ဖြစ်ကြောင်း တွေ့ရပြီးနောက် လီဖေး၏ အနည်းငယ် တောင့်တင်းနေသော ခန္ဓာကိုယ်သည် ပြေလျော့သွား၏။
"ကျွန်တော် ဆရာနဲ့ ဆွေးနွေးစရာ ကိစ္စရှိလို့ လာတာ"
"ဆရာလု စာကြည့်ခန်းထဲမှာ ရှိမယ်ထင်တယ်"
"ဒါဆို ကျွန်တော် အရင် သွားပါဦးမယ်"
"ကောင်းပြီ"
ဟန်ကျောက်၏ အရပ်ရှည်သည့် နောက်ကျောကို ကြည့်ကာ လီဖေး၏ မျက်နှာဟာ အနည်းငယ် ဝမ်းနည်းသွားသည်။
အရင်တုန်းက ခြံဝန်းအနောက်ဘက်တွင် ရှိခဲ့သည့် လူအနည်းငယ်တို့ ထဲတွင် ရှလင်နှင့် ဟန်ကျောက်တို့ အားလုံးဟာ သွေးသန့်စင်ခြင်း အဆင့်သို့ ချိုးဖြတ်ခဲ့ကြ၏။ သူနှင့် စုယွင်တို့ နှစ်ဦးသာ ပြီးပြည့်စုံသော အရိုးသန့်စင်ခြင်းအဆင့်တွင် ရပ်တန့်ခဲ့ကြသည်။
သို့သော် စုယွင်တွင် အချိန်နှင့် အခွင့်အရေးများ ကျန်ရှိနေသေး၏။ ကျန်းထန်ဝမ်လည်း အဆင့်တက်ခဲ့ပြီး သူကတော့ အခွင့်အလမ်းတို့ ကုန်ဆုံးသွားလေပြီ။
"အဲဒီတုန်းက ငါသာ နည်းနည်းလောက် သတ္တိရှိပြီး.. ညီမလေးလုနောက် လိုက်ပြီး စီရင်စုမြို့တော်ကို သွားခဲ့ရင် ရလဒ်က ကွဲပြားသွားနိုင်မလား"
လီဖေးဟာ သက်ပြင်းချ၏။
ဟန်ကျောက်ဟာ စာကြည့်ခန်းသို့ လျင်မြန်စွာ ရောက်သွားခဲ့သည့်။ လုယီသည် စားပွဲတွင် ထိုင်ကာ သဲသဲမဲမဲ စာရေးနေ၏။
ခြေသံကိုကြားသော် လုယီသည် တံခါးဝသို့ မော့ကြည့်၏။
"ဆရာ"
ဟန်ကျောက်က ဦးညွှတ်သည်။
"ဝင်ခဲ့"
လုယီက ပြုံးကာ နံဘေးရှိ လက်တင်ကုလားထိုင်ကို ညွှန်ပြ၏။
"အဆင်ပြေသလိုဝန်ထိုင်လှည့်.."
"ဟုတ်"
ဟန်ကျောက်သည် လုယီ၏ဘေးတွင် ထိုင်ကာ မျက်လုံးေစွကာ တစ်ချက် ခိုးကြည့်၏။ ကြည့်ရတာ စာတစ်စောင် ရေးနေသည့်ပုံပါ။
လုယီလည်း ဟန်ကျောက်၏ အကြည့်ကို ရိပ်မိပြီး ရယ်ရမလို ငိုရမလို ဖြစ်နေ၏။
"ကောင်လေး မင်းက တကယ်ပဲ... ငါ့ရဲ့ မိသားစုစာကို ခိုးကြည့်နေတာလား"
"မိသားစုစာ"
ဟန်ကျောက်က အံ့အားသင့်သွားပြီးမှ..
"စီနီယာအစ်မ အတွက်လား"
ဟု မေး၏။
သူဟာ လုယီထံမှ သိုင်းပညာကို သင်ယူနေခဲ့တာ ကြာပါပြီ။ အခြေခံပုံကြမ်းကို ရှင်းပြသည်မှလွဲ၍ မိသားစုအကြောင်း ပြောခဲ့သည်ကို သိပ်မကြားဖူးပေ။
"ဟုတ်တယ်"
လုယင်က ပြန်ဖြေ၏။
"ဆရာ.. နောက်ဆုံးတော့ စဉ်းစားမိပြီပေါ့။ စီနီယာအစ်မကို ကျွန်တော်နဲ့ ပေးစားတော့မှာလား"
ဟန်ကျောက်က ပြုံး၍ ပြော၏။
"စောက်ကောင်လေး.. မင်းက အိပ်မက် မက်နေတာပဲ.. ဒီကိစ္စက လွယ်မယ်ထင်နေလား"
လုယီက ပြုံး၍ ပြော၏။
ထို့နောက် သူက ခါးသက်စွာပြုံးသည်။
"တကယ်တော့... တခါတလေမှာ မိန်းမတွေနဲ့ ပတ်သက်ပြီး ကံကောင်းလွန်းတာက ကောင်းတဲ့အရာ မဟုတ်ဘူး"
'ဒီစကားရဲ့နောက်ကွယ်မှာ ပုံပြင်တစ်ခုတော့ ရှိရမယ်"'
ဟန်ကျောက်၏ မျက်လုံးများက တောက်ပလာ၏။
လုယီ၏ မျက်နှာက လေးနက်သွားသည်။
"ငါမင်းကို ယင်ရွှမ်းနဲ့ စေ့စပ်ပေးပြီး.. ရှလင်ကို စွန့်လွှတ်ဖို့ ပြောရင် မင်းသဘောတူမှာလား"
ဟန်ကျောက်ဟာ တိတ်ဆိတ်သွား၏။ သူဟာ
နောက်မှလာသောသူသည် မည်မျှ ပိုကောင်းနေပါစေ အရင်ေရာက်သောသူကို စွန့်လွှတ်မည် မဟုတ်ပေ။
ဟန်ကျောက်၏ အပြုအမူကို တွေ့ရပြီးနောက် လုယီဟာ စိတ်မဆိုးရုံတင်မက ခေါင်းကိုပင် ညိတ်၏။
"ကောင်းပြီ.. အဲ့လိုပဲလေ.. ငါတို့ သိုင်းသမားတွေအတွက်... အရည်အချင်းရှိသရွေ့ တခြားသူတွေ မလုပ်နိုင်တာကို လုပ်နိုင်ကြတယ်"
လူတစ်ယောက်သည် ခွန်အားကြီးမားေနသရွေ့ ယောက်ျားများအတွက် မိန်းမသုံးယောက်.. မောင်းမလေးယောက် ရှိခြင်းသည် သာမန်ပင် ဖြစ်၏။ မိန်းမများတွင်လည်း ခင်ပွန်း ၃၀၀၀ ရှိနိုင်၏။ အဓိကမှာ အရည်အချင်းပင် ဖြစ်၏။
"တကယ်တော့ မင်းကို ဝေဖန်ပိုင်ခွင့် ငါ့မှာလည်း မရှိပါဘူး။ ငါငယ်ငယ်တုန်းကလည်း အချစ်ဇာတ်လမ်းတွေ အများကြီး ဖန်တီးခဲ့တယ်။ နောက်ဆုံးတော့... ဟူး..."
'တစ်ဝက်ပဲ မပြောပါနဲ့လေ...'
ဟန်ကျောက်ဟာ ပြောစရာစကား မဲ့သွားသည်။
"ယင်ရွှမ်းရဲ့ စိတ်နေစိတ်ထားနဲ့ဆိုရင် မင်းသူ့ရဲ့ မျက်နှာသာကိုရဖို့ မလွယ်ဘူး.. ပြီးတော့ မင်းမှာ ရှလင်လည်း ရှိေသးတယ်"
လုယီက ထပ်မံစဉ်းစားပြီးနောက်...
"ဒါပေမဲ့... ငါမင်းကို တော်တော် သဘောကျတယ်။ မင်းရဲ့ နားလည်နိုင်စွမ်းကောင်းတယ်.. ယုံကြည်စိတ်ချရသူလို့လည်း သတ်မှတ်နိုင်တယ်.. ရုပ်ရည်နဲ့ ပတ်သက်ရင်တော့ ယင်ရွှမ်း မင်းကို သဘောကျမှာ သေချာတယ်"
ဟု ပြော၏။
"ဆရာ၊ ဒီလို ချီးကျူးတာမျိုးနဲ့တင် ကျွန်တော် ဂုဏ်ယူမိပါတယ်"
ဟန်ကျောက်က ပြုံးသည်။
"သွားစမ်းပါ"
လုယီက မထီမဲ့မြင်ဟန်ဖြင့် လက်ဝှေ့ယမ်းပြီး အကြောင်းအရာကို ပြောင်းလိုက်၏။
"ပြောစမ်းပါဦး.. မင်းငါ့ကို ဘာလို့ လာရှာတာလဲ"
"အော် ဟုတ်သား"
ဟန်ကျောက်က ရုတ်တရက် လုယီကို လက်သီးဖြင့် ထိုး၏။
"ကျွန်ေတာ့လက်သီးကိုကြည့်..."
ဟန်ကျောက်၏ ကြီးမားသော လက်သီးသည် ရုတ်တရက် ကျောက်စိမ်းဖြူရောင်သို့ ပြောင်းလဲသွား၏။
လုယီက အံ့အားသင့်သွားပြီး ချက်ချင်းပင် တောင်ဖြိုအားကို လည်ပတ်စေကာ လှည့်ကာ ထိုး၏။
ဟန်ကျောက်ဟာ ခြေတစ်လှမ်း ဆုတ်သွားပြီး လက်သီးကို ပြန်ရုပ်၏။
"မင်းရဲ့ တောင်ဖြိုလက်သီးက တတိယအဆင့်ကို ဒီလောက် မြန်မြန် ရောက်သွားတာလား"
လုယီဟာ အံ့အားသင့်သွား၏။
သို့သော် ဟန်ကျောက်က သူ့ကို ပေးလာသည့် အံ့အားသင့်မှုသည် ယခုနှင့် မလုံလောက်သေးပါ။
သူက လက်ကို လှန်ကာ သွေးအမှတ်အသား စုစည်းမှုကို ထိန်းချုပ်၏။ သူ၏ လက်မောင်းများသည် နီရဲလာပြီး တောင်ထိပ်များနှင့် တူသော အနက်ရောင် အစင်းကြောင်း နှစ်ခုသည် သူ၏ လက်နှစ်ဖက်လုံးတွင် ပေါ်လာခဲ့သည်။
"ဒုတိယ သွေးချီချိုးဖျက်မှုအဆင့်.. သွေးချီ နှစ်ဆ တိုးလာပြန်ပြီ"
လုယီ၏ မျက်လုံးများက ပြူးကျယ်လာပြီး သူ၏ မျက်လုံးအိမ်များမှာ ပြုတ်ထွက်တော့မည့် ပုံပါ။
"မင်း အဆင့်တက်သွားတာ ဘယ်လောက်ကြာသေးလို့လဲ... သုံးလလား.. မင်းက အလားအလာမြင့်မားတဲ့ ပါရမီရှင်များလား.. တဖြည်းဖြည်းနဲ့မှ စုစည်းဖွံ့ဖြိုးလာတာမျိုး"
လုယီဟာ မယုံနိုင်ေအာင်ဖြစ်နေ၏။
"တကယ်တော့ အရင်တုန်းက သွေးချီချိုးဖျက်မှု ပထမအဆင့်ကို ရောက်ပြီလို့ ပြောတုန်းကတည်းက သွေးချီချိုးဖျက်မှု ဒုတိယအဆင့်ကို ရောက်တော့မလို ဖြစ်နေပြီ"
လုယီကို အရမ်းအံ့အားသင့်မသွားရအောင် ဟန်ကျောက်က ရှင်းပြ၏။
"မင်းဆိုလိုတာက မင်း အသက် ၁၉ နှစ်မှာ သွေးသန့်စင်ခြင်းအဆင့်ကို ရောက်ခဲ့တယ်လို့လား"
လုယီဟာ အဓိကအချက်ကို ဖမ်းမိ၏။
"အာ... ဒါ... ဟုတ်ကဲ့"
"တော်လိုက်တာ"
လုယီက မျက်ခုံးပင့်၏။
"ဒါဆို ဘာလို့ အခုမှ ဒါကို ငါ့ကို ပြောချင်ရတာလဲ"
"ကျွန်တော် စီနီယာအစ်မလုအကြောင်း မေးချင်လို့ပါ"
ဟန်ကျောက်က ရှက်ရွံ့စွာ ပြုံး၏။
လုယီက ဟန်ကျောက်ကို နက်နက်ရှိုင်းရှိုင်း ကြည့်ကာ.. "ကောင်းပြီ... မင်း နှစ်နှစ်အတွင်း သွေးချီချိုးဖျက်မှု တတိယအဆင့်ကို ရောက်နိုင်ရင် ယင်ရွှမ်းကို မင်းနဲ့ စေ့စပ်ပေးဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ စေ့စပ်ထားရင်တောင် သူမက မလိုလားရင်တော့ ငါဘာမှ လုပ်မပေးနိုင်ဘူး။ ဒါ့အပြင် သူမ အတွင်းအားကို ဖမ်းဆုပ်နိုင်သွားပြီလို့ မနေ့ကပဲ စာပို့လာတယ်"
ဟု ပြော၏။
"သူမ အတွင်းအားကို ဖမ်းဆုပ်နိုင်သွားပြီလား"
ဟန်ကျောက်က မျက်ခုံးပင့်ကာ အစမ်းရှင်သန်ခြင်းထဲက အခြေအနေကို တွေးကြည့်၏။ သူမ၏ လေ့ကျင့်မှု တိုးတက်မှုအား ဖုံးကွယ်ထားမှုကို သူနားမနည်ပါ။
"ဖိအားမများနဲ့.. ဒီလိုမျိုးက အတင်းအကျပ် လုပ်လို့ မရဘူး"
လုယီက ဟန်ကျောက်၏ ပခုံးကို ပုတ်၏။ သားမက်တော်နိုင်ပါက အကောင်းဆုံးဖြစ်၏။ မဟုတ်ရင်တောင် အမွေခံသူတစ်ယောက် ဖြစ်လာလျှင် မဆိုးပါ။
"ဆရာ.. စီနီယာအစ်မရဲ့ နှစ်သက်ရာတွေကို ပြောပြပါလား။
ဟန်ကျောက်က ပြုံး၏။
"ယင်ရွှမ်းနဲ့ ပတ်သက်ရင်... သူမရဲ့ အခြေခံအုတ်မြစ်က မဆိုးဘူး၊ ဒါပေမဲ့ ငယ်ငယ်ကတည်းက အားနည်းပြီး ဖျားနာနေခဲ့တယ်။ သူမက သိုင်းပညာနဲ့ မသင့်တော်ဘူး။
နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ပြီးမှ သူမရဲ့ ခန္ဓာကိုယ် ပြန်ကောင်းလာတယ်။ သူမ ငယ်ငယ်တုန်းက ငါနဲ့ အထူးရင်းနှီးပြီး တစ်နေကုန် ငါ့ကို ပူဆာနေခဲ့တယ်။ ဒါပေမဲ့ သူမရဲ့ အမေကိစ္စ ဖြစ်ပြီးကတည်းက ငါ့ဆီက တော်တော် ဝေးသွားတယ်။ သူမက အရမ်း ခေါင်းမာပုံပေါ်ပေမဲ့ တကယ်တော့..."
လုယင်ရွှမ်းအကြောင်း ပြောတော့ လုယီရဲ့ မျက်လုံးတွေ တောက်ပလာ၏။ သူ စကားမပြောနိုင်တော့ပေ။
ဟန်ကျောက်ဟာ တိတ်ဆိတ်စွာ နားထောင်နေ၏။
ဆယ်ရက်အကြာဋ်
ခုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရေအပြားသည် ပုံမှန်မဟုတ်ဘဲ နီရဲလာပြီး တဖြည်းဖြည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးစွမ်းအနှင့် ပါးလွှာသော အလွှာဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်လာ၏။
ဘန်း...
ရုတ်တရက် ဟန်ကျောက်ဟာ မျက်လုံးဖွင့်လာပြီး သူ၏ အရေအပြား အရောင်ဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ကို တွေ့လိုက်၏။ သူ၏ ခန္ဓာကိုယ်မှ အသံတိုးတိုးတစ်သံ ထွက်လာ၏။
သိုင်းပညာ- သွေးစိတ်ဝိညာဉ်မူဝါဒ (ဒုတိယအဆင့် စတင်ခြင်းအဆင့် ၂%၊ အဆင့်မြှင့်တင်နိုင်;
အထူးအကျိုးသက်ရောက်မှု: သွေးပြောင်းလဲခြင်းအဆင့် ၄၊ စိတ်ထိန်းချုပ်ခြင်းအဆင့် ၃၊ သွေး
ပေါက်ကွဲခြင်းအဆင့် ၂၊ သွေးပေါင်းစပ်ခြင်းအဆင့် ၁)
[မူလလမ်းကြောင်းမှ သွေဖည်သွားသော သွေးစိတ်ဝိညာဉ်မူဝါဒအသစ်သည် မူလလေ့ကျင့်နည်း၏ အားသာချက်အချို့ကို ထိန်းသိမ်းထားသည်။ တစ်ချိန်တည်းမှာပင် ချီသွေဖည်နိုင်ခြေကို များစွာ လျှော့ချနိုင်ပြီး သွေးပေါင်းစပ်နိုင်စွမ်းကို ရရှိခဲ့သည်။ ၎င်း၏ အလားအလာသည် မနည်းလှပေ။ ငွေသုံးစွဲရန် အကြံပြုသည်]
[အခြေခံဆရာသခင်၏ ကျွမ်းကျင်နှုန်း တိုးလာသည်]
[အခြေခံဆရာသခင်၏ အရည်အသွေး တိုးလာသည်]
[အခြေခံဆရာသခင်]- အစိမ်းရောင် ပါရမီ။ အခြေခံနှင့် လက်သင်အဆင့် သိုင်းပညာများ၏ လေ့ကျင့်မှုနှုန်းဟာ နှစ်ဆ မြန်ဆန်သည်။ အကန့်အသတ်ကို ချိုးဖျက်နိုင်မည့် ဖြစ်နိုင်ခြေဟာ များစွာ တိုးလာသည်။ (ကျင့်ကြံခြင်းဖြင့် အဆင့်မြှင့်တင်နိုင်သည်။ အမြင့်ဆုံး အကန့်အသတ်မှာ အပြာရောင်ပါရမီဖြစ်သည်)
သွေးစိတ်ဝိညာဉ်မူဝါဒ၏ အဆင့်တက်သွားမှုကြောင့် ဟန်ကျောက်၏ သွေးချီသည် ၅၀% တိုးလာ၏။ အချိန်အတော်ကြာ အသုံးမပြုခဲ့သည့် အခြေခံဆရာသခင်ပင်လျှင် အဖြူရောင်မှ အစိမ်းရောင်ပါရမီသို့ အဆင့်တက်သွား၏။]
"ဗာဂျရာအတတ်က ကောင်းကင်သူတော်စင်ဂိုဏ်းက နတ်ဘုရားအတတ်ရဲ့ အခြေခံလေ့ကျင့်နည်းပဲ။ အခြေခံသိုင်းပညာတစ်ခု မဟုတ်ရင်တောင် လက်သင်အဆင့် သိုင်းပညာတစ်ခု ဖြစ်သင့်တယ် မဟုတ်လား"
ဟန်ကျောက်က ရုတ်တရက် တွေး၏။
God Genzo: