← Chapters

အခန်း (၁၁၀)

Vol. 8 Ch. 110

အခန်း (၁၁၀)

Vol. 8 Ch. 110

လေးလအချိန်သည် တိတ်ဆိတ်စွာ ကုန်လွန်သွားခဲ့၏။

ဒုတ်၊ ဒုတ်၊ ဒုတ်....

မီးဖိုချောင်သုံးဓားအား လှီးဖြတ်ရာတွင် အသံုးပြု‌ေနမှုကြောင့် ဘုတ်ပြားနှင့် စည်းချက်ညီညီ ခုတ်ထစ်နေသည့် အသံသည် ဆက်လက် ထွက်ပေါ်နေသည်။

ယုနျန်သည် မီးဖိုရှေ့တွင် ရပ်လျက် ချက်ပြုတ်ရန် ပြင်ဆင်နေ၏။ သူမ၏ နောက်ကျောဘက် ခုနစ်မီတာမှ ရှစ်မီတာအကွာတွင် ဟန်ကျောက်သည် တင်ပျဉ်ခွေထိုင်လျက် ရှိသည်။ သူ၏ မျက်လုံးများကို သဘာဝအလျောက် မှိတ်ထားပြီး သူ၏ လက်များသည် လေထဲတွင် ဆက်လက် ထိုးနေ၏။

အချိန်မည်မျှ ကြာသည်ကို မသိရပေ။ အစားအစာ၏ မွှေးရနံ့သည် ဟန်ကျောက်၏ နှာခေါင်းသို့ ရောက်ရှိလာ၏။ သူ၏ လက်သီးများက နက်မှောင်နေ၏။ နောက်တစ်ကြိမ် ထပ်မံ ထိုးပြီးနောက် သူဟာ မျက်လုံးများကို ဖွင့်လိုက်သည်။

[လက်ဗလာ သိုင်းသူတော်စင် ပါရမီဟာ တိုးတက်လာသည်။ လက်ဝါးအတတ်၊ လက်သီးအတတ်နှင့် ခြေကန်အတတ်တို့၏ ပါရမီသည် ငါးဆ တိုးလာသည်။ လက်ချောင်းအတတ်နှင့် လက်သည်းအတတ်တို့၏ ပါရမီသည် လေးဆ တိုးလာသည်...]

"ခြေကန်အတတ်နှင့် လက်ဝါးအတတ်ပြီးတော့ ငါ့ရဲ့ လက်သီးအတတ်ရဲ့ ပါရမီလည်း တိုးလာခဲ့ပြီ။ လက်ချောင်းအတတ်နဲ့ လက်သည်းအတတ်ပဲ လိုတော့တယ်"

ဟန်ကျောက်ဟာ စနစ်၏ အကြောင်းကြားချက်ကို ကြည့်ကာ ပျော်ရွှင်သွား၏။ သူသည် သူ၏ နက်မှောင်သော လက်သီးကို ရှေ့သို့ ပို့ပြီးနောက် လက်သီးပေါ်တွင် သွေးကြောများနှင့် တူသော အစင်းကြောင်း ငါးခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထို့အပြင် မည်သည်ဟူ၍ ဖော်ပြနိုင်ခြင်း မရှိသော.. မမြင်နိုင်သော အားတစ်ခုသည် လက်သီးမျက်နှာပြင်တွင် ကပ်နေပုံရ၏။

ဟန်ကျောက်ဟာ သူ၏ ခိုင်ခံ့သော သစ်သားခေါင်းအုံးကို ကောက်ယူပြီး နက်မှောင်ပြီး ကြီးမားသော သူ၏ လက်သီးကို ခေါင်းအုံးမှ တစ်လက်မအကွာတွင် ထားလိုက်၏။

ချက်ချင်းပင် သူသည် လက်သီးကို ဖြေ‌ေလျာ့ထား၏။ ထို့နောက် သူ၏ ညာဘက်လက်မောင်းရှိ ကြွက်သားများသည် ရုတ်တရက် တင်းမာလာပြီး လက်သီးကို ပြင်းထန်စွာ ဆုပ်လိုက်ပြန်သည်။

ဒုန်း..

လက်သီးကို ဖယ်လိုက်ပြီးနောက် ခိုင်ခံ့သော သစ်သားခေါင်းအုံး၏ အလယ်တွင် အပေါက်ငယ်တစ်ခု ပေါက်ကွဲသွားသည်ကို တွေ့လိုက်ရ၏။

"တောင်ဖြိုအားရဲ့ ပေါက်ကွဲအားက တကယ်ကို စုစည်းနေတာပဲ။ အံ့သြစရာမရှိဘူး။ တစ်ဝက်တစ်ပျက် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတွေ သွေးသန့်စင်ခြင်းအဆင့်နဲ့ နှိုင်းယှဉ်ရင် ဘာလို့ သုံးစားမရအောင် အားနည်းနေလဲဆိုတာ"

"ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားရဲ့ အတွင်းအားအရည်အသွေးကလည်း ပိုမြင့်ပြီး ပမာဏလည်း ပိုများတယ်။ သွေးသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်အတွက် ခွန်အားသန့်စင်ခြင်း သိုင်းသမားကို အနိုင်ယူဖို့ တကယ်ကို ခက်ခဲလွန်းတယ်"

"ငါကတော့ ခြွင်းချက်ပေါ့"

ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစား၏။

သွေးသန့်စင်ခြင်းအဆင့်နှင့် ခွန်အားသန့်စင်ခြင်း သိုင်းသမားကို အနိုင်ယူဖို့ အခွင့်အရေးရှိရန်မှာ အတွင်းအားများစွာ သို့မဟုတ် ခွန်အားသန့်စင်ခြင်း သိုင်းသမား၏ အကာအကွယ် အတွင်းအားလွှာကို ဖောက်ထွင်းနိုင်သည့် ပေါက်ကွဲအားပါသော စကေးတစ်ခုကို လိုအပ်၏။

တိုက်ဆိုင်စွာပင် သူသည် ထိုစံနှုန်းနှစ်ခုလုံးနှင့် ကိုက်ညီပါသည်။

ဟန်ကျောက်ဟာ အသက်ကိုရှုသွင်းကာ သွေးအမှတ်အသားကို လက်ဝါးတွင် စုစည်းလိုက်၏။ သူ၏ မူလက နက်မှောင်သော လက်သီးသည် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးလာ‌ေလသည်။ သူ၏ လက်ဝါးတွင် သွေးနှင့်တူသော အစင်းကြောင်း လေးခု ပေါ်လာ၏။ ဤသည်မှာ ယင်မိစ္ဆာလက်ဝါးအား လေ့ကျင့်ထားသော သွေးအမှတ်အသား ဖြစ်သည်။

"ထင်ထားတဲ့အတိုင်းပဲ.. လက်ကိုအခြေခံတဲ့ သိုင်းပညာတွေချည်း ဖြစ်ရင်တောင် ခြားနားတဲ့ နည်းလမ်းတွေအောက်မှာ အဓိကအာရုံစိုက်မှုက မတူဘူး။ တောင်ဖြိုလက်သီးက လက်ဖမိုးကို အဓိက အားဖြည့်ပေးပြီး ယင်မိစ္ဆာလက်ဝါးက လက်ဖဝါးကို အဓိကအားဖြည့်ပေးတယ်"

လက်ဝါးတွင် စုစည်းနေသော အတွင်းအားကို ခံစားရင်းက ဟန်ကျောက်ဟာ နားလည်လာခဲ့သည်။ သူသည် ယင်မိစ္ဆာအားဖြင့် လက်ဖမိုးကိုလည်း ဖုံးအုပ်နိုင်သော်လည်း ၎င်း၏ စွမ်းအားကို အမြင့်ဆုံးသို့ ရောက်ရှိစေရန်မှာ လက်ဖဝါးထဲတွင် စုစည်းဖို့ လိုအပ်သည်။

ယခု သူ၏ လက်ဖဝါးသည် တောင်ဖြိုလက်သီးနှင့် ယင်မိစ္ဆာလက်ဝါးတို့ဖြင့် အားဖြည့်ထားသောကြောင့် စွမ်းအားဟာ များစွာ တိုးလာခဲ့သည်။ သူ၏ ကျင့်ကြံခြင်းအတတ်ကို အသက်သွင်းသောအခါ လက်အိတ်မပါပဲပင် သာမန်လက်နက်များကို ခုခံနိုင်စွမ်း ရှိလာ၏။

လေဟုန်စီးခြေထောက်ဖြင့် အားဖြည့်ပြီးပါက သူ၏ ခြေထောက်များသည်လည်း ယခုကဲ့သို့ တူညီနေမှာ ဖြစ်၏။

သူ၏ လက်မောင်းများသည်လည်း တောင်ခွဲ‌ေဆဘာအတတ်ဖြင့် အားဖြည့်ထားပြီး ဖြစ်၏။

လက်ရှိတွင် ဦးခေါင်းနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းသာ အားမဖြည့်ထားရသေးပဲ ကျန်ရှိသည်။

သို့သော် ၎င်းတို့ကို အစစ်အမှန်ချီဖြင့် ကာကွယ်နိုင်၏။

တစ်ခုတည်းသော အားနည်းချက်မှာ သူ၏ လေဟုန်စီးအား၊ တောင်ဖြိုအားနှင့် ယင်မိစ္ဆာအားတို့သည် မညီမျှခြင်းပင် ဖြစ်၏။

တောင်ဖြိုအားသည် အပြင်းထန်ဆုံးဖြစ်ပြီး လေဟုန်စီးအားက ဒုတိယအပြင်းထန်ဆုံး ဖြစ်၏။ အားအနည်းဆုံးမှာ ယင်မိစ္ဆာအား ဖြစ်သည်။

မူလက ကျင့်ကြံခြင်းအတတ်၏ အဆင့်နှင့် စွမ်းအားအရ အပြင်းထန်ဆုံးမှာ ယင်မိစ္ဆာအား ဖြစ်သင့်‌ေပသည်။ လေဟုန်စီးအားသည် ဒုတိယဖြစ်ပြီး အားအနည်းဆုံးမှာ တောင်ဖြိုအား ဖြစ်သင့်၏။

ယခုတွင်မူ လုံးဝ ပြောင်းပြန်ဖြစ်နေ၏။ အဓိကအကြောင်းရင်းမှာ ယင်မိစ္ဆာအားတွင် ယင်စွမ်းအင် မရှိသောကြောင့် ဖြစ်သည်။ လေ့ကျင့်ထားသော အတွင်းအားသည် အဆုံးစွန်သော ယင်၏ အလွန်အေးမြမှုနှင့် မိစ္ဆာဆန်မှုကို မရရှိနိုင်ပေ။

အတွင်းအားသုံးမျိုးကို သုံးပါးအနှစ်သာရအားအဖြစ် လုံးဝ ပေါင်းစည်းရန် မပြောနှင့် နှစ်ခုကိုပင် ပေါင်းစည်းနိုင်ခြင်း မရှိပေ။

"အားသုံးခု ပေါင်းစည်းမှုကို ပြီးမြောက်ချင်ရင် ကျင့်စဉ်သုံးမျိုးလုံးကို တတိယအဆင့်ရဲ့ ပြီးပြည့်စုံတဲ့အဆင့်အထိ လေ့ကျင့်ရမယ်ထင်တယ်။ ဒါဆို အတွင်းအားကို ဖမ်းဆုပ်တဲ့အချိန်မှာ စတုတ္ထအဆင့်ကို တစ်ပြိုင်နက်တည်း ရောက်သွားမယ်။ ပြီးတော့ သွေးအမှတ်အသားကို ခွန်အားနဲ့ အရည်အသွေးအလိုက် ခွဲခြမ်းပြီး အတွင်းအားအဖြစ် ပြောင်းလဲမယ်"

ဟန်ကျောက်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ဤသည်မှာ ရိုးရှင်းသည့် ကိစ္စ မဟုတ်‌ေပ။

သူ၏ အ‌ေတွးများကို အခြားလူများသာ သိပါက ဦးနှောက်တွင် တစ်ခုခု မှားယွင်းနေသည်ဟု ထင်ကြ‌ေပလိမ့်မယ်။ သိုင်းသမားများအတွက် ဒုတိယအကြီးဆုံး အခက်အခဲဖြစ်သည့် အတွင်းအားကို ဖမ်းဆုပ်ခြင်းဟာ ပြီးပြည့်စုံသည့် တတိယအဆင့် သွေးချီချိုးဖျက်မှုရှိ သိုင်းသမား အများအပြားကို ပိတ်ဆို့ထားခဲ့သည်။ အန္တရာယ်ကင်းစွာ အဆင့်တက်နိုင်ခြင်းသည်ပင် ကံကောင်းခြင်းတစ်မျိုး ဖြစ်၏။

နောက်ဆုံးတွင် သူကတော့ ကျင့်ကြံခြင်းအတတ် သုံးခုလုံးနှင့် တစ်ပြိုင်နက်တည်း အတွင်းအားကို ဖမ်းဆုပ်နိုင်ရန်ပင် ပြင်နေသေးသည့်။ ဤသည်မှာ သေမင်းကို ဖိတ်ခေါ်ခြင်းနှင့် သိပ်မကွာပေ။

ဟုတ်ပါသည်။ တခြားသူများ မလုပ်နိုင်သောကြောင့် သူ့ကိုလည်း မလုပ်နိုင်ဘူးဟု မဆိုလိုနိုင်ပေ။ ကျင့်ကြံခြင်းအတတ် သုံးမျိုးကို ပေါင်းစည်းရန်မှာ တစ်ချိန်တည်းတွင် ပေါင်းစည်းခြင်းက အလွယ်ကူဆုံးဖြစ်၏။

မဟုတ်ပါက မတူညီသည့် လက္ခဏာရပ်များဟာ ပိုမိုကြီးထွားလာပြီး အတွင်းအားတို့ ပိုမိုမြင့်တက်လာလေလေ နောက်တစ်ကြိမ် ပေါင်းစည်းရန် ပိုမိုခက်ခဲလေ ဖြစ်သည်။

သူဟာ အစမ်းရှင်သန်ခြင်းတွင် အမှန်တကယ်ကို အောင်မြင်ခဲ့ပေမယ့် အသက် ၂၆ နှစ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သုံးပါး‌ေသာ အနှစ်သာရအားကို အကြီးစား ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိစေပြီး သက်ရှည်အစစ်အမှန်ချီနှင့် ပေါင်းစည်းကာ သုံးမှတ်မူလပြန်ခြင်းအတတ်ကို ဖန်တီးရန်အတွက် သူသည် အသက် ၃၅ နှစ်အထိ စောင့်ရ‌ေပလိမ့်မည်။

အမှန်တကယ်တွင် ဟန်ကျောက်ဟာ ထိုမျှကြာကြာအထိ မစောင့်စားနိုင်ပေ။

"သုံးပါး‌ေသာအနှစ်သာရအားရဲ့ အကြီးစားကျွမ်းကျင်မှုအဆင့်ကို ရောက်ပြီးတဲ့အခါမှာ သက်ရှည်အစစ်အမှန်ချီနဲ့ ဗာဂျရာ အစစ်အမှန်ချီကို တစ်ပြိုင်နက်တည်း ပေါင်းစည်းလိုက်ရင် အောင်မြင်နိုင်မလား မသိဘူး"

ဟန်ကျောက်သည် ဒုတိယအဆင့် ဗာဂျရာအတတ်ကို လေ့ကျင့်သောအခါ ပေါ်လာသော ဗာဂျရာ အစစ်အမှန်ချီကို ရုတ်တရက် သတိရလိုက်၏။ ဒီမဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ် အစစ်အမှန်ချီကို ပေါင်းစည်းနိုင်ပါက သုံးမှတ်မူလပြန်ခြင်းအတတ်၏ စွမ်းအားသည် နောက်တစ်ဆင့်သို့ တိုးတက်သွားနိုင်ဖွယ်ရှိ၏။

"အစမ်းရှင်သန်ခြင်းမှာ စမ်းကြည့်လို့ရတယ်"

ထိုကဲ့သို့တွေးပြီးနောက် ဟန်ကျောက်သည် သူ၏ စနစ်မျက်နှာပြင်ကို အာရုံစူးစိုက်လိုက်၏။

သက်ရှည်ကျမ်း (တတိယအဆင့် ပြီးပြည့်စုံမှု ၃၉%၊ အဆင့်မြှင့်တင်နိုင်)

တောင်ခွဲ‌ေဆဘာအတတ် (တတိယအဆင့် ပြီးပြည့်စုံမှု ၈၃%၊ အဆင့်မြှင့်တင်နိုင်)

တောင်ဖြိုလက်သီး (တတိယအဆင့် အ‌ေသးစားကျွမ်းကျင်မှု ၉%၊ အဆင့်မြှင့်တင်နိုင်။ အထူးအကျိုးသက်ရောက်မှု- ပေါက်ကွဲခြင်းအဆင့် ၃၊ တောင်ဖြိုအားအဆင့် ၂)

ယင်မိစ္ဆာလက်ဝါး (တတိယအဆင့် စတင်ခြင်းအဆင့် ၇၀%၊ အဆင့်မြှင့်တင်နိုင်။ အထူးအကျိုးသက်ရောက်မှု- အဆိပ်ရှောင်ခြင်းအဆင့် ၄၊ ယင်မိစ္ဆာအားအဆင့် ၁)

လေဟုန်စီးခြေထောက် (တတိယအဆင့် စတင်ခြင်းအဆင့် ၃၆%၊ အဆင့်မြှင့်တင်နိုင်။ အထူးအကျိုးသက်ရောက်မှ- မြန်ဆန်ခြင်းအဆင့် ၄၊ လေဟုန်စီးအားအဆင့် ၂)

တောင်ဖြိုအားသည် တောင်ခွဲအားနှင့် လုံးဝနီးပါး ပေါင်းစည်းနိုင်ပြီ ဖြစ်၏။ မူလအစ တူညီသော အတွင်းအားကျင့်စဥ်များသည် မျှော်လင့်ထားသည့် အတိုင်းပင်။

ဒုတိယအဆင့် ဗာဂျကုအတတ်ကို ပြီးပြည့်စုံစွာ လေ့ကျင့်ပြီးနောက် သူ၏ အခြေခံအုတ်မြစ်သည် အလယ်အလတ်အဆင့်သို့ တိုးတက်လာခဲ့သည်လားဟု တွေးမိ၏။

သို့သော် [အိုဇာတာကောင်းသူ]၏ ပါရမီ မြှင့်တင်မှုအပြီးတွင် သူ၏ အခြေခံနှင့် ပါရမီသည် အလယ်အလတ်အဆင့်သို့ ရောက်ရှိခဲ့သည်မှာ သေချာ၏။

အရှင်းလင်းဆုံး နှိုင်းယှဉ်ချက်မှာ သက်ရှည်ကျမ်းနှင့် တောင်ခွဲ‌ေဆဘာအတတ်ကို လေ့ကျင့်သော ရှလင်သည် ဟန်ကျောက်ထက် နှစ်ဆ နှေးကွေး၏။

ဒီအချိန်အတောအတွင်းတွင် ဟန်ကျောက်သည် ကျင့်ကြံခြင်းအတတ် ခြောက်ခုတို့ကို တစ်ပြိုင်နက်တည်း လေ့ကျင့်ခဲ့၏။ ရှလင်တွင် အလယ်အလတ်မှ အဆင့်မြင့်အထိ ရှိသည့် ပါရမီရှိ၏။ သူ၏ လက်ရှိ ပါရမီသည် သူမ၏ ပါရမီထက် အများကြီး နိမ့်ကျခြင်း မရှိလောက်ပါ။

အဆင့်မြင့်အဆင့် ပါရမီမှာမူ အများကြီး အလှမ်းဝေသေး၏။ လုယီ၏ အဆိုအရ အဆင့်မြင့်သော ပါရမီရှိသည့် သိုင်းသမားများသည် လေ့ကျင့်ရန် အရင်းအမြစ် မလုံလောက်ခြင်းသာ မရှိပါကွ အသက် ၂၀ မတိုင်မီတွင် သွေးသန့်စင်ခြင်းအဆင့်သို့ အခြေခံအားဖြင့် တက်လှမ်းနိုင်ကြသည်။

God Genzo:

All Chapters