အခန်း (၁၁၁)
Vol. 8 Ch. 111
သို့သော် ဟန်ကျောက်က သူ့ကို ပေးလာသည့် အံ့အားသင့်မှုသည် ယခုနှင့် မလုံလောက်သေးပါ။
သူက လက်ကို လှန်ကာ သွေးအမှတ်အသား စုစည်းမှုကို ထိန်းချုပ်၏။ သူ၏ လက်မောင်းများသည် နီရဲလာပြီး တောင်ထိပ်များနှင့် တူသော အနက်ရောင် အစင်းကြောင်း နှစ်ခုသည် သူ၏ လက်နှစ်ဖက်လုံးတွင် ပေါ်လာခဲ့သည်။
"ဒုတိယ သွေးချီချိုးဖျက်မှုအဆင့်.. သွေးချီ နှစ်ဆ တိုးလာပြန်ပြီ"
လုယီ၏ မျက်လုံးများက ပြူးကျယ်လာပြီး သူ၏ မျက်လုံးအိမ်များမှာ ပြုတ်ထွက်တော့မည့် ပုံပါ။
"မင်း အဆင့်တက်သွားတာ ဘယ်လောက်ကြာသေးလို့လဲ... သုံးလလား.. မင်းက အလားအလာမြင့်မားတဲ့ ပါရမီရှင်များလား.. တဖြည်းဖြည်းနဲ့မှ စုစည်းဖွံ့ဖြိုးလာတာမျိုး"
လုယီဟာ မယုံနိုင်ေအာင်ဖြစ်နေ၏။
"တကယ်တော့ အရင်တုန်းက သွေးချီချိုးဖျက်မှု ပထမအဆင့်ကို ရောက်ပြီလို့ ပြောတုန်းကတည်းက သွေးချီချိုးဖျက်မှု ဒုတိယအဆင့်ကို ရောက်တော့မလို ဖြစ်နေပြီ"
လုယီကို အရမ်းအံ့အားသင့်မသွားရအောင် ဟန်ကျောက်က ရှင်းပြ၏။
"မင်းဆိုလိုတာက မင်း အသက် ၁၉ နှစ်မှာ သွေးသန့်စင်ခြင်းအဆင့်ကို ရောက်ခဲ့တယ်လို့လား"
လုယီဟာ အဓိကအချက်ကို ဖမ်းမိ၏။
"အာ... ဒါ... ဟုတ်ကဲ့"
"တော်လိုက်တာ"
လုယီက မျက်ခုံးပင့်၏။
"ဒါဆို ဘာလို့ အခုမှ ဒါကို ငါ့ကို ပြောချင်ရတာလဲ"
"ကျွန်တော် စီနီယာအစ်မလုအကြောင်း မေးချင်လို့ပါ"
ဟန်ကျောက်က ရှက်ရွံ့စွာ ပြုံး၏။
လုယီက ဟန်ကျောက်ကို နက်နက်ရှိုင်းရှိုင်း ကြည့်ကာ.. "ကောင်းပြီ... မင်း နှစ်နှစ်အတွင်း သွေးချီချိုးဖျက်မှု တတိယအဆင့်ကို ရောက်နိုင်ရင် ယင်ရွှမ်းကို မင်းနဲ့ စေ့စပ်ပေးဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ စေ့စပ်ထားရင်တောင် သူမက မလိုလားရင်တော့ ငါဘာမှ လုပ်မပေးနိုင်ဘူး။ ဒါ့အပြင် သူမ အတွင်းအားကို ဖမ်းဆုပ်နိုင်သွားပြီလို့ မနေ့ကပဲ စာပို့လာတယ်"
ဟု ပြော၏။
"သူမ အတွင်းအားကို ဖမ်းဆုပ်နိုင်သွားပြီလား"
ဟန်ကျောက်က မျက်ခုံးပင့်ကာ အစမ်းရှင်သန်ခြင်းထဲက အခြေအနေကို တွေးကြည့်၏။ သူမ၏ လေ့ကျင့်မှု တိုးတက်မှုအား ဖုံးကွယ်ထားမှုကို သူနားမနည်ပါ။
"ဖိအားမများနဲ့.. ဒီလိုမျိုးက အတင်းအကျပ် လုပ်လို့ မရဘူး"
လုယီက ဟန်ကျောက်၏ ပခုံးကို ပုတ်၏။ သားမက်တော်နိုင်ပါက အကောင်းဆုံးဖြစ်၏။ မဟုတ်ရင်တောင် အမွေခံသူတစ်ယောက် ဖြစ်လာလျှင် မဆိုးပါ။
"ဆရာ.. စီနီယာအစ်မရဲ့ နှစ်သက်ရာတွေကို ပြောပြပါလား။
ဟန်ကျောက်က ပြုံး၏။
"ယင်ရွှမ်းနဲ့ ပတ်သက်ရင်... သူမရဲ့ အခြေခံအုတ်မြစ်က မဆိုးဘူး၊ ဒါပေမဲ့ ငယ်ငယ်ကတည်းက အားနည်းပြီး ဖျားနာနေခဲ့တယ်။ သူမက သိုင်းပညာနဲ့ မသင့်တော်ဘူး။
နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ပြီးမှ သူမရဲ့ ခန္ဓာကိုယ် ပြန်ကောင်းလာတယ်။ သူမ ငယ်ငယ်တုန်းက ငါနဲ့ အထူးရင်းနှီးပြီး တစ်နေကုန် ငါ့ကို ပူဆာနေခဲ့တယ်။ ဒါပေမဲ့ သူမရဲ့ အမေကိစ္စ ဖြစ်ပြီးကတည်းက ငါ့ဆီက တော်တော် ဝေးသွားတယ်။ သူမက အရမ်း ခေါင်းမာပုံပေါ်ပေမဲ့ တကယ်တော့..."
လုယင်ရွှမ်းအကြောင်း ပြောတော့ လုယီရဲ့ မျက်လုံးတွေ တောက်ပလာ၏။ သူ စကားမပြောနိုင်တော့ပေ။
ဟန်ကျောက်ဟာ တိတ်ဆိတ်စွာ နားထောင်နေ၏။
ဆယ်ရက်အကြာဋ်
ခုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရေအပြားသည် ပုံမှန်မဟုတ်ဘဲ နီရဲလာပြီး တဖြည်းဖြည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးစွမ်းအနှင့် ပါးလွှာသော အလွှာဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်လာ၏။
ဘန်း...
ရုတ်တရက် ဟန်ကျောက်ဟာ မျက်လုံးဖွင့်လာပြီး သူ၏ အရေအပြား အရောင်ဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ကို တွေ့လိုက်၏။ သူ၏ ခန္ဓာကိုယ်မှ အသံတိုးတိုးတစ်သံ ထွက်လာ၏။
သိုင်းပညာ- သွေးစိတ်ဝိညာဉ်မူဝါဒ (ဒုတိယအဆင့် စတင်ခြင်းအဆင့် ၂%၊ အဆင့်မြှင့်တင်နိုင်;
အထူးအကျိုးသက်ရောက်မှု: သွေးပြောင်းလဲခြင်းအဆင့် ၄၊ စိတ်ထိန်းချုပ်ခြင်းအဆင့် ၃၊ သွေး
ပေါက်ကွဲခြင်းအဆင့် ၂၊ သွေးပေါင်းစပ်ခြင်းအဆင့် ၁)
[မူလလမ်းကြောင်းမှ သွေဖည်သွားသော သွေးစိတ်ဝိညာဉ်မူဝါဒအသစ်သည် မူလလေ့ကျင့်နည်း၏ အားသာချက်အချို့ကို ထိန်းသိမ်းထားသည်။ တစ်ချိန်တည်းမှာပင် ချီသွေဖည်နိုင်ခြေကို များစွာ လျှော့ချနိုင်ပြီး သွေးပေါင်းစပ်နိုင်စွမ်းကို ရရှိခဲ့သည်။ ၎င်း၏ အလားအလာသည် မနည်းလှပေ။ ငွေသုံးစွဲရန် အကြံပြုသည်]
[အခြေခံဆရာသခင်၏ ကျွမ်းကျင်နှုန်း တိုးလာသည်]
[အခြေခံဆရာသခင်၏ အရည်အသွေး တိုးလာသည်]
[အခြေခံဆရာသခင်]- အစိမ်းရောင် ပါရမီ။ အခြေခံနှင့် လက်သင်အဆင့် သိုင်းပညာများ၏ လေ့ကျင့်မှုနှုန်းဟာ နှစ်ဆ မြန်ဆန်သည်။ အကန့်အသတ်ကို ချိုးဖျက်နိုင်မည့် ဖြစ်နိုင်ခြေဟာ များစွာ တိုးလာသည်။ (ကျင့်ကြံခြင်းဖြင့် အဆင့်မြှင့်တင်နိုင်သည်။ အမြင့်ဆုံး အကန့်အသတ်မှာ အပြာရောင်ပါရမီဖြစ်သည်)
သွေးစိတ်ဝိညာဉ်မူဝါဒ၏ အဆင့်တက်သွားမှုကြောင့် ဟန်ကျောက်၏ သွေးချီသည် ၅၀% တိုးလာ၏။ အချိန်အတော်ကြာ အသုံးမပြုခဲ့သည့် အခြေခံဆရာသခင်ပင်လျှင် အဖြူရောင်မှ အစိမ်းရောင်ပါရမီသို့ အဆင့်တက်သွား၏။]
"ဗာဂျရာအတတ်က ကောင်းကင်သူတော်စင်ဂိုဏ်းက နတ်ဘုရားအတတ်ရဲ့ အခြေခံလေ့ကျင့်နည်းပဲ။ အခြေခံသိုင်းပညာတစ်ခု မဟုတ်ရင်တောင် လက်သင်အဆင့် သိုင်းပညာတစ်ခု ဖြစ်သင့်တယ် မဟုတ်လား"
ဟန်ကျောက်က ရုတ်တရက် တွေး၏။
လေးလအချိန်သည် တိတ်ဆိတ်စွာ ကုန်လွန်သွားခဲ့၏။
ဒုတ်၊ ဒုတ်၊ ဒုတ်....
မီးဖိုချောင်သုံး ဓားအား လှီးဖြတ်ရာတွင် အသံုးပြုေနမှုကြောင့် ဘုတ်ပြားနှင့် စည်းချက်ညီညီ ခုတ်ထစ်နေသည့် အသံသည် ဆက်လက် ထွက်ပေါ်နေသည်။
ယုနျန်သည် မီးဖိုရှေ့တွင် ရပ်လျက် ချက်ပြုတ်ရန် ပြင်ဆင်နေ၏။ သူမ၏ နောက်ကျောဘက် ခုနစ်မီတာမှ ရှစ်မီတာအကွာတွင် ဟန်ကျောက်သည် တင်ပျဉ်ခွေထိုင်လျက် ရှိသည်။ သူ၏ မျက်လုံးများကို သဘာဝအလျောက် မှိတ်ထားပြီး သူ၏ လက်များသည် လေထဲတွင် ဆက်လက် ထိုးနေ၏။
အချိန်မည်မျှ ကြာသည်ကို မသိရပေ။ အစားအစာ၏ မွှေးရနံ့သည် ဟန်ကျောက်၏ နှာခေါင်းသို့ ရောက်ရှိလာ၏။ သူ၏ လက်သီးများသည် နက်မှောင်သွား၏။ နောက်တစ်ကြိမ် ထပ်မံ ထိုးပြီးနောက် သူဟု မျက်လုံးများကို ဖွင့်လိုက်သည်။
[လက်ဗလာ သိုင်းသူတော်စင်၏ ကျွမ်းကျင်မှု တိုးလာသည်။ လက်ဝါးအတတ်၊ လက်သီးအတတ်နှင့် ခြေကန်အတတ်တို့၏ ပါရမီသည် ငါးဆ တိုးလာသည်။ လက်ချောင်းအတတ်နှင့် လက်သည်းအတတ်တို့၏ ပါရမီသည် လေးဆ တိုးလာသည်...]
"ခြေကန်အတတ်နှင့် လက်ဝါးအတတ်ပြီးတော့ ငါ့ရဲ့ လက်သီးအတတ်ရဲ့ ပါရမီလည်း တိုးလာခဲ့ပြီ။ လက်ချောင်းအတတ်နဲ့ လက်သည်းအတတ်ပဲ လိုတော့တယ်"
ဟန်ကျောက်ဟာ စနစ်၏ အကြောင်းကြားချက်ကို ကြည့်ကာ ပျော်ရွှင်သွား၏။ သူသည် သူ၏ နက်မှောင်သော လက်သီးကို ရှေ့သို့ ပို့ပြီးနောက် လက်သီးပေါ်တွင် သွေးကြောများနှင့် တူသော အစင်းကြောင်း ငါးခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထို့အပြင် မည်သည်ဟူ၍ ဖော်ပြနိုင်ခြင်း မရှိသော မမြင်နိုင်သော အားတစ်ခုသည် လက်သီးမျက်နှာပြင်တွင် ကပ်နေပုံရ၏။
ဟန်ကျောက်ဟာ သူ၏ ခိုင်ခံ့သော သစ်သားခေါင်းအုံးကို ကောက်ယူပြီး နက်မှောင်ပြီး ကြီးမားသော သူ၏ လက်သီးကို ခေါင်းအုံးမှ တစ်လက်မအကွာတွင် ထားလိုက်၏။
ချက်ချင်းပင် သူသည် လက်သီးကို ဖြေေလျာ့ထား၏။ ထို့နောက် သူ၏ ညာဘက်လက်မောင်းရှိ ကြွက်သားများသည် ရုတ်တရက် တင်းမာလာပြီး လက်သီးကို ပြင်းထန်စွာ ဆုပ်လိုက်ပြန်သည်။
ဒုန်း..
လက်သီးကို ဖယ်လိုက်ပြီးနောက် ခိုင်ခံ့သော သစ်သားခေါင်းအုံး၏ အလယ်တွင် အပေါက်ငယ်တစ်ခု ပေါက်ကွဲသွားသည်ကို တွေ့လိုက်ရ၏။
"တောင်ဖြိုအားရဲ့ ပေါက်ကွဲအားက တကယ်ကို စုစည်းနေတာပဲ။ အံ့သြစရာမရှိဘူး။ တစ်ဝက်တစ်ပျက် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတွေ သွေးသန့်စင်ခြင်းအဆင့်နဲ့ နှိုင်းယှဉ်ရင် ဘာလို့ သုံးစားမရအောင် အားနည်းနေလဲဆိုတာ"
"ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားရဲ့ အတွင်းအားအရည်အသွေးက ပိုမြင့်ပြီး ပမာဏလည်း ပိုများတယ်။ သွေးသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်အတွက် ခွန်အားသန့်စင်ခြင်း သိုင်းသမားကို အနိုင်ယူဖို့ တကယ်ကို ခက်ခဲလွန်းတယ်"
"ငါကတော့ ခြွင်းချက်ပေါ့"
ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစား၏။
သွေးသန့်စင်ခြင်းအဆင့်နှင့် ခွန်အားသန့်စင်ခြင်း သိုင်းသမားကို အနိုင်ယူဖို့ အခွင့်အရေးရှိရန်မှာ အတွင်းအားများစွာ သို့မဟုတ် ခွန်အားသန့်စင်ခြင်း သိုင်းသမား၏ အကာအကွယ် အတွင်းအားလွှာကို ဖောက်ထွင်းနိုင်သည့် ပေါက်ကွဲအားပါသော စကေးတစ်ခုကို လိုအပ်၏။
တိုက်ဆိုင်စွာပင် သူသည် ထိုစံနှုန်းနှစ်ခုလုံးနှင့် ကိုက်ညီပါသည်။
ဟန်ကျောက်ဟာ အသက်ကိုရှုသွင်းကာ သွေးအမှတ်အသားကို လက်ဝါးတွင် စုစည်းလိုက်၏။ သူ၏ မူလက နက်မှောင်သော လက်သီးသည် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးလာေလသည်။ သူ၏ လက်ဝါးတွင် သွေးနှင့်တူသော အစင်းကြောင်း လေးခု ပေါ်လာ၏။ ဤသည်မှာ ယင်မိစ္ဆာလက်ဝါးအား လေ့ကျင့်ထားသော သွေးအမှတ်အသား ဖြစ်သည်။
"ထင်ထားတဲ့အတိုင်းပဲ.. လက်ကိုအခြေခံတဲ့ သိုင်းပညာတွေချည်း ဖြစ်ရင်တောင် ခြားနားတဲ့ နည်းလမ်းတွေအောက်မှာ အဓိကအာရုံစိုက်မှုက မတူဘူး။ တောင်ဖြိုလက်သီးက လက်ဖမိုးကို အဓိက အားဖြည့်ပေးပြီး ယင်မိစ္ဆာလက်ဝါးက လက်ဖဝါးကို အဓိကအားဖြည့်ပေးတယ်"
လက်ဝါးတွင် စုစည်းနေသော အတွင်းအားကို ခံစားရင်းက ဟန်ကျောက်ဟာ နားလည်လာခဲ့သည်။ သူသည် ယင်မိစ္ဆာအားဖြင့် လက်ဖမိုးကိုလည်း ဖုံးအုပ်နိုင်သော်လည်း ၎င်း၏ စွမ်းအားကို အမြင့်ဆုံးသို့ ရောက်ရှိစေရန်မှာ လက်ဖဝါးထဲတွင် စုစည်းဖို့ လိုအပ်သည်။
ယခု သူ၏ လက်ဖဝါးသည် တောင်ဖြိုလက်သီးနှင့် ယင်မိစ္ဆာလက်ဝါးတို့ဖြင့် အားဖြည့်ထားသောကြောင့် စွမ်းအားဟာ များစွာ တိုးလာခဲ့သည်။ သူ၏ ကျင့်ကြံခြင်းအတတ်ကို အသက်သွင်းသောအခါ လက်အိတ်မပါပဲပင် သာမန်လက်နက်များကို ခုခံနိုင်စွမ်း ရှိလာ၏။
လေဟုန်စီးခြေထောက်ဖြင့် အားဖြည့်ပြီးပါက သူ၏ ခြေထောက်များသည်လည်း ယခုကဲ့သို့ တူညီနေ့မှာ ဖြစ်၏။
သူ၏ လက်မောင်းများသည်လည်း တောင်ခွဲေဆဘာအတတ်ဖြင့် အားဖြည့်ထားပြီး ဖြစ်၏။
လက်ရှိတွင် ဦးခေါင်းနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းသာ အားမဖြည့်ထားရသေးပဲ ကျန်ရှိသည်။
သို့သော် ၎င်းတို့ကို အစစ်အမှန်ချီဖြင့် ကာကွယ်နိုင်၏။
တစ်ခုတည်းသော အားနည်းချက်မှာ သူ၏ လေဟုန်စီးအား၊ တောင်ဖြိုအားနှင့် ယင်မိစ္ဆာအားတို့သည် မညီမျှခြင်းပင် ဖြစ်၏။
တောင်ဖြိုအားသည် အပြင်းထန်ဆုံးဖြစ်ပြီး လေဟုန်စီးအားက ဒုတိယအပြင်းထန်ဆုံး ဖြစ်၏။ အားအနည်းဆုံးမှာ ယင်မိစ္ဆာအား ဖြစ်သည်။
မူလက ကျင့်ကြံခြင်းအတတတ်၏ အဆင့်နှင့် စွမ်းအားအရ အပြင်းထန်ဆုံးမှာ ယင်မိစ္ဆာအား ဖြစ်သင့်ေပသည်။ လေဟုန်စီးအားသည် ဒုတိယဖြစ်ပြီး အားအနည်းဆုံးမှာ တောင်ဖြိုအား ဖြစ်သင့်၏။
God Genzo: