← Chapters

အခန်း (၁၁၂)

Vol. 8 Ch. 112

အခန်း (၁၁၂)

Vol. 8 Ch. 112

ယခုတွင်မူ လုံးဝ ပြောင်းပြန်ဖြစ်နေ၏။ အဓိကအကြောင်းရင်းမှာ ယင်မိစ္ဆာအားတွင် ယင်စွမ်းအင် မရှိသောကြောင့် ဖြစ်သည်။ လေ့ကျင့်ထားသော အတွင်းအားသည် အဆုံးစွန်သော ယင်၏ အလွန်အေးမြမှုနှင့် မိစ္ဆာဆန်မှုကို မရရှိနိုင်ပေ။

အတွင်းအားသုံးမျိုးကို သုံးပါးအနှစ်သာရအားအဖြစ် လုံးဝ ပေါင်းစည်းရန် မပြောနှင့် နှစ်ခုကိုပင် ပေါင်းစည်းနိုင်ခြင်း မရှိပေ။

"အားသုံးခု ပေါင်းစည်းမှုကို ပြီးမြောက်ချင်ရင် ကျင့်စဉ်သုံးမျိုးလုံးကို တတိယအဆင့်ရဲ့ ပြီးပြည့်စုံတဲ့အဆင့်အထိ လေ့ကျင့်ရမယ်ထင်တယ်။ ဒါဆို အတွင်းအားကို ဖမ်းဆုပ်တဲ့အချိန်မှာ စတုတ္ထအဆင့်ကို တစ်ပြိုင်နက်တည်း ရောက်သွားမယ်။ ပြီးတော့ သွေးအမှတ်အသားကို ခွန်အားနဲ့ အရည်အသွေးအလိုက် ခွဲဖြာပြီး အတွင်းအားအဖြစ် ပြောင်းလဲမယ်"

ဟန်ကျောက်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ဤသည်မှာ ရိုးရှင်းသည့် ကိစ္စ မဟုတ်‌ေပ။

သူ၏ အ‌ေတွးများကို အခြားလူများသာ သိပါက ဦးနှောက်တွင် တစ်ခုခု မှားယွင်းနေသည်ဟု ထင်ကြ‌ေပလိမ့်မယ်။ သိုင်းသမားများအတွက် ဒုတိယအကြီးဆုံး အခက်အခဲဖြစ်သည့် အတွင်းအားကို ဖမ်းဆုပ်ခြင်းဟာ ပြီးပြည့်စုံသည့် တတိယအဆင့် သွေးချီချိုးဖျက်မှုရှိ သိုင်းသမား အများအပြားကို ပိတ်ဆို့ထားခဲ့သည်။ အန္တရာယ်ကင်းစွာ အဆင့်တက်နိုင်ခြင်းသည်ပင် ကံကောင်းခြင်းတစ်မျိုး ဖြစ်၏။

နောက်ဆုံးတွင် သူကတော့ ကျင့်ကြံခြင်းအတတ် သုံးခုလုံးနှင့် တစ်ပြိုင်နက်တည်း အတွင်းအားကို ဖမ်းဆုပ်နိုင်ရန်ပင် ပြင်နေသေးသည့်။ ဤသည်မှာ သေမင်းကို ဖိတ်ခေါ်ခြင်းနှင့် သိပ်မကွာပေ။

ဟုတ်ပါသည်။ တခြားသူများ မလုပ်နိုင်သောကြောင့် သူ့ကိုလည်း မလုပ်နိုင်ဘူးဟု မဆိုလိုနိုင်ပေ။ ကျင့်ကြံခြင်းအတတ် သုံးမျိုးကို ပေါင်းစည်းရန်မှာ တစ်ချိန်တည်း ပေါင်းစည်းခြင်းက အလွယ်ကူဆုံးဖြစ်၏။

မဟုတ်ပါက မတူညီသည့် လက္ခဏာရပ်များဟာ ပိုမိုကြီးထွားလာပြီး အတွင်းအားတို့ ပိုမိုမြင့်တက်လာလေလေ နောက်တစ်ကြိမ် ပေါင်းစည်းရန် ပိုမိုခက်ခဲလေ ဖြစ်သည်။

သူဟာ အစမ်းရှင်သန်ခြင်းတွင် အမှန်တကယ်ကို အောင်မြင်ခဲ့ပေမယ့် အသက် ၂၆ နှစ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သုံးပါး‌ေသာ အနှစ်သာရအားကို အကြီးစား ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိစေပြီး သက်ရှည်အစစ်အမှန်ချီနှင့် ပေါင်းစည်းကာ သုံးမှတ်မူလပြန်ခြင်းအတတ်ကို ဖန်တီးရန်အတွက် သူသည် အသက် ၃၅ နှစ်အထိ စောင့်ရ‌ေပလိမ့်မည်။

အမှန်တကယ်တွင် ဟန်ကျောက်ဟာ ထိုမျှကြာကြာအထိ မစောင့်စားနိုင်ပေ။

"သုံးပါး‌ေသာအနှစ်သာရအားရဲ့ အကြီးစားကျွမ်းကျင်မှုအဆင့်ကို ရောက်ပြီးတဲ့အခါမှာ သက်ရှည်အစစ်အမှန်ချီနဲ့ ဗာဂျရာ အစစ်အမှန်ချီကို တစ်ပြိုင်နက်တည်း ပေါင်းစည်းလိုက်ရင် အောင်မြင်နိုင်မလား မသိဘူး"

ဟန်ကျောက်သည် ဒုတိယအဆင့် ဗာဂျရာအတတ်ကို လေ့ကျင့်သောအခါ ပေါ်လာသော ဗာဂျရာ အစစ်အမှန်ချီကို ရုတ်တရက် သတိရလိုက်၏။ ဒီမဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ် အစစ်အမှန်ချီကို ပေါင်းစည်းနိုင်ပါက သုံးမှတ်မူလပြန်ခြင်းအတတ်၏ စွမ်းအားသည် နောက်တစ်ဆင့်သို့ တိုးတက်သွားနိုင်ဖွယ်ရှိ၏။

"အစမ်းရှင်သန်ခြင်းမှာ စမ်းကြည့်လို့ရတယ်"

ထိုကဲ့သို့တွေးပြီးနောက် ဟန်ကျောက်သည် သူ၏ စနစ်မျက်နှာပြင်ကို အာရုံစူးစိုက်လိုက်၏။

သက်ရှည်ကျမ်း (တတိယအဆင့် ပြီးပြည့်စုံမှု ၃၉%၊ အဆင့်မြှင့်တင်နိုင်)

တောင်ခွဲ‌ေဆဘာအတတ် (တတိယအဆင့် ပြီးပြည့်စုံမှု ၈၃%၊ အဆင့်မြှင့်တင်နိုင်)

တောင်ဖြိုလက်သီး (တတိယအဆင့် အ‌ေသးစားကျွမ်းကျင်မှု ၉%၊ အဆင့်မြှင့်တင်နိုင်။ အထူးအကျိုးသက်ရောက်မှု- ပေါက်ကွဲခြင်းအဆင့် ၃၊ တောင်ဖြိုအားအဆင့် ၂)

ယင်မိစ္ဆာလက်ဝါး (တတိယအဆင့် စတင်ခြင်းအဆင့် ၇၀%၊ အဆင့်မြှင့်တင်နိုင်။ အထူးအကျိုးသက်ရောက်မှု- အဆိပ်ရှောင်ခြင်းအဆင့် ၄၊ ယင်မိစ္ဆာအားအဆင့် ၁)

လေဟုန်စီးခြေထောက် (တတိယအဆင့် စတင်ခြင်းအဆင့် ၃၆%၊ အဆင့်မြှင့်တင်နိုင်။ အထူးအကျိုးသက်ရောက်မှ- မြန်ဆန်ခြင်းအဆင့် ၄၊ လေဟုန်စီးအားအဆင့် ၂)

တောင်ဖြိုအားသည် တောင်ခွဲအားနှင့် လုံးဝနီးပါး ပေါင်းစည်းနိုင်ပြီ ဖြစ်၏။ မူလအစ တူညီသော အတွင်းအားကျင့်စဥ်များသည် မျှော်လင့်ထားသည့် အတိုင်းပင်။

ဒုတိယအဆင့် ဗာဂျကုအတတ်ကို ပြီးပြည့်စုံစွာ လေ့ကျင့်ပြီးနောက် သူ၏ အခြေခံအုတ်မြစ်သည် အလယ်အလတ်အဆင့်သို့ တိုးတက်လာခဲ့သည်လားဟု တွေးမိ၏။

သို့သော် [အိုဇာတာကောင်းသူ]၏ ပါရမီ မြှင့်တင်မှုအပြီးတွင် သူ၏ အခြေခံနှင့် ပါရမီသည် အလယ်အလတ်အဆင့်သို့ ရောက်ရှိခဲ့သည်မှာ သေချာ၏။

အရှင်းလင်းဆုံး နှိုင်းယှဉ်ချက်မှာ သက်ရှည်ကျမ်းနှင့် တောင်ခွဲ‌ေဆဘာအတတ်ကို လေ့ကျင့်သော ရှလင်သည် ဟန်ကျောက်ထက် နှစ်ဆ နှေးကွေး၏။

ဒီအချိန်အတောအတွင်းတွင် ဟန်ကျောက်သည် ကျင့်ကြံခြင်းအတတ် ခြောက်ခုတို့ကို တစ်ပြိုင်နက်တည်း လေ့ကျင့်ခဲ့၏။ ရှလင်တွင် အလယ်အလတ်မှ အဆင့်မြင့်အထိ ရှိသည့် ပါရမီရှိ၏။ သူ၏ လက်ရှိ ပါရမီသည် သူမ၏ ပါရမီထက် အများကြီး နိမ့်ကျခြင်း မရှိလောက်ပါ။

အဆင့်မြင့်အဆင့် ပါရမီမှာမူ အများကြီး အလှမ်းဝေသေး၏။ လုယီ၏ အဆိုအရ အဆင့်မြင့်သော ပါရမီရှိသည့် သိုင်းသမားများသည် လေ့ကျင့်ရန် အရင်းအမြစ် မလုံလောက်ခြင်းသာ မရှိပါကွ အသက် ၂၀ မတိုင်မီတွင် သွေးသန့်စင်ခြင်းအဆင့်သို့ အခြေခံအားဖြင့် တက်လှမ်းနိုင်ကြသည်။

ဥပမာအားဖြင့် သေဆုံးသွားပြီဖြစ်သော မုန့်ကျစ်နှင့် လက်ရှိ ကောင်တီအုပ်ချုပ်သူ ဝူဒီတို့သည် အသက် ၁၉ နှစ်တွင် သွေးသန့်စင်ခြင်းအဆင့်သို့ အဆင့်တက်ခဲ့ကြ၏။

ထို့အပြင် လုယီတွင်လည်း အဆင့်မြင့် ပါရမီ ရှိ၏။ သူသည် အသက် ၁၉ နှစ်တွင် သွေးသန့်စင်ခြင်းအဆင့်သို့ အဆင့်တက်ခဲ့၏။ ထို့အပြင် တောင်ခွဲ‌ေဆဘာအတတ်နှင့် တောင်ဖြိုလက်သီးကို တစ်ပြိုင်နက်တည်း လေ့ကျင့်ခဲ့‌ေသးသည်။ မဟုတ်ပါက သူသည် အသက် ၁၈ နှစ်တွင် အဆင့်တက်ခဲ့ ပေလိမ့်မည်။

သူသာ ဗာဂျရာအတတ်၏ ဒုတိယအဆင့်ကို ပြီးပြည့်စုံစွာ ကျင့်ကြံပြီးပါက [အိုဇာတာကောင်းသူ]၏ အကျိုးသက်ရောက်မှုနှင့် သူ၏ပါရမီသည် အလယ်အလတ်အဆင့်၏ အထက်သို့ ရောက်ရှိနိုင်ဖွယ် ရှိသည်။

သူသာ ကျန်ရှိသည့် တတိယအဆင့်ကို ရရှိပြီး ကျင့်ကြံနိုင်ပါက သူ၏ ပါရမီသည် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုကို ကြုံရနိုင်ဖွယ်ရှိ၏။

"နောင်မှာ.. တခြားသူတွေက ငါ့ကို ပါရမီရှင်လို့ ချီးကျူးရင် ငါတကယ် ငြင်းလိုရမှာမဟုတ်ဘူး...

ငါ့ရဲ့ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုက တကယ်ကို ပိုပိုပြီး အရေးပါလာနေပြီ"

ကျင့်ကြံခြင်း၏ တိုးတက်မှုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခြင်းသည် အမှန်တကယ်ကို ကောင်းမွန်လှ၏။

"အစ်ကိုဟန်.. ထမင်းစားချိန် ရောက်ပြီ"

ဟန်ကျောက်၏ ခုတင်ပေါ်တွင် ငေးငေးထိုင်နေသည်ကို မြင်ရသော ယုနျန်က အသံနိမ့်စွာ ပြောသည်။ သို့ရာတွင် သူမ၏ အကြည့်သည် အပေါက်ကြီး ဖြစ်နေသော ခေါင်းအုံးဆီသို့ ရောက်ရှိသွား၏။

"လာပြီ"

ဟန်ကျောက်က ခုတင်ပေါ်မှ ဆင်းကာ ခေါင်းအုံးကို မီးဖိုဘေးရှိ မီးထဲသို့ ပစ်ထည့်လိုက်၏။

ထမင်းစားနေစဉ် ဟန်ကျောက်သည် တစ်ခုခုကို တွေးမိလိုက်သည်။

"ဒါနဲ့ ယုနျန်.. ခဏနေရင် ပြောင်းရွှေ့ဖို့ ပြင်ဆင်ထားလိုက်တော့"

ဟု ပြော၏။

"ဟင်"

ယုနျန်က အံ့အားသင့်သွား၏။

"ဒီအိမ်က အရမ်းသေးတယ်။ လေ့ကျင့်ဖို့ အဆင်မပြေဘူး။ ပြီးတော့ အခန်းလည်း တစ်ခန်းပဲရှိတယ်။ ဘာပဲဖြစ်ဖြစ် နင်က မိန်းကလေး‌ေလ။ ကိုယ်ပိုင်အခန်းတော့ ရှိသင့်တာပေါ့"

ဟန်ကျောက်က ရှင်းပြ၏။

ရှလင်ဟာ သူ့အတွက် မြို့တွင်း၌ သေးငယ်သော ခြံဝန်းအိမ်တစ်လုံးကို ဝယ်ပေးခဲ့သည်။ မရမ်းမကြီးသည့် ခြံဝိုင်းတစ်ခုသာ ဖြစ်၏။ မူလက ရှလင်ဟာ သူ့အတွက် ပိုမိုကြီးမားသော အိမ်တစ်ခုကို ဝယ်ပေးလိုသော်လည်း သူက မလိုချင်ခဲ့ပေ။

ဘာပဲဖြစ်ဖြစ် ရှလင်ဟာ မိသားစု၏ စီးပွားရေးကို လက်လွှဲယူခါစသာ ရှိသေးပြီး စုယွင်နှင့်လည်း ပူးပေါင်းကာ ဒီအတောအတွင်းတွင် ကျန်းမိသားစု၏ ပိုင်ဆိုင်မှုများကို လုယူနေခဲ့သည်။ သူမတွင် ပိုက်ဆံကို အသုံးပြုစရာ နေရာများစွာ ရှိနေ၏။ ဖြုန်းတီးရန် လိုအပ်ခြင်းမရှိပါ။

သူဟာ လျှို့ဝှက်အပ်ချက်များစွာရှိပြီး အနားတွင် လူအများကြီး ရှိမနေစေချင်ပေ။ ယုနျန်နှင့် နှစ်ယောက်တည်းနေရန် သေးငယ်သည့် ခြံဝန်းဟာ အဆင်ပြေ၏။

"ဟုတ်.. အမြန်ဆုံး ထုပ်ပိုးလိုက်မယ်"

ယုနျန်က ခေါင်းညှိတ်သည်။

"ဒါဆိုရင် ဒီအိမ်ကိုရော ဘယ်လိုလုပ်မှာလဲ"

"အခုတော့ အလွတ်ပဲထားခဲ့တာပေါ့။ ဘာပဲဖြစ်ဖြစ် လူမရှိရင်တောင် ငါ့အိမ်ကို ဘယ်သူက ဝင်ရဲမှာလဲ"

ဟန်ကျောက်က ပြုံးကာ ပြောသည်။

"ပြီးရင် နင်လည်း ကိုယ်ပိုင်အခန်းရှိလာတော့မှာ။ မ‌ေပျာ်ဘူးလား"

"ပျော်တယ်"

ညစာစားပြီးနောက် ဟန်ကျောက်ဟာ ခြံဝန်းထဲသို့ ဆင်းကာ ဆေဘာအတက်ကို ခဏတာ လေ့ကျင့်ရန်ပြင်ဆင်၏။

"ခရက်"

ရှအိမ်တော်၏ အိမ်တော်ထိန်း ကျိုကျန်းက တံခါးကို အမြန်ဖွင့်ကာ ဝင်လာခဲ့သည်။

"သခင်လေးဟန်.. မကောင်းတော့ဘူး"

"ဘာဖြစ်လို့လဲ"

"ကျားယွမ်မြို့ကနေ အပြန်မှာ ကုန်သွယ်ရေးလုပ်ငန်းရဲ့ ယာဉ်တန်းကို အလုခံရလို့.. စာရင်းပေးထားတဲ့ အကြီးအကဲတွေ တော်တော်များများလည်း ဒဏ်ရာရထားတယ်။ သခင်မလေးက တန်ပြန် လုပ်ဆောင်ချက်တွေကို ဆွေးနွေးဖို့ အမြန် အခေါ်လွှတ်လိုက်တာ။

"ဘာ"

ဟန်ကျောက်၏ ပုံစံက ပြောင်းလဲသွား၏။ ကုန်တန်းသာ အလုခံရပါက စီးပွားရေးလုပ်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ လုပ်ငန်းကို ဖျက်စီးလိုခြင်းဖြစ်၏။

"သွားရအောင်"

ဟန်ကျောက်က လေဟုန်စီးခြေထောက်ကို လှည့်ပတ်ကာ ဦးဆောင်ကာ အမြန်သွားသည်။

God Genzo:

All Chapters