အခန်း (၁၁၃)
Vol. 8 Ch. 113
ရှအိမ်တော်၏ စာကြည့်ခန်းအတွင်းတွင်....
ဟန်ကျောက်ဟာ ရောက်လာပြီးနောက် ရှလင်၏ ကုလားထိုင်ပေါ်တွင် လေးနက်စွာ ထိုင်နေမှုကို တွေ့ရသည်။ သူမ၏ဘေးတွင်တော့ ကျောက်ယွမ်ထုနဲ့ ဖုန်းရှောင်တို့ နှစ်ယောက် ရှိနေသည်။
နှစ်ယောက်လုံး၏ မျက်နှာများဟာ အနည်းငယ် ဖြူရော်နေပြီးတော့ ခန္ဓာကိုယ်မှ သွေးညှိနှိုင်းတို့ အနည်းငယ် ထွက်ပေါ်နေပါသည်။ ကျောက်ယွမ်ထု၏ ဘယ်ဘက်လက်မောင်းမှာ ပတ်တီးစည်းထားတုန်းပင် ရှိ၏။
ဟန်ကျောက်က..
"စီနီယာအစ်မရှလင်၊ အစ်ကိုကြီး၊ ဦးလေးဖုန်း.."
ဟု နှုတ်ဆက်လိုက်သည်။ သူ့ကို တွေ့ရပြီးမှ ရှလင်၏ မကြည်မလင် ဖြစ်နေသည့် မျက်နှာက အနည်းငယ် လန်းဆန်းလာခဲ့သည့်။
အကြိမ်ကြိမ် ကြုံတွေ့ဖြတ်ကျော်ခဲ့ဖူးသည့် အတွေ့အကြုံများကြောင့် သူမဟာ ဟန်ကျောက်ကို ပိုမို ယုံကြည်လာခဲ့သည်။ သူ့အပေါ်တွင် ယုံကြည်မှု အပြည့် ရှိ၏။
သွေးချီချိုးဖျက်မှု တတိယအဆင့်သို့ ရောက်ရှိနေသည့် ဖုန်းရှောင်နှင့် ဒုတိယအဆင့်သို့ ရောက်ရှိနေသည့် ကျောက်ယွမ်ထုတို့ပင် မဖြေရှင်းနိုင်သည့် ပြဿနာအား ဟန်ကျောက် ကိုင်တွယ်နိုင်လိမ့်မည်ဟု အကြောင်းပြချက်မရှိဘဲ သူမ၏စိတ်ထဲတွင် အဘယ်ကြောင့် မရှင်းလင်းစွာ ခံစားနေရလဲ မသိပေ။
"မောင်လေးဟန်"
သူမက ခေါ်လိုက်သည်။
"ညီလေးဟန်"
ကျောက်ယွမ်ထုနှင့် ဖုန်းရှောင်တို့လည်း ထကာ နှုတ်ဆက်ကြသည်။
ဟန်ကျောက်က
"အစ်ကိုကြီး၊ ဦးလေးဖုန်းတို့.. ထိုင်ကြပါ"
ဟုပြောကာ ရှေ့သို့ လျှောက်သွားရင်းက သူတို့နှစ်ယောက်ကို မထနဲ့ဟူသည့် သဘောနှင့် လက်အမူအရာ ပြသည်။
ထို့နောက် သူက မေး၏။
"ဘယ်လို ရန်သူမျိုးနဲ့ တွေ့ခဲ့ကြတာလဲ။ ဘာလို့ ဒီလို ဖြစ်သွားရတာလဲ"
ကျောက်ယွမ်ထုဟာ အနည်းငယ် စိတ်ဓာတ်ကျနေ၏။ "ငါတို့လည်း သေသေချာချာတော့ မသိဘူး။ သွားတုန်းကတော့ အဆင်ပြေတယ်.. ငွေပေးချေတာတွေနဲ့ နောက်ထပ် အော်ဒါအတွက် စရံငွေတွေနဲ့.. ယူပြီး ပြန်လာတော့ လမ်းမှာ အလုခံရတာ"
ဖုန်းရှောင်က ဖြည့်ကာပြောသည်။
"အဲဒီအဖွဲ့ထဲမှာ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တော့ မပါဘူး။ ဒါပေမဲ့ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမား ခြောက်ယောက်လောက် ရှိတယ်။ သူတို့ တစ်ယောက်ချင်းစီရဲ့ ခွန်အားက သွေးချီချိုးဖျက်မှု ပထမအဆင့်နဲ့ ဒုတိယအဆင့်ကြားလောက်ပဲ ရှိမယ်ထင်တယ်။ ဒါကြောင့် ကိုင်တွယ်ရတာ သိပ်မခက်ခဲေလာက်ဘူး။ အဓိကက သူတို့ဆီမှာ အထူး ခွန်အားပေါက်ကွဲမှု လျှို့ဝှက်အတတ်တစ်ခုကို တတ်ထားတာပဲ။ သူတို့ရဲ့ အသားအရေက ချက်ချင်းဆိုသလို နီရဲသွားပြီး ခွန်အားနဲ့ အရှိန်က တအား မြင့်တက်သွားတာ"
ကျောက်ယွမ်ထုက မျက်မှောင်ကြုတ်သည်။
"ဦးလေးဖုန်းနဲ့ ငါလည်း တစ်ယောက်စီတော့ သတ်လိုက်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဟိုကောင်တွေရဲ့ နောက်ဆုံး တန်ပြန်တိုက်ခိုက်မှုကြောင့် ငါတို့လည်း ဒဏ်ရာတွေ ရလာခဲ့တယ်"
"ကံမကောင်းစွာနဲ့ အလောင်းတွေကို ဟိုကောင်တွေ ပြန်ယူသွားကြသည်။ မဟုတ်ရင် ဘယ်လို လျှို့ဝှက်အတတ်ပညာမျိုးလဲဆိုတာကို စုံစမ်းပြီး ကိုင်တွယ်နိုင်မယ့် နည်းလမ်းရှာလို့ ရနိုင်တယ်"
ဖုန်းရှောင်က အသံနှိမ့်စွာ ပြောသည်။
ပေါက်ကွဲစေတတ်တဲ့ လျှို့ဝှက်အတတ်ပညာနဲ့ သူတို့ရဲ့ အသားအရေတွေက နီရဲသွားတယ်... ဒါ သွေးစိတ်ဝိညာဉ်မူဝါဒနဲ့ တော်တော်လေး ဆင်တူနေတာပဲ...
ဟန်ကျောက်၏ နှလုံးသားက အခုန်မြန်သွားသည်။
ရှလင်က သက်ပြင်းချကာ ပြော၏။
"ဒီတစ်ခါ ဆုံးရှုံးမှုက မနည်းဘူး။ ဒါ့အပြင် အရောင်းအဝယ်ကိစ္စ မပြီးရင် စရံငွေ နှစ်ဆ ပြန်ေလျာ်ရမှာ။ အရေးကြီးဆုံးကတော့ နောင်မှာ ကျားယွမ်မြို့က စီးပွားရေးလမ်းကြောင်းကို လက်လျှော့ရတော့မယ်။ ဒီလူအုပ်စုကို သွေးချီချိုးဖျက်မှု တတိယအဆင့် ကျွမ်းကျင်သူ တစ်ယောက်နှစ်ယောက်ရှိရင်တောင် မနိုင်ဘူး။ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်ကို ငှားရမယ်ဆိုရင်လည်း ငါတို့က တတ်နိုင်ရင်တောင် ရှာတွေ့နိုင်မှာ မဟုတ်ဘူး"
သိုင်းပညာအကယ်ဒမီမှ သိုင်းသခင်များဟာ ကြားနေဖြင့်သာ နေကြရသည်။ ဤသည်က စည်းမျဉ်းပင်။ ချိုးဖောက်လို့ မရေပ။ မဟုတ်ပါက လုယီဟာ ကူညီရန် ဆန္ဒအပြည့်ရှိမှာ သေချာ၏။
မောင်လေးဟန်ကျောက်၏ တိုက်ခိုက်ရေး စွမ်းအားဟာ အလွန် ကောင်းပေမဲ့ သူမ သူ့ကို အန္တရာယ် မယူစေချင်ပေ။
ဟန်ကျောက်က အသံနိမ့်စွာ ပြောသည်။
"ဒါက လွယ်ပါတယ်ဗျာ။ ကျွန်တော့်မှာ ကျောက်စိမ်းလေမြို့က မိတ်ဆွေ တစ်ယောက် ရှိတယ်။ သူ့ကို အကူအညီ တောင်းရင် ဒီပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ် ထင်တယ်"
ဖုန်းရှောင်၏ မျက်နှာက လင်းလက်သွားပြီး မေးသည်။
"မင်းရဲ့မိတ်ေဆွက ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်လား"
ဟန်ကျောက်က ခေါင်းခါ၏။
"မဟုတ်ဘူး"
ဖုန်းရှောင်က အနည်းငယ် စိတ်ပျက်သွားသည်။
"သွေးချီချိုးဖျက်မှု တတိယအဆင့်..."
သို့ပေမယ့် ဟန်ကျောက်က ဆက်လက်ပြော၏။
"ဒါပေမဲ့ သူက သိုင်းသခင် တစ်ယောက်ကို သတ်ခဲ့တယ်"
အားလုံးဟာ အံ့အားသင့်သွားကြသည်။
"ဟင်" "ဟမ်"
"သွေးချီချိုးဖျက်မှု တတိယအဆင့်နဲ့ သိုင်းသခင် တစ်ယောက်ကို သတ်တာ"
ဖုန်းရှောင်က သက်ပြင်းချကာ ပြော၏။
"ကျုပ်တစ်ခါက ကြားဖူးတယ်။ စွမ်းအားကြီးတဲ့ ကျင့်ကြံခြင်း အတတ်တွေကို ကျင့်ကြံတဲ့သူ ဒါမှမဟုတ် အတွင်းအား အမျိုးအစား အများကြီး ရှိတဲ့သူတွေဟာ တစ်ဝက်တစ်ပျက် သိုင်းသခင်အဆင့်နဲ့ အားနည်းတဲ့ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင် အချို့ကို အနိုင်ယူနိုင်တယ်လတဲ့.. ဒါကို အမှန်ဖြစ်မယ်လို့ ထင်မထားခဲ့ဘူး"
ဟန်ကျောက်အပေါ် သူ၏ နားလည်မှုအရ ဒီကောင်လေးဟာ လိမ်ညာမှာ မဟုတ်ပေ။
ဟန်ကျောက်က ဆက်လက်ပြော၏။
"ဒါပေမဲ့ သူ့ကို သေချာပေါက် ဖိတ်ခေါ်နိုင်မယ်လို့တော့ အာမ မခံနိုင်ဘူး။ ဒါကြောင့်..."
သူ၏ စကားမဆုံးခင် ရှလင်က ခေါင်းညိတ်ပြီး ပြောသည်။
"နားလည်ပြီ။ ကုန်ပစ္စည်းတွေ ပို့ဆောင်ဖို့ ရက် ၂၀ လောက် ကျန်သေးတယ်။ နောက်ဆုံး ၁၀ ရက်အတွင်းကို ရောက်မှ ထွက်ခွာလို့ရတယ်။ အချိန်ရှိသေးတယ်.. မောင်လေးရဲ့ အကြောင်းပြန်တာကို စောင့်ေနမယ်"
"ဟုတ်ကဲ့၊ ကျွန်တော် အခု ပြန်ပြီး ပြင်ဆင်လိုက်ပါဦးမယ်"
ဟန်ကျောက်က ပြောကာ မတ်တတ်ထပြီး အိမ်သို့ပြန်ခဲ့သည်။
အိမ်သို့ ပြန်လည်ရောက်ရှိပြီးနောက် ဟန်ကျောက်ဟာ တံခါးကို သေေသချာချာပိတ်ပြီး ရေရွတ်လိုက်သည်။
"စနစ်"
[အချက်ပေးအပိုင်းအစ ၅၀ကို စုေဆာင်းထားသည်။ ဝင်ရောက်ခွင့်ကို ပေါင်းစပ်မည်လား]
[ပေါင်းစပ်မှုတစ်ကြိမ်လျှင် အချက်ပေးအပိုင်းအစ ၄၅ ခုနှင့် ရွှေ ၆၀ လျန် ကုန်ကျမည်...]
[လက်ကျန်ငွေ: ရွှေ ၁၁၀ လျန်]
"ပေါင်းစပ်။ အစမ်းရှင်သန်ခြင်း စတင်မယ်"
[အသက် ၂၀တွင် သင်၏ တောင်ခွဲဓားအတတ်၊ တောင်ဖြိုလက်သီး၊ ယင်ဖင်းလက်ဝါးနှင့် လေဟုန်စီးခြေလှမ်းတို့သည် တစ်ခုပြီးတစ်ခု တတိယအဆင့်သို့ မြင့်တက်သွားသည်။ သင်၏ ခွန်အားသည် အလွန် တိုးမြင့်လာ၏]
[ရှနှင့်စု မိသားစုတို့၏ ပူးပေါင်း ကုန်သည်အဖွဲ့ဟာလုယက်ခံလိုက်ရ၏။ သင်သည် ရှုံပအဖြစ် ရုပ်ဖျက်ကာ ကျားယွမ်မြို့သို့ အဖွဲ့နှင့်အတူ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။]
[ခရီးလမ်းတွင် သင်တို့ကို သက်ရှည်ဂိုဏ်း၏ တပည့်မျက တိုက်ခိုက်ခဲ့သည်။ သင်သည် လေဟုန်စီးခြေလှမ်းကိုအသုံးပြုကာ လူအုပ်ကြားထဲမှ ရွေ့လျားပြီး ယင်ဖင်းလက်ဝါးနှင့် သက်ရှည်ကျမ်း၏ အတွင်းအားကို ပေါင်းစပ်ပြီး ရန်သူများကို သတ်ဖြတ်သည်။]
[သက်ရှည်ဂိုဏ်း၏ တပည့်တွေဟာ ရှုံးနိမ့်သွားကြ၏။ သူတို့၏ အခြေစိုက်စခန်းကို ရှာဖွေရန် သင်သည် တစ်ယောက်တည်း သူတို့ကို လိုက်ဖမ်းခဲ့သည်။]
[ထိုအချိန်၌ အုပ်စိုးသူ မြင့်မြတ်မိသားစု၏ အဆက်အနွယ်တစ်ယောက် ပေါ်လာ၏။ တစ်ဖက်လူဟာ လှံရှည်တစ်လက်ကို ကိုင်ေဆာင်ထားသည်။]
[သင်နှငိ့ တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်းတွင် တစ်ဖက်လူ၏ လှံရှည်အတတ်ပညာသည် အလွန် အနုစိပ်ပေမယ့် တကယ့် တိုက်ခိုက်ရေး အတွေ့အကြုံ အားနည်းပြီး ချို့ယွင်းချက်တို့ များစွာရှိသည်ကို တွေ့ရှိခဲ့သည်။]
[သို့ပေမဲ့ ထိုလှံရှည်၏ ခွန်အားဟာ အံ့သြစရာကောင်းလှ၏။ သင်သည် ရွှေနက်လက်အိတ်ကို အသုံးပြုကာ တိုက်ရိုက် ခုခံရဲခြင်း မရှိပေ။ နောက်ဆုံးတွင် ရန်သူကို တိုက်ခိုက်ရန် ကံကြမ္မာဖြတ်တောက်ခြင်း ဓားကို ထုတ်လိုက်ရ၏။]
[လက်နက်ချင်း ထိခတ်ကြ၏။ လှံရှည်ပေါ်ရှိ အနက်ရောင်-အနီရောင် ကျောက်မျက်ရတနာက ယင်စွမ်းအင်ကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ ၎င်းဟာ ကံကြမ္မာဖြတ်တောက်ခြင်း ဓားမှတစ်ဆင့် သင်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ေရာက်ကာ လက်ခြေများကို တဖြည်းဖြည်း ထုံကျင်လာစေသည်။]
[သင်ဟာ တဖြည်းဖြည်း အားနည်းလာပြီး အန္တရာယ်ကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ တိုက်ပွဲအတွင်းတွင် သင်သည် ယင်ဖင်းလက်ဝါးကို အသုံးပြုပြီး ခန္ဓာကိုယ်အတွင်းရှိ ယင်စွမ်းအင်များကို စုပ်ယူကာ သန့်စင်လိုက်သည်။]
[မကြာခင်တွင် သင်၏ ယင်ဖင်းအားသည် အဆုံးစွန်သောယင်နှင့် မကောင်းဆိုးဝါးဆန်သည့် ယင်အတွင်းအားအဖြစ် ပြောင်းလဲသွားသည်။]
[တစ်ဖက်လူဟာ တစ်ခုခု မှားယွင်းေနသည်ကို သိလိုက်ရပေမယ့် အချိန်ဟာ နောက်ကျသွားေလပြီ။ သင်သည် အသာစီးရသွား၏]
[ကြာမြင့်စွာ တိုက်ခိုက်ပြီးတဲ့နောက် သင်သည် အစစ်အမှန်ချီ အားလုံးတ်ို့ကို အသုံးပြုကာ ဓားဆွဲထုတ်ခြင်း အတတ်ပညာကို အသက်သွင်းပြီး တစ်ဖက်လူကို သတ်လိုက်သည်။]
[တိုက်ပွဲအပြီး အကျိုးအမြတ်များကို ရှာဖွေသည့်အချိန်တွင် သင်၏ခန္ဓာကိုယ်ဟာ လှံရှည်ပေါ်က အနက်ရောင်-အနီရောင် ကျောက်မျက်ရတနာနှင့် ထိမိသွားသည်။ အထူးစွမ်းအားတစ်ခုဟာ ယင်စွမ်းအင်နှင့်အတူ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ၏။]
[အသက် ၂၁ နှစ်တွင် သင်၏ ယင်ဖင်းလက်ဝါးဟာ အတွင်းအားကို ပထမဆုံး ဖမ်းဆုပ်နိုင်ခဲ့ပြီးနောက် တောင်ခွဲေဆဘာအတတ်၊ တောင်ဖြိုလက်သီးနှင့် လေဟုန်စီးခြေလှမ်းတို့လည်း နောက်မှ လိုက်ပါဖမ်းဆုပ်နိုင်ခဲ့သည်။]
[သက်ရှည်ဂိုဏ်းနှင့် တိုက်ပွဲတွင် သင်သည် လျှို့ဝှက်အစောင့်မှ အဖွဲ့ဝင်တစ်ယောက်နှင့် တွေ့ဆံုခဲ့သည်။]
[တစ်ဖက်လူဟာ ယွမ်ကန်းစီရင်စုတွင် သွေးပူဇော်ခြင်းကို ပြုလုပ်နေသည့် ချူနိုင်ငံ၏ အုပ်စိုးသူမိသားစုမှ အဆက်အနွယ်များကို လိုက်လံဖမ်းဆီးနေ၏။]
[သူဟာ ငွေကြေးအမြောက်အမြား ပေးရန် ဆန္ဒရှိကာ သင့်ကို လျှို့ဝှက်အစောင့်အဖွဲ့အတွင်းသို့ ဝင်ရန် ဖိတ်ခေါ်ခဲ့သည်။]
[ခြောက်လအကြာ၌ တိုက်ပွဲတစ်ခုအတွင်းတွင် သင်သည် အုပ်စိုးသူမိသားစု၏ တပည့်တစ်ယောက်နှင့် တွေ့ဆံုခဲ့သည်။ တိုက်ပွဲ၏ တစ်ဝက်တွင် အခြား အုပ်စိုးသူမိသားစုမှ တပည့်တစ်ယောက် ထပ်မံ ပေါ်လာ၏။]
[သင်သည် သေဆုံးသွားသည်။]
"ချူနိုင်ငံရဲ့ အုပ်စိုးသူမိသားစု မျိုးဆက်တစ်ယောက်လား.. လျန်မိသားစုရဲ့ ညီအစ်မသုံးယောက် ပြောခဲ့တဲ့ ကိစ္စ ဖြစ်နိုင်လား..."
အစမ်းရှင်သန်ခြင်းတွင် ပါဝင်သည့် အချက်အလက်မျကို ကြည့်ကာ ဟန်ကျောက်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။ ဒီလှံရှည်ဟာ ကျီကျုလင် ပြောခဲ့သည့် ဒီဗိုင်းလက်နက်နှင့် တူပေမဲ့ သူမ ဖော်ပြခဲ့သည့် စွမ်းအားနှင့်တော့ တော်တော်လေး ကွာခြားလွန်းေနပါသည်။
အတုအယောင် ဒီဗိုင်းလက်နက်တစ်ခု ဖြစ်နိုင်ပြီး ထိုအထဲတွင်မှ အဆင့်နိမ့်သည့် အတု ဖြစ်လိမ့်မည်။
ဟုတ်ပါသည်။ အားနည်းခြင်းက ကောင်းခဲ့၏။ ဟန်ကျောက်ဟာ သူ့၏ နည်းလမ်းအားလုံးကို အသုံးပြုလျှင်တောင် ခွန်အားသန့်စင်ခြင်းအဆင့်၏ ခွန်အားကိုသာ ပိုင်ဆိုင်နိုင်မှာပါ။
ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှုအဆင့်ရှိ လူကို အနိုင်ယူနိုင်မလားဆိုသည်မှာ ဘာမှန်းမသိပေ။ တစ်ဖက်လူဟာ သူ့ကို ကြာရှည်စွာ တိုက်ခိုက်နိုင်ပြီး နောက်ဆုံးတွင် အဆုံးသတ်တွင် အားရင်ကုန်ခန်းကာ သေဆုံးသွားခဲ့သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် သူ၏ ခွန်အားဟာ ပုံမှန် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ယောက်၏ အဆင့်ဖြစ်သည့် 'သွေးကြောတစ်ခု' အဆင့်လောက်သာ ရှိသည်ဟု ဆိုလိုသည်ပင်။
ဒါက ဒီဗိုင်းလက်နက်ပဲဖြစ်ဖြစ် မဟုတ်ဘူးပဲဖြစ်ဖြစ်.. ယင်ဖင်းလက်ဝါးကို ကျင့်ကြံဖို့ ကူညီနိုင်ရင် ကောင်းတဲ့ပစ္စည်းပဲ..
[၁- ပါရမီကို ရယူပါ (ရွေးချယ်၍မရပါ)]
[၂- စွမ်းရည်မှတ်ကို ရယူပါ]
[၃- ဘဝအတွေ့အကြုံ၏ မည်သည့် အစိတ်အပိုင်းကိုမဆို ရယူပါ]
[လက်ကျန်ငွေ- ရွှေ ၅၀ လျန်]
"နှစ်"
[စွမ်းရည်မှတ် +၁၈]
သိုင်းပညာ- တောင်ဖြိုလက်သီး (တတိယအဆင့် အသေးစားကျွမ်းကျင်မှု ၉%၊ အဆင့်မြှင့်နိုင်သည်။ အထူးအကျိုးသက်ရောက်မှု- ပေါက်ကွဲမှုအဆင့် ၃၊ တောင်ဖြိုအားအဆင့် ၂)
ယင်ဖင်းလက်ဝါး (တတိယအဆင့် စတင်ခြင်းအဆင့် ၇၀%၊ အဆင့်မြှင့်နိုင်သည်။ အထူးအကျိုးသက်ရောက်မှု- အဆိပ်ရှောင်ရှားနိုင်မှုအဆင့် ၄၊ ယင်ဖင်းအားအဆင့် ၁)
လေဟုန်စီးခြေလှမ်း (တတိယအဆင့် စတင်ခြငအဆင့် ၃၆%၊ အဆင့်မြှင့်နိုင်သည်။ အထူးအကျိုးသက်ရောက်မှု- မြန်ဆန်မှုအဆင့် ၄၊ လေဟုန်စီးအားအဆင့် ၂)
"သုံးပါးေသာအနှစ်သာရအားကို ကြိုတင် ပေါင်းစပ်လို့ ရမှာလား"
ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ ပြီးနောက် ရေရွတ်၏။
"စနစ်၊ တောင်ဖြိုအား၊ ယင်ဖင်းအားနဲ့ လေဟုန်စီးအားတို့ကို ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်မယ့် နည်းလမ်းအတိုင်း အမှတ်တွေ ထည့်ပေါင်းပေး"
[ရွှေ ၃၀လျန်အား ထပ်မံ ကုန်ကျမည်။]
"တကယ် အလုပ်ဖြစ်တာလား"
ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားသည်။
"ရွှေ ၃၀ လျန်ကို သုံးလိုက်၊ စွမ်းရည်မှတ်တွေလည်း အကုန်သုံးလိုက်"
[လက်ကျန်ငွေ:း- ရွှေ ၂၀ လျန်]
[စွမ်းရည်မှတ်များ- ၁၈ —...၁၄]
တောင်ဖြိုလက်သီး (တတိယအဆင့် အကြီးစားကျွမ်းကျင်မှု ၉၉%, အဆင့်မြှင့်တင်နိုင်သည်။ အထူး အကျိုးသက်ရောက်မှု- ပေါက်ကွဲခြင်းအဆင့်၄၊ တောင်ဖြိုအား အဆင့်၃)
[စွမ်းရည်မှတ်များ: ၁၄ —... ၈]
ယင်ဖင်းလက်ဝါး (တတိယအဆင့် အကြီးစားကျွမ်းကျင်မှု ၆၆%၊ အဆင့်မြှင့်နိုင်သည်။ အထူးအကျိုးသက်ရောက်မှု- အဆိပ်ရှောင်ရှားနိုင်မှု အဆင့် ၅၊ ယင်ဖင်းအားအဆင့် ၃)
[စွမ်းရည်မှတ်များ- ၈-..၉ ၀]
လေဟုန်စီးခြေလှမ်း (တတိယအဆင့် အကြီးစားကျွမ်းကျင်မှု ၃၃%၊ အဆင့်မြှင့်နိုင်သည်။ အထူးအကျိုးသက်ရောက်မှု- မြန်ဆန်မှုအဆင့် ၅၊ လေဟုန်စီးအားအဆင့် ၄)
[တောင်ဖြိုအား၊ ယင်ဖင်းအားနဲ့ လေစီးအားတို့ဟာ အချိုးအစား ညီမျှလုနီးပါး ရှိနေ၏။ ပေါင်းစပ်နိုင်ခြေ ၉၈% ရှိ၏။]
[လက်ရှိ ယင်ဖင်းအားမှာ ယင်စွမ်းအင် နည်းနေပြီး အေးစက်သည့် ယင်၏ လက္ခဏာရပ်များ မရှိသေးေပ။ ယင်စွမ်းအင်ကို စုပ်ယူေသာအခါ သတိထားရမည်။ ယင်ဖင်းလက်ဝါး၏ တိုးတက်မှုဟာ တောင်ဖြိုလက်သီး၏ တိုးတက်မှုကို ကျော်လွန်လို့မရပေ။ မဟုတ်ပါက သုံးပါးသောအနှစ်သာရအားဟာ ပြိုကွဲသွားနိုင်သည်။]
[တောင်ဖြိုအား၊ ယင်ဖင်းအားနဲ့ လေစီးအားတို့ ပြီးပြည့်စုံသွားေသာအခါ သုံးပါးသော အနှစ်သာရအားသည် ထိုအချိုးအစား၏ သက်ရောက်မှုကို ခံရမည် မဟုတ်ပေ]
စွမ်းရည်မှတ်များအား ခွဲဝေ အသုံးပြုလိုက်ပြီးနောက် ဟန်ကျောက်ဟာ သူ၏လက်ဖဝါးနှင့် ခြေထောကရှိ သွေးနီရောင် အမှတ်အသားများ အလျင်အမြန် တိုးပွားလာသည်ကို ခံစားလိုက်ရသည်။
တစ်ချိန်တည်းတွင် သက်ဆိုင်ရာ အတွင်းအားလည်း ပိုမို အားကောင်းလာ၏။ သူ၏ ထိန်းချုပ်မှုအောက်တွင် အတွင်းအား သုံးမျိုးဟာ နောက်ဆုံးတွင် လက်ဖဝါးထဲမှာ စုစည်းကာ တစ်ခုတည်း ဖြစ်သွားကြသည်။
"ငွေကုန်တာကို ငါအဲ့လောက် မကြောက်ဘူး။ ဘာမှ မလုပ်နိုင်မှာကိုပဲ ကြောက်တာ"
စုစည်းထားကာ မထုတ်ဖော်ရသေးသည့် ဒီစွမ်းအားကြီးသည့် အတွင်းအားကို ခံစားကာ ဟန်ကျောက်ဟာ ပြုံးမိသည်။ ကုန်ကျသည့် ငွေပမာဏတို့ များလာသည်နှင့်အမျှ စနစ်၏ လုပ်ဆောင်နိုင်စွမ်းမှာလည်း ပိုမို ပြည့်စုံလာပုံရသည်။
အရင်တုန်းကဆိုရင် စနစ်မှာ ဒီလို လုပ်ဆောင်ချက်မျိုး လုံးဝ ရှိမှာ မဟုတ်ဘူး။
"အကြီးစားကျွမ်းကျင်မှုကို မရောက်သေးတဲ့အတွက် အသေးစား သုံးပါးသောအနှစ်သာရအားလို့ပဲ ခေါ်လိုက်မယ်။"
"ဂိုဏ်းချုပ်ကြီး ရှုံပ.. ပေါ်လာဖို့ အချိန်တန်ပြီ"