အခန်း (၁၁၄)
Vol. 8 Ch. 114
ဆယ်ရက်ကြာပြီးနောက်… ကျောက်နက်မြို့၏ အတွင်းပိုင်းရှိ ယုန်ဟီဒေသတွင်..
လုတစ်စုဟာ မြင်းရထားများ၊ လှည်းများကို ဦးဆောင်ပြီး မြို့တွင်းပိုင်း၏ တောင်နှင့်မြောက်ကို ဖြတ်သန်းသည့် အဓိကလမ်းမကြီးအတိုင်း ရွေ့လျားကာ မြောက်ဘက်ဂိတ်ဆီသို့ ဦးတည်သွားကြသည်။
လှည်းတစ်ခုချင်းစီတိုင်းတွင် ကြီးမားသည့် သေတ္တာကြီးများ ထပ်ထား၏။ ဒီယာဉ်တန်း၏ အမည်ကို လင်ယွင်ဟု ခေါ်လေသည်။ ဤသည်မှာ မကြာသေးခင်က တည်ထောင်ခဲ့သည့် လင်းယွင် ကူးသန်းရေးအဖွဲ့ ဖြစ်သည်။
မြို့တွင်းပိုင်း၏ အစည်ကားဆုံး အဓိကလမ်းမဖြစ်ရာ လမ်းပေါ်တွင် သွားသွားလာလာ လူများစွာ ရှိပါသည်။ သို့ရာတွင် လူတိုင်းဟာ သတိရှိစွာဖြင့် ယဉ်တန်းအတွင်း လမ်းဖယ်ပေးကြ၏။
အပြင်လူများဟာ ယာဉ်တန်းကို လက်ညှိုးညွှန်ကာ တိုးညှင်းစွာ ဆွေးနွေးနေကြသည်များလည်း ရှိသည်။
“ဝိုး… ကြည့်ပါဦး.. တောင်လိုပုံနေတဲ့ ကုန်စည်တွေ… ရှမိသားစုနဲ့ စုမိသားစုက တကယ့်ကို ထည်ဝါတာပဲ”
“ဟုတ်တယ်။ သူတို့ မိသားစုနှစ်ခု ပူးပေါင်းပြီး ကျန်းမိသားစုကိုတောင် ကျောက်နက်မြို့က မောင်းထုတ်ပစ်ခဲ့တာ။ စီးပွားရေးတွေ အားလုံးကိုလည်း လုံးဝ သိမ်းပိုက်သွားတာ”
“ဒါက ကြာပါပြီ။ သတင်းသစ်ကို မင်းတို့ မသိသေးဘူးမလား။ ဒီလင်ယွင် ကုန်သွယ်ရေးအဖွဲ့ရဲ့ ပထမဆုံး ရောင်းဝယ်မှုက အလုခံခဲ့ရတယ်တဲ့”
“ဘယ်သူက ဒီလောက်ရဲတင်းပြီး ရှမိသားစုနဲ့ စုမိသားစုရဲ့ ယာဉ်တန်းကို လုယူရဲတာလဲ”
“ငါလည်း သေသေချာချာတော့ မသိဘူး။ ကျားယွမ်ကနေ ကျောက်နက်မြို့ကို ပြန်တဲ့လမ်းမှာ အလုခံရတာလို့ပဲ ကြားတယ်။ လူတစ်စုနဲ့ ကြုံခဲ့တာတဲ့.. ရှမိသားစုရဲ့ သွေးချီချိုးဖက်မှု တတိယအဆင့် ကျွမ်းကျင်သူ ဖုန်းရှောင်တောင် ဒဏ်ရာရလာခဲ့တယ်ဆိုပဲ”
“ငါလည်း လုဆရာရဲ့ အကြီးဆုံးတပည့် ကျောက်ယွမ်ထု လက်တစ်ဖက်ပြတ်ပြီး အိပ်ယာထဲမှာ လဲနေတယ်လို့ ကြားတယ်။ သူသေတော့မယ်တဲ့”
“မဟုတ်တာတွေ လျှောက်မပြောနဲ့.. ရှေ့ဆုံးမှာ လျှောက်နေတာကို ကြည့်လိုက်ဦး.. အဲ့ဒါ ဖုန်းရှောင်ကြီးဟ”
“ဒါဆိုရင် ကျောက်ယွမ်ထုကျ ဘယ်မှာလဲပြော.. ဟန့်.. ရှမိသားစုရဲ့ သခင်မလေးတောင် ကိုယ်တိုင်ဦးဆောင်ရတာ မတွေ့တာလား”
“ဟူး.. ငါမင်းကို မနိုင်ပါဘူး.. ရတယ်”
“တော်ပါ.. လောင်းမလားပြော”
“မလောင်းဘူးဟျောင်.. ငါက မူးယစ်နဲ့ အလောင်းကစားကို ရှောင်တယ်”
“ချီး.. ပျင်းစရာ..”
လူများ၏ ဆွေးနွေးသံများဟာ ကျယ်လောင်ခြင်းမရှိပေ။ သို့ပေမယ့် ယာဉ်တန်းရှိ အလုပ်သမားအားလုံးတို့ဟာ သိုင်းသမားများ ဖြစ်ကြသည်။ အရိုးသန့်စင်ခြင်းနှင့် သွေးသန့်စင်ခြင်း အဆင့်များ၏ အကြားစွမ်းရည်နှင့် သူတို့ဟာ ဖြတ်သွားဖြတ်လာများ၏ စကားများကို ရှင်းလင်းစွာ ကြားရ၏။
သို့ပေမယ့် ဖြတ်သွားဖြတ်လာများကို မဆိုထားနှင့် သူတို့ကိုယ်တိုင်လည်း ယုံကြည်ချက် အများကြီးမရှိပေ။ ယာဉ်တန်းအား အလုခံရစဉ်က သိုင်းသမား ၂၀ကျော် သေဆုံးခဲ့ရသည်။
အခြေခံအားဖြင့် အားလုံးဟာ အရေအပြားသန့်စင်ခြင်း အဆင့်နှင့် အရိုးသန့်စင်ခြင်းအဆင့် အချို့တို့ ဖြစ်ကြသည်။ သွေးသန့်စင်ခြင်းအဆင့် အကြီးအကဲ လေးယောက်တို့လည်း ဒဏ်ရာအသီးသီး ရခဲ့ကြ၏။
ထိုအထဲမှ တစ်ယောက်၏ လက်ဟာ ဖြတ်သွာားဖြတ်လာများ ပြောသကဲ့သို့ အလွန်အကျူး ဆိုးရွားခြင်း မရှိပေမယ့် အမှန်တကယ်ကို အိမ်တွင် အနားယူနေရသည်။
ပြီးခဲ့တုန်းက အဖွဲ့၏ ခွန်အားနှင့်ပင်လျှင် ခုခံနိုင်ခြင်း မရှိခဲ့ကြပေ။ ဒီတစ်ကြိမ်တွင် ကုန်စည်များကို ကာကွယ်ရန်မှာ ပိုမိုကာပင် ခက်ခဲလောက်မှာ ဖြစ်၏။
အရေးအကြီးဆုံးမှာ ထိုကုန်စည်များနှင့်အတူ သူတို့၏ အသက်များလည်း ဆုံးရှုံးရနိုင်ခြင်း ဖြစ်သည်။ သခင်မလေး ရှလင်ပင်လျှင် ကိုယ်တိုင် ဦးဆောာင်လာရာ သူတို့ဟာ အကူအညီ မဲ့နေလေသည်။
သူတို့ကဲ့ သိုင်းသမားအများဟုဟာ ရှမိသားစုနှင့် စုမိသားစုတို့၌ စာချုပ်များ ချုပ်ထားခဲ့ကြ၏။ ဤသည်မှာ အမည်စာရင်း ပေးသည်နှင့် မတူပေ။ လိုက်ပါဖို့ လိုအပ်၏။ မဟုတ်ပါက စာချုပ်ကို ဖောက်ဖျက်သည်ပင်။
ထိုသို့ဆိုပါက ကျောက်နက်မြို့တွင် ဆက်လက်နေရန် ဖြစ်နိုင်မည် မဟုတ်တော့ပါ။ မိသားစုလည်း ကျန်သေး၏။ သူတို့အနေနှင့် ထွက်ခွာလိုလျှင်တောင် မိသားစုကို ဂရုစိုက်ရန် လိုအပ်ပါသည်။
ထို့ကြောင့် ယခုကဲ့သို့ ကပ်ဘေးတစ်ခု ကြုံတွေ့လျှင် သေသည်အထိသာ တိုက်ခိုက်နိုင်ကြသည်။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံယူထားသည့် ကိစ္စဟာ အလကားမဟုတ်ပေ။
“ဟူး.. ငါတော့ တူလေးဟန် ရှာထားတဲ့လူကို သူပြောသလို အစွမ်းထက်ဖို့ပဲ မျှော်လင့်မိတယ်”
ဖုန်းရှောင်ဟာ မြင့်မားသည့် မြင်းပေါ်၌ စီးရင်းက နှလုံးသားထဲတွင် သက်ပြင်းချသည်။
အဖွဲ့အတွင်းရှိ သိုင်းသမား အားလုံးတို့ဟာ စိတ်ဓါတ်ကျနေကြပါသည်။ ထိုလူစုနှင့် အမှန်တကယ် ထပ်မံကြုံတွေ့ရပါက မည်သည်ကို အမှီပြုကာ ခုခံရတော့မည်နည်း။
သူ၏ ပြီးခဲ့တုန်းက ဒဏ်ရာများဟာ ကြီးမားခြင်း မရှိပေမယ့် သွေးချီများစွာကို ကုန်ဆုံးစေခဲ့သည်။ ယခုအချိန်၌ သူဟာ သူ၏ခွန်အား ၇၀%လောက်ကိုသာ အလွန်ဆုံး ထုတ်ဖော်နိုင်မှာ ဖြစ်သည်။
ထိုအပြင် သူဟာ အိုမင်းနေပြီး ဖြစ်ကာ တိုက်လို့ခိုက်လို့ကောင်းသည့် အရွယ်၌ မဟုတ်တော့ပေ။ လက်ရှိအခြေအနေနှင့် အလွန်ဆုံး သွေးချီချိုးဖျက်မှု ဒုတိယအဆင့်ရှိ သိုင်းသမားလောက်ကိုသာ ရင်ဆိုင်နိုင်ပါသည်။
အခြား အကြီးအကဲနှစ်ယောက်တို့လည်း တူညီစွာပင် ဖြစ်သည်။
သခင်မလေး ရှလင်သာလျှင် အခြေအနေကောင်းစွာ ရှိနေ၏။ သို့ရာတွင် သူမဟာ မကြာသေးခင်ကမှ သွေးသန့်စင်ခြင်းအဆင့်သို့ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ဒီအချိန်အတွင်းတွင် စီးပွားရေး ကိစ္စများကို ဦးဆောင်နေရရာ ခွန်အားဟာ သွေးချီချိုးဖျက်မှု ပထမအဆင့်များ အကြားတွင် မဆိုးလှဟုသာ ဆိုနိုင်မှာပါ။
ဘာပဲဖြစ်ဖြစ် သူတို့အဖွဲ့ဟာ စွမ်းအားကြီးမားသည့် ပင်တိုင်ပုဂ္ဂိုလ်တစ်ယောက် လိုအပ်နေ၏။
“အဖိုးဖုန်း.. စိတ်မပူပါနဲ့.. မောင်လေးဟန်က ကတိပေးထားတဲ့အတိုင်း သေချာပေါက် လုပ်မှာပါ။ ကျွန်မသူ့ကို ယုံတယ်”
အနက်ရောင်မြင်းကို စီးနင်းထားသည့် ရှလင်က အတွေးနက်ကာ စိတ်ဓါတ်ကနေသည့် ဖုန်းရှောင်၏ပုံကို တွေ့ရပြီးနောက် နှစ်သိမ့်သည်။
“အင်းပါ.. ငါလည်း ယုံပါတယ်”
ဖုန်းရှောင်က ခေါင်းညှိတ်သည်။ ရှင်းလင်းစွာပင် အသံဟာ ယုံကြည်ချက်တို့ ကင်းမဲ့နေ၏။
နောက်ဆုံးအကြိမ်တုန်းက ထောယွမ်ရွာရှိ တိုက်ပွဲအတွင်းတွင် ဟန်ကျောက်ဟာ အလွန်ရဲရင့်ခဲ့ပါသည်။ သို့ပေမယ့် သူဟာ သာမန် သွေးချီချိုးဖျက်မှု ဒုတိယအဆင့်ရှိသည့် သိုင်းသမားတစ်ယောက်နှင့်သာ တူညီ၏။
မကောင်းဆိုးရွား အသားကို စားခဲ့ပြီး ခွန်အားတစ်ဝက်လောက်ကိုသာ ထုတ်ဖော်နိုင်၍သာ မဟုတ်ပါက သူဟာ ရှလင်နှင့် လွတ်မြောက်နိုင်မှာပါ။ အခြား သွေးသန့်စင်ခြင်း အဆင့်ရှိ သိုင်းသမားများလည်း တူညီစွာ ဖြစ်၏။
ဟိုင်ဝါနှင့် ဒေါ်လေးထောတို့၏ အလွယ်တကူ သတ်ဖြတ်ခြင်းကို ခံရမည်မဟုတ်ပေ။
ဖုန်းရှောင်ဟာ ဟန်ကျောက်၏ ခွန်အားနှင့် ပါရမီအပေါ်တွင်တော့ အလွန် ယုံကြည်ချက် ရှိပါသည်။ သို့ပေမယ့် ဒီတစ်ကြိမ်ဟာ အမည်မသိ သွေးချီချိုးဖျက်မှု တတိယအဆင့် သိုင်းသမားတစ်ယောက်ကို မှီခိုရမှာ ဖြစ်၏။
တစ်ဖက်ရန်သူတွင်သာ ခွန်အားသန့်စင်ခြင်း သိုင်းသမား ရှိပါက ပြဿနာများပါပြီ။
သူဟာ အလွန် အိုမင်းနေပြီး ဖြစ်၏။ ထို့ကြောင့် သေတာက အရှုံးသိပ်မရှိပေ။ သို့ရာတွင် ရှလင်ကို တစ်ခုခုဖြစ်စေပါက လက်ခံနိုင်ခြင်း မရှိပေ။
သို့ရာတွင် သူမဟာ ဟန်ကျောက်အပေါ် ခိုင်မာစွာ ယုံကြည်နေပါသည်။ လူတိုင်းကို စိတ်ခွန်အားတို့ တိုးပွားစေရန် အဖွဲ့ကို ဦးဆောင်ရန် အတင်းပြောခဲ့၏။ ဖုန်းရှောင်လင်း ပြောလို့မရခဲ့ပေ။
“သခင်မလေး… စွမ်းအားကြီးမားတဲ့ ရန်သူတစ်ယောက်ယောက်နဲ့ ကြုံရရင် ကျွန်တော်နဲ့ အနီးမှာနေပါ။ တစ်ယောက်နဲ့တစ်ယောက် ကူတိုက်ပေးလို့ရတာပေါ့”
ဖုန်းရှောင် ထပ်ပေါင်းပြောသည်။
“အဖိုးဖုန်း.. ရှင်… ကောင်းပါပြီ”
ရှလင်ဟာ သူ၏ ဆိုလိုရင်းကို နားလည်၏။ သို့ပေမယ့် မည်သည်ကိုမှ ပြောမနေတော့ပါ။
သူမဟာ ဟန်ကျောက်အပေါ် လုံးဝ ယုံကြည်ချက်ရှိပါသည်။ မဟုတ်ပါက အဖွဲ့ကို ကိုယ်တိုင် ဦးဆောင်မည် မဟုတ်ပေ။
စုမိသားစုရှိ အခြား အကြီးအကဲနှစ်ယောက်တို့က ထိုစကားကို ကြားရပြီးနောက် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။ သူတို့ဟာ တစ်ဖက်လူ၏ ဆိုလိုရင်းကို နားလည်ပြီး ဖြစ်၏။
ပြီးခဲ့တုန်းကတည်းက သူတို့ဟာ ဒဏ်ရာရရှိပြီး ဖြစ်ကြသည်။ ထိုလူအုပ်ကို ထပ်မံကြုံတွေ့ရပါက နောက်မဆုတ်ပဲ အသေအကြေ တိုက်ခိုက်ကြလျှင် သူတို့၏ အသက်များကို ဆုံးရှုံးရနိုင်ပါသည်။
သူတို့ဟာ စုမိသားစုနှင့် စာချုပ်ချုပ်ဆိုထားကာ အကျိုးအမြတ်များစွာ ရရှိခဲ့ပေမယ့် သူတို့၏ အသက်များသည်သာ အရေးအကြီးဆုံး ဖြစ်သည်။
ဤနည်းအားဖြင့် အဖွဲ့တစ်ခုလုံးဟာ ထိုင်းမှိုင်းမှုတို့ လွှမ်းခြုံနေ၏။ သူတို့ဟာ အဓိကလမ်းမကြီးကို ကျော်လွန်ကာ မြို့တွင်းပိုင်းဂိတ်မှ လျှောက်ထွက်လာကြသည်။
မြောက်ဘက်ဂိတ်တံခါးတွင် စုစည်းကြ၏။ သန်မာသည့် အကူအညီ ဟူသည်ကို စောင့်စားနေကြသည်။
ခဏအကြာ၌ လူတိုင်းဟာ စောင့်နေရင်းက စိတ်မရှည် ဖြစ်လာချိန်၌ အဝေးမှ အသက် လေးဆယ်၊ ငါးဆယ်အရွယ် ရှိပုံပေါ်သည့် လူလတ်ပိုင်း လူကြီးတစ်ယောက် လျှောက်လာခဲ့သည်။
တစ်ဖက်လူဟာ ဖြည်းညှင်းစွာသာ လျှောက်လာပုံပေါ်၏။ သို့ပေမယ့် သူတို့ရှေ့သို့ ရောက်လာရန် ခြေလှမ်းအနည်းငယ်သာ လှမ်းခဲ့ရသည်ဟု လူတိုင်း ခံစားကြရသည်။
‘ကောင်းလိုက်တဲ့ လှုပ်ရှားမှုအတတ်’
ကျွမ်းကျင်သူတစ်ယောက် လှုပ်ရှားမှုလုပ်သည်နှင့် မြင်ရသူများဟာ အမှန်ဟုတ်မဟုတ် သိနိုင်ကြပါသည်။
ရှလင်အပါအဝင် သွေးသန့်စင်ခြင်းအဆင့်ရှိ တစ်ဝက်တစ်ပြတ် သိုင်းသခင် လေးယောက်တို့ဟာ ဒီလူအပေါ်တွင် ယုံကြည်ချက်တို့ တိုးလာ၏။ အခြား လူများလည်း ရုတ်တရက် ပေါ်လာသည့် ထိုလူကို ကြည့်နေကြသည်။
လှုပ်ရှားရန်အတွက် သင့်တော်သည့် ကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်မထားကြောင်းအား တွေ့ရ၏။ အဲ့ဒီအစား သူဟာ ရွှေရောင်ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသည်။ ရှည်လျားသည့် အနက်ရောင် ဆံပင်များကို သပ်ယပ်စွာ ဖြီးထားပြီး နောက်ကျောတွင် ချထား၏။
ဓါးသဖွယ် ထူထဲသည့် မျက်ခုံးများက မြင့်မားကာ မျက်နှာဟာ ထည်ဝါမှုတို့ဖြင့် ပြည့်နှက်နေပါသည်။ လှုပ်ရှားမှုတိုင်းဟာ အထက်ပုဂ္ဂိုလ် တစ်ဦး၏ ကြီးစိုးမှုအငွေ့အသတ်အား ထုတ်လွှတ်နေ၏။
“ကျုပ်ကက ရှုံပပဲ.. ခင်ဗျားတို့ကို ကာကွယ်ဖို့ တာဝန်ယူထားတယ်”
ရောက်ရှိလာသည့် ထိုလူဟာ မာနကြီးကာ ထည်ဝါ၏။ လူတိုင်းဟာ ထိုသာမန်မဟုတ်သည့် လူကို တွေ့ရပြီးနောက် လေးနက်သွားကြသည်။
ဖုန်းရှောင်၏ နှလုံးသားဟာ အခုန်မြန်သွား၏။ ရှုံပ၏ ပေါ်လာချိန်၌ အသုံးပြုခဲ့သည့် လှုပ်ရှားမှုအတတ်ကြောင့် သူ၏ စိုးရိမ်မှုတို့ဟာ လုံးဝ ပပျောက်သွားသည်။
God Genzo: