အခန်း (၁၁၅)
Vol. 8 Ch. 115
ရှေ့သို့တက်ကာ လက်သီးနှစ်ဖက်ကို မိုး၏။
“မစ္စတာရှုံကို တွေ့ဆုံပါတယ်.. တူလေးဟန်ရော ဘယ်မှာလဲ မသိဘူးဗျ”
“သူ ကျုပ်ဂိုဏ်းမှာ ဧည့်သည်လုပ်နေတယ်”
ဟန်ကျောက်က ပြောရင်းနှင့် အင်္ကျီလက်ကို ခါယမ်းလိုက်သည်။ စာအိတ်တစ်ခုဟာ ရှလင်ဆီသို့ တည့်မတ်စွာ ဝင်ရောက်သွား၏။
ရှလင်က ယူကြည့်လိုက်ပြီးနောက် အမှန်တကယ်ကို ဟန်ကျောက်၏ လက်ရေးဖြစ်ကြောင်းအား တွေ့လိုက်ရသည်။
“တစ်ကမ္ဘာလုံးဆိုင်ရာ အသင်းကြီးရဲ့ ဂိုဏ်းချုပ်.. ဂျူနီယာမောာင်လေးဟန်က ဂိုဏ်းချုပ်ရှုံကို အရမ်းယုံကြည်အားထားကတည်းက ဒီခရီးစဉ်ကို ကျွန်မအပ်ပါတယ်”
ရှလင်က လေးစားစွာ ပြောသည်။ ဂျူနီယာမောင်လေးဟန်၏ လေးစားမှုကို ခံယူထိုက်သူမှာ တကယ့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်မှာပါ။
“ကောင်းပါပြီ”
ဟန်ကျောက်က အသာပြုံးသည်။ ကံကောင်းစွာပင် သူဟာ ရုပ်ရှင်ကားများစွာကို ကြည့်ခဲ့ဖူး၏။ မဟုတ်ပါက အရိုးကျုံ့ခြင်း အတတ်ကို အသုံးပြုကာ ရုပ်ဖျက်နိုင်လျှင်တေတာင် ရှုံပကဲ့သို့ သရုပ်ဆောင်နိုင်မည် မဟုတ်ပေ။
“ကြွပါ”
အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်က အလိုက်သိစွာဖြင့် သူ၏မြင်းကို ပေးသည်။ ဟန်ကျောက်က အသာခေါင်းညှိတ်ကာ မြင်းပေါ်သို့ တက်၏။
ညကောင်းကင်တွင် လင်ယွင်ကုန်သည်အဖွဲ့၏ ယာဉ်တန်းဟာ ရှည်လျားစွာ စီတန်းရင်းမှ ထျန်းယွမ်တောင်၏ အနက်ပိုင်းသို့ ဝင်ရောက်လာခဲ့၏။ အုပ်စုဟာ လမ်းမကြီးအတိုင်း ကျားယွမ်မြို့ဆီသို့ ဦးတည်ခဲ့ကြသည်။
ဒီထျန်းယွမ်တောင်ဟာ သံနက်မြို့မှ ကျားယွမ်မြို့သို့ သွားနိုင်သည့် တစ်ခုတည်းသော လမ်းဖြစ်၏။ သို့ရာတွင် တောင်ထဲ၌ ဓါးပြများ အလွန်သောင်းကျန်းကြသည်။
အင်ပါရီယာ တရားရုံး၏ ယာဉ်တန်းများ ဖြတ်သန်းလျှင်တောင် အစောင့်ရဲမက်များ မသန်မာပါက ကံဆိုးသွားနိုင်၏။
တောက ထူကာ တောင်လမ်းမှာ ကြမ်းတမ်း၏။ လမ်းလျှောက်ရန်ပင် ခက်ခဲသည်။ ထို့ကြောင့် အင်ပါရီယာ ရုံးတော်ကို ထိပါးလျှင်တောင် ထိုဓါးပြများဟာ တောင်နက်ထဲသို့ ဝင်ရောက်ကာ ပုန်းအောင်းပြီး စစ်တပ်၏ ဝိုင်းရံမှုကို ရှောင်ရှားနိုင်ကြသည်။
သူတို့ဟာ ပျောက်ကျားစနစ်ဖြင့် အစိုးရစစ်သည်များ၏ ဝိုင်းဝန်းဖမ်းဆီးမှုကို အကြိမ်ကြိမ် အနိုင်ယူခဲ့ဖူး၏။
တကယ်တော့ အင်ပါရီယာရုံးတော်သာ အမှန်တကယ် အမျက်ထွက်ပါက စစ်သည် သောင်းချီကို စေလွှတ်ကာ ဒီဓါးပြများကို တစ်ခါတည်း ဖမ်းဆီးလို့ရပါသည်။
သို့ရာတွင် ဒေသခံ အစိုးရတွင် ထိုကဲ့သို့ စွမ်းအားမရှိပါ။
စီရင်စု မြို့တော်အတွက်မူ ထိုကိစ္စဟာ အကျိုးအမြတ် မရှိပါ။ ဓါးပြများကို အနိုင်ယူနိုင်ပါက အဆင်ပြေသေးသည်။ သို့ပေမယ့် ရှုံးနိမ့်ပါက မည်သူ တာဝန်ယူမည်နည်း။ ဘယ်သူမှ ကျေးဇူးတင်မခံရမည့် ကိစ္စကို လုပ်လိုခြင်းမရှိပေ။
ထို့အပြင် ထျန်းယွမ်တောင်တစ်ဝိုက်မှ ဓါးပြများဟာ အဝေးကြီးကို နယ်မချဲ့ကြပေ။ သူတို့ဟာ ခွန်အားအဆင့် တစ်ခုရှိသည့် ယာဉ်တန်းများကို ထွက်ပေါက်တစ်ခု ပေးထား၏။ ထို့ကြောင့် အဖွဲ့အစည်းကြီးများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကိုလည်း မခံရပေ။
ဒီအချိန်၌ ဟန်ကျောက်ဟာ မြင့်မားသည့် မြင်းကို စီးနင်းဟာ အဖွဲ့၏ ရှေ့ဆုံးမှ သွားနေ၏။ သူ၏နောက်တွင် ရှလင်၊ ဖုန်းရှောင်နှင့် အခြား သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားများ ပါရှိသည်။
“ဆွစ်”
တောထဲမှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ကျယ်လောင်ခြင်း မရှိပေ။ ခွာသံများ၊ ဘီးသံများနှင့် ခြေသံများအောက်တွင် မကြားနိုင်လုနီးပါးပင် ရှိနေ၏။
သို့ရာတွင် အစစ်အမှန်ချီရှိကာ အာရုံငါးပါးတို့ အလွန်အားကောင်းသည့် ဟန်ကျောက်အတွက်မူ ထိုအသံဟာ အလွန် သိသာလှ၏။
“ရပ်လိုက်ကြ”
ဟန်ကျောက်က လက်ကိုမြှောက်သည်။
“ရပ်ကြမယ်”
“ရပ်ကြ”
သူ၏နောက်ရှိ ရှလင်နှင့် ဖုန်းရှောင်တို့က တစ်ပြိုင်နက် ပြောလိုက်ကြသည်။ ထို့နောက် သူတိုဟာ မြင်းကိုစီးပြီး ဟန်ကျောက်၏နံဘေးသို့ သွားကြ၏။
ရှလင်က ပဟေဋိဖြစ်စွာ မေးသည်။
“ဂိုဏ်းချုပ်ရှုံ… ဘာဖြစ်တာလဲရှင့်”
“တစ်ယောက်ယောက် ချဉ်းကပ်လာနေတယ်”
ဟန်ကျောက်က တည်ငြိမ်စွာ ပြောသည်။
“သတိထားကြ.. ပြဿနာရှိတယ်ဟေ့”
ရှလင်က စစ်ဆေးမနေပဲ အရင်ဦးဆုံး ယာဉ်တန်းကို သတိလှမ်းပေးသည်။
“သတိထားကြ”
ယာဉ်တန်းမှ သိုင်းသမားများဟာ လန့်သွားကြသည်။ သူတို့ဟာ မှောင်ပြသည့် လအလင်းအောက်တွင် ထျန်းယွမ်တောင်ကို တိတ်ဆိတ်စွာ ဖြတ်သန်းသွားနိုင်ရန် ညအချိန်အား အထူးရွေးချယ် ခဲ့ကြ၏။ မီးတိုင်များပင် မထွန်းခဲ့ပေ။
ယခုတော့ ကြည့်ရတာ အတွေးလွန်နေသည့် ပုံပါ။ ထိုလူစုဟာ သူတို့ကို ပစ်မှတ်ထားနေပြီး ဖြစ်၏။
အရှေ့နှင့်အနောက်ရှိ သိုင်းသမားများဟာ မီးတိုင်များကို ထွန်းညှိတ်ကာ အလယ်ရှိ ယာဉ်တန်းဆီသို့ စုစည်းလာကြသည်။ ပတ်ဝန်းကျင်ဟာ မီးရောင်များဖြင့် လင်းထိန်လာခဲ့၏။
ထိုအချိန်၌ ယာဉ်တန်း၏ ပတ်ဝန်းကျင်ရှိ နက်မှောင်သည့် တောထဲတွင် ဝတ်စုံနက်နှင့် မျက်နှာဖုံးဝတ် လူတစ်စုဟာ အရိပ်ထဲတွင် ရပ်နေကြသည်။ မလှမ်းမကမ်းရှိ ထိန်လင်းလာသည့် ယာဉ်တန်းကို ကြည့်၏။
“ဒီလူတွေ ဘာလို့ ရုတ်တရက် မီးထွန်းရတာလဲ.. ငါတို့ကို တွေ့သွားတာများလား”
“တွေ့တော့ရော ဘာဖြစ်လဲ.. ပြီးခဲ့တဲ့ အခေါက်တုန်းက ငါတို့တွေ သူတို့ကို အထင်သေးခဲ့မိလို့.. အားလုံးကို မရှင်းနိုင်ခဲ့တာ.. ဒီတစ်ကြိမ်တော့ ဝတ်ပြုဆရာရဲ့ ဦးဆောာင်မှုနဲ့ ဘာမှကြောက်စရာ မရှိဘူး”
“ဝတ်ပြုဆရာဝေ.. ကျွန်တော်ကြားတာတော့ ဒုခန်းမသခင်သစ်ယန် မကြာခင် ရောက်လာမယ်ဆို.. သူ့ကို စောင့်ဦးမလား”
“မလိုဘူး။ သူလာတဲ့အချိန်ကျရင် တိုက်ပွဲတောင် ပြီးတာကြာပြီ ဖြစ်နေမှာ”
ဝတ်စုံနက်များ၏ ခေါင်းဆောင်က ထူးမခြားနားစွာ ပြောသည်။ သူ၏လေသံဟာ စွမ်းအားကြီးမားသည့် ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေ၏။
“ဝတ်ပြုဆရာဝေပြောတာ မှန်တယ်.. ဘယ်လိုလုပ်ပြီး အပြင်လူကို ငါတို့ပွဲထဲမှာ မင်းသားဝင်လုပ်ခိုင်းမှာလဲ”
“စကားမများနဲ့တော့.. အတူတူ တိုက်ခိုက်ကြမယ်.. တိုက်ပွဲကို မြန်မြန် အဆုံးသတ်တာပေါ့”
ခေါင်းဆောင်က အေးစက်စွာ ပြောသည်။
“ဟုတ်ကဲ့”
ဝတ်ပြုဆရာ၏ အမိန့်နှင့်အတူ ဝတ်စုံနက်များဟာ တောထဲမှ ခုန်ထွက်လာကြ၏။ ယာဉ်တန်း၏ ၁၀မီတာကျော်လောက်တွင် သက်ဆင်းကြသည်။ ထိုလူအုပ်ဟာ ဆယ်ယောက်ကျော်လောက် ရှိ၏။
ရှစ်ယောက်ဟာ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားများ ဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူ ဝတ်ပြုဆရာဝေနှင့် အခြား ဒုဝတ်ပြုဆရာ နှစ်ယောက်တို့ အားလုံးဟာ သွေးချီချိုးဖျက်မှု တတိယအဆင့်ရှိ ကျွမ်းကျင်သူများ ဖြစ်ကြသည်။
ကျန်ရှိသည့် တစ်ဝက်မှာ အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမားများ ဖြစ်၏။ ဤသည်မှာ ပြီးခဲ့သည့်အခေါက်က အမှားအယွင်းကြောင့် ဝတ်ပြုဆရာဝေက သူ့လက်အောက်ရှိ လူအားလုံးကို စုစည်းထားခြင်း ဖြစ်သည်။
“များလိုက်တာ..”
ကုန်တန်းရှိ သိုင်းသမားများဟာ များပြားလှသည့် ဝတ်စုံနက်များ၏ ပြေးဆင်းလာမှုကြောင့် ထိတ်လန့်သွားကြသည်။
ထို့အပြင် ရှေ့ရှိ လူရှစ်ယောက်၏ အမြန်နှုန်းဟာ အရိုးသန့်စင်ခြင်းအဆင့်ထက် များစွာ သာလွန်၏။ သူတို့ဟာ တစ်ဝက်တစ်ပြတ် သိုင်းသခင်အဆင့်ရှိသည့် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားများ ဖြစ်မှာပါ။ ကုန်တန်းကို ဦးဆောင်လာသည့် လေးယောက်သားဟာ ဦးခေါင်းတို့ ထူပူစွာ ခံစားလိုက်ရသည်။
ဤသည်မှာ ရှလင်အတွက်လည်း ယခုကဲ့သို့ အင်အားမျိုးကို ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးခြင်း ဖြစ်သည်။ သူမဟာ သက်ရှည်ကျမ်းနှင့် တတိယအဆင့် တောင်ခွဲဆေဘာအတတ်ကြောင့် သွေးချီချိုးဖျက်မှု ဒုတိယအဆင့်ရှိ သိုင်းသမားတစ်ယောက်ကို တိုက်ခိုက်ရန် ပြဿနာမရှိဟု တွေးထားခဲ့၏။
သို့ပေမယ့် တစ်ဖက်တွင် သွေးချီချိုးဖျက်မှု တတိယအဆင့်ရှိ ကျွမ်းကျင်သူများ ပါဝင်ပုံပါ။ ထိုသို့ဆိုပါက သူမအနေနှင့် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ ကုန်တန်းက ရှုပ်ထွေးလာစဉ် လူတိုင်း၏ ရှေ့ရှိ ဟန်ကျောက်က ထူးမခြားနားစွာ ပြောသည်။
“ဒီကောင်တွေကို ငါရှင်းလိုက်မယ်.. နောက်ကလိုက်ပြီး ရှုပ်အောင်မလုပ်ကြနဲ့”
သူက ပြောရင်းနှင့် မြင်း၏တင်ပါးကို ပုတ်ကာ ခန္ဓာကိုယ်ဟာ လေထဲတွင် မြင့်တက်သွားသည်။ ခြေဖျားက မြင်းဦးခေါင်းထိပ်ကို တစ်ချက်ထိကာ ချက်ချင်းပင် ၁၀မီတာလောက် လေထဲသို့ ခုန်ထွက်သွား၏။
သက်ဆင်းလာပြီးနောက် သူ၏ ခြေထောက်တွင် သွေးအမှတ်အသားကို စုစည်းကာ အမြန်နှုန်းဟာ ရုတ်တရက် မြင့်တက်လာခဲ့သည်။ လူအုပ်အတွင်းသို့ ပြေးဝင်သွား၏။
“ဂိုဏ်းချုပ်ရှုံ”
ဖုန်းရှောင်က အံ့ဩသွားသည်။ သူက မည်သည်ကိုမှ မပြောနိုင်ခင်တွင် ရှုံပဟာ လူအုပ်အတွင်းသို့ ရောက်ရှိသွားပြီ ဖြစ်၏။ ဘယ်လိုလုပ်ပြီး ယခုကဲ့သို့ တိုက်ခိုက်နိုင်သနည်း။
သွေးသန့်စင်ခြင်းအဆင့် သိုင်းသမား ရှစ်ယောက်တို့သာ ပူးပေါင်းတိုက်ခိုက်ပါက ကောင်းစွာ ပူးပေါင်းမိသည်နှင့် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ပင်လျှင် ဂရုမစိုက်မိလျှင် ကျဆုံးရနိုင်သည်။ သူတို့ဘေးတွင် အခြား သိုင်းသမားများလည်း ကျန်ရှိသေး၏။
“သခင်မလေး.. ကျွန်တော်တို့ ဘာလုပ်ကြမလဲ.. တကယ်ပဲ ကြည့်နေရမှာလား”
ဖုန်းရှောင်က အမြန်ပြောသည်။ ရှုံပသာ အသတ်ခံရပါက သူတို့လည်း သွားပါပြီ။ ယခုအချိန်၌ ကယ်တင်ရန် အချိန်ရှိသေး၏။
“အကြီးအကဲဖုန်း.. ဂိုဏ်းချုပ်ရှုံကို သူရဲကောင်း လုပ်ပါစေဦး.. ဖြစ်နိုင်တာက သူ့မှာ တကယ့်စွမ်းရည် ရှိနေမှာလည်း ဖြစ်နိုင်တယ်”
စုမိသားစု၏ အကြီးအကဲတစ်ယောက်က အသံနိမ့်စွာ ပြောသည်။ သူ၏လက်များဟာ ဇက်ကြိုးကို တင်းကြပ်စွာ ကိုင်ထား၏။
ရှုံပသာ ရှုံးနိမ့်သည်နှင့် ချက်ချင်း ထွက်ပြေးတော့မှာပါ။ မဟုတ်ပါက သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားရှစ်ယောက်ကို ရင်ဆိုင်ရလျှင် သေချာပေါက် သေဆုံးမှဦဖြစ်သည်။
“အကြီးအကဲဖုန်း… မောာင်လေးဟန် လူအကဲခတ် မမှားဘူးလို့ ကျွန်မယုံတယ်”
ရှလင်က လေးနက်စွာ ပြောသည်။
“သွားပြီးတော့ မရှုပ်ရအောင်”
“အား”
သူတို့က စကားပြောနေစဉ် ဝတ်စုံနက်ဝတ် လူအုပ်ဆီမှ ဆိုးရွားသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဂိုဏ်းချုပ်ရှုံဟာ ရှင်းလင်းစွာပင် လှုပ်ရှားရန် သင့်တော်ခြင်းမရှိသည့် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။
သို့ပေမယ့် သူဟာ လူတိုင်း၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် အဆင်ပြေနေသည့် ပုံပါ။ တစ်ဖက်ရန်သူများဟာ သူ၏ အင်္ကျီထောင့်များကိုပင် မထိနိုင်ကြပေ။
နီရဲသည့် အရေအပြားနှင့် ခွန်အားပေါက်ကွဲထွက်သည့် လျှိုဝှက်အတတ်ကို အသုံးပြုထားသည့် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားနှစ်ယောက်တို့ဟာ လည်ပင်းကို ဆုပ်ကိုင်ခံလိုက်ရသည်။
သူတို့၏ ဦးခေါင်းများ ဝင်ဆောင့်ကာ ခေါင်းတစ်ခုလုံး ချိုင့်ဝင်သွား၏။ သွေးနှင့် အသားစများဟာ အရပ်မျက်နှာ အားလုံးတို့ဆီသို့ ပြန့်ကြဲသွားသည်။
သို့ပေမယ့် ရှုံပ၏ ခန္ဓာကိုယ်နှင့် သုံးလက်မအကွာလောက် အရောက်တွင် ၎င်းတို့ဟာ မမြင်နိုင်သည့် အားတစ်ခုဖြင့် ပြန်ကန်ထွက်သွား၏။ နီးကပ်သွားသည့် မည်သူမဆိုဟာ ရှုံပ၏ လက်သီးနှင့် ခြေထောက်တို့ဖြင့် ညင်သာစွာ ထိုးနှက်ခြင်းကို ခံလိုက်ရလျှင်တောင် သူတို့၏ သက်ဆိုင်ရာ ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် ပန်းကန်လုံးအရွယ် သွေးပေါက်များ ပေါ်လာကြသည်။
မြေပြင်ပေါ်သို့ လဲကျကာ ပြန်ထခြင်း မရှိကြတော့ပေ။
ကျားတစ်ကောင်၏ သိုးအုပ်ထဲသို့ ဝင်ရောက်သည့်နှယ် ရှိနေ၏။ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားရှစ်ယောက်တို့ ဦးဆောင်သည့် လူအုပ်ကို အလွယ်တကူ သတ်ဖြတ်နိုင်လေသည်။
ဤသည်မှာ အသားတန်း၌ ဆယ်နှစ်ကျော်အောင် ငါးရောင်းနေသည့် ဘွားတော်နှင့် တူပါသည်။ အပြုံးတစ်ခုနှင့် အလွယ်တကူ ရှင်းလင်းပစ်ခဲ့၏။
လူတိုင်းဟာ ကြောင်တောင်ကုန်ကြသည်။ သူတို့သာ လျှို့ဝှက်အတတ်ကို အသုံးပြုခဲ့သည့် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားများနှင့် မကြုံတွေ့ခဲ့ဖူးပါက ဂိုဏ်းချုပ်ရှုံဟာ သာမန်လူများကို တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ထင်မိမှာပါ။
“အရမ်းသန်မာလွန်းတယ်”
“ဒမ်း.. ငါတို့တွေ ထောာင်ချောက်မိပြီ”
God Genzo: