← Chapters

အခန်း (၁၁၉)

Vol. 8 Ch. 119

အခန်း (၁၁၉)

Vol. 8 Ch. 119

“ဆန်မာရုအိတ်ငယ်- ဒီဗိုင်းလက်နက်တစ်ခု၏ စွမ်းအားဖြင့် ပြုလုပ်ထားသည်။ ၎င်းတွင် လေဟာနယ်စွမ်းအား ပါရှိပြီး ပစ္စည်းများကို သိုလှောင်နိုင်သည်။ ယင်စွမ်းအင်(သို့) အစစ်အမှန်ချီကို အသုံးပြုကာ သင်သည် အိတ်ကို ဖွင့်ပြီး ပစ္စည်းများအား ထုတ်ယူခြင်း(သို့) သိမ်းဆည်းခြင်းအား ပြုလုပ်နိုင်သည်”

“ဒါက ပစ္စည်းကောင်းပဲ”

ဟန်ကျောက်ဟာ ပျော်သွား၏။ သူဟာ ဒီလောကတွင် ပစ္စည်းများကို သိုလှောင်နိုင်သည့် ရတနာအား တစ်ခါမှ ကြားဖူးခြင်း မရှိခဲ့ပေ။

သက်ရှည်အစစ်အမှန်ချီကို အတွင်းသို့ အမြန် ထိုးသွင်းလိုက်၏။ ၎င်းဟာ သူ၏ ဒန်တျန်ကို ကြည့်တုန်းကနှင့် ဆင်တူပါသည်။

သူဟာ လေးထောင့်ပုံ ရှိသည့် သိုလှောင်လေဟာနယ် တစ်ခုကို တွေ့လိုက်ရသည်။ ၄မီတာ မြင့်ပြီး အရှည်နှင့် အကျယ်မှာ ၁မီတာလောက် ရှိသည်။ စုစုပေါင်း ထုထည်ဟာ ၄ကုဗမီတာလောက် ရှိ၏။

အတွင်းထဲတွင် ပုံစံတူသည့် ခရမ်းရောင်ဝတ်စုံ အစုံအနည်းငယ်နှင့် နေ့စဉ်သုံး ပစ္စည်းအချို့ ပါရှိ၏။ ထို့နောက် ချက်ချင်းပင် ဟန်ကျောက်ဟာ ပိုက်ဆံအိတ်တစ်ခုကို တွေ့လိုက်ရသည်။

“ဆွစ်”

သူ၏ အစစ်အမှန်ချီကို အသက်သွင်းလိုက်သည်။ ငွေအိတ်ဟာ သူ၏လက်ဝါးထဲတွင် ပေါ်လာ၏။ ဖွင့်ကြည့်လိုက်ပြီးနောက် ဘဏ်စာရွက် တစ်ထပ်နှင့် ငွေအပိုင်းအစ အချို့ကို တွေ့ရသည်။

ဟန်ကျောက်ဟာ သူ၏ လက်ညှိုးကို တံတွေးဆွတ်ကာ ဘဏ်စာရွက်များကို ထုတ်ပြီး နေရာမှာပင် ရေ၏။ “၁၀၀၊ ၂၀၀… ၅၂၀၀လျန်”

သူဟာ အပြုံးတစ်ခုနှင့်အတူ စာရွက်များကို ပြန်သိမ်းလိုက်သည်။

“အုပ်စိုးသူ မိသားစုတွေရဲ့ မျိုးဆက်တွေက တကယ့်ကို ချမ်းသာတယ်”

အရင်တုန်းက ခွိုက်ဝေကို သတ်ဖြတ်စဉ်တွင် ငွေ၁၀လျန်သာ တွေ့ခဲ့သည်။ ထို‌ေနရာတွင် ဒီအုပ်စိုးသူ မိသားစုမှ မျိုးဆက်သာ ဖြစ်ပါက သူ့အနေနှင့် တော်တော်လေး အဆင်ပြေသွားမှာပါ။

“နပေါဦး”

ဟန်ကျောက်ဟာ အရေးကြီးသည့် တစ်ခုခုကို ရုတ်တရက် တွေးမိလိုက်သည်။ အုပ်စိုးသူ မိသားစုမှ တပည့်များအားလုံးတွင် ဆန်မာရုအိတ်ငယ်ကဲ့သို့ ရတနာမျိုး မရှိလျှင်တောင် သေချာပေါက် စွမ်းအားကြီး အခြားရတနာများ ရှိနေမှာပါ။

သူ့အနေနှင့် တကယ့်ပြင်ပတွင် မစွန့်စားနိုင်ပေ။ သို့ပေမယ့် အစမ်းရှင်သန်မှုတွင် လှုပ်ရှားကြည့်လို့ ရ၏။ သူတို့တွင် အရေးကြီးသည့် ပစ္စည်းများ သယ်ဆောင်လာမှာ သေချာပါသည်။

ဆိုလိုသည်ကား..

“မကောင်းဆိုးရွား အုပ်စိုးသူ မိသားစုမှ မျိုးဆက်များကို အမဲလိုက်ပြီး တရားမျှတမှုကို ဆောင်ကြဉ်းပေးပါ။ သင်သည် ပိုမိုများပြားသည့် ပိုက်ဆံများကို ရရှိနိုင်၏”

ချက်ချင်းပင် စနစ်၏ အချက်ပေးမှုတစ်ခု ပေါ်လာခဲ့သည်။ ဟန်ကျောက်ဟာ ခဏတာ တိတ်ဆိတ်သွား၏။

သူဟာ ပိုက်ဆံအိတ်ကို ဆန်မာရုအိတ်ငယ်အတွင်းသို့ ပြန်ထည့်ကာ အတွင်းထဲရှိ ပစ္စည်းများကို ဆက်လက်စစ်ဆေးသည်။ မကြာခင် အနက်ရောင် သစ်သားသေတ္တာဗူး တစ်ခုကို တွေ့ရ၏။

“ဆွစ်”

အစစ်အမှန်ချီနှင့် ယူကာ ဖွင့်လိုက်သည်။ အတွင်းထဲတွင် စာအုပ်နှစ်အုပ် ရှိနေ၏။

“နဂါးနီအစစ်အမှန်အတတ်”

“ဒီဗိုင်းလက်နက် ပူဇော်ခြင်း”

ဟန်ကျောက်၏ မျက်ခုံးများက မြင့်တက်သွားပြီး ဒီဗိုင်းလက်နက် ပူဇော်ခြင်း စာအုပ်ကို ဖွင့်လိုက်သည်။

“ဒီဗိုင်းလက်နက်နှင့် နတ်ဆိုးဓါးတို့ လောကကို ဖုံးလွှမ်းနေသည်..”

“မူလဓမ္မစွမ်းအား.. စစ်တပ်တစ်ခုကို သုတ်သင်သည်"

ရှေ့ဆုံးစာမျက်နှာရှိ စာကြောင်းများကို ကြည့်ကာ ဟန်ကျောက်ဟာ အလိုလို ဖတ်ကြည့်မိသည်။

“ဘယ်လောက် ထောင်လွှားတဲ့ လေသံလဲ”

သူဟာ ဆက်လက်ဖတ်ရှုခဲ့၏။

နဂါးနီလှံ… အဆင့်နိမ့် အတုအယောင် ဒီဗိုင်းလက်နက်..

ဒီဗိုင်းလက်နက် တစ်ခု၏ မူလအရင်းအမြစ်ဟာ ဓမ္မစွမ်းအား ဖြစ်သည်။ ဤသည်မှာ သိုင်းနတ်ဘုရားများ၏ မဟာဒီဗိုင်းစွမ်းအားနှင့် တူညီ၏။

“ဓမ္မပူဇော်ခြင်းနှင့် သွေးပူဇော်ခြင်း နှစ်မျိုးလုံးဟာ ဒီဗိုင်းလက်နက်၏ ခွန်အားကို ထိန်းသိမ်းနိုင်သည်…”

စာအုပ်တွင် ဒီဗိုင်းလက်နက် လှံတံကို နဂါးနီဟု ခေါ်ကြောင်း မှတ်သားထား၏။ ဤသည်မှာ အဆင့်နိမ့် အတုအယောင် ဒီဗိုင်းလက်နက်တစ်ခု ဖြစ်ပြီး ၎င်း၏အထက်တွင် အလယ်အလတ်နှင့် အဆင့်မြင့်အဆင့်တို့ ရှိကြသည်။

အတုအယောင် ဒီဗိုင်းလက်နက်၏ အထက်တွင် အစစ်အမှန် ဒီဗိုင်းလက်နက် ရှိ၏။ သူတို့၏ လက်နက်သခင်များဟာ သိုင်းနတ်ဘုရားနှင့် ယှဉ်ပြိုင်နိုင်ကြ၏။

နဂါးနီလှံဟာ မီးဒြပ်စင် အမျိုးအစား ဖြစ်သည်။ ယင်စွမ်းအင်အပြင် ၎င်းဟာ မီးနတ်ဆိုးချီများကို ထုတ်လွှတ်ကာလည်း ရန်သူကို တိုက်ခိုက်နိုင်၏။

သို့ရာတွင် စွမ်းအားအပြည့်ကို ထုတ်လွှတ်နိုင်ရန် သက်ဆိုင်ရာ သွေးမျိုးဆက်အား လိုအပ်ပါသည်။ (သို့) ဒီဗိုင်းလက်နက်ကို တစ်ခါတည်း နာခံအောင်လုပ်ကာ အသိအမှတ်ပြုမှုကို ရရှိမှ ဖြစ်ပေလိမ့်မည်။

လက်နက်သခင် ဖြစ်လာပါက သူတို့ဟာ ဒီဗိုင်းလက်နက်၏ စွမ်းအားကို လုံးဝ ထုတ်လွှတ်နိုင်မည် ဖြစ်၏။

သို့ပေမယ့် ပြီးပြည့်စုံသည့် ဒီဗိုင်းလက်နက်တစ်ခု ဖြစ်လျှင်တောင် ဟန်ကျောက်ဟာ စိတ်ဝင်စားမည် မဟုတ်ပေ။ ဒီအတုအယောင် ဒီဗိုင်းလက်နက်ဆိုလိုလျှင် ပိုဆိုး၏။ ထို့အပြင် ဤသည်မှာ အပိုင်းအစတစ်ခုသာ ဖြစ်သည်။

“ဓမ္မပူဇော်ခြင်း.. သွေးပူဇော်ခြင်း.. ဒါတွေက လူသားတွေကို ခြံမွေးတိရစ္ဆာန်တွေလို သတ်မှတ်တာပဲ”

စာအုပ်မှ အချက်အလက်များကို တွေ့ရပြီးနောက် ဟန်ကျောက်ဟာ ကြီးစွာ အံ့ဩသွားခဲ့သည်။

ဓမ္မပူဇော်ခြင်းဟူသည်မှာ လူသား(သို့) စွမ်းအားကြီးမားသည့် သတ္တဝါများကို ဒီဗိုင်းလက်နက်အား ဝါးမြိုနိုင်ရန်အတွက် ပုံမှန် ပူဇော်ရခြင်း ဖြစ်၏။

ဒီဗိုင်းလက်နက်၏ သဘောထား၊ စွမ်းအားနှင့် အကျင့်စရိုက်ကို မူတည်ကာ ပူဇော်ရမည့် အကြိမ်အရေအတွက်ဟာ တူညီခြင်း မရှိပေ။ အခြေခံအားဖြင့် နှစ်၂၀တွင် တစ်ကြိမ် ဖြစ်ပွားလေ့ရှိ၏။

သို့ပေမယ့် ပိုမိုလောဘကြီးသည့် အချို့ ဒီဗိုင်းလက်နက်များလည်း ရှိပါသည်။ မကြာခဏ ပူဇော်ရန် လိုအပ်၏။

သွေးပူဇော်ခြင်းမှာတော့ ဓမ္မပူဇော်ခြင်း၏ ကျယ်ပြန့်သည့် ပူဇော်မှုတစ်ခု ဖြစ်သည်။ ရံဖန်ရံခါ ထောင်နှင့်ချီသည့် (သို့) သောင်းနှင့်ချီသည့် လူသားများကို စတေးရန် လိုအပ်လေ့ရှိ၏။

ဤနည်းအားဖြင့် ဒီဗိုင်းလက်နက်၏ စွမ်းအားကို ထိန်းသိမ်းနိုင်ရုံသာမက လက်နက်ကို ပိုမိုသန်မာကာ အဆင့်မြင့် ဒီဗိုင်းလက်နက်တစ်ခု ဖြစ်လာစေနိုင်သည်။

ထိပ်တန်းအဆင့် ဒီဗိုင်းလက်နက်များတွင် ထူးခြားမှုတို့ကို ဖန်တီးနိုင်သည့် စွမ်းရည်ရှိ၏။

“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်တုန်းက.. မဟာချင်အင်ပါယာနဲ့ ကောင်းကင်သူတော်စင်ဂိုဏ်းတို့ ပူးပေါင်းပြီး ဒီဗိုင်းလက်နက် မိသားစုတွေကို သာမန်လူတွေအပေါ်မှာ ဓမ္မပူဇော်ခြင်းနဲ့ သွေးပူဇော်ခြင်းတွေ မပြုလုပ်ဖို့ တားဆီးခဲ့ကြတယ်။ သူတို့တွေ သိုင်းနတ်ဘုရား ၂၄ယောက်ကို ဦးဆောင်ပြီး အရှေ့ဘက်တိုက်ကြီးမှာ ဒီဗိုင်းလက်နက်မိသားစု အားလုံးကို တိုက်ခိုက်ခဲ့ကြတယ်”

“တိုက်ပွဲမှာ နတ်ဆိုးတွေလည်း ပါဝင်ဆင်နွှဲခဲ့ပြီး နောက်ဆုံးအချိန်မှာ စိတ်ဝိညာဉ်သားရဲ အုပ်စိုးသူမိသားစုတွေက ဘက်ပြောင်းသွားခဲ့ကြတယ်။ မဟာချင်အင်ပါယာကြီး ပြိုလဲပြီး ကောင်းကင်သူတော်စင်ဂိုဏ်းလည်း အပြင်ဘက် ပင်လယ်ဆီကို ရှောင်တိမ်းသွားခဲ့ရတယ်။ မျိုးရိုးသုံးခုနဲ့ မိသားစုကိုးခု ပျက်စီးသွားခဲ့တယ်”

“‌ေနာက်ပိုင်းမှာ နိုင်ငံပေါင်းများစွာက သွေးပူဇော်ခြင်းကို အတိအလင်း တားမြစ်ခဲ့ကြတယ်။ မဟုတ်ရင် နိုင်ငံတော်အပေါ် သစ္စာဖောက်တယ်လို့ ယူဆပြီး စစ်ကြေငြာတယ်လို့ သတ်မှတ်တယ်”

စာအုပ်၏ နောက်ဆုံး စာသုံးကြောင်းဟာ ဟန်ကျောက်၏ သွေးချီများကို ဆူပွက်လာစေ၏။

လက်စသတ်တော့ သာမန်လူများ၏ ယနေ့အချိန်တွင် ဝက်များ၊ ခွေးများကဲ့သို့ ခြံမွေးတိရစ္ဆာန်များသဖွယ် မမွေးမြူခံရခြင်းမှာ မဟာချင်အင်ပါယာနှင့် ကောင်းကင်သူတော်စင် ဂိုဏ်းတို့ကြောင့် ဖြစ်သည်။

အေးစက်သည့် စာလုံးတစ်ရာကျော်ဟာ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောာင်က တိုက်ပွဲရလဒ်ကိုသာ မှတ်တမ်းတင်ထားရာ ဖြစ်စဉ်ဟာ မည်မျှ ဆိုးရွားခဲ့ကြောင်းကို ခန့်မှန်းကြည့်ရန် ခက်ခဲလှသည်။

“ထိပ်တန်းအဆင့် ဒီဗိုင်းလက်နက်တွေမှာ ထူးခြားမှုတွေကို ဖန်တီးနိုင်တဲ့ စွမ်းရည်ရှိတယ်။ ထူးခြားမှုတွေမှာ အရည်အသွေးမြင့်မားတဲ့ ယင်စွမ်းအားတွေ ပါဝင်တယ်။ ဒါက စနစ်က လိုအပ်တဲ့ စွမ်းအင်ပဲ… အဲ့လိုဆိုရင်..”

ဟန်ကျောက်ဟာ နားလည်လာခဲ့၏။ အတုအယောင် ဒီဗိုင်းလက်နက်များပဲ ဖြစ်ဖြစ်၊ ထိပ်တန်းအဆင့် ဒီဗိုင်းလက်နက်များက ဖန်တီးလိုက်သည့် ထူးခြားမှုများတွင်ပဲဖြစ်ဖြစ် အားလုံးတွင် အရည်အသွေး မြင့်မားသည့် ယင်စွမ်းအင်တို့ ပါဝင်နေပါသည်။

သူ၏ ခွန်အားတို့ မြင့်တက်လာသည်နှင့်အမျှ နောင်တွင် အတုအယောင် ဒီဗိုင်းလက်နက်များထဲရှိ ယင်စွမ်းအင်နှင့် ထူးခြားမှုမှ ရရှိလာသည့် ယင်စွမ်းအင်တို့ဟာ လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်မှာ မဟုတ်တော့ပေ။

“ကြည့်ရတာ သိုင်းပညာခေတ်ကို ပြန်လည်ပေါ်ထွန်းလာစေဖို့က ငါ့တာဝန်လားလို့ ယူဆမိရင် နည်းနည်းကလေးဆန်ရာ ကျမယ်ထင်တယ်။ ဒါပေမယ့် သိုင်းနတ်ဘုရားလမ်းစဉ်က ငါ့ရဲ့ ပန်းတိုင်ပဲ။ ဒီဗိုင်းလက်နက် မိသားစုတွေ.. မင်းတို့စောင့်နေကြ”

“‌ဗြက်”

ဟန်ကျောက်ဟာ စာအုပ်ကို ပိတ်ကာ အခြား နဂါးနီအစစ်အမှန်အတတ် စာအုပ်ကို ဖွင့်လိုက်သည်။

“နဂါးနီလှံအတတ်.. နဂါးနီ အစစ်အမှန်အား..”

သူဟာ နဂါးနီးအစစ်အမှန် အတတ်၏ စာသားများကို အကြမ်းဖျင်း လှန်လောကြည့်သည်။ သွေးချီလှည့်ပတ်ခြင်း ပုံကြမ်းနှင့် နောက်ဆုံး စာမျက်နှာနှစ်ခုတို့တွင် နဂါးနီ၏ သင်္ကေတ၏ ပုံကြမ်းကို တွေ့လိုက်ရသည်။

“ဒီသွေးချီလှည့်ပတ်မှု ပုံကြမ်းကို ကြည့်ရတာ.. ဘာလို့ အုပ်စိုးသူ မိသားစုတွေရဲ့ အစစ်အမှန်အတတ်တွေက အတွင်းအားကျင့်စဉ် နည်းလမ်းတွေနဲ့ အရမ်းတူရတာလဲ။ ခြားနားချက်လည်း ရှိတော့ရှိတယ်..”

ဟန်ကျောက်က စဉ်းစားသည်။ အုပ်စိုးသူမိသားစုများ၏ အစစ်အမှန်အတတ်ဟာ သွေးမျိုးဆက်၏ စွမ်းအားကို အားဖြည့်ကာ ဒီဗိုင်းလက်နက်များ၏ စွမ်းအားနှင့် လိုက်လျောညီထွေမှု ရှိအောင် မြှင့်တင်ခြင်း ဖြစ်သည်။

ရှင်းရှင်းပြောရလျှင် ဒီဗိုင်းလက်နက်အတွက် အထူးကျင့်ကြံခြင်း ဖြစ်၏။ သို့ရာတွင် အတွင်းအားကျင့်ကြံခြင်း ကျင့်စဉ်တစ်ခုအဖြစ် ဒီနဂါးနီ အစစ်အမှန်အတတ်၏ သွေးချီလှည့်ပတ်ခြင်း ပုံကြမ်းအတိုင်း သူကျင့်ကြံလျှင်လည်း အလုပ်ဖြစ်မည့် ပုံပါ။ နောက်ဆုံးတွင် သူဟာ ဒီနဂါးနီအစစ်အမှန်အားကို ကျင့်ကြံနိုင်ပါသည်။

ပြောရလျှင် ဤသည်မှာ အစကတည်းက သိုင်းပညာ ကျင့်စဉ်တစ်ခုသာ ဖြစ်ပြီး အုပ်စိုးသူ မိသားစုများက မွမ်းမံပြင်ဆင်ထားခြင်း ဖြစ်၏။

နဂါးနက်ကူးခတ်ခြင်း၊ နဂါးဖြူကောင်းကင်သို့ မြင့်တက်ခြင်း၊ နဂါးနီ နေသို့လိုက်ခြင်း…

All Chapters