အခန်း (၁၁၈)
Vol. 8 Ch. 118
စနစ်၏ မျက်နှာပြင်တွင် မည်သည့်စကားလုံးမှ ပေါ်မလာကြောင်းကို တွေ့ရပြီးနောက် ဟန်ကျောက်ဟာ အကူအညီမဲ့စွာ ခေါင်းကိုသာ ကုပ်မိ၏။
ယခုအချိန်၌ သူ၏ခန္ဓာကိုယ်အတွင်းရှိ သန့်စင်သောယန် အစစ်အမှန်ချီဟာ အလွန် သန်မာလှပါသည်။ ရှိနေသည့် ယင်စွမ်းအင်၏ သေးငယ်သည့် ပမာဏကိုပင် ခံစားနိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် စနစ်ဟာ သွားပြီထင်၏။
ယခုအချိန်၌ တိုက်ပွဲမှ အကျိုးအမြတ်များကို စုဆောင်းရန် အချိန်ကျပါပြီ။ ဟန်ကျောက်ဟာ မြေပြင်ပေါ်ရှိ အနက်ရောင်လှံကို ကောက်သည်။
၎င်းကို အလွန် လေးလံ၏။ အလေးချိန် ၄၀၊ ၅၀ ကတ်တီလောက် ရှိပါသည်။
“ဟန်”
သူ၏ ပုံစံက ပြောင်းလဲသွားသည်။ လှံမှလာသည့် လူသားတစ်ယောက်၏ သွေးခုန်မှုကဲ့သို့ ခုန်ခြင်းမျိုးကို ခံစားရကြောင်းအား နားလည်လိုက်သည်။
ထို့နောက် ချက်ချင်းပင် အသိစိတ်တစ်ခုဟာ သူ့ကို ဆွဲဆောင်နေသည့် ပုံပါ။ တစ်ခုခု ပြောနေသကဲ့သို့ ရှိ၏။
“ငါ့ကို အညံ့ခံလိုက်.. ငါမင်းကို ခွန်အားတွေ ပေးမယ်”
“အမှိုက်ဒီဗိုင်းလက်နက် တစ်ခုက ငါ့သခင် ဖြစ်ချင်တာလား.. အိပ်မက်မက်နေလိုက်”
ဟန်ကျောက်က နှာခေါင်းရှုံ့သည်။
“အဆင့်နိမ့်အဆင့် အတုအယောင် ဒီဗိုင်းလက်နက် အပိုင်းအစ- အရည်အသွေးဟာ သာမန်ဆန်ပြီး မြင့်မားစွာ စုစည်းနေသည့် ယင်စွမ်းအင်တို့ ပါရှိသည်။ အသိစိတ်ဟာ ပြည့်စုံခြင်းမရှိပဲ အမှီအခိုကင်းစွာ ဆက်လက်မနေနိုင်တော့ပေ။ ပြီးပြည့်စုံသည့် အတုအယောင် ဒီဗိုင်းလက်နက် တစ်ခု၏ စွမ်းအား ဆယ်ပုံတစ်ပုံတောင် မရှိပေ။ အုပ်စိုးသူ မိသားစုဝင် တစ်ယောက်၏ သွေးမျိုးဆက် စွမ်းအားနှင့်သာလျှင် လက်နက်၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်လိမ့်မည်။ သွေးမျိုးဆက်တို့ နီးကပ်စွာ ဆက်နွယ်သွားပါက ပိုက်ဆံသုံးကာ ဒီဗိုင်းလက်နက်၏ အသိစိတ်ကို ပြန်လည်ကောင်းမွန်လာစေနိုင်ပြီး စွမ်းအားကို မြှင့်တင်နိုင်သည်”
“ဟန်… ဘယ်လိုလုပ်ပြီး သတိပေးချက် ထွက်လာတာလဲ”
စနစ်၏ အချက်ပေးချက်ကို တွေ့ရပြီးနောက် ဟန်ကျောက်ဟာ မှင်သက်သွားသည်။
“ခက်တာပဲ.. ဝန်ဆောင်မှုကို မြှင့်တင်ရန် ပိုက်ဆံကို အသုံးပြုခြင်းက ပိုမို လက်တွေ့ဆန်လိမ့်မည်”
ဟန်ကျောက်ဟာ အသုံးမဝင်သည့် အတွေးများကို ရပ်လိုက်၏။
“ယခုချက်ချင်း ရွှေမထည့်ပါက နောင်တရလိမ့်မည်”
ဟန်ကျောက်ဟာ ထိုနားညည်းသည့် အချက်ပေးချက်များကို လစ်လျူရှုဟာ လှံ၏ အရှေ့ပိုင်းတွင် မြှုပ်ထားသည့် အနက်နှင့်အနီရောင် ကျောက်မျက်ပေါ်သို့ အကြည့်ရောက်သွားသည်။
ယင်စွမ်းအင်တို့ ပါဝင်နေသည်ဟု သူခံစားရ၏။ စနစ်ကလည် သူ့ကို ဒီနေရာတွင် ယင်စွမ်းအင်တို့ မြင့်မားစွာ စုစည်းနေသည်ဟု အချက်ပေးထားသည်။ အစမ်းရှင်သန်ရန် စွမ်းအင်အဖြစ် အသုံးပြုနိုင်လောက်၏။
ထိုကဲ့သို့ တွေးမိပြီးနောက် သူဟာ သူ၏လက်ကို ကျောက်မျက်ပေါ်သို့ တင်ကာ အတွင်းရှိ စွမ်းအင်များကို စုပ်ယူရန် ကြိုးစားလိုက်သည်။
“တကယ် အလုပ်ဖြစ်တယ်ဟ”
ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည့် သန့်စင်သည့် ယင်စွမ်းအင်ကို ခံစားကာ ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားသည်။
ရုတ်တရက် အလွန် သန်မာသည့် ခုခံအားတစ်ခု လှံမှ လာကြောင်းကို သူခံစားလိုက်ရသည်။ ယင်စွမ်းအင်အတွက် သူနှင့် စတင် ပြိုင်ဆိုင်၏။ တစ်ချိန်တည်းတွင် လှံတံဟာ လျှင်မြန်စွာဖြင့် အနီရောင်ပြောင်းလာပြီး ပူလောင်သည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်လာခဲ့သည်။
သူဟာ လက်ဝါးဆီသို့ သုံးပါးသော အနှစ်သာရအားကို စုစည်းလိုက်ပေမယ့် ထိုလွန်ကျူးလှသည့် အပူချိန်ကို ခံစားရဆဲ ရှိသည်။ လက်ကို အမြန်လွှတ်ကာ ယင်စွမ်းအင် စုပ်ယူမှုအား ရပ်တန့်လိုက်၏။
“ကလန်”
လှံဟာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ပြန်လည်ကာ နက်မှောင်သွား၏။
“အန္တရာယ်ရှိသည်…. ဒီဗိုင်းလက်နက်၏ စိတ်ဆန္ဒကို အတင်းဆန့်ကျင်ကာ မူလယင်စွမ်းအင်ကို စုပ်ယူခြင်းဟာ ဒီဗိုင်းလက်နက်ကို ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခြင်း ပြုစေနိုင်၏။ သင်၏ လက်ရှိဝိညာဉ်စွမ်းအားနှင့် ဒီဗိုင်းလက်နက်ကို ဖိနှိပ်ကာ ခုခံမှုအား တားဆီးရန် လုပ်ဆောင်နိုင်စွမ်း မရှိပါ”စနစ်၏ အချက်ပေးမှုတစ်ခု ပေါ်လာ၏။
“အတင်းလုပ်လို့ မရဘူးလား”
ဟန်ကျောက်၏ မျက်ခုံးများက မြင့်တက်သွားပြီး စဉ်းစားသည်။
“ဘဇ်၊ ဘဇ်၊ ဘဇ်”
သူက အကူအညီမဲ့စွာ ခံစားနေရစဉ် ရွှေရောင် ဝတ်ရုံအတွင်းရှိ သက်ခြွေဓါးနှင့် ကံကြမ္မာဖြတ်တောက်ခြင်း ဓါးတို့ဟာ အနည်းငယ် တုန်ခါလာပြီး အသံတစ်ခုကို ထုတ်လွှတ်လာခဲ့၏။
“ဒါက..”
ဟန်ကျောက်ဟာ ဆေဘာနှင့် ဓါးတို့ကို တစ်ပြိုင်နက် ထုတ်လိုက်သည်။ ၎င်းတိုဟာ အဖြူရောင်နှင့် အနီရောင်အလင်းတို့ကို အသီးသီး ထုတ်လွှတ်နေကြ၏။ ထိုအချိန်၌ သူဟာ မြေပြင်ပေါ်ရှိ လှံကို ကောက်ယူလိုက်ပြီး လှံဆီမှ ကြောက်ရွံ့မှုနှင့် တူသည့် ခံစားချက်တစ်ခုကို ရလိုက်သည်။
“သိပြီ”
သူ၏မျက်လုံးများက လင်းလက်သွား၏။
“မင်းမှာ အသိဉာဏ်ရှိတယ်ဆိုတာကို ငါသိတယ်။ ငါပြောတာကို နားလည်တယ်မလား။ မင်း သွေးစုပ်ရတာကို မကြိုက်ဘူးလား.. နောင်မှာ ငါ့ကို ခဏကြာတိုင်း တစ်ကြိမ်စီ ယင်စွမ်းအင်အချို့ကို ထောက်ပံ့ပေး။ ငါက ရန်သူတွေကို သတ်ပေးပြီး မင်းကို သွေးသောက်ခိုင်းမယ်”
ဟန်ကျောက်က လှံကို အသံနိမ့်စွာ ပြော၏။
“တကယ်လို့ မင်းက မနာခံရင်တော့.. မင်းကို အရည်ဖျော်ပြီးပဲ နောက်ထပ် နာခံတဲ့ လက်နက်တစ်ခု ထုနိုင်မလားလို့ ကြည့်ရတော့မယ်”
လှံဆီမှ ရှုပ်ထွေးခြင်း၊ ကြောက်ရွံ့ခြင်း၊ မုန်းတီးခြင်းနှင့် အကူအညီ မဲ့ခြင်းတို့ ရှိသည့် ရှုပ်ထွေးသည့် ခံစားချက်များ ထွက်ပေါ်လာ၏။
အစက နက်မှောင်နေသည့် လှံဟာ စဉ်းစားနေသည့်အလား အနီရောင် အလင်းဖြဖြကို လက်လာခဲ့သည်။ ခဏအကြာ၌ လှံဆီမှ လာသည့် ခံစားချက်တို့ကို အာရုံခံကာ ဟန်ကျောက်ဟာ ပြုံး၏။
“သဘောတူတယ်မလား… ဉာဏ်ရှိတဲ့ လူဆိုတာ အခြေအနေကို လက်ခံတတ်ရတယ်။ မင်းလည်း ဦးနှောက်ကောင်းသူပါ”
“ဘဇ်၊ ဘဇ်၊ ဘဇ်”
ကံကြမ္မာဖြတ်တောက်ခြင်းဓါးက တုန်ခါလာပြန်၏။ ကြက်သွေးရောင် ဓါးသွားဟာ မကောင်းဆိုးရွားဆန်သည့် အနီရောင်အလင်းတစ်ခုကို ထုတ်လွှတ်ကာ ရန်လိုမှုတို့ ပျံ့နှံ့သွားသည်။
“အာ.. ဒါက..”
ဟန်ကျောက်ဟာ မှင်သက်သွား၏။ ဟုတ်ပါသည်။ ဒီနေရာတွင် သွေးစုပ်ခြင်းကို နှစ်သက်သည့် ကံကြမ္မာဖြတ်တောက်ခြင်းဓါးလည်း ရှိနေကြောင်းကို သူမေ့သွားခဲ့သည်။
သူ၏ ဦးနှောက်ဟာ ခဏတာ အမြန်အလုပ်လုပ်သွား၏။ ချက်ချင်းပင် စိတ်ကူးတစ်ခုကို ရလာခဲ့သည်။
“ဒီလိုလုပ်ရင်ရော… ညှိရအောင်ကွာ.. နောင်မှာ ငါတို့တွေ ရန်သူတွေနဲ့ ကြုံတွေ့ရရင် ၉အချိုး၁ ခွဲကြမယ်။ ကံကြမ္မာဖြတ်တောက်ခြင်းဓါးက ၉၀% မ်းက ၁၀%ပေါ့။ ဘယ်လိုလဲ”
“ဘုန်း”
အနက်ရောင် လှံဟာ ချက်ချင်းပင် ပူလောင်သည့် ကြက်သွေးရောင် အငွေ့အသက်တို့ ဖုံးလွှမ်းသွား၏။ ၎င်း၏အပေါ်တွင် မြှုပ်နှံထားသည့် အနီနက်ရောင် ကျောက်မျက်ဟာ နီရဲစွာ တောက်ပလာခဲသည်။
“အိုး… ဒေါသမထွက်ပါနဲ့.. ၈အချိုး၂ဆိုရင်ရော.. ၇အချိုး၃ကွာ.. အဆင်ပြေလား”
ပူလောင်သည့် အငွေ့အသက်များဟာ အနည်းငယ် အားနည်းသွား၏။ သို့ပေမယ့် နီရဲနေဆဲ ရှိသည်။
“၆အချိုး၄ကွာ”
လှံဆီမှ လှိုင်းထနေသည့် ခံစားချက်တစ်ခု ထွက်ပေါ်လာ၏။ ဟန်ကျောက်ဟာ နှလုံးသားထဲတွင် နှာခေါင်းရှုံ့သည်။ အံကိုကြိတ်ကာ ခက်ခဲသည့် အခြေအနေသို့ ရောက်နေဟန် လုပ်ပြ၏။
“တစ်ဝက်ကွာ… ဒါက မျှတပြီး ညီတူရှိတယ်။ ဆက်ပြီး ညှိဖို့မရှိတော့ဘူး။ မဟုတ်ရင် မင်းနဲ့ ကံကြမ္မာဖြတ်တောက်ခြင်းဓါးနဲ့ တိုက်ခိုက်ကြ”
သူက ပြောပြီးနောက် ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာဓါးကို မြှောက်လိုက်သည်။ ၎င်း၏အတွင်းသို့ များပြားလှသည့် သက်ရှည် အစစ်အမှန်ချီတို့ ဝင်ရောက်သွားပြီး ဆေဘာကို တောက်ပသည့် အနီရောင်အလင်းဖြင့် လင်းလက်နေစေ၏။
ဆေဘာမှ စိတ်လှုပ်ရှားမှုဟု ခေါ်သည့် ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ လှံဟာ ပြန်လည် မဲနက်လာခဲ့၏။
“ကောင်းပြီ.. သဘောတူတယ်”
ဒီဗိုင်းလက်နက် အပိုင်းအစ၏ အညံ့ခံလိုက်ပုံကို တွေ့ရပြီးနောက် ဟန်ကျောက်ဟာ ကံကြမ္မာဖြတ်တောက်ခြင်း ဓါးကို ချက်ချင်းပင် ပြန်ထည့်လိုက်သည်။
ဟာသပင်။ ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာဓါးဟာ ဒီဗိုင်းလက်နက်တစ်ခုကို ဖျက်ဆီးနိုင်လား ဟူသည်မှာ ဘာမှန်းမသိသည့် ကိစ္စဖြစ်သည်။ ဖျက်ဆီးနိုင်လျှင်တောင် သူ့အတွက် ဘာအကျိုးရှိမည်နည်း။
ဒီဒီဗိုင်းလက်နက် အပိုင်းအစအတွင်းတွင် ယင်စွမ်းအင်များစွာတို့ ပါရှိသည်။ ဖျက်ဆီးပစ်တာထက် အသုံးပြုတာ ကောင်း၏။
ဤသည်မှာ တည်ငြိမ်သည့် ယင်စွမ်းအင် အရင်းအမြစ် ဖြစ်သည်။ ယခုအချိန်၌ ဒီဗိုင်းလက်နက်က သဘောမတူခဲ့လျှင်တောင် သူဟာ ၎င်းကို ဖျက်ဆီးမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ နောက်ဆုံးစည်းမှာ ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာကို ၃၀% ပေးရန်ဖြစ်၏။
ထိုအကန့်အသတ်ကို အစကတည်းက ထုတ်ဖော်ပြလို့တော့ မဖြစ်ပေ။ ဆရာလု ပြောခဲ့ဖူး၏။ လူတိုင်းဟာ ဈေးစစ်ရတာကို သဘောကျကြသည်။ ဥပမာအားဖြင့် သင်က ဒီအိမ်က အရမ်းမှောင်တယ်။ နံရံမှာ ပြတင်းပေါက်တစ်ခု လိုအပ်တယ်ဟု ပြောပါက မည်သူကမှ ခွင့်ပြုမည်မဟုတ်ပေ။
သို့ရာတွင် သင်ဟာ ခေါင်မိုးကို ဖြိုချမည်ဟု ပြောပါက သူတို့ဟာ အလျှော့ပေးပြီး သင့်အတွက် ပြတင်းပေါက်တစ်ခု စီစဉ်ပေးမှာပါ။ ဒီဗိုင်းလက်နက်များဟာ အသိဉာဏ်ရှိသည့် လက်နက်များ ဖြစ်ရာ သူတို့ကိုလည်း လူသားများကဲ့သို့သာ ဆက်ဆံရပေမည်။ ယခုအချိန်၌ သူတို့ဟာ ၅၀-၅၀ ခွဲနိုင်ခဲ့၏။ ဘယ်လောက် ကောင်းလိုက်သနည်း။
“ကောင်းပြီ.. အရောင်လက်ပြမနေနဲ့တော့.. ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်ဘူး”
သက်ခြွေဓါး၏ လင်းလက်သည့် အဖြူရောင်၏ တဖျက်ဖျက် ဖြစ်နေပုံကို တွေ့ရပြီးနောက် ဟန်ကျောက်က ပြောကာ ဓါးရိုးကို ကိုင်ပြီး ဓါးကို ပြန်ထည့်ပေး၏။ စိတ်ဝိညာဉ်အရာ၌ သက်ခြွေဓါးဟာ ပိုမိုကာပင် သန်မာသည်ဟု သူခံစားရသည်။
“ကံကြမ္မာဖြတ်တောက်ခြင်းဓါးးက အစကတည်းက ထူးဆန်းနေတာ.. အခု နောက်ထပ် ဒီဗိုင်းလက်နက်အပိုင်းအစ ရောက်လာပြန်ပြီ။
ငါ့ပုံက တီဗွီထဲက လူကြမ်းလို ဖြစ်လာသလိုပဲ”
လက်ထဲရှိ လှံကိုကြည့်ကာ ဟန်ကျောက်က ခဏတာ စဉ်းစားပြီး ပြောသည်။
“ထားလိုက်ပါတော့.. ဘာလို့ အများကြီး တွေးနေမှာလဲ။ ငါလည်း အစကတည်းက လူကြီးလူကောင်းမှ မဟုတ်ပဲ။ ဘာလို့ ဟန်ဆောင်နေမှာလဲ”
အတွေးတစ်ချက်နှင့်အတူ ဟန်ကျောက်၏ စိတ်ကူးများဟာ ရှင်းလင်းလာခဲ့သည်။ ဒီလောကကြီးဟာ မည်သူ၏လက်သီး ပိုကြီးသည်ဟူ၍ ယှဉ်ပြိုင်ကြသည့် စင်မြင့်တစ်ခု ဖြစ်၏။ ငြိမ်းချမ်းစွာ ကျင့်ကြံလိုပါက ပိုမိုသန်မာလာရန် လိုအပ်ပါသည်။
ကျီကျုလင်ဟာ ဒီဗိုင်းလက်နက်များ၏ အကြောင်းကို အရှက်မဲ့စွာ ကြွာဝါပြခဲ့သည်။ သို့ပေမယ့် အခုတော့ ဒီမျှလောက်သာ ဖြစ်၏။ သူသာ သန်မာသည့် ခွန်အားကို ပိုင်ဆိုင်ထားပါက ဒီဗိုင်းလက်နက်များဟာ သူ့ကို ဒူးထောက်ကာ ဖားယားကြမှာ ဖြစ်သည်။
သူကဲ့သို့ မာနကြီးသူကတော့ မည်ကဲ့သို့ ဒူးထောက်ရမည်နည်း။ ရှလင်သာလျှင် သူ့ကို ဒူးထောက်စေရန် လုပ်နိုင်စွမ်း ရှိပါသည်။
“အာ.. ဒါက”
ဟန်ကျောက်ဟာ အလောင်းများကို ဆက်လက်ရှာဖွေသည်။ သုံးပါးသောအနှစ်သာရအားဟာ သူ၏လက်ဝါးတွင် စုစည်းနေ၏။
အသားစများ၏ အကြားတွင် အကောင်းအတိုင်း ရှိနေသည့် အနီရောင် အိတ်တစ်ခုကို တွေ့လိုက်ရသည်။
“သုံးပါးသော အနှစ်သာရအားတောင် ဒီဟာကို မဖျက်ဆီးနိုင်တာ။ ရတနာဖြစ်ရမယ်”
ဟန်ကျောက်ဟာ အဝတ်အိတ်ကို ယူဆောင်ကာ စတင် စစ်ဆေး၏။
God Genzo: