အခန်း (၁၁၇)
Vol. 8 Ch. 117
ခြင်္သေ့ပင်လျှင် အမဲလိုက်ပစ်မှတ်ဟာ ယုန်တစ်ကောင်ဖြစ်ပေမယ့် အားကုန်သုံးလေ့ ရှိ၏။ ဟန်ကျောက်ဟာ မူလက ရှေ့တွင်ရှိနေသည့် လူ၏လက်များကို နောက်သို့ ပို့လိုက်သည်။
ညာဘက်လက်ဝါးဟာ လေကို ဆုပ်ကိုင်လိုက်၏။ သူ၏ လက်ဝါးထဲတွင် အကောင်အထည် ကင်းမဲ့သည့် စွမ်းအားတစ်ခု စုစည်းလာခဲ့သည်။
“သခင်လေး… ဟန်”
ဟန်ကျောက်က တစ်ဖက်လူ၏ အာရုံကို ပြန့်ကြဲသွားရောက် ပြုလုပ်တော့မှာပါ။
“အားးး”
ဝတ်ပြုဆရာဝေ၏ အော်သံဟာ ထွက်ပေါ်လာ၏။ သူက သူ၏ရင်ဘတ်မှ ထိုးထွက်လာသည့် လှံချွန်ကို ကြည့်ကာ ထိတ်လန့်စွာ ပြောသည်။
“မင်းရူးနေတာလား”
“ကြည့်ရတာ မင်းကို ပြန်ကုပေးလည်း အသုံးဝင်တော့မှာ မဟုတ်ဘူး။ ဒါက ဆေးဖြုန်းတီးရုံ ရှိမှာ။ ဘာလို့ ငါ့ရဲ့ နဂါးလှံတံအတွက် အားဖြည့်အာဟာရ ဖြစ်မလာတာလဲ”
လင်းရှဲက အသာပြုံးသည်။ အေးအေးလူလူသာ ရှိ၏။ သူက လက်ထဲရှိ လှံကိုမြှောက်ကာ ဝတ်ပြုဆရာဝေကို လက်တစ်ဖက်နှင့် လေထဲသို့ မြှောက်လိုက်သည်။
ဝတ်ပြုဆရာဝေဟာ ခန္ဓာကိုယ်အတွင်းရှိ သွေးများ လှံအတွင်းသို့ စုပ်ယူခံရမှုနှင့်အတူ ဆိုးရွားစွာ အော်ဟစ်၏။ ခဏအကြာ၌ သူ၏ လှုပ်ရှားမှုတို့ ရပ်တန့်သွားပြီး ခန္ဓာကိုယ်ဟာ ခြောက်သွေ့သည့် အလောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“ဂလု.. ဂလု..”
ဟန်ကျောက်၏ ပုံစံက အနည်းငယ် ပြောင်းလဲသွား၏။ သူဟာ လှံဆီမှ ရေသောက်သံကဲ့သို့ မြိုချသံတစ်ခုကို ကြားရသည့်ပုံပါ။
ထို့အပြင် ခုနက တစ်ဖက်လူဟာ သူ၏ခါးကို ပွတ်လိုက်သကဲ့သို့ ပြုခဲ့သည့်ပုံပါ။ လှံဟာ လေထဲမှ ပေါ်လာခဲ့၏။
“မင်းက အုပ်စိုးသူ မိသားစု တစ်ခုခုကလား”
ဟန်ကျောက်က တည်ငြိမ်စွာဖြင့် ပြောသည်။ သုံးပါးသော အနှစ်သာရအားကို သူ၏လက်ဝါးတွင် ဆက်လက် စုစည်းနေ၏။
“အိုး.. မင်းလိုမျိုး သေမျိုးသိုင်းသမား တစ်ယောက်က အုပ်စိုးသူ မိသားစုတွေရဲ့ တည်ရှိမှုကို သိတာလား…” လင်းရှဲက စနောက်သည့် မျက်နှာပေးဖြင့် ပြော၏။
“သေမျိုး”
ဟန်ကျောက်ဟာ မှင်သက်သွား၏။
“စစ်ဘုရင်အဆင့် အောက်က သိုင်းသမားတွေက သေမျိုးတွေ မဟုတ်ဘူးလား”
လင်းရဲက အချက်ကျစွာ ပြောသည်။
“မင်းတို့တွေဆိုတာ တစ်ဘဝလုံး အပတ်တကုပ်နဲ့ မပြတ်လေ့ကျင့်ရင်တောင် လူနည်းစုလေးပဲ စစ်ဘုရင်အဆင့်ကို ရောက်နိုင်ကြတယ်။ ငါတို့ အုပ်စိုးသူ မိသားစုရဲ့ တိုက်ရိုမျိုးဆက်တွေကတော့ အရွယ်ရောက်တာနဲ့ ခွန်အားသန့်စင်ခြင်း သိုင်းသမားတစ်ယောက်ကို ကျော်လွန်တဲ့ ခွန်အားကို ပိုင်ဆိုင်နိုင်ကြတယ်။
သိုင်းပညာကျင့်ကြံတော့ရော ဘာဖြစ်လဲ.. မင်းတို့ သေမျိုးတွေဆိုတာ အုပ်စိုးသူ မိသားစုရဲ့ မျိုးဆက်တစ်ယောက်နဲ့ ဘယ်တော့မှ နှိုင်းယှဉ်နိုင်မှာ မဟုတ်ဘူး”
“သေမျိုးတွေကို ဒီလောက်မကြိုက်ကတည်းက ဘာလို့ စကားတွေ ဒီလောက်များနေရတာလဲ”
ဟန်ကျောက်က မေးသည်။
“မင်းရဲ့ ခြေလှမ်းသိုင်းက မဆိုးဘူး။ မင်းကို ကြည့်ရတာ သက်ရှည်ခြင်းဂိုဏ်းက ဖြစ်ပုံပဲ။ မင်းသာ ငါ့ကို သစ္စာခံလိုတယ်ဆိုရင် ဂိုဏ်းမှာ ငါ့ရဲ့ ပထမဆုံးနောက်လိုက် ဖြစ်လာနိုင်တယ်။ နောင်မှာ ငါဂိုဏ်းချုပ်ဖြစ်လာပြီး လင်းမိသားစုကို ပြန်တည်ထောင်နိုင်ခဲ့ရင် မင်းက ငါတို့လင်းမိသားစုရဲ့ အိမ်တော်ထိန်း ဖြစ်လာမယ်။ ဘယ်လိုလဲ”
လင်းရှဲက ပြုံးကာ လက်ထဲရှိ လှံတံကို လှုပ်ခါလိုက်သည်။ ဝတ်ပြုဆရာဝေ၏ အလောာင်းကို လွင့်ပျံထွက်သွားစေ၏။
“မဟုတ်ရင်တော့.. မင်းရဲ့ ကံကြမ္မာက သူ့လိုပဲ ဖြစ်လိမ့်မယ်။ ငါမင်းကို အဆိုးရွားဆုံး နည်းလမ်းနဲ့ သတ်ပေးမှာ” ဝတ်စုံနက်၏ အလောင်းကို ကြည့်ကာ ဟန်ကျောက်က ရယ်၏။
“ငါ့ရဲ့ ကံကြမ္မာက ငါ့လက်ထဲမှာပဲ ရှိတယ်။ ကောင်းကင်ဆီမှာတောင် မဟုတ်ဘူး။ ငါ့ကံကြမ္မာကို ငါပဲ ထိန်းချုပ်မှာ..”
“ဘုန်း”
သူ၏ စကားဆုံးသည်နှင့် လူတစ်ကိုယ်လုံးမှ သွေးချီတို့ ထွက်ပေါ်လာခဲ့သည်။ ညာဘက်လက်ဝါးရှိ သုံးပါးသော အနှစ်သာရအားဟာ အကန့်အသတ်အထိ စုဆောင်းပြီး ဖြစ်၏။
လက်ဝါးအနီးရှိ မရီဒျန်များမှ စူးရှသည့် နာကျင်မှုတစ်ခုကို ခံစားရသည်။ ယခုတော့ အချိန်ကျပါပြီ။
“သွေးပေါက်ကွဲခြင်း"
သူဟာ စတင်သည်နှင့် ခွန်အားအပြည့်ကို အသုံးပြုပြီး သွေးစိတ်ဝိညာဉ် မူဝါဒ၏ လျှို့ဝှက်အတတ်ကို တစ်ခါတည်း အသုံးပြုလိုက်သည်။ များပြားလှသည့် သွေးချီများဟာ နှလုံးသားတွင် စုစည်းလာ၏။ စွမ်းအားကြီးမားသည့် ခွန်အားဟာ ခန္ဓာကိုယ်တစ်ခုလုံးမှ မြင့်တက်လာခဲ့သည်။
“ဟန့်… အခွင့်အရေးပေးတာကို ကျေးဇူးတင်ရကောင်းမှန်း မသိဘူး”
တစ်ဖက်လူ၏ ရန်လိုစွာ ရှေ့တက်လာမှုကို တွေ့ရပြီးနောက် လင်းရှဲ၏ မျက်လုံးများထဲ၌ သတ်ဖြတ်ခြင်း စိတ်ဆန္ဒတို့ ဖြတ်သန်းသွားသည်။
လက်ဝါးဟာ စွမ်းအားကြီးမားလှပြီး လက်ဝါးကြောင့် ထွက်ပေါ်လာသည့် သန်မာသည့် လေဟာ သူ၏မျက်နှာကို တုန်ခါစေသည်။ သို့ရာတွင် လင်းရှဲဟာ ကျောက်ရွံ့ခြင်း မရှိပါ။ ဒေါသထွက်ခြင်းသာ ရှိ၏။
“သေမျိုးတစ်ယောက်က အုပ်စိုးသူ မိသားစုဝင်တစ်ယောက်ကို စိန်ခေါ်ရဲတယ်။ မင်းက သေချင်နေတာပဲ”
လင်းရှဲဟာ လက်ထဲရှိ လှံတံကို အလျားလိုက် ကိုင်လိုက်သည်။ ထူထဲသည့် သစ်ပင်ဟာ ခါးမှ ထက်ပိုင်းပြတ်သွားည်။
သူဟာ သွေးမျိုးဆက်၏ စွမ်းအားကို အသက်သွင်းလိုက်ပြီး နက်မှောင်သည့် လှံတံဟာ ချက်ချင်းပင် ပူလောင်သည့် အနီရောင်အငွေ့အသက်တို့ ဖုံးလွှမ်းလာ၏။
လှံတွင် မြှုပ်နှံထားသည့် အနက်နှင့်အနီရောင် ကျောက်မျက်ဟာ ပိုမိုနီရဲစွာ တောက်ပလာခဲ့သည်။ တည့်မတ်သည့် လွှဲယမ်းမှုနှင့်အတူ မိုးကြိုးပစ်သည့်နှယ် ခွန်အားနှင့် နီနက်ရောင် အခိုးအငွေ့များဟာ နဂါးနက်တစ်ကောင်အလား ဖြန့်ကျက်လာခဲ့သည်။
ဤသည်မှာတော့ လင်းမိသားစု၏ နဂါးနီလှံအတတ်- အနက်ရောင်နဂါး၏ ကူးခတ်ခြင်း ဖြစ်သည်။ ငယ်ရွယ်သော မျိုးဆက်များတွင် လူအချို့သာ တတ်မြောက်နိုင်ကြ၏။
ဤသည်မှာ လင်းရှဲ၏ ဒီလှံသိုင်းကို တတ်မြောက်ပြီးနောက် ပထမဆုံးအကြိမ် အသုံးပြုမှု ဖြစ်သည်။ သူဟာ စိတ်ထဲတွင် သိုင်းသမားအပေါ် အထင်သေးပေမယ့် ရန်သူကို အရမ်းကြီး လျှော့တွက်ထားခြင်း မရှိပါ။
စတင်သည်နှင့် ခွန်အားအပြည့်ကို အသုံးပြုပြီး ဒီမောက်မာသည့် သေမျိုးကို ဒီဗိုင်းလက်နက်တစ်ခု၏ စွမ်းအားအား ပြသလိုနေပါသည်။
“နောက်ဘဝကျရင် ဒီလောက် မတုံးအနဲ့”
လင်းရှဲက အော်လိုက်၏။
“ဘုန်း”
ဦးခေါင်းပေါ်သို့ သက်ဆင်းလာသည့် လှံကို ရင်ဆိုင်ရချိန်၌ ဟန်ကျောက်ဟာ အဆုံးစွန်သော အမြန်နှုန်းကို ဖော်ထုတ်ပြီး ရှောင်လိုက်သည်။ လင်းရှဲ၏ တန်ပြန်လွှဲယမ်းမှုကို ထပ်မံရင်ဆိုင်ရရာ ဘယ်လက်ဝါးနှင့် အားကုန် ရိုက်ထုတ်လိုက်၏။
သူ၏လက်ဝါးနှင့် လှံတို့ ထိတွေ့မိသည့် အချိန်၌ သူ၏ ခန္ဓာကိုယ်အတွင်းသို့ မကောာင်းဆိုးရွား ယင်စွမ်းအင်တစ်ခု ဝင်ရောက်လာခဲ့သည်။
သို့ရာတွင် သူ၏ ခန္ဓာကိုယ်တွင် သန့်စင်သောယန် အစစ်အမှန်ချီ၏ ကာကွယ်မှု ရှိပါသည်။ ယင်ဖင်းလင်ဝါးကို လှည့်လည်လိုက်ပြီး အငွေ့အသက် အားလုံးတို့ကို သန့်စင်လိုက်၏။ သူဟာ လှံကို ဘယ်လက်နှင့် ရုတ်တရက် ဆွဲကာ ခန္ဓာကိုယ်ဟာ ရှေ့သို့ ခုန်ထွက်သွားသည်။
“ဘုန်း”
ကျယ်လောင်သော အသံနှင့်အတူ သုံးပါးသော အနှစ်သာရအားက လင်းရဲကို ထိမှန်၏။ သူ၏ ဦးခေါင်းတစ်ခုလုံးကို ချက်ချင်း ပေါက်ကွဲထွက်သွားစေသည်။ သို့ရာတွင် အနက်နှင့်အနီ အသားစများဟာ လူးလွန့်စွာ ရှိနေ၏။
“ဒါက ချည်နှောင်မှုအားလား”
အနက်နှင့်အနီ အသားစများဟာ လျှင်မြန်စွာ ပြန်လည်စုစည်းလာခဲ့သည်။ ထို့နောက် လင်းရှဲ၏ ဦးခေါင်း အောက်ပိုင်းတစ်ဝက်ဟာ ချက်ချင်း ပြန်ကောင်းသွား၏။ သူက ပါးစပ်ကိုဖွင့်ကာ ရယ်သည်။
“ဒါက သေမျိုးတွေနဲ့ အုပ်စိုးသူ မိသားစုတွေရဲ့ ကွာခြားချက်ပဲ..”
“ဘုန်း”
သူ၏ စကားမဆုံးခင် ဟန်ကျောက်က ဦးခေါင်းကို ထပ်မံထိုးလိုက်ပြန်သည်။ ကျယ်လောင်သော အသံများဟာ တောထဲတွင် ဆက်တိုက် ပေါ်လာနေ၏။ ပတ်ဝန်းကျင်တွင် ကြွေကျလာသည့် သစ်ရွက်များက အရိုင်းဆန်စွာ ကခုန်နေပါသည်။
မြေ၊ သဲနှင့် ကျောက်စရစ်တို့လည်း အရပ်မျက်နှာ အားလုံးတို့ဆီ၌ ပျံသန်းနေ၏။ ခန္ဓာကိုယ်အတွင်းရှိ သွေးချီတို့ တည်ငြိမ်သွားမှသာလျှင် ဟန်ကျောက်ဟာ သူ၏ ကြမ်းကြုတ်သည့် အခြေအနေမှ ပြန်ကောင်းလာကာ ရပ်တန့်သွားသည်။
“အုပ်စိုးသူမိသားစု…”
မြေပြင်ပေါ်ရှိ အသားစပုံကို ကြည့်ကာ ဟန်ကျောက်ဟာ ပဟေဋိဖြစ်သွားသည်။
“ဒါပဲလား”
ပြောကြသည်ကား ချည်နှောင်အားကို ရင်ဆိုင်ရန် ယန်နှင့် မီးအတွင်းအားတို့အား လိုအပ်သည်ဟု ဆိုကြ၏။ သူဟာ သုံးပါးသော အနှစ်သာရ အားကိုသာ စိတ်ရှိလက်ရှိ သုံးရပါသေးသည်။ သက်ရှည်အစစ်အမှန်ချီကိုပင် မသုံးရသေးပေ။
“စနစ်… ဘာတွေ ဖြစ်နေတာလဲ.. သူက ဘာလို့ ပြန်ကောင်းမလာတာလဲ”
“မဟုတ်သေးပါဘူး… ဒီလိုပဲ သေသွားမှာလားဟ”
God Genzo: