အခန်း (၁၁၆)
Vol. 8 Ch. 116
“ဒါက ခွန်အားသန့်စင်ခြင်းအဆင့်ရဲ့ အကြီးစားကျွမ်းကျင်မှုအဆင့်က သိုင်းသခင်တစ်ယောက်ပဲ”
ဝတ်စုံနက်များထံမှ ကြောက်မက်ဖွယ် အော်သံများ ပေါ်လာခဲ့သည်။ သာမန် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားပင်လျှင် သူတို့၏ ဝိုင်းဝန်းခြင်းကို ခံပါက ခုတ်ထစ်သတ်ဖြတ်ခြင်းကို ခံရနိုင်လောက်၏။
ခွန်အားသန့်စင်ခြင်း၏ အကြီးစား ကျွမ်းကျင်မှုအဆင့်ရှိသည့် ခန်းမသခင်ကို ရင်ဆိုင်ရမှသာလျှင် ယခုကဲ့သို့ ကြီးစိုးလှသည့် ခွန်အားကို ခံစားကြရသည်။
“မြန်မြန် ဆုတ်ခွာကြ”
ဦးဆောာင်သည့် ဝတ်ပြုဆရာဝေက အော်ရင်းက ပြေးသည်။ တစ်ဖက်လူ၏ အတွင်းအားဟာ အလွန် ကြောက်စရာကောင်းလှ၏။
ရှင်းလင်းစွာပင် သူဟာ မည်သူကိုမှ ထိပင်မထိခဲ့ပေ။ နှစ်ချက်တည်းနှင့် သူ၏ အသန်မာဆုံး လက်အောက်ခံဟာ ရင်ဘတ်ပေါက်ကာ သေဆုံးခဲ့ရ၏။ ယခုကဲ့သို့ ကြမ်းကြုတ်ကာ ကြီးစိုးသည့် အတွင်းအားနှင့် လူကို ရင်ဆိုင်ရချိန်၌ ထွက်မပြေးပါက သေဆုံးရမှာပါ။
တစ်ဖက်လူ၏ ထွက်ပြေးမှုကို တွေ့ရပြီးနောက် ဟန်ကျောက်ဟာ ချက်ချင်းပင် အနီးအနားမှ စတင်ကာ လိုက်လံသတ်ဖြတ်သည်။
တောထဲသို့ လူခွဲပြေးသည့် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ကို တွေ့ရပြီးနောက် လေဟုန်စီးအားကို လှည့်ပတ်ကာ လိုက်လံ၏။
“ဒီအသေးစား သုံးပါးသော အနှစ်သာရအားကို အရမ်းသန်မာမယ်လို့ ထင်မထားခဲ့ဘူး”
သူက လိုက်ရင်းက သက်ပြင်းချမိသည်။ သူဟာ ခွန်အားသန့်စင်ခြင်းအဆင့်သို့ မရောက်ရှိသေးပေ။
များပြားလှသည့် အတွင်းအားကို အသုံးပြုခြင်းက သွေးအမှတ်အသား များစွာကို ကုန်ကျစေပါသည်။ ထို့ကြောင့် မုန့်ကျွယ်နှင့် တိုက်ခိုက်ခဲ့ချိန်မှ လွဲ၍ ကျန်သည်များတွင် အသုံးပြုခြင်း သိပ်မရှိခ့ပေ။
ဒီတစ်ကြိမ်တွင် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမား ရှစ်ယောက်တို့ကြောင့် စတင်သည်နှင့် ခွန်အား ၇၀%ကို အသုံးပြုခဲ့၏။ နောက်ဆုံးတွင် ရန်သူကို အလွယ်တကူ သတ်ဖြတ်နိုင်ကြောင်းအား တွေ့လိုက်ရ၏။
ပြီးခဲ့တုန်းက သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားများကို နင်းချေရန် သူဟာ အနည်းဆုံး ဆေဘာနှင့် ဓါးကို သုံးခဲ့ရသည်။ ဒီတစ်ကြိမ်တွင်တော့ သူဟာ ဆေဘာနှင့်ဓါးတို့ကို ဝတ်စုံတွင်း၌ ဖွက်ထားခဲဲ့၏။
နောက်ဆုံးတွင် အသုံးပြုရန် အခွင့်အရေးပင် မရခဲ့ပေ။ ရန်သူကို လက်သီး၊ ခြေထောက်များဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်၏။
“ဂိုဏ်းချုပ်ရှုံ.. မလိုက်နဲ့တော့”
ရှလင်တို့ဟာ မြင်းကိုစီးကာ ရှေ့တက်လာ၏။ ပျောက်ကွယ်သွားသည့် ပုံရိပ်ကိုကြည့်ကာ ကျန်ရစ်ခဲ့သည်။
“ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှုအဆင့်က သိုင်းသခင်တဲ့.. မင်းတို့ကြားလိုက်လား”
ဖုန်းရှောာင်က မြေပြင်ပေါ်ရှိ ဆိုးရွားသည့် အလောင်းများကို ကြည့်ကာ မနေနိုင်ပဲ အသက်ကို ရှူသွင်းသည်။
ထိုအချိန်၌ သူတို့နောက်ရှိ လူအားလုံးဟာလည်း တိတ်ဆိတ်နေကြ၏။ မည်သူမှ စကားမပြောနိုင်ကြပေ။
“ဆွစ်”
“ဘန်း”
ဝတ်ပြုဆရာ ဝေဟာ အချက်ပြမီးပွင့်ကို ပစ်လွှတ်လိုက်သည်။ ၎င်းဟာ မြားမှ ထွက်ခွာသွားသည့် မြားတံအလား ထူထဲစွာ ဖုံးလွှမ်းနေသည့် သစ်ပင်များအကြားမှ ဖောက်ထွက်ကာ ကောင်းကင်ယံသို့ မြင့်တက်သွားသည်။
ညကောင်းကင်တွင် ပေါက်ကွဲကာ သွေးဟူသည့် စကားလုံးတစ်ခုကို ဖွဲ့စည်းလာခဲ့၏။ ဝတ်ပြုဆရာ၏ ဝတ်စုံနက်မှ အပြင်ဘက်သို့ ပေါ်နေသည့် သူ၏အရေအပြားများဟာ နီရဲနေပါသည်။
သူဟာ သွေးစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို အသုံးပြုပြီး ဖြစ်ကာ အားကုန် ထွက်ပြေးလေတော့၏။ သူ၏ နှလုံးသားဟာ ပေါက်ကွဲထွက်တော့မည်ဟု ခံစားရ၏။
သို့ပေမယ့် ရပ်တန့်ရဲခြင်း မရှိပေ။
သူ၏နောက်တွင် ထိုကြောက်မက်ဖွယ် လူသားဟာ ဆက်လက်လိုက်လာနေ၏။ အနောက်ဘက်မှ အသံများကို ကြားနေရပြီး ရှင်းလင်းစွာပင် သူနှင့် ပိုမို၊ ပိုမိုကာ နီးကပ်လာခဲ့သည်။
“ဖာခ့်… ဒီကောင်တွေ ရူးနေတာလား”
ဝတ်ပြုဆရာဝေက နှလုံးသားထဲတွင် ကျိန်ဆဲသည်။
ကုန်သွယ်ရေးအဖွဲ့တွင် ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစား ကျွမ်းကျင်မှု၌ ရှိသည့် ကျွမ်းကျင်သူတစ်ဦး ရှိနေ၏။ ပြီးခဲ့သည့်အခေါက်က သူတို့ လုယက်ခဲ့စဉ်တွင် ဒီကောင်များဟာ အဘယ်ကြောင့် ထုတ်မပြောခဲ့ရသနည်း။ မဟုတ်ပါက သူဟာ လွှတ်ပေးလိုက်မှာ ဖြစ်သည်။
အခုတော့ တိုက်ပွဲဖြစ်ပွားခဲ့လေသည်။ နှစ်ဖက်လုံးရှိ သွေးသန့်စင်ခြင်းအဆင့် တစ်ဝက်တစ်ပြတ် သိုင်းသခင်များကို ဆုံးရှုံးစေခဲ့၏။ တကယ့်ကို ဦးနှောက်တွင် တစ်ခုခု ဖြစ်နေသည့် လူတွေပင်။
ဒီတစ်ကြိမ်တွင် သူဟာ သွေးသန့်စင်ခြင်းအဆင့် နောက်လိုက် ခုနစ်ယောက်တို့ကို ခေါ်ဆောင်လာခဲ့၏။ ဤသည်မှာ သွေးစိတ်ဝိညာဉ် ခန်းမ၏ အဆင့်မြင့် တိုက်ခိုက်ရေးအင်အား တစ်ဝက်မျှ ရှိနေပြီး ဖြစ်သည်။
ယခုတော့ အားလုံး သေကုန်ပြီထင်ပါသည်။
ထိုအချိန်၌ သူ၏အနောက်ဘက်မှ တိုတောင်းကာ ဆိုးရွားသည့် အော်သံတစ်ခု ထွက်ပေါ်လာ၏။ သူဟာ အလွန်ထိတ်လန့်သွားပြီး လျှို့ဝှက်အတတ်ကို အကန့်အသတ်အထိ လှည့်ပတ်လိုက်သည်။
သွေးများဟာ သူ၏အရေအပြားမှ စတင် ယိုစီးလာခဲ့၏။ ဒီတိုက်ပွဲတွင် သူတို့ဘက်ဟာ ကြီးကြီးမားမား ထိခိုက်ခဲ့ရသည်။
အကြောင်းအရင်းမှာ တစ်ဖက်လူဟာ ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစား ကျွမ်းကျင်မှုရှိ လူတစ်ယောက် ဖြစ်သောကြောင့် ဖြစ်ပေမယ့် ပြန်ပြီးပါက သူဟာ သေချာပေါက် အပြစ်ပေးခံရမှာပါ။ သို့ရာတွင် ဤသည်က သေတာထက်တော့ သာပါသေးသည်။
သူဟာ အသက်တစ်ကြိမ်ရှူစာ အချိန်အတွင်းတွင် မီတာရာနှင့်ချီကာ ပြေးသွားပြီးနောက် ရှေ့တွင် ပိတ်ရပ်နေသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ချက်ချင်းပင် ထိတ်လန့်သွား၏။ တစ်ဖက်လူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်ရပြီးမှ သူ၏ စိုးရိမ်မှုတို့ဟာ ပျော်ရွှင်မှုသို့ ပြောင်းလဲသွားပြီး ချက်ချင်းပင် အော်လိုက်၏။
“ခန်းမသခင်လင်း.. လာကူပါဦး.. အင်အားကြီး ရန်သူတစ်ယောက် ပါလာတယ်”
လင်းရှဲ၏ သွေးစိတ်ဝိညာဉ်ခန်းမသို့ ရုတ်တရက် ဝင်ရောက်လာကာ သူ၏ ဒုခန်းမသခင် ရာထူးအား လုယူသွားမှုကြောင့် သူဟာ အမြဲတမ်း ရန်ငြှိုးထားနေခဲ့သည်။
သို့ပေမယ့် ဒီအချိန်၌ လင်းရှဲကို တွေ့လိုက်ရသည့်အခါ ဝတ်ပြုဆရာဝေဟာ မိဘများကို တွေ့ရသည့်အလား ခံစားလာရသည်။
“ဝတ်ပြုဆရာဝေ.. လာခဲ့လေ”
လင်းရှဲက ပြုံးကာ သူ့ကို လက်ဝှေ့ပြသည်။ ဝတ်ပြုဆရာဝေလည်း လင်းရှဲ၏ ဘေးသို့ လျှင်မြန်စွာ ပြေးသွား၏။ သွေးစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို အမြန် ရပ်တန့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးဟာ ပြင်းထန်သည့် နာကျင်မှုကို ခံစားရ၏။
အန္တရာယ်ကို အပြီးတိုင် ဖြေရှင်းမပြီးသေး၍သာ မဟုတ်ပါက သူဟာ နေရာမှာတင် မြေပြင်ပေါ်သို့ လဲကျသွားလောက်ပါသည်။
“ဆွစ်”
ဟန်ကျောက်ဟာ သစ်ပင်ထိပ်ဖျားမှ ခုန်ဆင်းလာ၏။ တစ်ဖက်လူကို တွေ့ရပြီးနောက် သူဟာ လေဟုန်စီးခြေလှမ်းကို စတင်ကာ အားလုံးသုံးပြီး လိုက်သည်။
ဝတ်စုံနက်နှင့် လူ၏ မလှမ်းမကမ်းသို့ ရောက်ရှိလုနီးပါး ဖြစ်သွား၏။
သူဟာ ရပ်လိုက်ပြီးနောက် ဝတ်စုံနက်၏ ဘေးတွင် ရပ်နေသည့် လူငယ်ကို အထက်အောက် စုန်ဆန်ကြည့်သည်။ တစ်ဖက်လူဟာ အသက် ၁၇၊ ၁၈နှစ်လောက်သာ ရှိသေးသည့်ပုံပါ။
သူဟာ အထက်တန်းကျသည့် ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ၎င်း၏ အပေါ်တွင် ကျောက်မျက်ပါသည့် အသိုင်းတစ်ခုကို ရစ်ထား၏။
သူ၏ ညာဘက်ခါးတွင် တွဲလောင်းချိတ်ထားသည့် လက်ဖဝါးအရွယ် အဝတ်အိတ်လေးတစ်ခုလည်း ရှိပါသည်။ သူ၏ အသွင်အပြင်ကို ကြည့်လိုက်သည်နှင့် ဟန်ကျောက်ဟာ တစ်ဖက်လူဟာ အလွန် မြင့်မြတ်ကာ ထင်ပေါ်လှသည်ဟု ခံစားရ၏။
သိုင်းသမားတစ်ယောက်နှင့် လုံးဝ တူညီခြင်းမရှိပေ။ အပန်းဖြေ ထွက်လာသည့် တော်ဝင် သခင်လေးတစ်ယောက်နှင့် တူပါသည်။
‘ဒီလူက အစမ်းရှင်သန်မှုထဲမှာ ပေါ်လာခဲ့တဲ့ အုပ်စိုးသူ မြင့်မြတ်မိသားစုက မျိုးဆက်လား’
ဟန်ကျောက်ဟာ အံ့ဩသင့်သွားသည်။ တစ်ဖက်လူဟာ အလွန် ငယ်ရွယ်လှ၏။
အစမ်းရှင်သန်မှု အတွင်းတွင် သူဟာ အမှန်တကယ်ကို အနိုင်ရရှိခဲ့ကာ ယခုအချိန်၌ အသေးစား သုံးပါးသော အနှစ်သာရအားကို တတ်မြောက်ထားပြီး ဖြစ်ပေမယ့် တစ်ဖက်လူတွင် အသုံးမပြုရသေးသည့် မည်သည့် အစွမ်းထက်လှုပ်ရှားမှုတို့ ရှိနေမည်လဲ ဟူသည်ကို မည်သူသိမည်နည်း။
သတိပြတ်လို့ မဖြစ်ပေ။ တကယ့်ပြင်ပဟာ အစမ်းရှင်သန်ခြင်း မဟုတ်ပေ။ သူ၏အသက်ကို စွန့်စားရန် မဖြစ်နိုင်ပါ။
God Genzo: