← Chapters

ပင်လယ်ကြွေမြို့၊ အရှေ့ပင်လယ်ဂိုဏ်း၏စံသခင် (၂)

Vol. 37 Ch. 691

ပင်လယ်ကြွေမြို့၊ အရှေ့ပင်လယ်ဂိုဏ်း၏စံသခင် (၂)

Vol. 37 Ch. 691

“လေးစားရသော ကျင့်ကြံသူတို့၊ ခင်ဗျားတို့က ဟောက်ဟိုင်သမုဒ္ဒရာက လာတာလားလို့မေးပါရစေ။ ကျွန်တော်က အရှေ့ပင်လယ်ဂိုဏ်းက ပိုင်ကျန်းဟောက်ပါ။ ခင်ဗျားတို့ကို တစ်ခုခုကူညီပေးရမလား?”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က သတိထားလိုက်သည်။

ဆန်းကျယ်ကျောက်တုံးနှင့် ကောင်းကင်ဘုံပျံသန်းခြင်းသလင်းကျောက်တို့၏ အရေးကြီးခြင်းကြောင့် အရှေ့ပင်လယ်ဂိုဏ်းမှ အခြေတည်ဝိညာဉ်ကျင့်ကြံသူက မိတ်ဆွေဖြစ်ရန် ကောင်းသောသူဖြစ်နိုင်သည်။

မူလနက္ခတ်တာရာကျင့်ကြံရေးလောကမှလူများသည် ထိုပစ္စည်းနှစ်ခု၏အသုံးဝင်ပုံကို သတိထားမိလိမ့်မည်ဟု မသေချာပါ။

သူတို့၏ရည်ရွယ်ချက်အား ဖော်ပြခြင်းက မလိုအပ်သော ပြသနာများကို ဖိတ်ခေါ်နေသလိုဖြစ်လိမ့်မည်။ အထူးသဖြင့် တက်ရောက်ခြင်းစင်မြင့်ကို ပြုပြင်ရန်အတွက်ကိစ္စလည်း ပါဝင်သောကြောင့်ဖြစ်သည်။

ထိုအတွေးဖြင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့၏ချဉ်းကပ်မှုကို အမြန်ပင် ဆုံးဖြတ်လိုက်သည်။

ပိုင်ကျန်းဟောက်က ချဉ်းကပ်လာချိန်တွင် သူတို့နှစ်ဦးက ပြုံးကာ လက်များကိုဆုပ်လိုက်သည်။

“ဒါဆို ခင်ဗျားက အရှေ့ပင်လယ်ဂိုဏ်းက တာအိုရောင်းရင်းပေါ့။ ခင်ဗျားမှန်ပါတယ်။ ကျွန်တော်တို့က ဟောက်ဟိုင်သမုဒ္ဒရာက လာတာပါ။ ကျုပ်တို့ ဓားပြတွေတစ်ချို့နဲ့တွေ့လို့ပါ၊ ဒါကြောင့် ကျုပ်တို့ ဖြေရှင်းပြီးပါပြီ။”

“ကျုပ်သိပါပြီ။”

ပိုင်ကျန်းဟောက်က ခေါင်းညိတ်လိုက်သည်။

သူသည် ဓားပြများနှင့် ရင်ဆိုင်ရသည်ဆိုသောကိစ္စကြောင့် အာရုံသိပ်မရှိတော့ပေ။ နောက်ဆုံးတွင် သူတို့သည် အချို့သောယင်ကောင်ငယ်လေးများပင်ဖြစ်သည်။ သူ့အား စိတ်ဝင်စားစေသည်မှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကိုယ်တိုင်ပင်ဖြစ်သည်။

သူသည် ရုတ်တရက် သူ၏အခြေတည်ဝိညာဉ်တတိယအဆင့်ကျင့်ကြံခြင်းအဆင့်နှင့် သူတို့၏အမှန်တကယ် ကျင့်ကြံခြင်းအဆင့်ကို ကောင်းစွာသိမြင်နိုင်ခြင်းမရှိပေ။

၎င်းက ပြသနေသည်မှာ သူတို့နှစ်ဦးသည် သူတို့၏နယ်ပယ်များက သူထပ်ပို၍သာလွန်နိုင်ချေရှိခြင်း သို့ သူတို့၏စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားရန် လျှို့ဝှက်ရတနာတစ်ခုခုရှိခြင်းတို့ ဖြစ်နိုင်ချေရှိသည်။

မည်သို့မဆို သူသည် သူ၏ပိုင်နက်ထဲတွင် ထိုနှစ်ဦးအား လျော့တွက်၍ မရပါ။

အချိန်ခနလောက်တွေးပြီးနောက် ပိုင်ကျန်းဟောက်က ပြောလိုက်သည်။

“တာအိုရောင်းရင်းတို့နှစ်ဦးရဲ့နာမည်တွေကို ကျွန်တော်သိခွင့်ရှိမလား?”

“ကျွန်တော်က ကျန်းချန်ရွှမ်ပါ၊ ပြီးတော့ ဒါကတော့ ကျွန်တော့်တာအိုအဖော် ရှန်းရူယန်ပါ။”

မူလနက္ခတ်တာရာကျင့်ကြံရေးလောကတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က နာမည်အစစ်အမှန်ကို ဖုံးကွယ်ထားရန်မလိုအပ်ပါ။

“ဒါဆို ခင်ဗျားတို့က တာအိုရောင်းရင်းကျန်းနဲ့ တာအိုရောင်းရင်းရှန်းတို့ပေါ့။”

ပိုင်ကျန်းဟောက်၏မျက်နှာက အနည်းငယ်ပြုံးသွားသည်။

“ခင်ဗျားတို့က အဝေးက လာတယ်ဆိုမှတော့၊ ဒီကို လရောင်မြို့မှာကျင်းပမဲ့ တာအိုဆွေးနွေးခြင်းစည်းဝေးပွဲနဲ့ လေလံပွဲအတွက်လာတာလား?”

ပိုင်ကျန်းဟောက်က ထိုကိစ္စအား ပြောသည်ကို ကြားလျှင် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်သည် သဘောတူလျက်ခေါင်းညိတ်လိုက်သည်။

“မှန်ပါတယ်။ တာအိုရောင်းရင်းပိုင်လည်း တက်မယ်ထင်တယ်။ ဟုတ်လား?”

“ဟားဟား၊ ဟုတ်ပါတယ်။”

သူတို့၏လာရင်းကိစ္စအား သိသွားသောအခါ ပိုင်ကျန်းဟောက်က သူ၏သတိကို အနည်းငယ်လျော့ချလိုက်သည်။

သူသည် အချိန်ခနလောက်စဉ်းစားလိုက်ပြီး အကြံပြုလိုက်သည်။

“ခင်ဗျားတို့ရည်ရွယ်ချက်က တာအိုဆွေးနွေးခြင်းစည်းဝေးပွဲနဲ့ လရောင်မြို့က လေလံပွဲအတွက် လာတယ်ဆိုမှတော့၊ ကျွန်တော့်ရဲ့ ပင်လယ်ကြွေမြို့မှာ ရက်အနည်းငယ်လောက် မနေရတာလဲ?

ပြီးတော့ ကျွန်တော်တို့အတူ ခရီးထွက်လို့ရတာပေါ့။ ခင်ဗျားတို့နှစ်ယောက်ဘယ်လိုထင်လဲ သိပါရစေ။”

ပိုင်ကျန်းဟောက်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က မြို့အားလည့်ပတ်နေမည့်အစား သူသည် မြို့သို့ဖိတ်ခေါ်လိုက်မည်ဟု တွေးလိုက်ခြင်းဖြစ်သည်။

အကယ်၍သူတို့၌ ပုန်းကွယ်ထားသည့် အချိန်ဇယားမရှိလျှင်၊ အရာအားလုံးက အဆင်ပြေလိမ့်မည် ဖြစ်သည်။

အကယ်၍ သူတို့၌ရှိလျှင် သူသည် မြို့၏အစီအရင်အတွင်း၌ သူတို့က ဂယက်များစွာမပြုလုပ်နိုင်ဟု သူယုံကြည်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း ပိုင်ကျန်းဟောက်၏ သတိထားမှုကို သတိပြုမိသည် သို့သော် သူတို့စိတ်မရှိပေ။

သူတို့သည် သူ၏ ကိုယ်ပိုင် ပိုင်နက်တွင် ရုတ်တရက် ကျင့်ကြံခြင်းအဆင့်တူ လူစိမ်းနှစ်ဦးပေါ်လာခြင်းက လူတိုင်းကို သတိထားစေသည်ကို နားလည်ပါသည်။

၎င်းသည် နားလည်နိုင်စရာကိစ္စဖြစ်ပါသည်။

ကျန်းချန်ရွှမ်က ပြုံးကာ လက်များကိုဆုပ်လိုက်သည်။

“ဒီလိုဆိုရင်၊ တာအိုရောင်းရင်းပိုင်ကိုပဲ ပြသနာဖြစ်စေရတော့မှာပဲ။”

စကားပြောရင်း၊ ပိုင်ကျန်းဟောက်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ပင်လယ်ကြွေမြို့သို့ လမ်းပြသွားလေသည်။

သို့ရာတွင် ထိုသုံးဦးသည် ပင်လယ်ကြွေမြို့သို့ ရောက်သည်နှင့် အဠမအဆင့် ရွှေအမြုတေကျင့်ကြံသူ တစ်ဦးက ပိုင်ကျန်းဟောက်အား လာရှာကာ စိုးရိမ်နေသောအမူအရာနှင့် တင်ပြလိုက်သည်။

“ဆရာ၊ အဲ့ဒီလူက သူရဲ့လှုပ်ရှားမှုကို ကျွန်တော်တို့မြို့ထဲမှာ ထပ်လုပ်ပြန်ပြီ။”

“ဘာ?”

ပိုင်ကျန်းဟောက်၏အမူအရာက ထိုစကားကိုကြားလျှင် စိတ်ပျက်သွားခဲ့သည်။ သူက တည်ငြိမ်သော အသံနှင့် မေးလိုက်သည်။ “ဒီတစ်ကြိမ် သူရဲ့ပစ်မှတ်က ဘယ်သူလဲ? တရားခံကိုခြေရာခံမိပြီလား?” အဠမအဆင့်ရွှေအမြုတေကျင့်ကြံသူက ရှက်ရွံ့စွာခေါင်းကိုခါလိုက်သည်။

“မရသေးပါဘူး။ ပြီးတော့ သူရဲ့ ဒီတစ်ခေါက်ပစ်မှတ်က အသုံးအဆောင်ပစ္စည်းသိုလှောင်ပွဲကြည့်စင်ရဲ့ ဒုတိယသခင်ပါ။ သူက ဆဠ္မမအဆင့် ရွှေအမြုတေကျင့်ကြံသူဖြစ်ပြီး သတ်ခံလိုက်ရပါပြီ။”

“ခွေးကောင်။”

အဠမအဆင့် ရွှေအမြုတေကျင့်ကြံသူ၏စကားက ပိုင်ကျန်းဟောက်အား ဒေါသထွက်စေခဲ့သည်။

“သွားကြမယ်။ ငါ့ကို အသုံးအဆောင်ပစ္စည်းသိုလှောင်ပွဲကြည့်စင်ကို ခေါ်သွား။ ငါ့ပင်လယ်ကြွေမြို့မှာ ခြေရာတစ်ခုမှ မချန်ထားနိုင်ခဲ့ပဲ ပြသနာအများကြီးရှာသွားနိုင်တယ်ဆိုတာ ငါမယုံဘူး။”

စကားပြောရင်း ပိုင်ကျန်းဟောက်က တစ်ခုခုကို သတိရသွားပုံဖြင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဘက်သို့ လှည့်လိုက်သည်။

“ခင်ဗျားတို့နှစ်ယောက်ကိုအားနာပါတယ်။ ဒါမဲ့ ပင်လယ်ကြွေမြို့မှာ ကိစ္စတစ်ခုဖြစ်သွားလို့ပါ။ အခုခင်ဗျားတို့အတွက် ကျွန်တော်နားဖို့နေရာစီစဉ်ပေးရင်ကော ဘယ်လိုလဲ? ဒီအခြေအနေကို စီစဉ်ပြီးတာနဲ့ ကျွန်တော်လာပြီး ခင်ဗျားတို့ကို သေချာဧည့်ခံပါ့မယ်။ ဒီလိုဆိုရင်ဘယ်လိုလဲ?”

ပိုင်ကျန်းဟောက်၏စကားကြောင့် အဠမအဆင့် ရွှေအမြုတေကျင့်ကြံသူက အံ့ဩသွားသည်။ သူသည် သူ့ဆရာ၏အမူအကျင့်ကို ကောင်းစွာသိပါသည်။ သူနှင့်အဆင့်တူ ကျင့်ကြံသူကပင် သူ့အား ထိုကဲ့သို့သောအပြုအမူနှင့် ဆက်ဆံစေသည်။

အခြားတစ်နည်းဖြင့်ဆိုရလျှင် ထိုကျင့်ကြံသူနှစ်ဦးသည် အခြေတည်ဝိညာဉ်စံသခင်များ ဖြစ်ကြလိမ့်မည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး ကျန်းချန်ရွှမ်က ဖြေလိုက်သည်။

“ကျွန်တော့်ဇနီးနဲ့ကျွန်တော်က တာအိုရောင်ရင်းပိုင်ရဲ့စီစဉ်မှုကို ဘာမှကန့်ကွက်စရာမရှိပါဘူး။

ဒါပေမဲ့ အကယ်၍ တာအိုရောင်းရင်းပိုင်ကစိတ်မရှိရင် ကျွန်တော်တို့ကို ခေါ်သွားပြီး ကြည့်ရင်ကော ဘယ်လိုလဲ? ကျွန်တော်တို့ ကူညီနိုင်တာတစ်ခုခုရှိနိုင်တာပေါ့။ သေချာပါတယ်။ အကယ်၍ ခင်ဗျားအတွက်အဆင်မပြေရင်လည်း ကျွန်တော်တို့ နားနေစခန်းမှပဲ နေလိုက်ပါ့မယ်။”

ပိုင်ကျန်းဟောက်က ကျန်းချန်ရွှမ်၏ကမ်းလှမ်းချက်ကြောင့်နောက်တွန့်သွားသော်လည်း အမြန်ပင် ဖြစ်နိုင်ချေရှိသည့် အကျိုးအမြတ်များကို သတိပြုမိသွားသည်။

အမှန်တကယ်ပင်၊

သူ၏ရှေ့မှ ကျင့်ကြံသူနှစ်ဦးသည် သူကဲ့သို့ အခြေတည်ဝိညာဉ်စံသခင်များဖြစ်ကြသည်။

သူတို့သည် လက်ထဲတွင် သူမသိနိုင်သည့်ဝှက်ဖဲများရှိနေနိုင်သည်။

သူတို့သည် တကယ်ပင် လက်တစ်ကမ်းမှ ကိစ္စအား ဖြေရှင်းပေးနိုင်စွမ်းရှိကောင်းရှိနိုင်လိမ့်မည်။

အရေးအကြီးဆုံးအချက်မှာ ပိုင်ကျန်းဟောက်က သူ၏အိမ်ယာ၌ သူနှင့်အဆင့်တူ ကျင့်ကြံသူနှစ်ဦးကို ထားခဲ့ရမည်ကို အနည်းငယ်စိုးရိမ်နေခဲ့သည်။ အကယ်၍ သူတို့နှစ်ဦးကို ခေါ်သွားနိုင်လျှင်၊ သူသည် စိုးရိမ်နေစရာမလိုတော့ပေ။

ထိုအတွေးဖြင့်၊ ပိုင်ကျန်းဟောက်က နောက်ဆုံးတွင်ပြုံးလိုက်သည်။ သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အားကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“ဒီလိုဆိုရင်၊ ခင်ဗျားတို့နှစ်ဦးကိုပဲပြသနာပေးရတော့မှာပဲ။ ရိုးရိုးသားသားပြောရရင် ကျွန်တော့်ရဲ့ ပင်လယ်ကြွေမြို့မှာ ပြသနာတစ်ချို့နဲ့ရင်ဆိုင်နေရတယ်။”

သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ပြသနာအသေးစိတ်ကို ရှင်းပြလိုက်သည်။

၎င်းသည် မကြာမီက နတ်ဆိုးကျင့်ကြံသူတစ်ဦးသည် ပင်လယ်ကြွေမြို့တွင်ပေါ်လာကာ သူ၏ရက်စက်သော လုပ်ဆောင်ချက်များအတွက် မြို့ထဲမှလူများအား ပစ်မှတ်ထားနေသည်။

ယခုထိ လောလောဆယ်ပစ်မှတ်ဖြစ်သော အသုံးအဆောင်ပစ္စည်းသိုလှောင်ပွဲကြည့်စင်မှ နစ်နာသူအပါအဝင် သေဆုံးသူ ငါးဦး ခြောက်ဦးခန့်ရှိနေပြီဖြစ်သည်။

ပိုင်ကျန်းဟောက်အား ဒုက္ခအပေးဆုံးအချက်မှာ ထိုနတ်ဆိုးကျင့်ကြံသူက ပုန်းအောင်းရာတွင် ကျွမ်းကျင်နေခြင်းဖြစ်ပြီး အန္တရာယ်ပြုလိုသည့်ရည်ရွယ်ချက်တို့ပင်ဖြစ်သည်။

ပိုင်ကျန်းဟောက်က ချုံခိုတိုက်ခိုက်ရန်အကြိမ်ပေါင်းများစွာကြိုးပမ်းခဲ့သော်လည်း ထိုနတ်ဆိုးကျင့်ကြံသူ က ခြေတစ်လှမ်းကြိုရောက်နေတတ်ကာ ဖမ်းဆီးခြင်းမှ ရှောင်ရှားနိုင်သည် သာမက တည်ကြက်အဖြစ်နေ၍ ကစားပွဲကိုပြောင်းပြန်လှန်ကာ မြို့၏တာဝန်ရှိသူ ပိုင်ကျန်းဟောက်အား ခက်ခဲသောအခြေအနေသို့ ပို့နေခြင်းပင်ဖြစ်သည်။

ပိုင်ကျန်းဟောက်က ထိုပြသနာကို ဂိုဏ်းဆီသို့တင်ပြပြီး စီနီယာအစ်ကိုနှင့် အစ်မများအား မြို့ရှိချိန်းခြောက်မှုအားရှင်းလင်းရေး လာရောက်ကူညီရန် အကူအညီများတောင်းထားလေသည်။

သို့ရာတွင် သူမလှုပ်ရှားရသေးမီ နတ်ဆိုးကျင့်ကြံသူက ပေါ်လာကာ သူ၏နေရာတွင်ပင် အသုံးအဆောင်ပစ္စည်းသိုလှောင်ပွဲကြည့်စင်၏ဒုသခင်အား သတ်ဖြတ်သွားခဲ့ပြန်သည်။

***

All Chapters