← Chapters

ကောင်းကင်ဝိညာဉ်ဂိုဏ်း၏ နတ်ဆိုးကလေး၊ အရိပ်မဲ့နတ်ဆိုးသခင်၏ပုံရိပ်ယောင်

Vol. 37 Ch. 692

ကောင်းကင်ဝိညာဉ်ဂိုဏ်း၏ နတ်ဆိုးကလေး၊ အရိပ်မဲ့နတ်ဆိုးသခင်၏ပုံရိပ်ယောင်

Vol. 37 Ch. 692

ခနအကြာတွင် ပင်လယ်ကြွေမြို့မှ အသုံးအဆောင်ပစ္စည်းသိုလှောင်ပွဲကြည့်စင်တွင်၊ ပိုင်ကျန်းဟောက်က ခြောက်သွေ့ညိုးနွမ်းနေသော အလောင်းကောင်ကြီးကိုကြည့်ကာ စိတ်ပျက်စွာ မတ်တပ်ရပ်နေပြီး သူ၏မျက်နှာသည် စိုးရိမ်စိတ်ပျက်မှုများနှင့် ပြည့်နေသည်။

သူ၏ဘေးတွင်မူ သူ၏တပည့်ဖြစ်သူ အဠမအဆင့် ရွှေအမြုတေကျင့်ကြံသူ ကျင်းယွမ်ပင်းက ပွဲကြည့်စင်၏သခင် နဝမအဆင့် ရွှေအမြုတေကျင့်ကြံသူ တာအိုရောင်းရင်း စွန်းပါ့ နှင့်အတူရှိနေသည်။

တာအိုရောင်းရင်းစွန်းပါ့သည် စိုးရိမ်သည်ထပ်ကြောက်ရွံ့နေသည့်ပုံပေါ်နေသည်။

ထိုဆန်းကျယ်သည့် နတ်ဆိုးကျင့်ကြံသူသည် ပင်လယ်ကြွေမြို့၏ ရွှေအမြုတေကျင့်ကြံသူ ငါးဦး ခြောက်ဦးခန့်ကို သတ်ဖြတ်ပြီးပြီဖြစ်ရာ ယခုမူ သူသည် စွန်းပါ့၏ဂျူနီယာညီလေးကိုပင် ပစ်မှတ်ထားရဲလာပြီဖြစ်သည်။

အကယ်၍ ၎င်းသည်ဆက်လက်ဖြစ်ပွားလာလျှင်၊ နောက်ပစ်မှတ်က ပွဲကြည့်စင်၏သခင်ဖြစ်သော သူမဟုတ်ဟု မည်သူက အာမခံပေးနိုင်လိမ့်မည်နည်း?

“အမ်… စီနီယာပိုင်…”

တာအိုရောင်းရင်းစွန်းပါ့က သူ့ကိုယ်သူအားတင်းလိုက်ပြီး သူ၏ရှေ့မှ ပိုင်ကျန်းဟောက်အားကြည့်လိုက်သည်။

“စီနီယာပိုင်၊ ကျုပ်ညီလေးနဲ့ အသုံးအဆောင်ပစ္စည်းအတွက် ကလဲစားချေဖို့ နတ်ဆိုးကျင့်ကြံသူကိုရှာဖို့ ကူညီပေးလို့ရမလား?”

ထိုကဲ့သို့သော စကားလုံးသည် သူကဲ့သို့ ရွှေအမြုတေကျင့်ကြံသူက ပြောရမည့်အရာမဟုတ်ပါ။

မည်သို့ပင်ဖြစ်ပါစေ၊ ပိုင်ကျန်းဟောက်သည် အခြေတည်ဝိညာဉ်စံသခင်တစ်ဦးဖြစ်သည်။

သူသည် သူလုပ်ရမည့်အရာများအတွက်နည်းလမ်းရှိပေလိမ့်မည်။

ထို့အပြင်၊ ၎င်းသည် အမိန့်ပေးခြင်း သို့ စွပ်စွဲပြောဆိုပုံပေါ်ကာ ပိုင်ကျန်းဟောက်၏ ဒေါသကို ရန်စသလိုဖြစ်နေလေသည်။

အကယ်၍ စွန်းပါ့သည် စိတ်သဘောထားမကောင်း၍ ရန်လိုသောသူနှင့်တွေ့လျှင် ထိုအပြုအမူအတွက် အသတ်ပင်ခံရနိုင်သည်။

သို့ရာတွင်၊ ထိုအချိန်၌ တာအိုရောင်းရင်းစွန်းပါ့က တကယ်ပင် ရွေးချယ်စရာမရှိတော့ပါ။

လက်ရှိပင်လယ်ကြွေမြို့တွင် ပိုင်ကျန်းဟောက်မှ လွဲ၍ လူတိုင်းဝင်ခွင့်သာရှိပြီး ထွက်ခွင့်မရှိပေ။

ထိုမြို့သည် တင်းကြပ်သည့်ပိတ်ဆို့မှုအောက်ရောက်နေသည်။

တာအိုရောင်းရင်းစွန်းပါ့က ပိုင်ကျန်းဟောက်၏ရည်ရွယ်ချက်သည် ပုန်းအောင်းနေသည့် နတ်ဆိုးကျင့်ကြံသူ အား ဖမ်းရန်ဖြစ်သည်ကိုနားလည်သော်လည်း၊ ပြသနာမှာ အချိန်များစွာကုန်လွန်သွားသည်အထိ မအောင်မြင်သေးခြင်းဖြစ်သည်။

ထိုအစား နတ်ဆိုးကျင့်ကြံသူက အသက်ပေါင်းမျာစွာကိုသတ်ဖြတ်နေရာ ကြောက်ရွံခြင်းနှင့် အရေးပေါ်မှုကိုပို၍ မြင့်မားစေလေသည်။

သူသည် နတ်ဆိုးကျင့်ကြံသူက သူ့အား ပစ်မှတ်ထားမည်ကို ကြောက်ရွံ့နေသည်။

ပိုင်ကျန်းဟောက်သည် တာအိုရောင်းရင်းစွန်းပါ့က မည်သည်ကိုစိုးရိမ်နေသည်ကို ကောင်းစွာသိပါသည်။

သို့ရာတွင် ထိုအချိန်၌၊ သူသည် နတ်ဆိုးကျင့်ကြံသူအား အချိန်အနည်းငယ်အတွင်းတွင် ရှာဖွေတွေ့ရှိနိုင်ရန် မဖြစ်နိုင်ပါ။

တူညီစွာပင်၊

ပိုင်ကျန်းဟောက်သည်၊ ပင်လယ်ကြွေမြို့အား ထိုအချိန်တွင် ပိတ်ဆို့မှုကိုလျော့ချပေး၍ လူများအား ထွက်ခွာခွင့်ပေး၍ မဖြစ်ပါ။

သူသည် တာအိုရောင်းရင်းစွန်းပါ့အား အကြောင်းပြချက်ပေးတော့မည့်အချိန်တွင်၊ သူ၏ဘေးမှအရာအားလုံး ကို လေ့လာနေသည့် ကျန်းချန်ရွှမ်က ရုတ်တရက် ကြားဝင်ပြောလိုက်သည်။

“တာအိုရောင်းရင်းပိုင်၊ အကယ်၍ ကျွန်တော်မမှားရင်၊ နတ်ဆိုးကျင့်ကြံသူရဲ့ ကျင့်ကြံခြင်းနည်းလမ်းက အခြားလူရဲ့အဆီအနှစ်ကိုစုပ်ယူတဲ့နည်းလမ်းပဲဖြစ်ရမယ်။ အကယ်၍ ခင်ဗျားစိတ်မရှိရင်၊ ကျွန်တော်ကြိုးစားကြည့်ပြီး ဒီနတ်ဆိုးကျင့်ကြံသူကို ခြေရာခံနိုင်မလားဆိုတာ ကြည့်ပေးနိုင်ပါတယ်။”

“ဟမ်?”

ကျန်းချန်ရွှမ်၏စကားကိုကြားလျှင်၊ ပိုင်ကျန်းဟောက်၏အမူအရာက ရှင်းလင်းစွာပင် အံ့အားသင့်သွားခဲ့သည်။

သူသည်ကျန်းချန်ရွှမ်အားကြည့်ကာပြောလိုက်သည်။ “ဒီနတ်ဆိုးကျင့်ကြံသူသုံးတဲ့နည်းလမ်းကို ခင်ဗျားခန့်မှန်းနိုင်တယ်လား? သူ့ကိုရှာနိုင်ဖို့နည်းလမ်းခင်ဗျားမှာတကယ်ပဲရှိလား?”

ရှန်းရူယန်သည် ရုတ်တရက် အပြုံးဖြင့်ဖြတ်ပြောလိုက်သည်။

“တာအိုရောင်းရင်းပိုင်၊ ရှင်သတိထားမိမှာမဟုတ်ဘူး။ ကျွန်မယောက်ျားက အာရုံခံခြင်းမှာ ကျွမ်းကျင်မှုရှိပါတယ်။ အဲ့ဒီနစ်နာသူရဲ့ခန္ဓာကိုယ်တည်ရှိမှုနဲ့ ကျွန်မရဲ့ယောက်ျားက ကျူးလွန်သူရဲ့တည်နေရာကို ၆၀ရာခိုင်နှုန်း ဖြစ်နိုင်ချေထိ တွက်ချက်နိုင်ပါလိမ့်မယ်။”

ရှန်းရူယန်က သိသာစွာပင် အသင့်အတင့်သာ ပြောလိုက်သည်။

သို့ရာတွင်၊ ပိုင်ကျန်းဟောက်က ကြားသောအခါ သူ၏မျက်လုံးများ မြင့်တက်သွားသည်။

အကယ်၍ ကျန်းချန်ရွှမ်သည်အမှန်တကယ်ပင် နတ်ဘုရားအာရုံတွင် သာလွန်ခဲ့လျှင်၊ နတ်ဆိုးကျင့်ကြံသူ၏ တည်နေရာအား တွက်ချက်နိုင်သည်မှာ ဖြစ်နိုင်ချေရှိပေသည်။

ထိုအတွေးဖြင့် ပိုင်ကျန်းဟောက်က လက်များကိုဆုပ်လိုက်ပြီး ကျန်းချန်ရွှမ်အား ရိုးသားစွာ ပြောလိုက်သည်။

“တာအိုရောင်းရင်းကျန်း၊ ဒါဆိုရင် ကျေးဇူးပြု၍ ကူညီပါဦး၊ အကယ်၍ ကျွန်တော်တို့တကယ်ပဲ နတ်ဆိုးကျင့်ကြံသူရဲ့ ခြေရာကိုခံနိုင်ခဲ့ရင် ကျွန်တော် ပိုင်ကျန်းဟောက်က ခင်ဗျားကိုဆုကောင်းကောင်း ချမှာပါ။”

ထိုအချိန်တွင်၊ နတ်ဆိုးကျင့်ကြံသူသည် ပိုင်ကျန်းဟောက်အတွက် ဆူးပင်တစ်ခုဖြစ်ပေသည်။

အကယ်၍ ကျန်းချန်ရွှမ်သည် အမှန်တကယ်ပင် သူ့အား ကူညီ၍ ပြသနာကိုဖြေရှင်းနိုင်လျှင်၊ သူသည် သူ၏ကျေးဇူးတင်မှုကို လိုက်လှဲစွာဖော်ပြမည်ဖြစ်သည်။

“ဟီးဟီး၊ ခင်ဗျားက ယဉ်ကျေးလွန်းနေပါပြီ တာအိုရောင်းရင်းပိုင်။”

ကျန်းချန်ရွှမ်ကပြုံးကာ လက်ကိုယမ်းလိုက်သည်။

“ကျွန်တော့်အတွက် ဒါက သေးငယ်တဲ့အားထုတ်မှုလေးပါ။ ကျွန်တော့်ကိုကျေးဇူးတင်ဖို့မလိုပါဘူး။”

စကားပြောရင်းကျန်းချန်ရွှမ်သည် ပိုင်ကျန်းဟောက်အား ထပ်၍ စကားပြောရန် မစောင့်နေတော့ဘဲ သူ၏လက်ကိုဆန့်ကာ အလောင်းကောင်ထံမှ ဆံပင်ကိုနုတ်လိုက်သည်။

မကြာမီ၊ သူ၏လက်ချောင်းထိပ်များမှ မှိန်ပြသောအလင်းက ထွက်ပေါ်လာလေသည်။

အချိန်တိုအတွင်း ကျန်းချန်ရွှမ်က မျက်စိကိုဖွင့်လိုက်ကာ သူ၏အာရုံခံခြင်းက ပြီးသွားပြီဖြစ်သည်။

ပိုင်ကျန်းဟောက်က စိတ်မရှည်သည့်ပုံစံဖြင့်၊ မေးလာသည်။ “တာအိုရောင်းရင်းကျန်း၊ ခင်ဗျားဘာကို ရှာတွေ့လဲ?”

ကျန်းချန်ရွှမ်က ပြုံးကာ ပြောလိုက်သည်။

“ကံကောင်းစွာနဲ့ ကျွန်တော်ခင်ဗျားကို စိတ်မပျက်စေခဲ့ဘူး။”

သူသည် တိကျသည့်လိပ်စာကို ပြောပြလိုက်သည်။

ထိုအကြောင်းကိုကြားလျှင်၊ ပိုင်ကျန်းဟောက်၏မျက်လုံးက ချက်ခြင်းမြင့်တက်သွားသည်။

သူသည် “ကောင်းတယ်”ဟုသုံးခါပြောပြီး ကျန်းချန်ရွှမ်၊သူ့ဇနီးတို့နှင့် အတူ ထိုနေရာသို့ ထွက်ခွာသွားလေသည်။

......

ပင်လယ်ကြွေမြို့၏ လူစည်ကားသောဈေးထဲတွင်။

သာမန်လူဟုထင်ရသော လူတစ်ဦးက လှည့်လည်သွားလာနေသည်။

သူသည် တစ်ခါတစ်ရံရပ်သွားကာ၊ အမျိုးမျိုးသောဈေးဆိုင်တန်းများတွင် ယောင်ပေပေလုပ်နေလေကာ၊ ပြီးမှ လူတိုင်းကဲ့သို့ လှုပ်ရှားနေပြီး အခြားတစ်နေရာသို့ထွက်သွားသည်။

သို့ရာတွင် ထိုအချိန်၌ အဝေးမှ များစွာသောအလင်းတန်းများက ဆင်းလာကြလေသည်။

ဈေးထဲမှ မျက်စိလျှင်သည့်သူများက ချက်ခြင်းပင် လာနေသောသူများသည် ပင်လယ်ကြွေမြို့၏ တာဝန်ရှိစောင့်ရှောက်သူ ပိုင်ကျန်းဟောက်ဦးဆောင်လာသော အဖွဲ့ဖြစ်ကြောင်း တွေ့လိုက်ကြရသည်။

သူသည် အရှေ့ပင်လယ်ဂိုဏ်း၏ထင်ရှားသောစွမ်းအားကြီးသည် အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သာမန်သူနှင့်တူသောသူသည် ဆိုင်တစ်ခုကိုဝင်နေရာမှ သူ၏မျက်လုံးကျဉ်းသွားလေသည်။

***

All Chapters