← Chapters

ကောင်းကင်ဝိညာဉ်ဂိုဏ်း၏ နတ်ဆိုးကလေး၊ အရိပ်မဲ့နတ်ဆိုးသခင်၏ပုံရိပ်ယောင် (၂)

Vol. 37 Ch. 693

ကောင်းကင်ဝိညာဉ်ဂိုဏ်း၏ နတ်ဆိုးကလေး၊ အရိပ်မဲ့နတ်ဆိုးသခင်၏ပုံရိပ်ယောင် (၂)

Vol. 37 Ch. 693

သို့သော် လျှင်မြန်စွာပင်၊ သူသည် သူ၏စိတ်တည်ငြိမ်ခြင်းကို ပြန်ရသွားကာ ကောင်းကင်မှဆင်းလာသော ပိုင်ကျန်းဟောက်နှင့် အခြားသူမျာအား အခြားကျင့်ကြံသူများကဲ့သို့ သိချင်စိတ်နှင့်အံ့အားသင့်စွာဖြင့် ကြည့်နေလိုက်လေသည်။

ဝုန်း….

သို့ရာတွင် ပိုင်ကျန်းဟောက်နှင့် အုပ်စုက ဆင်းလာသည်နှင့် ပိုင်ကျန်းဟောက်ဆီမှ လွှမ်းမိုးနိုင်သော အရောင်အဝါက ရှိနေသည့်လူတိုင်းအပေါ်သို့ လွှမ်းမိုးသွားသည်။

ချက်ခြင်းပင်၊ ဈေးတစ်ခုလုံးက ပိုင်ကျန်းဟောက်၏အရောင်အဝါမှ လွှမ်းခြုံခြင်းကိုခံလိုက်ရလေသည်။

လူတိုင်း၏အမူအရာက ပြောင်းလဲသွားသည်။

သာမန်ကဲ့သို့သော သူ၏အမူအရာသည်ပင် အေးစက်သွားသည်။

ထိုအချိန်တွင် သူသည် ရွှေအမြုတေကျင့်ကြံသူတစ်ဦးကို တုန်လှုပ်သွားစေမည့်အကြည်က သူ့အပေါ်သို့ တိုက်ရိုက်ကျရောက်နေသည်ကို ခံစားလိုက်ရသည်။

၎င်းသည် သူ့၏နှလုံးသားကိုခုန်မြန်စေလေသည်။

ဘာတွေဖြစ်နေတာလဲ?

သူက ငါ့ကိုပဲဘာလို့ကြည့်နေတာလဲ?

တိုက်ဆိုင်တာပဲဖြစ်မှာပါ။

ဟုတ်တယ် တိုက်ဆိုင်တာပဲဖြစ်ရမယ်။

ပင်လယ်ကြွေမြို့က ဘယ်သူမှ ငါ့ရဲ့အထောက်အထားအစစ်ကိုမသိပါဘူး။

အခြေတည်ဝိညာဉ်ကျင့်ကြံသူဖြစ်တဲ့ ပိုင်ကျန်းဟောက်ကတောင် မသိနိုင်ပါဘူး။

ထိုအတွေးများက သူ၏စိတ်ထဲလျှင်မြန်စွာဖြတ်သန်းသွားသည်နှင့်၊ သာမန်လူဟုထင်ရသောသူသည် စတင်၍ အနည်းငယ်တုန်လှုပ်နေရာမှ တဖြည်းဖြည်း တည်ငြိမ်သွားသည်။

သူ၏အထောက်အထားအစစ်အမှန်ကို ဗဟုသုတမရှိဘဲနှင့် လူတိုင်းအတွက် ထိုသူနှင့် နတ်ဆိုးကျင့်ကြံသူ၏ ရက်စက်သောလုပ်ရပ်များနှင့် ဆက်စပ်မိရန်အတွက် ခက်ခဲပေလိမ့်မည်။

သို့ရာတွင် သူ၏အထောက်အထားက ယခုသိသွားကြပြီဖြစ်သည်။

သူ၏သိမ်မွေ့သောအမူအရာအား ယခုမူ အခြေတည်ဝိညာဉ်ကျင့်ကြံသူဖြစ်သည့် ပိုင်ကျန်းဟောက်က တွေ့သွားပြီး အမှန်တကယ်သံသယဝင်နေပေသည်။

ဘာတွေဖြစ်နေတာလဲ? ဘာလို့ ပိုင်ကျန်းဟောက်က ငါ့ဆီကိုအာရုံစိုက်နေသေးတာလဲ?

သူတကယ်ပဲတစ်ခုခုရှာတွေ့သွားတာလား?

သာမန်လူသည် စတင်၍ သံသယဝင်လာပုံရသည်။

သို့ရာတွင် သူသည် လျှင်မြန်စွာပင် သူ၏ခန့်မှန်းချက်ကို ငြင်းပယ်လိုက်သည်။

ဒါမဖြစ်နိုင်ဘူး။

အကယ်၍ သူကငါ့ကိုတကယ်ပဲ သံသယဝင်ရင် ငါ့ကိုစမ်းသပ်ဖို့စောင့်နေမှာမဟုတ်ဘူး။

ငါပိုတွေးမိတဲ့အရာတွေတစ်ချို့ရှိလိမ့်မယ်။

တည်တည်ငြိမ်ငြိမ်နေ၊ ပြသနာကဘာလဲဆိုတာ ငါဂရုတစိုက်ကြည့်ဦးမယ်။

သာမန်ဖြစ်ပုံရသည့်လူက ယခုထိ တည်ငြိမ်အောင်နေနိုင်ရန်ကြိုးစားနေသည်ကိုမြင်လျှင် ပိုင်ကျန်းဟောက်က ထိုသူ၏အထောက်အထားအစစ်အမှန်ကိုသိထားပြီးဖြစ်ရာ မတတ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။

သူ့အား အချိန်ကြာသည်အထိမတွေ့နိုင်ခဲ့သည်မှာအံ့ဩစရာမဟုတ်ပါ။

ထိုစိတ်နေစိတ်ထားနှင့် လုပ်နိုင်စွမ်းတို့ကို သူ၏အရောင်အဝါကို ဖုံးလွမ်းနိုင်ရန်သုံးနိုင်သည်မှာ သာမန်ထပ်ပိုသောအရာဖြစ်သည်။

အကယ်၍ တာအိုရောင်းရင်းကျန်း၏အကူအညီသာမပါခဲ့လျှင်၊ ထိုသူအား ရှာဖွေရန် ပြသနာအတော်များမည်ဖြစ်သည်။

ထိုအတွေးဖြင့် ပိုင်ကျန်းဟောက်၏မျက်လုံးတွင် သတ်ဖြတ်ခြင်းရည်ရွယ်ချက်များ ပို၍ သန်မာလာလေသည်။

၎င်းသည် သာမန်နှင့်တူသောလူအားပို၍ ဖိအားများလာစေသည်။

မဟုတ်ဘူး။ ငါဒီလိုပဲဆက်သွားနေလို့မဖြစ်ဘူး။

ထိုအချိန်တွင် သာမန်နှင့်တူသောသူက သူ၏အထောက်အထားပေါ်သွားခြင်းဖြစ်နိုင်သည်ကို သိသွားပုံရသည်။

သူသည် သူ၏အထောက်အထားမည်သို့ ပေါ်သွားသည်ကို မသေချာသော်လည်း ထိုအခြေအနေတွင် ဆက်လက်စဉ်းစားနေခြင်းက အဓိပ္ပာယ်မရှိပါ။

သူ၏မျက်လုံးက ဆုံးဖြတ်ချက်ဖြင့် လင်းသွားပြီး သူ၏အရောင်အဝါက ချက်ခြင်းပင် အကြီးအကျယ် ပြောင်းလဲသွားသည်။

ခနအကြာတွင်၊ သာမန်လူသည် ရုတ်တရက် ဦးတည်ချက်အမျိုးမျိုးတွင်ပျံ့နှံနေသော အရိပ်များအဖြစ် ပေါက်ကွဲသွားလေသည်။

“တကယ်ပဲ မင်းကိုး။ ကောင်းကင်ဝိညာဉ်ဂိုဏ်းက နတ်ဆိုးကလေး။”

အနှစ်သာရကိုးပါးကျင့်ကြံရေးလောကနှင့် မတူညီစွာပင်၊ မူလနက္ခတ်တာရာကျင့်ကြံရေးလောကတွင် မည်သူ့ကိုမှ ဖမ်းဆီးခြင်းမရှိပါ။

ထိုအစား သူတို့သည် မှန်ကန်သည့်ကျင့်ကြံသူများမှ သူတို့၏ကိုယ်ပိုင်အမွေအနှစ်များနှင့် စွမ်းအားညီမျှမှုကို ဖွဲ့စည်းထားလေသည်။

မူလနက္ခတ်တာရာကျင့်ကြံရေးလောကမှ ကျင့်ကြံသူများသည် သူတို့၏ရက်စက်မှုနှင့် ကြမ်းတမ်သော အပြုအမူများနှင့် ထင်ရှားသော်လည်း။ သူတို့သည် မှန်ကန်သည့် ကျင့်ကြံသူများနှင့် တူညီသောလက္ခဏာ ကို မျှဝေကြသည်။

သူတို့သည်သာမန်လူများအား အန္တရာယ်မပေးပါ။ ၎င်းသည် သူတို့ဖမ်းဆီးခြင်းမခံရသော အကြောင်းအရင်းပင်ဖြစ်သည်။

ထိုအချိန်တွင်၊ သာမန်လူ၏အပြုအမူကိုမြင်လျှင် ပိုင်ကျန်းဟောက်က အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

အကယ်၍ ထိုသူ၏အထောက်အထားကို မဖော်ထုတ်နိုင်လျှင်၊ ကိစ္စတစ်ခုဖြစ်လိမ့်မည်။ သို့သော် ယခုမူ သူအားရှာတွေ့ပြီဖြစ်၍ ပိုင်ကျန်းဟောက်သည် သူ၏မျက်စိအောက်မှ ထွက်ပြေးလွတ်မြောက်သွားရန် အဖြစ်မခံနိုင်ပါ။

ရုတ်တရက် အပြာရောင်အဖုံးတစ်ခုက ပိုင်ကျန်းဟောက်၏ လက်ထဲမှ ပျံထွက်သွားကာ စုပ်ယူနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။

ခနအကြာတွင်ပင်၊ လျှင်မြန်စွာပျံသန်းနေသော အနက်ရောင်အရိပ်များသည် ထိုအဖုံးမှ စုပ်ယူခြင်းကို ခံလိုက်ရသည်။

“အား…….”

ဝမ်းနည်းဖွယ်ကောင်းသောအော်သံက လေထဲတွင် ပဲ့တင်ထပ်သွားသည်။

ထိုအချိန်တွင် အပြာရောင်အဖုံးမှ စုပ်ယူခြင်းခံနေရသည့် အနက်ရောင်အရိပ်များ၏ ခန္ဓာကိုယ်တွင် အပြာရောင်မီးတောက်များအား လူတိုင်းတွေ့လိုက်ရသည်။

ခနအကြာတွင် အနက်ရောင်အရိပ်များက အပြာရောင်မီးတောက်များ၏ မီးရှို့ခြင်းကို ခံလိုက်ရသည်။

သာမန်နှင့်တူသောလူသည်ပင် ရူးသွပ်စွာရုန်းကန်နေရသည်။

“ပိုင်ကျန်းဟောက်၊ မင်းလူအိုအရူး၊ ငါက ကောင်းကင်ဝိညာဉ်ဂိုဏ်းရဲ့အကြီးအကဲတွေက ကိုယ်တိုင် ခန့်အပ်ထားတဲ့ နတ်ဆိုးကလေးပဲ။ အကယ်၍ မင်းငါ့ကိုသတ်ရင် ငါတို့ဂိုဏ်းတွေကြားက ရန်ငြိုးဆီ ဦးတည်သွားလိမ့်မယ်။”

“ဟမ်? ငါ့ကိုချိန်းခြောက်ရဲတယ်?”

ပိုင်ကျန်းဟောက်၏မျက်လုံးက စူးရှသွားပြီး အပြာရောင်မီးတောက်၏ ပြင်းအားကို တိုးမြင့်လိုက်ကာ အေးစက်စွာပြောလိုက်သည်။ “အကယ်၍ ဒီလိုဆိုရင်၊ ငါ့ဆီကိုမင်းတို့အကြီးအကဲတွေကိုလွတ်လိုက်။ မင်းတို့ ကောင်းကင်ဝိညာဉ်ဂိုဏ်းက ငါတို့အရှေ့ပင်လယ်ဂိုဏ်းကို ဘာများလုပ်နိုင်မလဲ။ ငါကြည့်ဦးမယ်။”

ဝုန်း…..

သူသည် စကားပြော၍ ပြီးသည်နှင့်၊ အပြာရောင်မီးတောက်က ရုတ်တရက် လိမ့်တက်လာသည်။

သာမန်နှင့်တူသောလူက လုံးဝသန့်စင်ခြင်းခံရတော့မည့်အချိန်တွင် အလွန်စွမ်းအားကြီးသော နတ်ဘုရားစွမ်းအားက ရုတ်တရက် အပြာရောင်အဖုံးမှတစ်ဆင့် မြင့်တက်လာသည်။

“ဘယ်သူက ငါတို့ကောင်းကင်ဝိညာဉ်ဂိုဏ်းရဲ့နတ်ဆိုးကလေးကို သတ်ရဲတာလဲ?” ထိုကြေငြာချက်နှင့် အတူ ယုတ်မာသည့်အကြံများနှင့်ပြည့်နေသောမျက်နှာနှင့် လူက အပြာရောင်အဖုံးမှ တဆင့် ပေါ်လာခဲ့သည်။

ပိုင်ကျန်းဟောက်၏မျက်စိသူငယ်အိမ်များက ထိုသူ၏မျက်နှာကိုမြင်လျှင် ကျဉ်းသွားခဲ့သည်။

“မင်းကိုး၊ အရိပ်မဲ့ နတ်ဆိုးသခင်”

“အို? မင်းကိုး၊ ပိုင်ကျန်းဟောက်။”

ပိုင်ကျန်းဟောက်မှ အရိပ်မဲ့နတ်ဆိုးသခင်ဟုခေါ်လိုက်သော သူက မျက်မှောင်ကုပ်လိုက်ပြီး လေးနက်သည့် အသံဖြင့်ပြောလိုက်သည်။

“ငါ့တပည့်ကိုလွှတ်လိုက်။ ပြီးတော့ မင်းနာမည်နဲ့မင်းဆက်နေ။ မဟုတ်ရင်၊ အကျိုးဆက်က မင်း၊ ပိုင်ကျန်းဟောက် တတ်နိုင်တဲ့အရာမျိုးမဟုတ်ဘူးနော်။” အရိပ်မဲ့နတ်ဆိုးသခင်ထံမှ ဗြောင်ချိန်းခြောက်ခံလိုက်ရသည့်အတွက် ပိုင်ကျန်းဟောက်၏မျက်နှာသည် အလွန်မဲမှောင်သွားသည်။ အထူးသဖြင့် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ ရှိနေချိန်တွင်ဖြစ်သည်။

သူ၏မျက်လုံးက သတ်ဖြတ်ခြင်းရည်ရွယ်ချက်များနှင့် လင်းလက်သွားပြီး မမှန်းနိုင်စွာ ပေါ်လိုက်မပေါ်လိုက်ဖြစ်နေသည်။

သို့ရာတွင် သူသည် မဲမှောင်နေသောအမူအရာကိုထိန်းထားကာ အရိပ်မဲ့နတ်ဆိုးသခင်ပေါ်လာသည့် နေရာအား ပြောလိုက်သည်။

“မင်းရဲ့တပည့်က ငါတို့ပင်လယ်ကြွေမြို့က လူတွေကိုသတ်လိုက်တယ်။ မင်းတို့ ကောင်းကင်ဝိညာဉ်ဂိုဏ်းက ဒါအတွက်ဖြေရှင်းချက်ပေးပါ။”

“ကောင်းပြီ။ မင်းပြောတဲ့အတိုင်းပါပဲ။” အရိပ်မဲ့နတ်ဆိုးသခင်က ပြတ်ပြတ်ပင်ဖြေလိုက်သည်။

သူသည် အရိပ်မဲ့နတ်ဆိုးသခင်ထပ်အဆင့်ပိုမမြင့်သောကြောင့် ဖေကျန်းဟောက် မိမိကိုယ်ကိုယ် အရှက်ရမည့်ကိစ္စမျိုးကို မလုပ်တော့ပေ။

အနည်းငယ် ပြောဆိုပြီးနောက်၊ သူသည် “အခုကစပြီး မင်းတို့ကောင်းကင်ဝိညာဉ်ဂိုဏ်းကလူတွေ ငါရဲ့ပိုင်နက်ထဲကို ပြသနာလာမရှာပါနဲ့။”

“သဘောတူတယ်။ အခြားကောရှိသေးလား?” အရိပ်မဲ့နတ်ဆိုးသခင်က မေးသည်။

ပိုင်ကျန်းဟောက်က အသက်ပြင်းပြင်းရှုကာ ဆက်ပြောလိုက်သည်။

“ငါမိုးသောက်ကြယ်ဆေးလုံးနဲ့ မင်းဆီက ဂတိတစ်ခုလိုတယ်။ သေချာတာပေါ့၊ ဒီဂတိက ကျိုးကြောင်း သင့်တင့်တဲ့ကန့်သတ်ချက်အတွင်းကပဲဖြစ်ရမယ်။”

ပိုင်ကျန်းဟောက်ပြောသည့် မိုးသောက်ကြယ်ဆေးလုံးသည် မူလနက္ခတ်တာရာကျင့်ကြံရေးလောက တွင် အခြေတည်ဝိညာဉ်အစောပိုင်းအဆင့်များက သူတို့၏ ကျင့်ကြံခြင်းပိတ်ဆို့မှုကို ချိုးဖောက်ရန် သုံးသောဆေးလုံးမျိုးဖြစ်သည်။

၎င်းသည် အလွန်ရှားပါးပါသည်။

အခြေတည်ဝိညာဉ်ကျင့်ကြံသူ နောက်ဆုံးအဆင့်များသည် လွယ်ကူစွာပိုင်ဆိုင်နိုင်ကြသည်။

ပိုင်ကျန်းဟောက်ကဲ့သို့ အခြေတည်ဝိညာဉ်အစောပိုင်းအဆင့်ကျင့်ကြံသူအနေဖြင့် ကံကောင်းမှုမရှိလျှင် သက်တမ်းတစ်လျှောက်လုံးတွင် ရနိုင်ချေမရှိသည့် ရှားပါးသောပစ္စည်းဖြစ်သည်။

အရိပ်မဲ့နတ်ဆိုးသခင်က ပိုင်ကျန်းဟောက်၏တောင်းဆိုချက်အား ခေါင်းညိတ်လိုက်သည် “ငါမိုးသောက်ကြယ်ဆေးလုံးကို မင်းကိုလူလွတ်ပြီးပို့ပေးလိုက်မယ်။ အကယ်၍ အခြားတောင်းဆိုစရာမရှိရင် ငါတပည့်ကိုလွတ်ပေးလိုက်တော့။”

ထိုကဲ့သို့သောသူအားလွတ်ပေးရန်တွန့်ဆုတ်နေသည်မှလွဲ၍ ပိုင်ကျန်းဟောက်သည် အခြေအနေအရ သူ၏ဆန္ဒကို ဆန့်ကျင်ကာ သာမန်လူ ယွီဟွမ်ကျီအား လွတ်ပေးလိုက်ရလေသည်။

ဝှစ်…..

ယွီဟွမ်ကျီက အပြာရောင်အဖုံးမှလွတ်လာသည်နှင့် သူသည် ပိုင်ကျန်းဟောက်အား အဆိပ်ပြင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ခနအကြာတွင်၊ သူ၏ပုံရိပ်သည် အရိပ်မဲ့နတ်ဆိုးသခင်၏ ပုံရိပ်ယောင်မှ လွမ်းမိုးခြင်းကိုခံလိုက်ရသည်။

လျှင်မြန်သောအရှိန်အဟုန်ဖြင့်၊ သူသည် ပင်လယ်ကြွေမြို့၏ အတားအဆီးကိုကျော်ဖြတ်သွားကာ မြို့ပေါ်ရှိကောင်းကင်ထဲတွင် ပျောက်ကွယ်သွားလေတော့သည်။

***

All Chapters