← Chapters

လောကဖြတ်သန်းလာသည့် မိတ်ဆွေ၊ ဟွမ်းဝမ်ယု

Vol. 37 Ch. 694

လောကဖြတ်သန်းလာသည့် မိတ်ဆွေ၊ ဟွမ်းဝမ်ယု

Vol. 37 Ch. 694

အချိန်တစ်ချို့ကြာပြီးနောက်၊ ပိုင်ကျန်းဟောက်၏စံအိမ်ဖြစ်သည့် ပင်လယ်ကြွေမြို့၏နန်းတော်ထဲတွင် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့အား ဝိညာဉ်လက်ဖက်ရည်ကို ဧည့်ခံနေလေသည်။

သူသည် အကူအညီမဲ့နေသောအမူအရာဖြင့် မေးလိုက်သည်။

“ခင်ဗျားတို့ ကျွန်တော်သူ့ကို မလွတ်ပေးလိုက်သင့်ဘူးလို့ထင်လား?”

ကျန်းချန်ရွှမ်က ခေါင်းကိုခါ၍ ပြုံးလျက်၊ “တာအိုရောင်းရင်းပိုင်၊ အဲ့ဒီအတွက်စိတ်မပူပါနဲ့။ ကျွန်တော်တို့က ကူညီရုံပါပဲ။ ဆုံးဖြတ်ချက်က ခင်ဗျားလုပ်ရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ အရိပ်မဲ့နတ်ဆိုးသခင်ကိုတော့ သိချင်မိတယ်။ သူရဲ့နောက်ကြောင်းကဘာမလို့ ခင်ဗျားကသူနဲ့တွေ့ရတာအရမ်းစိုးရိမ်သလိုဖြစ်နေရတာလဲ?”

အရိပ်မဲ့နတ်ဆိုးသခင်ကို ပြောသောအခါ ပိုင်ကျန်းဟောက်၏အမူအရာက လေးနက်သွားလေသည်။ သူသည် အနည်းငယ်စဉ်းစားဆင်ခြင်ပြီးနောက်တွင် ရှင်းပြလိုက်သည်။

“ခင်ဗျားတို့သတိထားမိမှာမဟုတ်ဘူး။ ဒါမဲ့ အရိပ်မဲ့နတ်ဆိုးသခင်က ကောင်းကင်ဝိညာဉ်ဂိုဏ်းက အသက်အရှည်ဆုံးအခြေတည်ဝိညာဉ်စံသခင်တစ်ဦးပါ။ ကျွန်တော်သိရသလောက်၊ သူရဲ့အသက်က နှစ်ပေါင်းနှစ်ထောင်ရှိပြီ။”

“နှစ်ပေါင်းနှစ်ထောင်?”

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် သိသာစွာပင် အံ့ဩသွားသည်။

သူတို့သည် အခြေတည်ဝိညာဉ်စံသခင်တစ်ဦး၏သက်တမ်းက နှစ်ပေါင်းနှစ်ထောင်ကန့်သတ်ချက် ရှိကြောင်း သိကြသည်။

ယခုမူ အရိပ်မဲ့နတ်ဆိုးသခင်က တကယ်ပင် နှစ်ပေါင်းနှစ်ထောင်နေပြီးဖြစ်လျှင် သူ၏သက်တမ်းက ကုန်ဆုံးတော့မည်ဟု ဆိုလိုနေခြင်းမဟုတ်ပါလား?

သူတို့၏အတွေးများကို ဖတ်နိုင်သကဲ့သို့ ပိုင်ကျန်းဟောက်သည် မတတ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။

“ခင်ဗျားတို့ အရိပ်မဲ့နတ်ဆိုးသခင်က သူ့ရဲ့သက်တမ်းကုန်ခါနီးပြီလို့ တွေးနေတာလား?”

“အဲ့လိုမဟုတ်ဘူးလား?'

ရှန်းရူယန်က သိချင်စွာဖြင့်မေးလိုက်သည်။

“အဲ့လိုတွေးတာလဲမမှားပါဘူး။”

ပိုင်ကျန်းဟောက်က ခါးသက်စွာပြုံး၍ ဝန်ခံလိုက်သည်။

သူကဆက်ပြောသည်။ “ဒါမဲ့ ပြသနာက သူရဲ့နှစ်အစောပိုင်းမှာ အရိပ်မဲ့နတ်ဆိုးသခင်က သက်ရှည်ဝိညာဉ်ဆီးသီးကို စားပြီး သူရဲ့သက်တမ်းကို နှစ်သုံးထောင်ထပ်တိုးလိုက်တယ်။

ဒါမဲ့ ဒါကလည်းအရေးကြီးတဲ့အရာမဟုတ်ဘူး။ အရေးအကြီးဆုံးက အဲ့ဒီလူရဲ့ကျင့်ကြံခြင်းပဲ။ သူရဲ့အသက် ၁၅၀၀ တုန်းက သူက အခြေတည်ဝိညာဉ် အဠမအဆင့် ရောက်နေပြီးပြီ။ အခုနှစ်ပေါင်း ၅၀၀ ကျော်လွန်သွားပြီဆိုတော့ ကျုပ်တို့တစ်ဦးမှ သူရဲ့ကျင့်ကြံခြင်းက အခြေတည်ဝိညာဉ် အထွတ်အထိပ်အဆင့်ထိ ရောက်နေပြီလားဆိုတာ ဘယ်သူမှ မသေချာဘူး။

ဒီလိုဆိုရင် ကျုပ်တို့ အရှေ့ပင်လယ်ဂိုဏ်းရဲ့ အထောက်အပံ့တွေနဲ့တောင်၊ သူ့ကိုရင်ဆိုင်ဖို့ မတတ်နိုင်ဘူး။”

“ကျွန်တော်သိပါပြီ။”

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က အခြေအနေကိုနားလည်သွားခဲ့သည်။

တကယ်ပင်၊

အခြေတည်ဝိညာဉ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးရှိသည့် ဂိုဏ်းသည် အခြေတည်ဝိညာဉ် အထွတ်အထိပ်အဆင့်ကျင့်ကြံသူ မရှိသောဂိုဏ်းနှင့် ကွာခြားချက်ကြီးမားပါသည်။

လူတိုင်းက အခြေတည်ဝိညာဉ်အစောပိုင်းအဆင့်နှင့် အခြေတည်ဝိညာဉ်နောက်ဆုံးအဆင့်ကြားရှိ စွမ်းအားကွာခြားမှု ကြီးမားသည်ကို သိကြသည်။

သို့ရာတွင် အခြေတည်ဝိညာဉ်နောက်ဆုံးအဆင်သို့ ရောက်ပြီးနောက် အဆင့် တစ်ခုခြင်းဆီ၏ ကွာခြားချက်က လွန်စွာကြီးမားကြောင်း လူအနည်းစုသာသိကြသည်။

အထူးသဖြင့် အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူများသည် လွယ်ကူစွာဖြင့် သတ္တမနှင့် အဠမအဆင့် ကျင့်ကြံသူများအား ဖိနှိပ်နိုင်ကြသည်။

ပိုင်ကျန်းဟောက်က အရိပ်မဲ့နတ်ဆိုးသခင်နှင့် ရင်ဆိုင်ရန်သတ္တိမရှိခြင်းမှာ အံ့ဩစရာမဟုတ်တော့ပါ။

အကယ်၍ အခြားတစ်ဖက်အား သူလုံးဝဆန့်ကျင်လိုက်လျှင်၊ အနာဂတ်တွင် အခြားတစ်ဖက်၏ လက်ထဲတွင် သေရလိမ့်မည်။

သူ၌ အရှေ့ပင်လယ်ဂိုဏ်း၏ထောက်ပံ့မှုရှိလျှင်ပင်၊ အသုံးမဝင်ပါ။

အရှေ့ပင်လယ်ဂိုဏ်းတွင် အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူမရှိသရွေ့ဖြစ်သည်။

သို့ရာတွင် ပိုင်ကျန်းဟောက်၏ တုံ့ပြန်မှုအရ အရှေ့ပင်လယ်ဂိုဏ်းတွင် ရှိပုံမပေါ်ပါ။

ပြီးနောက် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် အခွင့်အရေးကိုယူကာ အချို့မေးခွန်းများကို မေးလိုက်သည်။

ပိုင်ကျန်းဟောက် စိတ်ရှည်စွာဖြင့် မေးခွန်းများကို တစ်ခုချင်းဖြေပေးလေသည်။

.........

ထိုအတိုင်းပင်။

လဝက်ကြာပြီးနောက်။

ပိုင်ကျန်းဟောက်က ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့အားလာရှာကာ တာအိုဆွေးနွေးခြင်းစည်းဝေးပွဲ စတင်တော့မည်ဖြစ်ကြောင်း ပြောလေသည်။

အခြားကိစ္စမရှိလျှင်၊ ယခုထွက်ခွာကြတော့မည်ဖြစ်သည်။

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က ကန့်ကွက်စရာမရှိပါ။

ထိုအချိန်တွင်၊ ထိုသုံးဦးသည် ပင်လယ်ကြွေမြို့မှအတူထွက်ခွာကြပြီး တာအိုစည်းဝေးပွဲကျင်းပမည့် နေ့အလင်းရောင်မြို့သို့သွားကြလေသည်။

သုံးဦးသားသည် နေအလင်းရောင်မြို့ရှိ တာအိုဆွေးနွေးခြင်းစည်းဝေးပွဲသို့ရောက်ချိန်တွင် များစွာသော အခြေတည်ဝိညာဉ်ကျင့်ကြံသူများအား သတိပြုမိကြလေသည်။

သူတို့ထဲတွင် များစွာသော အခြေတည်ဝိညာဉ်နောက်ဆုံးအဆင့်ကျင့်ကြံသူများ ရှိကြသည်။

သို့ရာတွင်၊ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့၏ အာရုံစိုက်မှုကို အမှန်တကယ်ဖမ်းစားနိုင်သည်မှာ သူတို့အချိန်ကြာမြင့်စွာ မတွေ့ခဲ့ရသော မိတ်ဆွေဟောင်းတစ်ဦးဖြင့် တွေ့ရခြင်းပင်ဖြစ်လေသည်။

ပြီးနောက် ထိုသူသည် အနှစ်သာရကိုးပါးကျင့်ကြံရေးလောကမှ မတော်တဆ မူလနက္ခတ်တာရာကျင့်ကြံရေးလောက သို့ရောက်လာသော ဟွမ်းဝမ်ယုပင်ဖြစ်သည်။

သူသည် ဟွမ်းလင်းအာ၏အဖေဖြစ်သည်။

ထိုအချိန်တွင် သူ၏ကျင့်ကြံခြင်းသည် အခြေတည်ဝိညာဉ် ပဉ္စမအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။

သူသည် သူနှင့်ရင်းနှီးသော အခြေတည်ဝိညာဉ်ကျင့်ကြံသူများနှင့် စကားပြောနေလေသည်။

ဟွမ်းဝမ်ယုက သူ၏အာရုံတွင် တစ်စုံတစ်ဦးက သူ့ကိုကြည့်နေသည်ကို အာရုံခံမိသောကြောင့် မနေနိုင်ဘဲ လှည့်ကြည့်လိုက်မိသည်။

လှည့်ကြည့်လိုက်သည်နှင့် သူသည် အံ့အားသင့်သွားလေသည်။

သူသည် သူ၏မျက်လုံးက သူ့အားလည့်စားနေသည်ဟုပင်ထင်လ်ုကသည်။

သူသည် ထိုနှစ်ဦးအား ဤနေရာတွင် အမှန်တကယ်မြင်ရလေသည်။

“ညီအစ်ကိုဟွမ်း၊ ဘာများဖြစ်လို့လဲ?”

ထိုအချိန်တွင် သူဘေးမှ လူတစ်ဦးက မနေနိင်ဘဲ မေးလိုက်သည်။ သူ၏အကြည့်မှတဆင့် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်၊ ဖေကျန်းဟောက်တို့အား မြင်သွားလေသည်။

“အမ်? ဘာလို့လဲ? ညီအစ်ကိုဟွမ်း၊ ခင်ဗျား အရှေ့ပင်လယ်ဂိုဏ်းက တာအိုရောင်းရင်းပိုင်ကို သိလို့လား?”

ထိုသူသည် ဟွမ်းဝမ်ယုက ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ဘေးမှ ပိုင်ကျန်းဟောက်အား ကြည့်နေသည်ဟု ထင်သွားလေသည်။

အဆုံး၌ ထိုသူသည် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့အားမသိပါ။ သူသည် ထိုပွဲမျိုးတွင် သူတို့အား တစ်ခါမှ မမြင်ဖူးပေ။

ထို့ကြောင့် ထိုသို့သော နားလည်မှုလွဲခြင်းမျိုးဖြစ်သည်က သာမန်ဖြစ်ပါသည်။

***

All Chapters